《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[26]
Advertisement
[Unicode]
026: ပိုက်ဆံ ရှာမယ်!
သူ့ရဲ့စိတ်အခြေအနေက ကောင်းနေတာကြောင့် ချင်မျန်သည် မြို့သို့သွားရာတစ်လျှောက်တွင် အဝေးကြီးသွားနေရတယ်လို့ မထင်ခဲ့ပေ။လမ်းခရီးတွင်လည်း သူတို့သည် မြို့သို့သွားနေသည့်မြည်းလှည်းတစ်စီးနှင့် ကြုံကြိုက်တွေ့ခဲ့သဖြင့် လမ်းကြုံတားကာ စီးလာခဲ့ကြသည်။
မြို့ထဲသို့ရောက်တော့ ချင်မျန်က လဲ့ယ်ထျဲကို လက်ဖက်ရည်ဆိုင်သို့ ခေါ်သွားကာ လက်ဖက်ရည်နှစ်ခွက်မှာလိုက်သည်။
လဲ့ယ်ထျဲကလည်း သူ့တွင် အစီအစဉ်ရှိပုံပေါက်နေသည်ကို သိမြင်လိုက်ရတာကြောင့် ထုံးစံအတိုင်း နှုတ်ဆိတ်နေ၏။သူ့နောက်ကနေ လိုက်သွားရင်း သူ့ဇနီးလေး ဘာလုပ်မည်ကို စဥ်းစားနေမိသည်။
“စားပွဲထိုး....ရှင်းမယ်" ချင်မျန်သည် တစ်ငုံမျှသာ သောက်လိုက်သည်။
စားပွဲထိုးက သူ့လက်တွေကို သုတ်လိုက်ပြီး အနားရောက်လာ၏။ "အားပေးမှုကို ကျေးဇူးတင်ပါတယ်ဗျာ။အားလုံးပေါင်း 2 ဝမ် ကျပါတယ်"
ချင်မျန်က လက်ဖက်ရည်အတွက် ပိုက်ဆံပေးချေလိုက်ပြီး နောက်ထပ် ဒင်္ဂါးသုံးပြားကို ပေးလိုက်သည်။ "စားပွဲထိုး...ကျွန်တော် တစ်ခုခုသိချင်လို့ပါ"
လဲ့ယ်ထျဲသည် သူ့ဇနီးလေးက ကိုယ်ပိုင်ရေယူလာပြီး လက်ဖက်ရည်ဆိုင်ကို သွားရတဲ့အကြောင်းအရင်းကို နားလည်သွားပြီ။သူ့ရဲ့ နက်မှောင်နက်ရှိုင်းသည့်မျက်လုံးများက အနည်းငယ် ပြောင်းလဲသွားပြီးနောက် တစ်ဖန် ငြိမ်သက်သွားခဲ့သည်။
စားပွဲထိုးက ပိုက်ဆံယူလိုက်ပြီး ပျော်ရွှင်သွားကာ "လူကြီးမင်း မေးချင်တာသာ မေးပါ။ကျွန်တော် ကြွားလုံးထုတ်တာတော့မဟုတ်ဘူး၊ဒါပေမယ့် ဒီမြို့မှာ ကျွန်တော်မသိတဲ့ ကိစ္စတစ်ခုမှမရှိဘူး"
ချင်မျန်က ရယ်ရင်း "ငါတို့က ပရိဘောဂတချို့ကို စိတ်ကြိုက်အပ်ချင်လို့ပါ။ဒီမြို့မှာ အကောင်းဆုံး သစ်သားလက်ရာ ဘယ်ဆိုင်မှာရှိလဲ မင်းသိလား?"
“ဟေး...လူကြီးမင်းက လူမှန်ကို မေးလိုက်တာပဲ။ယောင်ရဲ့ ပရိဘောဂဆိုင်က လက်သမားအတတ်မှာ အကောင်းဆုံးပဲ။မြို့ထဲက ပိုက်ဆံရှိတဲ့ သူဌေးတွေတောင် သူတို့ဆိုင်မှာ ပရိဘောဂတွေလာအပ်ကြတယ်ဗျ”
ချင်မျန်က ရှက်ရွံ့တဲ့အကြည့်နဲ့ ကြည့်ကာ "ယောင်လား..အာ.. လွန်ခဲ့တဲ့ရက်အနည်းငယ်က သူတို့ဆိုင်မှာရှိတဲ့ ဆိုင်အကူနဲ့ ကျွန်တော် အဆင်မပြေခဲ့ဘူး။ယောင်ကလွဲရင်ရော?"
မစဉ်းစားဘဲ စားပွဲထိုးက ထပ်မံပြောလိုက်သည်။ “ချမ်းသာမြင့်မြတ်ပရိဘောဂဆိုင် ဆိုရင်ရော။သူတို့ဆိုင်က ယောင်ထက် စာရင်တော့ အဆိုးကြီးထဲမှာ ပါတယ် ပြောရမယ်။ဘာလို့လဲဆိုတော့ နာမည်ဆိုးနည်းနည်းရှိလို့လေ။သူတို့နှစ်ဆိုင်ကြားက ပြိုင်ဆိုင်မှုက ပြင်းထန်သေးတယ်”
ချင်မျန်က ဤစကားကို စောင့်မျှော်နေခဲ့ပြီး ကျေနပ်စွာ ခေါင်းညိတ်ကာ "ကျေးဇူးတင်ပါတယ်"
ချမ်းသာမြင့်မြတ်ပရိဘောဂဆိုင်၏လိပ်စာကို မေးပြီးနောက် လဲ့ယ်ထျဲနှင့်အတူ ထွက်လာခဲ့သည်။
ချမ်းသာမြင့်မြတ်၏အဆောက်အဦးသည် သေးငယ်သည်မဟုတ်။လက်ရာမြောက်သောဗီရိုများ၊ထွင်းထုထားသောကုတင်များ၊ စားပွဲဝိုင်းများ၊ မဟော်ဂနီရောင်ကုလားထိုင်များနှင့် အခြားပစ္စည်းများပါရှိသောကြောင့် ဆိုင်ကို ရှာဖွေရလွယ်ကူစေသည်။
ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် တပြိုင်နက် ဆိုင်လက်ထောက် လူငယ်လေးသည် မျက်နှာပေါ်ထက်အပြုံးလေးဖြင့် နှုတ်ဆက်ကာ သူတို့ရှိရာသို့ တည့်တည့်မတ်မတ်ရောက်လာခဲ့သည်။
“ဂုဏ်သရေရှိဧည့်သည်နှစ်ယောက် ဘာများဝယ်ချင်ပါလို့လဲ?”
