《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 20
Advertisement
[Zawgyi]
{အဲ့မွာငတံုးတစ္ေယာက္ရွိတယ္}
စစ္ထူခ်င္းယီြက အရမ္းကိုအားေကာင္းၿပီးဖိနွိပ္နိုင္တဲ့ေအာ္ရာကို ထုတ္လႊတ္လာသည္။ သူမကို ဤအေနအထားအတိုင္းနံရံကပ္ကာခ်ဳပ္ထားၿပီး သူမကို သူမဖက္လိုက္ခင္အထိ သူမအေပၚကေနငံု႔မိုးၾကည့္ေနခဲ့သည္။ သူမကို အေပၚစီးကေနၾကည့္ေနသည့္ဟန္မွာ မိန္းကေလးတိုင္းရဲ႕နွလံုးသားကို ေမ်ွာ္လင့္ခ်က္တို႔ျဖင့္ တဒိန္းဒိန္းခုန္လာေစသည္။
နဥ္ရႈ : (⊙o⊙)
ဒီအေနအထားက!? သူမ ဘယ္တုန္းကမွ အမ်ိဳးသမီးဇာတ္လိုက္ျဖစ္လာမယ္လို႔ မေတြးသလို အဓိကဇာတ္လိုက္ေတြနဲ႔ အီစီကလီရိုက္ရတဲ့ဘဝမ်ိဳးရွိလာလိမ့္္မယ္လို႔လည္း မထင္ထားခဲ့ဖူး။ ဒါက...သူတို႔ သူ႔ကိုအျပင္ထုတ္လိုက္လို႔မရဘူးလား? စိတၲဇေကာင္က မင္းနဲ႔အီစီကလီရိုက္ေနတာက စိတ္ဓာတ္က်ခ်င္စရာပဲ။
တကယ္ေတာ့ စစ္ထူခ်င္းယီြက ခံစားခ်က္ေတြကို ႀကိဳးကိုင္တဲ့ေနရာမွာ ကြၽမ္းက်င္သူႀကီးပင္။ ေစာေစာတုန္းကေလးတင္္ သူက အရမ္းကိုအၾကင္နာမဲ့ေနခဲ့ၿပီး သူမကိုႀကိဳးတုပ္ကာ သူ႔ေနာက္ကေလ်ွာက္ဖို႔ဖိအားေပးေနေသာ္လည္း ယခုမူ ဤကဲ့သို႔ေသာပေရာပရီအေနအထားမ်ိဳးကို အားမထုတ္ရပါဘဲေျပာင္းလဲလိုက္နိုင္သည္။
သူရဲ႕ ေႏြးေထြးလိုက္ေအးစက္လိုက္ျဖစ္ေနတာက လူေတြရဲ႕ႏွလံုးသားကို ခုန္ေပါက္လာေစသည္။ သို႔ေသာ္လည္း နဥ္ရႈကေတာ့ ဤသေကာင့္သားကိုပစ္နိုင္ဖို႔အတြက္ ေသနတ္တစ္လက္သာလိုခ်င္ေနခဲ့ေလ၏။
စစ္ထူခ်င္းယီြရဲ႕ ေမးခြန္းထုတ္လာသံက ေပ်ာ့ေပ်ာင္းေနသည္။
"မင္း ေစာေစာက အမွန္အတိုင္းေျပာလိုက္တာမလား? ဒီစစ္သူႀကီးက မင္းကိုပိုင္တယ္လို႔ မင္းဘာသာမင္းေတြးေနတာမလား? ေသေသရွင္ရွင္?"
