《မောင့်ကိုချစ်ဖို့ မွေးဖွားလာပါသည်။》🌈၃🌈
Advertisement
ဘရဏီအနောက်ဘက်မှ ရဝိန်တို့အတွဲထံသို့
လှည့်ကြည်ရလွန်း၍ ရုပ်ရှင်ထဲပင် အာရုံမစိုက်နိုင်အောင်ဖြစ်ရ၏။ ရဝိန်ရင်ခွင်ထဲက ကောင်မ လေးမှာ ဖြူဖြူချောချောလေးဖြစ်သည်။ ဘယ် လောက်ချောချော မကြာခင်ပျက်မှာပဲဟု
တွေးလိုက်ခါမှ ဘရဏီနေထိုင်ရသည်မှာ
နည်းနည်းအဆင်ပြေလာ၏။
စိုးသက်နောင် ဘရဏီဇော်ကို သတိထားမိသည်မှာ ကြာပြီးဖြစ်သည်။ ဘရဏီဇော်သည် ရဝိန်အ နားကပ်နေသည်မှာ အရမ်းသိသာပေ၏။ ရဝိန်သည် ကောင်မလေးထားတိုင်းလည်း သူငယ်ချင်းများနှင့် မိတ်ဆက်ပေးတတ်သည်။ သို့သော် အချိန်သိပ်မကြာခင်၌ ပြတ်သွားတတ်၏။
ဒီတစ်ယောက်နှင့်ဆိုလျှင် သုံးယောက်မြောက်ပင်။ စိုးသက်နောင် သက်ပိုင်ဘက်ကြည်လိုက်လျှင် popcorn ကိုသာ အဆက်မပြတ်စားနေ၏။
ထို့ပြင် coca cola သောက်ပြီး ဝက်တစ်ကောင်ကဲ့သို့ စားသောက်နေသည်ကိုတွေ့လိုက်ရ၍ စိတ်ထဲပြုံးမိပြန်သည်။
" ကိဝီ ၊ ဟေ့ ကိဝီရေ "
ကိဝီအဝတ်ခေါက်နေချိန် အိမ်ပေါ် တတ်လာသည့် ခြေသံနှင့်အတူ နာမည်ခေါ်သံကိုပါ ကြား လိုက်ရသည်။
" ဗျာ ရှိတယ် "
" အေးအေး၊ နင်အဒေါ် ကချဲ့ဖိုး နင်ဆီတောင်းလိုက်ဆိုလို့ "
" ဟုတ်ကဲ့၊ ဘယ်လောက်လဲ ကြီးကြီး "
" ၄၅၀၀ "
ကိဝီအခန်းထဲဝင်လိုက်ပြီး ခေါင်းရင်းရှိ မုန့်ဗူးလေးထဲစုထားသော ၅၀၀၀ တန် တစ်ရွက်ယူပြီး ပေးလိုက်သည်။
" ဒီမှာ ၅၀၀၀ "
ကိဝီလက်ထဲမှ ပြန်အမ်းငွေ ၅၀၀ တန်လေးကိုကြည်၍ "ပိုက် ဆံ ပိုက်ဆံရှာဖို့ ခက်သလောက် အသုံးမခံပါလား"ဟု အတွေးဝင်မိပြန်သည်။ ထို့နောက် ကိဝီအတွေးကိုရပ်ပြီး အဝတ်ကိုသာဆက်ခေါက်နေလိုက်သည်။
" မကို မိတ်ဆက်ပေးမယ်၊ သက်ပိုင် စိုးသက်နောင် ဘရဏီဇော် "
" ဒါကတော့ ငါရဲ့မ သူဇာဝေ "
မင်းရဝိန် သူငယ်ချင်းများနှင့် ချစ်သူဖြစ်သူကို
မိတ်ဆက်ပေးနေသည်။
" မဝေလို့ခေါ်လို့ရပါတယ် "
" မလို့ပဲ ခေါ်မှာ "
ရဝိန်တစ်ယောက် သူ၏"မ"အနားခေါင်းကပ်၍
အီနေ၏။ သူ့ငယ်ချင်းများရှေ့လာ ro ပြနေသော rs ကြောင့် သက်ပိုင်ဗိုက်ပင်ဆာလာတော့သည်။
" မှာကြရအောင်၊ စားရင်းနဲ့ ဆက်ပြောကြတာပေါ့၊ မှာမယ် waiter "
