《အိမ်မက်မဟုတ်သောအိမ်မက်》Chapter - 5(💥🏫🚪)
Advertisement
"ရွှီးးး....ဖောင်းးးး...ဒုန်း"
ရှေ့ဘက်လမ်းမှပေါ်မှ ကျယ်လောင်တဲ့အသံကြီးတစ်ခု။
"ဟင်...ဘာဖြစ်တာလည်းးမသိဘူး"
ထိုအသံဟာ ကောင်းမြတ်ရဲ့စိတ်ရိုင်းတွေပြန်ငြိမ်သွား စေခဲ့သည်။ဆုရီပန်ပန်ရဲ့ ဖင်ကိုလက်လှမ်းနေရာမှ ပြန်ပြီးရုတ်လိုက်သည်။
ထို့နောက် သူမ အိမ်ရှေ့ဝန်းရံတာကိုပြေးထွက် သွားတော့ သူလည်းလိုက်ထွက်လာခဲ့သည်။
"အယ်...ဟိုမှာ"
"ဟာ....ကားတိုက်သွားတာပဲ"
ပြိုင်ကားတစ်စီး နဲ့ ပရိုဘောက်ကားလေးတို့တိုက်ထားကြသည်။သူတို့တိုက်ခန်းရှေ့က လမ်းမပေါ်မှာ ကားနှစ်စီးတော့ တိုက်မိလေပြီ။
"အောက်သွားကြည့် ကြမယ်"
"ဟုတ်.."
သူမပြာပြာသလဲနဲ့ထွက်သွားတော့ သူလည်းနောက်ကလိုက်လာရသည်။
ထို့နောက်အခန်းဝရောက်တော့
"ဪခဏ...အမေတို့ကိုသွားပြောလိုက်ဦးမယ်"
ဟုသူမပြောပြီး မျက်နာချင်းဆိုင်က သူမတို့ရဲ့တိုက်ခန်းထဲကိုဝင်သွားသည်။
သူကတော့ အောက်ကိုသာအရင်ဆင်းလာခဲ့လိုက်တော့သည်။
အောက်ရောက်တော့လူတွေ တစ်ခဏ အတွင်းဝိုင်းအုံလာကြသည်မှာအလျင်အမြန်။ယာဥ်တိုက်မှုဖြစ်ရာ နေရာကိုသူက အရင်ဆုံးရောက်နှင့်တာဖြစ်ပြီး တစ်ခြားလူတွေက အခုမှအိပ်ယာထဲက ထလာကြသည့်လူများပင်။
"အမလေးးး...သွေးတွေ...."
"လုပ်ကြဦးး..ရဲစခန်းဖုန်းဆက်..ရဲစခန်းကိုဖုန်းဆက်"
တစ်ယောက်တစ်ပေါက်နှင့်ဝိုင်းအော်ကြရင်းး
ရပ်ကွက်လေးတစ်ခုလုံး ဆူညံသွားသည်။
သူတို့လမ်းကအကွေ့ကနည်းနည်း ဝိုက်တော့ အရှိန်နဲ့မောင်းလာတဲ့ ပြိုင်ကားကတစ်ဖက်လမ်းက ပရိုဘောက်ကားကို ကျော်ပြီးဝင်ကြုံးမိတာဖြစ်မည်။
ဘယ်လိုတိုက်သွားတာလဲတော့သူမသိပေမယ့် အခြေအနေတော့အရမ်းကြီးမဆိုး ပါစေနဲ့လို့သာ ဆုတောင်းရတော့မည်။ အခုတော့နှစ်ယောက်လုံးသတိလစ်နေသည်။ပြိုင်ကားမောင်းတဲ့ ဘဲရော..ပရိုဘောက်ကမား ဦးလေးကြီးရော။
"...မ..မ"
"...ဆွဲထုတ်.."
သူတို့နှစ်ယောက်ကို ကားထဲကနေ ဆွဲထုတ်ဖို့ ကြိုးစားကြသည်။
တစ်ချိန်ထဲမှာပဲ ဆုရီရယ်သူအမေရယ် အဒေါ်ရယ်တို့လည်းရောက်လာတော့သည်။
"...."
"..."
