《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 19
Advertisement
[Zawgyi]
{အသက္ရွင္ေနခ်ိန္မွာ စစ္သူႀကီးရဲ႕အေစခံ၊ ေသသြားခ်ိန္မွာ စစ္သူႀကီးေဘးကဝိဥာဥ္!}
နဥ္ရႈ ေဘးကိုၾကည့္ေနလိုက္သည္။ ေလာ္ကြၽင့္ယြမ္ ရုတ္တရက္ေရာက္ခ်လာတည္းက သူမကိုယ္သူမရုပ္ဆိုးတဲ့ပံုစံျဖစ္ေအာင္လုပ္ဖို႔ စိတ္ကိုျပင္ဆင္ေနျခင္းျဖစ္သည္။ အမ်ိဳးသမီးဇာတ္လိုက္က တကယ္ကိုပင္ ကံေကာင္းမႈတို႔၏စံျပပင္။ သူမခႏၶာကိုယ္က ရတနာတစ္ပါးကဲ့သို႔ပင္ျဖစ္၏။ ၿပီးေတာ့လည္း ဒီလိုဆဲြေဆာင္မႈရွိတဲ့ခႏၶာကိုယ္မရွိဘဲနဲ႔ သူမက ဘယ္လိုလုပ္ၿပီး ဒီhentaiဇာတ္လမ္းရဲ႕ အမ်ိဳးသမီးဇာတ္လိုက္ျဖစ္လာမွာလဲ?
စစ္ထူခ်င္းယီြက အခုထိျငင္းဆန္ေနေသးသျဖင့္ ေလာ္ကြၽင့္ယြမ္မွာ ပို၍ပင္ေဒါသထြက္လာကာ နဥ္ရႈကိုသာဆဲြေခၚၿပီးထြက္သြားခ်င္မိေတာ့၏။ သို႔ေသာ္လည္း စစ္ထူခ်င္းယီြေနာက္က စစ္သည္ေတြကိုျမင္တဲ့အခါမွာေတာ့ သူ႔ကိုယ္သူတည္ၿငိမ္ေအာင္လုပ္ကာ ေအးစက္စြာေျပာလိုက္သည္။
"စစ္သူႀကီးစစ္ထူက သူမနဲ႔ခဲြခြာခ်င္တဲ့ပံုမေပၚမွေတာ့ ထားလိုက္ၾကတာေပါ့။"
သို႔ေသာ္လည္း ထိုစကားကိုေျပာၿပီးေနာက္တြင္ သူ႔မွာပို၍ပင္စိတ္ပ်က္လာရ၏။ ဒီခံစားခ်က္က သူ႔အတြက္ ထူးဆန္းေနေပမယ့္လည္း သူ႔ကိုသက္ေတာင့္သက္သာမျဖစ္ေစ။ ထိုအမ်ိဳးသမီးအေစခံကို မပိုင္ရမခ်င္း အနွီခံစားခ်က္မွာေပ်ာက္ကြယ္သြားမည့္ပံုမေပၚ။
"မင္း ဒီမင္းသားနဲ႔လိုက္ခဲ့ခ်င္လား?"
