Advertisement
"ဝါး...လွလိုက္တာ...အိမ်ပုံစံလေးတွေရော ချစ်စရာလေးတေ"
"အိုး...ဟိုမွာ ဟိုမွာ ချယ်ရီပန်းတေ"
ဘေးနားကနေ တတွက်တွက်နဲ့ အသံပေါင်းစုံထွက်နေတာကတော့ ကျနော့်ကိုကိုပါလေ။ကျောင်းတက်တုန်းကလည်း ကျောင်းနဲ့အိမ် အိမ်နဲ့ကျောင်းဆိုတော့ ဘယ်မှ ခရီးသွားတာတို့ ဘာတို့က မရှိခဲ့ဘူးထင်ပါ့။ ပညာကို သူများထက်တော်စေတတ်စေချင်ပြီး လူကြီးပြောသမျှ ခေါင်းငုံ့ခံမှ လိမ္မာတယ်ထင်တဲ့ ရှေးရိုးစွဲမိသားစုကြီးကြောင့်လည်း ပါတယ်။အခုချိန်ထိ သူ့ကိုအိမ်နဲ့ဆက်သွယ်ဖို့ မတိုက်တွန်းတာကလည်း ကျနော်ကိုယ်တိုင်က သူ့ကို ဒီမိသားစု အသိုင်းအဝိုင်းကြားထဲက ဆွဲထုတ်လာခဲ့တာလေ။ကိိုကို ကိုယ်တိုင်ကလည်း ထွက်ချင်နေခဲ့တာ။တစ်ယောက်တည်း ပြင်ဆင်နေတာကြာပေမယ့် ပညာလည်းမစုံသေးလို့ မထွက်ရဲသေးတဲ့အချိန် ကျနော်နဲ့တွေ့ပြီး သူက ပြတ်ပြတ်သားသားကို လုပ်ခဲ့လိုက်တာ။အခုချိန်ထိ တစ္စကိကေလးမွ အဆက်အသွယ်မလုပ်ဘူး။
"ကိုကို"
"ဗ်ာ"
OMG , ဘယ်လိုတောင်ထူးလိုက်ရတာလဲ။ဒီလိုမျိုးတစ်ခါမှ မထူးဖူးဘူး။ပြီးတော့အသံလေး။ဘယ်လို ဘယ္လို ဘယ်လိုပြောရမလဲ။သံရှည်လေးဆွဲပီးတော့ကွာ...ကျစ်...
ကာယကံရှင်ကတော့ သတိထားမိပုံမပေါ်ဘူး၊ကားပြတင်းပေါက်ကို လက်နှစ်ဖက်လုံးတင်ပြီး အပြင်ကိုပြုံးပြုံးလေးကြည့်နေတာ။အေးရကောင်းမှန်းလည်း သိပုံမရပါ။သိုးမွှေးဦးထုပ်လေးဆောင်းပြီး တပ်ခိုင်းထားတဲ့ mask ကိုပါချွတ်ထားသေးတယ်။ပြန်တပ်ခိုင်းလို့လည်း မရဘူး။ပါးစပ်ထဲက အငွေ့တေထွက်တာ သဘောကျလို့တဲ့လေ။ဆင်တူဝယ်ထားတဲ့ မာဖလာ အဖြူနဲ့ အနက်အကွက်လေးက လည်ပင်းမှာ တစ်ပတ်ပတ်ပြီး အစနှစ်ဖက်ကို ရင်ဘတ်ပေါ်ချထားတယ်။တဖြည်းဖြည်းနဲ့ အပူပိုင်းရောက်လာပေမယ့် တောင်ပေါ်ဒေသတေကတော့ အေးနေတုန်း။
"ကိုကို"
"ဟင်...ဘာလဲ"
"အာ..မဟုတ္ဘူး..ခုနကလိုလေး ပြန်ထူး"
"ဟမ်..ဘယ်လိုထူးလိုက်လို့လဲ"
မပြောဘူးလား။သူထူးလိုက်တာ သူမသိပါဘူးဆို။ဒီကကောင်ကြီးကသာ အသည်းတေရော အူတေရော ယားသြားတာ။
"ဗ်ာ...တဲ့..ဗျာလို့ထူးတာ"
"သြော်..သတိတောင်မထားမိလိုက်ဘူး..ဟီး"
မနေနိုင်မထိုင် လက်ယားလွန်းစွာဖြင့်ပင် သွားလေးစိပြနေသူကို ခေါင်းလေးပွတ်လိုက်မိသေးသည်။ကိုယ့်ထက်အကြီးဆိုပေမယ့် ချစ်ဖို့ကောင်းနေတာကိုး။
