Advertisement
"ဒါဆိုရင် ဒီလိုလုပ်လေ...နင်တို့ပစ္စည်းတေကို... ငါတို့အိမ်မှာထားခဲ့လိုက်...နင်တို့ကပြန်..နောက်တစ်ခေါက်နင်တို့ပြန်လာရင် ဒါတေအကုန်နဲ့ ကွက်တိပဲလေ"
တစ်ညလုံး ကားထဲဖြစ်သလို နှစ်ပါးသွားခဲ့ရပြီး မိုးလင်းတော့ ရွာလူကြီးဆိုတဲ့လူက အကျိုးအကြောင်းမေးပြီး သူ့အိမ်ကို လိုက်ခဲ့ဖို့ခေါ်သည်။သူ့အိမ်ရောက်တော့ မနက်စာပြင်ကျွေးပြီး ဘယ္ဘေန လာရောင်းတာလဲ အသွားအပြန်ဘယ်လောက်ကြာတာလဲ စသဖြင့် မေးနေတော့ မောင်က ပြန်ဖြေနေတယ်။ကျနော်ကတော့ မျက်စိရှေ့က ထမင်းကို ပြောင်းဖူးပြုတ်နဲ့ နယ်ပြီး သုပ်ပေးထားတဲ့ ထမင်းပန်းကန်ကိုပဲ စိတ်ရောက်နေတာမို့ စကားပြန်မပြောအားပဲရှိနေတယ်။ရေနွေးကြမ်းလေး ငှဲ့သောက်လိုက် ထမင်းလေး ဇွန်းနဲ့ ခပ်စားလိုက်နှင့် ။
"အာ...အားတော့နာပေမယ့်လေ...အဲ့လိုပဲလုပ်လိုက်ချင်တယ်ဗျ...ဘာလို့လဲဆိုတော့ နောက်တစ်ခေါက်တက်ခဲ့တာနှင့် ဒီကပစ္စည်းတေလဲ ကုန်တာနှင့် အဆင်ပြေသွားအောင်လို့လေ"
"ရပါတယ်ရှင်...အားနာစရာမလိုပါဘူး...အစ်ကို့ပစ္စည်းတေကိုလည်း စိတ္ခ်...အလေအလွင့်မဖြစ်စေရဘူး..."
"ဟုတ်ကဲ့...အဲ့လိုဆိုရင် ပိုအဆင်ပြေတာပေါ့"
"စိတ္ခ် စိတ္ခ်...ဒါနဲ့ နောက်တစ်ခေါက်ပြန်လာရောင်းမှာသေချာတယ်မလားဟင်"
"ဗ်ာ"
ရွာလူကြီး ဦးမုန်ရဲ့ တူမဆိုသူကပါ ဝင်ပြောတယ်။
"ဟို..ညီမ..ညီမတို့အဲ့လိုမလုပ်ပေးလည်းရပါတယ်...ပြန်ရင်းနဲ့လမ်းမှာကုန်မယ့်ဟာတေပဲ...ပြန်ပဲသယ်သွားလိုက်ပါ့မယ်"
အားနာသမှုနဲ့ ငြင်းရတယ်။ကိုယ့်နယ်ဘက်က လာတဲ့သူအချင်းချင်းမို့ ကူညီပေးတာသိပေမယ့် အားနာရတာပေါ့။
"ဒီလိုဆို အမြတ်ကကျန်ပါ့မလားငါ့တူ...တကယ်လို့ မရောင်းရရင် အလကားဖြစ်သွားမှာလေ..ငါ့တူတို့ဘက်က ဒါတေပေါတော့ ဘယ္သူကဝယ္စားမလဲ"
"အာ..အဲ့ဒါလည်းဟုတ်တာပဲ"
ဈေးဝယ်လောဘကြီးသွားတဲ့ အဖြစ်ကတော့ဒါပဲ။ကုန်မယ်ထင်ပြီး အပြည့်အနှက် တင်ချလာတာ။မကုန်ဘဲ ကျန်ရော။
ရွာလူကြီးဆိုတဲ့သူက ဗမာလူမျိုးတဲ့။တောင်ပေါ်မှာ အလုပ်လုပ်လာရင်း ဒီကအမျိုးသမီးနဲ့တွေ့ပြီး အိမ်ထောင်ကျလို့ ဒီမွာပဲ နေပြီး တောင်ယာလုပ်ငန်းလုပ်နေတာတဲ့။မနေ့ကရောင်းမကုန်လိုက်တဲ့ ပစ္စည်းတေကို သူတို့အိမ်မှာထားခဲ့ပြီး ကျနော်တို့ကို ပြန်ဖို့ပြောတယ်။ကျန်နေတဲ့ဟာတေကို သူတို့ရောင်းပေးထားနှင့်မယ်။အဲ့ဒါတေလည်း ကုန်ရော နောက်တစ်ခေါက်တက်လာတာနှင့် အံကိုက်ပဲမို့ အဆင်ကပြေတယ်။
"အားနာစရာမလိုပါဘူးနော်...ကိုယ့်မွေးရပ်မြေကလူအချင်းချင်းမို့လို့ ကူညီတာပါ...ရောင်းခလည်းပေးစရာမလိုပါဘူးနော်"
"အာ...အဲ့လိုမျိုးပေးရမှာစိုးလို့ မဟုတ်ပါဘူးဗျ..."