ေလာ္ကြၽင့္ယြမ္က နဥ္ရႈကို ရုတ္တရက္ေမးလာ၏။ စစ္ထူခ်င္းယီြသည္လည္း မေက်နပ္မႈမ်ားျဖင့္ နႈတ္ခမ္းကိုခပ္တင္းတင္းေစ့ကာ နဥ္ရႈကိုၾကည့္သည္။
ိနဥ္ရႈစိတ္ထဲမွာလည္း အသံတစ္သံက သူမကို အနွီမင္းသားနွင့္အတူလိုက္သြားရန္ေျပာေနသည္။ မင္းသားက သူမကိုကာကြယ္ေပးမွာမို႔ သူမ ထိုမင္းသားနဲ႔အတူလိုက္သြားသင့္သည္။ ေစာေစာက ေလာဘႀကီးတဲ့ဆိုင္ရွင္ကို သင္ခန္းစာေပးဖို႔ သူကူညီခဲ့တာေၾကာင့္ သူက လူေကာင္းတစ္ေယာက္ျဖစ္တယ္လို႔ အသံကေျပာေန၏။
နဥ္ရႈ ေက်ာခ်မ္းသြားသည္။ ဒါက ဇာတ္ေၾကာင္းပင္။ ဇာတ္ေၾကာင္းက သူမကို ဝန္ႀကီးခ်ဳပ္အိမ္ေတာ္မွ မင္းသားအိမ္ေတာ္သို႔ ေျပာင္းေရႊ႕ေစခ်င္ေန၏။
စစ္ထူခ်င္းယီြက သူမကို ေလာ္ကြၽင့္ယြမ္ဆီမေပးခဲ့တာေၾကာင့္ ဇာတ္ေၾကာင္းမွာ ေျပာင္းလဲမႈအနည္းငယ္ရွိသြားၿပီး ေ႐ြးခ်ယ္မႈက သူမထံေရာက္လာသည္။ သို႔ေသာ္လည္း သူမနွလံုးသားက အနွီမင္းသားနွင့္လိုက္သြားရန္ေျပာေနသည္။
နဥ္ရႈ စိတ္ထဲႀကိတ္ကာေအးစက္စြာရယ္ေမာလိုက္၏။ နင္က ငါ့ကို ေလာ္ကြၽင့္ယြမ္နဲ႔လိုက္သြားေစခ်င္တယ္ေပါ့? ဒါဆို ငါျငင္းတယ္! နဥ္ရႈ ေျပာလိုက္သည္။
"ဒီသာမန္အမ်ိဳးသမီးက စစ္သူႀကီးရဲ႕အေစခံျဖစ္တာေၾကာင့္ စစ္သူႀကီးေနာက္ကိုပဲလိုက္မွာပါ။"
စစ္ထူခ်င္းယီြေရာ ေလာ္ကြၽင့္ယြမ္ပါ ထိုစကားကိုၾကားသည္၌ အ့့ံအားသင့္သြားၾကသည္။ နဥ္ရႈက ဘုရင္ခံမင္းသားနဲ႔လိုက္သြားလိမ့္မယ္ဆိုတာေသခ်ာေနတဲ့စစ္ထူခ်င္းယီြရဲ႕မ်က္နွာထက္တြင္ အံ့ၾသမႈအရိပ္အေယာင္မ်ားျဖတ္ေျပးသြားသည္။
ထိုအခ်ိန္ ေလာ္ကြၽင့္ယြမ္မ်က္နွာထက္၌မူ စိတ္ပ်က္ဟန္မ်ားေပၚလာ၏။ သူက တစ္ခုခုေျပာဖို႔ပါးစပ္ဟလိုက္ေပမယ့္လည္း နဥ္ရႈက ၾကားျဖတ္ကာျပတ္ျပတ္သားသားေျပာလိုက္သည္။
"အသက္ရွင္ေနခ်ိန္မွာ ဒီသာမန္အမ်ိဳးသမီးက စစ္သူႀကီးရဲ႕အေစခံအျဖစ္နဲ႔ရွိေနၿပီး ေသသြားရင္ေတာ့ စစ္သူႀကီးေဘးမွာဝိဥာဥ္အျဖစ္နဲ႔ရွိေနမွာပါ!"
ေလာ္ကြၽင့္ယြမ္ရဲ႕မ်က္နွာမွာတင္းမာသြားၿပီး သူက ျမင္းဇက္ႀကိဳးကိုလွည့္ကာထြက္သြားေတာ့သည္။ သို႔ေသာ္လည္း သူထြက္မသြားမီ နဥ္ရႈအား ခ်စ္ခင္ရိပ္မ်ားပါေသာထူးဆန္းသည့္အၾကည့္တို႔ျဖင့္ လည္ျပန္ၾကည့္သြားေသး၏။
ေလာ္ကြၽင့္ယြမ္ထြက္သြားၿပီးေနာက္ စစ္ထူခ်င္းယီြက နဥ္ရႈကိုေမးလာသည္။
"ေစာေစာက မင္းေျပာတဲ့စကားေတြက အတည္လား?"
