《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[28]
Advertisement
[Unicode]
028:အလိုလိုက်ပေးခြင်း
ချင်မျန်သည် ငွေတွေ အများကြီးရှာနိုင်ခဲ့သော
ကြောင့် စိတ်အခြေအနေမှာ အထူးကောင်းမွန်နေ
သည့် အခြေအနေတွင်ရှိနေ၏။လဲ့ယ်ထျဲမှာ အမူအယာကင်းမဲ့လျက်ရှိနေသော်လည်း သူ့ရဲ့စိတ်အေးလက်အေးရှိနေပုံမှာ သူသည်လည်း စိတ်အခြေအနေကောင်းနေကြောင်း ပြသနေသည်။ချင်မျန်က ရေနွားသိုးတစ်ကောင်ကို ဦးဆောင်ဆွဲခေါ်နေစဉ် သူဝယ်ခဲ့သော ပစ္စည်းများအားလုံးကို သူ့(လဲ့ယ်ထျဲ)နောက်ကျောတွင် ထမ်းကာ လမ်းလျှောက်နေရင်း ချင်မျန်ကတော့ဖြင့် ထိုနွားသိုးပေါက်၏ လည်ပင်းနှင့်ကျောတို့ကို ရံဖန်ရံခါ လာပွတ်သပ်ပေးနေသည်။ထိုနွားသိုးသည် အကျင့်စာရိတ္တကောင်းမွန်ပြီး နှောင့်ယှက်ခံရမှုကိုလည်း စိတ်မ၀င်စားပေ။ရှေ့သို့သာ ဖြည်းညှင်းစွာရွေ့လျားနေပြီး သက်တောင့်သက်သာရှိစွာဖြင့် ၎င်း၏အမြီးကို ရံဖန်ရံခါ လှုပ်လှုပ်ရှားရှား လှုပ်ယမ်းလိုက်သေး၏။
လဲ့ယ်ထျဲက အံ့သြတကြီး ကြည့်နေသည်။ချင်မျန်က သူ့ကို ပြုံးပြပြီး ဆက်ပွတ်သပ်ပေးနေရင်း ငြင်းနိုင်ဖွယ်မရှိသည့် စကားတွေကို ဆက်ပြောနေသည်။ “ကျွန်တော်က သူ့ကို ယဥ်အောင် ပြုစုပျိုးထောင်ပေးနေတာ။ယဥ်သွားရင် မြို့ထဲကို မြင်းလို စီးလို့ရတယ်။”
ခုနက ဈေးထဲမှာ မြင်းတွေမတွေ့ခဲ့ရဘူး။တကယ်တော့ သူတို့ရှိနေတာက ရှေးခေတ်က ခေတ်နောက်ကျသည့် အချိန်ကာလမှာလေ။စစ်ဘက်ဆိုင်ရာ အထောက်အပံ့အဖြစ် မြင်းတွေကို နယ်ချဲ့တရားရုံးက ထိန်းချုပ်ထားနိုင်ဖွယ်ရှိသည်။
လဲ့ယ်ထျဲက ခေါင်းခါပြီး နွားသိုးကို တစ်ချက်ကြည့်လိုက်သည်။ဘာမှပြန်မပြောဘဲ သူ့မျက်လုံးတွေက သူ့ဇနီးလေးရဲ့ပြုံးနေသည့် မျက်နှာပေါ်တွင်သာ ကျရောက်နေ၏။
ပြန်ရောက်လာဖို့ အချိန်က နည်းနည်းလေးလို့ အမြဲထင်ရသည်။ တောင်ခြေကိုရောက်ဖို့ အချိန်သိပ်မကြာလိုက်ဘဲ အောက်ဘက်ကရွာကိုမြင်နေရပြီ။
ချွေးများဖြင့် ရွှဲနှစ်နေသည့် လယ်သမားများသည် စကားပြောနေစဉ် လဲ့ယ်ထျဲနှင့်ချင်မျန် ပြန်လာသည်ကို မြင်ကြသောအခါ လွန်စွာအံ့သြသွားကြသည်။နွားသိုးကို အထင်ကြီးအားကျမှုတွေအပြင် မနှာလိုမှုတွေ အတိုင်းသားဖြင့် ကြည့်နေကြပြီး အသံတိုးတိုးဖြင့် သူတို့အကြောင်းကို ပြောဆိုနေကြသည်။
"ဟဲ့...အဲဒါ လဲ့ယ်ထျဲနဲ့ သူ့မိန်းမ,မလား?"
မရီးကျန်းက ထရပ်ပြီး ချွေးတွေကို သုတ်လိုက်သည်။ရွာထဲက လမ်းကို အမှတ်မထင်ကြည့်လိုက်တော့ သူတို့နှစ်ယောက်ကို တွေ့လိုက်ရ၏။ အံ့အားသင့်စွာဖြင့် သူမယောက်ျားကို လက်ဖြင့်ပုတ်ပြလိုက်သည်။
ကျန်းတရွှေရဲ့ လက်သည် ယိုင်သွားပြီး သူ့လက်ကို ဖြတ်လုနီးပါးပင် ဖြစ်သွားသည်။သူ့မိန်းမကို ကူကယ်ရာမဲ့စွာ စိုက်ကြည့်ရင်း လမ်းကို ပြန်ကြည့်တော့ အံ့အားသင့်သွား၏။
“ဟုတ်တယ်”
မရီးကျန်းက အသံတိမ်တိမ်ဖြင့် ပြောလိုက်သည်။ “ဒီလိုနွားသိုးမျိုးတွေက ဈေးမကြီးဘူးလား?လဲ့ယ်ထျဲက သူ့မိသားစုနဲ့ ခွဲမသွားခင် ပိုက်ဆံကို တကယ်ဝှက်ထားပုံရတယ်။”
ကျန်းတရွှေက စိတ်ဆိုးသွားပြီး မျက်မှောင်ကြုတ်ကာ ဆူလိုက်သည်။ “မင်း တခြားသူတွေရဲ့ မိသားစုကို သိပ်စိတ်၀င်စားနေတယ်ပေါ့!”
