《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[27]
Advertisement
[Unicode]
027:ငွေရှာပြီးတော့လည်း ငွေကုန်ရတာပဲ
လျောင်ကျစ်ဖုသည်ကား ဆွံ့အလျက် အချိန်အတော်ကြာမှ ပြန်ပြောနိုင်ခဲ့သည် – “ဟားဟား.....လူငယ်တွေက စကားပြောကောင်းတာပဲ။ကျုပ် မင်းနဲ့ ပြိုင်ပြီး အငြင်းအခုံ မလုပ်နိုင်တော့ပါဘူး"
သူသည် သူ့စကားလုံးတွေကို ဆက်ထိန်းထားပြီး သဘောတူညီချက်ကိုတော့ မဖျက်လိုက်ပေ။
ချင်မျန်က ပိုက်ဆံတွေ အများကြီးရှာလို့ရခဲ့တာ
ကြောင့် စိတ်အခြေအနေကောင်းနေပြီး အေးစက်စက် ဆက်ဆံခံရတာကို ဂရုမစိုက်နေတော့ပေ။ “ကျွန်တော်တို့ လုပ်စရာတွေ ကျန်သေးလို့ သွားပါတော့မယ်။မန်နေဂျာလျောင် ဆက်ပြီး အလုပ် ကြိုးစားလိုက်ပါဦး"
လျောင်ကျစ်ဖုသည် စကားများများပြောရန် စိတ်မ၀င်စားတော့ဘဲ ဝတ်ကျေတမ်းကျေသာ လက်ကို ဝှေ့ယမ်းပြလိုက်သည်။သူက အသေးစိတ်ပုံစံမူကြမ်းကိုယူပြီး ဆိုင်အနောက်ဘက်ထဲက အလုပ်ရုံထဲကို အမြန်မဝင်ခင် လက်လုပ်ခေါက်ဆွဲညစ်စက်ကို ယူလာခဲ့ရန် ဆိုင်လက်ထောက်ကို ခိုင်းခဲ့သည်။
ချင်မျန်သည် တံခါးမှ ထွက်သွားပြီးနောက် နောက်သို့ ပြန်လှည့်ကြည့်လိုက်သည်။
ထို့နောက် လဲ့ယ်ထျဲ၏လက်ကိုဆွဲကာ အမြန်ထွက်သွားလေတော့သည်။အဝေးကို ရောက်သွားပြီးမှသာ သူ့နောက်ဘက်ကို လှမ်းကြည့်ပြီး သူ့မျက်လုံးတွေဖြင့် လမ်းသွားလမ်းလာများကို လျှို့ဝှက်စွာဘယ်ညာလှည့်ပတ်ကြည့်နေသည်။သံသယဖြစ်ဖွယ် တစ်စုံတစ်ရာ မတွေ့မှသာလျှင် သူ့အကြည့်တွေကို ပြန်ဆုတ်လိုက်၏။
"ဘာဖြစ်လို့လဲ?" လဲ့ယ်ထျဲလည်း တစ်ဖန်လှည့်ကြည့်လိုက်တော့ ထူးထူးခြားခြား ဘာမှမတွေ့ရပေ။
ချင်မျန်က တိုးတိုးလေးကပ်ပြောလိုက်၏။ “ဘာမှမဟုတ်ပါဘူး။အဲဒီလူဆီကနေ ပိုက်ဆံတွေ အများကြီးရအောင်ယူလာခဲ့တာလေ။သူကလည်း ဆန္ဒမရှိတာကြောင့် ပိုက်ဆံကိုပြန်လုယက်ဖို့ အနီးအနားမှာ တစ်ယောက်ယောက်ကို လျှို့ဝှက်ပြီး စေလွှတ်ထားမှာ ကျွန်တော် စိုးရိမ်မိတယ်"
သူ့လက်ထဲတွင် လေးလံသည့်အိတ်ကို ပွေ့ဖက်ထားကာ နောက်ပြန် လှည့်မကြည့်ဘဲလည်း မနေနိုင်။သို့သော်လည်း သူတို့နှင့် အတူတူလမ်းပေါ်ရှိနေသည့် အရပ်ရှည်ရှည် အရပ်ဝတ်အမျိုးသားတစ်ဦးသည် နားမလည်နိုင်စွာ သူ့ကို သံသယဖြင့် ကြည့်နေသည်။
“ဟက်.......”
အနီးနားတွင် ရယ်မောသံတစ်ခု ထွက်ပေါ်လာ၏။ချင်မျန်သည် သူနားကြားမှားတယ်လို့ထင်ကာ ကြောင်အမိသွားလေသည်။သူသည် လမ်းလယ်တွင် ရပ်နေကာ လဲ့ယ်ထျဲကို နားမလည်နိုင်အကြည့်များဖြင့် စိုက်ကြည့်နေ၏။
လဲ့ယ်ထျဲက တကယ်ကြီး ရယ်လိုက်တဲ့အပြင် အသံပါထွက်သွားတယ်တဲ့လား?