နဥ္ရႈ မ်က္လံုးလွန္ကာ ျပန္ေမးလိုက္သည္။
"ဘာစကားလဲ?"
စစ္ထူခ်င္းယီြရဲ႕မ်က္နွာမွာ ထပ္မံ၍ညိဳေမွာင္လာေတာ့သည္။
"ငါက မင္းကို ႀကိဳးေျဖေပးမလို႔ပဲ။ ၾကည့္ရတာ မလိုဘူးထင္တယ္။"
"ေလ်ွာက္။"
စစ္ထူခ်င္းယီြက ႀကိဳးကိုဆဲြလိုက္သျဖင့္ နဥ္ရႈ ေ႐ြးခ်ယ္စရာမရွိေတာ့ဘဲ လမ္းေလ်ွာက္ရေတာ့သည္။
သို႔ေသာ္လည္း ကံေကာင္းစြာျဖင့္ စစ္ထူခ်င္းယီြသည္ ျမင္းကိုဒုန္းစိုင္းမစီး။ သူသာစီးလ်ွင္ သူမေတာ့သြားၿပီပင္။
ေနာက္ဆံုး၌မူ နဥ္ရႈမွာ ဝန္ႀကီးခ်ဳပ္အိမ္ေတာ္သို႔ ေျခက်င္ေလ်ွာက္ကာျပန္ေရာက္လာေတာ့သည္။ သူမအနားတြင္မူ ယဲြ႕လန္က သူမကို နာက်င္စြာၾကည့္ေနၿပီး စစ္ထူခ်င္းယီြကိုေတာ့ မ်က္ေစာင္းထိုးကာၾကည့္ေန၏။
သူတို႔အိမ္ေတာ္တံခါးဝကိုေရာက္သည္နွင့္ စစ္ထူခ်င္းယီြက ျမင္းေပၚမွခုန္ဆင္းလာၿပီး နဥ္ရႈလက္ေကာက္ဝတ္ကိုပူးခ်ည္ထားသည့္ႀကိဳးကို ေျဖေပးရန္ေလ်ွာက္လာ၏။ ႀကိဳးေျဖေပးရင္းနွင့္ သူကသေရာ္သည္။
"မမေလးမုက ေယာက်္ားေတြကို ဖ်ားေယာင္းတဲ့ေနရာမွာ တကယ္ေတာ္တာပဲ။ ဘုရင္ခံမင္းသားက မင္းကို သူ႔အိမ္ေတာ္မွာေနရာေပးလာဖို႔ အိမ္ေတာ္အျပင္ကေန တစ္ေခါက္ပဲထြက္ဖို႔လိုလိုက္တယ္။"
သူ႔ေလသံက သဝန္တိုေနတဲ့ေလသံပဲ။ Tsk..tsk..
နဥ္ရႈ ထံုက်င္ေနေသာလက္ေတြကုိ လွည့္လိုက္သည္။
သူမက သူ႔ကိုအာရံုမစိုက္ဘဲ အထဲကိုဝင္သြားတာကို စစ္ထူခ်င္းယီြျမင္တဲ့အခါ သူက သူမလက္ေကာက္္ဝတ္ကုိလွမ္းဆဲြလိုက္ကာ က်န္လက္တစ္ဖက္ကေတာ့ သူမေနာက္မွာရွိသည့္နံရံကိုေထာက္ထားသည္။
ဒါက နံရံကပ္ကာ ပေရာပရည္လုပ္ေနသည္နွင့္ အလြန္ပင္တူလွ၏။
......
