《"ᴊᴏɴɢsᴇᴏɴɢɪᴇ's sᴛᴏʀɪᴇs"》ᴘʟᴇᴀsᴇ ᴀɴᴅ ᴛʜᴀɴᴋ ʏᴏᴜ (Jayhoon)
Advertisement
Unicode
အပြာနုရောင်ဖိတ်စာပါးလေးဟာ သစ်သစ်လွင်လွင်ရှိနေလျက်။ ကုတ်အင်္ကျီရဲ့အတွင်းအိတ်ထဲက ဆွဲထုတ်လိုက်တဲ့ ထိုဖိတ်စာလေးကိုကြည့်ပြီး ဆောင်ဟွန်းကနှုတ်ခမ်းများကွေးညွှတ်သွားအောင်ပြုံးလိုက်သည်။ နောက်ဆုံးတော့ ဒီလိုနေ့မျိုးရှိလာပြီပဲ။ ထင်ထားသလို အဆင်ပြေပြေလေးပြီးသွားမယ်ထင်တယ်။ ဒီလိုအတွေးလေးဝင်လာတော့ သူ့စိတ်ထဲ ဝမ်းနည်းသလိုလို ဝမ်းသာသလိုလိုလှိုင်းငယ်လေးများဖြတ်ပြေးသွားသည်။
လက်ကောက်ဝတ်က နာရီဟာ မနက်ရှစ်နာရီထိုးဖို့ ဆယ့်ငါးမိနစ်အလိုကိုပြနေသည်။ သူ့ကဒီပွဲကို ဧည့်သည်ချိန်မှသွားလို့မရ။ သူ့မှာလုပ်စရာတွေအများကြီးရှိနေတယ်လေ။ ပြီးတော့ မင်္ဂလာအငွေ့အသက်တွေကြားမှာ ပြုံးရွှင်နေမည့်ချစ်ရသူ၏ မျက်နှာလေးကို တစ်စက္ကန့်ဖြစ်ဖြစ်ပိုကြည့်ရလည်း နည်းသလားနော်။ နောက်မမြင်ရတော့မယ့်သူတွေလည်းမဟုတ်ပေမယ့် ချစ်ရသူကိုကြည့်လို့ဝပြီဆိုတဲ့သူမှမရှိတာ။
တောင်တောင်အီအီတွေးရင်းနဲ့ ဆောင်ဟွန်းမောင်းလာတဲ့ကားလေးဟာ မင်္ဂလာပွဲကျင်းပရာဟိုတယ်ရှေ့မှာ ဆိုက်ဆိုက်မြိုက်မြိုက်။
"နောက်ကျနေပြီလေ ပြင်ဆင်ရမှာကို မင်းကိုယ်မင်းဧည့်သည်မှတ်နေလို့နောက်ကျနေတာလား"
ကျကျနနပြင်ဆင်လို့ပြီးနေတဲ့ဂျယ်ယွန်းက ခပ်သုတ်သုတ်လမ်းလျှောက်လာတဲ့ဆောင်ဟွန်းရဲ့လက်မောင်းကို တဖပ်ဖပ်ရိုက်ရင်းဆူသည်။ ဒါပေမယ့် ဆောင်ဟွန်းဟာ မျက်စိများမှိတ်အောင်ရယ်ပြရင်း ဂျယ်ယွန်းရဲ့စကားတွေကို ဟိုဘက်နားကဝင် ဒီဘက်နားကထွက်သလို သိပ်အရေးမစိုက်။ အားမလ်ိုအားမရရန်တွေ့နေသည့် ဂျယ်ယွန်းကိုထားခဲ့ပြီး အပြေးတပိုင်းထွက်လာတဲ့အခါ မကျေမချမ်းဖြစ်နေသောဂျယ်ယွန်းက ခုန်ဆွခုန်ဆွနှင့်ကျန်ရစ်ခဲ့တော့သည်။
ခုချိန် ဆောင်ဟွန်းစိတ်ထဲ မကြာခင်တွေ့ရတော့မယ့် တစ်စုံတစ်ယောက်ရဲ့ ရှက်သွေးဖြာတဲ့ပန်းသွေးရောင်မျက်နှာလေးသာစိုးမိုးထားတော့သည်။
ဆောင်ဟွန်း အခန်းတံခါးရှေရောက်တဲ့အခါ လက်ရှိအခြေအနေများကိုမယုံနိုင်သလိုမျိုးအတွေးနဲ့ ကုတ်အင်္ကျီထဲက ဖိတ်စာပြာလေးကို ထပ်မံဖွင့်ကြည့်ရပြန်သည်။
ဖိတ်စာလေး၏ မျက်နှာစာမှာ ပန်းစာလုံးလေးများဖြင့်ကျကျနနနေရာယူထားသည့်နာမည်လေးနှစ်ခု။ တစ်နည်းအားဖြင့် မင်္ဂလာပွဲ၏ဇာတ်လိုက် ကာယကံရှင်များ။
Mr. Sunghoon Park & Mr. Jongseong Park
"ဂျုံဆောင်း"
"ဟွန်းနောက်ကျလို့စိတ်ပူနေတာ။ ကဲ သွား မြန်မြန်ပြင်ဆင် မနက်စာရောစားပြီးရဲ့လား"
စိတ်လှုပ်ရှားစွာဖြင့် Necktieကိုနေရာတကျချိန်ညှိနေတဲ့ ကျောပြင်လေးဟာ ဆောင်ဟွန်းကိုလှည့်ကြည့်ပြီးနောက် ငြူစူသံလေးနဲ့စကားစလာပေမယ့် စကားတစ်ဝက်မရောက်ခင်မှာ ပြန်လည်နူးညံ့ကာ ချိုချိုသာသာအသံလေးအဖြစ်ပြန်၍ ပြောင်းလဲသွားတော့သည်။
"စားပြီးပါပြီ ရင်တွေတုန်နေပေမယ့် ဝင်အောင်တော့စားခဲ့တယ်"
"ဟုတ်ပါပြီ။ ဟိုဘက်ခန်းမှာပြင်ဆင်ပေးမယ့်သူတွေစောင့်နေကြတယ်။"
မင်္ဂလာပွဲအတွက်စိတ်လောနေပုံရတဲ့ဂျုံဆောင်းဟာ မြူးမြူးကြွကြွဖြင့် ဆောင်ဟွန်းလက်မောင်းတွေကို တင်းတင်းကြပ်ကြပ်တွယ်ချိတ်ကာ မငြင်မသာဖြင့် တစ်ဘက်ခန်းဆီဆွဲခေါ်နေသည်။
"နေ နေပါဦး ပြောစရာရှိသေးတယ်ဂျုံဆောင်းရဲ့"
တည်တည်ငြိမ်ငြိမ်ပြောလာတဲ့ဆောင်ဟွန်းရဲ့စကားသံကြောင့် မြူးကြွနေတဲ့ကောင်လေးဟာ ကိုယ်ရှိန်သပ်သွားသည်။ တစ်ဆက်တည်းမှာပဲ စိတ်လှုပ်ရှားနေတဲ့မျက်ဝန်းဝိုင်းဝိုင်းလေးဟာ ကြယ်တာရာတွေစုစည်းပြီးထည့်သိမ်းထားသည့် ရတနာသိုက်လေးကဲ့သို့ မှင်သက်ဖွယ်။အင်း ဒါကသူတို့နှစ်ယောက်လုံးအဖို့လည်း ဒုတိယအကြိမ်လေ။
