《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 47
Advertisement
[Zawgyi]
ယွဲ့လန်ကပြောသည်။
"လတ်စသတ်တော့ ဒီလိုလား?"
"ထွက်သွား!"
ချီရှန်း : …
....
[Unicode]
{ရှင့်မျက်လုံးတွေဘာဖြစ်နေတာလဲ?}
ယွဲ့လန်ကပြောသည်။
"မမလေး၊ ဒီအစေခံမှာ တကယ်ပဲချစ်သူမရှိပါဘူး။ ဒီအစေခံက လျှို့ဝှက်သက်တော်စောင့်အတွက် ဖိနပ်တစ်ရံလောက်ချုပ်ပေးဖို့ပြင်နေတာပါ။ အရင်တစ်ခေါက်က သက်တော်စောင့်ရဲ့ဖိနပ်တွေက စုတ်ပြဲနေတာကို ဒီအစေခံတွေ့လိုက်ရတယ်။ သူက ကျွန်မတို့ကိုကာကွယ်ဖို့ အရမ်းကြိုးစားနေတဲ့ဟာ ကျွန်မတို့အနေနဲ့ သူ့ကိုနည်းနည်းတော့ပြန်လုပ်ပေးသင့်တယ်လေ။"
ိနဉ်ရှု ခေါင်းငြိမ့်လိုက်သည်။
"လတ်စသတ်တော့ ဒီလိုလား?"
သူမ လျှို့ဝှက်သက်တော်စောင့်အစ်ကိုကြီးရဲ့လေးထောင့်မျက်နှာကိုပြန်မြင်ယောင်ကြည့်ပြီးနောက် ယွဲ့လန်ရဲ့နူးညံ့လှပတဲ့မျက်နှာလေးကိုကြည့်လိုက်သည်။ သူတို့နှစ်ယောက်ကြား သံယောဇဉ်တွေဖြစ်လာနိုင်လား?
အစကတော့ သူမအနေနဲ့ ယွဲ့လန်ကို လျှို့ဝှက်သက်တော်စောင့်နဲ့ပတ်သက်ပြီး ဘယ်လိုခံစားရလဲလို့ မေးချင်ခဲ့တာဖြစ်သော်လည်း ပြန်တွေးမိတော့ ခံစားချက်တွေကို ရှင်းရှင်းလင်းလင်းအဓိပ္ပါယ်ဖွင့်ဖို့ဆိုတာ ဘယ်လိုနည်းနဲ့မှမဖြစ်နိုင်သလိုပဲ။
ထို့ကြောင့် သူမ ပါးနီတွေပြန်ဖို့ကာ ချီရှန်းနဲ့လီယုဖေးတို့ ညစာစားချိန်မှာ တာဝန်ထမ်းဆောင်ဖို့ထွက်သွားလိုက်သည်။
သူမ ဧည့်ခန်းကိုရောက်သွားတဲ့အချိန်မှာ ချီရှန်းနဲ့လီယုဖေးက ညစာစားနေကြပြီဖြစ်သည်။ သူမ အလျင်စလိုပင်ပြောလိုက်သည်။
"သခင်လေး၊ သခင်လေးတို့နှစ်ယောက် ညစာစားတော့မယ်ဆိုတာ ဒီအစေခံကို ဘာလို့မပြောတာလဲ? ဒါဆို ဒီအစေခံက သခင်လေးတို့အတွက်စားပွဲကိုပြင်ဆင်ပေးနိုင်မယ့်ဟာ။ သခင်မလေးယုဖေး၊ ဒီအစေခံကို သခင်မလေးအတွက် ဟင်းထည့်ပေးခွင့်ပြုပါ။"
လီယုဖေးရဲ့မျက်နှာမှာ အနည်းငယ်မြင်မကောင်းဖြစ်သွားသော်လည်း သူမက သည်းခံလိုက်ကာ အတင်းအကြပ်ပြုံးရင်းဆို၏။
"မလိုပါဘူးရှောင်ဟုန်ရယ်။ တို့ဘာသာလုပ်နိုင်ပါတယ်။ အဲ့တော့ မင်းသခင်လေးကိုပဲ ခစားလိုက်ပါ။"
နဉ်ရှု ချီရှန်းဘက်ကို ချက်ချင်းပင်လှည့်လိုက်သည်။
"ဒါဆို သခင်လေး၊ ဒီအစေခံက သခင်လေးကိုဟင်းထည့်ပေးပါ့မယ်။"
ချီရှနက နှာခေါင်းကိုအုပ်ကာ မျက်မှောင်ကုတ်လိုက်သော်လည်း သူက နူးညံ့စွာပြောနေဆဲပင်။
"မလိုပါဘူးကွာ။ မင်းလည်းသွားစားသင့်ပြီ။ ယုဖေးနဲ့ငါက ကိုယ့်ဘာသာလုပ်လည်း အဆင်ပြေပါတယ်။"
