《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 18
Advertisement
[Zawgyi]
{မြ~ ဒီမွာေသနတ္ေတြရွိတယ္}
ဒီေကာင္က သူျမင္းစီးေနတုန္း သူမကိုက် သူ႔ေနာက္ကေနေျပးလိုက္ေစခ်င္တယ္ေပါ့ေလ! သူမ မွီေအာင္မေျပးနိုင္ရင္ တ႐ြတ္တိုက္အဆဲြခံရမယ္ေပါ့! အဲ့အခ်ိန္က်ရင္ သူမအေရျပားေတြပ်က္စီးသြားတာတင္မကဘူး သူမပါေသလိမ့္မယ္!
သူမ ေစာေစာက သူ႔အေပၚတံေတြးေထြးခ်မိလို႔ သူ ဒါကိုလုပ္ေနတာေသခ်ာတယ္။သူက စစ္သူႀကီးတစ္ေယာက္ျဖစ္ေနတာေတာင္ တစ္ေယာက္ေယာက္က သူ႔အေပၚတံေတြးေထြးခ်ရဲတယ္။ သူကမာနႀကီးလြန္းတာေၾကာင့္ သူမကို ဘယ္နည္းနဲ႔မွအလြတ္ေပးလိမ့္မည္မဟုတ္။
သူမ မွားသြားတယ္။ စိတၲဇျဖစ္ေနမႈမွာ ေလာ္ကြၽင့္ယြမ္က စစ္ထူခ်င္းယီြကို ဘယ္လိုလုပ္ယွဥ္နိုင္မွာလဲ? တစ္ေတာင္က တစ္တာင္ထက္ပိုျမင့္တယ္။ စစ္ထူခ်င္းယီြရဲ႕စိတ္က ေသခ်ာေပါက္ ေလာ္ကြၽင့္ယြမ္ထက္ ဆိုးဝါးေကာက္က်စ္တယ္။
"မင္းမွာ သနားညႇာတာေပးဖို႔အတြက္ ေတာင္းပန္ခ်ိန္ရွိေသးတယ္။ မမေလးမု...မင္းရဲ႕ လက္ရွိအေျခအေနကို မင္းေမ့ေနပံုပဲ ။ မင္းက ဝန္ႀကီးခ်ဳပ္ရဲ႕ ျမင့္ျမတ္ေတာ္ဝင္တဲ့သမီးမဟုတ္ေတာ့ဘူး။ အခု မင္းက အက်ဥ္းသားတစ္ေယာက္ပဲ။ မင္းရဲ႕ရွင္သန္ျခင္း၊ ေသဆံုးျခင္းကို ငါအလြယ္ေလးဆံုးျဖတ္နိုင္တာမို႔ ဒီစစ္သူႀကီးကို ေဒါသထြက္ေအာင္လုပ္ေနတာကို ရပ္လိုက္သင့္ၿပီ။"
စစ္ထူခ်င္းယီြရဲ႕မ်က္လံုးမ်ားက တျဖည္းျဖည္းျပဴ းက်ယ္လာသည္။ သူက ျမင္ေနရသလိုတည္ၿငိမ္မေနဘူးဆိုတာ နဥ္ရႈေျပာနိုင္သည္။
ေစာေစာကကိစၥကို သူေဒါသထြက္ေနတုန္းျဖစ္ရမည္။
ဒီလူေယာက်္ားမ်ိဳးကို နဥ္ရႈအမုန္းဆံုးပင္။ သူက အရည္အခ်င္းရွိေတာ့ေရာ ဘာျဖစ္လဲ? သူက သူ႔အရည္အခ်င္းကို အားနည္းတဲ့သူေတြအေပၚအနိုင္က်င့္ဖို႔ပဲသံုးတတ္တာ။ ဘာကိုမ်ား အားက်စရာရွိလဲ။
လက္ရွိအခ်ိန္တြင္မူ နဥ္ရႈသည္ 2333အား တိတ္ဆိတ္စြာေခၚလ်က္ရွိ၏။