"ဟုတ်ပါတယ်ဗျ"
'ဟေ' 'ရှင်'
"အဲ...မဟုတ်ပါဘူးဗျ...သူ သူပြောသလို ရောင်းခပေးရမှာစိုးလို့မဟုတ်ဘူးဆိုတာ ကို ဟုတ်ပါတယ်လို့ပြောတာပါ..ဟီး"
မောင့်ကိုကြည့်လိုက်တော့ မောင်ကလည်း သူတို့ပြောသလိုပဲ လုပ်ချင်နေပုံရတယ်။ပိုက်ဆံက ဘယ်လောက်ရပြီလဲဆိုတော့ အရင်းလောက်တော့ရပြီမို့လို့ စိတ်မပူနဲ့တဲ့။သူများကို မယုံကြည်တာတော့မဟုတ်ပေမယ့် ဒီလိုမျိုး ကိုယ့်ပစ္စည်းတေကို မျက်နှာလွှဲခဲပစ် ကြီးထားခဲ့ရမှာကျတော့ အားနာစရာကြီးဖြစ်မနေဘူးလား။အိမ်ရှင်တေ ဘယ်လောက်ပဲ သဘောကောင်းတယ်ဆိုဆို အခုမွ တွေ့ဖူးကြုံဖူးတဲ့သူတေမလား။
"မောင့်..ကောင်းပါ့မလား...အဲ့လိုကြီးလုပ်လို့"
"ဒါဆို ကိုကို ကဘယ်လိုလုပ်ချင်တာလဲ...ပြောကြည့်လေ...ဒါကုန်အောင်ရောင်းနေမယ်ဆိုရင်..နောက်တစ်ရက်လောက်ထပ်နေရဦးမှာနော်"
အဲ့ဒါလည်း ဟုတ်တာပဲ။ဟိုလိုပြောလည်းဟုတ်နေတာပဲ။ဒီလိုပြောလည်း ဟုတ်နေတာပဲ။ငါအားနာတာလည်း ဟုတ္တာပဲ။
"ဒါဆိုမောင်က ထားခဲ့မွာလား"
"မောင့်သဘောကတော့ထားခဲ့ချင်တယ်...ပြီးတော့ ဒီဘက်တေမှာရတဲ့ ဆတ်သားခြောက်တို့ ဘာတို့လည်း ပြန်သယ်သွားချင်သေးတယ်...ကျနော်တို့ဆီမှာက လာရောင်းတာတေရှိပေမယ့် ဆတ်သားစစ်စစ်တေက ရှားတယ်"
အင်းလေ။ဟုတ်တာပဲ။ပြန်သယ်နေရင်လည်း ဒုက္ခများတာပဲရှိမယ်။ကုန်မကုန်ကမသေချာဘူး။ဒီမှာထားခဲ့တော့ မကုန်မှာ မပူရဘူး။
"အင်းပါ...မောင်ထားခဲ့ချင်လည်း ထားခဲ့ပေါ့"
"ထားခဲ့ ထားခဲ့ ငါ့တူ...ရွာထဲကလူတေလည်း လိုတာရှိရင် လာဝယ်လို့ရတော့ နှစ်ဦးနှစ်ဖက်အဆင်ပြေပါတယ်ကွ"
