《"ᴊᴏɴɢsᴇᴏɴɢɪᴇ's sᴛᴏʀɪᴇs"》ᴘʟᴇᴀsᴇ ᴀɴᴅ ᴛʜᴀɴᴋ ʏᴏᴜ (Jayhoon)
Advertisement
_ᴘʟᴇᴀsᴇ ᴀɴᴅ ᴛʜᴀɴᴋ ʏᴏᴜ_
"ပတ်ခ်ဆောင်ဟွန်းရှီ အိမ်ပြန်ရတော့မယ်ထင်တယ်နော် ရုံးခန်းရှေ့မှာ ရှင့်ခင်ပွန်းလေးစောင့်နေတယ်"
အမှုတစ်ခုခုဆို တူတူကိုင်နေကျမို့ရင်းနှီးနေတဲ့ စီနီယာအမက စသလိုလိုနဲ့ ဆောင်ဟွန်းပုခုံးကိုပုတ်ရင်း ရုံးဆင်းခွင့်ပြုသည်။
"ဒါပေမယ့် ကျွန်တော့်အလုပ်တွေကမပြတ်သေးဘူး"
"အလျင်မလိုပါဘူး ဒီမှာအပြီးလုပ်လို့ဘယ်သူပြောလဲနော်။ အိမ်သယ်သွားလေ ဟိုမှာ သူ့ယောက်ျားလေးကို နင်းကန်ခိုင်းနေပါတယ်ဆိုပြီး ငါတို့ရုံးကိုမြေလှန်ပြီးသောင်းကျန်းရင်ဘယ်လိုလုပ်မလဲ"
စီနီယာမမက သဘောအကျကြီးကျပြီးစနောက်သောအခါ ဆောင်ဟွန်းလည်း ခေါင်းငုံ့ရင်းအလိုက်သင့်လေးပြုံးပြပြီး ရုံးဆင်းဖို့ပစ္စည်းတွေသိမ်းဆည်းနေလိုက်သည်။
တကယ်တမ်းဘေးလူအမြင်ရဲ့တစ်ဝက်လောက်သာအချစ်ခံရရင် ပတ်ခ်ဆောင်ဟွန်းတို့ကံမတရားကောင်းနေပါပြီ။
ပစ္စည်းတွေသိမ်းပြီးထွက်လာတော့ ထိုင်ခုံမှာ ခြေထောက်တွေကိုလွှဲကာ နာရီတကြည့်ကြည့်နဲ့ထိုင်စောင့်နေတဲ့ ဂျုံဆောင်းကိုတွေ့ရသည်။ ကျိန်းသေ ကိစ္စတစ်ခုခုရှိမှာပါ။ လက်ထပ်ထားတဲ့ တစ်နှစ်နီးပါးအတွင်းမှာ ထိုအလိုက်ကန်းဆိုးမသိတတ်သူလေးဟာ အရေးအကြောင်းတစ်ခုခုရှိမှ ဆောင်ဟွန်းဘက်လှည့်လာတတ်တာပဲလေ။
"ဒီနေ့အလုပ်စောဆင်းလာတာလား
ပြီးတော့ ကြားသားမိုးကြိုး မင်းကငါ့ကိုလာကြိုနေသေး"
"အင်း ညစာအပြင်မှာစားရအောင် ဆောင်ဟွန်း ငါတိုင်ပင်စရာရှိလို့။ အင်း တောင်းဆိုတယ်ပဲထားပါ"
"ထူးထူးဆန်းဆန်းပါလား ပြောပါဦး ဘာများလဲ"
"အေးဆေးပေါ့ကွာ ညစာစားရင်းပြောပြမယ်"
အမှန်တိုင်းပြောရရင် ဆောင်ဟွန်း ရင်ခုန်သလို ရင်လည်းတုန်သည်။ ပေါင်းသင့်သလောက်ပေါင်းပြီးနောက် ကွာရှင်းလိုက်လို့လည်း လူမြင်တင့်တယ်လောက်ပြီဆိုတဲ့အချိန်များရောက်လာလို့ ကွာရှင်းဖို့ပြောမလို့ပဲလား မသိနိုင်ဘူးလေ။
လုပ်စရာကိစ္စကြီးတစ်ခုရှိနေသည်ဆိုသည့် စိတ်ကြီးက ဂျုံဆောင်းရော ဆောင်ဟွန်းရောကို အစားမဖြောင့်စေပါ။နာမည်ကြီးဟိုတယ်ကြီး၏ သီးသန့်ခန်းထဲမှာ ဆောင်ဟွန်းဟာ ရင်တမမနှင့် ရေတွေချည်းလှိမ့်သောက်နေသလို ဂျုံဆောင်းဟာလည်း သက်ပြင်းတွေခိုးချရင်း သူ့ပန်းကန်ထဲက သုံးထပ်သားကိုခက်ရင်းနဲ့ထိုးစွနေသည်။
"ပြောလိုက်ပါတော့ ဂျုံဆောင်းရာ ခုလိုကျတော့ မင်းရောငါရော ဗိုက်ဆာရက်နဲ့ဘာမှမျိုမကျတော့ဘူးမလား "
"ပြောပြီးရင်လည်း စားဝင်ဖို့မသေချာတာမို့ အရင်ဝင်သလောက်စားလိုက်ပါ"
ဘုရား ဘုရား ဆောင်ဟွန်းငိုသာချလိုက်ချင်သည်။ တကယ်ကြီးကွာရှင်းရမယ်ဆို သူဘာနဲ့မှဖြောင်းဖျနိုင်ဖို့အားမရှိသလို ဂျုံဆောင်းကလည်းဖြောင်းဖျခံမှာမဟုတ်။ အဲ့ကောင်လေးက တဇွတ်ထိုးလေးလေ။
"ပြီးခဲ့တဲ့ စနေနေ့က"
"အင်း ငါတို့ မင်းမိဘတွေဆီသွားလည်တယ်လေ ဘာလို့လဲ အခုအဖေတို့အမေတို့ဘာပြောလို့လဲ"
ဆောင်ဟွန်းမှတ်ဉာဏ်တွေကို အပြေးအလွှားပြန်ခေါ်ရသည်။ အဲ့နေ့ကကျိန်းသေ ဘာကိစ္စမှရှိမနေပါဘူး။ မိဘတွေကလည်း ကြည်ကြည်ဖြူဖြူပဲဟာ။ မိဘတွေနဲ့ပတ်သတ်သည့်ကိစ္စဆိုတော့ ကွာရှင်းခိုင်းမှာတော့ မဟုတ်တာသေချာသလောက်ပင်။ ဒီလောက်ဆိုရင်ပဲ ဆောင်ဟွန်းအတော်လေးစိတ်အေးသွားပြီ။
"အဲ့နေ့က အဖေနဲ့အမေက ငါတို့ကိုပြောတယ်လေ"
"အဲ့နေ့က?"