"2333...ငါ့ကို ေသနတ္တစ္လက္ေပးစမ္းပါ။ ငါ ဒီေခြးေကာင္ကို သတ္ခ်င္တယ္။"
"နဥ္ရႈေလး...မြ~ ဒီမွာ ေသနတ္ေတြရွိပါတယ္။"
2333ရဲ႕အသံက နဥ္ရႈေခါင္းထဲမွာေပၚလာသည္။
နဥ္ရႈ ဝမ္းသာသြားကာ ခပ္ျမန္ျမန္ပင္ေျပာလိုက္သည္။
"အဲ့ဒါဆို ငါ့ကို တစ္လက္ေလာက္ျမန္ျမန္ေလးေပးစမ္းပါ။ ငါ ဒီေခြးေကာင္ကို ဆက္သည္းမခံနိုင္ေတာ့ဘူး။"
"ျဖစ္ပါတယ္။ ဒါေပမယ့္ ရမွတ္နွစ္ေထာင္က်မွာ။ မင္းမွာ ရမွတ္တစ္မွတ္မွမရွိဘူး။အဲ့ေတာ့ လဲလွယ္လို႔မရဘူး။"
2333ကျပန္ေျဖသည္။
နဥ္ရႈ စိတ္ထဲမွျပန္ေျပာရင္း အံႀကိတ္လိုက္သည္။
"ငါ့ကို အေႂကြးဝယ္ခြင့္ေပး။"
"ေတာင္းပန္ပါတယ္။ မင္း ဒီကမၻာမွာ ေသနတ္လိုေခတ္မီပစၥည္းေတြသံုးခြင့္မရွိဘူး။ မင္းသာ မတူညီတဲ့အခ်ိန္အပိုင္းအျခားတစ္ခုကပစၥည္းကို ထုတ္သံုးမယ္ဆိုရင္ မ်ွေျခတစ္ခုလံုးရဲ႕တည္ၿငိမ္မႈအေပၚသက္ေရာက္ေစမယ့္ ေနွာင့္ယွက္မႈတစ္မ်ိဳးကို မင္း ဒီကမၻာမွာျဖစ္ေပၚေစလိမ့္မယ္။"
2333က စိတ္ရွည္စြာရွင္းျပ၏။
"မင္းအလုပ္က ကမၻာေတြကိုျပဳ ျပင္ဖို႔ပဲ။ ဖ်က္ဆီးဖို႔မဟုတ္ဘူး။ နားလည္လား?"
အား....နင့္အစ္မႀကီးကိုနားလည္! နဥ္ရႈ ေသြးအန္ခ်င္မိသြားသည္။
တစ္ျခားပစၥည္းေတြအေၾကာင္း သူမ 2333ကိုေမးေတာ့မယ့္အခ်ိန္မွာပဲ တစ္စံုတစ္ေယာက္ကေမးလာသည္။
"ဘာလုပ္ေနတာလဲ စစ္သူႀကီးစစ္ထူ?"
ထိုအသံကိုၾကားေသာအခါ၌ နဥ္ရႈနႈတ္ခမ္းမ်ားမွာ ရံြရွာမႈတို႔နွင့္အတူ တြန္႔ေကြးသြားေသာ္လည္း ယဲြ႕လန္ကမူ ေပ်ာ္ရႊင္သြားကာ နဥ္ရႈအနားကပ္၍ တီးတိုးေျပာလာ၏။
"ေစာေစာက မင္းသားပဲ မမေလး။ ကြၽန္မတို႔ အကယ္ခံရၿပီ!"
နဥ္ရႈ သူမကိုၾကည့္လိုက္သည္။ နင္က တကယ္ကိုနံုလြန္းတယ္။
ေလာ္ကြၽင့္ယြမ္က ျမင္းစီးကာေရာက္ခ်လာ၏။ နဥ္ရႈရဲ႕လက္ေတြတုပ္ေနွာင္ခံထားရတာကိုျမင္တဲ့အခါ သူမ မ်က္ခံုးပင့္ကာေမးလာသည္။
"သူမက ဘာျပစ္မႈက်ဴ းလြန္ထားလို႔လဲ?"