မရီးကျန်းက သူဘာကို စိတ်ပူနေမှန်း သိတာကြောင့် စိတ်မဆိုးပေ။သူမက သူ့ကို ပြုံးပြုံးလေးကြည့်ကာ နွေးထွေးသောလေသံဖြင့် "ကောင်းပါပြီ။ရှင် ဘာတွေစိတ်ပူနေလဲ ကျွန်မ မသိဘူးထင်နေလို့လား?ဒီအကြောင်းကို သီးသန့်ပြောကြည့်ရအောင်။စိတ်မပူပါနဲ့...ကျွန်မ အတင်းလျှောက်ပြောမှာမဟုတ်ပါဘူး"
ကျန်းတရွှေက သက်ပြင်းချကာ သူ့မိန်းမကို နူးညံ့သောမျက်လုံးများဖြင့် ကြည့်လိုက်သည်။ခေါင်းငုံ့ပြီး စပါးကို ဆက်ရိတ်နေလိုက်၏။သူ့မိန်းမက ပါးစပ်ဖွာတတ်တဲ့သူမဟုတ်မှန်း သူဘယ်လိုလုပ်ပြီး မသိဘဲ နေပါ့မလဲ?စကားများရန်ဖြစ်ခြင်းမှ ကင်းဝေးစေရန် သူမအား အနည်းငယ်သတိပေးရုံမျှသာဖြစ်သည်။
"ဒီသတင်းက လဲ့ယ်အိမ်အိုကြီးဆီကို မကြာခင်ရောက်သွားပြီး လူငယ်စုံတွဲတွေ ပြန်မငြိမ်းချမ်းတော့မှာကို ကျွန်မ စိုးရိမ်မိတယ်"
မရီးကျန်းက ခေါင်းခါပြီး ချင်မျန် နဲ့ လဲ့ယ်ထျဲကို စာနာမိ၏။
ချင်မျန်နဲ့ လဲ့ယ်ထျဲတို့ ရွာထဲကို ဝင်လာပြီး သိပ်မကြာခင်မှာပဲ လယ်ကွင်းထဲက တစ်ယောက်ယောက်က သူတို့ကို နှုတ်ဆက်ဖို့ ထွက်လာခဲ့သည်။
“လဲ့ယ်ထျဲ....မင်းမိသားစုထဲကို နွားသိုးတစ်ကောင် ထပ်ဝယ်ထည့်ထားတာလား?ဒီနွားကို ကောင်းကောင်းရွေးဝယ်ထားတာပဲ။ကြည့်ရတာ သန်မာမယ့်ပုံ”
အဒေါ်ရှူးလန်သည် နွားသိုးကို အမွှန်းတင်ပြီး ချီးကျူးနေပုံရသည်။သူမ၏ကြည်လင်ပြတ်သားသည့်အသံက လျင်မြန်စွာ တစ်စုံတစ်ရာသော အရိပ်အမြွက်တစ်ခုကို သယ်ဆောင်လာ၏။
လဲ့ယ်ထျဲက ခေါင်းညိတ်ပြီး နှုတ်ဆက်လိုက်သည်။ "အားရီ....."
လူအချင်းချင်း ဆက်သွယ်ပြောဆိုမှုမှာတော့ ချင်မျန်ကို အားကိုးရပေမည်။သူက ချက်ချင်းပင် ထိုမိန်းမအား ရင်းရင်းနှီးနှီး ပြုံးပြသော်လည်း စိတ်အားထက်သန်လွန်းသော အပြုံးမျိုးတော့မဟုတ်ပေ။
“ထျဲကောနဲ့ကျွန်တော်က ကျွဲနွားတွေနဲ့ပတ်သတ်ပြီး မရင်းနှီးဘူး၊ကောင်းတာ မကောင်းတာကိုလည်း နားမလည်ဘူးလေ။အရင်က မကောင်းတာဝယ်လာမိမှာကို စိတ်ပူနေတာ။အားရီဆီက စကားကိုကြားရတော့မှပဲ စိတ်သက်သာရာရသွားတော့တယ်”
သူက ရှူးလန်ကို မြှောက်ပင့်ပြောဆိုလိုက်သည်။ရှူးလန်သည် ထိုစကားတွေကိုကြားလိုက်ရတော့ သူမအပေါ်ကို ရွာရှိ တစ်ဦးတည်းသော ယောက်ျားလေးဇနီးသည်ဆီမှ အထင်ကြီးနေသည့်ဟန်ကြောင့် ပိုမိုသက်တောင့်သက်သာ ခံစားလိုက်ရသည်။သူမက ပြုံးပြုံးရွှင်ရွှင်နဲ့ပြောလိုက်၏။
"စိတ်မပူပါနဲ့ ဒီနွားသိုးပေါက်လေးက အဆင်ပြေပါတယ်။အားရီတို့မိဘတွေမှာလည်း နွားနှစ်ကောင်ရှိတယ်၊ သူတို့နဲ့ပတ်သက်ပြီး ရင်းနှီးပါတယ်။ဒီနွားသိုးက ကျန်းမာရဲ့လား ဆိုတာကိုသိဖို့ ပထမအချက်က ပုံပန်းသဏ္ဌာန်မှာ ကြံ့ခိုင်မှုရှိ၊ မရှိအပေါ် မူတည်တယ်။ဒုတိယအနေနဲ့ကတော့ အမွှေးက သပ်သပ်ရပ်ရပ်နဲ့ တောက်ပြောင်နေသလားဆိုတဲ့အပေါ်မှာ မူတည်တယ်။တတိယကတော့ တည်ငြိမ်ပြီး မယိမ်းယိုင်ဘဲလျှောက်လှမ်းနိုင်တယ်ဆိုတာက ကျန်းမာတယ်ဆိုတာကို ပြနေတာပဲ။အလွယ်ဆုံးနည်းလမ်းကတော့ သူတို့ရဲ့ အစာစားချင်စိတ်ကို ကြည့်လိုက်။ စားနိုင်ရင် ပြဿနာမရှိပါဘူး။”
ချင်မျန်က ခေါင်းတညိတ်ညိတ်နဲ့ သဘောကျစွာပြလိုက်သည် “အားရီက...သိပ်သိတာပဲ။ကျွန်တော်တို့ ဝယ်တုန်းကလည်း လက်လတ်ဆတ်ဆတ်ကောက်ရိုးစားနေတာကိုတွေ့တော့ ဝယ်ဖို့ဆုံးဖြတ်လိုက်တာ။”
