《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 46
Advertisement
[Zawgyi]
{ခ်ီရွန္းဆိုတာဘယ္သူလဲ?}
ခ်ီရွန္းေျပာတာကိုၾကားတဲ့အခါ လီယုေဖးတစ္ေယာက္ မသိမသာမ်က္ေမွာင္ကုတ္လိုက္မိေသာ္လည္း ခ်က္ခ်င္းပင္ျပန္လည္ေျဖေလ်ွာ႔လိုက္သည္။
သူမက ေခါင္းကိုေစာင္းငဲ့ကာ က်ီစယ္လိုဟန္ျဖင့္ၿပံဳးရင္း ေျပာလာသည္။
"အစ္ကိုရွန္၊ အစ္ကိုက အဲ့အေစခံအေပၚ ေတာ္ေတာ္ေလးေကာင္းတယ္လို႔ ဘာလို႔ခံစားေနရတာလဲ? အစ္ကို သူ႔ကိုႀကိဳက္ေနတာေတာ့မဟုတ္ဘူးမလား?"
ခ်ီရွန္းက ရုတ္ခ်ည္းပင္ သူမမ်က္လံုးေတြထဲကို ခ်စ္ခင္ျမတ္နိုးစြာစိုက္ၾကည့္လိုက္ၿပီး မေက်မနပ္ျဖစ္ေနေသာ္လည္းခ်စ္ျမတ္နိုးေနဆဲအမူအရာျဖင့္ သူမနွာေခါင္းေလးကိုဆဲြညႇစ္လိုက္သည္။
"မင္းရဲ႕အစ္ကိုရွန္က သူ႔ကိုႀကိဳက္ေနတယ္လို႔ မင္းဘယ္လိုမ်ားေျပာထြက္ရတာလဲ? မင္းရဲ႕အစ္ကိုရွန္က ဘယ္လိုလူမ်ိဳးလဲဆိုတာ မင္းမသိတာေတာ့ မျဖစ္သင့္ဘူးမလား?"
လီယုေဖးက နွာေခါင္းရႈံ႕ကာဆို၏။
"အစ္ကိုရွန္၊ အစ္ကို ညီမေမးတာကိုမေျဖဘူးေနာ္။ အစ္ကို အဲ့အေစခံကိုႀကိဳက္ေနတာလား? အစ္ကို သူ႔ကိုႀကိဳက္ေနရင္လည္း ညီမကူညီေပးနိုင္တာ အစ္ကိုသိပါတယ္။"
ခ်ီရွန္းက ေခါင္းယမ္းကာ ေလးနက္စြာပင္ေျပာလာသည္။
"စိတ္ကူးမယဥ္စမ္းပါနဲ႔ကြာ။ သူက ကိုယ့္ရဲ႕ ကိုယ္ပိုင္အေစခံေလးပါပဲ။ သူက အရမ္းရုပ္ဆိုးလြန္းလို႔ ထူးဆန္းတဲ့မ်က္နွာဆခ်ေတြကို သေဘာက်ရံုေလးပဲ။ တကယ္တမ္းက် သူက ေတာ္ေတာ္ေလးသနားဖို႔ေကာင္းတယ္ကြ။"
ေရွာင္ဟုန္က ရုပ္ဆိုးတယ္ဆိုတာကိုၾကားလိုက္ရၿပီးေနာက္ ရုပ္ဆိုးဆိုးမိန္းကေလးေတြက သိပ္ၿပီးမၿခိမ္းေျခာက္နိုင္တာေၾကာင့္ လီယုေဖး စိတ္သက္သာရာရစြာ သက္ျပင္းရႈိက္လိုက္မိသည္။ ေစာေစာက သူမေျပာခဲ့သမ်ွအကုန္လံုးက ခ်ီရွန္း သူမကိုခ်စ္ေနေသးရဲ႕လားဆိုတာကို စစ္ေဆးျခင္းမ်ွသာ။