"ဒီစစ္သူႀကီးက မင္းသားကိုအရိုအေသေပးပါတယ္။ ဒီအေစခံအမ်ိဳးသမီးက ဒီစစ္သူႀကီရဲ႕အက်ဥ္းသားပါ။ သူမက အိမ္ေတာ္ကေနခိုးထြက္သြားလို႔ ဒီစစ္သူႀကီးက သူမကိုဖမ္းဖို႔ေရာက္ေနတာပါ။"
စစ္ထူခ်င္းယီြက ရိုေသေလးစားေသာ္လည္း နွိမ့္ခ်ျခင္းမရွိသည့္အမူအရာျဖင့္ ေလာ္ကြၽင့္ယြမ္အား ျပန္ေျဖသည္။
ေလာ္ကြၽင့္ယြမ္က စိတ္ဝင္စားမႈျဖင့္မ်က္ဝန္းတို႔ကိုေမွးစင္းလိုက္ကာ ေအးေဆးစြာေျပာလာ၏။
"အမ်ိဳးသမီးအေစခံတစ္ေယာက္ပဲဆိုမွေတာ့ ဘာလို႔ ဒီမင္းသားကိုမေပးရတာလဲ? အရွင္မင္းႀကီးက သုန္ဟြာျပည္ကို သိမ္းပိုက္ၿပီးကာစပဲရွိေသးတာ။ အခုက သာမန္ျပည္သူေတြကို ႏွစ္သိမ့္ေပးရမယ့္အခ်ိန္ပဲ။ လူမဆန္တဲ့လုပ္ရပ္မ်ိဳးကို မလုပ္သင့္ဘူးေနာ္ စစ္သူႀကီးစစ္ထူ။ ဒီအေစခံကိုကိုင္တြယ္ေျဖရွင္းဖို႔ ဒီမင္းသားကိုလက္လဲႊလိုက္ပါ။"
စစ္ထူခ်င္းယီြက ခ်က္ခ်င္းဆိုသလိုပင္ လူသတ္လိုသည့္အေငြ႕အသက္မ်ားပါရွိေသာ ၿခိမ္းေျခာက္သည့္အရွိန္အဝါကိုထုတ္လႊတ္လာသည္။ သူက အႏၲရာယ္ကိုတုန္႔ျပန္ရင္ဆိုင္ရန္ ဆူးေတာင္မ်ားေထာင္ေနသည့္ ျဖဴ ေကာင္တစ္ေကာင္လိုပင္။
"ဒီအေစခံက ဒီစစ္သူႀကီးအပိုင္ပါ။ ဒီစစ္သူႀကီးမွာ သူမကို လႊတ္ေပးဖို႔ရည္႐ြယ္ခ်က္မရွိပါဘူး။"
ေလာ္ကြၽင့္ယြမ္က လြန္စြာမွပင္စိတ္ပ်က္သြားဟန္ျဖင့္ မ်က္ေမွာင္ကုတ္သြားသည္။ ရုတ္တရက္ႀကီး သူ ဒီအေစခံကို ရယူပိုင္ဆိုင္လိုစိတ္ျပင္းျပလာသည္။ ဒီခံစားခ်က္က ထူးဆန္းေနမွန္းသူသိေသာ္လည္း အားေကာင္းလြန္းလွသည္။
ၿပီးေတာ့ စစ္ထူခ်င္းယီြကလည္း သူ႔ေရွ႕မွာ ထိုကဲ့သို႔ျပဳမူေနေသးသည္။ သူက ဘုရင္ခံမင္းသားတစ္ပါးျဖစ္ၿပီး တိုင္းျပည္ထဲမွာ အျမင့္ဆံုးရာထူးရွိေသာ္လည္း ဘယ္လိုသတ္ျဖတ္ရမလဲဆိုတာပဲသိသည့္ ဒီအရိုင္းအစိုင္းေကာင္က သူ႔ကို ေပါ့ေပါ့တန္တန္ဆက္ဆံရဲသည္။ သူ႔အဆင့္အတန္းက ေစာ္ကားခံလိုက္ရသလိုခံစားလိုက္ရတာေၾကာင့္ ေလာ္ကြၽင့္ယြမ္မွာ ထိုအမ်ိဳးသမီးအေစခံကို ရယူပိုင္ဆိုင္လိုစိတ္ ပို၍ပင္ျပင္းျပလာရေတာ့သည္။
......