"ကိုကို"
"ဗ်ာ..ဗ်....ဟီဟီ..တစ်မျိုးကြီး"
အား...အသည်းယားလို့ ဘယ်လိုလုပ်လိုက်ရမည်လဲ။ကားကရပ်လိုက်ရင်လည်း နောက်ပြန်ဆုတ်ပြီး ချောက်ထဲ ပိုးလိုးပက်လက်လန်နိုင်ချေရှိတယ်။ကိုကိုက ကျနော့ထက် သုံးနှစ်ကျော်ကျော်လောက်ကြီးပေမယ့် နုနုလေး။ဖြူဖြူဖွေးဖွေးလေးနှင့်။ဆံပင်တေက ကျနော်တို့လို အဖြောင့်မဟုတ်ဘူး ခပ်ကောက်ကောက်တေ။တခြားယောက်ျားလေးတေ ဆံပင်ကောက်ရင် ဘယ်လိုနေလဲ မသိဘူး။ကိုကို့ရဲ့ အညိုရောင်ဆံပင်တေ ဖြောင့်မနေတာက တအားကြည့်လို့ကောင်းတယ်။မျက်ခုံးထူထူလေးနဲ့ မျက်အိမ်ကခပ်ကြီးကြီး။နှာတံကတော့ မြင့်ပြီး အဖ်ားမွာ လုံးလုံးလေး ဖြစ်သွားတာ။နှုတ်ခမ်းပြည့်ပြည့်က ခပ်သေးသေး။သေးပေမယ့် ပြည့်ပြည့်လေး။အဟမ်း..နမ်းလိုက်ရင် တအားချိုတယ်။
♥♥♥
ညနေသုံးနာရီလောက်ကျတော့ ညွှန်လိုက်တဲ့ရွာကို ရောက်ပြီ။ဒီရွာနားတစ်ဝိုက်က ဈေးရောင်းကောင်းတယ်လို့ ရောင်းဖူးတဲ့သူတေက ပြောကြလို့ ဒီရွာလေးကို ရောက်လာရတယ်။ကားကြီးနဲ့ ရွာထဲဈေးအပြည့်နဲ့ ဝင်လာတဲ့ လူအသစ်တေကြောင့် လူတေက ကွက်ကြည့်ကွက်ကြည့်။
ကားပေါ်ကဆင်းပြီး လက်တေခြေတေဆန့်ရတယ်။ထိုင်လိုက်ရတာလည်း ပင်ပန်းတာပဲ။
"ဗိုက္ဆာလားကိုကို...ဆာရင် လမ်းကဝယ်ခဲ့တဲ့ ထမင်းတေဖွင့်စားလိုက်နော်...ကားခေါင်းထဲမှာသွားစားချေ"
"ဟင့်အင်း...မင်းနဲ့မှ အတူတူစားမယ်"
"ဟုတ်ပါပြီဗျာ"
ပြောပြီး ကားနောက်ခန်းက ထည့်ခဲ့တဲ့ တစ္ခုခုကို သွားယူနေတယ်။ကားအနောက်ဘက်က ဟင်းသီးဟင်းရွက်တေ ရောင်းစရာတေချည်း အပြည့်တင်ချလာတာလေ။မောင်က ဘာတေသွားယူ။
လက်ထဲပါလာတဲ့ ပစ္စည်းကိုမြင်ရချိန်မှာတော့ ပါးစပ်အဟောင်းသားပင်ဖြစ်သွားရကာ မောင့်ကို အသံတိတ်ချီးကျူးလိုက်မိသည်။
လော်။
မောင်ယူခဲ့တာ လော်အသေးစားလေး။မဟုတ်မှ...မောင် ဒါကြီးနဲ့ အော်ရောင်းမှာတော့ မဟုတ်ပါဘူးနော်။
ပါတဲ့ကြိုးကို လက်တစ်ဖက်ရယ် ခေါင်းရယ်လျှိုဝင်ပြီး ဓာတ်ခဲလေးထည့် ဟိုနှိပ်သည်နှိပ်လုပ်နေတယ်။
အဟမ်း..အဟမ်း..ဟမ်း
"အဟမ်း...ကဲ.ကဲ...လာပြီဗျာ...လူကြီးမင်းတို့ဆီကို အရောက်လာခဲ့ပါပြီဗျာ...မရှိမဖြစ်လိုအပ်တဲ့ ဖွယ်ဖွယ်ရာရာဟင်းမျိုးစုံချက်ပြုတ်ဖို့အတွက်... ကျနော်တို့ဆီမှာလိုချင်တာ ရနိုင်ပါပြီဗျာ..."