ဆောင်ဟွန်းအပြေးအလွှားစဉ်းစားရင်း ခေါင်းထဲဒိုင်းခနဲပေါ်လာသည်။
မဟုတ်မှ လွဲ
"ကလေး ယူဖို့လား ဂျုံဆောင်း"
"အင်း ငါကလေးလိုလာချင်လို့"
_ᴘʟᴇᴀsᴇ ᴀɴᴅ ᴛʜᴀɴᴋ ʏᴏᴜ_
"ငါတော့ ပြန်စဉ်းစားစေချင်တယ်"
လက်ဖဝါးနှစ်ဘက်လုံးကိုနောက်စေ့အောက်ပို့ကာ ကုတင်ပေါ်လှဲရင်းဆောင်ဟွန်းကပြောသည်။
"ငါပြောတုန်းက မင်းပဲ အဆင်ပြေသလိုလုပ်ပါဆို အခုကဘာဖြစ်ရတာလဲ အမျိုးမျိုးတွေလာမလုပ်နဲ့ဆောင်ဟွန်းရာ။ မင်းခေါင်းညိတ်ရုံပဲ အငှားကိုယ်ဝန်ဆောင်လည်းငါအသင့်ရှာထားတာပဲဟာ မင်းမွေးရတာလည်းမဟုတ်၊ငါမွေးရတာလည်းမဟုတ်ဘူးလေ။"
ဂျုံဆောင်းဟာ ဆောင်ဟွန်းရဲ့ဘေးကိုဝင်လှဲရင်း ခါးသေးသေးလေးအား လက်ဖြင့်ပွတ်သပ်ကစားရင်း စိတ်မရှည်စွာဆိုသည်။
အင်း ဘယ်တုန်းကများဆောင်ဟွန်းက ဂျုံဆောင်းကိုလွန်ဆန်ခဲ့ဖူးလို့လဲ။ လက်ထပ်မယ့်ကိစ္စကိုလည်း ဂျုံဆောင်းသဘောအတိုင်းဆုံးဖြတ်စေခဲ့သည်။ နောက် အခွံသာသာအိမ်ထောင်ရေးကိုလည်း ဂျုံဆောင်းစကားတစ်ခွန်းတည်းနဲ့တည်ဆောက်ပေးခဲ့သည်လေ။
ဒါပေမယ့်
သူတို့ရဲ့ရေရေရာရာမရှိတဲ့အိမ်ထောင်ရေးကြီးထဲ ကလေးတစ်ယောက်ကိုဆွဲခေါ်တာက အတ္တကြီးလွန်းတယ်မလား။
ယုတ်စွအဆုံး နှစ်ယောက်တည်းဖြစ်တာက ဘယ်အချိန်မဆို ကိုယ့်ဘဝနဲ့ကိုယ်ခွဲထွက်သွားလို့ အဆင်ပြေသည်။ ဆိုလိုတာက အဆင်ပြေတယ်ဆိုတာထက် တရားနည်းလမ်းကျတာကိုပြောချင်တာ။
နှစ်ဦးသဘောတူလက်ထပ်၊နှစ်ဦးသဘောတူလမ်းခွဲ ဒါသူတို့ရွေးချယ်တဲ့လမ်းလေ ကောင်းကောင်းဆိုးဆိုး သူတို့ပဲခံရမှာ။ ဒါပေမယ့် ကလေးသာရှိလာရင်....