ပြောရင်း ဦးမုန္က ပြောင်းဖူးဖက်လိုမျိုး အရွက်ခြောက်ထဲ ဘာတေလဲမသိဘူး ထည့်ပြီး အခေါင်းပေါက် တစ်ဖက်ပိတ်လေးဖြစ်အောင်လိပ်ပြီး မီးခြစ်သွားယူဖို့ဆိုပြီး ထသွားတယ်။
ဦးမုန်ထသွားပြီးတော့ ဦးမုန္တူမေလး မီနိုင်း ဆိုတဲ့ကောင်မလေးက လက်ဖက်ရည်ကြမ်းထည့်ပေးပြီး တိုးပေးလာတယ်။
"ဟို ဒါနဲ့လေ...အစ်ကို့နာမည်က ဘယ်လိုခေါ်လဲဟင်...ဟိုအစ္ကိုက မောင် လို့ခေါ်တော့ နာမည်ကမောင်လား...ပြီးတော့ ညီအစ်ကိုတေလားဟင်"
မျက်လုံးဝိုင်းဝိုင်းတောက်တောင်လေးတေနဲ့ မေးနေတဲ့ ကေလးမေလး။အသက္က ဆယ့်ရှစ် ဆယ့်ကိုးလောက်ပဲရှိဦးမယ်။ဆံပင်တေကို အပြာင်သိမ်းပြီး နောက်နားမှာခွေလိပ်ပြီး အလုံးလေးတေပါတဲ့ ဆံထိုးလေးထိုးထားတာက မျက်နှာပြည့်ပြည့်ဖောင်းဖောင်းလေးကို ပိုပေါ်စေတယ်။သနပ်ခါးတော့မလိမ်းထား။နှုတ်ခမ်းကိုတော့ အရောင်တင်ထားပုံရတယ်။ဘာမှလိမ်းမထားတဲ့ မျက်နှာလေးက ကြည်ကြည်လင်လင်ရှိလို့နေတယ်။အပြောက်သေးသေးလေးတေ အောက်ဘက်နားမှာပါတဲ့ ထဘီလေးကို သိုးမွှေးအကျႌကိုယ်ကျပ်လေးနှင့်ကျော့ကျော့မော့မော့။အိမ်ကညီမလေးလည်း သူ့လိုပြည့်ပြည့်ဖောင်းဖောင်းလေး။ သူကေတာ့ စတွေ့ကတည်းက မောင့်ကိုပဲရေစက်ရှိနေတယ်ထင်တယ်။နာမည်တောင် မောင့်တစ်ယောက်တည်းကိုပဲမေးတယ်။
"သူ့နာမည်က ယံဖြိုးမောင်ပါ...အစ်ကို့နာမည်က စိုင်းသုတ..ပြီးတော့ ညီမ ထင်သလို ညီအစ်ကိုတေမဟုတ်ပါဘူး...အစ်ကိုတို့က လက္ထပ္ထားတာပါ"
"ရှင်..ဘယ္လို..လက်ထပ်...လက်ထပ်လို့ရလို့လား..ယောက်ျားလေးနှစ်ယောက်က"
"ရလို့ပဲ လက်ထပ်ထားပြီးပြီလေ ညီမလေးရဲ့..."
မောင်က ပါပြောတော့ တယ်။မောင်ကလည်း ပြုံးပြီးကြည့်နေတာပဲ။
"သြော်..."