"အရင်တစ်ခါကလိုပဲ မင်းကရက်ရက်စက်စက်ကို လှနေတယ်သိလား။ မဟုတ်ဘူး ဒီတစ်ခါကအများကြီးပိုလှတာပေါ့"
ဂျုံဆောင်းဟာ နှစ်နှစ်လိုလိုပြုံးရင်း လက်နှစ်ဖက်ကိုဆန့်ကာ ဆောင်ဟွန်းကိုအားရပါးရပွေ့ဖက်ရင်း ဆောင်ဟွန်းရင်ခွင်ထဲသို့သူ့မျက်နှာလေးဖြင့်တိုးဝှေ့နေလေတော့သည်။
_ᴘʟᴇᴀsᴇ ᴀɴᴅ ᴛʜᴀɴᴋ ʏᴏᴜ_
"ငါကတော့လုံးဝဒီလိုအဖြစ်မခံချင်ဘူးနော် ငါ့သားလေးကို ဘယ်လိုစိတ်နဲ့မှ ထည့်မပေးချင်ဘူး။ အဲ့အသိုင်းအဝိုင်းမှာ ငါ့ကလေးကဘယ်ပျော်မှာလဲ။ ငါ့ကလေးအကြောင်းငါအသိဆုံး။"
"မေမေ "
"အထွန့်မတက်နဲ့ဆောင်ဟွန်း။ နင့်စိတ်ကိုငါသိတယ်။နင်မငြင်းမှာလည်း ငါသိတယ်။ ငါကတော့လုံးဝလက်မခံနိုင်ဘူး။ အရင်းရှင်ခေတ်လည်းမဟုတ် ဘာလည်းမဟုတ် သူများသားသမီးကို အကြွေးနဲ့သိမ်းလို့ရသလား။"
ဧည့်ခံဖို့ဖျော်ထားခဲ့တဲ့ကော်ဖီခွက်တွေကို ဆေးကြောပြီး ပန်းကန်စင်ပေါ်တင်နေတဲ့ မေမေဟာ သာမန်အချိန်မှာနူးညံ့သလောက် အခုတော့ ဒေါသမီးတို့လောင်မြိုက်ကာ ခွက်တွေကိုကိုင်တွယ်နေပုံမှာလည်း ကြမ်းကြမ်းတမ်းတမ်း
"စိတ်လျှော့ပါဦး။ သူတို့က မင်းပြောနေတဲ့သဘောလောက်လည်းမဟုတ်ပါဘူးကွာ။"
ဖေဖေကလည်း ဖတ်လက်စသတင်းစာကို ခေါက်သိမ်းကာ အားပျော့စွာဖြင့် မေမေ့ကိုနားချသည်။ ဘယ်လိုပဲ တည်ငြိမ်အောင်နေပါစေဦး ဖေဖေလည်း စိတ်ထဲမကောင်းတာ ဆောင်ဟွန်းတို့မောင်နှမနှစ်ယောက်လုံးအသိ။
"ဪ သကာရည်လေးလောင်းလိုက်တာနဲ့ အခါးကအချိုဖြစ်မလာဘူးရှင်ရဲ့။ ဘယ်သူကတော့ အကြွေးတွေမဆပ်နိုင်လို့ အမတို့သားကိုသမက်အဖြစ်သိမ်းမယ်လို့ မပြောဘူး။ ဒီလိုပဲ အကြွေးကိုခုတုံးလုပ်ပြီး သားကိုတောင်းတာလေ။"
ဖေဖေဟာ မေမေ့ကိုဘာတစ်ခွန်းမှပြန်ပြောမနေတော့ဘဲ သက်ပြင်းဖွဖွလေးချကာ ခြံထဲသို့ဖြည်းဖြည်းချင်းဆင်းသွားလေတော့သည်။
ဆောင်ဟွန်းနဲ့ညီမလေးကတော့ မျက်နှာငယ်လေးဖြင့် ဧည့်ခန်းထဲမှာဆက်နေဖြစ်ခဲ့ကြသည်။
"ငါကိုက မှားတာပါ။ အလကားနေရင်း အဆက်အဆံမရှိတာကြာလှနေတဲ့သူတွေက ညီအကိုမောင်နှမလိုခင်ခဲ့သလေးဘာလေးအကြောင်းပြပြီး ပေါင်ထားတဲ့ခြံကိုပြန်ရွေးပေး၊ နောက်ထပ်အကြွေးတွေကိုလည်း ဆပ်ပေးတာကို အဟုတ်ကြီးမှတ်မိတာခက်တယ်။ ခုတော့ ချည်ပြီးတုပ်ပြီးတွေဖြစ်ကုန်ပြီ စိတ်တွေလည်းညစ်ပါတယ်"
မေမေကအတော်လေးကိုယူကြုံးမရဖြစ်စွာနဲ့ အိမ်နောက်ဖေးမှာ ညနေစာချက်ဖို့လုပ်ရင်း အသံပြုနေရှာသည်။
ပြဿနာအကြီးကြီး ဟုတ်တယ်လည်းမဟုတ် မဟုတ်ဘူးလည်းမဟုတ်သည့်ထိုကိစ္စအတွက် မေမေဟာမိုးပြိုသလိုသောကပူမိလျက်။ ဆောင်ဟွန်းလည်း စိတ်ပင်ပန်းတာမှန်ပေမယ့် မေမေခုလိုပြောဆိုနေတာက ပြဿနာတစ်ခုတည်းကို တစ်ပူပေါ်နှစ်ပူဆင့်စေသည်။
မေမေ့ရဲ့အပူသောကသံတွေဟာ အမှန်ပင် ဆောင်ဟွန်းအတွက်အသက်ရှူကြပ်ရသည်။
"အကိုဂျုံဆောင်းနဲ့လက်ထပ်ဖို့ သူ့မိဘတွေကလာကမ်းလှမ်းတာဆိုတော့ ညီမလေးကိုကို့အတွက်ဂုဏ်ယူပါတယ်နော်"
ကြံရာမရသည့် မေမေ့အသံတွေဆီကခဏရှောင်ထွက်ဖို့ရာ ဆောင်ဟွန်းဧည့်ခန်းထဲကထထွက်ဖို့လုပ်တော့ ညီမဖြစ်သူဟာ အပြစ်ကင်းစွာရယ်မောရင်းဆိုသည်။ ဒါမှမဟုတ်လည်း ဆောင်ဟွန်းကိုစိတ်ပြေလက်ပျောက်ဖြစ်စေချင်တာလည်းဟုတ်မည်ထင်။ အဲ့ဒါမှမဟုတ်ရင်လည်း သူမ၏တတ်ကျွမ်းသလောက်ကလေးဉာဏ်လေးနှင့် စဉ်းစားတွေးခေါ်မှုပေါ့။
ဆောင်ဟွန်းညီမဖြစ်သူကို မသက်မသာပြုံးပြရင်း ခေါင်းလုံးလုံးလေးကိုဆွဲဖွရင်းဖြင့်
"ကျောင်းကောင်းကောင်းသွားရတော့မယ်ဆိုတော့ ပျော်နေတယ်မလား။ စာသွားလုပ်တော့ သွား အရူးမလေး"
