《ရင်ခွင်ကောင်းကင်(completed)》Ep-9
Advertisement
"ခုဘယ်ကိုသွားနေတာလဲ"
"ဆိုင်တစ်ခုခုစကားပြောရအောင် ဘာစားချင်လဲ"
"ရပါတယ် ဘာဖြစ်ဖြစ်စားတယ်"
"Ok "
ကားကိုပါကင်ထိုးပြီး ဆိုင်ထဲဝင်လာခဲ့သည် အပြင်ဘက်ကစားပဲွတွေက ပြည့်နေတာကြောင့် သူကသီးသန့်ခန်းယူလိုက်သည်။သူမလည်း အသိနဲ့တွေ့နေမှာစိုးတာကြောင့်
ဘာမှမပြောတော့ပေ။
"မင်္ဂလာပါ မီနူးကဒ်ပါရှင့်"
"ချာတိတ် ဘာစားမလဲမှာလေ"
"မာလာရှမ်းကောရလား"
"ဟုတ်ကဲ့ ရပါတယ်ရှင့်"
"အဲဒါပဲ စားမယ်"
"ကျတော်က ကော်ရည်ခေါက်ဆဲွတစ်ပွဲ Latte တစ်ခွက်"
"ချာတိတ်မှာအုံးလေ အဲဒါပဲလား တစ်ခြားစားချင်တာထပ်မှာလေ ကိုယ်ကိုအားမနာပါနဲ့"
"မဟုတ်ပါဘူး မာလာရှမ်းကောစားပြီးစပ်မှအအေးနဲ့အချိုပွဲစားမှာ နောက် မှမှာလိုက် မယ်"
"အာဟုတ်ပါပြီး အစားပုတ်လေးမှန်းကိုယ်မသိလို့ပါ"
"သူများကို အစားပုတ်လို့မခေါ်နဲ့ ဒီလောက်ပိန်နေတာ ကောင်းကောင်းစားရမှာပေါ့ ဟုတ်ဖူးလား"
"စားပါ ကျွေးနိုင်ပါတယ် တရားဝင်ကျွေးခွင့်ပါမစ်လေးရရင် ပိုကောင်းတာပေါ့"
"ဟင်းနော် စလာပြီ"
ပြောပြီး မျက်စောင်းထိုးတဲ့ချာတိတ်မကို အသဲယားနေမိသည်။မတတ်နိုင်ဘူးလေ ကိုယ်ကချစ်ရတဲ့သူကို အဖြေရဖို့အတွက်မရှက်တမ်းပြောရမှာပဲ။စားစရာများရောက်လာတော့ သူမကမာလာရှမ်းကောကို တစ်ရှုးရှုးနဲ့ဆဲွနေသည် နီရဲနေသောမာလာရှမ်းကောကြောင့် သူမဗိုက်နာမလား စိုးရိမ်မိသည်။နောက်ဆိုရင် အစပ်လျှော့စားဖို့ပြောရမည်။သူနဲ့သက်ဆိုင်တဲ့ တစ်နေ့နေ့ရောက်ရင်ပေါ့၊၊
"ကောင်းလား"
"အရမ်းကောင်းတယ် စားကြည့်မလား"
"တော်ပါပြီ မစားတော့ဘူး အရမ်းစပ်လား
အအေးမှာပေးရမလား"
"ရပါတယ်မမှာနဲ့ပြီးရင် ရေခဲမုန့်စားမှာ"
"ခုမှာထားလိုက် မယ် ဘာအရသာစားမှာလဲ"
"စတော်ဘယ်ရီစားမှာ"
"ချာတိတ် ကိုယ့်ကိုဘယ်တော့အဖြေပေးမှာလဲ ကိုယ်အရမ်းသိချင်နေပြီ ကိုယ်ကိုအကြာကြီးတော့ မစဉ္းစားပါနဲ့နော်"
"သူဌေးကလည်း မလောပါနဲ့ မိန်းကလေးဆိုတာ စဉ္းစားမှတော်ကာကျတာ သေချာအကဲခတ်ရမှာပေါ့ ပီတိကရည်းစားထားရင်အတည်ပဲထားချင်တာ ကိုယ့်ပေါ်အတည်လား ဆိုတာကိုပေါ့ အသည်းခွဲခံရမှာကြောက်တယ်"
"ကိုယ့်ဘက်ကအတည်ပါလို့ ထပ်ပြောချင်ပါတယ် တစ်ဘဝစာအတွက်ပါချာတိတ် မင်းဘက်က လက်ခံတာနဲ့ကျန်တဲ့သက်တမ်းတစ်လျှောက ်မှာ မင်းမျက်နှာတစ်ချက် မညိုးစေရဘူး မင်းကိုထားသွားမှာလဲမဟုတ်ဘူးဆိုတာ ကိုယ်ကတိပေးနိုင်တယ်"
"ပီတိ အကြာကြီးမစောင့်ခိုင်းပါဘူး ပီတိစိတ်ကိုသေချာအောင် လို့ပါ"
