Advertisement
"ရေမချိုးပါနဲ့ဦးဆိုတာကို ကိုကိုက ကျနော့်စကားမှ နားမထောင်ဘဲဗျာ....ကဲ အခုတော့ကြည့် ကိုကိုလည်း ဆရာဝန်မဟုတ်သလို...ကျနော်လည်း ဆရာဝန်မဟုတ်ဘူး...အဲ့တော့ ဘယ်လိုမှ မလုပ်ပေးနိုင်ဘူး"
"ဆေးလည်းသောက်ထားတာပဲကွာ...သက်သာမှာပါမောင်ကလည်း....ပြောလို့ကိုမပြီးတော့ဘူး"
ညည်းညူစွာဖြင့်ပင် ပြောမိသည်။နေ့လည်က နှာတေမွှန်ပြီး နေမကောင်းချင်သလိုဖြစ်နေတာ။ရေချိုးလိုက်ရင် ဖျားမှာမှန်းသိရက်နဲ့ ချိုးပစ်လိုက်တာ။အေးရော။ဖျားချင်ချင်ဆိုလည်း မြန်မြန်ဖျားမြန်မြန်ပျောက်တော့ ကောင်းတယ်လေ။ရေမချိုးပဲနေလည်း ငြီးစီစီနဲ့။
ဒီလိုနဲ့ပဲ ညကျ အဖျားတက်ပါလေရော။ဖျားပြီဆိုလည်း ဖျားတာတစ်မျိုးတည်းမဟုတ် ခေါင်းတေပါအသေကိုက်တာ။အဖျားရှိန်ကြောင့် တစ်ကိုယ်လုံးလိုလို ပူနေပေမယ့်လည်း စောင်မခြုံရင်ချမ်း။နေ့ဘက်ပိုင်းဆိုနည်းနည်းပူပြီး ညဘက်ဆို အေးနေသေးတော့ ဘယ်လိုနေရကောင်းမှန်းမသိ။နဖူးပေါ်ရေပတ်ဝတ်တင်ပေးနေရင်း မောင်က ပြောနေတာကို မပြီးတော့ဘူး။ဖျားမှာစိုးလို့ပြောတာကို ကိုကိုက နားကိုမထောင်ဘူး ဘယ်လိုဘာညာနဲ့။
"ကြည့်...ကိုကိုကလေ အဲ့လိုပဲ ပြောရင်လည်း မခံချင်ဘူး"
"ဘယ်နှစ်နာရီထိုးနေပြီလဲ"
"3 ခွဲပြီ"
"အင်း...ငါအိပ်ပျော်မလားလို့ အိပ်လိုက်ဦးမယ်"
အိပ်ပျော်တာအိပ်မပျော်တာဘေးချိတ်။ဆရာကြီးကိုတိတ်သွားစေဖို့က အဓိကမလား။အိပ်လို့လည်းရမှာတော့မဟုတ်ဘူး။ဒီလောက်ခေါင်းတေကိုက်နေတာ။
"ခေါင်းတေကိုက်နေတယ်မလား"
နဖူးပေါ်ကို လက်ဖနောင့်နဲ့ အသာအယာဖိနှိပ်ပေးနေရင်း ပြောလိုက်တယ်။ကိုကိုကဖျားရင် ခေါင်းတေပါကိုက်တာမို့လို့ အလိုက်တသိနှိပ်ပေးတော့ နေတော့နေသာမှာပါ။နှိပ်ပေးနေရင်းအပူရှိန်ကို ခံစားမိနေတယ်။အပူက ရေပတ်ဝတ်တင်ပေးတာတောင် နည်းနည်းပဲကျတယ်။ပြောစကားမှနားမထောင်ဘဲ။တစ်ခုခုဆို အသည်းအသန်ဖြစ်တတ်လွန်းတဲ့ သူ့အကြောင်းသိလို့ ပြောရင်လည်း နားမထောင်။အခုတော့ခံရပြီ။မိုးမြန်မြန်လင်းမှပဲ ဆေးခန်းသွားရတော့မယ်။
♥♥♥
"မှောက်လိုက်နော်"
"ဗျာ"
ပြေးလည်းမပြေးရပါဘဲ ချွေးလေးတေ နဖူးမှာစို့လို့။မျက်လုံးတေက ဆေးစပ်နေတဲ့ ဆရာဝန်ရဲ့ လက်တေဆီမှာ။မဟုတ်မှ
"ကိုကို ကြောက်နေတာလား"
မဖြေ။ဒါဆို သေချာပြီ။ထိုအချိန်မှာပဲ ဆေးထိုးအပ်ကိုကိုင်ပြီး လှည့်လာတဲ့ ဆရာရယ်၊ တစ်စတစ်စ မှိုင်းလာပြီဖြစ်တဲ့ ကိုကို့မျက်နှာရယ် ၊ရယ်ချင်တာ အောင့်ထားရပြီဖြစ်တဲ့ ကျနော်ရယ်
"မှောက် မှောက်လိုက် ကိုကို "