မေမေကသာ ကောက်ရိုးမျှင်တစ်မျှင်ဖြစ်ဖြစ်ရရာဆွဲယူပြီး ဂျုံဆောင်းမိဘတွေကိုလွန်ဆန်ဖို့ကြိုးစားတွေးတောနေပေမယ့် ဆောင်ဟွန်းတို့မောင်နှမကတော့ မေမေဒီတောင်ကိုမကျော်နိုင်မှာသိတာမို့ ထင်ထားတာထက်သွေးအေးစွာ နောက်ဖြစ်လာမယ့်အရာတွေကို လက်ခံမိကြသည်။
_ᴘʟᴇᴀsᴇ ᴀɴᴅ ᴛʜᴀɴᴋ ʏᴏᴜ_
"မမကြီးရယ် ညီမတို့ဘက်ကဒီလိုပြောတာကို ဘယ်လိုမှသဘောမထားပါနဲ့ရှင်။ ကျေးဇူးတွေနဲ့ချည်တယ်လို့လည်းမထင်လိုက်ပါနဲ့။ အိမ်ကဟိုကောင်လေးကို ဆောင်ဟွန်းနဲ့မှကို စိတ်ချရမှာမို့ပါမမကြီးရယ်။ အရင်ကလည်းမိသားစုတွေလိုနေခဲ့ကြတာပဲ မမကြီးရယ် အခုကတရားဝင်တော်စပ်သွားရုံလေးပါ။မမကြီးတို့အခက်အခဲတွေကိုလည်း ရှေ့လျှောက်အများကြီးဆက်ကူညီခွင့်ရချင်လို့ပါ။ မမကြီးတို့ရဲ့အဖိုးတန်သားလေးကို ကိုယ့်တူကိုယ့်သားလေးလိုလည်းအရင်တည်းကချစ်ခဲ့တာမမကြီးတို့အသိပါပဲ။ အခုလည်း ဒီကိစ္စအဆင်ပြေရင် မိသားစုတွေလည်းဖြစ်ပြီဆိုတော့ သမီးငယ်လေးရဲ့ပညာရေးနဲ့မမကြီးတို့မိသားစုကိုဒီ့ထပ်ပိုပြီးကြည့်ရှုကျေးဇူးဆပ်ပါရစေနော်"
အခန်းတံခါးပိတ်လိုက်တော့ နောက်ဖေးဘက်ကမေမေ့ရဲ့ငြီးတွားသံက အတန်ငယ်တိုးသွားသည်။ အဲ့ဒီ့အစား အိပ်ယာပေါ်လှဲအိပ်မိတဲ့ဆောင်ဟွန်းနားထဲ စောစောကမှပြန်သွားသည့် အန်တီလေး၏အသံတွေကပြန်လည်စိုးမိုးသွားသည်။
အမှန်တိုင်းပြောရရင် ဆောင်ဟွန်းမပျော်ပါ။
အဟောင်းတွေအသစ်မဖြစ်ချင်။ ဂျုံဆောင်းနဲ့ပတ်သတ်ခဲ့တာလည်း ကြာခဲ့ပြီလေ။
တိတိကျကျပြောရလျှင် ဆောင်ဟွန်းအလယ်တန်းပထမနှစ်လောက်ကဖြစ်လိမ့်မည်။ဆောင်ဟွန်းတို့ဘေးခြံကို သိသိသာသာပြေလည်ကြသောဂျုံဆောင်းတို့မိသားစု ပြောင်းလာသည့်အချိန်ပေါ့။
အေးဆေးတဲ့ဆောင်ဟွန်းအဖို့ ပထမဆုံးအိမ်နီးနားချင်းသူငယ်ချင်းရလို့ သိပ်ပျော်ခဲ့တာပေါ့။
ဂျုံဆောင်းက လိမ္မော်ရောင်လေးနှင့်တူသည်။
သွက်လက်တက်ကြွပြီး positive vibeပြည့်ဝခဲ့သည် ထိုအသက်ဆယ်နှစ်ကျော်အချိန်တည်းကပေါ့။ ကလေးပီပီအားရင်ကစားမယ် စာမေးပွဲကိုပုံမှန်အမှတ်နဲ့အောင်ရင်ကျေနပ်မယ် သူ့ဘေးနားကသူငယ်ချင်းနဲ့ အဆင်ပြေအောင်နေမယ်။ ဒါပဲတဲ့။
မိသားစုအခြေအနေကြောင့်ပဲလားမသိ ဆောင်ဟွန်းနဲ့ဂျုံဆောင်းရဲ့ငယ်ဘဝက ခံစားချက်ကွာခြားခဲ့ကြသည်။
ဆောင်ဟွန်းမှာအကင်းပါးပြီး သားကြီးလည်းဖြစ်တာမို့ မေမေ့အခက်အခဲများ၊အိမ်စီးပွားရေးအခြေအနေများကို သိသင့်သည်ထက်ပင်ပိုပိုသာသာသိခဲ့ရပြီး ငယ်စဉ်တည်းကအရောင်စုံလင်သော ပြဿနာလေးများနှင့်အတူ အရွယ်ရောက်ခဲ့ရသူဖြစ်သည်။
Advertisement
ထိုကဲ့သို့သော နေ့စဉ်ပြဿနာလေးများကြား ပေါ့ပါးလှသောဂျုံဆောင်းဟာဆောင်ဟွန်းရဲ့အားဆေးလေး။
ဆောင်ဟွန်းမှာ လုပ်ကိုလုပ်ရမည်ဟူသည့် လုပ်ငန်းဆောင်တာများရှိချိန်မှာတောင် ဂျုံဆောင်းဟာ စိတ်အလိုလိုက်ကာပျော်ကောင်းဆဲ။
အစကဆောင်ဟွန်းဟာဂျုံဆောင်းရဲ့ဘဝကိုအားကျတာမျိုးလို့ သူ့ဟာသူသတ်မှတ်ခဲ့သည်။ ဒါပေမယ့် ဆောင်ဟွန်းအထက်တန်းရောက်တော့သူဟာ ဂျုံဆောင်းကိုအားကျတာထက် ဂျုံဆောင်းကိုချစ်မိနေမှန်းသိခဲ့ရသည်။
တချိန်တည်းမှာပင် ဂျုံဆောင်းဟာဆောင်ဟွန်းကို ဘယ်တော့မှချစ်လာမှာမဟုတ်မှန်း အကြောင်းပြချက်မရှိ ဆောင်ဟွန်းလက်ခံခဲ့သည်။ ယောက်ျားလေးနှစ်ယောက်မို့ဆိုတာထက်ပင် သိမ်ငယ်စိတ်အရင်းခံတို့ခိုအောင်းခဲ့တာတွေလည်း ပါမည်ထင်သည်။
ဒီလိုနဲ့ အထက်တန်းပထမနှစ်ပြီးတော့ အရှိန်မှန်မှန်နှင့်တိုးပွားခဲ့သောဂျုံဆောင်းတို့မိသားစုစီးပွားရေးဟာ တဟုန်ထိုးထိုးတက်ပြန်သည်။ ဒီလိုနဲ့ လူရည်သန့်နယ်မြို့လေးကသုံးနိုင်စားနိုင်အခြေအနေကနေ မြို့ကြီးပြကြီးကနေရာတစ်ခုရသော စီးပွားရေးနယ်ပယ်ကအထင်ကရမိသားစုဖြစ်လာတော့သည်။