ေယာက်္ားေလးတစ္ေယာက္က သူတို႔ႀကိဳက္ေနတဲ့အခါ မိန္းကေလးအမ်ားစုက အေတာ္ေလးစိတ္ဝင္တစားရွိတတ္ၾကေသာ္လည္း လီယုေဖးကမူ ခ်ီရွန္းရဲ႕ခ်စ္ျမတ္နိုးမႈေတြကို အထင္ေသးသလိုသာရႈျမင္တတ္သည္။ နွစ္ေယာက္လံုးက ငယ္ရည္းစားမ်ားျဖစ္ၾကၿပီး ကုန္သည္မိသားစုက ဆင္းသက္လာၾကသူမ်ားျဖစ္သည္။
ခ်ီရွန္းက လီယုေဖးကိုႀကိဳက္ေသာ္လည္း လီယုေဖးကမူ ရည္မွန္းခ်က္ႀကီးမ်ားရွိေနကာ ခ်ီရွန္းအေပၚစိတ္ဝင္စားျခင္းအလ်ဥ္းမရွိေခ်။ ဒီတစ္ေခါက္ သူမ သူ႔ကိုလာရွာရတဲ့ တစ္ခုတည္းေသာအေၾကာင္းျပခ်က္က သူမရဲ႕မိသားစုက လုပ္ငန္းပိုင္းျပသနာတစ္ခ်ိဳ႕ႀကံဳေတြ႕ေနရၿပီး ဒီေတာ္ဝင္ကုန္သည္ရဲ႕အကူအညီကိုလိုအပ္ေနလို႔ပင္။
သို႔ေသာ္လည္း ေရာက္ရွိလာၿပီးေနာက္နွာ သူမက ခ်ီရွန္းရဲ႕အမ်ိဳးသားဇာတ္လိုက္ေရာင္ဝါကို ခုခံကာကြယ္နိုင္ျခင္းမရွိပါေလေတာ့၊ အထူးသျဖင့္ မုယန္မုန္႔လိုအလွေလးက ခ်ီရွန္းအေပၚခ်စ္ျမတ္နိုးမႈေတြကိုျပသေနခ်ိန္မ်ိဳးမွာေပါ့။ ေနာက္ၿပီး လူေတာ္ေတာ္မ်ားမ်ားကလည္း သူမတို႔က လိုက္ဖက္အညီဆံုးသူေတြလို႔ ခ်ီးမြမ္းေျပာဆိုၾကသည္။ သို႔ျဖစ္ရကား လီယုေဖးတစ္ေယာက္ ခ်ီရွန္းနဲ႔အိပ္မိသြားခ်ိန္မွာေတာ့ ဒီခံစားခ်က္ေတြက အခ်စ္အျဖစ္ေျပာင္းလဲလို႔သြားသည္။ သူမက ခ်ီရွန္းကိုအသံုးခ်ဖို႔ရည္႐ြယ္ခ်က္နဲ႔လာခဲ့တာျဖစ္ေသာ္လည္း သူ႔ကိုခ်စ္မိသြားျခင္းနဲ႔အဆံုးသတ္သြားခဲ့သည္။
နဥ္ရႈ ခ်ီရွန္းေျပာလိုက္တာကိုျပန္ေျပာဖိူ႔ စားဖိုေဆာင္ဆီ အရင္ဆံုးသြားလိုက္ၿပီး သူမအခန္းဆီျပန္လာလိုက္သည္။ ယဲြ႕လန္က တစ္ခုခုကိုစိတ္ဝင္တစားခ်ဳပ္လုပ္ေနတာကို သူမျမင္လိုက္ရသည္။ ပန္းသီးတစ္လံုးကိုေကာက္ကိုင္ကာဝါးလိုက္ရင္း ယဲြ႕လန္ဘာခ်ဳပ္ေနတာလဲဆိုတာၾကည့္ဖို႔ အေပၚကေနငံု႔ၾကည့္လိုက္သည္။
"ဝါးပင္ပံုစံထိုးေနတာပါလား? ဒါက ေယာက်္ားေလးေတြအတြက္ပဲ။ ယဲြ႕လန္၊ နင့္မွာ ခ်စ္ရတဲ့လူရွိေနၿပီလား?"