လဲ့ယ်ထျဲသည်လည်း သူရယ်လိုက်မိတာကြောင့် သူ့ကိုယ်သူ အံ့သြသွားပုံရကာ ကော့တက်သွားတဲ့ နှုတ်ခမ်းတွေက ပုံမှန်အနေအထားကို ချက်ချင်းပြန်ရောက်သွား၏။ပိုက်ဆံအိတ်ကို သူ့ရင်ဘတ်အိတ်ထဲမထည့်ခင် ချင်မျန်ကို ရှေ့သို့ရောက်အောင် ဆွဲခေါ်လိုက်သည်။သူ့ကို မကြည့်ဘဲ သာမန်ကာလျှံကာ ပြောလိုက်၏။ “မကြောက်နဲ့”
ချင်မျန်က စိတ်နဲ့ကိုယ် ပြန်ကပ်သွားတော့ အတော်လေး နောင်တရမိသွားသလို ခံစားလိုက်ရသည်။လဲ့ယ်ထျဲက နှစ်စက္ကန့်ထက် ပိုပြီးတော့ မရယ်နိုင်ဘူးလား?ဒီလူက ချောမောခန့်ညားသော်လည်း မည်သည့်အမူအရာမှ မပြတတ်သလို နှုတ်လည်းဆိတ်၏။
အခုလေးတင် လဲ့ယ်ထျဲ ရယ်လိုက်ပုံမှာ သူ မျက်လုံးထဲတွင် ထင်းခနဲဖြစ်သွားစေသည်။သူ့(ချင်မျန်)ကြည့်ရတာ အရင်ဘဝတုန်းမှာလည်း ကံတရားက မဆိုးဘူးပဲ!
သို့သော် လဲ့ယ်ထျဲ၏ “မကြောက်နဲ့” ဟူသော စကားလုံးက သူ့ကို တကယ်ပဲစိတ်သက်သာရာ ရစေခဲ့သည်။သူ စိတ်လျှော့လိုက်ပြီး လဲ့ယ်ထျဲက သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားဆဲဆိုတာကိုတောင် သတိမထားမိလိုက်ဘူး။
"ဘာဝယ်ကြမလဲ?" လဲ့ယ်ထျဲက မေးသည်။
ငွေသုံးရမယ့်အချိန်ကို ရောက်လာသောအခါ ချင်မျန်သည် စိတ်လှုပ်ရှားသွားပြီး လဲ့ယ်ထျဲကို တောက်ပသည့်မျက်လုံးများဖြင့် ကြည့်လိုက်သည်။
“အိမ်အရင်ဆောက်ချင်တယ်။နှစ်သစ်ကူးအချိန်မီ ပြီးနိုင်မလား?” ထိုအချိန်တွင် သူသည် သူတို့၏အိမ်ဆောက်မည့်ခြံမြေနေရာကိုပင် မရောက်ဖူးသေးကြောင်း ရုတ်တရက် သတိရမိသည်။
လဲ့ယ်ထျဲက မပြောသော်လည်း ခေါင်းသာ ညိတ်ပြလိုက်သည်။
"အလုပ်များတဲ့ကာလပြီးရင် စကြမယ်" သူ့ဇနီးလေးက အရမ်းအရည်အချင်းရှိတယ်၊သူ တစ်ခုခုကိုများ လုပ်ချင်နေတာလား?
စပါးရိတ်သိမ်းပြီးသော်လည်း နောက်တစ်ဆင့်မှာ လယ်စိုက်ရန်နှင့် ဆောင်းဂျုံစိုက်ရန် ပြင်ဆင်ရမည် ဖြစ်သည်။ဂျုံစိုက်ပြီးမှသာ အလုပ်များသောကာလ ကုန်ဆုံးမည်ပင်။သို့သော်ငြားလည်း ချင်မျန်က ဆယ်ရက်ကနေ တစ်လခွဲအထိ စောင့်နိုင်ပါသေး၏။
"အကြမ်းဖျင်းအားဖြင့် ဘယ်လောက်ကျမလဲ?"
“အခန်းသုံးခန်းအတွက် ငွေ ၁၂ တုံးဆို လုံလောက်ပါတယ်။” လဲ့ယ်ထျဲက မစဉ်းစားဘဲ ပြန်ဖြေသည်။
ငွေ၁၂တုံးသည် သူတို့၏ပိုင်ဆိုင်မှုအားလုံးနှင့် နှိုင်းယှဉ်လျှင် များတယ်ဟုမဆိုသာ။ချင်မျန်က သက်ပြင်းတစ်ချက်ချပြီး ပြုံးပြုံးရွှင်ရွှင်နဲ့ပြောလိုက်သည်။
“ဒီအချိန်မှာ လှည်းမဝယ်နိုင်သေးပေမယ့်လည်း လယ်ထွန်တဲ့အခါသုံးဖို့ နွားပေါက်လေးတော့ ဝယ်လို့ရနိုင်ပါတယ်။ဘယ်လောက်,လောက်ရှိမလဲ?"
