《ရင်ခွင်ကောင်းကင်(completed)》Ep-8
Advertisement
သီတင်းကျွတ်အလုပ်ပိတ်ရက ်မှာ အဖေနဲ့အမေကို ပီတိတို့မောင်နှမနှစ်ယောက် စုထားတဲ့ ပိုက်ဆံလေးနဲ့ကန်တော့ကျသည်။ချွင်းချက်အနေနဲ့တော့ မုန်ဖိုးဆိုပြီးပေးတဲ့တစ်သောင်းတန်လေးကိုတော့ ပြန်ယူကျသည်။ပြီးတော့ မောင်နှမနှစ်ယောက် ခြံထဲဆင်းကာ မီးထွန်းနေတော့သည်။
ကောင်းကင်တစ်ယောက် မှာတော့ သီတင်းကျွတ်မှာ တစ်ယောက်ထဲညစာစားရင်း ဖြတ်သန်းနေသည်။သူအတွက်ကတော့ အခါရက်ဆိုတာ ပုံမှန်နေ့တွေလိုပင် ဘာမှမထူးခြားပါ အဖေရောအမေရောက သူနဲ့အတူမရှိတာ ငယ်စဉ္ကတည်းကပင် သူအတွက်တော့ အတူမရှိတာမထူးခြားပေ။
သူညစာစားပြီး အခန်းထဲသို့ ဝင်လာခဲ့သည် ခုံပေါ်ကဖုန်းကို ကောက်ကိုင်ပြီး လိုင်းပေါ်တွင်သူမရှိမရှိကိုကြည့်လိုက်ရာ သူမအကောင့်လေးမီးစိမ်းနေတော့သည်။သူလည်း စာအချို့ရိုက်ကာ ပို့လိုက်သည်။
"ချာတိတ် ဘာလုပ်နေလဲ ဒီနေ့လိုင်းသိပ်မတက်ဘူးနော် အလုပ်ရှုပ်နေတာလား"
"ဒီနေ့ကအဖေနဲ့အမေကို ကန်တော့ဖို့နဲ့ကျန်တဲ့အမျိုးတွေကို သွားကန်တော့နေလို့ လိုင်းမတက်ဖြစ်တာ "
"ဟုတ်လား ကိုယ်ကတော့ကန်တော့မယ့်သူ မရှိတော့ မကန်တော့ဖြစ်ဘူး"
"ဟင် သူဌေးအဖေနဲ့အမေရော သူတို့ကိုမကန်တော့ဘူးလား"
"သူတို့က ဒီမှာမရှိဘူးလေ"
"Vc ခေါ်ပြီးကန်တော့ပေါ့ သူဌေးရယ် ကန်တော့တာကလက်အုပ်ချီကန်တော့လည်း ရတာပဲ ပစ္စည်းတွေပါမှမဟုတ်ပါဘူး"
"ဟုတ်ပါပြီ ကိုယ်ပြီးရင်လုပ်လိုက်ပါ့မယ် မနက်ဖြန်ဘယ်သွားစရာရှိလဲ ကိုယ်မင်းကိုတွေ့လို့ရမလား"
"မနက်ဖြန် ကျောင်းသားဟောင်းကန်တော့ပွဲ ရှိတယ် တွေ့လို့မရဘူး"
"ဟုတ်လား ဘယ်ကျောင်းလဲ "
"အင်းစိန်ထ၂ မှာလေ"
"ကိုယ်မင်းပြန်တဲ့ချိန်လာခေါ်မယ် ဆိုရင်ရောရလား"
"ဘယ်ချိန်ပြီးမှန်းမသိသေးဘူး"
"ပြီးတဲ့ချိန် ဖုန်းဆက်လိုက်ကိုယ်လာခေါ်မယ်"
"ဟို ပီတိကို ဘာလို့လာကြိုမှာလဲဟင် ပြောစရာရှိရင် ရုံးဖွင့်ရင်ပြောလို့ရတာလဲ"
"မတူဘူးလေ ကိုယ်ကမင်းကိုလိုက်နေတဲ့သူလေ မင်းနဲ့ခနခနတွေ့ပြီးကိုယ်ကိုချစ်လာအောင်လုပ်မှ မင်းနဲ့နီးစပ်မှာပေါ့ မဟုတ်ဘူးလား"