ချင်မျန်က ပြောလိုက်သည်။ "မင်းရဲ့ ဆိုင်ရှင်ဘယ်မှာလဲ?မင်းဆိုင်ရှင်ကို ငါ ရောင်းစရာရှိလို့ပါ"
ဆိုင်လက်ထောက်က ဒါကိုကြားတာနဲ့ တပြိုင်နက် သူ့ကို အပေါ်ကိုစုံကြည့်လိုက်သည်။သူ့မျက်နှာပေါ်ရှိ စိတ်အားထက်သန်မှုတွေက ချက်ချင်း ပျောက်ကွယ်သွား၏။သူ့နှုတ်ခမ်းထောင့်သည်လည်း အထင်အမြင်သေးသည့်ဟန်ဖြင့် မြင့်တက်သွားကာ လက်ဝှေ့ယမ်းလျက် ပြောလိုက်သည်။
“သွား သွား သွား သွား။ဒီလိုဆင်းရဲသားတွေကများ ပရိဘောဂဆိုင်မှာ ပစ္စည်းလာရောင်းချင်နေသေးတယ်။မြန်မြန်ထွက်သွားစမ်း!”
လဲ့ယ်ထျဲက မျက်မှောင်ကြုတ်လိုက်သည်။
ချင်မျန်ကတော့ မည်သို့မျှပင် စိတ်ထဲမရှိပေ။သူက ခေါင်းယမ်းကာ ပေါ့ပါးသော အပြုံးဖြင့် ပြောလိုက်သည်။ "မင်းတို့ဆိုင်က ယောင်ရဲ့ပရိဘောဂဆိုင်လောက် ရောင်းမကောင်းတာ ဘာကြောင့်လဲဆိုတာ နောက်ဆုံးတော့ ငါ နားလည်သွားပြီ"
"မင်း ဘာပြောလိုက်တာလဲ?" ဆိုင်လက်ထောက်က သူ့ကိုဆိုးရွားသည့်မျက်နှာအမူအရာဖြင့် စိုက်ကြည့်နေသည်။
"ကောင်လေး....အသက်ရှင်ရတာ ပင်ပန်းနေပြီလား?သွား! သွား! သွားစမ်း!"
“နေဦး!”
ကောင်တာနောက်ကွယ်ရှိ အပြာရောင် ကန့်လန့်ကာကို လက်တစ်ဖက်ဖြင့် ဖွင့်လိုက်ပြီး ခပ်တောင့်တောင့်ရှိသည့် လူလတ်ပိုင်းအရွယ် တစ်ဦးထွက်လာသည်။
"မန်နေဂျာလျောင်..." ဆိုင်လက်ထောက်၏အမူအရာမှာ ပိုပြီးရိုကျိုးသွား၏။
လျောင်ကျစ်ဖူက သူ့ကို လျစ်လျူရှုပြီး ချင်မျန်ကိုသာ ကြည့်လိုက်၏။သူ့မှာ မောက်မာတဲ့အသွင်အပြင်နဲ့ မြေခွေးလိုအပြုံးမျိုး ရှိနေသည်။
"ဒီကညီငယ်လေးကို အခု ဘာပြောလိုက်တာလဲဆိုတာ ပြန်မေးချင်ပါတယ်"
အလုပ်ရှင်က စီမံခန့်ခွဲရန် ဒီပရိဘောဂဆိုင်ကို သူ့လက်ထဲထားခဲ့တာ ဖြစ်ပြီး သူသည်လည်း အစွမ်းကုန်ကြိုးစားလုပ်ကိုင်နေသည်ဟု ထင်ခဲ့သော်လည်း အခုတွင် မသိနားမလည်သော လူငယ်တစ်ဦးရဲ့ဝေဖန်မှုကြောင့် ဒေါသဖြစ်ခဲ့ရသည်။
"ဟုတ်လား?" ချင်မျန်သည် ကြောက်ရွံ့မှုမရှိဘဲ လက်ထောက်ကို ညွှန်ပြလိုက်သည်။ "ကျွန်တော်က ဒီနေ့ ခင်ဗျားတို့ဆိုင်ရဲ့ ဖောက်သည်မဟုတ်ဘူး။ဒါပေမယ့်လည်း ကျွန်တော်က မနက်ဖြန် ခင်ဗျားတို့ဆိုင်ရဲ့ ဖောက်သည်မဖြစ်လာနိုင်ဘူးလို့ မဆိုလိုဘူး။လူတိုင်းကို ပရိဘောဂဆိုင် မေးလိုက်တာနဲ့ ပထမဆုံးတွေးမိကြတာက ယောင်ဆိုင်ဆိုတာ အံ့သြစရာတော့ မဟုတ်ဘူးပဲ။ကျွန်တော် သိသွားပြီပဲပြောရမယ်။ကျွန်တော့်စကားတွေကို ရိုင်းဆိုင်းတယ်လို့ မှတ်ယူရင် ခင်ဗျားနဲ့လည်း စကားအများကြီး မပြောတော့ပါဘူး။နှုတ်ဆက်ပါတယ်"
ထိုလူငယ်လေး၏ထူးကဲသည့်အပြောအဆိုနှင့် တည်ငြိမ်သည့်အမူအယာကြောင့် လျောင်ကျစ်ဖူ၏နှလုံးမှာ တုန်ခါသွားကာ အာရုံစိုက်သွားစေသည်။
"ခဏနေဦး!"
ချင်မျန်က လှည့်မကြည့်မီ ရပ်လိုက်ပြီး ခပ်ပါးပါး ပြုံးလိုက်သည်။
"မင်း တစ်ခုခုရောင်းချင်တယ်လို့ ပြောလိုက်တာလား?" လျောင်ကျစ်ဖူ၏မျက်လုံးများသည် လဲ့ယ်ထျဲ၏နောက်ကျောပေါ်ရှိ ခြင်းတောင်းဆီသို့ လွင့်ပျံသွားခဲ့သည်။ဘာပဲဖြစ်ဖြစ် သူ့မှာ ဘာမှလုပ်စရာမရှိတာမို့ အချိန်ဖြုန်းတယ်လို့ပဲ မှတ်ယူတာပေါ့။
ချင်မျန်က ခေါင်းညိတ်လိုက်သည်။ “မှန်ပါတယ်။လက်လုပ်ခေါက်ဆွဲညစ်စက်ရဲ့ အသေးစိတ်နမူနာပုံစံပါ"
"လက်လုပ်ခေါက်ဆွဲညစ်စက်?" လျောင်ကျစ်ဖူမှာ နားမလည်နိုင် ဖြစ်သွားရသည်။
Advertisement
ချင်မျန်က ရှင်းပြလိုက်၏။ “ဒါက ခေါက်ဆွဲလုပ်တဲ့ ကိရိယာတစ်ခုပါပဲ။”
ချင်မျန်က ထပ်မပြောတော့ဘဲ ပြုံးပြလိုက်ကာ လဲ့ယ်ထျဲကို လက်လုပ်ခေါက်ဆွဲညစ်စက်,ဂျုံနှစ်နဲ့ ဇလုံတစ်လုံးကို ထုတ်ပေးရန် အမူအယာပြလိုက်သည်။
ချင်မျန်က တိုက်ရိုက်သာသရုပ်ပြလိုက်၏။
လက်လုပ်ခေါက်ဆွဲညစ်စက်၏အောက်ခြေမှ ရှည်လျားပြီး ပါးလွှာသော ခေါက်ဆွဲမျှင်တွေကို မြင်လိုက်ရတော့ လျောင်ကျစ်ဖူ၏မျက်လုံးများသည် အံ့အားသင့်စွာ ပြူးကျယ်သွားလေသည်။သူ စိတ်လှုပ်ရှားနေသော်လည်း တည်ငြိမ်စွာဖြင့် ထိန်းထားဆဲပင်။
“ဒါကို ကောင်းတဲ့ပစ္စည်းလို့ ယူဆလို့မရပါဘူး။အသေးစိတ်နမူနာပုံစံက စျေးဘယ်လောက်လဲ?"