လဲ့ယ်ထျဲက ခေါင်းခါပြီး “လုံလောက်ပါတယ်”
ချင်မျန်က မအံ့သြပေ။လဲ့ယ်ထျဲက အခုမှပြန်လာတော့ လက်ရှိဈေးကွက်ကို မသိမှာပဲ စိုးရိမ်မိ၏။
နှစ်ယောက်စလုံးက အဲဒီအကြောင်းကို အချိန်တစ်ခုကြာအောင် မေးမြန်းစုံစမ်းပြီး တိရစ္ဆာန်ရောင်းတဲ့နေရာကို တိုက်ရိုက်သွားကြသည်။ထိုတိရစ္ဆာန်များသည် နေရာတိုင်းတွင် အညစ်အကြေးများ ထုတ်နေပြီး အနံ့ဆိုးများ ထွက်ပေါ်နေသောကြောင့် နေရာတစ်နေရာကို မြို့၌ အထူးတလည်သတ်မှတ်ပေးထားခဲ့သည်။တကယ်တော့ အဲဒါက မြို့ရဲ့အစွန်းမှာ ရှိနေတဲ့ နေရာကျယ်တစ်ခုမှာပင်။ကျွဲနွား၊ သိုး၊ ဝက်၊ မြည်း၊ မြင်း အားလုံးရှိ၏။အချိန်ကြာလာသည်နှင့်အမျှ ဤနေရာသည် သေးငယ်သော တိရစ္ဆာန်ရောင်းဝယ်ရေးဈေးကွက်တစ်နေရာဖြစ်လာခဲ့သည်။
နှစ်ယောက်သား ထိုအနီးနားကို ရောက်တဲ့အခါ ဆိုးရွားတဲ့အနံ့တွေက အလုံးလိုက်အရင်းလိုက်ထွက်လာပြီး သူတို့ရဲ့ နှာခေါင်းတွေကနေ ထိုးဖောက်ဝင်ရောက်သွားသည်။သူတို့က ဂရုမထားစွာ လှည့်ပတ်ကြည့်ကြ၏။မြေသည် နွားချေးမြေဩဇာများနှင့် ပြည့်နှက်နေ၏။ဝက်၊ နွားနှင့် သိုးတို့၏အသံများ ရောထွေးနေကာ အလွန်အသက်ဝင်နေသည်။
ရောင်းသူတွေက ဒီလိုပတ်ဝန်းကျင်မျိုးမှာ ကျင့်သားရနေပြီ။သူတို့က နံရံဘေးတွင် ထိုင်ကာ ဝယ်သူများကို စောင့်ဆိုင်းနေရင်း စိတ်မဝင်စားစွာ ပျင်းတိပျင်းရွဲပုံပေါ်နေကြသည်။
"နွားသိုးအထီး ဝယ်မလား?နွားသိုးအမပဲ ဝယ်မလား?" ချင်မျန်က မေးလိုက်သည်။
Advertisement
လဲ့ယ်ထျဲက ပြောလိုက်၏။ "မင်း ဆုံးဖြတ်"
ဒီစကားကို ထပ်ကြားရတော့ အိမ်က ကိစ္စအားလုံးကို တကယ်ဆုံးဖြတ်ရခြင်းမှာ လဲ့ယ်ထျဲက ဘာမှဂရုမစိုက်တာကြောင့်ဟု တွေးမိရင်းနဲ့ ချင်မျန်သည် ခိုကိုးရာမဲ့ဖြစ်သလို ခံစားနေရသည်။
“ဒါဆိုရင်လည်း နွားသိုးအထီးပဲဝယ်ကြတာပေါ့” ချင်မျန်က ဘယ်ညာကြည့်ရင်း ပြောလိုက်၏။
မြည်းလေးတစ်ကောင်က စိုးရိမ်တကြီးနဲ့ မြေပြင်ကို ကန်ချလိုက်ပြီး ရုတ်တရက် ခြေနှစ်လှမ်းဆုတ်သွား၏။ချင်မျန်သည်လည်း ထိတ်လန့်သွားကာ ဘေးနားသို့ အလျင်အမြန် ပြေးရောက်လာသည်။
သူ့သခင်က အသက်ငါးဆယ်ကျော် အဘိုးအိုတစ်ဦးဖြစ်ပြီး အပြစ်ရှိစိတ်နဲ့ပြုံးပြကာ သူ့လက်ထဲက ကြိုးကိုဆွဲပြီး ထိုမြည်းကို ဘေးသို့ဆွဲဖယ်ပေးလိုက်သည်။