[Uicode]
{မွ~ ဒီမှာသေနတ်တွေရှိတယ်}
ဒီကောင်က သူမြင်းစီးနေတုန်း သူမကိုကျ သူ့နောက်ကနေပြေးလိုက်စေချင်တယ်ပေါ့လေ! သူမ မှီအောင်မပြေးနိုင်ရင် တရွတ်တိုက်အဆွဲခံရမယ်ပေါ့! အဲ့အချိန်ကျရင် သူမအရေပြားတွေပျက်စီးသွားတာတင်မကဘူး သူမပါသေလိမ့်မယ်!
သူမ စောစောက သူ့အပေါ်တံတွေးထွေးချမိလို့ သူ ဒါကိုလုပ်နေတာသေချာတယ်။သူက စစ်သူကြီးတစ်ယောက်ဖြစ်နေတာတောင် တစ်ယောက်ယောက်က သူ့အပေါ်တံတွေးထွေးချရဲတယ်။ သူကမာနကြီးလွန်းတာကြောင့် သူမကို ဘယ်နည်းနဲ့မှအလွတ်ပေးလိမ့်မည်မဟုတ်။
သူမ မှားသွားတယ်။ စိတ္တဇဖြစ်နေမှုမှာ လော်ကျွင့်ယွမ်က စစ်ထူချင်းယွီကို ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ? တစ်တောင်က တစ်တာင်ထက်ပိုမြင့်တယ်။ စစ်ထူချင်းယွီရဲ့စိတ်က သေချာပေါက် လော်ကျွင့်ယွမ်ထက် ဆိုးဝါးကောက်ကျစ်တယ်။
"မင်းမှာ သနားညှာတာပေးဖို့အတွက် တောင်းပန်ချိန်ရှိသေးတယ်။ မမလေးမု...မင်းရဲ့ လက်ရှိအခြေအနေကို မင်းမေ့နေပုံပဲ ။ မင်းက ဝန်ကြီးချုပ်ရဲ့ မြင့်မြတ်တော်ဝင်တဲ့သမီးမဟုတ်တော့ဘူး။ အခု မင်းက အကျဉ်းသားတစ်ယောက်ပဲ။ မင်းရဲ့ရှင်သန်ခြင်း၊ သေဆုံးခြင်းကို ငါအလွယ်လေးဆုံးဖြတ်နိုင်တာမို့ ဒီစစ်သူကြီးကို ဒေါသထွက်အောင်လုပ်နေတာကို ရပ်လိုက်သင့်ပြီ။"
စစ်ထူချင်းယွီရဲ့မျက်လုံးများက တဖြည်းဖြည်းပြူးကျယ်လာသည်။ သူက မြင်နေရသလိုတည်ငြိမ်မနေဘူးဆိုတာ နဉ်ရှုပြောနိုင်သည်။
Advertisement
စောစောကကိစ္စကို သူဒေါသထွက်နေတုန်းဖြစ်ရမည်။
ဒီလူယောက်ျားမျိုးကို နဉ်ရှုအမုန်းဆုံးပင်။ သူက အရည်အချင်းရှိတော့ရော ဘာဖြစ်လဲ? သူက သူ့အရည်အချင်းကို အားနည်းတဲ့သူတွေအပေါ်အနိုင်ကျင့်ဖို့ပဲသုံးတတ်တာ။ ဘာကိုများ အားကျစရာရှိလဲ။