ဒီအချိန်တွင် သူ မသိသည့်အဒေါ်က အဘယ်ကြောင့် ရုတ်တရက် ရှေ့ပေါ်လာသည်ကို သူ နားမလည်ဘဲ နေပါ့မလဲ။သူ့မိဘမိသားစုမှာ နွားတွေရှိတယ်လို့ ပြောလိုက်တယ်မလား။အဲဒါက သူ့မိသားစုမှာ နွားမရှိဘူးလို့ ပြောတာပဲ။
အကယ်၍ သူမသာ သူတို့နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိပါက ငှားရမ်းလိုလျှင် စကားပြောရန် လွယ်ကူမည်ဖြစ်သည်ချင်မျန်က နွားသိုးနောက်ကျောကို လက်နဲ့ပုတ်ပြီး “ကျွန်တော်တို့ကို အခုလို ပြောပြပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်။နောက်ကျ ဌားသုံးချင်ရင် ပြောပါနော်"
Advertisement
အဒေါ်ရှူးလန်က တကယ်ပျော်နေပြီ။ဒီကောင်လေးရဲ့ ဉာဏ်ရည်ဉာဏ်သွေးကို သူမ တိတ်တဆိတ် ချီးကျူးလိုက်မိသည်။သူမ ရယ်မောပြီး ချင်မျန်ကို ပိုကြည့်လေ ပိုကျေနပ်လေပါပဲ။ “ဒါဆို အရင် ကျေးဇူးတင်ပါတယ်နော်။မင်း အဝေးကြီးလမ်းလျှောက်လာခဲ့ရတာဆိုတော့ ပင်ပန်းနေမှာပဲ။အားရီ မနှောင့်ယှက်တော့ပါဘူး"
“အားရီလည်း ကြိုးစားလိုက်ပါဦးဗျာ"
ရွာထဲကို ဆက်သွားကြပြီး ရွာသူရွာသား အနည်းငယ်က သူတို့ကို နွေးထွေးစွာ နှုတ်ဆက်နေကြသည်။ချင်မျန်ကလည်း အလားတူ ယဉ်ကျေးစွာ တုံ့ပြန်ခဲ့သည်။သူတို့က နွားသိုးအတွက်လာနှုတ်ဆက်ကြသည်ကို သူသိသော်လည်း မကြိုက်တာမျိုးတော့ မဟုတ်ပေ။ရွာသားတွေက အကြောင်းပြချက်မရှိဘဲ လဲ့ယ်ထျဲနဲ့ သူ့ကို အတင်းမပြောကြတော့တဲ့အတွက်ကြောင့်မို့ နွားသိုးလေးချေးငှားဖို့က ကြီးကြီးမားမား ကိစ္စမရှိပေ။
အိမ်ပြန်ရောက်သောအခါ ရှောင်ဟူသည် ကုလားထိုင်နောက်ဘက်တွင် ပျင်းရိစွာမှီထိုင်ကာ ဝါးတုတ်လေးကိုလည်း ရံဖန်ရံခါ ဝှေ့ယမ်းလိုက်သည်။မမျှော်လင့်ထားသည့်အရာမှာ သူ့ဘေးတွင် အသက်အရွယ်တူ ကောင်လေးတစ်ယောက်ရှိနေပြီး အဝတ်အစားများမှာ ကောက်ရိုးအစအနများ စွန်းထင်းနေ၏။သူသည်ကား မြေပြင်ပေါ်တွင် ထိုင်ပြီး ပိုးကောင်များနှင့် စိတ်အားထက်သန်စွာ ကစားနေသည်။ အားရပါးရကစားရင်း တစ်ခုခုကို ဆက်အော်နေကာ သူက တက်တက်ကြွကြွရှိသည့်ပုံပင်။
"ရှောင်ဟူ"
ရှောင်ဟူသည် ချက်ချင်း ခုန်ဆင်းကာ ချင်မျန်ကို ပြုံးပြလိုက်သည်။သူ့မျက်လုံးများက လဲ့ယ်ထျဲ၏ခြင်းတောင်းကို မသိစိတ်အလျောက် ရောက်သွား၏။ “ဦးလေးလဲ့၊ ဦးလေးချင်”
အခြားကလေးငယ်သည်လည်း မတ်တတ်ထရပ်ကာ ချင်မျန်နှင့် လဲ့ယ်ထျဲအား နီရဲနေသော မျက်နှာဖြင့် ကြည့်ကာ အော်ခေါ်လိုက်သည်။ "ဦးလေးလဲ့ယ်...ဦးလေးချင်” သူ့အသံက တော်တော်လေးကို ကျယ်တာပဲ။
ချင်မျန်က ဒီနတ်ဆိုးလေးတွေရဲ့စိတ်ကို မည်သို့ မရိပ်ဖမ်းမိဘဲ နေပါ့မလဲ!သူ့စိတ်ထဲမှာ ရယ်စရာကောင်းတယ်လို့ တိတ်တဆိတ် ထင်ခဲ့ပေမယ့်လည်း သူတို့ကို မစတော့ပါဘူး။သူသည် ခြင်းတောင်းထဲမှ သရေစာ
မုန့်နှစ်ထုပ်ကို ထုတ်ယူလိုက်သည်။ထိုအချိန်က သရေစာမုန့်ဆိုင်တွင် ရှောင်ဟူအတွက် အထုပ်တစ်ထုပ်သာ ဝယ်ခဲ့သော်လည်း လဲ့ယ်ထျဲက သူ့အတွက် နောက်ထပ် အထုပ်တစ်ထုပ်ကို ဝယ်ခဲ့သဖြင့် နှစ်ထုပ်ဝယ်ဖြစ်ခဲ့သည်။
သူသည် တစ်ထုပ်ကို ရှောင်ဟူအား ပေးခဲ့ပြီး ရောင်စုံမုန့်ရှစ်ခုပါရှိသည့် အခြားအထုပ်တစ်ထုပ်ကို ဖွင့်ကာ တခြားကလေးငယ်အတွက် လေးခုကို ထုတ်ပေးခဲ့သည်။
"မင်းတို့တွေ အလုပ်ကြိုးစားခဲ့ကြတာပဲ!"