ရဝိန်တို့သည် မနက်ပိုင်းရုပ်ရှင်ကြည်ပြီး နေခင်း
နေလယ်စာလာစားနေကြခြင်းဖြစ်၏။
" ဆိတ်ကလီစာတစ်ပွဲ၊ ငါးဆုပ်၊ ဘဲဥ၊ ကန်းစွန်ပလိန်၊ သီးစုံကြော်၊ ခေါက်ဆွဲကြော်တစ်ပွဲ မင်းရော "
သက်ပိုင်မှသတိတရနှင့်မေးလာ၍ စိုးသက်နောင် ကျေနပ်သွားသည်။
" ရပြီး။ မင်းမှာထားတာပဲ စားတော့မယ် "
" ပုဇွန်နှစ်ပွဲ "
" ရဝိန် ပုဇွန်မစားဘူး။ ပုဇွန်တစ်ပွဲပဲ ကြက်သည်းမြစ်နှစ်ပွဲ "
မိမိကောင်လေးအကြောင်းကို မိမိထက်ပင်သူ၏သူငယ်ချင်းမက ပိုသိနေ၍ သူဇာဝေစိတ်ထဲ
ဘဝင့်မကျဖြစ်ရသည်။ ထို့ပြင် ဂုဏ်ဆာနေသော အပြုံးဖြင့်လည်း ကြည်လာပြန်သေးသည်။ စားစရာများရောက်လာပြီး ထမင်းစစားချိန်မှာလည်း မိမိအားစိန်ခေါ်လာဟန်ပြုပြန်သည်။
" ရဝိန် ရော့ အမြစ်၊ အသည်းမကြိုက်ဘူးမလား၊ငါပန်းကန်ထဲ ထည့်လိုက်နော် "
"မ"ဘက်ကြည်လိုက်လျှင် ပုံမှန်အတိုင်း ထမင်းကိုသာ အာရုံစိုက်ဝါးနေလေသည်။ သူဇာဝေ သည်းခံနေရ၏။ ရဝိန်၏သူငယ်ချင်းမလုပ်ပုံ သည် သူဇာဝေအား အသည်းတဆစ်ဆစ်ယား လှအောင်ပြုမူနေသယောင်။
မျက်နှာချင်းဆိုင်က နှစ်ယောက်မှာတော့ သာသာယာယာရှိနေသည်။ အစားကြိုက်ပုံရသောကောင်လေးကို မိုက်ကန်းကန်းဒီဇိုင်းနှင့် ကောင်လေးမှ ဟင်းတွေခပ်ယူပေးနေသည်။ ပါးလေးဖောင်းဖောင်းနှင့် စားနေဟန်ကိုလည်း ပြုံးကြည်နေသေးသည်။
သူဇာဝေ ရဝိန်ဘေးကိုကြည်လိုက်လျှင် သူငယ် ချင်းမဆိုသူက ပြုံးပြလာသည်။ အပြုံးတို့သည် ပီပြင်မှုမရှိသည်ကို သူဇာဝေ မြွေမြွေချင်း ခြေမြင်သည့်သဘောရှိ၍ နားလည်လိုက်သည်။
➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡
ဘရဏီဇော်သည် ရှေးကျဟန်တူသော အခန်းတံခါးကို အသာတွန်းဖွင့်ဝင်လိုက်သည်။ အခန်းအတွင်းပိုင်းကို ကြည်လိုက်လျှင် မှန်တင်ခုံရှေ့၌ ဘိုဆန်ဆန်အပြင်ဆင်နှင့် လှနေသော မိန်းမပျို
တစ်ဦး ထိုင်နေလေသည်။ နှုတ်မှလည်း တစ်စုံ တစ်ယောက်ကို ကြိမ်းမောင်းနေဟန်ရှိနေလေသည်။ အာရုံစိုက်နားထောင်လိုက်လျှင် စကားသံတို့အား ပီသစွာကြားရပေသည်။
" ခင်လေးမေ ခင်လေးမေ မင်းအတွက် ပျော်
စရာအချိန်တွေ ကုန်ဆုံးတော့မှာပါ။ ကိုချစ်မောင် ရှင်က ကျွန်မအပိုင်ပဲဖြစ်ရမယ် "