အသက်တစ်ချောင်းကို ခေါ်ချင်သလိုခေါ်ခဲ့ပြီးမှ တာဝန်မဲ့လွန်းရာကျသည်လေ။ အပြစ်မရှိတဲ့ကလေးဟာ သူတို့ရဲ့ရက်ရက်စက်စက်ဆုံးဖြတ်ချက်တွေကြား သနားစရာကောင်းစွာရှင်သန်သွားရမှာမျိုး ဆောင်ဟွန်းမလိုချင်ပါ။
"ငါတို့အိမ်ထောင်ရေးက အချိန်မရွေးပြိုကွဲသွားမယ့်ဟာ။ တာဝန်မယူနိုင်တာမျိုးတွေကို ဇွတ်မလုပ်နဲ့ဂျုံဆောင်း ငါသဘောမတူဘူး"
"ငါတို့မင်္ဂလာဆောင်တဲ့နေ့က ငါပြောခဲ့တဲ့အထဲ ဒါမျိုးမပါပါဘူး"
လေပြေအေးစကားဝိုင်းကနေ ဒေါသတို့အစပျိုးကာရန်ပွဲကိုဦးတည်လာတဲ့အခါ ဆောင်ဟွန်းကငုတ်တုတ်ထထိုင်လာသလို ဂျုံဆောင်းကလည်း အလုပ်စားပွဲဆီသွားထိုင်သည်။
"ဟာ မင်းနဲ့ငါတစ်ယောက်နဲ့တစ်ယောက်အချစ်မပါဘဲယူထားပြီး တစ်ယောက်ဘဝတစ်ယောက်မစွက်ဖက်ပဲနေရမယ့်ဟာ မွေးလာမယ့်ကလေးအတွက် အနှစ်သာရမရှိတဲ့မိသားစုဘဝကိုပေးမယ်ပေါ့ဂျုံဆောင်း မင်းကနှလုံးသားမရှိလိုက်တာ"
"ငါကနှလုံးသားမရှိတာမဟုတ်ဘူး မင်းကိုကခံစားတတ်လွန်းနေတာ။ ငါအဲ့လောက်လည်းတာဝန်မမဲ့ပါဘူး။ မင်းသာတချိန်လုံး နှလုံးသားလှသူကြီးလုပ်နေတာပဲလေ"
"အေး မင်းကတာဝန်မမဲ့ဘူး။ လုပ်ချင်ရာလုပ်ပြီးမှတောင်းပန်ပါတယ်ဆိုပြီး မင်းရဲ့မျက်ရည်တွေထုတ်ပြပြီး အနိုင်နဲ့ပိုင်းရုံပဲ။ အဲ့ဒါမျိုးကိုငါ့အပြင်ဘယ်သူမှသည်းမခံနိုင်ဘူး သိရဲ့လား။"
"အေး သည်းခံလိုက်လေ အဲ့အတွက်မင်းမိသားစုကိုထောက်ပံ့ပြီး မင်းနဲ့ယူထားတာမလား"
ဂျုံဆောင်းဒေါသထွက်ချိန် ပြောမိတဲ့ဘာမဟုတ်တဲ့စကားလေးက ဆောင်ဟွန်းအတွက်တော့ အခါခါသေစေနိုင်သည့်လက်နက်လိုမျိုး။
"ဒါ မင်းစိတ်ရင်းအမှန်လား ဂျုံဆောင်း"
"ဆောင်ဟွန်း ငါကလေ ငါက"
"မင်းအမြင်ငါကရော သိပ်ကိုပျော်နေတယ်ထင်လား။ ငါ့မိသားစုကောင်းစားသွားတဲ့အတွက် ငါပြန်ပေးဆပ်တဲ့ထဲမှာ မင်းအပေါ်သည်းခံတာမျိုးမပါဘူး။မင်းမိဘမင်းအသိုင်းအဝိုင်းရဲ့ မျက်နှာဖုံးလုပ်ပေးရုံပဲ။ ငါမင်းကိုသည်းခံတယ်ဆိုတာ ငါ့စိတ်ရင်းနဲ့ အဲ့ဒါကြောင့်မို့ ထပ်စော်ကားတာမျိုး လက်မခံဘူး"
"အင်းပါ ငါသိပါတယ်ကွာ"
ဂျုံဆောင်းဟာ ဆောင်ဟွန်းနားပြန်လာရင်း ပုခုံးတစ်ဘက်ကိုကိုင်ကာ အားနာနာနဲ့ပြောသည်။
"နေဦး ငါပြောတာမပြီးသေးဘူး။
အခုငါကရေရှည်အတွက်ပြောတာလည်း မင်းကြောင့်ဘဲပြောတာလေ။ ကွာရှင်းဖို့ဆိုတာ မင်းဘက်ကစမှဖြစ်လာမှာ မင်းလည်း သိတယ်မလား ငါက ငါက"
ထပ်မပြောနိုင်တော့ပါ။ ငါကမင်းကိုချစ်တာမို့ ကွာရှင်းမယ့်ကိစ္စမျိုး ငါကဖန်တီးမှာမဟုတ်ဘူးဆိုတဲ့စကားကိုပေါ့။ ဒီလောက်ရှုံးရရင်တော်ပြီပေါ့ ပတ်ခ်ဆောင်ဟွန်း။ ထပ်ပြီး အားနည်းချက်တွေထုတ်မပြနဲ့တော့။
ဂျုံဆောင်းဟာဝတ်ကြေတန်းကြေရုံသာနှစ်သိမ်သလို သူ့ထုံးစံအတိုင်း တောင်းပန်တိုးလျှိုးတဲ့မျက်ဝန်းတွေနဲ့ကြည့်ကာ ခပ်ဖွဖွလေးလာဖက်သည်။ပြီးနောက် လေသံလေးနဲ့တောင်းပန်စကားဆိုရင်း ကုတ်အင်္ကျီတစ်ထည်ဆွဲပြီး ထွက်သွားကာ ဒီညအိမ်ပြန်လာမှာမဟုတ်တော့ပါ။ ဆောင်ဟွန်းဟာဒီညလည်း သနားစဖွယ်ကောင်းစွာ ညစာစားပွဲမှာ စိတ်ဆင်းရဲစွာစားရပါဦးမည်။
_ᴘʟᴇᴀsᴇ ᴀɴᴅ ᴛʜᴀɴᴋ ʏᴏᴜ_