လက်ထောက်ကတော့ သူ့မျက်နှာထက်တွင် ထူးဆန်းနေသည့်အရိပ်အယောင်များဖြင့် လက်လုပ်ခေါက်ဆွဲညစ်စက်ကိုသာ တည့်တည့်ကြည့်နေ၏။
ချင်မျန်က ပြောလိုက်၏။ “ဆိုင်တစ်ဆိုင်ကိုပဲရောင်းမယ်။ငွေတုံး ၅၀။ ပုံသေစျေးနှုန်းပဲ။"
“အိုး...” လျောင်ကျစ်ဖူက မသဲကွဲသော အပြုံးတစ်ခုဖြင့် အသံထွက်လိုက်ကာ ခေါင်းခါယမ်းပြီး မထီမဲ့မြင်ပြုဟန်ဖြင့် "ဒီညီငယ်လေးက ငွေတုံး 50 ရဲ့ သဘောတရားကို တကယ်နားမလည်ဘူးလို့ ထင်တယ်။ငွေတစ်တုံးက ပျမ်းမျှတစ်နှစ်မှာ ပါးစပ်လေးပေါက်စာ စားရဖို့အတွက် လုံလောက်တယ်။ငွေတုံး ၅၀ က အရမ်းမြင့်လွန်းတယ်လေ"
"မန်နေဂျာလျောင်ရဲ့ စကားတွေက မမှန်ဘူး။" ချင်မျန်က အေးဆေးတည်ငြိမ်စွာပြောလိုက်သည်။
"မန်နေဂျာလျောင်,မြို့ထဲမှာ ခေါက်ဆွဲဆိုင် ဘယ်နှစ်ဆိုင်ရှိလဲ?သူတို့ နေ့တိုင်းခေါက်ဆွဲ အများကြီး မလိုဘူးလား?မြို့ထဲမှာ ချမ်းသာသူ ဘယ်လောက်ရှိလဲ?လက်လုပ်ခေါက်ဆွဲညစ်စက်လေးအတွက် ပိုက်ဆံနည်းနည်းသုံးဖို့ စိတ်မ၀င်စားကြဘူးလား?ဒီအသေးစိတ်နမူနာပုံစံကို ကြည့်ပြီး ကိုယ်တိုင် လက်လုပ်ခေါက်ဆွဲညစ်စက်ကို ထုတ်နိုင်တယ်။ငွေတစ်တုံးနဲ့ ရောင်းရင်တောင် မြို့ထဲမှာ အနည်းဆုံး ငွေတုံး ၂၀၀ ရနိုင်တယ်။ခရိုင်တစ်ခုလုံးမှာဆိုရင်ရော?တစ်နိုင်ငံလုံးမှာ ဆိုရင်ရော?ငွေတုံး 50 က လုံးဝမမြင့်ပါဘူး"
လျောင်ကျစ်ဖူသည် အနည်းငယ်စိတ်ဝင်စားခဲ့သော်လည်း စီးပွားရေးသမားတစ်ယောက်ဆိုသည်မှာ ညစ်ပက်တတ်တဲ့သူမျိုးတွေဖြစ်ပြီး လိမ်လည်လှည့်ဖျားကာ စီးပွားရေးဆန်ဆန် စျေးနှုန်းကို ဆက်ပြီးကျသွားစေလိုသည်။
“ဒီညီငယ်လေး ပြောတာ ဟုတ်ပါပြီ။ဒါပေမယ့် ဒါကိုလုပ်ရတာ သိပ်ရှုပ်ထွေးပုံမပေါ်ဘူး၊ဒါကြောင့် အတုလုပ်ဖို့လွယ်မှာကို စိုးရိမ်မိတယ်"
"မန်နေဂျာလျောင် မှားပြန်ပြီ" ချင်မျန်မှာ ပြောစရာရှိသေး၏။ “စားပွဲတွေ၊ ကုလားထိုင်တွေ၊ ဗီရိုတွေနဲ့ ကြောင်အိမ်တွေက ပိုပြီး အတုထုတ်ရလွယ်ပေမယ့်လည်း တချို့ပရိဘောဂဆိုင်တွေ ဘာကြောင့် နာမည်ကြီးလာပြီး တချို့က လူမသိကြသေးတာလဲ?ဒါ့အပြင် ခင်ဗျားမှာ အသေးစိတ်ပုံစံရှိနေမယ်ဆိုရင် စျေးကွက်ကို ဦးဆုံးသိမ်းပိုက်နိုင်မှာပဲ။တစ်စုံတစ်ယောက်က အတုလုပ်မယ်ဆိုရင်တောင် ခက်ခဲတဲ့အခြေအနေမျိုးနဲ့ ဆုံးရှုံးသွားရလိမ့်မယ်။”
လျောင်ကျစ်ဖူသည် သူ့မုတ်ဆိတ်မွေးများကို ပွတ်သပ်ကာ တိတ်ဆိတ်နေခဲ့သည်။
ချင်မျန်က တမင်တကာ ခဏလောက် စောင့်ခဲ့ပေမယ့် လျောင်ကျစ်ဖူက နှုတ်ဆိတ်နေဆဲပင်။
ချင်မျန်က သူ့မျက်နှာမှာ စိုးရိမ်မှုမရှိစွာ မတ်တပ်ထရပ်ပြီး ပေါ့ပေါ့ပါးပါး ပြုံးပြလိုက်သည်။
“နောက်ကျနေပြီ။ကျွန်တော် ယောင်ရဲ့ဆိုင်ကို သွားရဦးမှာ”
“နေဦး!” လျောင်ကျစ်ဖူက ထိတ်လန့်သွားသည်။
"ငါဝယ်မယ်!" ယောင်ရဲ့ဆိုင်က သူတို့ထက် ပို၍ကျော်ကြားသည်။လက်လုပ်ခေါက်ဆွဲညစ်စက်ရဲ့ အသေးစိတ်ပုံစံကို သူတို့ရခဲ့ရင် သူ့တို့ဆိုင်က ပိုနာမည်ကြီးလာမှာ မဟုတ်ဘူးလား?