ထိုမိန်းမပျိုသည် နှုတ်ခမ်းနီကို အရောင်ထပ်တင်လိုက်ပြန်သည်။ ပြီးလျှင် ဖြည်းဖြည်းချင်း အ နောက်ဘက်သို့ လှည့်ကြည်လာလျှင် ဘရဏီဇော်လန့်သွားရ၏။ တူလွန်းသည်။ မိမိနှင့် တစ်ပုံတည်းတူသော ထိုအမျိုးသမီးကို စေ့စေ့ကြည်ပြီး
ဘရဏီဇော်အံ့သြမိ၏။
" မအံ့သြပါနဲ့ ဘရဏီဇော်၊ မင်းသိထားဖို့က အချစ်ဆိုတဲ့အရာမှာ တရားတာ၊ မတရားတာနဲ့
မဆိုင်ဘူး။ ပိုင်ဆိုင်နိုင်ဖို့အဓိကဆိုတာ မင်းနားလည်လား ပြော နားလည်လား "
ထိုအမျိုးသမီးသည် ဘရဏီမျက်နှာတည့်တည့်အား လက်ညိုးဖြင့်ထိုး၍ ပြောနေသည့်ကိုပင် အားရဟန်မရှိသေးဘဲ ရှေ့သို့တစ်လှမ်းပြီး တစ်လှမ်းထပ်တိုးလာပြီး စကားများဆက်ပြောနေပြန် သည်။
" မလာနဲ့ မလာနဲ့ "
" ဘာဖြစ်လဲ သမီး၊ သမီး ထပါအုန်း "
မျက်လုံးတို့အားဖွင့်ကြည်လိုက်လျှင် အဖေဖြစ်သူကိုတွေ့လိုက်ရ၏။
"အဖေ...ပြန်ရောက်တာ ကြာပြီးလား "
Advertisement
" အဖေခုပဲ ပြန်ရောက်တာ။ သွား သွား အိပ်ခန်းထဲ သွားအိပ် "
" ဟုတ်ကဲ့ "
ဘရဏီ အခန်းထဲရောက်လျှင် အိပ်ချင်စိတ်များ ပျောက်သွားပြီးဖြစ်၍ အိမ်မက်အကြောင်းပြန် တွေးမိသည်။
" အချစ်မှာ တရားတာ၊ မတရားတာ မရှိဘူးတဲ့ လား "
ထိုစကားကို ဘရဏီ အပြည့်အဝလက်ခံသည်။ မင်းရဝိန်သည် ဘရဏီဇော်ဆိုသော မိမိအတွက်သာ ဖြစ်သင့်၏။
ဦးမျိုးမင်း သားဖြစ်သူအားအဆောင်ပို့ရန် ရည် ရွယ်ထားသည်။ သို့သော် ရဝိန်သည် အဆောင်သို့မသွားဘဲ အိမ်မှနေ၍ ကျောင်းကို ရိုးရိုးတတ်ပြီး အောင်စေရမယ်လို့ ဆိုလာသည်။
" စာပုံမှန်လုပ်နော်၊ ဂိမ်းပဲဆော့မနေနဲ့ "
သားဖြစ်သူမင်းရဝိန်ကို မှာစရာများမှာ၍ ကိဝီ တို့ထံထွက်လာခဲ့လိုက်သည်။ တံခါးဖွင့်ထားသော ခြံဝ၌ ဦးမျိုးမင်းကားကို ရပ်လိုက်သည်။
ကိဝီတို့ခြံသည် နည်းနည်းတော့ ရှည်၏။ သစ် သားအိမ်လေးအနောက်၌ အသီးအနှံ့လေးများ စိုက်ထားပြီးအပြင် မြေကွက်လပ်အနည်းငယ် ကျန်သေးသည်။ နှင်းဆီပန်းစိုက်ရန် ရည်ရွယ် ထားသည်ဟု တစ်ခါကကိဝီပြောဖူးသည်။
ကိဝီတို့အိမ်သည် သစ်သားအိမ်ပုလေးဖြစ်ပြီး အိပ်ခန်းနှစ်ခန်း၊ ဘုရားခန်းနှင့် မီးဖိုခန်းသည် အနောက်ဘက်မှ အဖီဆက်ထားခြင်းဖြစ်သည်။ ဘေးတွင်တော့ ရေချိုးရန်ကျောက်စည်လေးနှင့် ကျောက်ပြားတစ်ခု ရှိသည်။ခြံနောက် သစ်တိုပင် အောက်တွင် အိမ်သာလေး ဆောက်ထားသည်။