ဆောင်ဟွန်းဘဝဟာဂျုံဆောင်းရဲ့ဆန္ဒတွေနဲ့ပြည့်နှက်နေခဲ့တာ။နားလည်ပေးရလွန်းလို့ မခံစားနိုင်တဲ့အခါ ဆောင်ဟွန်းကမျက်ရည်တွေနဲ့သောင်းကျန်းမယ် အဲ့ဒီ့အခါဂျုံဆောင်းကလေပြေအေးတရားဟောကာ အချိုပြန်ကျွေးမည်။ ဒီလိုနဲ့ ဆောင်ဟွန်းဟာဂျုံဆောင်းပေးတဲ့သူ့ရင်ထဲကအစိုင်အခဲတွေကို သူ့ဟာသူပြန်ချေဖျက်ရရှာသည်။
မပြောင်းလဲသောအရာကတော့ ဆောင်ဟွန်းဟာဂျုံဆောင်းကိုမလွန်ဆန်နိုင်တာပေါ့။ မလွန်ဆန်ရက်တာဆိုပိုမှန်မည်။ ဂျုံဆောင်းစိတ်တိုင်းကျနေပေးရင်းသူ့ကိုယ်သူ ခံပြင်းလာသည့်အခါမှာ သူကိုယ်တိုင်က အရှုံးပေးထားတာကိုမသိဟန်ဆောင်ကာ ကျေးဇူးတရားသိတတ်ရခြင်းဆိုသည်ကို အပြစ်ပုံချပစ်လိုက်သည်။ဒါပါပဲ။
လိုရင်းကိုပြောရလျှင် ကလေးကိစ္စငြင်းခုန်ကြပြီးတဲ့နောက် နောက်တစ်နှစ်ရဲ့နွေဦးမှာ ဆောင်ဟွန်းဘဝထဲဂျုံဆောင်းအပြင် ဂျုံဆောင်းရဲ့သွေးသားလေးကိုပါလက်ခံခေါ်ယူခဲ့ရသည်။နှစ်ယောက်လုံးဘယ်သူမှမွေးရတာလည်းမဟုတ်ဘဲ မွေးပြီးတာနဲ့တန်းပြုစုစောင့်ရှောက်ရုံသာဆိုတဲ့ အကြောင်းပြချက်တွေနဲ့ဂျုံဆောင်းကကိုင်ပေါက်သလို ယောက္ခမတွေကလည်းဒီတစ်ခါမှာတော့ သူတို့သားဘက်က။
Advertisement
ဆောင်ဟွန်းမိဘတွေအနေနဲ့ကတော့ ဖြစ်သမျှအကြောင်းအကောင်းဟုသာလက်ခံထားကြပုံပင်။ ဒါပေါ့။ သူတို့နှစ်ဦးအိမ်ထောင်ရေးကို သူတို့နှစ်ဦးကလွဲလို့ဘယ်သူမှမသိ။
ဂျုံဆောင်းမိဘတွေက သူတို့ကိုနှစ်တွေကြာတာနဲ့အမျှ သံယောဇဉ်တွေခိုင်မြဲလာပြီလို့ထင်ကြသည်။ ဆောင်ဟွန်းမိဘတွေကတော့ သူတို့သားကတစ်ဖက်သတ်ချစ်ရသူနဲ့လက်ထပ်ထားရပြီး အပြင်ပိုင်းမှာ အိမ်ထောင်ရေးသာယာမှုအပြည့်ရနေတဲ့ပုံလည်းပေါ်တာမို့ စိတ်ပူစရာကိုမရှိဟုထင်ကြသည်။
ဒီတော့လည်း အားလုံးရဲ့အမြင်မှာ ပျော်နေပုံပေါ်တဲ့ဆောင်ဟွန်းဟာ ဘယ်အခက်အခဲကိုမှထုတ်ပြီးမငြီးတွားခဲ့သလို ငြီးတွားလည်း ယုံမယ့်သူမှမရှိပါပဲ။
ဒီကြားထဲမှာလည်း လိုချင်တာရှိရင်အရမ်းလိမ္မာတဲ့ဂျုံဆောင်းက ကလေးကိစ္စကိုအကြောင်းပြပြီးခြေငြိမ်နေခဲ့တာမို့ ဆောင်ဟွန်းအနည်းငယ်တော့ကျေနပ်ပါသည်။ ကလေးသူတို့လက်ထဲမရောက်ခင်တည်းက ဂျုံဆောင်းက အလုပ်ကနေအိမ်၊အိမ်ကနေအလုပ် တခြားနေရာတွေမှာခြေမရှုပ်တော့သလို သူ့ဖုန်းထဲမှာလည်းဆောင်ဟွန်းမမြင်ချင်သော notiတွေမမြင်ရတော့ပါ။
ထို့ပြင်အားလပ်ရက်တွေမှာလည်း ဆောင်ဟွန်းနဲ့အေးဆေးစွာအချိန်ကုန်ဆုံးလေ့ရှိသလို ခရီးတိုလေးတွေထွက်ဖြစ်ကြသေးသည်။ ဒီလိုမျိုးသာဘဝတစ်လျှောက်လုံးကုန်ဆုံးရမယ်ဆိုရင်ဖြင့် ဆောင်ဟွန်းကသေခဲ့ရင်တောင် နတ်ပြည်ကိုသွားစရာမလိုတော့ဘူးဟုတွေးမိပါသည်။
အနည်းဆုံးတော့ အေးတိအေးစက်အိမ်ထောင်ရေးကြီးက ကလေးတစ်ယောက်ကြောင့်နွေးထွေးလာလောက်ပါရဲ့လို့ ဆောင်ဟွန်းတွေးမိသည်။ မဟုတ်တောင် မိသားစုနှင့်တူလာပြီး ဂျုံဆောင်းလည်းအနည်းငယ်ခြေငြိမ်လိမ့်မည်ဟုယူဆလိုက်တော့သည်။ဒီတော့ စစချင်းတုန်းကကန့်ကွက်ခဲ့မိတဲ့ ကိုယ့်ကိုယ်ကိုယ်တောင် ဆောင်ဟွန်းအပြစ်မြင်မိသေး။