လက်ရှိအချိန်တွင်မူ နဉ်ရှုသည် 2333အား တိတ်ဆိတ်စွာခေါ်လျက်ရှိ၏။
"2333...ငါ့ကို သေနတ်တစ်လက်ပေးစမ်းပါ။ ငါ ဒီခွေးကောင်ကို သတ်ချင်တယ်။"
"နဉ်ရှုလေး...မွ~ ဒီမှာ သေနတ်တွေရှိပါတယ်။"
2333ရဲ့အသံက နဉ်ရှုခေါင်းထဲမှာပေါ်လာသည်။
နဉ်ရှု ဝမ်းသာသွားကာ ခပ်မြန်မြန်ပင်ပြောလိုက်သည်။
"အဲ့ဒါဆို ငါ့ကို တစ်လက်လောက်မြန်မြန်လေးပေးစမ်းပါ။ ငါ ဒီခွေးကောင်ကို ဆက်သည်းမခံနိုင်တော့ဘူး။"
"ဖြစ်ပါတယ်။ ဒါပေမယ့် ရမှတ်နှစ်ထောင်ကျမှာ။ မင်းမှာ ရမှတ်တစ်မှတ်မှမရှိဘူး။အဲ့တော့ လဲလှယ်လို့မရဘူး။"
2333ကပြန်ဖြေသည်။
နဉ်ရှု စိတ်ထဲမှပြန်ပြောရင်း အံကြိတ်လိုက်သည်။
"ငါ့ကို အကြွေးဝယ်ခွင့်ပေး။"
"တောင်းပန်ပါတယ်။ မင်း ဒီကမ္ဘာမှာ သေနတ်လိုခေတ်မီပစ္စည်းတွေသုံးခွင့်မရှိဘူး။ မင်းသာ မတူညီတဲ့အချိန်အပိုင်းအခြားတစ်ခုကပစ္စည်းကို ထုတ်သုံးမယ်ဆိုရင် မျှခြေတစ်ခုလုံးရဲ့တည်ငြိမ်မှုအပေါ်သက်ရောက်စေမယ့် နှောင့်ယှက်မှုတစ်မျိုးကို မင်း ဒီကမ္ဘာမှာဖြစ်ပေါ်စေလိမ့်မယ်။"
2333က စိတ်ရှည်စွာရှင်းပြ၏။
"မင်းအလုပ်က ကမ္ဘာတွေကိုပြု ပြင်ဖို့ပဲ။ ဖျက်ဆီးဖို့မဟုတ်ဘူး။ နားလည်လား?"
အား....နင့်အစ်မကြီးကိုနားလည်! နဉ်ရှု သွေးအန်ချင်မိသွားသည်။
တစ်ခြားပစ္စည်းတွေအကြောင်း သူမ 2333ကိုမေးတော့မယ့်အချိန်မှာပဲ တစ်စုံတစ်ယောက်ကမေးလာသည်။
"ဘာလုပ်နေတာလဲ စစ်သူကြီးစစ်ထူ?"
ထိုအသံကိုကြားသောအခါ၌ နဉ်ရှုနှုတ်ခမ်းများမှာ ရွံရှာမှုတို့နှင့်အတူ တွန့်ကွေးသွားသော်လည်း ယွဲ့လန်ကမူ ပျော်ရွှင်သွားကာ နဉ်ရှုအနားကပ်၍ တီးတိုးပြောလာ၏။
"စောစောက မင်းသားပဲ မမလေး။ ကျွန်မတို့ အကယ်ခံရပြီ!"