" ကိဝီရေ...ကိဝီ ရှိလား၊ ကိဝီ "
" သားရှိတယ် ဦး၊ အိမ်ပေါ်တတ်ခဲ့ပါ "
" အေးအေး "
ဦးမျိုးမင်း ဘုရားခန်း၌ထိုင်၍ ကိဝီအား စောင့်
နေလိုက်သည်။
" ရေလေးသောက်ပါအုန်း "
" သားအတွက် ကိဝီ၊ ဖုန်းတစ်လုံးရှိတာ အရာရာ အဆင်ပြေတယ်၊ ဦးဖုန်းနံပါတ်လည်း ထည့်ထားတယ်၊ နောက်ဆိုရင် ကျောင်းစရိတ်အတွက် ဖုန်းကပဲ လွှဲလိုက်မယ်၊ ဆိုင်မှာ ထုတ်ယူလိုက်နော်။ ဒါက မုန့်ဖိုးပေးတာ "
" မလိုပါဘူး။ မုန့်ဖိုးက ကိဝီမှာရှိပါတယ် "
" မငြင်းပါနဲ့ ကိဝီ။ ဦးသားနဲ့ ကိဝီက ရွယ်တူပဲ၊ သားတစ်ယောက်လို့ ခင်လို့ရိုးရိုးသားသားပေးတာပါ၊ သားကိဝီ မှတ်ထား၊ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုကို မခံရစေနဲ့၊ ပတ်ဝန်းကျင်ကတော့ ဟုတ်တာရော၊ မဟုတ်တာရော ပြောကြမှာပဲ၊
ဦးနားလည်တယ်။ ဦးလည်းအလုပ်ကိစ္စရှိသေးတယ်လေ၊ နောက်ဆိုဖုန်းကပဲ ပြောကြတာပေါ့၊
အမြဲတမ်းပတ်ဝန်းကျင်အမြင်ကို စိုးကြောက်နေဖို့ မလိုဘူး။ ရှေ့ဆက်ဖို့လည်း အများကြီးရှိသေးတယ်မလား။ ဦးပြန်ပြီး ကိဝီ "
" ဟုတ်ကဲ့၊ သားကူနိုင်တာ ရှိရင်လည်းပြောပါ "
" လိမ္မာတယ် "
ခေါင်းလေးပုတ်ပြီး အိမ်အောက်ဆင်းသွားပြီး ဖြစ်သော ဦးလေးမျိုးမင်း၏ကျောပြင်ကိုကြည်လျက် ကိဝီမျက်ရည်တို့စို့လာရသည်။ ခုချိန်ထိ
ကိဝီ၏အဖေသာရှိခဲ့လျှင် ဒီလိုနွေးထွးမှုမျိုး နေ တိုင်းခံစားရမည် မဟုတ်ပါလား။
Advertisement
- In Serial35 Chapters
The Bad Boy Hates Me
"You know what I hate about you?" His minty breath fanning my face. He placed his hands on the wall right beside my head. His eyes dance a lot of emotions I couldn't decipher as his gaze moved from my eyes down to my lips.Gulp. "W-What?" I breathed nervously."You reminded me of her," he whispered into my ear, "and I fucking hate it." He pushed himself away from me and slammed the door shut.