ဒီလိုနှင့် ဆောင်ဟွန်းနှင့်ဂျုံဆောင်းမှာ လူချင်းရော ဘဝချင်းပါ
ထပ်မံဝေးခဲ့ရသည်။ အသက်ဆယ့်ရှစ်နှစ်ပေါ့။ ဆောင်ဟွန်းဘဝမှာ တစ်ခါမျှမပိုင်ဆိုင်ခဲ့ဖူးသူလေးကို ပထမအကြိမ် ဆုံးရှုံးသွားရသည်။
ဝုန်းဒိုင်းကြဲမဟုတ်ဘဲ တမြေ့မြေ့နဲ့တိတ်တိတ်လေး အသဲတွေကွဲပြီးတဲ့နောက်မှာတော့ ဆောင်ဟွန်းရဲ့ဘဝတိုက်ပွဲကစတင်လာသည်။
စီးပွားရေးလုပ်ဖို့ အရင်းနှီးကုတ်ခြစ်ထားသည့်မိသားစု စုငွေလေးတွေအလိမ်ခံရပြီးနောက် ဆောင်ဟွန်းတို့မိသားစုမှာ အကြွေးဆိုသောအရာတွေစတင်ရှိခဲ့သည်။
အထက်တန်းကျောင်းသားဆောင်ဟွန်းမှာ ဂျုံဆောင်းကိုဝဝလင်လင်လွမ်း၍မပြီးခင် အချိန်ပိုင်းတွေနဲ့ပတ်လည်ရိုက်ရင်း သူ့ကျောင်းစားရိတ်နဲ့ညီမလေး၏ကျူရှင်လခကိုအလျင်မီအောင်ရှာရသည်။ ဒီလိုနဲ့အကြွေးတွေမကြေပေမယ့် ဖြေးဖြေးဆီဆပ်ရင်း နေသားကျလာပြန်တော့ ဖေဖေ့မေမေသူ့ဖွားဖွားက ကင်ဆာရောဂါဖြစ်သည်။
မေမေနဲ့ဖေဖေအတွက်နောက်ဆုံးကျန်သောမိဘမို့ မရှိမဲ့ရှိမဲ့ခြံလေးကိုပေါင်၊ နောက်ထပ်ကြွေးတွေယူပြီး ဖွားဖွားရောဂါကိုကုရင်း ဖွားဖွားကိုသက်သာစွာ ထွက်ခွာစေခဲ့ရသည်။
အထက်တန်းကိုအမှတ်ကောင်းစွာနှင့်အောင်ခဲ့သောဆောင်ဟွန်းမှာ အလိမ်ခံခဲ့ရတာကိုနာကြဉ်းစွာဖြင့် ရှေ့နေတစ်ယောက်ဖြစ်ဖို့ရွေးချယ်ခဲ့သည်။ ထို့နောက်ပိုကြပ်တည်းလာသောအခြေအနေမှာ ကျောင်းတစ်ဘက်၊အလုပ်တစ်ဘက်နှင့် ကြိုးစားရသည်။
ထိုအချိန်မှာတော့ ဂျုံဆောင်းဟာ အေးဆေးသက်သာစွာ မိဘခင်းပေးသောလမ်းမှာ သူ့ထုံးစံအတိုင်း သာမန်အထက်တန်းအောင်၊ သာမန်ဘွဲ့လေးယူဖို့ပြင်နေသည်။ ဒါပေမယ့် ငွေလမ်းခင်းပေးနိုင်သောမိဘကြောင့်ဂျုံဆောင်းဟာ ပညာရေးမှာဆောင်ဟွန်းနဲ့ယှဉ်ရတဲ့အဆင့်ထိမရောက်သော်လည်း နိုင်ငံခြားမှာစီးပွားရေးဘွဲ့ကိုယူနိုင်ခဲ့သည်။
လက်ရှိဂျုံဆောင်းဟာသူ့ဖေဖေနေရာကို လက်လွှဲယူဖို့ပြင်နေချိန်မှာတောင် ရှေ့နေပေါက်စလေးဆောင်ဟွန်းဟာ နေ့မနားညမအားအလုပ်လုပ်ရပေမယ့် ရှာမလောက်။ ငွေဟာသိပ်စကားပြောသည်။
လွန်ခဲ့တဲ့ခြောက်လလောက်က သူတို့မိသားစုနှစ်စုပြန်ဆုံခဲ့ကြသည်။ ဂျုံဆောင်းမိဘတွေက ဆောင်ဟွန်းတို့အခြေအနေကို ဝမ်းနည်းစွာပင်တတ်နိုင်သလောက်ကူညီဖြေရှင်းပေးသည်။ ဒီအရာတွေကြောင့်ပဲ ဆောင်ဟွန်းစိတ်ထဲမှာ သူဟာဂျုံဆောင်းနှင့်ပို၍ဝေးရတော့သည်။ စင်စစ်အားဖြင့် သူလည်း မနီးချင်တော့ပါ။
ဒါပေမယ့် ဂျုံဆောင်းမိဘတွေဘာလို့ အောင်မြင်ကြသလဲဆိုတာ လောဘရှိလို့လေ။ ငွေကြေးမှာပြည့်စုံသွားတဲ့အခါ ဂုဏ်ကိုမက်ကြသည်မလား။ဒီတော့ သက်ဆိုင်ရာနယ်ပယ်မှာနာမည်တစ်လုံးနဲ့ကျော်ကြားပါသော ဆောင်ဟွန်းကို အမျိုးတော်ချင်သည်။ အနီးကပ်ပံ့ပိုးရင်းအမြင့်ကိုတင်မည်။ထို့နောက် သူတို့မိသားစု၏ အဆင်တန်ဆာရတနာတစ်ခုအဖြစ်ဖန်တီးမည်လေ။
သို့သော်အမှန်စင်စစ်လည်း ဂျုံဆောင်းမိဘများက သူ့သားနည်းတူဆောင်ဟွန်းကိုချစ်ကြပါသည်။
_ᴘʟᴇᴀsᴇ ᴀɴᴅ ᴛʜᴀɴᴋ ʏᴏᴜ_
"ငြင်းချင်ရင်ငြင်းပါဂျုံဆောင်း
ငါကတော့မငြင်းနိုင်ဘူး။ ငါ့မိသားစုကောင်းစားဖို့အတွက် ငါကတော့လက်ခံရလိမ့်မယ်"
ဂျုံဆောင်းက ဆောင်ဟွန်းစကားကို ကောင်းသည်ဆိုးသည်တစ်ခွန်းဆိုမလာခဲ့။သူ့အနေနဲ့ ဆောင်ဟွန်းအခြေအနေဟာ မလှုပ်သာမရွှေ့သာသည့်အခြေအနေဖြစ်မှန်းနားလည်ဟန်တူသည်။
"ဒါပေမယ့် အေးတိအေးစက် ဆက်ဆံရေးကြီးငါမလိုချင်ဘူးဂျုံဆောင်း။ ငါ့ဘဝမှာမပျော်ရွှင်ရတာမဆန်းပေမယ့် နောက်ထပ်အပူတွေငါထပ်မသယ်ချင်ဘူး။ ငါတောင်းဆိုတာပါ။"