[Unicode]
{အသက်ရှင်နေချိန်မှာ စစ်သူကြီးရဲ့အစေခံ၊ သေသွားချိန်မှာ စစ်သူကြီးဘေးကဝိဥာဉ်!}
နဉ်ရှု ဘေးကိုကြည့်နေလိုက်သည်။ လော်ကျွင့်ယွမ် ရုတ်တရက်ရောက်ချလာတည်းက သူမကိုယ်သူမရုပ်ဆိုးတဲ့ပုံစံဖြစ်အောင်လုပ်ဖို့ စိတ်ကိုပြင်ဆင်နေခြင်းဖြစ်သည်။ အမျိုးသမီးဇာတ်လိုက်က တကယ်ကိုပင် ကံကောင်းမှုတို့၏စံပြပင်။ သူမခန္ဓာကိုယ်က ရတနာတစ်ပါးကဲ့သို့ပင်ဖြစ်၏။ ပြီးတော့လည်း ဒီလိုဆွဲဆောင်မှုရှိတဲ့ခန္ဓာကိုယ်မရှိဘဲနဲ့ သူမက ဘယ်လိုလုပ်ပြီး ဒီhentaiဇာတ်လမ်းရဲ့ အမျိုးသမီးဇာတ်လိုက်ဖြစ်လာမှာလဲ?
စစ်ထူချင်းယွီက အခုထိငြင်းဆန်နေသေးသဖြင့် လော်ကျွင့်ယွမ်မှာ ပို၍ပင်ဒေါသထွက်လာကာ နဉ်ရှုကိုသာဆွဲခေါ်ပြီးထွက်သွားချင်မိတော့၏။ သို့သော်လည်း စစ်ထူချင်းယွီနောက်က စစ်သည်တွေကိုမြင်တဲ့အခါမှာတော့ သူ့ကိုယ်သူတည်ငြိမ်အောင်လုပ်ကာ အေးစက်စွာပြောလိုက်သည်။
"စစ်သူကြီးစစ်ထူက သူမနဲ့ခွဲခွာချင်တဲ့ပုံမပေါ်မှတော့ ထားလိုက်ကြတာပေါ့။"
သို့သော်လည်း ထိုစကားကိုပြောပြီးနောက်တွင် သူ့မှာပို၍ပင်စိတ်ပျက်လာရ၏။ ဒီခံစားချက်က သူ့အတွက် ထူးဆန်းနေပေမယ့်လည်း သူ့ကိုသက်တောင့်သက်သာမဖြစ်စေ။ ထိုအမျိုးသမီးအစေခံကို မပိုင်ရမချင်း အနှီခံစားချက်မှာပျောက်ကွယ်သွားမည့်ပုံမပေါ်။
"မင်း ဒီမင်းသားနဲ့လိုက်ခဲ့ချင်လား?"
လော်ကျွင့်ယွမ်က နဉ်ရှုကို ရုတ်တရက်မေးလာ၏။ စစ်ထူချင်းယွီသည်လည်း မကျေနပ်မှုများဖြင့် နှုတ်ခမ်းကိုခပ်တင်းတင်းစေ့ကာ နဉ်ရှုကိုကြည့်သည်။
ိနဉ်ရှုစိတ်ထဲမှာလည်း အသံတစ်သံက သူမကို အနှီမင်းသားနှင့်အတူလိုက်သွားရန်ပြောနေသည်။ မင်းသားက သူမကိုကာကွယ်ပေးမှာမို့ သူမ ထိုမင်းသားနဲ့အတူလိုက်သွားသင့်သည်။ စောစောက လောဘကြီးတဲ့ဆိုင်ရှင်ကို သင်ခန်းစာပေးဖို့ သူကူညီခဲ့တာကြောင့် သူက လူကောင်းတစ်ယောက်ဖြစ်တယ်လို့ အသံကပြောနေ၏။