"မင်းဆန္ဒအတိုင်း ငါတို့အခုအိမ်ထောင်သည်အဖြစ်ကနေ မိသားစုအဖြစ်ပြောင်းလာခဲ့ပြီ။ ဒီတော့ ငါ့အတွက်မဟုတ်တောင် တစ်ခုခုဆိုငါတို့ကလေးရဲ့မျက်နှာကိုငဲ့ပေးနော်ဂျုံဆောင်း"
အဲ့နေ့က မွေးကင်းစကလေးငယ်ကိုချီထားတဲ့ဆောင်ဟွန်းက ဂျုံဆောင်းလက်ထဲယုယုယယလွှဲပေးပြီး အသိပေးတာထက်တောင်းဆိုသည့်ပုံဖြင့်ပြောသည်။ ကလေးချီထားတဲ့ဂျုံဆောင်းကတော့ သာမန်အချိန်မှာဆို သူ့ကိုဘယ်လိုလူမှတ်နေသလဲဆိုပြီး ရန်ပြန်တွေ့လောက်ပေမယ့် စိတ်ခံစားချက်ကောင်းနေတဲ့နေ့မို့ ကြည်ကြည်သာသာခေါင်းညိတ်ခဲ့ပုံ။
"အင်း ငါ့မှာအဖေနဲ့အမေအပြင် စိတ်ချမ်းသာအောင်ထားရမယ့်သွေးသားလေးတစ်ယောက်တိုးလာတာပဲဟာ အများကြီးဂရုစိုက်ရမှာပေါ့။ငါပိုပြီးကြင်နာတတ်တဲ့သူတစ်ယောက်ဖြစ်အောင်ကြိုးစားပါ့မယ်"
ဆောင်ဟွန်းပြုံးပြလိုက်ရင်း တစ်ချိန်တည်းမှာပဲ ဂျုံဆောင်းထံမှ မျက်နှာလွှဲလိုက်သည်။
သူကအစတည်းက ဂျုံဆောင်းရဲ့စားရင်းထဲမှာတောင်မရှိခဲ့တဲ့သူမျိုးဘဲ။ ဒီ့ထပ်ရင်နာစရာကောင်းတာတောင် ဒီလောက်ရင်နာဖို့ကောင်းမယ်မထင်ပါဘူး။
_ᴘʟᴇᴀsᴇ ᴀɴᴅ ᴛʜᴀɴᴋ ʏᴏᴜ_
လေးနှစ်ကြာသွားပြီ။
ဆောင်ဟွန်းနဲ့ဂျုံဆောင်းရဲ့အိမ်ထောင်သက်ဆို ငါးနှစ်ကျော်လို့ခြောက်နှစ်ပြည့်တော့မည်။ သူတို့ကလေးကလည်း အသက်လေးနှစ်ကျော်ပြီ။
"Liam ဒီနေ့ဒယ်ဒီနဲ့ရုံးကိုလိုက်ခဲ့မယ်မလား"
"နိုး နိုး ပါပါးနဲ့လိုက်သွားမှာ"
"အဲ့ကိုမနေ့ကလိုက်ပြီးပြီလေ ဒီနေ့ဒယ်ဒီ့ရုံးကိုလိုက်ရမယ့်အလှည့်ရောက်ပြီ"
မနက်စာစားနေသည့်သားအဖရဲ့ငြင်းခုံသံတွေက နှစ်ရက်သုံးရက်ခြားတစ်ခါကြားရလေ့ရှိသည်။အထူးသဖြင့် ဂျုံဆောင်းရုံးခန်းကိုလိုက်ဖို့အလှည့်ကျသည့်ရက်တွေမှာပေါ့။
ဆောင်ဟွန်းနောက်ဆုံးကျန်သည့် ထမင်းကြော်ကို သူ့ပန်းကန်ထဲထည့်ရင်းထမင်းစားပွဲမှာဝင်ထိုင်ရင်းပြုံးနေမိသည်။
သားလေးရောက်လာတာက သူတို့ဘဝတွေကို အနည်းငယ်စိုပြေလာေစတာတော့အမှန်ပင်။
"ဆောင်ဟွန်းပြောဦး ဒီနေ့လည်းမင်းနဲ့လိုက်မယ်တဲ့"
"လိုက်ရင်ခေါ်သွားမှာပေါ့"
"ဒယ်ဒီ တာ့တာ"
"ဘာကိုတာ့တာလဲ မလိုက်ရဘူး
မင်းလည်းမခေါ်သွားရဘူး"
ဂျုံဆောင်းကတကယ်လည်းသူ့သားကိုချစ်သည်။ ဒါပေမယ့် ကလေးက မွေးစတည်းက အလုပ်တွေကိုပစ်ကာ အပင်ပန်းခံပြီးသူ့ကိုပြုစုပေးခဲ့သည့်ဆောင်ဟွန်းကိုပိုကပ်သည်။
ဆောင်ဟွန်းက သားအသက်သုံးနှစ်အထိအလုပ်နားပြီး အိမ်မှာနေပေးခဲ့သည်။ဂျုံဆောင်းကတော့ ကုမ္ပဏီတစ်ခုလုံးကို ထိန်းချုပ်ရတဲ့သူမို့ အလုပ်ကိစ္စတွေကိုပစ်ထားလို့မရဘူးလေ။
ကလေးလိုချင်တာဂျုံဆောင်းပေမယ့် ထိုကလေးအတွက် အနစ်နာခံခဲ့ရတာလည်းဆောင်ဟွန်းသာ။ ဒီအတွက်လည်း ဆောင်ဟွန်းကနည်းနည်းမှမငြိုငြင်။ သူကနှစ်ယောက်လုံးကိုချစ်ရတာကိုး။
"သေချာစဉ်းစားနော် ဒယ်ဒီနဲ့လိုက်ရင်ရေခဲမုန့်ဝယ်ကျွေးမှာ မင်းပါပါးကကျွေးလားအဲ့လို"
"အာ့ဆိုLiam ဒီနေ့ရေခဲမုန့်မစားတော့ဘူး"
"သားသားရယ် ဒယ်ဒီတောင်းပန်ပါတယ် လိုက်ခဲ့ပါကွာနော် တူတူဆော့ကြမယ်လေရုံးခန်းထဲမှာ"
"ဒယ်ဒီကပြီးရင် အိပ်သွားရော Liamပျင်းတယ်။ ပါပါးနဲ့ဆိုတနေကုန်ပေါင်ပေါ်ထိုင်လို့ရပြီး နေ့ခင်းလည်းချော့သိပ်တယ်လေ"
