Advertisement
"ဝယ်ပေးပါဗျ..နော်..နော် အရစ်ကျတေလည်း ပေးဝယ်လို့်ရနေတာကိုဗျာ...နော်..နော်လို့အမေ့"
"အေမက မဝယ်ပေးဘူး ပြောတာမှမဟုတ်တာသားရယ်...အစပိုင်းကို ငှါးပြီးထွက်ကြည့်ဦးလို့ပြောတာ...တော်ကြာဝယ်လိုက်ပြီးမှ အလုပ်အဆင်မပြေရင်...ဘယ္လိုလုပ္မလဲ...ပြန်ရောင်းရအောင် ဟင်းရွက်ကန်စွန်းရွက်လည်းမဟုတ်"
"ဟာဗ်ာ..အမေကလည်း ပြောရခက်လိုက်တာ...ကားဝယ်လိုက်ရင် ဒီအလုပ်တစ်ခုတည်းရှိတာမှမဟုတ်တာဗျ...ဈေးရောင်းအဆင်မပြေဘူးဆိုရင်တောင် တခြားအလုပ်တေလုပ်မှာပေါ့ဗျ.. ဟူး"
ပြောပြီး မောသွားဟန်နဲ့ ရင်ဘတ်က အကြႌစကို တဖြတ်ဖြတ်ခပ်လို့နေတယ်။သူလုပ်ချင်တဲ့ အလုပ်လုပ်ဂဖို့ အမေတို့ကို ကားဝယ်ပေးဖို့ပြောနေတာ။ကားလေးတစ်စီးလောက်ဝယ်ထားလိုက်ရင် ဈေးရောင်းတာမှမဟုတ် တခြားအလုပ်လုပ်လည်း ပိုအဆင်ပြေမယ်လို့ မောင်ကထင်တယ်။မောင့်အမေကလည်း လူကြီးပီပီ အရာရာကို တွေးပူပြီး အဆင်မပြေမှာစိုးလိို့နေတယ်။
"နော်..နော်လို့အမေရာ အဆင်မပြေ ပြေအောင်လုပ်မယ် အေမရာ..နော် အဘွားကိုပြောပေး ဝယ်ပေးမှာသေချာတယ် အဘြားက...အေဖကေရာဘယ်သြားတာလဲ..အေဖ့"
စပါပြီ။ဝယ်ပေးမယ်မပြောမချင်း မပြီးနိုင်မစီးနိုင်ပူဆာနေတော့မှာ။
မိဘနဲ့ သားသမီးဆိုပေမယ့်လည်း ကိုယေ္ကတာ့ သူစိမ်းမလား။မောင်ကတော့ အားမနာတမ်းပူဆာနေပေမယ့် ဒီကေတာ့ မျက်နှာပူနေပြီလေ။ဒါကြောင့်မို့လို့ မောင့်ကိုပြောကြည့်ရသေးတယ်။
"မောင်...အမေပြောသလိုပဲ ငှါးပြီးထွက်ကြည့်ပါဦးလား..ဟင်"
"ကိုကိုကလည်း လုပ်ပြီ...ဘာအလုပ်မှ မလုပ်ဘဲနေလိုက်ရတော့မလားပြော...နေလိုက်ရတော့မလား"
"ဟဲ့ အဲ့လိုတော့ မနေပါနဲ့..မောင်မင်းကြီးသားရယ်...နင့်အဖေကို ပြောပြီးတိုင်ပင်ကြည့်ပါဦးမယ်"
"ပြီးရော...အမေတို့များနော် ကျန်တာပြောတော့ တုပ်တုပ်မလှုပ်ဘူး..အလုပ်မလုပ်ဘဲနေမယ်ဆိုမှ လျှော့လာတယ်...ကျုယ့်သားလေးတစ်ယောက်တည်းရှိတာများ...အလကားနေတာကိုမလိုဘူး"
လာပြီ။လာပြီ။မောင့်ဇာတ်လမ်းက စလာပြီ။
"ဟဲ့ နင်အလုပ်မလုပ်ချင်ရင် သူမ်ားသားကို ဘာလို့ယူထားသေးတုန်း...ယူထားပြီးရင် လုပ်ကျွေးရတယ်ဟဲ့"
"ဟ..အ"
"တော်တော့...ဟီး..အေမ့ .ပြန်လိုက်ဦးမယ်ဗျ...အိမ်မှလည်း လုပ်စရာတေရှိသေးလို့"
"အေးအေး...ကောင်းကောင်းသွားကြဦး"
"လာ...သွားမယ်"
ပြန်ပြောတော့မယ့် မောင့်ကို ပါးစပ်လက်နဲ့ဆွဲအုပ်ပြီး အေမ့ကို နှုတ်ဆက်ရတယ်။မောင်ကအဲ့လို။သူလိုချင်တာ ချက်ချင်းမရရင် တဂျီဂျီနဲ့လုပ်သေးတာ။ဂျိုင်းကနေမ ဆွဲခေါ်တော့ မထချင်ထချင်လုပ်နေသေးသည်။
"လာလို့"
"ခေါ်သွားစမ်းပါ သားကြီးရယ်...ငါမြင်ပျင်းပါတယ်...ပေကပ်ကပ်နဲ့..သွားပြန်"
အသာတကြည်ပြန်မယ်မထင်လိုက်နဲ့။မျက်နှာကို မဲ့ကာရွဲ့ကာနဲ့