"အာမခံတာမျိုးမဟုတ်ပေမယ့် မင်းမိသားစုကောင်းစားဖို့မင်းရွေးချယ်တဲ့လမ်းမှာ ငါအနှောင့်အယှက်မလုပ်ပါဘူး။သူငယ်ချင်းတွေပဲဟာ။"
တစ်ဦးတည်းသောသားဂျုံဆောင်းဟာ အဖေ့ကိုကြောက်သလို အမေ့ကိုချစ်သည်။ သူ့ဘဝအတွက်တော့ သူ့စိတ်တိုင်းကျရွေးချယ်မှာပေမယ့် ဒီနေ့ဒီအချိန်ထိသူ့ကိုအားမလိုအားမရဖြစ်ခဲ့သည့်မိဘတွေရဲ့ဆန္ဒကိုတော့ ဖြည့်ဆည်းဖို့အခွင့်အလှမ်းကြုံရင် ဖြည့်ဆည်းပေးလိမ့်မည်လေ။
ဒီလိုနဲ့ ဆောင်ဟွန်းနဲ့ဂျုံဆောင်းတို့ဟာ အကြောင်းပြချက်ကိုယ်စီဖြင့် ဘဝချင်းပေါင်းစပ်ခဲ့ကြသည်။ အချစ်ကတော့ တစ်ဘက်သတ်သမားဆီမှာ ပါချင်လည်းပါနေမှာပေါ့။
_ᴘʟᴇᴀsᴇ ᴀɴᴅ ᴛʜᴀɴᴋ ʏᴏᴜ_
"ငါပြောဖူးသလိုပဲ ဒီမင်္ဂလာပွဲက ငါတို့တစ်ယောက်လိုအပ်ချက်တစ်ယောက်ဖြည့်ပေးခဲ့ကြတဲ့သဘောပဲလေ ဆောင်ဟွန်း။ မင်းကမင်းမိသားစုကို တင့်တင့်တယ်တယ်ထားချင်တယ်။ငါကဖေဖေနဲ့မေမေ့ကို ဒီတစ်ခါတော့စိတ်ချမ်းသာစေချင်တယ်။ ရည်ရွယ်ချက်တွေကဒါပဲဆောင်ဟွန်း ငါတို့ကြားမှာတခြားဘာမှမရှိဘူး အဲ့ဒါကိုတော့သတိထားပေးပေါ့"
ဆောင်ဟွန်းဘဝကအမြဲဘဲလွဲချော်ဆဲ။ သူဂျုံဆောင်းကိုချစ်တယ် ဟိုးအရင်တည်းက။ ဒါပေမယ့်သူလိမ္မာခဲ့ပါတယ်။ မဖြစ်နိုင်တဲ့ အလှမ်းဝေးတဲ့အရာကို တစ်ခါလေးတောင်မတောင့်တခဲ့ဘူး။ ဂျုံဆောင်းကိုတပ်မက်တာမျိုးလည်းမရှိဘူး။ ဒီတိုင်းသူ့ဘဝအခက်အခဲတွေကြားမှာ မအားမလပ်ရုန်းကန်ခဲ့ရုံေလး။
ဒါပေမယ့် ဝဋ်ကြွေးပဲပြောရမလား။ ဂျုံဆောင်းရဲ့အမည်ခံလက်တွဲဖော်နေရာကို အလိုလိုရောက်လာရပြီး ဘာမှမျှော်လင့်မနေနဲ့ဆိုတဲ့စကားကို ပညာသားပါပါအပြောခံရသည်။
အခု သူငေးကြည့်နေတဲ့ဂျုံဆောင်းရဲ့ကျောပြင်က မျက်လုံးထဲဝေဝါးလျက်။ ဆောင်ဟွန်းအောက်နှုတ်ခမ်းကိုကိုက်ကာလက်သီးကိုတင်းတင်းဆုပ်ရင်း
ဝမ်းမနည်းပါနဲ့ဆောင်ဟွန်း အရှုံးမရှိပါဘူး။ မိသားစုကိုဆင်းရဲတွင်းထဲကဆွဲထုတ်နိုင်ခဲ့တဲ့အပြင် ဂျုံဆောင်းအနားမှာနေရမယ်၊ ဂျုံဆောင်းရဲ့တရားဝင်ခင်ပွန်းဖြစ်ရမယ်။ ယုတ်စွအဆုံး ဂျုံဆောင်းကလည်း ရုပ်ရှင်တွေထဲကလိုသူ့ကိုမုန်းမနေဘဲ ကြည်ကြည်ဖြူဖြူပဲလေ။
ရင်နာစရာကောင်းပေမယ့် နဂိုတည်းကလည်း ဂျုံဆောင်းအချစ်တွေကို မျှော်လင့်ဖူးတာမှမဟုတ်တာ ဘာတွေခံစားနေရမှာလဲ။
"မင်းပြောချင်တာ ဒါပဲမလား ဒါဆိုငါပင်ပန်းလာလို့ ရေချိုးတော့မယ်။"
သူတို့ရဲ့မင်္ဂလာပွဲနေ့က နေ့ဘက်မှာလည်းသာမန်လိုညဘက်မှာလည်းသာမန်ပဲ။
သူ့ဖေဖေကိုစိတ်မပျက်စေချင်တဲ့ဂျုံဆောင်းဟာလည်း ညစာစားရင်းအလုပ်စားပွဲမှာအချိန်ကုန်နေခဲ့သလို ဆောင်ဟွန်းလည်းရေချိုးခန်းထဲမှာ ပါးစပ်ကိုအုပ်ရင်းငိုနေခဲ့သည်။
_ᴘʟᴇᴀsᴇ ᴀɴᴅ ᴛʜᴀɴᴋ ʏᴏᴜ_
"သိပြီးလောက်ပေမယ့် ထပ်မိတ်ဆက်ပေးဦးမယ် ဒါကျွန်မတို့သမက်လေးလေ "
"အို ရှေ့နေပတ်ခ်ကိုမသိပဲနေပါ့မလား မင်္ဂလာပွဲလည်းတက်ခဲ့တာကိုနော် အမတို့ကတော့သားမက်အလိမ္မာလေးကို သိပ်ကြွားလုံးထုတ်ကြတာပဲ"
"ဪ ကြွားရမှာပေါ့ရှင် ဒီလိုကြွားခွင့်ကလူတိုင်းရတာမဟုတ်ဘူးရှင့်"
စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ပါတီမှာ ဆောင်ဟွန်းဟာ ယောက္ခမတွေလက်ဆွဲခေါ်ရာကိုလိုက်ပြီး ပြုံးပြနှုတ်ဆက်နေရသည်။ အဝေးမှာအပေါင်းအသင်းတစ်အုပ်နဲ့ပွဲကျနေတဲ့ ဂျုံဆောင်းကတော့ ပြုံးပျော်နေတဲ့သူ့မိဘတွေကိုငေးရင်းကျေနပ်လျက်။ အင်း ဆောင်ဟွန်းရဲ့တာဝန်က ဒါပဲလေ။
ခဏနေတော့ ဆောင်ဟွန်းလည်းဂျုံဆောင်းတို့အဖွဲ့ဆီကို အကြောင်းမရှိအကြောင်းရှာရင်းသွားဖြစ်သည်။
"အဖေတို့က ခဏနေရင်ပြန်တော့မယ် ဆက်နေချင်နေခဲ့တဲ့ ပြောခိုင်းလိုက်လို့"