"မဟုတ္ဘူး။ အဲ့ဒါက လိမ္တာ။"
နဥ္ရႈက စဥ္းစားခ်င္းမရွိဘဲ ခ်က္ခ်င္းေျဖ၏။ စစ္ထူခ်င္းယီြရဲ႕အမူအရာက ခ်က္ခ်င္းပင္ဆိုး႐ြားသြားေတာ့သည္။
"ဒင္! စိတ္ဒဏ္ရာမွတ္ +10။ ဘက္ရွိစိတ္ဒဏ္ရာမွတ္က 30ျဖစ္ပါတယ္။"
2333က အစီရင္ခံ၏။
စစ္ထူခ်င္းယီြနာက်င္သြားပံုရတာကိုျမင္တဲ့အခါ နဥ္ရႈ အံ့ၾသသြားသည္။ ဒါကသာဟအမ်ိဳးသမီးဇာတ္လိုက္ဆိုရင္ သူမစိတ္မေကာင္းျဖစ္ေနေလာက္ၿပီ။ အဆံုးသတ္က်ေတာ့ သူမက မိုက္မိုက္မဲမဲကိုၾကင္နာတတ္တာေလ။
နဥ္ရႈ ေျပာလိုက္သည္။
"တစ္ခ်က္ေလးေတာင္မစဥ္းစားဘဲ လူသတ္နိုင္တဲ့ရွင့္လိုမေကာင္းတဲ့လူကို ဒီမမေလးက ဘယ္လိုလုပ္ႀကိဳက္နိုင္မွာလဲ? မၾကာခင္ ဒီမမေလးက ရွင့္နဲ႔စာရင္ ေခြးကိုေတာင္ပိုသေဘာက်မိလိမ့္မယ္။"
စစ္ထူခ်င္းယီြက သူမကိုစိုက္ၾကည့္လာ၏။
"မင္း ေဒါသကိုလာဆြေနတာပဲ။"
ေနာက္တစ္ခြန္းက 'မင္းဆြတဲ့ေဒါသဆိုမွတာ့ မင္းပဲျပန္ၿငိမ္းေအာင္လုပ္ေပးရမယ္"လို႔လား?
"ဟိုမွာ ငတံုးတစ္ေယာက္ရွိတယ္။ ၾကည့္လိုက္။"
နဥ္ရႈက စစ္ထူခ်င္းယီြရဲ႕ေနာက္ကို လက္ညႇိဳးထိုးလိုက္ေသာ္လည္း သူကမူ သူမကိုသာမ်က္ေမွာင္ကုတ္ကာၾကည့္ေနခဲ့သည္။
"တကယ္ ငတံုးတစ္ေယာက္ရွိေနတာ။ ၾကည့္ၾကည့္။"
နဥ္ရႈ ထပ္ေျပာလိုက္သည္။
စစ္ထူခ်င္းယီြက ေနာက္လွည့့္လိုက္သည္နွင့္ နဥ္ရႈက သူ႔လက္ေမာင္းေတြေအာက္မွ ေလ်ွာထြက္ကာ ယဲြ႕လန္ကိုဆဲြၿပီးေျပးေတာ့သည္။
စစ္ထူခ်င္းယီြ : …
နဥ္ရႈနွင့္ယဲြ႕လန္မွာ သူမတို႔အခန္းဆီျပန္ေျပးလာၾကသည္။ ယဲြ႕လန္က အသက္ျပင္းျပင္းရွဴ ရင္း သူမသယ္လာတဲ့ေပါက္စီေတြကို စားပဲြေပၚတင္လိုက္ကာ နဥ္ရႈကိုေမးလာသည္။
"မမေလး...မမေလးဘာလို႔ အဲ့မင္းသားနဲ႔လိုက္သြားဖို႔မေ႐ြးတာလဲ? ဘာလို႔ ဒီဝံပုေလြတြင္းထဲျပန္လာဖို႔ေ႐ြးလိုက္တာလဲ? မမေလး...ဒီအေစခံ မမေလးကို တကယ္နားမလည္နိုင္ေတာ့ဘူး။
ဘာမ်ားကြာသြားလို႔လဲ? တစ္ခုကဝံပုေလြတြင္း၊ တစ္ခုက က်ားရဲတြင္းေလ။
နဥ္ရႈကေတာ့ ေရခြက္ႀကီးတစ္ခြက္ကိုခ်ကာ ေနာက္ထပ္ေပါက္စီတစ္လံုးယူကာ စားေနေတာ့၏။ သူမက ေျပာသည္။
"နင့္မမေလးမွာ ဒီလိုလုပ္ရတဲ့ကိုယ္ပိုင္အေၾကာင္းျပခ်က္ရွိတယ္။"
ဖုတ္!