"ဒါဆို ကိုယ်ဝမ်းသာရတော့မယ့်နေ့ကိုရောက်တော့မှာပေါ့ "
"ဟေ့ ဘယ်သူကသူကိုတွဲမယ်ပြောသေးလို့လဲ အဖြေကမကောင်းတဲ့ရလဒ်လဲဖြစ်နိုင်တာပဲ"
"ချာတိတ်က ရက်စက် မယ့်သူမဟုတ်တာကို
ကိုယ်သိပါတယ်"
"ကဲစားပြီးသွားပြီ အိမ်ပြန်ပို့တော့ ကြာနေရင်
အမေကပြောလိမ့်မယ်"
"ဟုတ်ပါပြီ လိုက်ပို့ပါ့မယ်မမလေးခင်ဗျ"
သူတို့နှစ်ယောက် စားသောက်ဆိုင်မှထွက်လာပြီ သူမအိမ်သို့လိုက်ပို့လိုက်သည်။ကားပေါ်မှာ သူအကြောင်းကိုယ့်အကြောင်းပြောရင်း သူသိလာတာက သူမကရင်းနှီးသွားပြီဆို စကားများတဲ့သာလိကာလေးလို ဖြစ်သွားသည်။တစ်ခြားမိန်းကလေးလို စကားပြောရင်ချွဲပစ်ပစ်ပဲများပြီးပြောတာ မဟုတ်ပဲလေသံကညင်ညင်သာသာနဲ့နားထောင်လို့ကောင်းသည်။ချစ်တဲ့သူမို့ အရာရာသူမျက်စိထဲ ချစ်ဖို့ကောင်းနေတာလား မသိပေ သူအရင်ကလူတစ်ယောက်ကို စွဲစွဲလမ်းလမ်းတမ်းတမ်းတတ ချစ်မိလိမ့်မယ်လို့ မထင်ခဲ့ပါ။သူမတို့အိမ်ရှေ့ကားရပ်လိုက်ပြီး ကားသံကြားလို့ထင်တယ် သူမအမေကအိမ်ထဲက ထွက်လာသည်။
"ဒီနေ့မုန့်ဝယ်ကျွေးတဲ့ အတွက်ကျေးဇူးပါသူဌေး သွားတော့မယ်"
"အင်းမနက်ဖြန်တွေ့မယ် ဟိုမှာချာတိတ်အမေထင်တယ် ကြည့်နေတယ် ကိုယ့်ကိုလက်ဖက်ရည်အိမ်ထဲခေါ်တိုက် မယ့်နေကိုစောင့်နေမယ်နော် good bye "
"ဟုတ် တာ့တာ့"
ကားပေါ်မှာဆင်းကာ ခြံဝမှာစောင့်နေသောအမေဆီလမ်းလျှောက်လာခဲ့သည်။
"ညည်းဘယ်သူလိုက်ပို့တာလဲ ကောင်လေးလား အိမ်ရှေ့တောင်လိုက်ပို့တယ်ပေါ့"
"မဟုတ်ပါဘူး မေမေရယ် ဆရာကန်တော့ပွဲက အသိပါလမ်းကြုံလို့ လိုက်ပို့တာလား"
အမေက ဟုတ်ရဲ့လားဆိုပြီးမျက်လုံးပင့် ကြည့်သည်။ပီတိလဲ မျက်နှာချိုသွေးကာရယ်ပြလိုက်သည်။
"ကိုယ်သမီးမို့ အမေကမဖြစ်သင့်တာတွေမဖြစ်ရအောင် ကြိုပြောထားတာပါ သမီးတို့အရွယ်တွေက ၂၀ကျော်စဆိုတော့မရင့်ကျက်သေးဘူးလေ ရည်းစားထားတယ်ဆိုတာက ရုပ်ရည်ချောလို့လဲကြိုက်နိုင်တယ် ဟောချမ်းသာလို့လဲ ကြိုက်နိုင်တယ် တကယ်အချစ်ကြောင့်လက်ထပ်တာကရှားတယ် လူနှစ်ယောက်ချစ်မယ်ဆို သူအားသာချက်ကိုတင်မကဘူး သူ့့အားနည်းချက်ကိုပါ လက်ခံနိုင်ရမယ် အဲဒါမှချစ်တာသမီးရဲ့အမေကတော့ဖြစ်နိုင်ရင် အမေတို့လိုသာမန်လူတန်းစားထဲကပဲ သမီးကိုစဉ္းစားစေချင်တယ် ချမ်းသာတဲ့အသိုင်းအဝိုင်းတွေကနှိမ်မှာကိုလဲ အဖြစ်မခံနိုင်ဘူးသမီး"
"ဟုတ်ကဲ့ မေမေ သမီးသဘောပေါက်ပါတယ်"