အမှန်တော့ ဒီနှစ်ယောက်က သူမရဲ့တည်ရှိနေမှုကို မကြိုက်တာ နဉ်ရှုသိပေသည်။ သူမရဲ့ရည်ရွယ်ချက်က သူတို့တွေ သေလောက်အောင်ရွံရှာနေစေဖို့ပဲ! များသောအားဖြင့် လူအများစုက သူတို့ရဲ့ခန္ဓာကိုယ်က အနံ့ကိုမရနိုင်ကြ။ နဉ်ရှုသည်လည်း ခြွင်းချက်မဟုတ်လေရာ သူမမှာ နည်းနည်းလေးတောင်မနံ။ ဒီနှစ်ယောက်က သူတို့ရဲ့လေးစားလောက်ဖွယ်အဆင့်အတန်းတွေကြောင့် ဒါကိုမပြောနိုင်ဘဲ ဒီအနံ့ကိုသည်းခံဖို့ ရုန်းကန်ကြိုးစားနေရတာကိုမြင်လိုက်ရတဲ့အခါ သူမ လွန်စွာစိတ်ကျေနပ်သွားသည်။
ပွင့်ပွင့်လင်းလင်းပြောရမည်ဆိုလျှင် ချီရဖျန်းနဲ့လီယုဖေးက အတူတူပင်။ သူတို့နှစ်ယေယက်လုံးက မျက်နှာနှစ်ဖက်နဲ့အယောင်ဆောင်တွေ။
တစ်ယောက်က နူးညံ့သိမ်မွေ့တဲ့အလှလေးလိုဟန်ဆောင်နေပြီး နောက်တစ်ယောက်က ကြင်နာထောက်ထားတတ်တဲ့အမျိုးကောင်းသားအဖြစ်ဟန်ဆောင်နေသည်။ ဒါပေမယ့် အမှန်ကတော့ နှစ်ယေယက်လုံးက သူမကိုရွံရှာနေကြသည်။
"ဘယ်လိုလုပ် ဒီလိုလုပ်နိုင်မှာလဲ? ဒီအစေခံက သခင်လေးရဲ့ကိုယ်ပိုင်အစေံဖြစ်လို့ သခင်လေးကိုခစားရမယ်လေ!"
နဉ်ရှုက တူတစ်ချောင်းကိုကောက်ကိုင်လိုက်ကာ ကြက်သားတုံးတစ်တုံးကိုညှပ်ယူလိုက်သည်။ သို့သော်လည်း သူမက ကောင်းကောင်းမွန်မွန်မညှပ်လိုက်နိုင်ဘဲ ကြက်သားတုံးက ကြက်စွပ်ပြုတ်ထဲပလုံကနဲကျသွားပြီး လီယုဖေးကို စွပ်ပြုတ်ရည်များသွားစင်သည်။
လီယုဖေးက အော်ဟစ်ကာ ထိုင်ခုံမှ ခုန်ထလိုက်သည်။ ထို့နောက် သူမရဲ့အပြုအမူက ဂုဏ်သရေရှိအမျိုးသမီးမပီသသလိုဖြစ်သွားတာကို ချက်ချင်းသဘောပေါက်သွားကာ နှုတ်ခမ်းကိုကိုက်လျက် ချီရှန်းကို မျက်ရည်အပြည့်ဖြင့်ကြည့်လိုက်သည်။
ချီရှန်းသည်လည်း မျက်မှောင်ကုတ်နေ၏။ နဉ်ရှုက တောင်းပန်သလိုလုပ်ကာ ရေမွှေးနံ့နဲ့ခြေအိတ်အဟောင်းနံ့တွေစွဲထင်နေတဲ့ လက်ကိုင်ပဝါကို ကပျာကယာထုတ်ကာ လီယုဖေးရဲ့အဝတ်အစားပေါ်က အစွန်းအထင်းတွေကို သုတ်လိုက်သည်။
နံဟာင်နေတဲ့အနံ့ကိုရတဲ့အခါ လီယုဖေး မနေနိုင်တော့ဘဲပျို့တက်လာရသည်။ သူမက နဉ်ရှုကိုတွန်းလိုက်ကာ ချီရှန်းကို မျက်ရည်များပြည့်နေသောမျက်ဝန်းဖြင့်ကြည့်လိုက်သည်။
"အစ်ကိုရှန်၊ အစ်ကို ယုဖေးကို သဘောမကျတော့ဘူးမလား? ဒါကြောင့် ဒီလိုလုပ်ဖို့ အစ်ကို့ကိုယ်ပိုင်အစေခံကို မှာထားတာမလား? အစ်ကိုရှန်က ယုဖေးကိုထွက်သွားစေချင်ရင်လည်း ယုဖေး အခုပဲထွက်သွားပါ့မယ်။"
"မင်း ဒီမှာဘာလုပ်နေသေးတာလဲ? ထွက်သွားစမ်း! မင်း ဘယ်လောက်တောင်ပြသနာရှာလိုက်ပြီလဲကြည့်ဦး!"