ချင်မျန်က သူ့စိတ်ထဲမထားကြောင်း ပြန်ပြုံးပြလိုက်ပြီး သူ့ရှေ့တွင် နွားရောင်းတဲ့လူ တော်တော်များများကို တွေ့လိုက်ရ၏။စျေးထဲတွင် ပတ်ကြည့်ကာ ဈေးများနှိုင်းယှဉ်ပြီးနောက်မှာတော့ နှစ်,နှစ်သားအရွယ် နွားထီးပေါက်လေးတစ်ကောင်ကို တွေ့လိုက်ရပြီ။အဲဒါလေးက ရေနွား အမျိုးအစားပင်။၎င်း၏ဦးချိုက ထူထဲပြီး ပြားသွားကာ ၎င်း၏မျက်လုံးကြီးနှစ်လုံးသည်လည်း မှန်ကဲ့သို့ ကြည်လင်နေသည်။ပိုင်ရှင်က အထူးတလည် ပြုစုထားရမည်သာ။၎င်း၏အမွှေးက အနက်ရောင်ရှိပြီး သန့်ရှင်းမှုတွေကြောင့် လူကြိုက်များစေခဲ့သည်။ချင်မျန်က ဤမျှလှပသော ရေနွားတစ်ကောင်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။
ဈေးအတွင်း မွေးမြူရေး အရောင်းတာဝန်ခံဖြစ်တဲ့ ပွဲစားကို မေးမြန်းကာ နွားမှာ ကျန်းမာရေးနှင့် အဆင်ပြေမှုတွင် ပြဿနာမရှိကြောင်း ဆုံးဖြတ်ပြီးနောက် ချင်မျန်သည် ၎င်းကိုဝယ်ရန် ငွေတုံး၆ တုံးကိုပေးချေခဲ့ကာ ပွဲစားကို နောက်ထပ် ဝမ် ၁၀၀ ပေးခဲ့သည်။
လဲ့ယ်ထျဲက သူပြောသည့်အတိုင်း ဆုံးဖြတ်ခွင့်ပေးထားလိုက်သည်။ထိုအချိန်တွင် သူသည် ကန့်ကွက်ခြင်းမရှိ နက်မှောင် နက်ရှိုင်းသည့် မျက်လုံးများဖြင့် သူ့ကို ပေါ့ပေါ့ပါးပါး ကြည့်နေရုံသာ။ရံဖန်ရံခါ သူ့အကြည့်များကြောင့် ချင်မျန်၏နှလုံးခုန်သံမှာ မတည်မငြိမ်ဖြစ်သွားရသည်။
ဒါပေမယ့် သူ့မှာ ဝယ်စရာတွေ အများကြီးရှိနေတဲ့အတွက် မကြာခင်မှာပင် သူ့အာရုံက ပြောင်းသွား၏။လဲ့ယ်ထျဲကို နွားပေါက်လေးအား ဦးဆောင်ခေါ်ယူစေကာ သူသည်ကား ဟင်းရွက်အစေ့အချို့၊သကြား ၂ ဂျင်းနှင့် ဝက်လိုင်းသား ၂ ကျင်းကို သွားဝယ်နေသည်။သေချာတာကတော့ သူ ကတိပေးထားတဲ့ မုန့်တွေကိုဝယ်ဖို့လည်း မမေ့လေဘူး။နောက်ဆုံးတွင် အထည်ဆိုင်သို့သွားကာ အပ်ထားခဲ့သည့် အဝတ်အစားအသစ်များကို ယူပြီးနောက် နွားပေါက်လေးကို ခေါ်ဆောင်လျက် အိမ်သို့ပြန်ခဲ့ကြသည်။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
[Zawgyi]
027:ေငြ႐ွာၿပီးေတာ့လည္း ေငြကုန္ရတာပဲ
ေလ်ာင္က်စ္ဖုသည္ကား ဆြံ႕အလ်က္ အခ်ိန္အေတာ္ၾကာမွ ျပန္ေျပာႏိုင္ခဲ့သည္ – “ဟားဟား.....လူငယ္ေတြက စကားေျပာေကာင္းတာပဲ။က်ဳပ္ မင္းနဲ႔ ၿပိဳင္ၿပီး အျငင္းအခုံ မလုပ္ႏိုင္ေတာ့ပါဘူး"
သူသည္ သူ႕စကားလုံးေတြကို ဆက္ထိန္းထားၿပီး သေဘာတူညီခ်က္ကိုေတာ့ မဖ်က္လိုက္ေပ။
ခ်င္မ်န္က ပိုက္ဆံေတြ အမ်ားႀကီး႐ွာလို႔ရခဲ့တာ
ေၾကာင့္ စိတ္အေျခအေနေကာင္းေနၿပီး ေအးစက္စက္ ဆက္ဆံခံရတာကို ဂ႐ုမစိုက္ေနေတာ့ေပ။ “ကြၽန္ေတာ္တို႔ လုပ္စရာေတြ က်န္ေသးလို႔ သြားပါေတာ့မယ္။မန္ေနဂ်ာေလ်ာင္ ဆက္ၿပီး အလုပ္ ႀကိဳးစားလိုက္ပါဦး"