ထိုအခါ သူတို့နှစ်ယောက်တစ်ယောက် နဲ့တစ်ယောက် ကြည့်သာကြည့်လိုက်ကြပြီး
သူမက စကားလာမပြောတော့ သူလည်း သွားမခေါ်ဖြစ်တော့ပေ။သူမဘေးနားက အမေနဲ့အဒေါ်နှစ်ယောက်ကတော့စကားတွေပြောနေသည်။
'အဲ..ခဏနေဦး'
သူတစ်ခုသတိရသွားပြီး သူမကိုပြန်လှည့်ကြည့်လိုက်တော့
'ဟုတ်တယ်...လုံလုံခြုံခြုံဝတ်ထားတာပဲ...ခုနကနဲ့လုံးဝမတူတော့ဘူး'
ခုနက သူ့အခန်းထဲကိုလာတဲ့ ပုံစံနဲလုံးဝမတူ။အင်္ကျီ အဖြူကိုမှ အပေါ်က တစ်ထပ်
ထပ်ဝတ်ထားသေးသည်။အောက်ကလည်းဘောင်းဘီအရှည်။
'...ဒါဆိုရင်တော့သေချာပြီ..ငါ့ကိုသက်သက်မြင်စေချင်လို့ကိုသူဝတ်လာတာပဲ.....ဟီးးဟီးး'
ဟုတွေးပြီး သူကြိတ်ပျော်သွားသည်။ဘာလို့လည်းဆိုတော့ အောက်ကိုဆင်းလာတော့လုံလုံခြုံခြုံဝတ်လာပြီး သူ့အခန်းထဲကိုကျတော့ ပေါ်ပေါ်လွင်လွင်ဝတ်လာသောကြောင့်ပင်။
သို့ပေမယ့် သူပြန်စဉ်စားသည်။
'နေပါဦး...အောက်ထပ်ကိုတော့ အဲလိုအဝတ်အစားကြီးနဲ့ဆင်းလို့အဆင်မပြေဘူးလေ...အဲ့တာကြောင့်လုံလုံခြုံခြုံ အဝတ်ကိုပြန်လဲလိုက်တာလည်းဖြစ်နိုင်တာပဲ.....အေးဟုတ်တယ်...အဲ့လိုပဲဖြစ်မှာပါ'
လို့ပြန်ပြီးသာကောက်ချက်ချလိုက်တော့သည်။ထို့နောက် သူလည်း သွေးသံရဲရဲတွေဆက်မကြည့်ချင်တာကြောင့် အပေါ်သာပြန်တက်ဖို့ဆုံးဖြတ်လိုက်သည်။
ထိုအခါ..
"ဟိုလေ....ကောင်းမြတ်"
သူ့နာမည်ကို ပထမဆုံးအကြိမ် သူမလှမ်းခေါ်ခြင်း။
လှေကားဝမှာ သူ တန့်သွားပြီးလှည့်ကြည့်လိုက်တဲ့အခါ..သူမကပြောသည်။
"အမ...မနက်ဖြန်မှလာခဲ့တော့မယ်နော်"
"ဟုတ်ကဲ့"
လို့သာသူကတော့ပြန်ပြောပြီး တိုက်ခန်းပေါ်တက်သွားတော့သည်။ ထိုညတစ်ည အဓိပ္ပာယ်မဲ့စွာကုန်ဆုံးသွားခဲ့ပြန်သည်။
_________________________
".....ကလင်...ကလင်...ကလင်...ကလင်"
ကျောင်းခေါင်းလောင်းထိုးသံကို ကြားလိုက်ရတဲ့ ကျောင်းသားတို့လောက် စိတ်သက်သာရာရသွားတဲ့သူရှားမည်။
ခေါင်းလောင်သံစူစူးကြီးကိုတောင် အလွန်နားဝင်ချိုလှသည်ဟု ကောင်းမြတ်တစ်ယောက်တွေးမိရင်း ဆရာမကိုထနှုတ်ဆက်ကြပြီး ကန်တင်းကိုသာလာခဲ့တော့သည်။
"ဒီည..ဆော့မှာလား"
"မဆော့တော့ဘူးကွာ"
"ဘာလည်း...ဟိုတစ်ခေါက်ကငါတို့ဆေးထိုးလို့လား.."