ချင်မျန်က လဲ့ယ်ထျဲဆီကို ဂုဏ်ယူနေသောအပြုံးကြီးဖြင့် တိတ်တဆိတ် ပြုံးပြလိုက်သည်။လဲ့ယ်ထျဲက သူ့ခေါင်းကို ခါယမ်းလိုက်၏။
လျောင်ကျစ်ဖူက ထပ်ပြောလိုက်သည်။ “ဒါပေမယ့် ကျုပ်တို့ အာမခံချက်စာရွက်မှာတော့ လက်မှတ်ထိုးရမယ်။လက်လုပ်ခေါက်ဆွဲညစ်စက်နမူနာပုံစံကို ဒုတိယလူထံ ရောင်းချခြင်းမပြုရဘူး မဟုတ်ပါက ငွေ ၁၀၀၀ လျော်ကြေးပေးရမယ်"
“ဖြစ်သင့်ပါတယ်” ချင်မျန်က ခေါင်းညိတ်လိုက်ပြီး "ဒါပေမယ့် ကျွန်တော်တို့ကပဲ ကမ္ဘာပေါ်မှာကျန်ရှိနေတဲ့ ပညာရှိနှစ်ယောက် မဟုတ်ဘူး။ကျွန်တော်တို့က လက်လုပ်ခေါက်ဆွဲညစ်စက်ကို လုပ်နိုင်ပေမယ့် တခြားသူတွေ မလုပ်နိုင်ဘူးလို့လည်း မဆိုလိုဘူး။ဒုတိယထုတ်လုပ်သူရှိလာရင်လည်း မန်နေဂျာလျောင်အနေနဲ့ ကျွန်တော်တို့ကို အပြစ်မတင်ပါနဲ့။မန်နေဂျာ လျောင်က အသုတ်အများကြီးကို ဦးစွာထုတ်လုပ်နိုင်ပြီး နိုင်ငံအနှံ့ တစ်ပြိုင်နက်ရောင်းချနိုင်မှ ရပါလိမ့်မယ်"
လျောင်ကျစ်ဖူက မျက်မှောင်ကြုတ်ပြီး ဒါက အမှန်တရားပဲဆိုတာ နားလည်သည်။အဲဒါကို တွေးပြီးတာနဲ့ သူကလည်း ခေါင်းညိတ်လိုက်၏။
“ကောင်းပြီ”
စာရွက်နှစ်စောင်ကို ချက်ချင်းချရေးပြီးနောက် သူနှင့် လဲ့ယ်ထျဲတို့က လက်ဗွေနှိပ်ကြ၏။ချင်မျန်သည် ငွေတုံးအလေးချိန် ၅ကျင်း ၁၀လျန်ကို လက်ခံခဲ့ပြီး အသေးစိတ်ပုံစံကို ထုတ်ကာ တစ်ခုချင်းစီ ခွဲပြီး မပြခင် လျောင်ကျစ်ဖူအား အသေးစိတ် အရင်ရှင်းပြခဲ့သည်။
လျောင်ကျစ်ဖူက သူ့ပေါင်ကို ပွတ်သပ်ပြီး မရွှင်မပျမျက်နှာထားမျိုးဖြင့် "ဒီလောက် ရိုးရှင်းတာလား?ပိုက်ဆံဆုံးတာပဲ!ပိုက်ဆံဆုံးတာပဲ!"
ချင်မျန်က ပြုံးပြီး ခေါင်းယမ်းလိုက်၏။ "မန်နေဂျာလျောင်..ဒီ.."
“ဒီကညီငယ်လေး ‘ဒီစကားတွေက မှားနေတယ်’ လို့ ထပ်ပြောဖို့မလိုတော့ဘူး"
လျောင်ကျစ်ဖူက တကယ်ကို စိတ်ဆိုးသွား၏။
ချင်မျန်က အပြစ်မတင်ပါဘူး။ "ခင်ဗျားပြောသလိုပဲ ရိုးရိုးရှင်းရှင်းလေးပဲဆိုရင် ဘာလို့များ အရင်ကတည်းက မလုပ်ခဲ့တာလဲ?"
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
[Zawgyi]
026:ပိုက္ဆံ ႐ွာမယ္!
သူ႕ရဲ႕စိတ္အေျခအေနက ေကာင္းေနတာေၾကာင့္ ခ်င္မ်န္သည္ ၿမိဳ႕သို႔သြားရာတစ္ေလွ်ာက္တြင္ အေဝးႀကီးသြားေနရတယ္လို႔ မထင္ခဲ့ေပ။လမ္းခရီးတြင္လည္း သူတို႔သည္ ၿမိဳ႕သို႔သြားေနသည့္ျမည္းလွည္းတစ္စီးႏွင့္ ၾကဳံႀကိဳက္ေတြ႕ခဲ့သျဖင့္ လမ္းၾကဳံတားကာ စီးလာခဲ့ၾကသည္။
ၿမိဳ႕ထဲသို႔ေရာက္ေတာ့ ခ်င္မ်န္က လဲ့ယ္ထ်ဲကို လက္ဖက္ရည္ဆိုင္သို႔ ေခၚသြားကာ လက္ဖက္ရည္ႏွစ္ခြက္မွာလိုက္သည္။
လဲ့ယ္ထ်ဲကလည္း သူ႕တြင္ အစီအစဥ္႐ွိပုံေပါက္ေနသည္ကို သိျမင္လိုက္ရတာေၾကာင့္ ထုံးစံအတိုင္း ႏႈတ္ဆိတ္ေန၏။သူ႕ေနာက္ကေန လိုက္သြားရင္း သူ႕ဇနီးေလး ဘာလုပ္မည္ကို စဥ္းစားေနမိသည္။
Advertisement
“စားပြဲထိုး....႐ွင္းမယ္" ခ်င္မ်န္သည္ တစ္ငုံမွ်သာ ေသာက္လိုက္သည္။
စားပြဲထိုးက သူ႕လက္ေတြကို သုတ္လိုက္ၿပီး အနားေရာက္လာ၏။ "အားေပးမႈကို ေက်းဇူးတင္ပါတယ္ဗ်ာ။အားလုံးေပါင္း 2 ဝမ္ က်ပါတယ္"
ခ်င္မ်န္က လက္ဖက္ရည္အတြက္ ပိုက္ဆံေပးေခ်လိုက္ၿပီး ေနာက္ထပ္ ဒဂၤါးသုံးျပားကို ေပးလိုက္သည္။ "စားပြဲထိုး...ကြၽန္ေတာ္ တစ္ခုခုသိခ်င္လို႔ပါ"
လဲ့ယ္ထ်ဲသည္ သူ႕ဇနီးေလးက ကိုယ္ပိုင္ေရယူလာၿပီး လက္ဖက္ရည္ဆိုင္ကို သြားရတဲ့အေၾကာင္းအရင္းကို နားလည္သြားၿပီ။သူ႕ရဲ႕ နက္ေမွာင္နက္႐ိႈင္းသည့္မ်က္လုံးမ်ားက အနည္းငယ္ ေျပာင္းလဲသြားၿပီးေနာက္ တစ္ဖန္ ၿငိမ္သက္သြားခဲ့သည္။
စားပြဲထိုးက ပိုက္ဆံယူလိုက္ၿပီး ေပ်ာ္႐ႊင္သြားကာ "လူႀကီးမင္း ေမးခ်င္တာသာ ေမးပါ။ကြၽန္ေတာ္ ႂကြားလုံးထုတ္တာေတာ့မဟုတ္ဘူး၊ဒါေပမယ့္ ဒီၿမိဳ႕မွာ ကြၽန္ေတာ္မသိတဲ့ ကိစၥတစ္ခုမွမ႐ွိဘူး"
ခ်င္မ်န္က ရယ္ရင္း "ငါတို႔က ပရိေဘာဂတခ်ိဳ႕ကို စိတ္ႀကိဳက္အပ္ခ်င္လို႔ပါ။ဒီၿမိဳ႕မွာ အေကာင္းဆုံး သစ္သားလက္ရာ ဘယ္ဆိုင္မွာ႐ွိလဲ မင္းသိလား?"