"လက်နှေးနေမယ်ဆိုရင်တော့...သူမ်ားဦးသြားမွာအေသအခ်ာပါပဲဗ်ာ...အပိုလက်ဆောင်လေးများလည်းပေးဦးမှာမို့ လက်တော့မနှေးစေချင်ပါဗျား"
"လူကြီးမင်းတို့ ညစာချက်ဖို့အချိန်မှီ... အပြေးလေး လာဝယ်ကြပါဦးဗျာ..."
တစ်ယောက်စနှစ်ယောက်စ ခြံထဲတေကနေ ထွက်ခဲ့ကြတာတော့ တွေ့ပြီ။ဈေးသည် အသစ်ရဲ့ တုတ်ထိုးအိုးပေါက် အော်သံတေကြောင့် စိတ်ဝင်စားလာကြတယ်ထင်။ချင်းတိုင်းရင်းသား တေဆိုဦးတော့ ဗမာစကား ရေလည်ကြတာမို့ အခက်အခဲကမရှိ။
"ဒါက ဘယ္လို..ဘယ်လောက်ရောင်းတာလဲ"
"အာ အဲ့ပဲသီးတေက တစ်စည်း တစ်ရာပါ"
"ဟိုအရွက်တေကရော"
"တစ်ထောင်ဖိုး 4 စည်းပါဗျ"
"ဟိတ်ကောင်လေး...ဒါကရောဘယ်လောက်ရောင်းလဲ"
"ဒါအကုန်ယူရင် ဘယ်လောက်ကျတာလဲ"
"ဟိုဟာလေးက ဘယ်လိုရောင်းလဲ"
"ဒါလေးကရော"
တစ်စတစ်စနှင့် ဈေးဝယ်လာသူက များလာပြီ။အိမ်တိုင်းလိုလိုက ထွက်ဝယ်ကြတယ်ထင်။တဖြည်းဖြည်းနဲ့ အပြည့်ပါလာတဲ့ ရောင်းစရာတေက တစ်ဝက်ကျိုးပြီ။ညနေလည်း စောင်းနေပြီ။ဈေးဝယ်သူ များတုန်းကတော့ ထည့်ပေးရ ထုပ်ပေးရနှင့် ပိုက်ဆံလေးအမ်းလိုက် ယူထားလိုက်နှင့် အချိန်ကုန်လို့ကုန်သွားမှန်းတောင်မသိ။နှစ်နာရီလောက် ကြာပြီးတော့ လူလည်းပြတ်သွားပြီ။တစ်ယောက်စီ ပဲ ဝယ်လာတဲ့သူရှိတယ်။
"မောင်..ဗိုက်ဆာပြီ...ထမင်းစားရအောင်"
"ဟုတ်ပြီ ဟုတ်ပြီ မောင့်စိုင်းလေး ဗိုက်ဆာနေပြီ..."
"မောင်နော်..."