အနက္ေရာင္ပံုရိပ္တစ္ခုက ျပတင္းေပါက္ကေနခုန္ဝင္လာကာ နဥ္ရႈေျခေထာက္အနားထိလွိမ့္လာသျဖင့္ နဥ္ရႈ သူ႔ကိုကန္ထုတ္လိုက္သည္။
လ်ွိဳ႕ဝွက္သက္ေတာ္ေစာင့္က ၾကမ္းေပၚကေန လ်င္ျမန္စြာထကာ စားပဲြေပၚရွိဆပါက္စီမ်ားကို သူ႔ပါးစပ္ထဲသြတ္ေနေတာ့သည္။ သူက မိုးလင္းကာနီးအခ်ိန္မွာေတာင္ အနက္ေရာင္ဝတ္စံုကိုဝတ္ဆင္ထားၿပီး သူ႔ရဲ႕မ်က္နွာဖံုးပဝါကလည္း လည္ပင္းနားမွာစည္းေနွာင္ထားဆဲပင္။ သူ႔ဦးေနွာက္မွာ ျပသနာတစ္ခုခုရွိေနတာျဖစ္မယ္။
"ေစာေစာက ငါ ခရာကိုမႈတ္ေတာ့ ရွင္ဘယ္မွာလဲ? ရွင္ မၾကားဘူးလား?"
နဥ္ရႈ စိတ္တိုကာေမးလိုက္သည္။ သို႔ေသာ္လည္း သူရွိေနတာကိုျမင္တဲ့အခါ နည္းနည္္းလံုၿခံဳသလိုခံစားရသည္ကိုေတာ့ သူမ မျငင္းနိုင္။
အမ်ိဳးသမီးဇာတ္လိုက္ျဖစ္ရတာ ဘယ္ေလာက္ေတာင္ခြန္အားနည္းလိုက္လဲဆိုတာ သူမ ဘယ္တုန္းကမွမသိခဲ့ဘူး။
လ်ွိဳ႕ဝွက္သက္ေတာ္ေစာင့္က ေပါက္စီေတြကို ပါးစပ္ထဲသြင္းေနရင္း ေျပာလာသည္။
"ကြၽန္ေတာ္ ၾကားပါတယ္။ ဒဏ္ရာေတြကုေနတာ။ မမေလးအဆင္ေျပေနတဲ့ပံုေပၚလို႔ ကြၽန္ေတာ္မလာေတာ့တာ။"
ဒါ ဘယ္လိုလ်ွိဳ႕ဝွက္သက္ေတာ္ေစာင့္မ်ိဳးလဲ? သူက ဘာမွထူးျခားတဲ့ပံုေပၚရံုသာမကဘူး ကလိမ္ဥာဏ္ေတြကလည္းအျပည့္ပဲ။ သူက တိုက္ခိုက္ေနတုန္းမွာ လူတိုင္းထက္ျမန္ျမန္ထြက္ေျပးသြားၿပီး စားဖို႔က် ခ်က္ခ်င္းေပၚလာတာကိုေတာ့ ေျပာေနစရာေတာင္မလိုေတာ့ဘူး။
ဒီလိုလ်ွိဳ႕ဝွက္သက္ေတာ္ေစာင့္ကို ေကြၽးေမြးထားရတာ ဘာအသံုးက်လို႔လဲ?
"မစားနဲ႔ေတာ့။ ရွင္ အကုန္လံုးစားလိုက္ရင္ ကြၽန္မတို႔က ဘာသြားစားရမွာလဲ? ယဲြ႕လန္...စားစရာေတြကိုသိမ္းလိုက္။"
နဥ္ရႈက ေျပာသည္။
"ရွင္က လွိ်ဳ႕ဝွက္သက္ေတာ္ေစာင့္ပဲ။ ရွင့္ဘာသာရွင္ စားစရာရွာသင့္တယ္မလား? ကြၽန္မတို႔လို အားနည္းတဲ့မိန္းကေလးနွစ္ေယာက္ ခက္ခက္ခဲခဲရွာေဖြထားရတာကို ခိုးစားရတာ ရွင္မရွက္ဘူးလား?"