"ဟုတ်လားး..မင်းကလည်း..အပျော်ဆော့တာကိုးး"
"မဟုတ်ပါဘူး..ငါလုပ်စရာလေးတွေရှိလို့ပါ"
ထို့နောက်သူ့သူငယ်ချင်းတွေလည်း ဂိမ်းဆော့ဖိူ့ဆက်မမေးတော့ပေ။
ကန်တင်းရောက်တော့....တစ်ခြားဝိုင်းမှာတစ်ယောက်ထဲထိုင်နေတဲ့လူတစ်ယောက်က သူ့ကိုလှမ်းခေါ်လေသည်။
"ဟျောင်...ကောင်းမြတ်"
သူ့လှည့်ကြည့်လိုက်တော့..တစ်ခြားသူမဟုတ်....ကျော်ကျော်။
"ငါဟိုဘက်ဝိုင်းသွားလိုက်ဦးမယ်နော်"
"အေးအေး"
"အေးသွားလေ"
ထို့နောက်ကျော်ကျော်ရှိတဲ့ ဝိုင်းဆီသို့သူလာခဲ့တော့သည်။
"မနက်က ငါလာခေါ်မလို့ မင်းဖုန်းလည်းမကိုင်ဘူး"
"အေးးငါအစောကြီးထွက်လာတာ"
"ဪ"
စားစရာတွေမှာစရာရှိတာမှာပြီးတဲ့နောက်...
ကောင်းမြတ်က
"ငါမေးစရာရှိလို့"
"မေးလေ"
"ကောင်မလေးတစ်ယောက်က အဝတ်အစားပေါ်ပေါ်လွင်လွင်ဝတ်တာ ကောင်လေးကိုအထာပေးတာမျိုးဖြစ်မလား"
"ဟမ်.."
ကျော်ကျော်တစ်ယောက်အား ထမင်းသုတ်စားနေတုန်း ဦးပြောင်းစားစေလေပြီ။
"ပေါ်ပေါ်လွင်လွင်ဆိုတာ ဘယ်လောက်ထိလဲ"
"ဟို...နည်းနည်း sexy ကျကျ ကွာ...အဲ့လိုလည်းမဟုတ်ဘူး"
"ဘယ်လိုလဲ"
"၇၀% လောက်ကွာပေါ်နေတာ..ဆွဲဆောင်ခြင်းတစ်မျိုးပေါ့နော်"
ကောင်းမြတ်ရဲ့ မေးခွန်းကို ကျော်ကျော်ကပြန်ဖြေလေသည်။
"မဟုတ်ဘူးလေ..ငါးကောင်ရ..အခြေအနေအချိန်အခါရှိသေးတယ်လေ..ဥပမာမင်းနဲ့နှစ်ယောက်ထဲရှိတာလား"
"ငါနဲ့မဟုတ်ပါဘူး...ဟုတ်တယ်ကွာအဲ့လိုပဲထားလိုက်ငါနဲ့နှစ်ယောက်ပဲရှိတဲ့အချိန်"
"မိန်းကလေးတစ်ယောက် ပေါ် ပေါ်လွင်လွင်ဝတ်ထားတိုင်းမင်းကိုမြူနေတယ်လို့မှ တွေးလို့မရတာ.. အမျိုးမျိုးဖြစ်နိုင်တယ် တစ်ချို့ကျတော့လည်း သူ့ဟာသူလွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါး နေချင်လို့လဲဖြစ်နိုင်တာပဲ..ရာသီဥတုကပူတယ်လေ"
'အမြဲတမ်းငါ့ကို ချောက်ထဲရောက်အောင် ဆွဲလုပ်ပစ်လိုက်ကွာဆိုပြီး အကြံပေးတတ်တဲ့ကောင် ခုတော့လဲ အခြေအနေအချိန်အခါလေးဘာလေးနဲ့'
ဆိုပြီးကောင်းမြတ်တွေးကာ မျက်စောင်းတစ်ချက်ထိုးလိုက်သည်။
"ဘာလဲမင်းတွေ့နေပြီလား အဲ့လိုကောင်မလေးမျိုး"
"မတွေ့ပါဘူး"
လို့သာသူငြင်းထားလိုက်သည်။
"တွေ့ရင်လည်းငါ့ကို ပြဦးလေကွာ အဲ့တာမှငါလည်းမင်းကို အကြံဉာဏ်ပိုပေးလို့ကောင်းမှာပေါ့"
"အေးအေး တွေ့ရင်တော့ပြမှာပါ အခုကဒီတိုင်းလျှောက်မေးကြည့်တာ"
လို့သာသူလှိမ့်ထားလိုက်သည်။
___________________________
ညရောက်တော့....