"ကဲကဲ...လာ ထမင်းစားမယ်ဆို"
အနည်းငယ်နေရာလွတ်သွားတဲ့ နေရာမှာ နှစ်ယောက်သား မျက်နှာချင်းဆိုင်ထိုင်ရင်း ဝယ္လာတဲ့ ထမင်းဘူးကို ဖွင့်စားရတယ်။ထမင်းစားနေရင်းနှင့် မောင်က ကားပတ်ပတ်လည် ရှာပြန်တယ်။ဘာတေရှာနေတာလဲတော့မသိ။
ဗြုတ်
ငါးသေးသေးလေးတေနဲ့ စပ်သီးနဲ့ ရောကြော်ပြီး ထုပ္ထားတဲ့ အထုပ်သေးသေးတစ်ထုပ်ကို ဖြုတ်ပြီး ကြိုးနဲ့ တွဲချည်ထားတဲ့ ကတ်ကြီးနဲ့ ညှပ်ချလိုက်တယ်။
ဝယ္လာတဲ့ ထမင်းက အသားဟင်းနဲ့ အချဉ်တစ်မျိုးနဲ့မို့လို့ အငန်ရော အစပ်ရော ပါတဲ့ ဟာကို ဖြုတ်စားလိုက်သည်ပေါ့။ဘေးပတ်ဝန်းကျင် ကြည့်လိုက်တော့ မှောင်စပြုနေပြီ။
"ဟို...ဒီကားပေါ်မှာပဲ အိပ်ရမှာလားဟင်"
"ဟုတ်တယ်လေ...စောင်ပါတယ်"
ရေဘူးအဖုံးကိုလှည့်ဖွင့်နေရင်း မေးတာကိုဖြေနေတယ်။ပြီးမှ ရေဘူးကိုလှမ်းပေးလို့ ယူသောက်လိုက်တယ်။ဒါပြီးမှ မောင်က ယူပြီး ပြန်သောက်တယ်။မောင်ကတော့ မထူးဆန်းသလို ပြောနေတာပဲ။ဒါပေမယ့်လည်း ညကြီးကို ကားထဲမွာ အိပ်ရမှာက တစ်မျိုးဖြစ်မနေဘူးလား။တစေၦ သရဲ မကောင်းဆိုးဝါးဆိုတာ မြင်ရတာမဟုတ်ဘူး။ဒါပေမယ့်လည်း တခြားအိပ်စရာနေရာမှမရှိတာ။
"အရှေ့ခန်းထဲ အိပ္မလား...ထိုင်ခုံပေါ်ဒီတိုင်းအိပ်ရမှာဆိုတော့ ကျပ်တော့ကျပ်တယ်...ဒီနေရာမှာက နည်းနည်း အနံ့ထွက်နေမလားလို့လေ"
"ဒီနားမွာပဲ အိပ်မယ်...အရှေ့မှာဆို တစ်ယောက်ပဲဆန်မ့ှာမဟုတ်လား"
"အဟား...ကြောက်တတ်လိုက်တာဗျာ"
အိပ်လည်းမအိပ်ချင်သေးတာနဲ့ ဖုန်းသုံးဖို့ ကြံရင်း အိတ်ထဲထည့်ထားတဲ့ဖုန်းကို နှိုက်ယူလိုက်သည်။
ဟင်
လိုင်းကတစ်တိုင်လောက်သာ။ဒီပုံစံမျိုးနဲ့က လိုင်းသုံးလို့ ရမှာမဟုတ်ဘူး။ဆိုတော့ ဖုန်းကလည်း ဒီနေရာမှာ အခေါ်အပြောလောက်သာ အသုံးဝင်တယ်ထင်တယ်။မောင့်ကို ကြည့်လိုက်တော့ အိတ်ထဲဒီအတိုင်းထည့်ထားတဲ့ ပိုက်ဆံတေကို စီစီလေးဖြစ်အောင် ထပ်နေတယ်။ပျင်းပျင်းရှိတာနဲ့ မောင့်ပေါင်ပေါ်ကို ခေါင်းအုံးအိပ်ပြီး အောက်ကနေ မြင်နေရတဲ့ မောင့်မျက်နှာကိုပဲ ငေးကြည့်နေလိုက်တယ်။ဒါဆို မပျင်းရတော့ဘူး။ခဏလောက်လည်းကြာရော
"မောင်...ရှူးပေါက်ချင်လို့ လိုက်ပို့ဦး"
အိမ်မှာတောင် တစ်ယောက်တည်းမသွားရဲတာ ဒီလိုနေရာမျိုးမှာတော့ ဝေးစွ။ပိုက်ဆံကို အပြီးသတ်ကောက်စီပြီး ရင်ဘတ်ကနေသိုင်းလွယ်ထားတဲ့ အိတ်ထဲထည့်တယ်။
"ကဲ လာ..သွားမယ်"
ကားပေါ်ကနေဆင်းပြီး ဟိုဘက်သည်ဘက်လှမ်းကြည့်လိုက်တော့ လမ်းဘက်တေမှာ မီးမရှိဘူး။သူ့အိမ်ကိုယ့်အိမ် တော့ ဆိုလာမီးတွေထွန်းထားကြတယ်။7 နာရဆိုတာ စောသေးပေမယ့် ရွာထဲမှာ လူခြေတိတ်နေပြီ။
"လာကိုကို...ဟိုနားလေးသွားရအောင်"
ကားရပ္တာက ရွာလည်ခေါင်မဟုတ်လို့တော်သေးတယ်။နို့မို့ဆို အပေါ့အပါးသွားစရာခက်နေမှာ။
♥♥♥
"မောင်နော်...သူများနယ်ကြီး ကားပေါ်ကြီးမှာနော်"
"အာ့ဆို ဒီဘက်လှည့်...ဘာလို့ဟိုဘက်လှည့်အိပ်နေတာလဲ"
သူ့ဘက် ကျောပေးပြီးအိပ်မိပါတယ်။အိပ်မရအောင်ကလုပ်ပြီ။