ယဲြ႕လန္ရဲ႕မ်က္နွာက နီရဲသြားကာ ျပန္လည္ေခ်ပလာ၏။
"ဘာေတြေျပာေနတာလဲ မမေလးရယ္? ဒီအေစခံမွာ ဘယ္လိုလုပ္ခ်စ္သူရွိမွာလဲ! ေက်းဇူးျပဳ ၿပီး ဒီအေစခံရဲ႕ျဖဴ စင္မႈေလးကို မဖ်က္ဆီးပါနဲ႔!"
နဥ္ရႈ ပန္းသီးကို ေနာက္တစ္ကိုက္ထပ္ကိုက္ကာ ရယ္ရင္းေျပာလိုက္သည္။
"နင္က လက္ေဆာင္ေတာင္ျပင္ေနၿပီဟာကို၊ ခ်စ္သူမရွိတာ ဘယ္လိုလုပ္ျဖစ္နိုင္မွာလဲ? သူဘယ္သူလဲ ငါ့ကိုေျပာ။ ခ်ီအိမ္ေတာ္ကလူလား? မဟုတ္ေလာက္ပါဘူးေနာ္?"
နဥ္ရႈက ယဲြ႕လန္ကို မ်က္လံုးျပဴ းကာၾကည့္လိုက္ၿပီး ယဲြ႕လန္ခမ်ာ ဖိအားေအာက္တြင္ ခ်က္ခ်င္းဆိုသလို ျပဴ းျပဴ းပ်ာပ်ာျဖစ္သြားေတာ့သည္။
"မမေလး ေတြးေနသလိုမဟုတ္ဘူးေနာ္။ ဟိုတစ္ေယာက္အတြက္။"
"ခ်ီရွန္းလား?"
နဥ္ရႈ၏ေမးရိုးႀကီးျပဳတ္က်သြားသည္။ ခ်ီရွန္းက ရုပ္ေခ်ာၿပီးခ်မ္းသာေပမယ့္လည္း သူက ငါးရံ႕နွစ္ေကာင္တစ္ၿပိဳင္တည္းဖမ္းခ်င္ေနတဲ့ မေကာင္းတဲ့ေကာင္ပဲ။ သူကဟသူမရဲ႕ယဲြ႕လန္ေလးနဲ႔ ဘယ္လိုနည္းနဲ႔မွမတန္ဘူး။
ယဲြ႕လန္က နဥ္ရႈကိုအူေၾကာင္ေၾကာင္ၾကည့္ကာျပန္ေမးလာ၏။
"ဒါက ခ်ီရွန္းနဲ႔ဘာဆိုင္လို႔လဲ? ခ်ီရွန္းဆိုတာ ဘယ္သူႀကီးလဲ?"
ေနာက္ဆံုးေတာ့ ယဲြ႕လန္က ဒီအိမ္ေတာ္အရွင္သခင္ရဲ႕နာမည္ကိုသိေတာင္မသိေသးဘူးဆိုတာ ေပၚလာေတာ့သည္။
နဥ္ရႈ ေမးလိုက္သည္။
"ဒါဆို ဘယ္သူ႔အတြက္လဲ?"
ယဲြ႕လန္ရဲ႕မ်က္နွာက နီရဲတြတ္သြားၿပီးရွက္ရံြ႕စြာေျဖလာ၏။
"ထပ္မေမးပါနဲ႔ေတာ့ မမေလး။ နႈတ္ခမ္းနီေတြေပပြေနၿပီ၊ မ်က္နွာေခ်သြားျပင္သင့္တယ္။"
"နင့္မမေလးကို အာရံုလဲႊဖို႔မႀကိဳးစားစမ္းနဲ႔။ ငါေမးတာေျဖ၊ သူက ဘယ္သူလဲ? အဲ့လူက နင့္ကို သူ႔လက္ထဲထည့္ေပးရေလာက္ေအာင္ ယံုၾကည္လို႔ရရဲ႕လားဆိုတာ ငါသိခ်င္တယ္။"
နဥ္ရႈ ေလးနက္စြာေျပာလိုက္သည္။
နဥ္ရႈ ယဲြ႕လန္ကို အေတာ္ေလးသေဘာက်သည္။ သူမက တစ္ခါတစ္ေလက်ရင္ နည္းနည္းထူးဆန္းတယ္ဆိုေပမယ့္ မိန္းမေကာင္းေလးပါ။ သူမထြက္မသြားခင္ ယံုၾကည္ရတဲ့လူတစ္ေယာက္ေယာက္နဲ႔အတူရွိေနနိုင္ေအာင္ လုပ္ေပးနိုင္ရင္ ေကာင္းမွာပဲ။
....