အိပ်ရာပေါ်မှာ ပက်လက်လှန် နဖူးပေါ်လက်တင်ရင်းသူစဉ်းစားသည်။ကျော်ကျော်ပြောတာကို သူ့သိစိတ်ထဲက လက်တော့လက်ခံသည်။မသိစိတ်ထဲကတော့ သူလက်မခံ။
သူလက်ခံချင်တာက အမဆုရီသူ့ကိုသဘောကျနေ လို့ လာလာနေတယ်ဆိုတာကိုပဲဖြစ်လေသည်။
သို့ပေမယ့်လည်း အိမ်နီးနားခြင်းဆိုတော့ လာလို့လွယ်လို့လာလာနေတာလည်းဖြစ်နိုင်သည်။ပြီးတော့ သူကအသက်ငယ်တာကြောင့် သူ့ကိုသူမက မောင်လေးတစ်ယောက်လိုပဲ သဘောထားတာပြီး လွတ်လွတ်လပ်လပ်နေတာလည်းဖြစ်ကောင်းဖြစ်နိုင်မည်ဟု လည်းသူတွေးမိပြန်သည်။
ချိန်ခွင်ရဲ့ ဟိုဘက်ခြမ်းနဲ့ ဒီဘက်ခြမ်းလိုပင်။
ဟိုဘက်ခြမ်းမှာတော့ ဆုရီပန်ပန်ဟာ သူ့ကိုအငမ်းမရဖြစ်နေပြီး ညတိုင်းဆာဆာလာလို့ သူများသူမကို ဇာတ်လမ်းစလာမလားဆိုပြီး အဝတ်အစားမလုံတလုံတွေနဲ့ သူ့ကိုလာလာမြူဆွယ်နေတဲ့ အထန်ဆော်ကြီးတစ်ယောက်။
ဒီဘက်ခြမ်းမှာတော့ သူမဟာ သူ့ကိုမောင်လေးတစ်ယောက်လိုခင်လို့ အိမ်နီးနားခြင်းလည်း ဖြစ်တာကြောင့် ရိုးရိုးသားသားနဲ့ အဝတ်အစားသိပ်ဂရုမထားပဲ လွတ်လွတ်လပ်လပ်ဝတ်လာပြီး အကူအညီလာလာတောင်းနေတဲ့ အမကြီးတစ်ယောက်။
ချိန်ခွင်အလေးတွေကတော့ ကောင်းမြတ်ရဲ့ အတွေးတွေပေါ့။အခုထိတော့ အထန်ဆော်ကြီးဘက်ခြမ်းကိုမသိမသာလေး အလေးသာနေတာကလွဲလို့ သိပ်ပြီး တော့ ဆုံဖြတ်ချက်အဖြေမတိကျသေးပေ။
ထို့နောက် သူအိမ်ရှေ့ထွက်ကြည့်သည်။တံခါးဖွင့်လိုက်တဲ့အခါ မျက်နာချင်းဆိုင်အခန်းက တံခါးလေးပိတ်ထားတာကိုသာသူ တွေ့လိုက်တဲ့အတွက် စိတ်ညစ်သွားသည်။
'ဘယ်အချိန်မှလာမှာလည်းမသိဘူး'
မနက်ဖြန်မှလာခဲ့ မယ်လို့ပြောထားတော့ သူ့မှာညနေလောက်ကတည်းက လည်ပင်းရှည်အောင် စောင့်နေရသည်။ကြာရင်သစ်ကုလားအုတ် ဖြစ်တော့မည်။
ထို့နောက် အိမ်ရှေ့ခန်းထဲခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း ဂနာမငြိမ်ဖြစ်နေလေသည်။
'ဒေါင်းလို့ရသွားလို့လားမသိဘူး...အေးဖြစ်နိုင်တယ်....သွေးရိုးသားရိုးပဲဖြစ်မှာပါ....ဒီညမလာတော့ရင်တော့သေချာပါပြီ'
ဒီညသာ သူမမလာခဲ့ရင်တော့ ချိန်ခွင်ဒီဘက်ခြမ်းကိုအလေးအပြည့်နီးပါးသူထည့်လိုက်ရတော့မည်။ဆုရီပန်ပန်ဆိုတဲ့ ဘေးအိမ်ကအမကြီးဟာ သူ့အပေါ် ညစ်ညမ်းတဲ့စိတ်တွေလုံးဝမရှိတာကို လက်မခံချင်သော်လည်း လက်ခံရတော့မည်။
သို့ပေမယ့်...