အားလုံးရဲ့ရှေ့မှာ ဟန်ပြသဘောဖြင့်ဂျုံဆောင်းရဲ့ခါးလေးကို အရဲစွန့်ပြီး ဖွဖွလေးဖက်လိုက်တဲ့အခါ ဂျုံဆောင်းကလည်း အလိုက်သင့်ပြန်မှီထားလာသည်။
"အချစ် နေချင်သေးလား မနေချင်တော့ရင် ငါတို့လည်းပြန်ကြမယ်လေ"
"ငါက ငါ့အချစ်သဘောအတိုင်းပဲ"
ဆောင်ဟွန်းစကားဆုံးတဲ့အခါ ဂျုံဆောင်းရဲ့အပေါင်းအသင်းတွေက တဝိုးဝိုးတဝါးဝါး။ သူငယ်ချင်းကောင်မလေးတွေဆို တောက်တောက်ပပမျက်လုံးကြီးများနှင့် နှာခေါင်းရှုံ့ရင်း အားကျသလိုလို။
တကယ်လည်းသူတို့ဆက်ဆံရေးက အဲ့လိုဖြစ်နေရင်ဘယ်လောက်ကောင်းမလဲနော်။
"ကျွန်တော့်ကိုခွင့်ပြုပါဦး ဟိုဘက်ကဧည့်သည်တွေကိုနှုတ်ဆက်ဦးမယ်"
"ဆောနူရား နေဦးလေ ဟေ့"
တက္ကသိုလ်ကျောင်းသားအရွယ် ချစ်စရာကောင်လေးဟာ ဆောင်ဟွန်းအဝေးကလှမ်းကြည့်နေတုန်းက ဂျုံဆောင်းလက်မောင်းကိုချိတ်ကာရယ်မောနေခဲ့ပေမယ့် ခုတော့ တစ်လောကလုံးကိုအမြင်မကြည်သလိုလုပ်ရင်း သူတို့နားကထွက်သွားလေသည်။ ဆောင်ဟွန်းကိုလည်း အဓိပ္ပါယ်ဖော်ရခက်အောင်ကြည့်သွားသေးသည်။
"အဲ့ကလေးကဘာဖြစ်တာလဲ"
"မဟုတ်ပါဘူး ငါနဲ့စနောက်ရင်းနဲ့စိတ်ကောက်သွားတာ။ စိတ်ထဲမထားနဲ့ ငါSeoulရောက်တည်းက ရင်းနှီးနေတဲ့ငါ့ညီလေးလိုကလေးပါ"
ကားထဲကလေထုက ပြန်လည်အေးစက်သွားသည်။ ဆောင်ဟွန်းဘာမှဆက်မမေးနေတော့ဘဲ ကားကိုသာအာရုံစိုက်ပြီး ဆက်မောင်းလာလိုက်သည်။
မဟုတ်ပါဘူးလို့ဖြေစရာမပါတဲ့မေးခွန်းမှာ ဂျုံဆောင်းက မဟုတ်ပါဘူးဆိုတာကိုရှေ့ဆုံးကပြောသည်။ ဆောင်ဟွန်းအဲ့ဒီလောက်မတုံးပါ။ အခုလည်း သူထပ်ပြီးဂျုံဆောင်းကို မေးခွန်းတွေနဲ့စကားစစ်ထိုးလို့ရပေမယ့် အားမရှိ။
အချစ်ဆိုတာမရှိတဲ့ဆက်ဆံရေးမှာ သဝန်တိုနေတယ်ဆို ရူးနေလို့ပဲလေ။ ဒီတိုင်း ဒီနေ့လည်း ဆောင်ဟွန်းရေချိုးခန်းထဲမှာငိုခဲ့သည်။ ဂျုံဆောင်းက သူမဟုတ်တဲ့တခြားတစ်ယောက်နဲ့ ဇာတ်လမ်းတွေရှိနေသည်တဲ့။
ကိုကိုဖုန်းမကိုင်ရင် အိမ်ထဲဝင်လာခဲ့မှာနော်!
"ဘုရားရေ"
Passwordနဲ့ဖွင့်ကြည့်တာမဟုတ်ပေမယ့် ဖုန်း screenမှာပေါ်နေတဲ့ဂျုံဆောင်း seenမပြရသေးတဲ့ messageတစ်စောင်နဲ့အတူ နီနီရဲရဲ အဝင်callက ငါးခါနှင့်အထက်။
စားပွဲပေါ်မှာလင်းနေတဲ့ ဖုန်းကိုကြည့်ကာဆောင်ဟွန်း ကျောက်ရုပ်ကြီးလိုတောင့်တင်းနေစဉ် ရေချိုးခန်းထဲက အပေါ်ပိုင်းဗလာနဲ့ခေါင်းသုတ်ရင်းထွက်လာတဲ့ဂျုံဆောင်းက သူ့ဖုန်းကိုဆွဲယူသွားသည်။ ဆောင်ဟွန်း မြင်၏မမြင်၏လည်း နည်းနည်းမှစိုးရိမ်တဲ့ပုံမပေါ်ပေ။
အနည်းဆုံးတော့ လန့်သွားတာပဲဖြစ်ဖြစ် ဆောင်ဟွန်းကိုညာပြီးရှင်းပြတာမျိုးဖြစ်ဖြစ်လုပ်ရင် ဆောင်ဟွန်း ဝမ်းသာမိပါလိမ့်မည်။ သို့သော် သူဟာအဲ့အဆင့်မှာတောင်မရှိနေခဲ့။သူက ဒီတိုင်းအာရုံထဲထားစရာမလိုတဲ့ ဘေးကအရိပ်သာသာတဲ့လေ။
"ဂျုံဆောင်း!"
ခေါင်းကိုတဗျင်းဗျင်းကုပ်ရင်း အိမ်ထဲဝင်လာသည့်ဂျုံဆောင်းက ခြံရှေ့ကပြန်လာခဲ့ပုံ။ စိတ်ညစ်ညူးတဲ့အခိုးအငွေ့တွေနဲ့ မျက်လုံးတွေကိုမြင်တော့ ဆောင်ဟွန်း ဘာစကားမှထပ်မပြောဖြစ်ခဲ့ဘူး။ ရယ်စရာသိပ်ကောင်းတယ် အပြစ်လုပ်ထားတဲ့သူကို ဆောင်ဟွန်းကပြန်ကြောက်နေရတယ်တဲ့။
အဲ့ဒါကြောင့် မချစ်မိကြပါနဲ့။
ချစ်မိရင် ဒီလိုမျိုး သနားစရာသိပ်ကောင်းသွားတတ်တယ်။
"ငါ ဘာမှမမြင်--"
ဆောင်ဟွန်းစကားတွေမဆုံးခင်ဂျုံဆောင်းကသူ့ကိုပြေးဖက်သည်။
"တောင်းပန်ပါတယ်"
ဝတ္တရားအရပြောရတဲ့လေသံဆိုပေမယ့်ဆောင်ဟွန်းဟာ သူမွေးထားတဲ့အကောင်ပေါက်လေးက စိတ်တိုင်းကျအလည်လွန်ပြီးတဲ့အခါ မိခင်ဆီကိုပြန်လာပြီးငိုတဲ့ပုံလေးမို့ ဂျုံဆောင်းနောင်တရသွားတယ်လို့ယူဆပြီး ကျေကျေနပ်နပ်ကြီးပြန်လည်ပွေ့ဖက်လိုက်သည်။