8 154 - In Serial49 Chapters
Hurts
two boys are friends from childhood.Kook what you want on your birthday?I want you.We are not lover just friends with benefits...(sigh)- taehyung ♡ ༶ ♡ kook I think I...l am in love with you I mean no..not only as a friend but more than that. - taehyungare you fucking kidding me tae ? I'M NOT A GAY ! for fuck shake. - jungkook● ● ●we are not friend anymore he don't even want to see my face .I have to go far from him . because I want him to be happy ...but guess (touching his tummy)wherever I go I don't have to be alone because you'll be with me right... * * *but someone crays and says to himself ......... how stupid I was I didn't even realize how much I loved you...my love... top-kook bot- taewarning ⚠️grammar mistakes (lots because my english is 💩 sorry 😅...so just ignore............. 👉👈)boy×boysmutmpregabusedif you're not comfortable you can leave thank you 💜
8 188 - In Serial8 Chapters
Meet Cute
Arthur and Arabella really ought to stop meeting like this.[#8 short story / #80 teen fiction]
8 140 - In Serial31 Chapters
THE DEMON KINGS SURROGATE : The Witches Hour
| COMPLETED||UNDER MAJOR EDITING|First book of the {UNEARTHLY SERIES} Also🖤Book one of the DEMON KING TRILOGY 🖤--Mature Content (18+)--He was dark , powerful, and above all that difficult.His presence screamed dominance. Just a year ago he shows up demanding I'd birth him two sons. I'm just a twenty-two year old college student living my best "normal" life until my parents told me something they'd be keeping from me since I was seven."You're a witch."Those three words not only changed my life forever but gave me a hint of who I really was after all, I am the Demon King's surrogate."You were mine the moment you said you'd carry my children."You're life would surely changed to after finding out your apart of a long line of powerful witches/warlocks and that you'd have to soon carry the future king or queen of liaison.#1 in Witches&Warlocks
8 145 - In Serial44 Chapters
Mated To Two
Guys! We are ranking #3 in the Mature Category!!! Thank you all so much!!! Aurora is the daughter of a less than caring and evil Alpha. In not being able to find her mate; her father signs her up to a mating chase against her will. Not only does she find her mate, but she also finds two mates. A fully tattooed Alpha with all the rage in the world and a Gentleman with a seductive accent. Can they put their differences to the side to fight the evil that comes after them? Can they handle the secrets and lies that begin to unveil?
8 291 - In Serial37 Chapters
Irresistible You
The last year of university should be fun. Parties. Friends. The eagerness to graduate. Megan has the friends, the grades, the parties and the boyfriend that is the star athlete of the football team, with scouts interested in him joining the professional league. She has it all. Her life appears to be perfect. Only it isn't. Just a beautiful, misleading cover to a miserable book. Josh isn't who everyone makes him out to be and it takes reuniting with one stranger from one vacation to make her feel free. Megan and Louis can't resist the temptation of being together and it's a risk that she is willing to take.
8 83