"ပြန်မှာပါ..ပြန်မှာပါ..နှင်ထုတ်နေတယ်...ယောက်ျားလောက်တောင်သားကို နေရာမပေးချင်တဲ့သူကများ...ဟင်း"
နှာတေတောင် မှုတ်လို့။အတော်ဒေါသထွက်နေပြီဆိုတဲ့သဘော။
"အေး ဟုတ်တယ်...မှန်တယ်...အခုနင်မြန်မြန်ပြန်လိုက်တော့"
"လာပါမောင်ရယ်...လာ...ပြန်လိုက်ပါဦးမယ်ဗျ"
နောက်တစ်ခါ ခေါင်းညွှတ်နှုတ်ဆက်ပြီး ဆွဲခေါ်လာခဲ့လိုက်တော့သည်။မောင်ဟာလေ ဒီလိုကျတော့ ကလေးဆန်လိုက်တာ။ကလေးဆန်တော့လည်း တစ်မျိုးလေးပါပဲ။
♥♥♥
အိမ်ရောက်တော့ သုံးနာရီထိုးနေပြီ။နေ့လည် ထမင်းစားပြီးကတည်းက အမေတို့အိမ်သွားနေလိုက်တာ နှစ်နာရီကျော်ကျော်လောက်ကြာသွားတယ်။ဒါတောင် အတင်းဆွဲခေါ်ခဲ့လို့။အိမ်ပြန်ရောက်တော့ လုပ်စရာလည်းမရှိတာနှင့် ထမင်းအိုးလှန်ကြည့်လိုက်သည်။ထမင်းတွေကျန်သေးတယ်။ဆိုတော့ ထမင်းက ညစာချက်ရလွတ်သွားပြီ။နွေးစားလိုက်ရုံပဲ။ဟင်းကတော့ မကျန်။ချက်စားရလွတ် လက်ဖက်လေးပဲ ခရမ်းချဉ်သီးနဲ့ စပ်သီးစပ်စပ်လေး သုပ်စားမလားမေးမလို့လုပ်တော့ မောင်က အိမ်ရှေ့လှေကားမှာ ထိုင်ပြီး ဖုန်းပြောနေတယ်။
ဆေးစရာရှိတဲ့ ပန်းကန်တေစုပြီး ရေတွင်းချဆပ်ပြာနဲ့ စပါယ်ရှယ်ထိုင်ဆေးနေလိုက်တော့ မောင်က ဖုန်းပြောပြီးသွားပြီထင် ရေတွင်းရှိရာဆီ ဆင်းလာတယ်။
"ကျနော်ဆေးလိုက်မယ်...ကိုကိုက လုပ်စရှိတာသွားလုပ်"
"အေး မေးမလို့...ထမင်းက ကျန်သေးလို့ မချက်တော့ဘူးလို့..အဲ့ဒါဟင်းက လက်ဖက်သုပ်စားလိုက်ကြမလားလို့..ချက်ရလွတ်အောင်လေ"
"ရပါတယ်..ဘာနဲ့ဖြစ်ဖြစ်...အဆင်ပြေသလိုသာလုပ်"
"အင်း..လက်ဖက်လည်း ဝယ်ထားပြီးသားရှိတယ်...မောင့်အကြိုက်လေး စပါယ်ရှယ်သုပ်ပေးမယ်"
"အင်...ကိုဖိုးချောတို့အိမ်ခဏသွားလိုက်ဦးမယ်...ဆိုင်ကယ်ရောင်းချင်လို့တဲ့ သွားကြည့်ပေးလိုက်ဦးမယ်"
"သွားလေ...မှောင်အောင်တော့ မနေခဲ့နဲ့နော်"
"လိုက်ခဲ့မလား...ပျင်းရင် ထမင်းလည်းမချက်ရဘူးဆို"
"တော်ပြီ မလိုက်တော့ဘူး...မောင်သာ မြန်မြန်ပြန်ခဲ့"
"ဟုတ်ပါပြီဗျာ"
မောင်ကတော့ ဆိုင်ကယ်ရောင်းချင်တဲ့သူဆိုလည်း ဝယ်ချင်တဲ့သူတေနဲ့လည်းတွေ့ပေးတယ်။ဝယ်ချင်တဲ့သူမရှိသေးရင် ပိုက်ဆံစိုက်ပြီးယူထားတယ်။နည်းနည်းလောက်ပြုပြင် အသစ်လေးလို လှအောင်လုပ်ပြီး အမြတ်နဲ့ရောင်းတယ်။ဆိုင်ကယ်ဆိုတာလည်း အမြဲတမ်းရောင်းချင်ဝယ်ချင်တဲ့သူမရှိတော့ ငွေက ပုံမှန်တော့မရဘူး။ရရင်တော့ မြိုးမြိုးမြက်မြက်။
ပြီးတော့လည်း မောင်ကလေ မြို့ထဲက သားသတ်ရုံတွေက ဝက်တေ ရွာထဲမှာရှာဝယ်လာကြတဲ့ အခါဆိုရင် ရောင်းစရာဝက်ရှိတဲ့အိမ်တေကို လိုက်ပြပေးပြီး ကောင်မရှင်စား ဘယ်လောက်ဆိုပြီးယူသေးတာ။ရွာထဲမှာ အသားတိုးမွေးကြတာတေရှိတယ်လေ။စီးပွားဖြစ်ရောင်းတာတွေ။အဲ့အလုပ်တော့ မောင့်ကို မလုပ်စေချင်လို့ တားတော့ မောင်က ဆက်မလုပ်တော့ဘူး။သူများအသက်သတ်တာကို အားပေးအားမြှောက်ပြုတဲ့ အလုပ်မျိုးဖြစ်နေတော့ မောင်ကလည်း လုပ်ချင်လှပါချည်ရဲ့တော့မဟုတ်။ပိုက်ဆံလွယ်လွယ်ရလို့သာလုပ်နေတာ။