"ကျေးဇူးတင်ပါတယ် ဦးလေးချင်" ရှောင်ဟူသည် သရေစာမုန့်ထုပ်ကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ ပျော်ရွှင်နေသည်။
တစ်ဖက်ကောင်လေးက သူဘာကြောင့်နည်းသွားတယ်ဆိုတာ နားလည်သွားပြီး သူ့ကိုယ်သူ ထိန်းမထားနိုင်ဘဲ တစ်ခုကို ကောက်ကိုင်လိုက်ပြီး တစ်ကိုက်ကြီးကြီးကိုက်လိုက်ကာ မြန်မြန်ဝါးစားလိုက်သည်။
"ကျေးဇူးတင်ပါတယ်...ဦးလေးချင်"
ချင်မျန်သည် ၎င်းကိုမြင်ပြီး စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်သည်။အရင်က ဒီမုန့်ကို မြည်းစမ်းဖူးပြီး အခုခေတ်နဲ့ ယှဉ်ရင် ပုံပန်းသဏ္ဌာန်၊အရောင်နဲ့ အရသာက ပိုဆိုး၏။ဒါက စီးပွားရေးအခွင့်အလမ်းတစ်ခုပဲ။
"သွားကစားကြတော့။"
နတ်ဆိုးလေးနှစ်ကောင်သည် ဝမ်းသာအားရဖြင့် ပြေးသွားကြသည်။ဒီတစ်ခါတော့ သူတို့အဖော်တွေကို ပြစရာတစ်ခုရှိနေပြီလေ။
"ဦးလေးချင်... တစ်ခုခုကိစ္စရှိရင် ကျွန်တော် ထပ်ပြီးကူညီနိုင်မှာပါ" ရှောင်ဟူသည် လက်ပြနှုတ်ဆက်ကာ ပြေးထွက်သွားခဲ့သည်။
"ဒါ တစ်ခုခုရဲ့အကျိုးကျေးဇူးတွေကို သတိထားလာရတော့မှာပဲ" ချင်မျန်က သူ့ကိုယ်သူတွေးရင်း ရယ်နေမိသည်။
“အင်း....” လဲ့ယ်ထျဲက တံခါးဖွင့်ပေးဖို့ စောင့်နေ၏။
ချင်မျန်၏ဘယ်လက်သည် သူ့ရင်ဘတ်ကို ပွေ့ဖက်ထားပြီး စကားမပြောဘဲ ပျော်ရွှင်နေသည့်အပြုံးမျိုးဖြင့် လဲ့ယ်ထျဲဆီသို့ ညာလက်ကို ဆန့်တန်းထုတ်ထားလိုက်သည်။
ပိုက်ဆံအိတ်ကိုထုတ်ပြီး သူ့လက်ထဲကိုပြန်မအပ်ခင်အထိ လဲယ်ထျဲက အံ့အားသင့်နေဆဲ။
ချင်မျန် ငွေအိတ်ကိုယူကာ တံခါးဖွင့်ရန် သော့ကိုမထုတ်မီ သဘောခွေ့နေသည့်အကြည့်များဖြင့်
ပြန်ကြည့်ကာ ပြောလိုက်၏။
“အလားအလာရှိတဲ့လူငယ်လေးက ကတိတည်တတ်အောင် သင်ကြားပေးဖို့ ထိုက်တန်တယ်လေ”
လဲယ်ထျဲသည်ကား သူ့(ချင်မျန်)မျက်လုံးတွေထဲက အလိုလိုက်ချင်စိတ်တွေ တနင့်တပိုးပြည့်နေသည့် သူ့ရဲ့မျက်ဝန်းတွေကိုဖြင့် သူ့ကိုယ်သူ မသိမည်ကို စိုးရိမ်မိတာကြောင့် ခေါင်းယမ်းလိုက်သည်။
T/N:နွားသိုး(ထီး)နဲ့ ကျွဲက တူတူပဲလား ဒီထဲမှာ oxသုံးလိုက် buffalo သုံးလိုက်နဲ့မို့ပါ......ကိုယ့်မျက်လုံးထဲမှာတော့ တူတူပဲလို့ထင်တယ်
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
[Zawgyi]
028:အလိုလိုက္ေပးျခင္း
ခ်င္မ်န္သည္ ေငြေတြ အမ်ားႀကီး႐ွာႏိုင္ခဲ့ေသာ
ေၾကာင့္ စိတ္အေျခအေနမွာ အထူးေကာင္းမြန္ေန
သည့္ အေျခအေနတြင္႐ွိေန၏။လဲ့ယ္ထ်ဲမွာ အမူအယာကင္းမဲ့လ်က္႐ွိေနေသာ္လည္း သူ႕ရဲ႕စိတ္ေအးလက္ေအး႐ွိေနပုံမွာ သူသည္လည္း စိတ္အေျခအေနေကာင္းေနေၾကာင္း ျပသေနသည္။ခ်င္မ်န္က ေရႏြားသိုးတစ္ေကာင္ကို ဦးေဆာင္ဆြဲေခၚေနစဥ္ သူဝယ္ခဲ့ေသာ ပစၥည္းမ်ားအားလုံးကို သူ႕(လဲ့ယ္ထ်ဲ)ေနာက္ေက်ာတြင္ ထမ္းကာ လမ္းေလွ်ာက္ေနရင္း ခ်င္မ်န္ကေတာ့ျဖင့္ ထိုႏြားသိုးေပါက္၏ လည္ပင္းႏွင့္ေက်ာတို႔ကို ရံဖန္ရံခါ လာပြတ္သပ္ေပးေနသည္။ထိုႏြားသိုးသည္ အက်င့္စာရိတၱေကာင္းမြန္ၿပီး ေႏွာင့္ယွက္ခံရမႈကိုလည္း စိတ္မ၀င္စားေပ။ေ႐ွ႕သို႔သာ ျဖည္းညႇင္းစြာေ႐ြ႕လ်ားေနၿပီး သက္ေတာင့္သက္သာ႐ွိစြာျဖင့္ ၎၏အၿမီးကို ရံဖန္ရံခါ လႈပ္လႈပ္႐ွား႐ွား လႈပ္ယမ္းလိုက္ေသး၏။
လဲ့ယ္ထ်ဲက အံ့ၾသတႀကီး ၾကည့္ေနသည္။ခ်င္မ်န္က သူ႕ကို ျပဳံးျပၿပီး ဆက္ပြတ္သပ္ေပးေနရင္း ျငင္းႏိုင္ဖြယ္မ႐ွိသည့္ စကားေတြကို ဆက္ေျပာေနသည္။ “ကြၽန္ေတာ္က သူ႕ကို ယဥ္ေအာင္ ျပဳစုပ်ိဳးေထာင္ေပးေနတာ။ယဥ္သြားရင္ ၿမိဳ႕ထဲကို ျမင္းလို စီးလို႔ရတယ္။”