နဥ္ရႈတစ္ေယာက္ သူမရဲ႕ယံုၾကည္လို႔မရတဲ့သက္ေတာ္ေစာင့္ေၾကာင့္ အင္မတန္မွကိုဆံြ႕အေနရေခ်ၿပီ။
လ်ွိဳ႕ဝွက္သက္ေတာ္ေစာင့္က ေပါက္စီကိုၿမိဳခ်လိုက္ကာ သူ႔ရဲ႕နွာေခါင္းနဲ႔ပါးစပ္ကိုဖံုးကြယ္ဖို႔အတြက္ နဖူးနဲ႔မ်က္လံုးကိုသာခ်န္ၿပီး အနက္ေရာင္အဝတ္စကို ျပန္ဆဲြတင္လိုက္သည္။
ဒါကိုနဥ္ရႈျမင္တဲ့အခါ စိတ္ဓာတ္က်သြားေတာ့သည္။ ဒါက သူမကို ခါတိုင္းကဲ့သို႔ပင္ အေရးမပါတဲ့အေျမာက္စာဇာတ္ေကာင္ေလးေတြလုိ႔ပဲ ခံစားရေစသည္။
"မမေလး...ကြၽန္ေတာ့္ကိုလိုအပ္ရင္ ခရာကိုသာမႈတ္လိုက္ပါ။ ကြၽန္ေတာ္ ခ်က္ခ်င္းေရာက္လာပါ့မယ္။"
လ်ွိဳ႕ဝွက္သက္ေတာ္ေစာင့္က ေျပာလာသည္။ စကားေျပာလိုက္တိုင္း တရုတ္နံနံလိုအနံ႔ရေနေစခဲ့သည္။
နဥ္ရႈ ဆံြအေနေခ်ၿပီ။ သူမ မႈတ္ခဲ့တယ္။ အရင္တစ္ေခါက္က လ်ွိဳ႕ဝွက္သက္ေတာ္ေစာင့္ကို သူမတို႔အတြက္စားစရာယုလာေပးေစခ်င္လို႔ သူမ အသက္ရွဴ ရပ္ကာနီးတဲ့အထိမႈတ္ခဲ့ေပမယ့္ သူကေတာ့ သူ႔မ်က္နွာေလးေတာင္ျပမလာဘူး။ ဒီလ်ွိဳ႕ဝွက္သက္ေတာ္ေစာင့္က လံုးဝယံုလို႔္မရဘူးဆိုတာ ရွင္းေနတာပဲ။
......
[Unicode]
{အဲ့မှာငတုံးတစ်ယောက်ရှိတယ်}
စစ်ထူချင်းယွီက အရမ်းကိုအားကောင်းပြီးဖိနှိပ်နိုင်တဲ့အော်ရာကို ထုတ်လွှတ်လာသည်။ သူမကို ဤအနေအထားအတိုင်းနံရံကပ်ကာချုပ်ထားပြီး သူမကို သူမဖက်လိုက်ခင်အထိ သူမအပေါ်ကနေငုံ့မိုးကြည့်နေခဲ့သည်။ သူမကို အပေါ်စီးကနေကြည့်နေသည့်ဟန်မှာ မိန်းကလေးတိုင်းရဲ့နှလုံးသားကို မျှော်လင့်ချက်တို့ဖြင့် တဒိန်းဒိန်းခုန်လာစေသည်။
နဉ်ရှု : (⊙o⊙)
ဒီအနေအထားက!? သူမ ဘယ်တုန်းကမှ အမျိုးသမီးဇာတ်လိုက်ဖြစ်လာမယ်လို့ မတွေးသလို အဓိကဇာတ်လိုက်တွေနဲ့ အီစီကလီရိုက်ရတဲ့ဘဝမျိုးရှိလာလိမ့်မယ်လို့လည်း မထင်ထားခဲ့ဖူး။ ဒါက...သူတို့ သူ့ကိုအပြင်ထုတ်လိုက်လို့မရဘူးလား? စိတ္တဇကောင်က မင်းနဲ့အီစီကလီရိုက်နေတာက စိတ်ဓာတ်ကျချင်စရာပဲ။
Advertisement
တကယ်တော့ စစ်ထူချင်းယွီက ခံစားချက်တွေကို ကြိုးကိုင်တဲ့နေရာမှာ ကျွမ်းကျင်သူကြီးပင်။ စောစောတုန်းကလေးတင် သူက အရမ်းကိုအကြင်နာမဲ့နေခဲ့ပြီး သူမကိုကြိုးတုပ်ကာ သူ့နောက်ကလျှောက်ဖို့ဖိအားပေးနေသော်လည်း ယခုမူ ဤကဲ့သို့သောပရောပရီအနေအထားမျိုးကို အားမထုတ်ရပါဘဲပြောင်းလဲလိုက်နိုင်သည်။
သူရဲ့ နွေးထွေးလိုက်အေးစက်လိုက်ဖြစ်နေတာက လူတွေရဲ့နှလုံးသားကို ခုန်ပေါက်လာစေသည်။ သို့သော်လည်း နဉ်ရှုကတော့ ဤသကောင့်သားကိုပစ်နိုင်ဖို့အတွက် သေနတ်တစ်လက်သာလိုချင်နေခဲ့လေ၏။
စစ်ထူချင်းယွီရဲ့ မေးခွန်းထုတ်လာသံက ပျော့ပျောင်းနေသည်။
"မင်း စောစောက အမှန်အတိုင်းပြောလိုက်တာမလား? ဒီစစ်သူကြီးက မင်းကိုပိုင်တယ်လို့ မင်းဘာသာမင်းတွေးနေတာမလား? သေသေရှင်ရှင်?"