လက္ဖက္ထုပ္ကို ဖောက်ပြီး ရေသန့်သန့်နဲ့ သုံးခါလောက်ဆေးလိုက်တယ်။ပထမဆုံးသုပ်တုန်းက မဆေးဘဲသုပ်လိုက်လို့ ခါးတာ မစားနိုင်ဘူး။ဒီလိုဒီလိုဆေးရတယ်လို့ မောင်ပြောမှသာ သိရတာ။လက်ဖက်ကိုဆေးပြီးတော့ ကြက်သွန်ဖြူကိုနွှေးတယ်၊ခရမ်းချဉ်သီးကိုဆေးပြီး ကပ်ကြီးနဲ့ ညှပ် ပန်းကန်ထဲတစ်စောင်ဆီ ပုံထည့်ထားလိုက်သည်။စားခါနီးမှ ပဲကြော်နဲ့ ရောနှယ်မှ ပဲတေမပျော့သွားတာလေ။ပြီးသွားပြီ ညစာပြင်လို့။
♥♥♥
"ရော့ ရှစ်သောင်းပဲမြတ်တယ်...ကုန္ထားတာက နှစ်သောင်းကျော်လောက်ဆိုတော့ အမြတ်ကနည်းတာ"
ပိုက်ဆံတစ်သောင်းတန်ရှစ်ရွက်ကို လက်ထဲထည့်ပေးလာပြီး အမြတ်နည်းကြောင်း ညည်းညူသလိုပြောလာတဲ့မောင်။ဆိုင်ကယ် တစ်ပတ်နွမ်းတစ်စီးကို တစ်သိန်းလောက်များမြတ်နေရင် ဝယ်တဲ့သူလည်း ဘယ်လွယ်ပါ့မလဲမောင်ရယ်။
"ဒါလည်းမနည်းပါဘူးမောင်ရဲ့...ပင်ပင်ပန်းပန်းလုပ်ရတာမှမဟုတ်တာ"
"ဒါနဲ့နောက်အပတ်ဆို...ဈေးထွက်ဖို့အဆင်သင့်ဖြစ်ပြီနော်...လိုက်ခဲ့မလား"
"အင်း...လိုက်မယ်လေ...နောက်ဆိုလိုက်လို့ရမှာမဟုတ်ဘူး"
ကျောင်းတေက စာမေးပွဲပီးတဲ့အတန်းက ပြီးကုန်ကြပြီ။အထက်တန်းတေလောက်ပဲ ကျန်တော့တာ။ဘယ်လောက်မှမကြာဘူး နောက်စာသင်နှစ်အတွက် စရတော့မှာ။နွေကျောင်းပိတ်တုန်း စာကြိုသင်နှင့်ချင်တဲ့သူတေအတွက် ကျူရှင်သဘောမျိုးသင်ပေးရမလားလို့ မောင့်ကိုမေးတော့ သင်ပေါ့တဲ့။ရွာထဲမှာ ကလေးတေအများကြီးရှိတယ်တဲ့။အများကြီးတော့ နိုင်မှာမဟုတ် မနက်တစ်ချိန် ညနေတစ်ချိန်ဆိုရင်တောင် အတန်းနှစ်ခုလောက်ပဲနိင်မှာ။တက်ချင်တဲ့သူတေ ပြန်လွှတ်ရရင်အားနာစရာ။
အဖြစ်ကလည်း မုန့်ဆီကြော်က ဘယ်နားနေမှန်းမသိ နှုတ်ခမ်းနာနဲ့ တည့်ပါ့မလားဆိုသလိုဖြစ်နေပြီ။ရွာထဲကတခြားကျူရှင်သင်တဲ့သူတေ တစ်လဘယ်လောက်ယူသလဲ စုံစမ်းပြီးမှ သူများဈေးယူရမယ်။ကိုယ်ကလျှော့ယူနေမယ်ဆိုရင် ဈေးချိုတဲ့ဆီလာတက်ကြတယ်ဆိုပြီး ကိုယ့်ကို အထင်လွဲမှာလည်း စိုးရတယ်လေ။
သူ့တော့ သူ့အဘွားက ဝယ်ပေးလိုက်ဆိုတော့ အဖေတို့အမေတို့က စုထားတဲ့ပိုက်ဆံထုတ်ပြီး အရစ်ကျမဟုတ်ဘဲ လက်ငင်းငွေချေပြီးဝယ်ပေးလိုက်ရတာပါပဲ။သူ့သဘောကျပေါ့။ဝယ်ပေးတဲ့နေ့ကဆို တစ်နေကုန် မျက်နှာကြီးကို ဖြီးလို့။
"ကိုကို...စုထားတဲ့ ပိုက်ဆံတေ ဘယ်လောက်ရှိသွားပြီလဲ"
"ငါးသိန်းလောက်ပဲရှိဦးမယ်...ဘာလုပ်ဖို့လဲ"
"ဘာမလုပ်ပါဘူး...မေးကြည့်တာ...ဘယ်လောက်ရှိပြီလဲသိချင်လို့"
"စာသင်ရင် အဆင်ပြေအောင် မောင်အားတုန်း ခုံလေးဘာေ ရိုက်ပေးထားဦးနော်...အိမ်ပေါ်ကသိပ်အဆင်ပြေမှာမဟုတ်ဘူး"