"ဒယ်ဒီ ဒီေန့တကယ်မအိပ်ဘူးမအိပ်ဘူး promiseကွာ"
တိုးချဲ့လာသည့်လုပ်ငန်းတွေနဲ့အတူ မိသားစုကိုလည်း မပျက်မကွက်အချိန်ပေးရသည့်ဂျုံဆောင်းက အတော်လေးတော့ပင်ပန်းရသည်။ ဒါကြောင့်လည်းအချိန်လေးအားတာနဲ့ ရောက်တဲ့နေရာခေါင်းထိုးအိပ်တတ်သည့်သူ့အဖေအား ကစားမက်သည့် သွက်သွက်လက်လက်အရွယ် လေးနှစ်သားကစိတ်မရှည်ပုံပင်။
ဒီလိုနဲ့ ရုံးနောက်ကျတော့မည့်ပြဿနာကြောင့် ဆောင်ဟွန်းကဘဲ ကလေးလေးကိုချော့မော့ကာ ကလေးကြီးနဲ့ထည့်ပေးပြီး ဝင်ညှိနှိုင်းလိုက်ရတော့သည်။ ဂျုံဆောင်းကိုတစ်သက်လုံးလိုက်လျောခဲ့သည့်ဆောင်ဟွန်းမှာ ရှားရှားပါးပါးမာန်တက်စရာက တစ်ခုတည်း။ အဲ့ဒါဘာလဲဆိုတော့ သားသားကသူ့စကားဆိုတစ်ခွန်းတည်း။
_ᴘʟᴇᴀsᴇ ᴀɴᴅ ᴛʜᴀɴᴋ ʏᴏᴜ_
"ငါတို့ဒီတိုင်းတော့အဆင်မပြေဘူးဂျုံဆောင်း။ သားကိုမင်းရုံးခန်းခေါ်သွားလိုက်၊ငါ့ရုံးခန်းခေါ်သွားလိုက်နဲ့ သပ်သပ်အချိန်ပုပ်တယ် သားကိုဒီလိုပုံနဲ့အရွယ်ရောက်မလာစေချင်ဘူး"
"ငါလည်းစဉ်းစားမိပါတယ်။ဒါပေမယ့် ကလေးကငယ်သေးတယ်သူစိမ်းလက်ထဲမှာငါစိတ်မချဘူး။ နဂိုတည်းကအမြွှာပူးယူလိုက်ရင် အချင်းချင်းလည်းအဖော်ရတာကို မင်းကန့်ကွက်လို့လေ"
"တော်စမ်းပါ ဒီတစ်ယောက်တည်းနဲ့တောင် တနေ့တနေ့ ဂယက်တစ်သိန်းထနေပြီတော့"
တကယ်လည်းအဆင်မပြေပါ။ အသစ်အသစ်တွေနှင့်ထိတွေ့သင်ယူရတော့မည့်ကလေးက အဖေနှစ်ယောက်အလုပ်ကိုတစ်လှည့်စီလိုက်နေလို့ ဘာမှထူးမလာနိုင်။ တစ်ဦးတည်းသောသားဆိုတော့ တုံနေအောင်ချစ်ရတာမို့ သူတို့မှာလည်း ဒီကလေးကောင်းစားဖို့ကိုသာနံပါတ်တစ်တွေးနေရသည်။ဂျုံဆောင်းနဲ့တောင်မနည်းထားရသည့်ကလေးက အဘိုးအဘွားတွေနဲ့လည်း နာရီပိုင်းအပြင်ပိုမနေတာမို့ သိပ်ကိုကရိကထများရသည်။
ဘာပဲဖြစ်ဖြစ် ကလေးကိုယုံကြည်စိတ်ချရတဲ့သူတစ်ယောက်ယောက်နဲ့ထားခဲ့မှဖြစ်တော့မှာ။
"ငါ့မြေးအတွက်ကလေးထိန်းမခေါ်စေချင်ဘူးပြောတာလည်းငါပါပဲ။ဒါပေမယ့် အဲ့ဒီ့ငါကိုယ်တိုင်ကတောင်ယုံကြည်စိတ်ချထားတဲ့သူမို့ မင်းတို့နှစ်ယောက်လည်းစိတ်ချ"
"အမေတို့ကောင်းသလိုစီစဉ်လိုက်ပါ ဘာဘဲဖြစ်ဖြစ် လူကြီးတွေကိုတအားခင်တွယ်နေတာမျိုးLiamကိုမဖြစ်စေချင်ဘူး သူစိမ်းတွေနဲ့လည်းအဆင်ပြေပြေနေတတ်အောင်လေ့ကျင့်ရမယ့်အရွယ်ဖြစ်နေပြီလေ"
"ဆောင်ဟွန်းဘာတွေပြောနေတာလဲ Liamကငယ်သေးတယ် ခုထိမိဘတွေနဲ့ပဲနေရဦးမှာ။ ဘယ်လိုပဲနေနေသဘောမတူဘူး"
"တစ်ဦးတည်းသောသားဆိုပြီး သိပ်ပြီးကဲမနေနဲ့ ငါတို့လည်းနင့်ကိုဒီလိုပဲမွေးလာတာပါJjayရယ်။ ဟိုကနဂိုတည်းကနင့်စကားနားမထောင်ရတဲ့အထဲ ကြပ်ကြပ်အလိုလိုက်နေ နောက်မှထိုင်ငိုရမှာမြင်ယောင်သေး"
ဂျုံဆောင်းဘယ်လိုပဲတားတားအများနဲ့တစ်ယောက်ဖြစ်တာကြောင့်လက်လျှော့လိုက်ရသည်။
"ဒါနဲ့သားကိုထိန်းပေးမယ့်သူက ဘယ်သူလဲ"
"အီဟီဆွန်းတဲ့ ကလေးဆေးရုံမှာလည်းသူနာပြုလုပ်ဖူးတယ်။ နူးနူးညံ့ညံ့လေးနဲ့ဆိုတော့ Liamကလည်းချစ်မှာပါ။ကြာရင် Jjayလည်းချစ်သွားမှာ ထားလိုက်ပူမနေနဲ့ဆောင်ဟွန်းလေး"
_ᴘʟᴇᴀsᴇ ᴀɴᴅ ᴛʜᴀɴᴋ ʏᴏᴜ_