ခုနက ေဈးထဲမွာ ျမင္းေတြမေတြ႕ခဲ့ရဘူး။တကယ္ေတာ့ သူတို႔႐ွိေနတာက ေ႐ွးေခတ္က ေခတ္ေနာက္က်သည့္ အခ်ိန္ကာလမွာေလ။စစ္ဘက္ဆိုင္ရာ အေထာက္အပံ့အျဖစ္ ျမင္းေတြကို နယ္ခ်ဲ႕တရား႐ုံးက ထိန္းခ်ဳပ္ထားႏိုင္ဖြယ္႐ွိသည္။
လဲ့ယ္ထ်ဲက ေခါင္းခါၿပီး ႏြားသိုးကို တစ္ခ်က္ၾကည့္လိုက္သည္။ဘာမွျပန္မေျပာဘဲ သူ႕မ်က္လုံးေတြက သူ႕ဇနီးေလးရဲ႕ျပဳံးေနသည့္ မ်က္ႏွာေပၚတြင္သာ က်ေရာက္ေန၏။
ျပန္ေရာက္လာဖို႔ အခ်ိန္က နည္းနည္းေလးလို႔ အၿမဲထင္ရသည္။ ေတာင္ေျခကိုေရာက္ဖို႔ အခ်ိန္သိပ္မၾကာလိုက္ဘဲ ေအာက္ဘက္က႐ြာကိုျမင္ေနရၿပီ။
ေခြၽးမ်ားျဖင့္ ႐ႊဲႏွစ္ေနသည့္ လယ္သမားမ်ားသည္ စကားေျပာေနစဥ္ လဲ့ယ္ထ်ဲႏွင့္ခ်င္မ်န္ ျပန္လာသည္ကို ျမင္ၾကေသာအခါ လြန္စြာအံ့ၾသသြားၾကသည္။ႏြားသိုးကို အထင္ႀကီးအားက်မႈေတြအျပင္ မႏွာလိုမႈေတြ အတိုင္းသားျဖင့္ ၾကည့္ေနၾကၿပီး အသံတိုးတိုးျဖင့္ သူတို႔အေၾကာင္းကို ေျပာဆိုေနၾကသည္။
Advertisement
"ဟဲ့...အဲဒါ လဲ့ယ္ထ်ဲနဲ႔ သူ႕မိန္းမ,မလား?"
မရီးက်န္းက ထရပ္ၿပီး ေခြၽးေတြကို သုတ္လိုက္သည္။႐ြာထဲက လမ္းကို အမွတ္မထင္ၾကည့္လိုက္ေတာ့ သူတို႔ႏွစ္ေယာက္ကို ေတြ႕လိုက္ရ၏။ အံ့အားသင့္စြာျဖင့္ သူမေယာက်္ားကို လက္ျဖင့္ပုတ္ျပလိုက္သည္။
က်န္းတေ႐ႊရဲ႕ လက္သည္ ယိုင္သြားၿပီး သူ႕လက္ကို ျဖတ္လုနီးပါးပင္ ျဖစ္သြားသည္။သူ႕မိန္းမကို ကူကယ္ရာမဲ့စြာ စိုက္ၾကည့္ရင္း လမ္းကို ျပန္ၾကည့္ေတာ့ အံ့အားသင့္သြား၏။
“ဟုတ္တယ္”
မရီးက်န္းက အသံတိမ္တိမ္ျဖင့္ ေျပာလိုက္သည္။ “ဒီလိုႏြားသိုးမ်ိဳးေတြက ေဈးမႀကီးဘူးလား?လဲ့ယ္ထ်ဲက သူ႕မိသားစုနဲ႔ ခြဲမသြားခင္ ပိုက္ဆံကို တကယ္ဝွက္ထားပုံရတယ္။”
က်န္းတေ႐ႊက စိတ္ဆိုးသြားၿပီး မ်က္ေမွာင္ၾကဳတ္ကာ ဆူလိုက္သည္။ “မင္း တျခားသူေတြရဲ႕ မိသားစုကို သိပ္စိတ္၀င္စားေနတယ္ေပါ့!”
မရီးက်န္းက သူဘာကို စိတ္ပူေနမွန္း သိတာေၾကာင့္ စိတ္မဆိုးေပ။သူမက သူ႕ကို ျပဳံးျပဳံးေလးၾကည့္ကာ ေႏြးေထြးေသာေလသံျဖင့္ "ေကာင္းပါၿပီ။႐ွင္ ဘာေတြစိတ္ပူေနလဲ ကြၽန္မ မသိဘူးထင္ေနလို႔လား?ဒီအေၾကာင္းကို သီးသန္႔ေျပာၾကည့္ရေအာင္။စိတ္မပူပါနဲ႔...ကြၽန္မ အတင္းေလွ်ာက္ေျပာမွာမဟုတ္ပါဘူး"
က်န္းတေ႐ႊက သက္ျပင္းခ်ကာ သူ႕မိန္းမကို ႏူးညံ့ေသာမ်က္လုံးမ်ားျဖင့္ ၾကည့္လိုက္သည္။ေခါင္းငုံ႔ၿပီး စပါးကို ဆက္ရိတ္ေနလိုက္၏။သူ႕မိန္းမက ပါးစပ္ဖြာတတ္တဲ့သူမဟုတ္မွန္း သူဘယ္လိုလုပ္ၿပီး မသိဘဲ ေနပါ့မလဲ?စကားမ်ားရန္ျဖစ္ျခင္းမွ ကင္းေဝးေစရန္ သူမအား အနည္းငယ္သတိေပး႐ုံမွ်သာျဖစ္သည္။
"ဒီသတင္းက လဲ့ယ္အိမ္အိုႀကီးဆီကို မၾကာခင္ေရာက္သြားၿပီး လူငယ္စုံတြဲေတြ ျပန္မၿငိမ္းခ်မ္းေတာ့မွာကို ကြၽန္မ စိုးရိမ္မိတယ္"
မရီးက်န္းက ေခါင္းခါၿပီး ခ်င္မ်န္ နဲ႔ လဲ့ယ္ထ်ဲကို စာနာမိ၏။
ခ်င္မ်န္နဲ႔ လဲ့ယ္ထ်ဲတို႔ ႐ြာထဲကို ဝင္လာၿပီး သိပ္မၾကာခင္မွာပဲ လယ္ကြင္းထဲက တစ္ေယာက္ေယာက္က သူတို႔ကို ႏႈတ္ဆက္ဖို႔ ထြက္လာခဲ့သည္။
“လဲ့ယ္ထ်ဲ....မင္းမိသားစုထဲကို ႏြားသိုးတစ္ေကာင္ ထပ္ဝယ္ထည့္ထားတာလား?ဒီႏြားကို ေကာင္းေကာင္းေ႐ြးဝယ္ထားတာပဲ။ၾကည့္ရတာ သန္မာမယ့္ပုံ”
အေဒၚ႐ွဴးလန္သည္ ႏြားသိုးကို အမႊန္းတင္ၿပီး ခ်ီးက်ဴးေနပုံရသည္။သူမ၏ၾကည္လင္ျပတ္သားသည့္အသံက လ်င္ျမန္စြာ တစ္စုံတစ္ရာေသာ အရိပ္အႁမြက္တစ္ခုကို သယ္ေဆာင္လာ၏။
လဲ့ယ္ထ်ဲက ေခါင္းညိတ္ၿပီး ႏႈတ္ဆက္လိုက္သည္။ "အားရီ....."