အကျႌထဲ လက်လိျုဝင်ပြီး ဗိုက်တေ ရင်ဘတ်တေကို ပြတ္သပ္လာတာကြေါင့် ဒီ့ထက်လွန်မလါခင် ဟန့်ရတယ်။ပိုက်ဖျာခင်းထားတဲ့ပေါ်မှာပဲ စောင်တစ်ထည်တည်းကို နှစ်ယောက်သားပူးကပ်ခြုံနေရတယ်။လေကသာသေးတာ။မဖြစ်ပါဘူး။နောက်အခေါက်တေဆို မောင်တစ်ယောက်တည်း။တစ်ခုခုစီစဉ်ခိုင်းရဦးမယ်။
ပြွတ်...ပြွတ်စ်
ပါးနှစ်ဖက်ကို အုပ်ကိုင်ပြီး နမ်းလာတဲ့မောင်။
အစပိုင်းမှာ ညင်သာပေမယ့် တဖြည်းဖြည်း ကြမ်းတမ်းလာတဲ့ သူ့အနမ်းတေ။မေးဖျားတွေ လည်ပင်းတွေ ရောက်လာချိန်မှာတော့ မဖြစ်တော့။
"တော်...တော်တော့ မောင်...ဟင်း"
"အင်း...ခနေလး"
"ဘာ...ဘာကို..မရ.အင်း..မရဘူးနော် မောင်"
"နမ်းရုံလေးပဲ...မလုပ္ဘူး"
မောင့်ရဲ့နမ်းရုံလေးက ကြာရင် တစ်ကိုယ်လုံးနံ့ှတော့မယ်။လက်တေကလည်း အငြိမ်မနေဘူး။အကျႌထဲ ဝင်ပြီး ပွတ်နေပြန်သေးတာ။
မောင့်မျက်နှာကို ဖမ်းဆွဲ အကျႌထဲရောက်နေတဲ့ မောင့်လက်ကို အတင်းဆွဲထုတ်ပြီးမှ မောင့်ခါးကိုဖက်ပြီး လက်မောင်းပေါ်ခေါင်းအုံးလို့ သူ့ခါးကို တင်းနေအောင်ဖက်ထားလိုက်ရသည်။ဒါမှ မလုပ်နိုင်တော့မှာ။ဒါတောင် အမြင်ကတ်စရာရယ်သံကို ခေါင်းပေါ်ကနေ ကြားလိုက်ရသေးတယ်။
♥♥♥
19.10.21
ပျင်းစရာကြီးမလား။မပျင်းနဲ့နော်။ဒရမ်မာ ခပ်ပြင်းပြင်းလေးလည်း ပါဦးမွာ။
Advertisement
- In Serial195 Chapters
Loremaster of the Amaranthine lands
[participant in the Royal Road Writathon challenge] Meet Regis, your morally grey, know more than most(but surely not all of it) guy. After willingly ending up in another world that has no sunshine and rainbows left to hand out, Regis must keep his wits sharp and his bladestaff sharper if he wants to get out of the refugee filled and monster besieged port-city of Hunor. Follow his ragtag group of outlanders as they waddle through the tense situation brought on by the shortage of supplies and overabundance of enemies in the war-torn kingdonf of Ecragurne. After a considerable amount of nagging by a few precious friends, I chose to share this (once complete and utter mess) book project with you as a participant in the Royal Road Writathon challenge. As I am not a native English speaker or professional writer, you can expect a few grammar issues along the way despite my best efforts to clean up my writing. Hence, I wellcome any comments with the intent of helping me getting better (within reasons of course).
8 140 - In Serial56 Chapters
Alpha Alcander