"မဟုတ်ဘူး။ အဲ့ဒါက လိမ်တာ။"
နဉ်ရှုက စဉ်းစားချင်းမရှိဘဲ ချက်ချင်းဖြေ၏။ စစ်ထူချင်းယွီရဲ့အမူအရာက ချက်ချင်းပင်ဆိုးရွားသွားတော့သည်။
"ဒင်! စိတ်ဒဏ်ရာမှတ် +10။ ဘက်ရှိစိတ်ဒဏ်ရာမှတ်က 30ဖြစ်ပါတယ်။"
2333က အစီရင်ခံ၏။
စစ်ထူချင်းယွီနာကျင်သွားပုံရတာကိုမြင်တဲ့အခါ နဉ်ရှု အံ့သြသွားသည်။ ဒါကသာဟအမျိုးသမီးဇာတ်လိုက်ဆိုရင် သူမစိတ်မကောင်းဖြစ်နေလောက်ပြီ။ အဆုံးသတ်ကျတော့ သူမက မိုက်မိုက်မဲမဲကိုကြင်နာတတ်တာလေ။
နဉ်ရှု ပြောလိုက်သည်။
"တစ်ချက်လေးတောင်မစဉ်းစားဘဲ လူသတ်နိုင်တဲ့ရှင့်လိုမကောင်းတဲ့လူကို ဒီမမလေးက ဘယ်လိုလုပ်ကြိုက်နိုင်မှာလဲ? မကြာခင် ဒီမမလေးက ရှင့်နဲ့စာရင် ခွေးကိုတောင်ပိုသဘောကျမိလိမ့်မယ်။"
စစ်ထူချင်းယွီက သူမကိုစိုက်ကြည့်လာ၏။
"မင်း ဒေါသကိုလာဆွနေတာပဲ။"
နောက်တစ်ခွန်းက 'မင်းဆွတဲ့ဒေါသဆိုမှတာ့ မင်းပဲပြန်ငြိမ်းအောင်လုပ်ပေးရမယ်"လို့လား?
"ဟိုမှာ ငတုံးတစ်ယောက်ရှိတယ်။ ကြည့်လိုက်။"
နဉ်ရှုက စစ်ထူချင်းယွီရဲ့နောက်ကို လက်ညှိုးထိုးလိုက်သော်လည်း သူကမူ သူမကိုသာမျက်မှောင်ကုတ်ကာကြည့်နေခဲ့သည်။
"တကယ် ငတုံးတစ်ယောက်ရှိနေတာ။ ကြည့်ကြည့်။"
နဉ်ရှု ထပ်ပြောလိုက်သည်။
စစ်ထူချင်းယွီက နောက်လှည့်လိုက်သည်နှင့် နဉ်ရှုက သူ့လက်မောင်းတွေအောက်မှ လျှောထွက်ကာ ယွဲ့လန်ကိုဆွဲပြီးပြေးတော့သည်။
စစ်ထူချင်းယွီ : …
နဉ်ရှုနှင့်ယွဲ့လန်မှာ သူမတို့အခန်းဆီပြန်ပြေးလာကြသည်။ ယွဲ့လန်က အသက်ပြင်းပြင်းရှူ ရင်း သူမသယ်လာတဲ့ပေါက်စီတွေကို စားပွဲပေါ်တင်လိုက်ကာ နဉ်ရှုကိုမေးလာသည်။
"မမလေး...မမလေးဘာလို့ အဲ့မင်းသားနဲ့လိုက်သွားဖို့မရွေးတာလဲ? ဘာလို့ ဒီဝံပုလွေတွင်းထဲပြန်လာဖို့ရွေးလိုက်တာလဲ? မမလေး...ဒီအစေခံ မမလေးကို တကယ်နားမလည်နိုင်တော့ဘူး။
ဘာများကွာသွားလို့လဲ? တစ်ခုကဝံပုလွေတွင်း၊ တစ်ခုက ကျားရဲတွင်းလေ။
နဉ်ရှုကတော့ ရေခွက်ကြီးတစ်ခွက်ကိုချကာ နောက်ထပ်ပေါက်စီတစ်လုံးယူကာ စားနေတော့၏။ သူမက ပြောသည်။
"နင့်မမလေးမှာ ဒီလိုလုပ်ရတဲ့ကိုယ်ပိုင်အကြောင်းပြချက်ရှိတယ်။"
ဖုတ်!