ရရွိထားေသာဘဲြ႕မ်ား : စစ္နတ္ဘုရားမ၊ တစ္ဖက္သတ္ေအာင္သြယ္ေတာ္။
(ဒါမႀကီးနဥ္ကို ဖဲ့တာ!)
....
[Unicode]
{ချီရှန်းဆိုတာဘယ်သူလဲ?}
ချီရှန်းပြောတာကိုကြားတဲ့အခါ လီယုဖေးတစ်ယောက် မသိမသာမျက်မှောင်ကုတ်လိုက်မိသော်လည်း ချက်ချင်းပင်ပြန်လည်ဖြေလျှော့လိုက်သည်။
သူမက ခေါင်းကိုစောင်းငဲ့ကာ ကျီစယ်လိုဟန်ဖြင့်ပြုံးရင်း ပြောလာသည်။
"အစ်ကိုရှန်၊ အစ်ကိုက အဲ့အစေခံအပေါ် တော်တော်လေးကောင်းတယ်လို့ ဘာလို့ခံစားနေရတာလဲ? အစ်ကို သူ့ကိုကြိုက်နေတာတော့မဟုတ်ဘူးမလား?"
ချီရှန်းက ရုတ်ချည်းပင် သူမမျက်လုံးတွေထဲကို ချစ်ခင်မြတ်နိုးစွာစိုက်ကြည့်လိုက်ပြီး မကျေမနပ်ဖြစ်နေသော်လည်းချစ်မြတ်နိုးနေဆဲအမူအရာဖြင့် သူမနှာခေါင်းလေးကိုဆွဲညှစ်လိုက်သည်။
"မင်းရဲ့အစ်ကိုရှန်က သူ့ကိုကြိုက်နေတယ်လို့ မင်းဘယ်လိုများပြောထွက်ရတာလဲ? မင်းရဲ့အစ်ကိုရှန်က ဘယ်လိုလူမျိုးလဲဆိုတာ မင်းမသိတာတော့ မဖြစ်သင့်ဘူးမလား?"
လီယုဖေးက နှာခေါင်းရှုံ့ကာဆို၏။
"အစ်ကိုရှန်၊ အစ်ကို ညီမမေးတာကိုမဖြေဘူးနော်။ အစ်ကို အဲ့အစေခံကိုကြိုက်နေတာလား? အစ်ကို သူ့ကိုကြိုက်နေရင်လည်း ညီမကူညီပေးနိုင်တာ အစ်ကိုသိပါတယ်။"
ချီရှန်းက ခေါင်းယမ်းကာ လေးနက်စွာပင်ပြောလာသည်။
"စိတ်ကူးမယဉ်စမ်းပါနဲ့ကွာ။ သူက ကိုယ့်ရဲ့ ကိုယ်ပိုင်အစေခံလေးပါပဲ။ သူက အရမ်းရုပ်ဆိုးလွန်းလို့ ထူးဆန်းတဲ့မျက်နှာဆချတွေကို သဘောကျရုံလေးပဲ။ တကယ်တမ်းကျ သူက တော်တော်လေးသနားဖို့ကောင်းတယ်ကွ။"
ရှောင်ဟုန်က ရုပ်ဆိုးတယ်ဆိုတာကိုကြားလိုက်ရပြီးနောက် ရုပ်ဆိုးဆိုးမိန်းကလေးတွေက သိပ်ပြီးမခြိမ်းခြောက်နိုင်တာကြောင့် လီယုဖေး စိတ်သက်သာရာရစွာ သက်ပြင်းရှိုက်လိုက်မိသည်။ စောစောက သူမပြောခဲ့သမျှအကုန်လုံးက ချီရှန်း သူမကိုချစ်နေသေးရဲ့လားဆိုတာကို စစ်ဆေးခြင်းမျှသာ။
Advertisement