ေလ်ာင္က်စ္ဖုသည္ စကားမ်ားမ်ားေျပာရန္ စိတ္မ၀င္စားေတာ့ဘဲ ဝတ္ေက်တမ္းေက်သာ လက္ကို ေဝွ႔ယမ္းျပလိုက္သည္။သူက အေသးစိတ္ပုံစံမူၾကမ္းကိုယူၿပီး ဆိုင္အေနာက္ဘက္ထဲက အလုပ္႐ုံထဲကို အျမန္မဝင္ခင္ လက္လုပ္ေခါက္ဆြဲညစ္စက္ကို ယူလာခဲ့ရန္ ဆိုင္လက္ေထာက္ကို ခိုင္းခဲ့သည္။
ခ်င္မ်န္သည္ တံခါးမွ ထြက္သြားၿပီးေနာက္ ေနာက္သို႔ ျပန္လွည့္ၾကည့္လိုက္သည္။
ထို႔ေနာက္ လဲ့ယ္ထ်ဲ၏လက္ကိုဆြဲကာ အျမန္ထြက္သြားေလေတာ့သည္။အေဝးကို ေရာက္သြားၿပီးမွသာ သူ႕ေနာက္ဘက္ကို လွမ္းၾကည့္ၿပီး သူ႕မ်က္လုံးေတြျဖင့္ လမ္းသြားလမ္းလာမ်ားကို လွ်ိဳ႕ဝွက္စြာဘယ္ညာလွည့္ပတ္ၾကည့္ေနသည္။သံသယျဖစ္ဖြယ္ တစ္စုံတစ္ရာ မေတြ႕မွသာလွ်င္ သူ႕အၾကည့္ေတြကို ျပန္ဆုတ္လိုက္၏။
"ဘာျဖစ္လို႔လဲ?" လဲ့ယ္ထ်ဲလည္း တစ္ဖန္လွည့္ၾကည့္လိုက္ေတာ့ ထူးထူးျခားျခား ဘာမွမေတြ႕ရေပ။
ခ်င္မ်န္က တိုးတိုးေလးကပ္ေျပာလိုက္၏။ “ဘာမွမဟုတ္ပါဘူး။အဲဒီလူဆီကေန ပိုက္ဆံေတြ အမ်ားႀကီးရေအာင္ယူလာခဲ့တာေလ။သူကလည္း ဆႏၵမ႐ွိတာေၾကာင့္ ပိုက္ဆံကိုျပန္လုယက္ဖို႔ အနီးအနားမွာ တစ္ေယာက္ေယာက္ကို လွ်ိဳ႕ဝွက္ၿပီး ေစလႊတ္ထားမွာ ကြၽန္ေတာ္ စိုးရိမ္မိတယ္"
သူ႕လက္ထဲတြင္ ေလးလံသည့္အိတ္ကို ေပြ႕ဖက္ထားကာ ေနာက္ျပန္ လွည့္မၾကည့္ဘဲလည္း မေနႏိုင္။သို႔ေသာ္လည္း သူတို႔ႏွင့္ အတူတူလမ္းေပၚ႐ွိေနသည့္ အရပ္႐ွည္႐ွည္ အရပ္ဝတ္အမ်ိဳးသားတစ္ဦးသည္ နားမလည္ႏိုင္စြာ သူ႕ကို သံသယျဖင့္ ၾကည့္ေနသည္။
“ဟက္.......”
အနီးနားတြင္ ရယ္ေမာသံတစ္ခု ထြက္ေပၚလာ၏။ခ်င္မ်န္သည္ သူနားၾကားမွားတယ္လို႔ထင္ကာ ေၾကာင္အမိသြားေလသည္။သူသည္ လမ္းလယ္တြင္ ရပ္ေနကာ လဲ့ယ္ထ်ဲကို နားမလည္ႏိုင္အၾကည့္မ်ားျဖင့္ စိုက္ၾကည့္ေန၏။
လဲ့ယ္ထ်ဲက တကယ္ႀကီး ရယ္လိုက္တဲ့အျပင္ အသံပါထြက္သြားတယ္တဲ့လား?
လဲ့ယ္ထ်ဲသည္လည္း သူရယ္လိုက္မိတာေၾကာင့္ သူ႕ကိုယ္သူ အံ့ၾသသြားပုံရကာ ေကာ့တက္သြားတဲ့ ႏႈတ္ခမ္းေတြက ပုံမွန္အေနအထားကို ခ်က္ခ်င္းျပန္ေရာက္သြား၏။ပိုက္ဆံအိတ္ကို သူ႕ရင္ဘတ္အိတ္ထဲမထည့္ခင္ ခ်င္မ်န္ကို ေ႐ွ႕သို႔ေရာက္ေအာင္ ဆြဲေခၚလိုက္သည္။သူ႕ကို မၾကည့္ဘဲ သာမန္ကာလွ်ံကာ ေျပာလိုက္၏။ “မေၾကာက္နဲ႔”
ခ်င္မ်န္က စိတ္နဲ႔ကိုယ္ ျပန္ကပ္သြားေတာ့ အေတာ္ေလး ေနာင္တရမိသြားသလို ခံစားလိုက္ရသည္။လဲ့ယ္ထ်ဲက ႏွစ္စကၠန္႔ထက္ ပိုၿပီးေတာ့ မရယ္ႏိုင္ဘူးလား?ဒီလူက ေခ်ာေမာခန္႔ညားေသာ္လည္း မည္သည့္အမူအရာမွ မျပတတ္သလို ႏႈတ္လည္းဆိတ္၏။
အခုေလးတင္ လဲ့ယ္ထ်ဲ ရယ္လိုက္ပုံမွာ သူ မ်က္လုံးထဲတြင္ ထင္းခနဲျဖစ္သြားေစသည္။သူ႕(ခ်င္မ်န္)ၾကည့္ရတာ အရင္ဘဝတုန္းမွာလည္း ကံတရားက မဆိုးဘူးပဲ!