“ေဟး...လူႀကီးမင္းက လူမွန္ကို ေမးလိုက္တာပဲ။ေယာင္ရဲ႕ ပရိေဘာဂဆိုင္က လက္သမားအတတ္မွာ အေကာင္းဆုံးပဲ။ၿမိဳ႕ထဲက ပိုက္ဆံ႐ွိတဲ့ သူေဌးေတြေတာင္ သူတို႔ဆိုင္မွာ ပရိေဘာဂေတြလာအပ္ၾကတယ္ဗ်”
ခ်င္မ်န္က ႐ွက္႐ြံ႕တဲ့အၾကည့္နဲ႔ ၾကည့္ကာ "ေယာင္လား..အာ.. လြန္ခဲ့တဲ့ရက္အနည္းငယ္က သူတို႔ဆိုင္မွာ႐ွိတဲ့ ဆိုင္အကူနဲ႔ ကြၽန္ေတာ္ အဆင္မေျပခဲ့ဘူး။ေယာင္ကလြဲရင္ေရာ?"
မစဥ္းစားဘဲ စားပြဲထိုးက ထပ္မံေျပာလိုက္သည္။ “ခ်မ္းသာျမင့္ျမတ္ပရိေဘာဂဆိုင္ ဆိုရင္ေရာ။သူတို႔ဆိုင္က ေယာင္ထက္ စာရင္ေတာ့ အဆိုးႀကီးထဲမွာ ပါတယ္ ေျပာရမယ္။ဘာလို႔လဲဆိုေတာ့ နာမည္ဆိုးနည္းနည္း႐ွိလို႔ေလ။သူတို႔ႏွစ္ဆိုင္ၾကားက ၿပိဳင္ဆိုင္မႈက ျပင္းထန္ေသးတယ္”
ခ်င္မ်န္က ဤစကားကို ေစာင့္ေမွ်ာ္ေနခဲ့ၿပီး ေက်နပ္စြာ ေခါင္းညိတ္ကာ "ေက်းဇူးတင္ပါတယ္"
ခ်မ္းသာျမင့္ျမတ္ပရိေဘာဂဆိုင္၏လိပ္စာကို ေမးၿပီးေနာက္ လဲ့ယ္ထ်ဲႏွင့္အတူ ထြက္လာခဲ့သည္။
ခ်မ္းသာျမင့္ျမတ္၏အေဆာက္အဦးသည္ ေသးငယ္သည္မဟုတ္။လက္ရာေျမာက္ေသာဗီ႐ိုမ်ား၊ထြင္းထုထားေသာကုတင္မ်ား၊ စားပြဲဝိုင္းမ်ား၊ မေဟာ္ဂနီေရာင္ကုလားထိုင္မ်ားႏွင့္ အျခားပစၥည္းမ်ားပါ႐ွိေသာေၾကာင့္ ဆိုင္ကို ႐ွာေဖြရလြယ္ကူေစသည္။
ဆိုင္ထဲသို႔ ဝင္လိုက္သည္ႏွင့္ တၿပိဳင္နက္ ဆိုင္လက္ေထာက္ လူငယ္ေလးသည္ မ်က္ႏွာေပၚထက္အျပဳံးေလးျဖင့္ ႏႈတ္ဆက္ကာ သူတို႔႐ွိရာသို႔ တည့္တည့္မတ္မတ္ေရာက္လာခဲ့သည္။
“ဂုဏ္သေရ႐ွိဧည့္သည္ႏွစ္ေယာက္ ဘာမ်ားဝယ္ခ်င္ပါလို႔လဲ?”
ခ်င္မ်န္က ေျပာလိုက္သည္။ "မင္းရဲ႕ ဆိုင္႐ွင္ဘယ္မွာလဲ?မင္းဆိုင္႐ွင္ကို ငါ ေရာင္းစရာ႐ွိလို႔ပါ"
ဆိုင္လက္ေထာက္က ဒါကိုၾကားတာနဲ႔ တၿပိဳင္နက္ သူ႕ကို အေပၚကိုစုံၾကည့္လိုက္သည္။သူ႕မ်က္ႏွာေပၚ႐ွိ စိတ္အားထက္သန္မႈေတြက ခ်က္ခ်င္း ေပ်ာက္ကြယ္သြား၏။သူ႕ႏႈတ္ခမ္းေထာင့္သည္လည္း အထင္အျမင္ေသးသည့္ဟန္ျဖင့္ ျမင့္တက္သြားကာ လက္ေဝွ႔ယမ္းလ်က္ ေျပာလိုက္သည္။
“သြား သြား သြား သြား။ဒီလိုဆင္းရဲသားေတြကမ်ား ပရိေဘာဂဆိုင္မွာ ပစၥည္းလာေရာင္းခ်င္ေနေသးတယ္။ျမန္ျမန္ထြက္သြားစမ္း!”
လဲ့ယ္ထ်ဲက မ်က္ေမွာင္ၾကဳတ္လိုက္သည္။
ခ်င္မ်န္ကေတာ့ မည္သို႔မွ်ပင္ စိတ္ထဲမ႐ွိေပ။သူက ေခါင္းယမ္းကာ ေပါ့ပါးေသာ အျပဳံးျဖင့္ ေျပာလိုက္သည္။ "မင္းတို႔ဆိုင္က ေယာင္ရဲ႕ပရိေဘာဂဆိုင္ေလာက္ ေရာင္းမေကာင္းတာ ဘာေၾကာင့္လဲဆိုတာ ေနာက္ဆုံးေတာ့ ငါ နားလည္သြားၿပီ"
"မင္း ဘာေျပာလိုက္တာလဲ?" ဆိုင္လက္ေထာက္က သူ႕ကိုဆိုး႐ြားသည့္မ်က္ႏွာအမူအရာျဖင့္ စိုက္ၾကည့္ေနသည္။
"ေကာင္ေလး....အသက္႐ွင္ရတာ ပင္ပန္းေနၿပီလား?သြား! သြား! သြားစမ္း!"