ယောက်ျားလေးတစ်ယောက်က သူတို့ကြိုက်နေတဲ့အခါ မိန်းကလေးအများစုက အတော်လေးစိတ်ဝင်တစားရှိတတ်ကြသော်လည်း လီယုဖေးကမူ ချီရှန်းရဲ့ချစ်မြတ်နိုးမှုတွေကို အထင်သေးသလိုသာရှုမြင်တတ်သည်။ နှစ်ယောက်လုံးက ငယ်ရည်းစားများဖြစ်ကြပြီး ကုန်သည်မိသားစုက ဆင်းသက်လာကြသူများဖြစ်သည်။
ချီရှန်းက လီယုဖေးကိုကြိုက်သော်လည်း လီယုဖေးကမူ ရည်မှန်းချက်ကြီးများရှိနေကာ ချီရှန်းအပေါ်စိတ်ဝင်စားခြင်းအလျဉ်းမရှိချေ။ ဒီတစ်ခေါက် သူမ သူ့ကိုလာရှာရတဲ့ တစ်ခုတည်းသောအကြောင်းပြချက်က သူမရဲ့မိသားစုက လုပ်ငန်းပိုင်းပြသနာတစ်ချို့ကြုံတွေ့နေရပြီး ဒီတော်ဝင်ကုန်သည်ရဲ့အကူအညီကိုလိုအပ်နေလို့ပင်။
သို့သော်လည်း ရောက်ရှိလာပြီးနောက်နှာ သူမက ချီရှန်းရဲ့အမျိုးသားဇာတ်လိုက်ရောင်ဝါကို ခုခံကာကွယ်နိုင်ခြင်းမရှိပါလေတော့၊ အထူးသဖြင့် မုယန်မုန့်လိုအလှလေးက ချီရှန်းအပေါ်ချစ်မြတ်နိုးမှုတွေကိုပြသနေချိန်မျိုးမှာပေါ့။ နောက်ပြီး လူတော်တော်များများကလည်း သူမတို့က လိုက်ဖက်အညီဆုံးသူတွေလို့ ချီးမွမ်းပြောဆိုကြသည်။ သို့ဖြစ်ရကား လီယုဖေးတစ်ယောက် ချီရှန်းနဲ့အိပ်မိသွားချိန်မှာတော့ ဒီခံစားချက်တွေက အချစ်အဖြစ်ပြောင်းလဲလို့သွားသည်။ သူမက ချီရှန်းကိုအသုံးချဖို့ရည်ရွယ်ချက်နဲ့လာခဲ့တာဖြစ်သော်လည်း သူ့ကိုချစ်မိသွားခြင်းနဲ့အဆုံးသတ်သွားခဲ့သည်။
နဉ်ရှု ချီရှန်းပြောလိုက်တာကိုပြန်ပြောဖိူ့ စားဖိုဆောင်ဆီ အရင်ဆုံးသွားလိုက်ပြီး သူမအခန်းဆီပြန်လာလိုက်သည်။ ယွဲ့လန်က တစ်ခုခုကိုစိတ်ဝင်တစားချုပ်လုပ်နေတာကို သူမမြင်လိုက်ရသည်။ ပန်းသီးတစ်လုံးကိုကောက်ကိုင်ကာဝါးလိုက်ရင်း ယွဲ့လန်ဘာချုပ်နေတာလဲဆိုတာကြည့်ဖို့ အပေါ်ကနေငုံ့ကြည့်လိုက်သည်။
"ဝါးပင်ပုံစံထိုးနေတာပါလား? ဒါက ယောက်ျားလေးတွေအတွက်ပဲ။ ယွဲ့လန်၊ နင့်မှာ ချစ်ရတဲ့လူရှိနေပြီလား?"