သူမလဲပြောသာပြောရတာ ကိုယ့်သမီးကိုဘယ်ပြောရက်ပါ့မလဲ သူမသိတာပေါ့ ကိုယ့်သမီးက ဘယ်တုန်းကယောကျာ်းလေးအသိကို အိမ်ထိခေါ်ပမလဲ ငယ်ငယ်ကတည်းကရင်းနီှးပေါင်းတဲ့ယောကျာ်းလေးသူငယ်ချင်းတောင်မရှိတာ စီးလာတဲ့ကားအရချမ်းသာတဲ့သူမျိုးပဲဖြစ်မှာ ဒါကြောင့်မီးဆိုတာမလောင်ခင်က ကြိုထားမှတော်ကာကျမှာမဟုတ်လား။
ပီတိလဲ ညစာစားပြီးအိပ်ရာထဲ အိပ်နေသည် ဒီနေ့ပင်ပန်းနေတာကြောင့်လိုင်းမသုံးပဲ စောစောအိပ်တော့မည်။ဖုန်းထဲ စာဝင်လာလို့ကြည့်လိုက်တော့
"good night have a sweet dream see you tomorrow baby"
"good night"
သူပို့တဲ့စာကို ပြန်ပို့ရင်းညနေကမေမေပြောတဲ့ စကားတွေကိုတွေးမိလာတာကြောင့် စိတ်ရှုပ်တာနဲ့ ခေါင်းမြီးခြုံပြီးအိပ်လိုက်တော့သည်။
အလုပ်ရောက်တော့ လူစုံတက်စုံဖြစ်နေပြီး သူမလဲဝင်လာရော အကုန်လုံးက ဒီနေ့ဘာဟင်းလဲဟုဝိုင်းအော်ကျသည်။
"ငါးနဲ့မျှစ်ချဉ် ချက်တယ် ကြက်သားကိုအကြွပ်ကြော်လာတယ် အများကြီးထည့်လာပါတယ် "
"အစားကိုငမ်းနေတာလဲ ပြောဖို့မေ့နေတာပီတိနင့်ကိုသူဌေးမေးနေတယ် ကော်ဖီဖျော်တဲ့တာဝန်ပေးထားတယ်ဆို"
"အာဟုတ်တယ် သူဌေးတောင်ရောက်နေပြီလား စောသားပဲ"
"ပထမရက ်မို့လာတာနေမှာပေါ့ သွားလိုက်အုံး"
"ဟုတ်ကဲ့"
ဒေါက် ဒေါက် ဒေါက်
"ဝင်ခဲ့ပါ"
"ကော်ဖီလာပို့တာပါ သူဌေး"
"စားပွဲပေါ်တင်ထားလိုက်ပါ ညကဘာလို့လိုင်းမတက်တာလဲ "
"ခေါင်းကိုက်လို့ စောအိပ်လိုက်တာ"
"ဟုတ်လား ခုရောသက်သာရဲ့လား နေမကောင်းရင်အိမ်လိုက်ပို့ပေးရမလား"
"သက်သာသွားပါပြီ အိမ်မပြန်ပါဘူး ပီတိသွားတော့မယ်နော်"
"ကိုယ်ခိုင်းထားတဲ့အလုပ်ကို ပြီးအောင်လုပ်ပေးပါ"
"ဟင်ဘာခိုင်းထားလို့လဲ ဘာမှမလုပ်ခိုင်းထားပါဘူး"
"ရှိတယ်လေ ကိုယ်ကိုစဉ္းစားရမယ့်အလုပ်ပေါ့"
"ဟာ ဘာမှန်းလဲမသိဘူး "
#moon shine
Advertisement
- In Serial420 Chapters
Mr Indifferent CEO, Be Careful With My Heart
When we lose our hearts to the wrong person, setting a betrayal in place, how well do we come out from such hurt?
8 881 - In Serial44 Chapters
Contract To Your Heart
THIS STORY IS COMPLETED And EDITED.It is every girls dream to have a prince in their life who will treat them like a princess.Nadia is the same. She always dreamed of marrying someone who will love her but what happens when she is forced to marry a Ceo of a big trading company but even worse, she has to sign a contract which says that they will only be married for 4 months. A love hate relationship araise as they both struggle to find out how they feel about each other. Read to find out more, I promise you won't regret.