“ေနဦး!”
ေကာင္တာေနာက္ကြယ္႐ွိ အျပာေရာင္ ကန္႔လန္႔ကာကို လက္တစ္ဖက္ျဖင့္ ဖြင့္လိုက္ၿပီး ခပ္ေတာင့္ေတာင့္႐ွိသည့္ လူလတ္ပိုင္းအ႐ြယ္ တစ္ဦးထြက္လာသည္။
"မန္ေနဂ်ာေလ်ာင္..." ဆိုင္လက္ေထာက္၏အမူအရာမွာ ပိုၿပီး႐ိုက်ိဳးသြား၏။
ေလ်ာင္က်စ္ဖူက သူ႕ကို လ်စ္လ်ဴ႐ႈၿပီး ခ်င္မ်န္ကိုသာ ၾကည့္လိုက္၏။သူ႕မွာ ေမာက္မာတဲ့အသြင္အျပင္နဲ႔ ေျမေခြးလိုအျပဳံးမ်ိဳး ႐ွိေနသည္။
"ဒီကညီငယ္ေလးကို အခု ဘာေျပာလိုက္တာလဲဆိုတာ ျပန္ေမးခ်င္ပါတယ္"
အလုပ္႐ွင္က စီမံခန္႔ခြဲရန္ ဒီပရိေဘာဂဆိုင္ကို သူ႕လက္ထဲထားခဲ့တာ ျဖစ္ၿပီး သူသည္လည္း အစြမ္းကုန္ႀကိဳးစားလုပ္ကိုင္ေနသည္ဟု ထင္ခဲ့ေသာ္လည္း အခုတြင္ မသိနားမလည္ေသာ လူငယ္တစ္ဦးရဲ႕ေဝဖန္မႈေၾကာင့္ ေဒါသျဖစ္ခဲ့ရသည္။
"ဟုတ္လား?" ခ်င္မ်န္သည္ ေၾကာက္႐ြံ႕မႈမ႐ွိဘဲ လက္ေထာက္ကို ၫႊန္ျပလိုက္သည္။ "ကြၽန္ေတာ္က ဒီေန႔ ခင္ဗ်ားတို႔ဆိုင္ရဲ႕ ေဖာက္သည္မဟုတ္ဘူး။ဒါေပမယ့္လည္း ကြၽန္ေတာ္က မနက္ျဖန္ ခင္ဗ်ားတို႔ဆိုင္ရဲ႕ ေဖာက္သည္မျဖစ္လာႏိုင္ဘူးလို႔ မဆိုလိုဘူး။လူတိုင္းကို ပရိေဘာဂဆိုင္ ေမးလိုက္တာနဲ႔ ပထမဆုံးေတြးမိၾကတာက ေယာင္ဆိုင္ဆိုတာ အံ့ၾသစရာေတာ့ မဟုတ္ဘူးပဲ။ကြၽန္ေတာ္ သိသြားၿပီပဲေျပာရမယ္။ကြၽန္ေတာ္႕စကားေတြကို ႐ိုင္းဆိုင္းတယ္လို႔ မွတ္ယူရင္ ခင္ဗ်ားနဲ႔လည္း စကားအမ်ားႀကီး မေျပာေတာ့ပါဘူး။ႏႈတ္ဆက္ပါတယ္"
ထိုလူငယ္ေလး၏ထူးကဲသည့္အေျပာအဆိုႏွင့္ တည္ၿငိမ္သည့္အမူအယာေၾကာင့္ ေလ်ာင္က်စ္ဖူ၏ႏွလုံးမွာ တုန္ခါသြားကာ အာ႐ုံစိုက္သြားေစသည္။
"ခဏေနဦး!"
ခ်င္မ်န္က လွည့္မၾကည့္မီ ရပ္လိုက္ၿပီး ခပ္ပါးပါး ျပဳံးလိုက္သည္။
"မင္း တစ္ခုခုေရာင္းခ်င္တယ္လို႔ ေျပာလိုက္တာလား?" ေလ်ာင္က်စ္ဖူ၏မ်က္လုံးမ်ားသည္ လဲ့ယ္ထ်ဲ၏ေနာက္ေက်ာေပၚ႐ွိ ျခင္းေတာင္းဆီသို႔ လြင့္ပ်ံသြားခဲ့သည္။ဘာပဲျဖစ္ျဖစ္ သူ႕မွာ ဘာမွလုပ္စရာမ႐ွိတာမို႔ အခ်ိန္ျဖဳန္းတယ္လို႔ပဲ မွတ္ယူတာေပါ့။
ခ်င္မ်န္က ေခါင္းညိတ္လိုက္သည္။ “မွန္ပါတယ္။လက္လုပ္ေခါက္ဆြဲညစ္စက္ရဲ႕ အေသးစိတ္နမူနာပုံစံပါ"
"လက္လုပ္ေခါက္ဆြဲညစ္စက္?" ေလ်ာင္က်စ္ဖူမွာ နားမလည္ႏိုင္ ျဖစ္သြားရသည္။
ခ်င္မ်န္က ႐ွင္းျပလိုက္၏။ “ဒါက ေခါက္ဆြဲလုပ္တဲ့ ကိရိယာတစ္ခုပါပဲ။”
ခ်င္မ်န္က ထပ္မေျပာေတာ့ဘဲ ျပဳံးျပလိုက္ကာ လဲ့ယ္ထ်ဲကို လက္လုပ္ေခါက္ဆြဲညစ္စက္,ဂ်ံဳႏွစ္နဲ႔ ဇလုံတစ္လုံးကို ထုတ္ေပးရန္ အမူအယာျပလိုက္သည္။
ခ်င္မ်န္က တိုက္႐ိုက္သာသ႐ုပ္ျပလိုက္၏။
လက္လုပ္ေခါက္ဆြဲညစ္စက္၏ေအာက္ေျခမွ ႐ွည္လ်ားၿပီး ပါးလႊာေသာ ေခါက္ဆြဲမွ်င္ေတြကို ျမင္လိုက္ရေတာ့ ေလ်ာင္က်စ္ဖူ၏မ်က္လုံးမ်ားသည္ အံ့အားသင့္စြာ ျပဴးက်ယ္သြားေလသည္။သူ စိတ္လႈပ္႐ွားေနေသာ္လည္း တည္ၿငိမ္စြာျဖင့္ ထိန္းထားဆဲပင္။
“ဒါကို ေကာင္းတဲ့ပစၥည္းလို႔ ယူဆလို႔မရပါဘူး။အေသးစိတ္နမူနာပုံစံက ေစ်းဘယ္ေလာက္လဲ?"