ယွဲ့လန်ရဲ့မျက်နှာက နီရဲသွားကာ ပြန်လည်ချေပလာ၏။
"ဘာတွေပြောနေတာလဲ မမလေးရယ်? ဒီအစေခံမှာ ဘယ်လိုလုပ်ချစ်သူရှိမှာလဲ! ကျေးဇူးပြု ပြီး ဒီအစေခံရဲ့ဖြူ စင်မှုလေးကို မဖျက်ဆီးပါနဲ့!"
နဉ်ရှု ပန်းသီးကို နောက်တစ်ကိုက်ထပ်ကိုက်ကာ ရယ်ရင်းပြောလိုက်သည်။
"နင်က လက်ဆောင်တောင်ပြင်နေပြီဟာကို၊ ချစ်သူမရှိတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? သူဘယ်သူလဲ ငါ့ကိုပြော။ ချီအိမ်တော်ကလူလား? မဟုတ်လောက်ပါဘူးနော်?"
နဉ်ရှုက ယွဲ့လန်ကို မျက်လုံးပြူးကာကြည့်လိုက်ပြီး ယွဲ့လန်ခမျာ ဖိအားအောက်တွင် ချက်ချင်းဆိုသလို ပြူးပြူးပျာပျာဖြစ်သွားတော့သည်။
"မမလေး တွေးနေသလိုမဟုတ်ဘူးနော်။ ဟိုတစ်ယောက်အတွက်။"
"ချီရှန်းလား?"
နဉ်ရှု၏မေးရိုးကြီးပြုတ်ကျသွားသည်။ ချီရှန်းက ရုပ်ချောပြီးချမ်းသာပေမယ့်လည်း သူက ငါးရံ့နှစ်ကောင်တစ်ပြိုင်တည်းဖမ်းချင်နေတဲ့ မကောင်းတဲ့ကောင်ပဲ။ သူကဟသူမရဲ့ယွဲ့လန်လေးနဲ့ ဘယ်လိုနည်းနဲ့မှမတန်ဘူး။
ယွဲ့လန်က နဉ်ရှုကိုအူကြောင်ကြောင်ကြည့်ကာပြန်မေးလာ၏။
"ဒါက ချီရှန်းနဲ့ဘာဆိုင်လို့လဲ? ချီရှန်းဆိုတာ ဘယ်သူကြီးလဲ?"
နောက်ဆုံးတော့ ယွဲ့လန်က ဒီအိမ်တော်အရှင်သခင်ရဲ့နာမည်ကိုသိတောင်မသိသေးဘူးဆိုတာ ပေါ်လာတော့သည်။
နဉ်ရှု မေးလိုက်သည်။
"ဒါဆို ဘယ်သူ့အတွက်လဲ?"
ယွဲ့လန်ရဲ့မျက်နှာက နီရဲတွတ်သွားပြီးရှက်ရွံ့စွာဖြေလာ၏။
"ထပ်မမေးပါနဲ့တော့ မမလေး။ နှုတ်ခမ်းနီတွေပေပွနေပြီ၊ မျက်နှာချေသွားပြင်သင့်တယ်။"
"နင့်မမလေးကို အာရုံလွှဲဖို့မကြိုးစားစမ်းနဲ့။ ငါမေးတာဖြေ၊ သူက ဘယ်သူလဲ? အဲ့လူက နင့်ကို သူ့လက်ထဲထည့်ပေးရလောက်အောင် ယုံကြည်လို့ရရဲ့လားဆိုတာ ငါသိချင်တယ်။"
နဉ်ရှု လေးနက်စွာပြောလိုက်သည်။
နဉ်ရှု ယွဲ့လန်ကို အတော်လေးသဘောကျသည်။ သူမက တစ်ခါတစ်လေကျရင် နည်းနည်းထူးဆန်းတယ်ဆိုပေမယ့် မိန်းမကောင်းလေးပါ။ သူမထွက်မသွားခင် ယုံကြည်ရတဲ့လူတစ်ယောက်ယောက်နဲ့အတူရှိနေနိုင်အောင် လုပ်ပေးနိုင်ရင် ကောင်းမှာပဲ။
....