"အာမသိတော့ဘူး လာချင်လာမလာချင်လဲမလာနဲ့တော့ ဒါပဲ"
'ပြောလိုက်ရင်ဒီဘူတာပဲ ဆိုက်ဆိုက်သွားတယ် လိပ်သေလို့ဝင်စားသလားမှတ်တယ်'
တစ်ယောက်သောသူကလာကြိုမယ် ဆိုသောကြောင့် မနက်ဝတ်မဲ့အဝတ်အစားကိုထိုင်ရွေးလိုက်တာ ပီတိတစ်ယောက် ညမိုးချုပ်သွားပါတော့သည်။
မနက်အစောကြီးကတည်းကပြင်နေသော သူမသည် ခုထိမပြီးသေးပါ။အောက်ထပ်ကအမေနဲ့သိမ့်နဲ့စကားပြောသံကြားလိုက်ကာ သိမ့်ရောက်နေပြီးမှန်းသိလိုက်တာကြောင့် ပြင်လက်စကိုလက်စသတ်နေသည်။
"ထိုင်စောင့်လိုက်အုံးသမီးသိမ့်ရေ ညည်းသူငယ်ချင်းကပြင်လို့ ဆင်လို့မပြီးသေးဘူးလေ ပြင်လဲထွက်လာရင်ကြည့်လိုက် ဘာမှထူးခြားပြီးလှလာမှာလဲ မဟုတ်"
"ဟုတ်ပ အန်တီရယ် သူခမျာသမီးလောက်မလှတော့ ပြင်ရမှာပေါ့ သမီးစောင့်လိုက်ပါ့မယ် "
အောက်ထပ်ကသူမမကောင်းကြောင်း ပြောနေသောအမေနဲ့သိမ့်အသံကျယ်ကို အတိုင်းသားကြားနေရသည်။
"မှတ်တောင်ထားရအုံးမယ် သူရုပ်ကများငါ့ထက်လှတယ်တဲ့ ဟသပဲ" ပီတိထိုင်နေသော
သိမ့်ကိုပြောရင် ဆင်းလာခဲ့သည်။သိမ့်ကသူဆင်းလာတာမြင်တော့ ခြေဆုံးခေါင်းဆုံးကြည့်ပြီး
"ပီတိမ တယ်လှနေပါလား နင်လို့တောင်မထင်ရဘူး တစ်ခြားတစ်ယောက်လိုပဲ"
"အမလေး ငါမှငါအစစ်ပါနော် ပြင်ထားလို့မဟုတ်ဘူးဟဲ့ နဂိုရှိမှနဂိုင်းထွက်တာ သဘောပေါက်"
"အေးပါဟယ် လျှာရှည်မိတဲ့ငါ့အမှား"
" ဟိုကလေးတွေ နောက်ကျနေမယ်သွားစရာရှိတာသွားကျတော့"
မေမေပြောနေတာနဲ့ပီတိတို့နှစ်ယောက် ထွက်လာခဲ့သည်။သိမ့်တို့အိမ်က ကားနဲ့လိုက်ပို့တာဖြစ်ပြီး အပြန်ကြရင်သူမတို့အစီအစဉ္နဲ့ပြန်မည်ဖြစ်သည်။သူမကိုသူလာကြိုမှာမို့ သိမ့်ကို ဘယ်လိုပြောရမလဲတွေးနေတုန်း သိမ့်ကအရင်စပြီး
"ပီတိငါကန်တော့ပြီးတာနဲ့ ပြန်မယ်သိလား
ငါကိုရှိုင်းနဲ့ချိန်းထားလို့ နင်တစ်ယောက်ထဲပြန်ရဲတယ်မလား"
"ပြန်ရဲပ သူချစ်ချစ်နဲ့သွားတွေ့မယ်ဆိုတော့ တို့ကိုချန်ထားတာပေါ့"
"အပိုတွေ ပြောမနေနဲ့ပိတ်ရက်လေးပဲတွေ့ရတာ နင်နဲ့တူမလား မတွေ့ချင်လဲနင့်အခွက်ကအမြဲတွေ့နေရတာ သူကအားမှတွေရတာဟဲ့"
"ပြောရက်လိုက်တာ သွားပါတော်သွားပါ"