နဉ်ရှု သူမကိုကြည့်လိုက်သည်။ နင်က တကယ်ကိုနုံလွန်းတယ်။
လော်ကျွင့်ယွမ်က မြင်းစီးကာရောက်ချလာ၏။ နဉ်ရှုရဲ့လက်တွေတုပ်နှောင်ခံထားရတာကိုမြင်တဲ့အခါ သူမ မျက်ခုံးပင့်ကာမေးလာသည်။
"သူမက ဘာပြစ်မှုကျူးလွန်ထားလို့လဲ?"
"ဒီစစ်သူကြီးက မင်းသားကိုအရိုအသေပေးပါတယ်။ ဒီအစေခံအမျိုးသမီးက ဒီစစ်သူကြီရဲ့အကျဉ်းသားပါ။ သူမက အိမ်တော်ကနေခိုးထွက်သွားလို့ ဒီစစ်သူကြီးက သူမကိုဖမ်းဖို့ရောက်နေတာပါ။"
စစ်ထူချင်းယွီက ရိုသေလေးစားသော်လည်း နှိမ့်ချခြင်းမရှိသည့်အမူအရာဖြင့် လော်ကျွင့်ယွမ်အား ပြန်ဖြေသည်။
လော်ကျွင့်ယွမ်က စိတ်ဝင်စားမှုဖြင့်မျက်ဝန်းတို့ကိုမှေးစင်းလိုက်ကာ အေးဆေးစွာပြောလာ၏။
"အမျိုးသမီးအစေခံတစ်ယောက်ပဲဆိုမှတော့ ဘာလို့ ဒီမင်းသားကိုမပေးရတာလဲ? အရှင်မင်းကြီးက သုန်ဟွာပြည်ကို သိမ်းပိုက်ပြီးကာစပဲရှိသေးတာ။ အခုက သာမန်ပြည်သူတွေကို နှစ်သိမ့်ပေးရမယ့်အချိန်ပဲ။ လူမဆန်တဲ့လုပ်ရပ်မျိုးကို မလုပ်သင့်ဘူးနော် စစ်သူကြီးစစ်ထူ။ ဒီအစေခံကိုကိုင်တွယ်ဖြေရှင်းဖို့ ဒီမင်းသားကိုလက်လွှဲလိုက်ပါ။"
စစ်ထူချင်းယွီက ချက်ချင်းဆိုသလိုပင် လူသတ်လိုသည့်အငွေ့အသက်များပါရှိသော ခြိမ်းခြောက်သည့်အရှိန်အဝါကိုထုတ်လွှတ်လာသည်။ သူက အန္တရာယ်ကိုတုန့်ပြန်ရင်ဆိုင်ရန် ဆူးတောင်များထောင်နေသည့် ဖြူ ကောင်တစ်ကောင်လိုပင်။
"ဒီအစေခံက ဒီစစ်သူကြီးအပိုင်ပါ။ ဒီစစ်သူကြီးမှာ သူမကို လွှတ်ပေးဖို့ရည်ရွယ်ချက်မရှိပါဘူး။"
လော်ကျွင့်ယွမ်က လွန်စွာမှပင်စိတ်ပျက်သွားဟန်ဖြင့် မျက်မှောင်ကုတ်သွားသည်။ ရုတ်တရက်ကြီး သူ ဒီအစေခံကို ရယူပိုင်ဆိုင်လိုစိတ်ပြင်းပြလာသည်။ ဒီခံစားချက်က ထူးဆန်းနေမှန်းသူသိသော်လည်း အားကောင်းလွန်းလှသည်။
ပြီးတော့ စစ်ထူချင်းယွီကလည်း သူ့ရှေ့မှာ ထိုကဲ့သို့ပြုမူနေသေးသည်။ သူက ဘုရင်ခံမင်းသားတစ်ပါးဖြစ်ပြီး တိုင်းပြည်ထဲမှာ အမြင့်ဆုံးရာထူးရှိသော်လည်း ဘယ်လိုသတ်ဖြတ်ရမလဲဆိုတာပဲသိသည့် ဒီအရိုင်းအစိုင်းကောင်က သူ့ကို ပေါ့ပေါ့တန်တန်ဆက်ဆံရဲသည်။ သူ့အဆင့်အတန်းက စော်ကားခံလိုက်ရသလိုခံစားလိုက်ရတာကြောင့် လော်ကျွင့်ယွမ်မှာ ထိုအမျိုးသမီးအစေခံကို ရယူပိုင်ဆိုင်လိုစိတ် ပို၍ပင်ပြင်းပြလာရတော့သည်။
......