"Liamက သိပ်ဂျီမကျပါဘူး စစချင်းရက်တွေမို့ညနေလေးနာရီရုံးဆင်းချိန်ကိုကျွန်တော်အမီပြန်လာပါ့မယ်။ သူ့ဒယ်ဒီကတော့အလုပ်ရှုပ်တာများတော့အိမ်ပြန်နောက်ကျတတ်တယ်။ ပြီးတော့ဆုံဖြစ်တဲ့အခါ ဟီဆွန်းကို သူ့ဒယ်ဒီ ကဂျီကဂျောင်လုပ်ရင်စိတ်ထဲမထားပါနဲ့ဟီဆွန်းရှီ။ တခါတလေ သူကLiamထက်တောင်စိတ်ကောက်တတ်တာမို့"
"ရပါတယ်ဗျ။ အလုပ်ကိုသာစိတ်ဖြောင့်ဖြောင့်နဲ့သွားပါဆောင်ဟွန်း သားကိုစိတ်ချနော်"
"ဟုတ်ကဲ့ အပင်ပန်းခံလိုက်ပါဦး ဟီဆွန်းရှီ"
"ဒါဆို သွားလိုက်ပါဦးမယ်
Liamတာ့တာ လိမ်လိမ်မာမာနေနေခဲ့နော်"
"ဟုတ် ပါပါးတာ့တာ"
တစ်လလောက်နေတော့ အခြေနေကောင်းတယ်ပဲပြောရမလား။ ဟီဆွန်းက အဆင်ပြေပြီးစိတ်ချရတဲ့သူတစ်ယောက်ဖြစ်တာမို့ တစ်လအတွင်းမှာပဲ Liamနဲ့ပတ်သတ်ပြီးသူသိထားရမယ့်အရာတွေလည်းအကုန်သိပြီးနှင့်ပြီး Liamနဲ့လည်းကောင်းကောင်းအဆင်ပြေနေသည်။
အစပိုင်းမှာတော့ဂျုံဆောင်းက အင်တင်တင်ရှိပေမယ့် ဆက်ဆံရေးလည်းကောင်းသည့်ဟီဆွန်းကို ကြာကြာမလွန်ဆန်နိုင်ပါ။ သူ့သားနဲ့လည်းအဆင်ပြေတယ်ဆိုတော့ စိတ်လျှော့လိုက်တာမျိုးလည်းဖြစ်မည်။ ခုဆို နှစ်ယောက်သားဆုံဖြစ်ရင် စီးပွားရေးကိစ္စတွေ ဝါသနာတူရာတွေပြောကာ မိတ်ဆွေဖြစ်နေပြီ။ ဒါကတော့ ဆောင်ဟွန်းရဲ့နယ်ပယ်မဟုတ်တာမို့ လူစုံရင်တော့ ဂျုံဆောင်းနဲ့ဟီဆွန်းကတစ်ဖွဲ့စကားပြောရင် ဆောင်ဟွန်းကသားသားနဲ့ အခန်းထဲကစားပေးရသည်။
အီဟီဆွန်းကသဝန်တိုစရာလူလို့တော့မထင်ပါဘူး။အဲ့ဒါထက်သားသားမွေးပြီးတည်းက ခြေငြိမ်နေတဲ့ဂျုံဆောင်းကို ဆောင်ဟွန်းစိတ်ကူးလေးနဲ့တောင် မသမုတ်ရက်တာလည်းပါမည်။ ရယ်တော့ရယ်ရသည်။ ဂျုံဆောင်းကသူတော်စင်ကြီးလည်းမဟုတ်တာကိုလေ။
"အာ ဘယ်လိုလုပ်မလဲ မနက်ဖြန်ငါ့အမှုသည်ရုံးချိန်းရှိနေတယ် သားနဲ့ကစားကွင်းကိုမလိုက်နိုင်တော့ဘူးထင်တယ်"
"ရတယ် အလုပ်မှမအားတာကို။ဘယ်တတ်နိုင်မလဲ ငါနဲ့အကိုဟီဆွန်းပဲသားကိုလိုက်ပို့ပေးလိုက်မယ် မင်းဟာမင်းစိတ်ဖြောင့်ဖြောင့်နဲ့အလုပ်သွား"
နည်းနည်းလောက်ပဲဖြစ်ဖြစ် သားစိတ်ကောက်မှာကို အကြောင်းပြပြီးတားမယ်ထင်ထားပေမယ့် ဂျုံဆောင်းကအေးအေးလူလူပြောလာသည်။ အီဟီဆွန်းကို ခါးခါးသီးသီးဖြစ်ပြီးမှ ခုကျပါးစပ်ဖျားကတောင်မချတမ်းပြောနေတဲ့ဂျုံဆောင်းကြောင့်ဆောင်ဟွန်းလည်း ရယ်ရခက်ငိုရခက်။
"မနက်ဖြန်သူ့နားရက်မလား ငါတို့မိသားစုအပြင်ထွက်တဲ့ရက်ကိုသူအလုပ်နားတယ်လေ"
"အပြင်ထွက်တာလည်း အနားယူတာပဲလေ။
မင်းဘာတွေလေကြောရှည်နေတာလဲဆောင်ဟွန်း မအားဘူးဆိုလည်း ကိုယ့်ကိစ္စသာကိုယ်အာရုံစိုက်။ ငါတို့ကိစ္စကိုဝင်ပူမနေနဲ့။"
သူတို့ကိစ္စတဲ့လား။ ပြီးတော့ အီဟီဆွန်းနဲ့ပတ်သက်တဲ့ကိစ္စတွေကို ဂျုံဆောင်းကဘယ်တုန်းတည်းကသူ့ထက်ပိုပြီး သိခွင့်တတ်ခွင့်ရှိသွားလည်းနားမလည်နိုင်တော့ပါ။ ဒီရက်ထဲ ထစ်ခနဲဆိုစိတ်ဆတ်နေသည့် ဂျုံဆောင်းကဘာပြဿနာရှိမှန်းမသိပေမယ့် ပြဿနာအရင်းအမြစ်က သူကိုယ်တိုင်ဖြစ်နေသလိုလည်းဆောင်ဟွန်းခံစားနေရသည်။
ထပ်ပြီးဘာသောကတွေမှမလိုချင်တော့ပါဘူး။ ဒီတိုင်းလေး တသက်လုံးအဆင်ပြေသွားလို့မရတော့ဘူးလား။