ထို့နောက် ဖက်ထားရာကသူ့ကိုမော့ကြည့်လာတဲ့ဂျုံဆောင်းက မျက်ရည်တွေရစ်ဝိုင်းနေတဲ့ဆောင်ဟွန်းရဲ့မျက်လုံးတွေကို အနည်းငယ်အံ့ဩစွာကြည့်သည်။
ဆောင်ဟွန်းလည်းအနေခက်စွာပင် ဂျုံဆောင်းနှုတ်ခမ်းတွေကိုငုံ့နမ်းသည်။
အိပ်မက်လိုပါပဲ။ ငယ်ငယ်တည်းကမျှော်လင့်ချက်နည်းခဲ့တဲ့ဆောင်ဟွန်းက ဂျုံဆောင်းနှုတ်ခမ်းတွေကို ပိုင်ဆိုင်ရဖို့တောင်စိတ်မကူးခဲ့ဖူးလို့လေ။
ဆောင်ဟွန်းဟာဂျုံဆောင်းနဲ့ပတ်သက်ရင် အရာရာကိုတန်ဖိုးထားခဲ့သူမို့ သူ့ရင်တွေအက်ကွဲရပြီး ဂျုံဆောင်းနောင်တရတယ်လို့ထင်ရတဲ့ ဒီညလေးကိုလည်း မှတ်ဉာဏ်ထဲထာဝရသိမ်းထားမည့်ပုံ။
ဒါပေမယ့် ဂျုံဆောင်းရဲ့လက်တွေကသူ့လည်တိုင်ကိုရစ်ပတ်လာပြီးတဲ့နောက်မှာ ဆောင်ဟွန်းနောက်ဆုံးမှတ်မိခဲ့တဲ့လုပ်ရပ်ဟာ ဂျုံဆောင်းရဲ့အင်္ကျီအစတစ်ဘက်ဆီကို အားနဲ့ဆွဲခွာပြီး ကြယ်သီးတွေကို တစ်ချက်တည်းဆွဲဖြုတ်ပစ်လိုက်မိတာဖြစ်မည်။ ထို့အပြင် ကုတင်ဘေးကကြမ်းပြင်ပေါ်ကို ဆင်းသက်သွားတဲ့ကြယ်သီးတွေရဲ့အသံတိုးတိုးလေး တွေနဲ့ပေါ့။
_ᴘʟᴇᴀsᴇ ᴀɴᴅ ᴛʜᴀɴᴋ ʏᴏᴜ_
တချက်တချက်App errorတက်နေသေးတာမို့ ပျောက်နေရင်းက ကိုယ်ရောင်လာပြတာပါ။ ထုံးစံအတိုင်း နှစ်ပိုင်းပါပဲ။သဘောကျပေးကြပါဦး။ Only Timeကို Unထားပါတယ် စိတ်အခြေအနေအရသူ့ကို မရေးနိုင်သေးတာမို့ပါ။
Unicode
"ဂျုံဆောင်း"
Advertisement
-
In Serial26 Chapters
Ilhen's Seventh Deathtrap — A Fantasy Adventure Tale
A trail of clues... a political conspiracy... Enzo and Leonardo are renowned adventurers who specialize in Rare & Esoteric Artifact Recovery. With their guild on the brink of bankruptcy, they embark on a quest to locate Ilhen's Seventh — a legendary deathtrap brimming with occult treasures. But complications abound. Rival adventurers are also on the hunt, and Enzo suspects they're being followed by the Empress' shadowy spy ring, the Black Cabal. And worse, Ilhen's Seventh is not what it seems. As they race to solve a trail of cryptic clues, they are drawn unknowingly into a sinister conspiracy... For fans of THE LIES OF LOCKE LAMORA — or fans of attunement spires, bewitched libraries, floating academies, mad dukes, forged art, clever disguises, enchanted swords, eldritch sea monsters, vengeful gods, & much more! Any support/encouragement/feedback is greatly appreciated. Release schedule: Daily until complete
8 120 -
In Serial21 Chapters
The Binding of Lupo
Set in the year 2245 on the distant planet of Arcathia. Ayden O'Hara is a troubled 24 year old with the unique power of telekinesis. Plagued by a recurring nightmare of Red August, a terrorist attack that took his mother as a child and left him disfigured. He wants nothing more to see those reponsible behind bars and allows himself to be drafted into a special government task force to hunt the terrorist group. This story is LGBT friendly. Follow me on Twitter @felixwritez for more content including artwork and character bios!