"နင်အစောကြီးမပြန်နဲ့နော် ငါ့အမေတွေ့ရင် ပေါ်ကုန်လိမ့်မယ်"
"အေးပါ စိတ်ချ"
စိတ်ထဲမှာတော့ ပေါ့သွားသည်။သိမ့်ကို မပြောချင်သေးပါ သူနဲ့တွေ့မဲ့အကြောင်းသူကိုသေချာအကဲခတ်ပြီး သူမနဲ့ပတ်သတ်မှ
သေချာမှအသိပေးချင်သည်။ကျောင်းဝန်းထဲကိုဝင်လာရင်း ကျောင်းကြီးကိုလွှမိးဆွတ်စွာကြည့်မိသည်။ဟိုတစ်စု ဒီတစ်စု လူများသူငယ်ချင်းအချင်းချင်းစကားစုကာ အုပ်စုလိုက်ပြောနေကျသည်။ကျောင်းသားဟောင်းဖြစ်သောကြောင့် ကြီးတဲ့သူတွေရော ကို်ယ့်ထက်ငယ်သူတွေရောတွေ့ရသည်။သူမတို့နှစ်ယောက်ကတော့ ကန်တော့မည်ပိုက်ဆံကိုသွားထည့်ကျသည်။ရင်းနှီးတဲ့ဆရာဆရာမတွေ တွေ့လို့ချင်ရင်ဝမ်းသာအားရနှုတ်ဆက်ကျသည်။သူမတို့နှစ်ယောက် တစ်ခြားသူငယ်ချင်းတွေနဲ့တွေ့တုန်း စကားတွေကောင်းနေကျသည်။သူမတို့ခုနက ကန်တော့ငွေထည့်တဲ့နေရာ ကောင်မလေး တွေက ပီတိတို့ကိုကြည့်ကာစကားပြောနေကျသည်။
"ဟဲ့အဲဒါငါတို့ထက်တစ်နှစ် ကြီးတဲ့ အမလေမြတ်နိုးပီတိဆိုတာ "
"အော် နာမည်ကြီးတယ်လေသူက ဆယ်တန်းနှစ်မှာ လေနေမကောင်းလို့ စာတော်ရဲ့နဲ့ဂုဏ်ထူးတစ်ဘာသာနဲ့အမှတ်နည်းနည်းကောင်းပြီးအောင်တာတဲ့ အရင်ကဆရာမတွေကသူကိုအများကြီးမှန်းထားတာ "
"သူက ဘာရောဂါမို့လို့လဲ"
"အစာအိမ်ကင်ဆာတဲ့ သူမိဘတွေကပစ်ရပြီတောင်ထင်တာ သူပြန်ကောင်းလာတာ"
"နှမျောစရာကြီးနော် ဆယ်တန်းကနတ်ကြီးတယ်ဟ ဒါပေမဲ့လည်းတော်ပါတယ်"
"သူကချောတယ်နော်"
"ချောတာပေါ့ ကျောင်းရဲ့အလှလေးပဲဟာကို ကျောင်းမှာနာမည်ကြီးလေ အဲ့အစ်မကသဘောလည်းကောင်းတာကို"
"အဲ့အစ်မက လှတော့ရည်းစားရှိမှာပဲနော်"
"ရှိမှာပေါ့ ဒီလောက်လှပြီးချစ်စရာကောင်းတာကို"
ကန်တော့ဖို့ဆိုပြီး လူတွေအကုန်ခန်းမထဲသို့နေရာယူချိန် နွယ်နီနဲ့တေဇတို့လင်မယားရောက်လာသည်။မတွေ့ချင်ပါဘူးဆိုမှ ကိုယ်ထိုင်နေတဲ့နေရာကိုရောက်လာသည်။
"မတွေ့ရတာကြာပြီနော် ပီတိ ကုမ္ပဏီတစ်ခုမှာလုပ်နေတယ်ဆို အဆင်ရောပြေရဲ့လား"
"ပြေတာပေါ့ ဒီခေတ်ကယောကျာ်းမိန်းမ ရင်ဘောင်တန်းအလုပ်လုပ်နေတဲ့ခေတ်လေ မိန်းမတွေအိမ်မှာပဲနေရမဲ့ခေတ်မဟုတ်တော့ဘူး အော်ဒါနဲ့နင်ရောခုဘာလုပ်နေလဲ"