_ᴘʟᴇᴀsᴇ ᴀɴᴅ ᴛʜᴀɴᴋ ʏᴏᴜ_
တအားရှည်သွားလို့ သုံးပိုင်းဖြစ်သွားတယ် ဖိဘက်လေးတွေကိုအခြေအနေကြည့်ပြီး နောက်တစ်ပိုင်းလည်း ဒီညအမှီရေးချင်ရင်ရေးပေးပါမယ် ဟီးဟီး >
_s _
"ပြီးခဲ့တဲ့ စနေနေ့က"
"အဲ့နေ့က?"
မဟုတ်မှ လွဲ
_s _
ဒါပေမယ့်
Advertisement
-
In Serial170 Chapters
Doing God's Work
The gods are real and incorporated. Providence is a profitable global monopoly. But its chief executive is a corrupt authoritarian, the combined might of the divine powers is ignoring humanity’s problems, and Helpdesk service is, frankly, terrible. In this corporate fantasy, it’s up to history’s most maligned immortals to step up and sort things out. --- DGW is on Discord! - https://discord.gg/fuRPFeV8Hf
8 272 -
In Serial19 Chapters
Noblesse Oblige: Ascendance
On what seemed to be a normal excursion, Raymond and his group are thrown into a different world, by a whimsical God.Not yet knowing what happened, they are taken as prisoners and forced to partake in the political games of the Aristocrats.In this foreign World, Raymond has to learn to adapt, kill to survive and scheme to get to the top.Surrounded by conspiracies and betrayal, the once pure college student abandons his morals bit by bit and climbs the ranks of the Nobles
8 173 -
In Serial20 Chapters
Spies of the Republic of C
An ordinary civil servant, coincidence returned to 1936, looking for underground organizations, trace Japanese spies, in the magnificent era for the motherland, the liberation and rejuvenation of the nation to contribute their own strength, began his legendary spy sea career
8 178 -
In Serial52 Chapters
blackmail ↻ jung jaehyun
❝hey jaehyun? i kind of found a video of you having a conversation with yourself in english❞2016 © yonooh | #1 in jung jaehyun, #1 in jaehyun
8 214 -
In Serial11 Chapters
Drak's Chronicle (old)
This was my first attempt, leaving it up here for posterities sake and for those who are interested. but new version/novel will be up soon.
8 164 -
In Serial6 Chapters
Power rangers (Male reader) Omega red
Travel through the ranger universe, to world where ranger history twists and turns in ways no one can predict. You job is to correct this world's distorted history and correct to what it was. You are the Omega Ranger!
8 110