နဉ်ရှု ကျောချမ်းသွားသည်။ ဒါက ဇာတ်ကြောင်းပင်။ ဇာတ်ကြောင်းက သူမကို ဝန်ကြီးချုပ်အိမ်တော်မှ မင်းသားအိမ်တော်သို့ ပြောင်းရွှေ့စေချင်နေ၏။
စစ်ထူချင်းယွီက သူမကို လော်ကျွင့်ယွမ်ဆီမပေးခဲ့တာကြောင့် ဇာတ်ကြောင်းမှာ ပြောင်းလဲမှုအနည်းငယ်ရှိသွားပြီး ရွေးချယ်မှုက သူမထံရောက်လာသည်။ သို့သော်လည်း သူမနှလုံးသားက အနှီမင်းသားနှင့်လိုက်သွားရန်ပြောနေသည်။
နဉ်ရှု စိတ်ထဲကြိတ်ကာအေးစက်စွာရယ်မောလိုက်၏။ နင်က ငါ့ကို လော်ကျွင့်ယွမ်နဲ့လိုက်သွားစေချင်တယ်ပေါ့? ဒါဆို ငါငြင်းတယ်! နဉ်ရှု ပြောလိုက်သည်။
"ဒီသာမန်အမျိုးသမီးက စစ်သူကြီးရဲ့အစေခံဖြစ်တာကြောင့် စစ်သူကြီးနောက်ကိုပဲလိုက်မှာပါ။"
စစ်ထူချင်းယွီရော လော်ကျွင့်ယွမ်ပါ ထိုစကားကိုကြားသည်၌ အံ့အားသင့်သွားကြသည်။ နဉ်ရှုက ဘုရင်ခံမင်းသားနဲ့လိုက်သွားလိမ့်မယ်ဆိုတာသေချာနေတဲ့စစ်ထူချင်းယွီရဲ့မျက်နှာထက်တွင် အံ့သြမှုအရိပ်အယောင်များဖြတ်ပြေးသွားသည်။
ထိုအချိန် လော်ကျွင့်ယွမ်မျက်နှာထက်၌မူ စိတ်ပျက်ဟန်များပေါ်လာ၏။ သူက တစ်ခုခုပြောဖို့ပါးစပ်ဟလိုက်ပေမယ့်လည်း နဉ်ရှုက ကြားဖြတ်ကာပြတ်ပြတ်သားသားပြောလိုက်သည်။
"အသက်ရှင်နေချိန်မှာ ဒီသာမန်အမျိုးသမီးက စစ်သူကြီးရဲ့အစေခံအဖြစ်နဲ့ရှိနေပြီး သေသွားရင်တော့ စစ်သူကြီးဘေးမှာဝိဥာဉ်အဖြစ်နဲ့ရှိနေမှာပါ!"
လော်ကျွင့်ယွမ်ရဲ့မျက်နှာမှာတင်းမာသွားပြီး သူက မြင်းဇက်ကြိုးကိုလှည့်ကာထွက်သွားတော့သည်။ သို့သော်လည်း သူထွက်မသွားမီ နဉ်ရှုအား ချစ်ခင်ရိပ်များပါသောထူးဆန်းသည့်အကြည့်တို့ဖြင့် လည်ပြန်ကြည့်သွားသေး၏။
လော်ကျွင့်ယွမ်ထွက်သွားပြီးနောက် စစ်ထူချင်းယွီက နဉ်ရှုကိုမေးလာသည်။
"စောစောက မင်းပြောတဲ့စကားတွေက အတည်လား?"
နဉ်ရှု မျက်လုံးလှန်ကာ ပြန်မေးလိုက်သည်။
"ဘာစကားလဲ?"