ကောင်မလေးက အံသြသွားသလိုဖြစ်သွားပြီးမှ သြော် လို့ပြောလာတယ်။မျက်နှာအမူအရာက နည်းနည်းတော့ တစ်မျိုးဖြစ်သွားတယ်။ အံ့သြသွားလို့ ထင်ပါတယ်။
♥♥♥
ဒီလိုနဲ့ပဲ 9 နာရီလောက်ကျတော့ ပြန်ခဲ့ကြတယ်။ဆတ်သားဆိုလား ဆိတ္သားဆိုလား အဲ့ဒါတေရော နည်းနည်းပါးပါး ဝယ်ခဲ့ကြသေးတယ်။ကြော်စားရင် စားလို့ ကောင်းတယ်လို့ မောင်ကပြောတယ်။ရောင်းကြည့်ဦးမယ် ရောင်းလို့ ကြိုက်ကြတယ်ဆိုရင် နောက်ခါနောက်ခါတေလည်း ပြန်ရင် သယ်ခဲ့ပြီး ပြန်ရောင်းဦးမယ်ထင်တယ်။
"မောင့်... အရင်းလောက်ပဲ ရေသးတာဆို...ဆီဖိုးနဲ့ ဘာနဲ့ ဟုတ်ပါ့မလား"
"သြော်..ကိုကိုရယ်..ဘယ္ကပါ့မလဲ...အတိအက် တစ်သိန်းနဲ့ ကိုးထောင်မြတ်နေပြီ"
"ဝါး...သူများရှေ့မှာမို့လို့ အမြတ်ဘယ်လောက်ရှိပြီဆိုတာ မပြောခဲ့တာပေါ့လေ...မောင်က အကျင့်ပုတ်ကြီး"
"ကိုယ့်ရပ်ကိုယ့်နယ်လည်းမဟုတ်...နယ်လည်းမကျွမ်း...လမ်းခရီးကလည်းရှည်တယ်လေ ကိုကိုရယ်...ကျနော်တို့မှာ ပိုက်ဆံဘယ်လောက်ပါတယ်ဆိုတာ သိရင် ဟုတ်သော်ရှိမဟုတ်သော်ရှိ ကျနော်တို့အတွက် မကောင်းဘူးလေဗျာ"
"အဲ့ဒါလည်း ဟုတ္သား...မောင်တော်တယ်..ရွှတ်"
အသည်းယားစရာ မောင့်ပါးပြင်ကြီးကို ရွှတ်ခနဲနမ်းပစ်လိုက်တယ်။အသည်းယားလို့။
"အခုတော့ ကိုကို့အလှည့်...အိမ်ရောက်ရင်တော့ ကျနော့အလှည့်..အာ့"
ဗိုက်ကိုလိမ်ဆွဲရင် အနွေးထည်တေဝတ်ထားတာကြောင့် မပါမှာစိုးလို့ ပေါင်ကို လိမ်ဆွဲပစ်လိုက်တယ်အေးရော။ရွှတ်နောက်နောက်တေ ပြောချင်ဦး။မောင်ဟာလေ လူဆိုးလေး။
♥♥♥
20.10.21
အမောင်စိုင်းတို့ကတော့ လူဆိုးလေးတေရော တော်တယ်တေရော လိမ္မာတယ်တေရော စုံနေတာပဲနော်။
Advertisement
- In Serial13 Chapters
A World Of Rotten Eggs (Eggman/The Boys SI)
The world of the Boys is full of villains masquerading as heroes. So it shouldn't be a problem to add an SI with the memories of a villain to it. What's one more bad egg?
8 139 - In Serial285 Chapters
The Knightly Elven... Spider? [GL, litRPG]
Grew up an orphan and had to join the knights, swore to protect people so they didn't have to suffer what I did. Eventually succeeded at the cost of my life, and was offered a new life but there was a catch. I was cursed to become a spider, and now I'm just trying to find my way again with my first ever friend in a new world.Trying my hands on litRPGIt will have many of the same themes as my other story (Adventure, Fluff/Romance, Slice-of-Life, Progression) Pacing may slow down at certain points and probably in the future so be warned. Come find me and other wonderful readers! at : https://discord.gg/TqFjdv8uaE
8 298 - In Serial21 Chapters
Class549
Andrey Kemf, a noble from the oddly organized Federation of Asteron flees in a self imposed exile from his home state of Ostland to the underdeveloped state of Azuna for a far better teenage life with no connections neither relatives in life. Only to learn later that the place itself was his homeland and he was on the verge of uncovering an old family mystery. The first book in a trilogy exploring the unknown in terms of culture, social topics, and humanity in general. Pitting the characters in a world where death is near and life is riddled with customs and culture made out of an old forgotten mystery. Slice of life in a world, not our own. Mild mature content present. You have been warned!!! (Please leave a comment or vote if you read any of the entries. Helps the quality control you see.) BTW. I posted this and most of my stories in three sites. If you had any problems either email: [email protected] or [email protected]
8 283 - In Serial12 Chapters
Windchasing
Having fled the planet's surface to escape extinction seven centuries prior, the last remnants of humanity—living aboard the airship Ventus—face a new danger that threatens to finish the job.
8 118 - In Serial20 Chapters
Panická ataka
(čti [paňická])
8 162 - In Serial26 Chapters
My Alpha (My Alpha Series Book 1 boyxboy)(under revision)
••His eyes sparkled like the ocean against his pale skin while his pink lips stood out, asking to be kissed. ••
8 222