အနက်ရောင်ပုံရိပ်တစ်ခုက ပြတင်းပေါက်ကနေခုန်ဝင်လာကာ နဉ်ရှုခြေထောက်အနားထိလှိမ့်လာသဖြင့် နဉ်ရှု သူ့ကိုကန်ထုတ်လိုက်သည်။
လျှို့ဝှက်သက်တော်စောင့်က ကြမ်းပေါ်ကနေ လျင်မြန်စွာထကာ စားပွဲပေါ်ရှိဆပါက်စီများကို သူ့ပါးစပ်ထဲသွတ်နေတော့သည်။ သူက မိုးလင်းကာနီးအချိန်မှာတောင် အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး သူ့ရဲ့မျက်နှာဖုံးပဝါကလည်း လည်ပင်းနားမှာစည်းနှောင်ထားဆဲပင်။ သူ့ဦးနှောက်မှာ ပြသနာတစ်ခုခုရှိနေတာဖြစ်မယ်။
"စောစောက ငါ ခရာကိုမှုတ်တော့ ရှင်ဘယ်မှာလဲ? ရှင် မကြားဘူးလား?"
နဉ်ရှု စိတ်တိုကာမေးလိုက်သည်။ သို့သော်လည်း သူရှိနေတာကိုမြင်တဲ့အခါ နည်းနည်းလုံခြုံသလိုခံစားရသည်ကိုတော့ သူမ မငြင်းနိုင်။
အမျိုးသမီးဇာတ်လိုက်ဖြစ်ရတာ ဘယ်လောက်တောင်ခွန်အားနည်းလိုက်လဲဆိုတာ သူမ ဘယ်တုန်းကမှမသိခဲ့ဘူး။
လျှို့ဝှက်သက်တော်စောင့်က ပေါက်စီတွေကို ပါးစပ်ထဲသွင်းနေရင်း ပြောလာသည်။
"ကျွန်တော် ကြားပါတယ်။ ဒဏ်ရာတွေကုနေတာ။ မမလေးအဆင်ပြေနေတဲ့ပုံပေါ်လို့ ကျွန်တော်မလာတော့တာ။"
ဒါ ဘယ်လိုလျှို့ဝှက်သက်တော်စောင့်မျိုးလဲ? သူက ဘာမှထူးခြားတဲ့ပုံပေါ်ရုံသာမကဘူး ကလိမ်ဥာဏ်တွေကလည်းအပြည့်ပဲ။ သူက တိုက်ခိုက်နေတုန်းမှာ လူတိုင်းထက်မြန်မြန်ထွက်ပြေးသွားပြီး စားဖို့ကျ ချက်ချင်းပေါ်လာတာကိုတော့ ပြောနေစရာတောင်မလိုတော့ဘူး။
ဒီလိုလျှို့ဝှက်သက်တော်စောင့်ကို ကျွေးမွေးထားရတာ ဘာအသုံးကျလို့လဲ?
"မစားနဲ့တော့။ ရှင် အကုန်လုံးစားလိုက်ရင် ကျွန်မတို့က ဘာသွားစားရမှာလဲ? ယွဲ့လန်...စားစရာတွေကိုသိမ်းလိုက်။"
နဉ်ရှုက ပြောသည်။
"ရှင်က လျှို့ဝှက်သက်တော်စောင့်ပဲ။ ရှင့်ဘာသာရှင် စားစရာရှာသင့်တယ်မလား? ကျွန်မတို့လို အားနည်းတဲ့မိန်းကလေးနှစ်ယောက် ခက်ခက်ခဲခဲရှာဖွေထားရတာကို ခိုးစားရတာ ရှင်မရှက်ဘူးလား?"