ပြောရင်းနဲ့ မလှည့်ချင်လှည့်ချင် ခန္ဓာကိုယ်ကို ဆွဲလှည့်ပေးရသေးတယ်။မှောက်လျက်ဖြစ်သွားသည်နှင့်တစ်ခါတည်း ပုဆိုးစကို ဆွဲချပေးလိုက်တော့ ဆရာဝန်ကလည်း အကင်းပါးသလားမမေးနဲ့ ဘာမှကို မပြောနိုင်ခင် အရက်ပြန်နဲ့ ပွတ်ပြီး ဆေးထိုးအပ်နဲ့ ထိုးချလိုက်တာများ ဇွက်ခနဲ။အပ်ပြန်နှုတ်သွားပြီးတော့ ဆေးချေပေးနေရင်း မျက်နှာအခြေအနေကြည့်ရသေးတယ်။ မျက်လုံးမှိတ်ထားတာ မဖွင့်သေးဘူး။တော်သေးတယ် ကလေးတေလို အသံဗြဲကြီးနဲ့ ထမငိုလို့။
"ဆေးနှစ်ရက်စာပေးလိုက်မယ်နော်...မနက်တစ်ကြိမ်ညတစ်ကြိမ်...ကြားထဲမှာ ဖျးရင် ဖျားတဲ့အချိန်သေါက်...ထပ်ဖျားသေးရင် ဆရာ့ဆီပြန်လာခဲ့လိုက်"
"ဟုတ်ကဲ့ဆရာ"
ဆရာက ပြုံးစစ ဖြစ်နေတာကြောင့် ကုတင်ပေါ်ကလူနာကိုကြည့်လိုက်တော့ မှောက်ရက်ကနေ ထမလာသေးဘဲ ဒီတိုင်းကြီး။
"ကိုကို့...ထတော့လေ...ဖင်ပြောင်ကြီးနဲ့ ဒီတိုင်းနေတော့မလို့လား"
"နေစရာလား"
ပြောလိုက်မှ ကပြာကယာ ထထိုင် ပုဆိုးတေ ပြန်ပြင်ဝတ်နေလေသည်။တကယ်က ဖင်ပြောင်နဲ့ မဟုတ်ဘူး။ပုဆိုးကို မဝတ်တော့ နဲနဲပဲလျော့နေတာ။ဒီ့ထက်ပိုစရင်တော့ တကယ်ငိုတော့မယ်ထင်တယ်။ပိုက်ဆံပြန်အမ်းတာကို ယူလိုက်ရင်း ဆေးခန်းက ထွက်လာခဲ့လိုက်ပြီး ဆန်ပြုတ်ဝယ်ရန် တစ်ခါတည်းဆန်ပြုတ်ရောင်းတဲ့ဆိုင်ဆီသို့ပါ ဝင်ခဲ့လိုက်တော့သည်။
♥♥♥
Ring~~Ring~~Ring
အိပ်ယာထဲလှဲနေရင်း ဖုန်းလာသံကြားနေရတယ်။မောင့်ဖုန်းပဲ။အိပ်ယာဘေးက သေတ္တာပေါ်မှာတင်ထားခဲ့တာ။ကြည့်လိုက်တော့ နာမည်လည်းမမှတ်ထား။
"Hello"
"Hello...ကိုဖြိုးလား...ကိုဖြိုးဘာလို့မလာတာလဲဟင်...နေမကောင်းလို့လား...မနေ့က လာရမယ့်ရက်ကြီးလေ...မလာတော့ဘူးလား...ဘာဖြစ်လို့လဲဟင်"
ကိုဖြိုး။ဘယ်ကကိုဖြိုးလဲ။မောင့်မှာလည်း မောင်နှမတေရှိပေမယ့် အကုန်လုံး မောင့်ထက်အကြီးတေချည်း။ကိုဖြိုးလို့ ခေါ်တဲ့သူမရှိပါဘူး။
ဟဲလိုတစ်ခွန်းပဲထူးရသေးတယ် တန်းစီနေအောင်ပြောသွားတာကြောင့် မနည်းမှီအောင်စဉ်းစားရတယ်။တစ်ခုခုကို ချိန်းထားပြီး မရောက်လာလို့ ပြောနေတာလား။ဘာလား။
"ကိုဖြိုးလို့...မီနိုင်းပြောတာမကြားဘူးလား...မလာတော့ဘူးလားဆို"
မီနိုင်းဆိုတာ မောင်ဈေးရောင်းတဲ့ရွာက ဦးမုန်ရဲ့ တူမ မလား။နေပါဦး။သူကဘာလို့
"အခုပြောနေတာ သူ့အမျိုးသားပါ...မောင်က ရေချိုးနေတယ်..ပြီးတော့ ဒီရက်ပိုင်းထဲ ညီမတို့ရွာဘက်ကို လာနိုင်ဦးမှာမဟုတ်သေးဘူးထင်တယ်"
"သြော်...ကိုဖြိုးမဟုတ်ဘူးလား...အာ့ဆိုရင် ကိုကို့ကို ပြောပေးပါဦး..လာတဲ့နေ့ဆိုရင် ညီမမှာထားတာလေး ဝယ်ခဲ့ပေးဦးလို့.."