Advertisement
- In Serial538 Chapters
The Unnamed God. I’m Really Not A God You Guys !
Have you ever heard of The Unnamed God Sect?
8 1081 - In Serial19 Chapters
I Died. But I was Reincarnated as a Rock?!
Angus was a successful person in life. But due to misfortunate tragedies and with his misfortunate cause of death. He was reincarnated into a fantasy world full of monsters and magic, yet: as his latter form in such said world; HE WAS REINCARNATED AS A ROCK?! *All names that do not belong to this book is respectfully only used for references. I do not own ex.Dragon Ball/Ichigo/Madara/Toriko, or something else. Only just for references. *I do not claim to own any IRL songs/names used in here as well. I just really love them. *With respect, I urge you to listen/watch some of them on Youtube in case you haven't heard of them. Pretty good stuff. *Lastly, enjoy reading! Because I love to see my readers enjoying this novel.
8 161 - In Serial27 Chapters
The Girl Who Jumped Through Worlds
Evelyn, after conducting a fairly ordinary life, finds the way to her absent dad’s laboratory. Wondering what may lay inside, she decides to further inspect; just to find a person. Inexplicably, her gut-feeling tells her that the mysterious person is her dad. However, the individual presents himself as the Devil. Astonished and bewildered, Evelyn is left with the task of finding the visitor’s true intention.
8 170 - In Serial30 Chapters
The Strongest Weapon Of The Strongest Duo
In life, there's always a person who's been born lucky and those who's been robbed of fate. Most people relied on this so-called fate.. especially since this world is all about powers and cultivation. But there's also someone who's disdaining those who rely on it, as they were born unlucky. Having no power, two children of Four Saint, live their life, prisoned in their household. Being mocked for their ordinary state... the people seem to be unaware of its great effect. "Yeah, but look at here, it says 'only need'. What do you think it means?" "Only need? Maybe we can fuse some more parts of our body with energy other than our whole body?" "But what does whole body means?" "Our flesh?" "So, to be extraordinary, one needs to become ordinary first! That's the meaning of this! Others were at a Strong Maniac state or higher already since birth, so their only body parts being fused with energy is their flesh since they don't have any chance to fuse at all! While we, ordinary, can fuse energy not only in our flesh but also in other parts that we want to. So that's the meaning of, 'Legend said that extraordinary was born from ordinary'!" Discovering such an important fact... How will the two prove their hypothesis and become the Ultimate Duo in the universe? Note: You can also view this story at other sites; Webnovel.com and ScribbleHub.com If you want to read my book in advance.. you can do it by being a member in https://www.patreon.com/zhowen_xialin. I'll post a week chapters there.
8 133 - In Serial20 Chapters
Hold on to me - Leonardo dicaprio
(TW:SH) Jordan never thought that from looking at Leo, he had a dark side to him. She gradually starts getting closer to him until, it becomes a little more than just hanging out.
8 284 - In Serial101 Chapters
Hot Anime Guys (book 2)
A continuation of the first book ~ ĤŐŤ ÁŃĨMĔ ĞÚŶŚ ÊñjÖý :)⚠️ωâ®ñÎñg - mâý çÖñtâÎñ â lÖt Öf hâωtñÊ$$ⓘ ⓓⓞⓝ'ⓣ ⓞⓦⓝ ⓐⓝⓨ ⓞⓕ ⓣⓗⓔⓢⓔ ⓟⓘⓒⓢ
8 215