8 183 -
In Serial20 Chapters
Rise of Agze'sCanvas
The protagonist kalm having that which he cherished taken away by misfortune including his life was now given another chance at a new life in a new world with a entirely blank canvas for him to paint his own story. Follow his everystep in his journey in the magical world of Rayearth filled with fantasy and wonderous land as he aim toward the high heavens
8 63 -
In Serial25 Chapters
The times and struggle of a orc cook in the Demon Lord's army. (On Hiatus due to reasons seen in summary)
Title needed a change. So a full honest update to you all who are reading and following this story. I'm putting this story on a Hiatus not only because of I'm trying to improve my spelling and grammer (which is slow going) but also due to other reasons listed down below. 1) The story is getting a full re-write as these last months have given me time to see what I have already writen and what else I have planned is not gonna work no matter how much I've tried with what I call 'test chapters' to see how what works or not. 2) I don't really have the time to write, mainly thanks to life deciding to throw a bunch of stuff and leaving me exhausted both mentally and physically. And what little free time I have is barely enough for me to do anything that other than sleep or play a game for maybe 15 min. 3) I have a job and bills to pay. Some of which are overdue. It also dose not help that thanks to the new inflations in prices, I've been struggling to get things in order. So now you all know. Once things have calmed down and gotten somewhat in order again, I'll be posting the new first chapter as soon as I can along with a new summary for the story. Until then, I hope you all have a nice day and enjoy all the other stories you can find around this wonderful site.
8 154 -
In Serial5 Chapters
Grumbo Smutshots
⚠️NOT FOR CHILDREN, NOT SHIPPING THE IRL PEOPLE.⚠️
8 173 -
In Serial36 Chapters
The silver sharingan warrior
The world of remnant is full of monsters that seek only death and destruction yes these creatures of darkness are called Grimm and at the time humans were always at the mercy of the Grimm that was until the silver eyed warriors were born with the ability to freeze Grimm into stone with just a stare as well as the branwen tribe and there sharingan which gave them amazing abilities and skill but at a terrible cost with both of them being the most powerful clans in remnants history what happens when a child is born of a silver eyes and a branwen. lets find out shall we#1 in tyrian as of 8/1/22
8 125