8 151 - In Serial17 Chapters
Our days
"What would you like for your birthday?""I want to spend it with you."He never got the chance to spend it with her.《a cellphone novel》
8 100 - In Serial54 Chapters
Unsent Letters of the Heart
(Completed) Compilation of letters for every emotions, feelings and inner voice. A compilation in which it tells a story of the heart.
8 129 - In Serial8 Chapters
Alice x Bendy oneshots
Hey peeps, I just got bored and started to write this, also because I thought wrighting oneshots would be cool❤️❤️ Enjoy!!
8 66 - In Serial50 Chapters
Maybe tomorrow
Life isn't always easy and sometimes you have to find it out the hard way.Allison has it hard enough as a single mother trying to pay for the hospital bills of her son. When the money just isn't enough anymore she is forced to contact Charlie's father, Damien Black, who she hasn't seen in almost 5 years and who has no idea he has been a father for the past years.Problems keep raining down on her when her psychopathic ex boyfriend reappears and she finds herself on a plane to New York.Damien though seems to do everything to keep Ally away from him and his family, and more and more it seems like there is more behind it than his resentment, and Allison's growing attraction towards him doesn't help much.Especially when she starts to realize that both of them have changed a lot once there last encounter.Without even knowing it she slides deeper and deeper into a world full of secrets, dangers and lies.This isn't the first book I wrote but it's currently the only one that is published and also the only one in English. English isn't my first language but it's pretty good, I swear. Likes and Comments are much appreciated^^Hope you like it:)
8 113