"အာ အဲ့ဒါဆိုရင် ညီမ...နောက်ခါပစ္စည်းမှာချင်ရင် အစ်ကို့ကို ပြောထားပါ့လား...မောင်က မေ့တတ်တော့လေ"
"ရပါတယ် မမေ့အောင် ဖော်ပေးမှာပေါ့...ဒါပဲနော်"
တီ
ချသွားပြီ။ဘာလဲ ဒီကောင်မလေး။ရုပ်လေးက ချစ်စရာကောင်းသလောက် ဘုကလန့်လေးလား။ကိုယ့်တစ်ယောက်တည်းကိုပဲ အဲ့လိုလား။အနီးစပ်ဆုံးမောင်နဲ့ ယှဉ်ကြည့်ရင်တောင် တူတာမဟုတ်ဘူး။တစ်မျိုးပဲ။မောင်က ဈေးရောင်းတစ်ခါသွားတိုင်း သူတို့အိမ်မှာတည်းရတော့ ပိုရင်းနှီးသွားတာတော့ မဆန်းပါဘူးလေ။
"ကိုကို ဖုန်းလာနေတာလား...ဘာတဲ့လဲ"
"ဟိုရွာက ရွာလူကြီးရဲ့ တူမလေးမောင်...သူမှာထားတာ မမေ့နဲ့ဆိုလား"
"သြော်"
"နေပါဦးမောင်ရဲ့.... အဲ့ကောင်မလေးက ဘာမှာထားတာလဲ"
"ဖိနပ်တဲ့ ကိုကိုရေ...ဖိနပ်တဲ့...အခုသူစီးနေတဲ့ဖိနပ်ကို မကြိုက်လို့တဲ့"
တဘက်နဲ့ ရေသုတ်နေရင်းနဲ့ မောင်ကဖြေတယ်။တီရှပ် အနက်ရောင် ပွပွကို ဒူးလောက်ဘောင်းဘီ အနက်နဲ့ပဲဝတ်တယ်။ခြေသလုံးက အမွှေးအမျှင်တေကလည်း ကြည့်ရဆိုးမနေဘူး။နေ့ခင်းဆို ပူနေပြီကြောင့် အေးတဲ့ အဝတ်အစားတေ ဝတ်လို့ရပြီ။
"မောင်...ရင်းနှီးတာတော့ ကောင်းပါတယ်..ဒါပေမယ့် သူများပြောစရာဖြစ်နေဦးမယ်နော် မောင်..."
"ဘာကိုလဲ ကိုကိုရဲ့"
"ကောင်မလေးက အခုမှ အပျိုလေးငယ်ငယ်လေး...အဲ့အိမ်မှာမှ မောင်က တစ်ပတ်နှစ်ခါလောက်ရောက်ပြီးတည်းနေပြီးတော့...အဲ့ကောင်မလေးနဲ့ခင်နေရင် သူများတွေတစ်မျိုးထင်ကုန်မှာစိုးလို့ပေါ့"
မောင်က လဲထားတဲ့ ပုဆိုးကို ခါချရင်းပြန်ဖြေတယ်။
"ကိုကိုရယ်...ကျနော်က သူတို့အိမ်မှာတည်းရတာလေ...အလိုက်အထိုက်တော့ နေပေးရတာပေါ့...ပြီးတော့ ကောင်မလေးက ငယ်ငယ်လေးပဲရှိသေးတာပါဗျာ"
"ငယ်တယ်ဆိုတာလည်း ဘယ်လောက်ငယ်လို့လဲမောင်ရယ်...လေးနှစ်လောက်ပဲကွာတာကို...လူတေဆိုတာ ပြောချင်ဒီထဲက ဆိုချင်လည်းဒီထဲက"
"ဟုတ်ပါပြီဗျာ...ဟုတ်ပါပြီ...ကိုကို့သဘောအတိုင်းပါ...ဟုတ်ပြီလား"
"ငါက မင်းအတွက်ပြောတာပါ"
"ဟောဗျာ...ဘာပြောနေလို့လဲဗျ...ရွှတ်... ရွှတ်...ရွှတ်"
စောင်ထဲ တိုးဝင်လာပြီး လူကိုခွဖက်ထားတယ်။ခွဖက်ထားရုံတင်မကဘူး ပါးတေရော နဖူးတေရော နမ်းတယ်။မနေ့ကတည်းက ဖျားလို့ ရေမချိုးရဘူး။
"ရေမချိုးတာ နှစ်ရက်ရှိပြီနော်"
"အာ အဲ့ဒါကြောင့် မျှစ်ချဉ်နံရပါတယ်လို့"
"အောင်မာ အခုချက်ချင်း ရေထချိုးလိုက်ရမလားပြော...ပြော"
ချက်ချင်းထသွားမလို လုပ်နေသူကို ဆွဲထားရတယ်။တော်ကြာရေပြန်ချိုးလို့ ပြန်ဖျားနေမှ။
"စတာစတာ...ဘယ့်နှယ့် ဒီလောက်မွှေးတဲ့ ခန္ဓာကိုယ်ကို...ဘယ်ကသာ နံရမှာလဲ"
"ဟားဟား...ငါက အတွင်းစိတ်လှတဲ့သူဆိုတော့ ရေမချိုးတောင်မွှေးနေတာလေ..ဟား..ဟား"
"ကိုကိုကလိပ်"
ဟား..ဟား.ဟား
နှစ်ယောက်လုံးပြိုင်တူရယ်လိုက်မိကြတယ်။အချစ်နဲ့ အတူရှိနေရရင် အရာအားလုံးက ပျော်စရာကောင်းတယ်မလား။
♥♥♥
26.10.21
မေ့နေကြပြီလား။နေမကောင်းလို့ ဖုန်းကို မကိုင်ဖြစ်လို့ ကြာသွားတယ်ရယ်။
Advertisement
- In Serial23 Chapters
Aspect of the Beast
This story is being rewritten! The new version, A Price in Memory, can be found here. I highly suggest you read the new version as this one won't be completed. Also, there has been a lot of changes so you won't be able to continue with the other where this one left off. A soldier dies on a battlefield, his body broken but his mind at peace. He died for the only thing he truly cared about, his family. In a different world a talented mage completes his life’s work, an entire rebuilding of one of the greatest ancient spells, resurrection. Bypassing the stringent requirements, he attempts to make this great magic accessible to the masses, and by doing so earn his place in history. But lost to the passage of time is the reason for these requirements. Not to unnecessarily complicate this great magic, but to ensure the transfer of only mortal souls. For there are things that dwell in the realm of the dead that should never be allowed to cross over.