စစ်ထူချင်းယွီရဲ့မျက်နှာမှာ ထပ်မံ၍ညိုမှောင်လာတော့သည်။
"ငါက မင်းကို ကြိုးဖြေပေးမလို့ပဲ။ ကြည့်ရတာ မလိုဘူးထင်တယ်။"
"လျှောက်။"
စစ်ထူချင်းယွီက ကြိုးကိုဆွဲလိုက်သဖြင့် နဉ်ရှု ရွေးချယ်စရာမရှိတော့ဘဲ လမ်းလျှောက်ရတော့သည်။
သို့သော်လည်း ကံကောင်းစွာဖြင့် စစ်ထူချင်းယွီသည် မြင်းကိုဒုန်းစိုင်းမစီး။ သူသာစီးလျှင် သူမတော့သွားပြီပင်။
နောက်ဆုံး၌မူ နဉ်ရှုမှာ ဝန်ကြီးချုပ်အိမ်တော်သို့ ခြေကျင်လျှောက်ကာပြန်ရောက်လာတော့သည်။ သူမအနားတွင်မူ ယွဲ့လန်က သူမကို နာကျင်စွာကြည့်နေပြီး စစ်ထူချင်းယွီကိုတော့ မျက်စောင်းထိုးကာကြည့်နေ၏။
သူတို့အိမ်တော်တံခါးဝကိုရောက်သည်နှင့် စစ်ထူချင်းယွီက မြင်းပေါ်မှခုန်ဆင်းလာပြီး နဉ်ရှုလက်ကောက်ဝတ်ကိုပူးချည်ထားသည့်ကြိုးကို ဖြေပေးရန်လျှောက်လာ၏။ ကြိုးဖြေပေးရင်းနှင့် သူကသရော်သည်။
"မမလေးမုက ယောက်ျားတွေကို ဖျားယောင်းတဲ့နေရာမှာ တကယ်တော်တာပဲ။ ဘုရင်ခံမင်းသားက မင်းကို သူ့အိမ်တော်မှာနေရာပေးလာဖို့ အိမ်တော်အပြင်ကနေ တစ်ခေါက်ပဲထွက်ဖို့လိုလိုက်တယ်။"
သူ့လေသံက သဝန်တိုနေတဲ့လေသံပဲ။ Tsk..tsk..
နဉ်ရှု ထုံကျင်နေသောလက်တွေကို လှည့်လိုက်သည်။
သူမက သူ့ကိုအာရုံမစိုက်ဘဲ အထဲကိုဝင်သွားတာကို စစ်ထူချင်းယွီမြင်တဲ့အခါ သူက သူမလက်ကောက်ဝတ်ကိုလှမ်းဆွဲလိုက်ကာ ကျန်လက်တစ်ဖက်ကတော့ သူမနောက်မှာရှိသည့်နံရံကိုထောက်ထားသည်။
ဒါက နံရံကပ်ကာ ပရောပရည်လုပ်နေသည်နှင့် အလွန်ပင်တူလှ၏။
......
Advertisement
- In Serial13 Chapters
Hunters
The world of Eviet is a dengerous place. Two twin fire-hounds that happened to get stuck in a storm know this better than most. In the morning after the storm they smell blood.
8 89 - In Serial13 Chapters
Revelation of an Ice God : Tudor
Murder, deception, and Deceit. Tudor and Osiris take on life as orphan brothers. Watch them wield the powers they have just uncovered.
8 181 - In Serial12 Chapters
Armored Suit XGain: Flowers that Bloom
The Republic Of Bardone and the Earth Federation have been at war for several years. The fighting, now heralded as one of the most bloodiest and ruthless, has dropped the recovering population to several millions. In Advanced Era 45, a lull in the fighting would lead to the discovery of the Federation's secret prototype. One that could change the tide of war.
8 188 - In Serial57 Chapters
Poems about...stuff | ✔
If you're a happy person, better stay away from this depressing af poetry book. And to those of you who relate to my poems...I'm sorry...I'm sorry we had to go through this shit :((cover is not mine)
8 194 - In Serial26 Chapters
Tumse Na Jaane Kyuin✓
Past.. Is a tricky word. It's past, The past which has already occurred. Yet, The same past has the power to affect the beautiful present and future of oneself. Arnav doesn't come for the remarriage. Reason? Is it really needed? Khushi is heartbroken She has done nothing but cry all these days One incident of the past had overpowered her love. He had blamed her, Though not directly, But he had.. Even when she had no control over the happenings of that day. But... There's more to the story than meets the eyeCover by MeghaMiglani
8 292 - In Serial50 Chapters
Sinbad: High King of the Seas
{Completed}Annalise was an infant when she was stolen from her parents at the age of three she managed to escape from a man who couldn't catch her. She winds up in a village where she meets a young boy around her age. He was kind and gentle to her and as they grew older, he became her best friend. She watched by as he became a strong willed man who captured seven dungeons. Though he became important, he always had time for Annalise, who remained by his side because he always found time to protect her.
8 207