နဉ်ရှုတစ်ယောက် သူမရဲ့ယုံကြည်လို့မရတဲ့သက်တော်စောင့်ကြောင့် အင်မတန်မှကိုဆွံ့အနေရချေပြီ။
လျှို့ဝှက်သက်တော်စောင့်က ပေါက်စီကိုမြိုချလိုက်ကာ သူ့ရဲ့နှာခေါင်းနဲ့ပါးစပ်ကိုဖုံးကွယ်ဖို့အတွက် နဖူးနဲ့မျက်လုံးကိုသာချန်ပြီး အနက်ရောင်အဝတ်စကို ပြန်ဆွဲတင်လိုက်သည်။
ဒါကိုနဉ်ရှုမြင်တဲ့အခါ စိတ်ဓာတ်ကျသွားတော့သည်။ ဒါက သူမကို ခါတိုင်းကဲ့သို့ပင် အရေးမပါတဲ့အမြောက်စာဇာတ်ကောင်လေးတွေလို့ပဲ ခံစားရစေသည်။
"မမလေး...ကျွန်တော့်ကိုလိုအပ်ရင် ခရာကိုသာမှုတ်လိုက်ပါ။ ကျွန်တော် ချက်ချင်းရောက်လာပါ့မယ်။"
လျှို့ဝှက်သက်တော်စောင့်က ပြောလာသည်။ စကားပြောလိုက်တိုင်း တရုတ်နံနံလိုအနံ့ရနေစေခဲ့သည်။
နဉ်ရှု ဆွံအနေချေပြီ။ သူမ မှုတ်ခဲ့တယ်။ အရင်တစ်ခေါက်က လျှို့ဝှက်သက်တော်စောင့်ကို သူမတို့အတွက်စားစရာယုလာပေးစေချင်လို့ သူမ အသက်ရှူ ရပ်ကာနီးတဲ့အထိမှုတ်ခဲ့ပေမယ့် သူကတော့ သူ့မျက်နှာလေးတောင်ပြမလာဘူး။ ဒီလျှို့ဝှက်သက်တော်စောင့်က လုံးဝယုံလို့်မရဘူးဆိုတာ ရှင်းနေတာပဲ။
......
Advertisement
- In Serial457 Chapters
Breeding Dragons From Today
My name is Joelson, and I traversed across worlds. I arrived at a continent of sword and magic and became a noble sorcerer. Unfortunately, my talent in magic was mediocre, and I was vexed. Fortunately, I have a cheating system, a magical ranch that can breed dragons. In order to survive, I began to raise dragons. Fire Dragon, Earth Dragon, Ice Dragon, Wind Dragon, Chaos Dragon, Dark Magic Dragon, Light Dragon … Many years later, legends about me were spread everywhere on this continent. The name everyone addressed to me also changed, some called me, God of Magic! Some called me, Dragon Master! Some even called me, The man beyond the gods!
8 217 - In Serial99 Chapters
The Nomads of Sol
Part One: The Fall of Humanity It was the beginning of a new age, after a century of constant war, mankind was finally at peace. Her colonies united under Earth’s military dominion, piracy was virtually extinct and the economy was thriving. Then mankind made its first encounter with an alien race, the Cathamari. First contact was a disaster, and three months later humanity was at war with an alien race. Two years have passed since then, and humanity is losing the war. Her colonies destroyed and most of her fleets gone, her last bastion is Earth itself. But hope is not lost as humanity is on the verge of completing her first ftl capable starships. With these new ships will Humanity conquer the stars and beat back her enemies or is she doomed to fail and be a mere footnote in galactic history? Part Two Rebirth Synopsis: Over seventy years have passed since the Battle for Earth. The years since than have hardened the survivors into a resourceful people. Now with only a single small fleet at their disposal, they search the far reaches of space for a new homeland from which to rebuild their civilization and prepare for their eventual return to Earth. However will their resourcefulness be enough when they come face to face with their greatest foe, a menace so alien, that no one but themselves understand their motives? Or will they be destroyed, by an enemy far more powerful than themselves?
8 192 - In Serial8 Chapters
Emperor (皇帝)
A group of acquaintances and friends found themselves curiously in another world.
8 159 - In Serial19 Chapters
The Hidden Heir (VegasPete)
LOVE AND SINS 2
8 164 - In Serial200 Chapters
Song Lyrics
Listen to your favorite song while reading with this Song Lyrics
8 135 - In Serial34 Chapters
White Wolf
I am a pure white wolf. To have my talent is rare. My name is Snow and I never knew my parents. When i was little i ran away from my pack. Only cause we were attacked by another pack. They for one are called "The blood pack."#612 in werewolf 10/27/17#3 in running 5/13/18
8 138