အိမ်ထောင်ကျပြီး အိမ်မှာပဲနေသူနွယ်နီတစ်ယောက် အ ရှိုက်ထိသွားသည်။
"ယောကျာ်းကငွေရှာကောင်းတော့ ဘာမှလုပ်စရာကိုမလိုတော့တာ အဲ့တာကြောင့်ဘာမှမလုပ်ဖြစ်သေးပါဘူး အဟင်း"
"အော်ကောင်းတာပေါ့"
"အော် ဒါနဲ့ပီတိရော တစ်ယောက်ထဲပဲလား ဘယ်တော့ သတင်းကြားရမှာလဲ မရှိသေးရင်ပြောနော် တို့ယောကျာ်းအသိတွေနဲ့မိတ်ဆက်ပေးမယ်လေ နော်ယောကျာ်း ရှင့်သူငယ်ချငိးအတွက် သင့်တော်တာလေးရှာပေးအုံးလေ"
တေဇက သူမကိုတောင်းပန်ကြည့်နဲ့ကြည့်နေသည်။
"မလိုပါဘူး ကိုယ်ကရွေးချယ်စရာပေါပါတယ် တစ်ခါတစ်လေသူများကိုသနားလို့ လွှတ်ချလိုက်တာတောင် အရူးအမူးတန်ဖိုးထားတဲ့သူတွေရှိလို့လေ ကိုယ်ကမရွေးပဲ ပေးလိုက်တာတောင်ရှိသေးတယ်မလား"
သူမပြောပစ်လိုက်သည်။သူမလဲ ပဲွပြီးတဲ့အထိမမြင်ချင်တဲ့ မျက်နှာတွေကိုအောင့်အီးကာနေလိုက်သည်။သူမ ဖုန်းထဲသို့မက ်ဆေ့ဝင်လာသည်။
"ကိုရောက်ပြီ"
သိမ့်ကအရင်ပြန်သွားတာမို့ သူမကျန်တဲ့သူငယ်ချင်းတွေကိုနှုတ်ဆက်ပြီး ကျောင်းပေါက်ဝသို့ထွက်လာခဲ့သည်။သူကကားကိုမှီကာ စောင့်နေသည် သူမလာတာမြင်တော့ တံခါးဖွင့်ပေးကာ တက်ပါဟုပြောလေသည်။သူမလည်း ကားပေါ်တက်ကာ ထွက်လာခဲ့သည်။သူမကားပေါ်တက်သွားတာ မြင်သော နွယ်နီတို့လင်မယားနဲ့သူငယ်ချင်းတစ်စုက
"ခုနက ပီတိကားပေါ်တက်သွားတာလား လာကြိုတဲ့သူကအဝေးကကြည့်တာတောင် ချောမဲ့ပုံပဲ သူဘဲလားမသိဘူး"
"ငါကတော့သူဘဲထက် ကားကိုစိတ်ဝင်စားတယ်ဟ"
"ဟုတ်ပ ကားကအမိုက်စား"
"တေဇ အဲ့ကားအမျိုးအစားသိလား"
"Bmw နောက်ဆုံးထွက်ပဲ သူကအော်ဒါကြိုမှာရတာ ငါ့showroom မှာပြဖို့ ငါအော်ဒါမှာသေးတယ်တယ် ငွေမလောက်လို့လက်လျော့လိုက်ရတယ် မြန်မာပြည်ကသူဌေးတစ်ယောက်ဆီမှာရှိတယ်ပြောတာပဲ ဒီတစ်စီးပဲဖြစ်မယ်"
"ကားတောင်သိန်းသောင်းချီအောင် ဝယ်စီးနိုင်ရင် ဒီလူတော်တော်ချမ်းသာတာပဲ ပီတိဘဲဆိုရင် ငါတို့ဝမ်းသာရမှာပေါ့"
ထိုစကားများကိုကြားရင်း နွယ်နီတစ်ယောက်ဒေါသတွေထွက်ကာ မနာလိုစိတ်တွေ ပြင်းထန်နေပါသည်။
#Moon shine
Advertisement
I Help My Friend Get Together with the Girl I Used to Like
.