ချီရှန်းက နဉ်ရှုကိုအော်လိုက်သည်။ နဉ်ရှုက နှုတ်ခမ်းစူကာဆို၏။
"ဒီအစေခံက တမင်လုပ်တာမဟုတ်ရပါဘူး။"
"ထွက်သွား!"
ချီရှန်းက ဒေါသထွက်လာဟန်ဆောင်ကာ နဉ်ရှုကို အကြည့်တစ်ခုကို လျှို့ဝှက်စွာပေး၏။ ချီရှန်းရဲ့မျက်လုံးတွေက မရပ်မနားဂနာမငြိမ်ဖြစ်နေတာကို နဉ်ရှုတွေ့တဲ့အခါ သူမက စိုးရိမ်ဟန်ဖြင့်မေးလာသည်။
"သခင်လေး၊ သခင်လေးမျက်လုံးတွေက ဘာဖြစ်နေတာလဲ? ဘာလို့ အရမ်းဂနာမငြိမ်ဖြစ်နေရတာလဲ? ဒီအစေခံရဲ့သနားစရာသခင်လေးရယ်၊ ကျေးဇူးပြု ပြီး မျက်လုံးမကန်းလိုက်ပါနဲ့နော်။"
ချီရှန်း : …
လီယုဖေးကလည်း စိုးရိမ်စွာမေးသည်။
"အစ်ကိုရှန်၊ အစ်ကိုအဆင်ပြေရဲ့လား?"
ချီရှန်း ခေါင်းကိုက်သွားရသည်။ ရှောင်ဟုန့်လောက်တုံးတဲ့သူကို သူတစ်ခါမှမတွေ့ဖူးသေးဘူး။
....
Advertisement
- In Serial15 Chapters
You're Mecha-ing Me Crazy!
VRMMORPG has become the hottest craze and has taken the world by storm. With a world devoted to Mechs and Machines that has yet to be explored, our hero embarks on a journey to become the best player in the game. Welcome to [Otomech Full Drive] Author's Note: Hope you have as much fun reading it as I have writing it. Expect a new chapter every 2 days.
8 188 - In Serial11 Chapters
Starlio Stex:Year 1
Starlio Stex.A character whose abilities are inspired by Iron Man. Possessing dozen of state of the art crime fighting armors,a fortified futuristic man made island as his home surrounded by people he loves with billions of dollars in his wallet: Now known as one of the most powerful heroes,rich,famous and powerful.Once,he was just a teenager living in a family ridden by poverty,struggling to get by day to day with his only redeeming factor as a student was his unparalleled intellect. Using his passion for creation,Starlio began constructing homemade weapons and technology,knowing that such tools would one day be vital in his crime ridden town to defend the people around him and when a group of his classmates went missing during a school trip,Starlio was forced to go out on his own to rescue the friends that no one else wanted to. A 14 year old boy with homemade weapons,fighting against an army of human traffickers,this story shows the beginnings of the boy who makes his way to become the wealthiest and one of the strongest heroes around. You can also find me on Booksie.com as Max Lkc where previous books written about the same universe has been posted.
8 111 - In Serial10 Chapters
Exiled And Conqueror
I just remember my memories of my past life?!But it was too lateee, I was exiled by that heroine(bitch) along with her harem.Well fuck that.I'M FREEE!!!Watch my adventure with my name known in this vast land as 'The Conqueror'Super cool right?!
8 153 - In Serial14 Chapters
Blinker
Just another typical reincarnation story where the protagonist gets sent to an RPG game-like world and tries his best to survive.
8 114 - In Serial17 Chapters
The Joy of Life
A young man, whose adolescence had been mired by illness and grief, finds himself pulled into death's final embrace before he could grasp the colourful future that lay before him. However, was death really the end? Join this young man as he discovers a brand new world of fantastical proportions, and maybe it'll end better than the last. This is my first attempt at a novel and honestly I kinda just wanted to get some of my fantasies down in writing, I hope whoever finds this enjoys it. I'm a student so I can't make any huge commitments but I promise I'll try to update this as often as possible, Enjoy!
8 67 - In Serial29 Chapters
Retribution.
If payback is a bitch and revenge is sweet, she'll be the sweetest bitch you'll ever meet.*First Author And Book To Use Both Main Characters On Wattpad Ever‼️
8 204