လူအခ်င္းခ်င္း ဆက္သြယ္ေျပာဆိုမႈမွာေတာ့ ခ်င္မ်န္ကို အားကိုးရေပမည္။သူက ခ်က္ခ်င္းပင္ ထိုမိန္းမအား ရင္းရင္းႏွီးႏွီး ျပဳံးျပေသာ္လည္း စိတ္အားထက္သန္လြန္းေသာ အျပဳံးမ်ိဳးေတာ့မဟုတ္ေပ။
“ထ်ဲေကာနဲ႔ကြၽန္ေတာ္က ကြၽဲႏြားေတြနဲ႔ပတ္သတ္ၿပီး မရင္းႏွီးဘူး၊ေကာင္းတာ မေကာင္းတာကိုလည္း နားမလည္ဘူးေလ။အရင္က မေကာင္းတာဝယ္လာမိမွာကို စိတ္ပူေနတာ။အားရီဆီက စကားကိုၾကားရေတာ့မွပဲ စိတ္သက္သာရာရသြားေတာ့တယ္”
သူက ႐ွဴးလန္ကို ေျမႇာက္ပင့္ေျပာဆိုလိုက္သည္။႐ွဴးလန္သည္ ထိုစကားေတြကိုၾကားလိုက္ရေတာ့ သူမအေပၚကို ႐ြာ႐ွိ တစ္ဦးတည္းေသာ ေယာက်္ားေလးဇနီးသည္ဆီမွ အထင္ႀကီးေနသည့္ဟန္ေၾကာင့္ ပိုမိုသက္ေတာင့္သက္သာ ခံစားလိုက္ရသည္။သူမက ျပဳံးျပဳံး႐ႊင္႐ႊင္နဲ႔ေျပာလိုက္၏။
"စိတ္မပူပါနဲ႔ ဒီႏြားသိုးေပါက္ေလးက အဆင္ေျပပါတယ္။အားရီတို႔မိဘေတြမွာလည္း ႏြားႏွစ္ေကာင္႐ွိတယ္၊ သူတို႔နဲ႔ပတ္သက္ၿပီး ရင္းႏွီးပါတယ္။ဒီႏြားသိုးက က်န္းမာရဲ႕လား ဆိုတာကိုသိဖို႔ ပထမအခ်က္က ပုံပန္းသဏၭာန္မွာ ၾကံ့ခိုင္မႈ႐ွိ၊ မ႐ွိအေပၚ မူတည္တယ္။ဒုတိယအေနနဲ႔ကေတာ့ အေမႊးက သပ္သပ္ရပ္ရပ္နဲ႔ ေတာက္ေျပာင္ေနသလားဆိုတဲ့အေပၚမွာ မူတည္တယ္။တတိယကေတာ့ တည္ၿငိမ္ၿပီး မယိမ္းယိုင္ဘဲေလွ်ာက္လွမ္းႏိုင္တယ္ဆိုတာက က်န္းမာတယ္ဆိုတာကို ျပေနတာပဲ။အလြယ္ဆုံးနည္းလမ္းကေတာ့ သူတို႔ရဲ႕ အစာစားခ်င္စိတ္ကို ၾကည့္လိုက္။ စားႏိုင္ရင္ ျပႆနာမ႐ွိပါဘူး။”
ခ်င္မ်န္က ေခါင္းတညိတ္ညိတ္နဲ႔ သေဘာက်စြာျပလိုက္သည္ “အားရီက...သိပ္သိတာပဲ။ကြၽန္ေတာ္တို႔ ဝယ္တုန္းကလည္း လက္လတ္ဆတ္ဆတ္ေကာက္႐ိုးစားေနတာကိုေတြ႕ေတာ့ ဝယ္ဖို႔ဆုံးျဖတ္လိုက္တာ။”
ဒီအခ်ိန္တြင္ သူ မသိသည့္အေဒၚက အဘယ္ေၾကာင့္ ႐ုတ္တရက္ ေ႐ွ႕ေပၚလာသည္ကို သူ နားမလည္ဘဲ ေနပါ့မလဲ။သူ႕မိဘမိသားစုမွာ ႏြားေတြ႐ွိတယ္လို႔ ေျပာလိုက္တယ္မလား။အဲဒါက သူ႕မိသားစုမွာ ႏြားမ႐ွိဘူးလို႔ ေျပာတာပဲ။
အကယ္၍ သူမသာ သူတို႔ႏွင့္ ေကာင္းမြန္ေသာ ဆက္ဆံေရး႐ွိပါက ငွားရမ္းလိုလွ်င္ စကားေျပာရန္ လြယ္ကူမည္ျဖစ္သည္ခ်င္မ်န္က ႏြားသိုးေနာက္ေက်ာကို လက္နဲ႔ပုတ္ၿပီး “ကြၽန္ေတာ္တို႔ကို အခုလို ေျပာျပေပးလို႔ ေက်းဇူးအမ်ားႀကီးတင္ပါတယ္။ေနာက္က် ဌားသုံးခ်င္ရင္ ေျပာပါေနာ္"
