《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 45
Advertisement
[Zawgyi]
"မလိုဘူး!"
....
[Unicode]
{ချက်ပြုတ်ခြင်းအဆင့် 0 ရတယ်လား?}
ဘာကြောင့်အရမ်းနည်းနေလည်းဆိုတာ သူမ 2333ကိုမေးကြည့်လိုက်သည်။ ချီရှန်းက အပြင်ပန်းမှာကြင်နာတတ်ပုံပေါ်သော်လည်း အတွင်းစိတ်ကအကြံအစည်များတွက်ချက်တတ်ကာ နှလုံးသားမဲ့သူဖြစ်သည်။
ချီရှန်းက သူမကိုအပြင်တင်တော့ နဉ်ရှုက တုန်လှုပ်ခြောက်ချားနေတဲ့ကြာပန်းဖြူ ဆလးဟန်နဲ့ ဝမ်းနည်းသလိုနှုတ်ခမ်းစူကာ အလျင်အမြန်တုန့်ပြန်လိုက်သည်။
"တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်၊ ကျွန်မ အမှားပါ။ ကျွန်မ ဒီတာဝန်ကို အကောင်းဆုံးလုပ်ခဲ့ပေမယ့် သခင်မလေးယုဖေးကို စိတ်ဆိုးစေမိပြီ။ ကျွန်မ တောင်းပန်ပါတယ်။"
လီယုဖေးမှာ သူမမျက်နှာထက်၌ အပြုံးကိုထိန်းမထားနိုင်တော့ပါချေ။ သို့သော်လည်း ဒီကိုလာရတဲ့ရည်ရွယ်ချက်ကိုသတိရသွားတဲ့အတွက် သည်းခံလိုက်သည်။ သူမက နူးညံ့စွာဆို၏။
"ရပါတယ်။ ဘာပဲဖြစ်ဖြစ် ရှောင်ဟုန်ကလည်း တို့အကြိုက်တွေကို သိမှမသိဘဲ။ ပြီးတော့ ဒီအပြင်အဆင်ကလည်း အရမ်းကြီးမဆိုးပါဘူး။"
နဉ်ရှုက စိတ်သက်သာရာရသွားသလိုမျိုး အပြုံးကြီးကြီးပြုံးလိုက်ကာ ရင်ထဲခံစားသွားရဟန်နဲ့ ရှေ့တိုးလာကာ လီယုဖေးရဲ့လက်တွေကိုကိုင်လိုက်သည်။
"သခင်မလေးယုဖေးက အရမ်းကောင်းတာပဲ!"
လီယုဖေးမှာ ကြမ်းတမ်းသောအထိအတွေ့၏လွှမ်းမိုးမှုကို ချက်ချင်းခံလိုက်ရသည်။ ထပ်ပြောရလျှင် တစ်ဖက်လူရဲ့လက်တွေက အဆီတွေပြန်ပြီး ချွေးတွေရွှဲနေသလိုပင်။ ဒီရောထွေးနေတဲ့ထိတွေ့ခံစားရမှုက သူမကို အန်ချင်လာစေသည်။
ဘုရားသခင်၊ သူက ဘယ်သူများလဲ? ဒီလိုလူမျိုးကို ချီရှန်းက ဘာလို့သူ့ဘေးနားထားထားရတာလဲ? အရမ်းရွံတာပဲ!
ချီရှန်းက လီယုဖေး၏ရုန်းကန်နေရမှုကို သိနေဟန်ဖြင့် သူမကိုနဉ်ရှုကိုင်ထားတာကနေ ကယ်တင်ရန် အလျင်စလိုလှုပ်ရှားလိုက်သည်။ လီယုဖေး အန်ချင်စိတ်ကိုမြိုသိပ်ရင်း သူမလက်ကို လက်ကိုင်ပဝါနဲ့ ခပ်မြန်မြန်ပင်သုတ်လိုက်သည်။
နဉ်ရှုက လီယုဖေးရဲ့ရွံရှာနေမှုကို သတိမထားမိဟန်နဲ့ ရူးကြောင်ကြောင်ပြုံးနေ၏။
"စားဖိုဆောင်ကိုသွားပြီး ညစာပြင်ခိုင်းလိုက်။ မင်း သူတို့ကိုပြောရုံပဲပြောရမှာ၊ ကူညီပေးဖို့မလိုဘူး။"
ချီရှန်းက နောက်ဆုံးစကားကို ဂုတစိုက်ပင်ထည့်ပြောလိုက်သည်။ နဉ်ရှုချက်ထားတာတွေက ဘယ်လောက်တောင်ဆိုးဝါးညံ့ဖျင်းလွန်းတယ်ဆိုတာ သူကြုံဖူးထားတာမို့ပင်။ အဆိပ်ကိုမြိုချနေရတဲ့အတိုင်းပဲ။
နဉ်ရှု ခပ်မြန်မြန်မေးလိုက်သည်။
"ဒီအစေခံ မကူညီသင့်ဘူးဆိုတာ သခင်လေးသေချာရဲ့လား? နောက်ဆုံးတော့ သခင်မလေးယုဖေးရောက်လာပြီ။ ဒီအစေခံက သခင်မလေးယုဖေးကို ကြိုဆိုဖို့ ဒီအစေခံရဲ့အကောင်းဆုံးဟင်းလျာတွေကို ချက်ပြုတ်ပေးချင်ပါတယ်။"
"မလိုဘူး!"