လက္ေထာက္ကေတာ့ သူ႕မ်က္ႏွာထက္တြင္ ထူးဆန္းေနသည့္အရိပ္အေယာင္မ်ားျဖင့္ လက္လုပ္ေခါက္ဆြဲညစ္စက္ကိုသာ တည့္တည့္ၾကည့္ေန၏။
ခ်င္မ်န္က ေျပာလိုက္၏။ “ဆိုင္တစ္ဆိုင္ကိုပဲေရာင္းမယ္။ေငြတုံး ၅၀။ ပုံေသေစ်းႏႈန္းပဲ။"
“အိုး...” ေလ်ာင္က်စ္ဖူက မသဲကြဲေသာ အျပဳံးတစ္ခုျဖင့္ အသံထြက္လိုက္ကာ ေခါင္းခါယမ္းၿပီး မထီမဲ့ျမင္ျပဳဟန္ျဖင့္ "ဒီညီငယ္ေလးက ေငြတုံး 50 ရဲ႕ သေဘာတရားကို တကယ္နားမလည္ဘူးလို႔ ထင္တယ္။ေငြတစ္တုံးက ပ်မ္းမွ်တစ္ႏွစ္မွာ ပါးစပ္ေလးေပါက္စာ စားရဖို႔အတြက္ လုံေလာက္တယ္။ေငြတုံး ၅၀ က အရမ္းျမင့္လြန္းတယ္ေလ"
"မန္ေနဂ်ာေလ်ာင္ရဲ႕ စကားေတြက မမွန္ဘူး။" ခ်င္မ်န္က ေအးေဆးတည္ၿငိမ္စြာေျပာလိုက္သည္။
"မန္ေနဂ်ာေလ်ာင္,ၿမိဳ႕ထဲမွာ ေခါက္ဆြဲဆိုင္ ဘယ္ႏွစ္ဆိုင္႐ွိလဲ?သူတို႔ ေန႔တိုင္းေခါက္ဆြဲ အမ်ားႀကီး မလိုဘူးလား?ၿမိဳ႕ထဲမွာ ခ်မ္းသာသူ ဘယ္ေလာက္႐ွိလဲ?လက္လုပ္ေခါက္ဆြဲညစ္စက္ေလးအတြက္ ပိုက္ဆံနည္းနည္းသုံးဖို႔ စိတ္မ၀င္စားၾကဘူးလား?ဒီအေသးစိတ္နမူနာပုံစံကို ၾကည့္ၿပီး ကိုယ္တိုင္ လက္လုပ္ေခါက္ဆြဲညစ္စက္ကို ထုတ္ႏိုင္တယ္။ေငြတစ္တုံးနဲ႔ ေရာင္းရင္ေတာင္ ၿမိဳ႕ထဲမွာ အနည္းဆုံး ေငြတုံး ၂၀၀ ရႏိုင္တယ္။ခ႐ိုင္တစ္ခုလုံးမွာဆိုရင္ေရာ?တစ္ႏိုင္ငံလုံးမွာ ဆိုရင္ေရာ?ေငြတုံး 50 က လုံးဝမျမင့္ပါဘူး"
ေလ်ာင္က်စ္ဖူသည္ အနည္းငယ္စိတ္ဝင္စားခဲ့ေသာ္လည္း စီးပြားေရးသမားတစ္ေယာက္ဆိုသည္မွာ ညစ္ပက္တတ္တဲ့သူမ်ိဳးေတြျဖစ္ၿပီး လိမ္လည္လွည့္ဖ်ားကာ စီးပြားေရးဆန္ဆန္ ေစ်းႏႈန္းကို ဆက္ၿပီးက်သြားေစလိုသည္။
“ဒီညီငယ္ေလး ေျပာတာ ဟုတ္ပါၿပီ။ဒါေပမယ့္ ဒါကိုလုပ္ရတာ သိပ္႐ႈပ္ေထြးပုံမေပၚဘူး၊ဒါေၾကာင့္ အတုလုပ္ဖို႔လြယ္မွာကို စိုးရိမ္မိတယ္"
"မန္ေနဂ်ာေလ်ာင္ မွားျပန္ၿပီ" ခ်င္မ်န္မွာ ေျပာစရာ႐ွိေသး၏။ “စားပြဲေတြ၊ ကုလားထိုင္ေတြ၊ ဗီ႐ိုေတြနဲ႔ ေၾကာင္အိမ္ေတြက ပိုၿပီး အတုထုတ္ရလြယ္ေပမယ့္လည္း တခ်ိဳ႕ပရိေဘာဂဆိုင္ေတြ ဘာေၾကာင့္ နာမည္ႀကီးလာၿပီး တခ်ိဳ႕က လူမသိၾကေသးတာလဲ?ဒါ့အျပင္ ခင္ဗ်ားမွာ အေသးစိတ္ပုံစံ႐ွိေနမယ္ဆိုရင္ ေစ်းကြက္ကို ဦးဆုံးသိမ္းပိုက္ႏိုင္မွာပဲ။တစ္စုံတစ္ေယာက္က အတုလုပ္မယ္ဆိုရင္ေတာင္ ခက္ခဲတဲ့အေျခအေနမ်ိဳးနဲ႔ ဆုံး႐ႈံးသြားရလိမ့္မယ္။”
ေလ်ာင္က်စ္ဖူသည္ သူ႕မုတ္ဆိတ္ေမြးမ်ားကို ပြတ္သပ္ကာ တိတ္ဆိတ္ေနခဲ့သည္။
ခ်င္မ်န္က တမင္တကာ ခဏေလာက္ ေစာင့္ခဲ့ေပမယ့္ ေလ်ာင္က်စ္ဖူက ႏႈတ္ဆိတ္ေနဆဲပင္။
ခ်င္မ်န္က သူ႕မ်က္ႏွာမွာ စိုးရိမ္မႈမ႐ွိစြာ မတ္တပ္ထရပ္ၿပီး ေပါ့ေပါ့ပါးပါး ျပဳံးျပလိုက္သည္။
“ေနာက္က်ေနၿပီ။ကြၽန္ေတာ္ ေယာင္ရဲ႕ဆိုင္ကို သြားရဦးမွာ”
“ေနဦး!” ေလ်ာင္က်စ္ဖူက ထိတ္လန္႔သြားသည္။
"ငါဝယ္မယ္!" ေယာင္ရဲ႕ဆိုင္က သူတို႔ထက္ ပို၍ေက်ာ္ၾကားသည္။လက္လုပ္ေခါက္ဆြဲညစ္စက္ရဲ႕ အေသးစိတ္ပုံစံကို သူတို႔ရခဲ့ရင္ သူ႕တို႔ဆိုင္က ပိုနာမည္ႀကီးလာမွာ မဟုတ္ဘူးလား?