အေဒၚ႐ွဴးလန္က တကယ္ေပ်ာ္ေနၿပီ။ဒီေကာင္ေလးရဲ႕ ဉာဏ္ရည္ဉာဏ္ေသြးကို သူမ တိတ္တဆိတ္ ခ်ီးက်ဴးလိုက္မိသည္။သူမ ရယ္ေမာၿပီး ခ်င္မ်န္ကို ပိုၾကည့္ေလ ပိုေက်နပ္ေလပါပဲ။ “ဒါဆို အရင္ ေက်းဇူးတင္ပါတယ္ေနာ္။မင္း အေဝးႀကီးလမ္းေလွ်ာက္လာခဲ့ရတာဆိုေတာ့ ပင္ပန္းေနမွာပဲ။အားရီ မေႏွာင့္ယွက္ေတာ့ပါဘူး"
“အားရီလည္း ႀကိဳးစားလိုက္ပါဦးဗ်ာ"
႐ြာထဲကို ဆက္သြားၾကၿပီး ႐ြာသူ႐ြာသား အနည္းငယ္က သူတို႔ကို ေႏြးေထြးစြာ ႏႈတ္ဆက္ေနၾကသည္။ခ်င္မ်န္ကလည္း အလားတူ ယဥ္ေက်းစြာ တုံ႔ျပန္ခဲ့သည္။သူတို႔က ႏြားသိုးအတြက္လာႏႈတ္ဆက္ၾကသည္ကို သူသိေသာ္လည္း မႀကိဳက္တာမ်ိဳးေတာ့ မဟုတ္ေပ။႐ြာသားေတြက အေၾကာင္းျပခ်က္မ႐ွိဘဲ လဲ့ယ္ထ်ဲနဲ႔ သူ႕ကို အတင္းမေျပာၾကေတာ့တဲ့အတြက္ေၾကာင့္မို႔ ႏြားသိုးေလးေခ်းငွားဖို႔က ႀကီးႀကီးမားမား ကိစၥမ႐ွိေပ။
အိမ္ျပန္ေရာက္ေသာအခါ ေ႐ွာင္ဟူသည္ ကုလားထိုင္ေနာက္ဘက္တြင္ ပ်င္းရိစြာမွီထိုင္ကာ ဝါးတုတ္ေလးကိုလည္း ရံဖန္ရံခါ ေဝွ႔ယမ္းလိုက္သည္။မေမွ်ာ္လင့္ထားသည့္အရာမွာ သူ႕ေဘးတြင္ အသက္အ႐ြယ္တူ ေကာင္ေလးတစ္ေယာက္႐ွိေနၿပီး အဝတ္အစားမ်ားမွာ ေကာက္႐ိုးအစအနမ်ား စြန္းထင္းေန၏။သူသည္ကား ေျမျပင္ေပၚတြင္ ထိုင္ၿပီး ပိုးေကာင္မ်ားႏွင့္ စိတ္အားထက္သန္စြာ ကစားေနသည္။ အားရပါးရကစားရင္း တစ္ခုခုကို ဆက္ေအာ္ေနကာ သူက တက္တက္ႂကြႂကြ႐ွိသည့္ပုံပင္။
"ေ႐ွာင္ဟူ"
ေ႐ွာင္ဟူသည္ ခ်က္ခ်င္း ခုန္ဆင္းကာ ခ်င္မ်န္ကို ျပဳံးျပလိုက္သည္။သူ႕မ်က္လုံးမ်ားက လဲ့ယ္ထ်ဲ၏ျခင္းေတာင္းကို မသိစိတ္အေလ်ာက္ ေရာက္သြား၏။ “ဦးေလးလဲ့၊ ဦးေလးခ်င္”
အျခားကေလးငယ္သည္လည္း မတ္တတ္ထရပ္ကာ ခ်င္မ်န္ႏွင့္ လဲ့ယ္ထ်ဲအား နီရဲေနေသာ မ်က္ႏွာျဖင့္ ၾကည့္ကာ ေအာ္ေခၚလိုက္သည္။ "ဦးေလးလဲ့ယ္...ဦးေလးခ်င္” သူ႕အသံက ေတာ္ေတာ္ေလးကို က်ယ္တာပဲ။
ခ်င္မ်န္က ဒီနတ္ဆိုးေလးေတြရဲ႕စိတ္ကို မည္သို႔ မရိပ္ဖမ္းမိဘဲ ေနပါ့မလဲ!သူ႕စိတ္ထဲမွာ ရယ္စရာေကာင္းတယ္လို႔ တိတ္တဆိတ္ ထင္ခဲ့ေပမယ့္လည္း သူတို႔ကို မစေတာ့ပါဘူး။သူသည္ ျခင္းေတာင္းထဲမွ သေရစာ
မုန္႔ႏွစ္ထုပ္ကို ထုတ္ယူလိုက္သည္။ထိုအခ်ိန္က သေရစာမုန္႔ဆိုင္တြင္ ေ႐ွာင္ဟူအတြက္ အထုပ္တစ္ထုပ္သာ ဝယ္ခဲ့ေသာ္လည္း လဲ့ယ္ထ်ဲက သူ႕အတြက္ ေနာက္ထပ္ အထုပ္တစ္ထုပ္ကို ဝယ္ခဲ့သျဖင့္ ႏွစ္ထုပ္ဝယ္ျဖစ္ခဲ့သည္။
သူသည္ တစ္ထုပ္ကို ေ႐ွာင္ဟူအား ေပးခဲ့ၿပီး ေရာင္စုံမုန္႔႐ွစ္ခုပါ႐ွိသည့္ အျခားအထုပ္တစ္ထုပ္ကို ဖြင့္ကာ တျခားကေလးငယ္အတြက္ ေလးခုကို ထုတ္ေပးခဲ့သည္။
"မင္းတို႔ေတြ အလုပ္ႀကိဳးစားခဲ့ၾကတာပဲ!"