သို႔ေသာ္ လဲ့ယ္ထ်ဲ၏ “မေၾကာက္နဲ႔” ဟူေသာ စကားလုံးက သူ႕ကို တကယ္ပဲစိတ္သက္သာရာ ရေစခဲ့သည္။သူ စိတ္ေလွ်ာ့လိုက္ၿပီး လဲ့ယ္ထ်ဲက သူ႕လက္ေကာက္ဝတ္ကို ဆုပ္ကိုင္ထားဆဲဆိုတာကိုေတာင္ သတိမထားမိလိုက္ဘူး။
"ဘာဝယ္ၾကမလဲ?" လဲ့ယ္ထ်ဲက ေမးသည္။
Advertisement
ေငြသုံးရမယ့္အခ်ိန္ကို ေရာက္လာေသာအခါ ခ်င္မ်န္သည္ စိတ္လႈပ္႐ွားသြားၿပီး လဲ့ယ္ထ်ဲကို ေတာက္ပသည့္မ်က္လုံးမ်ားျဖင့္ ၾကည့္လိုက္သည္။
“အိမ္အရင္ေဆာက္ခ်င္တယ္။ႏွစ္သစ္ကူးအခ်ိန္မီ ၿပီးႏိုင္မလား?” ထိုအခ်ိန္တြင္ သူသည္ သူတို႔၏အိမ္ေဆာက္မည့္ျခံေျမေနရာကိုပင္ မေရာက္ဖူးေသးေၾကာင္း ႐ုတ္တရက္ သတိရမိသည္။
လဲ့ယ္ထ်ဲက မေျပာေသာ္လည္း ေခါင္းသာ ညိတ္ျပလိုက္သည္။
"အလုပ္မ်ားတဲ့ကာလၿပီးရင္ စၾကမယ္" သူ႕ဇနီးေလးက အရမ္းအရည္အခ်င္း႐ွိတယ္၊သူ တစ္ခုခုကိုမ်ား လုပ္ခ်င္ေနတာလား?
စပါးရိတ္သိမ္းၿပီးေသာ္လည္း ေနာက္တစ္ဆင့္မွာ လယ္စိုက္ရန္ႏွင့္ ေဆာင္းဂ်ံဳစိုက္ရန္ ျပင္ဆင္ရမည္ ျဖစ္သည္။ဂ်ံဳစိုက္ၿပီးမွသာ အလုပ္မ်ားေသာကာလ ကုန္ဆုံးမည္ပင္။သို႔ေသာ္ျငားလည္း ခ်င္မ်န္က ဆယ္ရက္ကေန တစ္လခြဲအထိ ေစာင့္ႏိုင္ပါေသး၏။
"အၾကမ္းဖ်င္းအားျဖင့္ ဘယ္ေလာက္က်မလဲ?"
“အခန္းသုံးခန္းအတြက္ ေငြ ၁၂ တုံးဆို လုံေလာက္ပါတယ္။” လဲ့ယ္ထ်ဲက မစဥ္းစားဘဲ ျပန္ေျဖသည္။
ေငြ၁၂တုံးသည္ သူတို႔၏ပိုင္ဆိုင္မႈအားလုံးႏွင့္ ႏိႈင္းယွဥ္လွ်င္ မ်ားတယ္ဟုမဆိုသာ။ခ်င္မ်န္က သက္ျပင္းတစ္ခ်က္ခ်ၿပီး ျပဳံးျပဳံး႐ႊင္႐ႊင္နဲ႔ေျပာလိုက္သည္။
“ဒီအခ်ိန္မွာ လွည္းမဝယ္ႏိုင္ေသးေပမယ့္လည္း လယ္ထြန္တဲ့အခါသုံးဖို႔ ႏြားေပါက္ေလးေတာ့ ဝယ္လို႔ရႏိုင္ပါတယ္။ဘယ္ေလာက္,ေလာက္႐ွိမလဲ?"
လဲ့ယ္ထ်ဲက ေခါင္းခါၿပီး “လုံေလာက္ပါတယ္”
ခ်င္မ်န္က မအံ့ၾသေပ။လဲ့ယ္ထ်ဲက အခုမွျပန္လာေတာ့ လက္႐ွိေဈးကြက္ကို မသိမွာပဲ စိုးရိမ္မိ၏။
ႏွစ္ေယာက္စလုံးက အဲဒီအေၾကာင္းကို အခ်ိန္တစ္ခုၾကာေအာင္ ေမးျမန္းစုံစမ္းၿပီး တိရစၧာန္ေရာင္းတဲ့ေနရာကို တိုက္႐ိုက္သြားၾကသည္။ထိုတိရစၧာန္မ်ားသည္ ေနရာတိုင္းတြင္ အညစ္အေၾကးမ်ား ထုတ္ေနၿပီး အနံ႔ဆိုးမ်ား ထြက္ေပၚေနေသာေၾကာင့္ ေနရာတစ္ေနရာကို ၿမိဳ႕၌ အထူးတလည္သတ္မွတ္ေပးထားခဲ့သည္။တကယ္ေတာ့ အဲဒါက ၿမိဳ႕ရဲ႕အစြန္းမွာ ႐ွိေနတဲ့ ေနရာက်ယ္တစ္ခုမွာပင္။ကြၽဲႏြား၊ သိုး၊ ဝက္၊ ျမည္း၊ ျမင္း အားလုံး႐ွိ၏။အခ်ိန္ၾကာလာသည္ႏွင့္အမွ် ဤေနရာသည္ ေသးငယ္ေသာ တိရစၧာန္ေရာင္းဝယ္ေရးေဈးကြက္တစ္ေနရာျဖစ္လာခဲ့သည္။
ႏွစ္ေယာက္သား ထိုအနီးနားကို ေရာက္တဲ့အခါ ဆိုး႐ြားတဲ့အနံ႔ေတြက အလုံးလိုက္အရင္းလိုက္ထြက္လာၿပီး သူတို႔ရဲ႕ ႏွာေခါင္းေတြကေန ထိုးေဖာက္ဝင္ေရာက္သြားသည္။သူတို႔က ဂ႐ုမထားစြာ လွည့္ပတ္ၾကည့္ၾက၏။ေျမသည္ ႏြားေခ်းေျမဩဇာမ်ားႏွင့္ ျပည့္ႏွက္ေန၏။ဝက္၊ ႏြားႏွင့္ သိုးတို႔၏အသံမ်ား ေရာေထြးေနကာ အလြန္အသက္ဝင္ေနသည္။
ေရာင္းသူေတြက ဒီလိုပတ္ဝန္းက်င္မ်ိဳးမွာ က်င့္သားရေနၿပီ။သူတို႔က နံရံေဘးတြင္ ထိုင္ကာ ဝယ္သူမ်ားကို ေစာင့္ဆိုင္းေနရင္း စိတ္မဝင္စားစြာ ပ်င္းတိပ်င္း႐ြဲပုံေပၚေနၾကသည္။
"ႏြားသိုးအထီး ဝယ္မလား?ႏြားသိုးအမပဲ ဝယ္မလား?" ခ်င္မ်န္က ေမးလိုက္သည္။
လဲ့ယ္ထ်ဲက ေျပာလိုက္၏။ "မင္း ဆုံးျဖတ္"
ဒီစကားကို ထပ္ၾကားရေတာ့ အိမ္က ကိစၥအားလုံးကို တကယ္ဆုံးျဖတ္ရျခင္းမွာ လဲ့ယ္ထ်ဲက ဘာမွဂ႐ုမစိုက္တာေၾကာင့္ဟု ေတြးမိရင္းနဲ႔ ခ်င္မ်န္သည္ ခိုကိုးရာမဲ့ျဖစ္သလို ခံစားေနရသည္။
“ဒါဆိုရင္လည္း ႏြားသိုးအထီးပဲဝယ္ၾကတာေပါ့” ခ်င္မ်န္က ဘယ္ညာၾကည့္ရင္း ေျပာလိုက္၏။