ခ်င္မ်န္က လဲ့ယ္ထ်ဲဆီကို ဂုဏ္ယူေနေသာအျပဳံးႀကီးျဖင့္ တိတ္တဆိတ္ ျပဳံးျပလိုက္သည္။လဲ့ယ္ထ်ဲက သူ႕ေခါင္းကို ခါယမ္းလိုက္၏။
ေလ်ာင္က်စ္ဖူက ထပ္ေျပာလိုက္သည္။ “ဒါေပမယ့္ က်ဳပ္တို႔ အာမခံခ်က္စာ႐ြက္မွာေတာ့ လက္မွတ္ထိုးရမယ္။လက္လုပ္ေခါက္ဆြဲညစ္စက္နမူနာပုံစံကို ဒုတိယလူထံ ေရာင္းခ်ျခင္းမျပဳရဘူး မဟုတ္ပါက ေငြ ၁၀၀၀ ေလ်ာ္ေၾကးေပးရမယ္"
“ျဖစ္သင့္ပါတယ္” ခ်င္မ်န္က ေခါင္းညိတ္လိုက္ၿပီး "ဒါေပမယ့္ ကြၽန္ေတာ္တို႔ကပဲ ကမ႓ာေပၚမွာက်န္႐ွိေနတဲ့ ပညာ႐ွိႏွစ္ေယာက္ မဟုတ္ဘူး။ကြၽန္ေတာ္တို႔က လက္လုပ္ေခါက္ဆြဲညစ္စက္ကို လုပ္ႏိုင္ေပမယ့္ တျခားသူေတြ မလုပ္ႏိုင္ဘူးလို႔လည္း မဆိုလိုဘူး။ဒုတိယထုတ္လုပ္သူ႐ွိလာရင္လည္း မန္ေနဂ်ာေလ်ာင္အေနနဲ႔ ကြၽန္ေတာ္တို႔ကို အျပစ္မတင္ပါနဲ႔။မန္ေနဂ်ာ ေလ်ာင္က အသုတ္အမ်ားႀကီးကို ဦးစြာထုတ္လုပ္ႏိုင္ၿပီး ႏိုင္ငံအႏွံ႔ တစ္ၿပိဳင္နက္ေရာင္းခ်ႏိုင္မွ ရပါလိမ့္မယ္"
ေလ်ာင္က်စ္ဖူက မ်က္ေမွာင္ၾကဳတ္ၿပီး ဒါက အမွန္တရားပဲဆိုတာ နားလည္သည္။အဲဒါကို ေတြးၿပီးတာနဲ႔ သူကလည္း ေခါင္းညိတ္လိုက္၏။
“ေကာင္းၿပီ”
စာ႐ြက္ႏွစ္ေစာင္ကို ခ်က္ခ်င္းခ်ေရးၿပီးေနာက္ သူႏွင့္ လဲ့ယ္ထ်ဲတို႔က လက္ေဗြႏွိပ္ၾက၏။ခ်င္မ်န္သည္ ေငြတုံးအေလးခ်ိန္ ၅က်င္း ၁၀လ်န္ကို လက္ခံခဲ့ၿပီး အေသးစိတ္ပုံစံကို ထုတ္ကာ တစ္ခုခ်င္းစီ ခြဲၿပီး မျပခင္ ေလ်ာင္က်စ္ဖူအား အေသးစိတ္ အရင္႐ွင္းျပခဲ့သည္။
ေလ်ာင္က်စ္ဖူက သူ႕ေပါင္ကို ပြတ္သပ္ၿပီး မ႐ႊင္မပ်မ်က္ႏွာထားမ်ိဳးျဖင့္ "ဒီေလာက္ ႐ိုး႐ွင္းတာလား?ပိုက္ဆံဆုံးတာပဲ!ပိုက္ဆံဆုံးတာပဲ!"
ခ်င္မ်န္က ျပဳံးၿပီး ေခါင္းယမ္းလိုက္၏။ "မန္ေနဂ်ာေလ်ာင္..ဒီ.."
“ဒီကညီငယ္ေလး ‘ဒီစကားေတြက မွားေနတယ္’ လို႔ ထပ္ေျပာဖို႔မလိုေတာ့ဘူး"
ေလ်ာင္က်စ္ဖူက တကယ္ကို စိတ္ဆိုးသြား၏။
ခ်င္မ်န္က အျပစ္မတင္ပါဘူး။ "ခင္ဗ်ားေျပာသလိုပဲ ႐ိုး႐ိုး႐ွင္း႐ွင္းေလးပဲဆိုရင္ ဘာလို႔မ်ား အရင္ကတည္းက မလုပ္ခဲ့တာလဲ?"
Advertisement
- In Serial80 Chapters
Magic Trick
I’m Trick and I’m a mortal who meets a cute guy named Fei Xing in my boring day job as a barista, and surprisingly, he’s a sorcerer. He’s gonna turn me into one of them, but the only way to become one is to drink his… man-juice.
8 315 - In Serial52 Chapters
Return of the Margravine
She was the daughter of the prestigious margravial house, yet she had severed her ties with her family to marry him, the Kingdom’s third prince. She had fought in a bloody civil war just so she could secure the throne for him. She had done every deed imaginable out of love for him. But how did he thank her? As soon as she had given him all she was capable of, she was discarded. First replaced by another queen, later thrown into prison. Now he even sentenced her to death by burning at the stake as the witch she never had been, slaughtering her important people before her eyes. That was one betrayal too much for her. Faced with the chance to return to the past in the moment of impending death, she decided to take it, no questions asked. Now she is back twelve years prior. Watch out, deceitful prince, for your former wife from another timeline will never allow you to rise to power again. Now she will do everything in her might to keep her important persons save, hindering the career of her previous lifetime’s husband at every step. ******* As English isn't my mother tongue, I would appreciate it if native speakers, anglicists or any other proficient users of the English language could kindly inform me about any mistakes in grammar or word choice so that I may correct it. The same applies to any sentence or paragraph that may sound unnatural in English.
8 145 - In Serial14 Chapters
Parrotise
Unfair resource distribution, overconsumption, global warming, and the patriarchy got you depressed? Well, do not fear! Your savior, I, am here! Bringing you the solution to all of our problems: becoming birds!!! Paradise doesn't exist, this is true, but Parrotise can! So let's make Parrotise!
8 160 - In Serial20 Chapters
Godmaker's Gem
Do objects have a soul? A memory? A being? Are they just a bunch of inanimate objects or do they have an ego? Those a pen, a chair, a grain of sand, have a personality? And if they don’t, what would haőppen if they do get one. Not possessed by another being, but have a being that came from nothing. And when they die where do they go? Can something without a soul be even considered alive? Ps: cover only temporary, looking for a better one. Open to suggestions.
8 208 - In Serial35 Chapters
Because You Broke Me
A variety of poems about a girl who's been through several heartaches - fought too many battles and cried a lot of tears but she's still here.#36 in poetry (5)
8 157 - In Serial28 Chapters
P A I N (FINISHED)
NOTE:THESE CHARACTERS DO NOT BELONG TO ME ( ocs that belong to me:rosean,julie,latte,edgar,and thats it)some stuff is from fnf incorrect quotes made by aesthetic_trash420(and from some vines i saw)
8 343