"အင်း မနက်ဖြန်ရိုက်ပေးမယ်"
စာသင်ရမယ်ဆိုရင် ကလေးတေထိုင်ဖို့ ခုံလးတေလိုတယ်။မောင်က ပရိဘောဂပိုင်း ကျွမ်းတယ်လေ။
"မနက်ကျရင် ဘာလုပ်စရာရှိလဲ...သွားစရာရှိသေးလား"
"ကားသွားယူရမယ်...ပြီးရင် ရွာထဲ တစ်ပတ်လောက်ပတ်မောင်းလိုက်မယ်..ဟဟ"
"ငါရောလိုက်မယ်..ငါရော"
"ဟ...ကိုကို ကျွန့်တော့်ကို တားမယ်ထင်တာ... ကိုကိုကပါ လိုက်ချင်နေတယ်ပေါ့"
"ဒါပေါ့... ငါ့ယောက်ျားမောင်းတဲ့ကားပေါ် ငါအရင်ဆုံးလိုက်ရမှဖြစ်မှာပေါ့"
"ဟား..ဟား..မောင့်စိုင်းလေးက လူလည်လေး"
"အဟဲ...တစ်ခါ..တစ်ခါတည်းခေါ်တာ..အဟင်း"
မောင့်စိုင်းလေးဆိုတော့ ထောင့်ကပ်လာတဲ့ မျက်ဆံလေးကြောင့် အမြန်ဖြေရှင်းချက်ပေးလိုက်ရသည်။လူကြီးလေးက သိပ်လူကြီးဆန်ချင်တာ။
♥♥♥
19.10.21
Advertisement
- In Serial41 Chapters
Sing Crier
Virtual reality MMORPGs have become a cultural phenomenon; a cynical 14-year-old girl plays the most popular of them with two controllers, controlling two characters at once. She promptly commits a crime against humanity, dies, learns the meaning of life, and then is reincarnated as both of her characters, Sing and Crier. The following is an edgy adventure of survival, relationships, and growth into adulthood in a world where everything is trying to kill her. This story is undergoing streamlining. Features such as Chapter Recaps and Reference Marks are also actively being added to earlier chapters. Be advised, your reading experience may be impacted.
8 192 - In Serial8 Chapters
The Beast of Kulain
Val, a young man betrayed by his loved ones and cast out for being a dall'in, a beast controlled by it's endless hunger. Dall'ins' are remorseless and pitiless, with barely a mind of their own. Cast out and forced to flee from those hunting him, he runs to the Kuran mountain range and attempts to hide. Where will he be taken in this world of blood and iron, when he begins to hear a voice urging him forward to greater heights, what will he do to obtain power immemorial? The story begins in the mountain ranges, and his past is slowly revealed as to how he became what he is. But the question is, if dall'ins' are mindless beasts with no forethought. Then what manner of beast is Val? ---------- First story constructive feedback pls papi cover from book called the kings bastard by Rowena Cory Daniells ty to 91Blodhevn for tellin me