ျမည္းေလးတစ္ေကာင္က စိုးရိမ္တႀကီးနဲ႔ ေျမျပင္ကို ကန္ခ်လိုက္ၿပီး ႐ုတ္တရက္ ေျခႏွစ္လွမ္းဆုတ္သြား၏။ခ်င္မ်န္သည္လည္း ထိတ္လန္႔သြားကာ ေဘးနားသို႔ အလ်င္အျမန္ ေျပးေရာက္လာသည္။
သူ႕သခင္က အသက္ငါးဆယ္ေက်ာ္ အဘိုးအိုတစ္ဦးျဖစ္ၿပီး အျပစ္႐ွိစိတ္နဲ႔ျပဳံးျပကာ သူ႕လက္ထဲက ႀကိဳးကိုဆြဲၿပီး ထိုျမည္းကို ေဘးသို႔ဆြဲဖယ္ေပးလိုက္သည္။
ခ်င္မ်န္က သူ႕စိတ္ထဲမထားေၾကာင္း ျပန္ျပဳံးျပလိုက္ၿပီး သူ႕ေ႐ွ႕တြင္ ႏြားေရာင္းတဲ့လူ ေတာ္ေတာ္မ်ားမ်ားကို ေတြ႕လိုက္ရ၏။ေစ်းထဲတြင္ ပတ္ၾကည့္ကာ ေဈးမ်ားႏိႈင္းယွဥ္ၿပီးေနာက္မွာေတာ့ ႏွစ္,ႏွစ္သားအ႐ြယ္ ႏြားထီးေပါက္ေလးတစ္ေကာင္ကို ေတြ႕လိုက္ရၿပီ။အဲဒါေလးက ေရႏြား အမ်ိဳးအစားပင္။၎၏ဦးခ်ိဳက ထူထဲၿပီး ျပားသြားကာ ၎၏မ်က္လုံးႀကီးႏွစ္လုံးသည္လည္း မွန္ကဲ့သို႔ ၾကည္လင္ေနသည္။ပိုင္႐ွင္က အထူးတလည္ ျပဳစုထားရမည္သာ။၎၏အေမႊးက အနက္ေရာင္႐ွိၿပီး သန္႔႐ွင္းမႈေတြေၾကာင့္ လူႀကိဳက္မ်ားေစခဲ့သည္။ခ်င္မ်န္က ဤမွ်လွပေသာ ေရႏြားတစ္ေကာင္ကို ပထမဆုံးအႀကိမ္ ျမင္ဖူးျခင္းပင္။
ေဈးအတြင္း ေမြးျမဴေရး အေရာင္းတာဝန္ခံျဖစ္တဲ့ ပြဲစားကို ေမးျမန္းကာ ႏြားမွာ က်န္းမာေရးႏွင့္ အဆင္ေျပမႈတြင္ ျပႆနာမ႐ွိေၾကာင္း ဆုံးျဖတ္ၿပီးေနာက္ ခ်င္မ်န္သည္ ၎ကိုဝယ္ရန္ ေငြတုံး၆ တုံးကိုေပးေခ်ခဲ့ကာ ပြဲစားကို ေနာက္ထပ္ ဝမ္ ၁၀၀ ေပးခဲ့သည္။
လဲ့ယ္ထ်ဲက သူေျပာသည့္အတိုင္း ဆုံးျဖတ္ခြင့္ေပးထားလိုက္သည္။ထိုအခ်ိန္တြင္ သူသည္ ကန္႔ကြက္ျခင္းမ႐ွိ နက္ေမွာင္ နက္႐ိႈင္းသည့္ မ်က္လုံးမ်ားျဖင့္ သူ႕ကို ေပါ့ေပါ့ပါးပါး ၾကည့္ေန႐ုံသာ။ရံဖန္ရံခါ သူ႕အၾကည့္မ်ားေၾကာင့္ ခ်င္မ်န္၏ႏွလုံးခုန္သံမွာ မတည္မၿငိမ္ျဖစ္သြားရသည္။
ဒါေပမယ့္ သူ႕မွာ ဝယ္စရာေတြ အမ်ားႀကီး႐ွိေနတဲ့အတြက္ မၾကာခင္မွာပင္ သူ႕အာ႐ုံက ေျပာင္းသြား၏။လဲ့ယ္ထ်ဲကို ႏြားေပါက္ေလးအား ဦးေဆာင္ေခၚယူေစကာ သူသည္ကား ဟင္း႐ြက္အေစ့အခ်ိဳ႕၊သၾကား ၂ ဂ်င္းႏွင့္ ဝက္လိုင္းသား ၂ က်င္းကို သြားဝယ္ေနသည္။ေသခ်ာတာကေတာ့ သူ ကတိေပးထားတဲ့ မုန္႔ေတြကိုဝယ္ဖို႔လည္း မေမ့ေလဘူး။ေနာက္ဆုံးတြင္ အထည္ဆိုင္သို႔သြားကာ အပ္ထားခဲ့သည့္ အဝတ္အစားအသစ္မ်ားကို ယူၿပီးေနာက္ ႏြားေပါက္ေလးကို ေခၚေဆာင္လ်က္ အိမ္သို႔ျပန္ခဲ့ၾကသည္။
Advertisement
- In Serial8 Chapters
Kalos
A new life steps in this world. Watch it learn and grow, fail and despair, love and hate, as it becomes the strongest. You do not need to know the game
8 88 - In Serial52 Chapters
CALL OF THE DAO
This is a story of a young boy, Lin Feng, whose passion for cultivation dies once he opens his meridians, he decides to leave his family and settle on a small Mountain, to kill his boredom, he starts painting, carving, farming and other hobbies. What he doesn't know is the things he thinks are normal can make cultivators lose their minds. Join Lin Feng in his daily normal life. The cover isn't mine, just found it on google. If the artist wants it removed just dm me and I will remove it.
8 124 - In Serial27 Chapters
Museum of Exoplanetary Archaeology, Mars Colony 7 (Exoplanetary Archaeology Series, Vol 1 of 5)