[#1 in wearwolf 6/8/17] "Come on Jenna. Just one word." He taunt. He gripped my wrist in one hand and trailed his hand down my side to my hips. His hand went under my shirt and rested on my skin that sent sparks through my body. His finger did designs over my skin while he continue to nibble on the spot of my neck. "St-"His mouth come off my skin and I felt his glaze on my face. I open my eyes and barely see any hazel in his eyes. His eyes are fighting to get back to his regular eye color but the desire from him is fighting over his body. His lips are plump and my neck burns from the air hitting my raw neck. I don't know how he manage to bite my skin from the scabs from trying to heal my wounds but he manage to do so. "Say it." His voice is deep and husky. That it sent shivers through my spin, making me close my legs tight. He breathe in and his eyes went complete black. "Say it Jenna or I won't stop what's going to happen next." His voice is so deep that I didn't think it was Alcander. I looked straight in those deep coal eyes and said, "I Jenna Knox reject Alpha Alcander as my mate." *****Jenna Knox. She always believed her mate would be some guy in some shining armor and would take her far away from her pack and raise a perfect family. But what she didn't know was that her mate was going be some one who kills for fun. Kills other packs,And laughs at their alpha who's on the ground begging for mercy. Let's just she how she handles Alpha Alcander.[COMPLETE][FIRST BOOK, SECOND ALPHA VALDUS]* cover by @motelflowers* *READ AT YOUR OWN RISK**NOT EDITED!* *Mature content**A lot of cursing**Highest rank so far; #1*
8 369 - In Serial8 Chapters
The Descent
For centuries Gus has hunted monsters in the world above, but a new mission has he and his friends entering the underworld. The item they're looking for is mysterious and world below is full of tricks. But the greatest of dangers won't come from monsters, and the underworld wants something from them, too.
8 214 - In Serial19 Chapters
Instagram [✔️]
Where Jeonghan is a rising celebrity star and Seungcheol is one of his instagram fan site accounts.Completed: May 14th 2019Highest Achievements:#1 in yoonjeonghan#1 in choiseungcheol#1 in pledissvt#3 in pledisseventeen#8 in jeongcheol#15 in pledis#84 in seungcheol#155 in jeonghan#483 in seventeen
8 249 - In Serial6 Chapters
Baby Supergirl
Baby Supergirl Picture
8 112 - In Serial21 Chapters
[Completed]••Just One Day••Park Jimin••Mongolia••
Нэгэнт хөрчихсөн хайр, дахин бүлээцдэг үү?Гол дүр: Пак Жимин, Бён Минжи BTS members.Цэлмэг-Оюудаа төрсөн өдрийн бэлэг болгон бичив.
8 181