8 99 - In Serial161 Chapters
Insignia
Insignia follows Red, one of the few insignia users, in his journey within the fantasy world of Inariel, and the magical guilds within it. The world of Inariel is a world full of magic, and dangerous monsters. Red, accompanied by his allies, Luna, Amelia, Hironi, Elias, and Sole, will take on the challenges of this world, from monsters to a deadly band of killers that go by the name, The Tenyi. The inhabitants of this world can possess magical abilities known as arcanas, which give them abilities unique to them. Some arcanas are weak but others are strong enough to defeat an army. The ones with stronger arcanas advance and join one of the great mage guilds, who serves the purpose of protecting those that can't protect themselves. Red belongs to the Mage guild Elune, one of the legendary three guilds.
8 121 - In Serial9 Chapters
The Shadow of the Moon
In the boundless place,from which mere glimpses emerge,striking only the corner of the eye. Where the immobile frolic and dance,and the silent whisper,sweet songs of mute beauty. The favoured haven,of forgotten memories slipped on silver scales,from the minds of the innocent. There lies the shadow of the moon. A collection of fantasy short stories Cover art by https://www.instagram.com/chari_sweetsourtofuu/
8 90 - In Serial36 Chapters
Sidequest
A group of 4 young adventurer's of the Three-Winged Guild travel around helping people, fighting monsters, and clearing dungeons even if they aren't very good at it. Also on Wattpad, Scribblehub and my wordpress! Cover by @shadnoise on Twitter
8 205 - In Serial72 Chapters
vinnie hacker imagines
"𝐲𝐨𝐮 𝐬𝐭𝐢𝐥𝐥 𝐢𝐦𝐚𝐠𝐢𝐧𝐞 𝐢'𝐦 𝐝𝐚𝐭𝐢𝐧𝐠 𝐲𝐨𝐮.." ╔═══*.·:·.✧ ✦ ✧.·:·.*═══╗ completed ╚═══*.·:·.✧ ✦ ✧.·:·.*═══╝ೄྀ࿐ ˊˎ-only one chapter has smut- my books now are so much better then this!!!
8 181