ချီရှန်း အလျင်စလိုပင်ပြန်ပြောလိုက်သည်။ ထို့နောက် သူ့ပြန်ဖြေသံက အတော်လေးခက်ထန်သွားတာကို သတိထားမိသွားဟန်ဖြင့် လေသံကိုပျော့ကာပြောလာ၏။
"မလိုဘူး။ ယုဖေးက အခုလေးတင်ဒီကိုရောက်တာ။ သူမက ဒီလောက်အများကြီးစားချင်စိတ်ရှိမှာမဟုတ်ဘူး။"
ချီရှန်းပြောတာကိုကြားတဲ့အခါ လီယုဖေး မသိမသာမျက်မှောင်ကုတ်သွားသည်။ ချီရှန်းက ဘာကိုဆိုလိုတာလဲ? သူက သူမကို မကြိုဆိုဘူးလား?
ထို့နောက် လီယုဖေးက ပြောလာသည်။
"ဒီလောက်ထိဒုက္ခခံဖို့မလိုပါဘူးရှောင်ဟုန်။ စားဖိုဆောင်ကိုသွားပြီး ပုံမှန်အတိုင်း နည်းနည်းပဲပြင်ဆင်ခဲ့ပါ။ တို့ တကယ်အများကြီးမစားနိုင်ဘူး။"
နဉ်ရှုက 'အမ်း'ဟုဆိုကာ ထွက်ခွာသွား၏။ သူမထွက်သွားသည်နှင့် ချီရှန်းနဲ့လီယုဖေးတို့မှာ စိတ်သက်သာရာရသောသက်ပြင်းကိုယ်စီချလိုက်ကြသည်။ ဒီမိန်းမဆီကအနံ့က အရမ်းရွံဖို့ကောင်းတယ်။
လီယုဖေး သူမလက်ကိုင်ပဝါကို တစ်ချက်မျှခပ်မြန်မြန်နမ်းကြည့်လိုက်မိပြီးနောက် ပျို့တက်လာလုနီးပါးပင်။ ချီရှန်းက လီယုဖေးရဲ့လှုပ်ရှားမှုကို မမြင်ချင်ဟန်ဆောင်ကာ နွေးထွေးစွာမေးလေ၏။
"ဒီအခန်းကိုပြန်ပြင်ဆင်ဖို့ ကိုယ် တစ်ခြားတစ်ယောက်ကိုလွှတ်လိုက်မယ်။ ရှောင်ဟုန်က အခန်းကို ဒီလိုမျိုးပြင်ဆင်ထားမယ်လို့ ကိုယ်ဘယ်တုန်းကမှမတွေးမိဘူး။ ဒါပေမယ့် သူ့ရည်ရွယ်ချက်လေးက ကောင်းပါတယ်။ သူ့ကို အပြစ်မတင်ပါနဲ့။"
ချီရှန်းက လီယုဖေးကို နဉ်ရှုအပေါ် တကယ်ပင်အကောင်းမြင်စေချင်သည်။
....
Advertisement
- In Serial81 Chapters
My Pick Up Artist System
*This story is not on hiatus, it's continued on webnovel.com and there are 220+ chapters now. "With this system, I'll become the world's greatest seducer! If it doesn't kill me first..." I was a nobody, a short fatty Otaku. Then a girl's voice popped into my head: [Seduce a woman within a month or die.]"What the hell...how? I'm an 18-year-old virgin..."[7+ looks only. No slam donkeys.]"You’re forcing me to die!” Facing annihilation, I had no choice but to join the international community of pick up artists. That’s how my boring student life became filled with craziness and womanizing. I just had one problem: "Why are these guys all insane?" Pick Up Artist: One who uses specialized tactics to seduce women. Join the Discord for character art, including R-18 art and animated gifs: https://discord.gg/VSKzgzV8J9 (case-sensitive) If you'd like to make a Paypal donation to support the cultural cause of the novel and author: https://bit.ly/3lU4xD1
8 163 - In Serial8 Chapters
Deck Of Life
An orphaned child suffering from recurrent nightmares finds his waking moments similarly arrested from his control upon entering his 16th birthday. Now owned by the excitable young master of the Mag family, a diminishing alien power of a bird-like race known as the Corvid, he seemed to have exchanged one prison for another. Forcibly thrusted into a gladiatorial arena he finds himself embroiled in a war severely out of his league with little choice of his own. When the time comes for a decision to be made, will he fall or rise.
8 169 - In Serial8 Chapters
Apex Legend in Another World [Litrpg/Dungeons]
Pretty much your typical cliche 'Another World' type novel but with Apex Legend. A gamer named Sammy Rwen accidentally blew herself up and reincarnated into another world with a System. This is a world of Adventuring and Dungeons. I don’t own anything related to Apex Legend, this is a fanfiction created by me. I also don't own anything I reference in the story.
8 206 - In Serial10 Chapters
Stolen Wonderland
Everything in existence possesses two sides, but only one side will be known across the world while the other lurks in eternal damnation. The world of Triea fights against an unending tide with the sliver of hope to reclaim the rightful place of the light on the land that was once theirs. Everyone shares the same dream to step on the lost land as liberators. A young man named Konnor will take part in the effort to reclaim their old home as a child blessed by the gods, a new status thrust upon him but still has the determination to embark on a new path. Unbeknownst to him, his home had to sacrifice too much to maintain the flames of hope alive. Very soon, the sparks will cease, and one side will claim total victory over the other once and for all. Also available on ScribbleHub. Cover art made by me.
8 146 - In Serial8 Chapters
A Skazka
The book will contain short stories. Major themes will be shared! The book stories will be like crispy snacks for everyone. Enjoy! Inspired by: The Grim Brothers Japanese mythology
8 78 - In Serial7 Chapters
Bella's Half Sister (A Jasper Hale DDLG Love Story)
When Allyssa goes to live with her older Half Sister who just moved to Alaska she meets Jasper. Follow Allyssa on her journey, through all the ups and downs.(Set after breaking dawn part two)
8 149