Heading for Mars this weekend? Stop by New Toronto, Colony 7 to enjoy the Museum of Exoplanetary Archaeology. Because there's more to Bradbury Ward than Asimov Park! And enhance your visit with this full-color guide, which highlights more than 30 exhibits representing civilizations hundreds of parsecs distant and thousands of local cycles old. If you're searching for intelligent life on Mars, look no further than this lavish introduction to the splendors of Coalition space!
8 78 - In Serial14 Chapters
Between War and Magic
In this world of magic and war, death is common place, the only ones who can safely survive are those who command and understand magic. Rayen is an orphan kid of humble origins whose goal is to become a great mage. To achieve this he must adventure around the mysterious world and meet a lot of interesting people and places. But unprecedented changes are about to occur. Changes that will shake the world and bring dangers by which not even the best mages will be safe anymore. And he will be in the center of it all. Will he be able to survive? Will he become a great mage?
8 137 - In Serial41 Chapters
Taken to Another World In My Bathrobes - Isekai
After being swallowed by a dragon Tristan Bell finds himself in Umbra, a land of swords and sorcery. He will need to figure out what's going on, gear up and learn some spells all without being killed by magical beasts, renegade magi and a dragon unleashed from a century long imprisonment. The answers he seeks and the power he needs are in Tempest academy, a school of magic and a dark secret that threatens the lives of Tristan, his friends and the whole of Umbra.
8 224 - In Serial64 Chapters
101 Writing Tips from an Exhausted Reviewer
I've been reviewing stories on Wattpad for a while now and, boy, has that been a journey. Your stories have made me gasp and squeal. Your stories have made me laugh and cry. But, from time to time, your stories have made me cringe. In commemoration of my review store hitting 100 reviews, I thought it was about time to break down my reviewing journey, with the help of a fellow reviewer, @awesomeSTG. This book will contain chapters regarding the common errors I see in stories, it will offer tips on how to make your story professional, and there will also be some sneaky rants about what people expect from a reviewer. Welcome to 101 Writing Tips from an Exhausted Reviewer, featuring two very exhausted reviewers: @ray_of_sunshine9 and @awesomeSTG.Or, as perfectly said by @awesomeSTG: Ladies and gentlemen, folks far and wide! Sharpen your quills, prepare your scrolls, and polish your fire-resistant armours, for we shall finally cool off your burning queries - or scorch you even more - with our word of wisdom (namely rants) and advice! Hear ye, hear ye!And the incredible cover is done by the very talented @g_beckford - thank you so much!
8 222