8 172 - In Serial36 Chapters
Infestation
The world is being overrun with 'hives', corrupting buildings into nests for monsters. The unlucky people in a building when a hive emerges either die, witness someone die, or gain otherworldly power. The latter are known as 'users'. Charlotte, a recently emerged user with the rare power of precognition, has found herself stranded with little to no support and a desperate need to get some money. She's weak and so teams up with a stranger to clear hives together but life quickly falls into disarray as her situation and paranoia compound.
8 176 - In Serial9 Chapters
God´s Games
A soul lost in total darkness hears a voice and follows it. That's the start of a new adventure, in another world with many surprises, that are still to come. Follow the story of the lost soul, who became a new person in another world full of magic and swords. To find out the rest see the story of the Soul, that became a Legend to be told. Author Note: Hello, guys, this novel will get updated daily so do check it from time to time. Thanks for your time and hope you enjoy the story.
8 58 - In Serial71 Chapters
The Blue Kingdom
After a failed heist, young Macha finds himself sailing in the Ballerina, a ship with a mysterious crew. Together, they will have to face the demons of their past and overcome the dangers of a world ruled by mercenary gangs, lords of piracy and corrupted island states. For the reader This is planned to be a series with a weekly release.(I hope!) More or less 3k words per chapter. The set up is in a flintlock fantasy/steampunk world. YA with mild violence, no cursing and no sex content.
8 176 - In Serial13 Chapters
Demonic Arts
As he, right hand of the Demon Lord, was cast into the swirling abyss by the one he served for a millennia, the one he sworn his loyalty to, there was only one thing on his mind: revenge!After enduring the endless pain, he finally awoke, only to find himself being born again, even worse: as a human!Cast into the mortal planes, plagued by the shackles of revenge, he vows to become strong enough to take his vengance and never experience such betrayal again.Join Owen, as he challenges the heavens!
8 163 - In Serial50 Chapters
Sinbad: High King of the Seas
{Completed}Annalise was an infant when she was stolen from her parents at the age of three she managed to escape from a man who couldn't catch her. She winds up in a village where she meets a young boy around her age. He was kind and gentle to her and as they grew older, he became her best friend. She watched by as he became a strong willed man who captured seven dungeons. Though he became important, he always had time for Annalise, who remained by his side because he always found time to protect her.
8 207