"ေက်းဇူးတင္ပါတယ္ ဦးေလးခ်င္" ေ႐ွာင္ဟူသည္ သေရစာမုန္႔ထုပ္ကို လက္ႏွစ္ဖက္ျဖင့္ ကိုင္ကာ ေပ်ာ္႐ႊင္ေနသည္။
တစ္ဖက္ေကာင္ေလးက သူဘာေၾကာင့္နည္းသြားတယ္ဆိုတာ နားလည္သြားၿပီး သူ႕ကိုယ္သူ ထိန္းမထားႏိုင္ဘဲ တစ္ခုကို ေကာက္ကိုင္လိုက္ၿပီး တစ္ကိုက္ႀကီးႀကီးကိုက္လိုက္ကာ ျမန္ျမန္ဝါးစားလိုက္သည္။
"ေက်းဇူးတင္ပါတယ္...ဦးေလးခ်င္"
ခ်င္မ်န္သည္ ၎ကိုျမင္ၿပီး စိတ္လႈပ္႐ွားစြာ သက္ျပင္းခ်လိုက္သည္။အရင္က ဒီမုန္႔ကို ျမည္းစမ္းဖူးၿပီး အခုေခတ္နဲ႔ ယွဥ္ရင္ ပုံပန္းသဏၭာန္၊အေရာင္နဲ႔ အရသာက ပိုဆိုး၏။ဒါက စီးပြားေရးအခြင့္အလမ္းတစ္ခုပဲ။
"သြားကစားၾကေတာ့။"
နတ္ဆိုးေလးႏွစ္ေကာင္သည္ ဝမ္းသာအားရျဖင့္ ေျပးသြားၾကသည္။ဒီတစ္ခါေတာ့ သူတို႔အေဖာ္ေတြကို ျပစရာတစ္ခု႐ွိေနၿပီေလ။
"ဦးေလးခ်င္... တစ္ခုခုကိစၥ႐ွိရင္ ကြၽန္ေတာ္ ထပ္ၿပီးကူညီႏိုင္မွာပါ" ေ႐ွာင္ဟူသည္ လက္ျပႏႈတ္ဆက္ကာ ေျပးထြက္သြားခဲ့သည္။
"ဒါ တစ္ခုခုရဲ႕အက်ိဳးေက်းဇူးေတြကို သတိထားလာရေတာ့မွာပဲ" ခ်င္မ်န္က သူ႕ကိုယ္သူေတြးရင္း ရယ္ေနမိသည္။
“အင္း....” လဲ့ယ္ထ်ဲက တံခါးဖြင့္ေပးဖို႔ ေစာင့္ေန၏။
ခ်င္မ်န္၏ဘယ္လက္သည္ သူ႕ရင္ဘတ္ကို ေပြ႕ဖက္ထားၿပီး စကားမေျပာဘဲ ေပ်ာ္႐ႊင္ေနသည့္အျပဳံးမ်ိဳးျဖင့္ လဲ့ယ္ထ်ဲဆီသို႔ ညာလက္ကို ဆန္႔တန္းထုတ္ထားလိုက္သည္။
ပိုက္ဆံအိတ္ကိုထုတ္ၿပီး သူ႕လက္ထဲကိုျပန္မအပ္ခင္အထိ လဲယ္ထ်ဲက အံ့အားသင့္ေနဆဲ။
ခ်င္မ်န္ ေငြအိတ္ကိုယူကာ တံခါးဖြင့္ရန္ ေသာ့ကိုမထုတ္မီ သေဘာေခြ႕ေနသည့္အၾကည့္မ်ားျဖင့္
ျပန္ၾကည့္ကာ ေျပာလိုက္၏။
“အလားအလာ႐ွိတဲ့လူငယ္ေလးက ကတိတည္တတ္ေအာင္ သင္ၾကားေပးဖို႔ ထိုက္တန္တယ္ေလ”
လဲယ္ထ်ဲသည္ကား သူ႕(ခ်င္မ်န္)မ်က္လုံးေတြထဲက အလိုလိုက္ခ်င္စိတ္ေတြ တနင့္တပိုးျပည့္ေနသည့္ သူ႕ရဲ႕မ်က္ဝန္းေတြကိုျဖင့္ သူ႕ကိုယ္သူ မသိမည္ကို စိုးရိမ္မိတာေၾကာင့္ ေခါင္းယမ္းလိုက္သည္။
T/N:ႏြားသိုး(ထီး)နဲ႔ ကြၽဲက တူတူပဲလား ဒီထဲမွာ oxသုံးလိုက္ buffalo သုံးလိုက္နဲ႔မို႔ပါ......ကိုယ့္မ်က္လုံးထဲမွာေတာ့ တူတူပဲလို႔ထင္တယ္
Advertisement
- In Serial91 Chapters
Sole Survivor
A world of fantasy and magic and a world of modern science and technology will fuse in one year and create a new world where everyone must adapt or die. A sympathizing being issued a test to one hundred people around Earth to grant them the strength to give humanity a fighting chance against the coming storm. Out of the hundred participants, only one survived earning him the title "Sole Survivor". Before the test, this individual wanted to keep to himself. With his new powers, he finds his morals won't allow him to sit idly by as innocents are at risk. Full story will be split into a trilogy. Act 1: Sole Survivor, Chapter 1 - Chapter 64 Act 2: Worlds War, Chapter 65 - Act 3: ??? 18+ for Strong violence, gore, language, some sexuality, nudity, and body horror Cover Art by RRL user ngt.
8 678 - In Serial8 Chapters
Re:Nymphs
A normal guy killed and reincarnated into a fantasy world born as the lowest but rises up to be one of the best.
8 73 - In Serial13 Chapters
Zombie Book
When Jens wakes up in an apartment, he realizes that everyone around him has turned into a zombie. But the zombies obviously hide a secret.
8 120 - In Serial27 Chapters
Thy Maker
A dark fantasy epic//science-fiction mystery. "We are, all of us, nothing but ore and lightning. Forged servants of the devil, born of his immeasurable cunning." Brother Alric is a knight of the Order of Saint Thestus, an army of pious men devoted to persecuting the enemies of God and preaching His word. When a group of heretic sorcerers poise themselves against the Church, Alric will learn that the magic he fights against is not what it seems and will come face to face with a slumbering relic that will bring into question the validity of his faith. Updated weekly.
8 125 - In Serial19 Chapters
Beauty Perspective
A young man dying, finds out his life is a lie. After taking vengeance into his own hands, he dies. But, this is not the end. His first life has prepared him for his next. A life of adventure, pleasure and survival. Let's see if he can do better, with a cheat. ----- Would love to hear some constructive criticism. Hope some people enjoy my ideas. Enjoy
8 77 - In Serial16 Chapters
Wendy Marvell x Male Reader (Book Two)
It's been two years since our dragon king slayer left Fairy Tail. Wendy has continued to have hope that he is still alive.Then one day during a mission, she comes face to face with the one person she's been wanting to see. Let us see what happens when two dragon slayers reunite.
8 182