8 138The Rose and the Sword
Fate made her a legend and forced her to become the princess she never was and never wished to be. But, freedom comes with sacrifices, and, Briar Rose, Princess of Liyonne and the famed Sleeping Beauty, knew in her heart that she needed to choose her own happiness, even if it meant losing the love of her life. Maric Landry had travelled all over the continent earning coin by slaying monsters with the faint hope that someone will recognize him. It’s been years since an accident left him with no memory of himself or his past… until, one night, fate intervenes. Disney's Sleeping Beauty fanfiction.
8 177The Orc's Consort
*Editing*"Jas...Jasper," I gasped as he pulled his slick fingers from between my legs. Would he finally take me? At one time in my life, I could never dream of submitting myself to Orc, but Jasper Bloodborne, chief of the Northern Orruk horde, had his grip on my heart. "Please," I whispered, begging him once more. I could feel his bulge grow, digging into my mound. He released his soft lips from my breast and looked at me with pure lust. He reached down and undid the top button of his pants, looking at me as he did. He undid another and lowered his hand to undo the last button. He paused in suspense. "Are you sure you are ready for me little warrior?" He said as the corner of his lip curled.I look back up with pleading eyes. I nodded, and he undid the last button. His girth burst forth fully erect. Oh, gods, he's so massive. I didn't imagine he'd be this huge. "That will never fit." I gasped22 year old Lady Brenna of Blackwater Hold had been dealt away to the Northern Orruk horde by her father. At first, she could not understand how her father could trade her away to these beasts. Were they beasts, her father taught her to believe this? She would learn that her father was the true monster. He had traded her away to save his skin after he wronged the Orruk Chief Jasper Bloodborne. Jasper had been so kind and gentle with her, something she thought an Orc was incapable of. Could she grow to love him?
8 307Where Destiny Lies
*takes place after season 4*vile's been defeated, the team has split up, carmens found her mother... all stories had their happy endings... all except one: the story of carmen and gray. both aren't sure what they want, but one thing was for certain... they've never felt so torn in their lives. with dozens of vile operatives on the loose, carmen and gray vow to keep their head in the game and answer the question once and for all...were they meant to stay together? or were they meant to be apart for eternity?(disclaimer: these characters all belong to the netflix show, carmen sandiego. the characters are NOT mine, except for Elena, Luna, and Claire)
8 104Corner's Café
"Good Afternoon! This is Corner's Café, where we sell more than just coffee, how can I help you?""More than just coffee? So how much will it be for a sloppy?"In which a boy and a girl talk over a landline without knowing each other's identities, but what happens when things begin to unravel?[dialogue || storyline]
8 142Lustrous
Clumsy, accident prone and damn right weird is how people often describe Skylar Martin and it didn't surprise her that even the opposite sex didn't seem to be attracted to these qualities either.But is that all about to change?When Sky discovers her fathers deepest darkest secrets she knows she must do anything to protect her family even if it means marrying a man she doesn't even know and trying to become the woman she wasn't born to be. With threats and hard decisions to make Sky will have to deal with more then just her quirky and crazy inner self but also the demands of her new fiance.Has she taken on more then she can handle? Read and find out.Reached #958 in Romance
8 91