သူကံကောင်းသွားသည်။
"ဒေါက်...ဒေါက်..ဒေါက်"
"ဟင်...လာပြီလား"
ကမန်းကတန်းခုံပေါ်ကကောက်ထပြီး ထခုန်မတက်ပြေးသွားတဲ့ ကောင်းမြတ် တံခါးကိုဆွဲအဖွင့်မှာတွေ့လိုက်ရတာက
"ကျွီ....."
"ဟာ...ဟျောင်"
Advertisement
- In Serial51 Chapters
Apocalypse: Living With A Cute Baby
"An accident. She's pregnant. How unlucky. She got pregnant in one shot!
8 396 - In Serial28 Chapters
Queen of his Heart - [Editing]
Queen of his Heart. ~A novella by Nasreen Akther.___________________________________________________Description....He is the King.The leader and present head of every sector of earth whom everybody had to obey, be it werewolves or humans. In the time of chaos, he brought light to the war crazed and protected the earth inhabitants from massacre. Everyone thought of him then as a Savior. The Light. But he turned to be the king of manipulation and darkness. He fed on evil to bring down destruction. Nobody on the whole of the all realms can be as Bloodthirsty and Cruel than him.People's life meant nothing to his Psycho manipulative mind.Until she came. A naive beauty who didn't understand bloodlust. So his crazy blood killings turned into magic to amuse her. To keep her enchanted in the magic woven little world he made for her. She meant everything to him. The very core of his shrouded existence was her. Fate forbid, if he lost her, which he won't ever let happen, the whole world will be crying in the face of his chaos and destruction. Cause he cared for none. Only her. ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~"You were warned you fools, The Prophecy of my imergence was revealed by your ancestors. But you all chose to neglect and forget it. So I came back to take my throne....BUT don't ever and ever forget, That now I have a Queen. And the moment she fidgets in discomfort because of you measly mortals, your whole existence will be veiled with the melting lava of cruel darkness. ~ King Azazel, the strongest ruler in history of Earth. The story is a product wholly based on the imagination of the author. It has no intent to insult or oppose any religion or belief. This is a fictional story made for the sole purpose of reading.
8 143 - In Serial51 Chapters
What You're Not
When she moves to a new town, all Loren wants is a fresh start. But things get complicated when she falls for Miles, the cute boy who wants to know her secret. *****When Loren Reed moves to Westbrook all she wants is to put her past behind her. And she has a plan to do it: she'll get back into sewing, make some new friends, and pull her grades up. In short, she'll show her mom that she's not going to be a shut-in anymore, and that she's moved on from the tragic events of four years ago. The only problem? Miles Hanson, the cute football player who wants to know everything about her. As it turns out, Loren and Miles may have more in common with their pasts than they ever realized...[[word count: 90,000 - 100,000]]Cover designed by Ria AmeliaTrigger warning: This story mentions the death of a parent and sibling
8 157 - In Serial70 Chapters
teen wolf imagines ⭐️
smut, fluff and sometimes preferences .all from tumblr unless I can be bothered to write one myself.#22 lemons - 7th May 2020#11 scott - 17th May 2022
8 193 - In Serial51 Chapters
Tanya x Female!Reader (youjo senki/ the saga of Tanya the evil fanfiction)
•Yes this is gay.•Yes this is yuri.•Yes this might disappoint you.•Yes this is a fanfiction too.Amidst all the chaos in the air, she flew like an angel, for empirial soldiers who see her.But everyone knew she was a hot headed one when it comes to getting irritated. With having to listen to spewed nonsensical words towards them as she makes them kneel and beg her for mercy.That's how everyone saw her.A graduate of the military academy, a silver winged Major, a Captain, and even a strategist for peculiar reasons. She was a prodigy to the military and government I tell you.Created by: G
8 206 - In Serial20 Chapters
The Unknown Girl! (Tittle might change)
This is a Rocky centered story where he falls for a girl who mysteriously has amnesia and been wondering around grandpas cabin! Where did she come from? Who is she really and will they be able to find out about her family and her past?Read more to find out their adventure together along with Colt and Tum Tum! (I might make more side characters for them later!)
8 115