ရရှိထားသောဘွဲ့များ : စစ်နတ်ဘုရားမ၊ တစ်ဖက်သတ်အောင်သွယ်တော်။
(ဒါမကြီးနဉ်ကို ဖဲ့တာ!)
....
Advertisement
- In Serial40 Chapters
The Dweeb Prince and the Eight Cursed Princesses
Prince, despite his name, was more of a dweeb high school student, who often spends his free time reading instead of socializing. One day, he discovered a secret section of the library, and in it was a mysterious book.Then, his careless action of opening it unleashed eight curses of the different princesses living in the book. Those curse will jinx his fellow female schoolmates so each of them would suffer a tragic end.But hope remains, in the form of a fairy called Pixie. Together, Prince and Pixie will track down each individual possessed by the curse and guide them to their story's happy conclusions instead of the tragic ones. With that, Prince will have to deal with classic fairy tales such as Snow White, Cinderella, The Little Mermaid, and others in a modern setting. Note: The 'HAREM' tag doesn't mean that the MC will explicitly enter a polygamous relationship with multiple girls. The tag was added because this story involves encountering and dealing with different girls without entering the dating relationship. So yeah, this is more like the harem tag in anime rather than the harem tag explained here in RR. Releases a chapter every Sunday.
8 192 - In Serial34 Chapters
The Gray God
This is the sequel to The Gray Mage, however, reading it is not required to understand this story. Three centuries after the god Rynovar claimed Earth as his own domain, ending the Fourth Age of Magic, he ruled the world from a floating continent. Deciding to allow humans a chance at having a wished granted or a question answered, Rynovar created a quest fifty years into his reign. Upon completing the quest, those who undertook it would be granted an audience with him and permission to make a single request or ask a single question. However, two and a half centuries after he issued the quest, none had succeeded and the quest was believed impossible, several stages of it having never before been completed. When nineteen-year-old Cyrus met Lyda at a restaurant, he broke the norm of his life cleaning up his brothers' messes and keeping them behaving to avoid causing issues for the public. Upon hearing her desire to earn enough money to attempt Rynovar's quest, Cyrus chose to help her complete what was believed to be one of the quests' impossible stages, revealing that he himself had a question for the god he wanted answered...
8 169 - In Serial7 Chapters
Soul Music
Zeke was a simple farmer boy that lived in a humble village. He wasn't that smart, or brave, or creative. All he had was his music. Until an unexpected encounter with a being far above him left him with powers that trumped his wildest dreams. Now he's the strongest! But will strength be enough when the scars from the past reopen and threaten to harm his family? Only god(?) knows. * This is a slow paced, light hearted story with dark elements. Read if you like: eccentric characters, wacky developments, simple pleasures and a touch of mystery. Updates every other day
8 192 - In Serial8 Chapters
Penalise the Player
Hospitalised. Incarcerated. Tortured by obnoxious fairies. Oh, when will this day be over? Arline has been saved--mostly. Her body is being maintained and the public is aware of her...technical difficulties. But life still sucks. She's still stuck in a game after all. And now new dangers are but a code-string away... Sequel to Playing Solitaire.
8 157 - In Serial11 Chapters
Blazing Translocation
Meet Blake Lambet, an average guy who has a peaceful, boring life. All that changes though when he's hit by a meteor! It was so fast he doesn't even remember any pain, and when he wakes up, he's not in heaven getting a foot massage and drinking tea, nor is he having a spa day with the devil, nope, he's in a cave, and he soon finds out that he's not in British Columbia anymore, he's not even on earth!
8 138 - In Serial19 Chapters
TikTok University
You go to a school filled with famous TikTok stars and the DRAMA is unbelievable. You came to L.A for business but will you fall in love?
8 197

