《အိမ်မက်မဟုတ်သောအိမ်မက်》Chapter - 5(💥🏫🚪)
Advertisement
"ရွှီးးး....ဖောင်းးးး...ဒုန်း"
ရှေ့ဘက်လမ်းမှပေါ်မှ ကျယ်လောင်တဲ့အသံကြီးတစ်ခု။
"ဟင်...ဘာဖြစ်တာလည်းးမသိဘူး"
ထိုအသံဟာ ကောင်းမြတ်ရဲ့စိတ်ရိုင်းတွေပြန်ငြိမ်သွား စေခဲ့သည်။ဆုရီပန်ပန်ရဲ့ ဖင်ကိုလက်လှမ်းနေရာမှ ပြန်ပြီးရုတ်လိုက်သည်။
ထို့နောက် သူမ အိမ်ရှေ့ဝန်းရံတာကိုပြေးထွက် သွားတော့ သူလည်းလိုက်ထွက်လာခဲ့သည်။
"အယ်...ဟိုမှာ"
"ဟာ....ကားတိုက်သွားတာပဲ"
ပြိုင်ကားတစ်စီး နဲ့ ပရိုဘောက်ကားလေးတို့တိုက်ထားကြသည်။သူတို့တိုက်ခန်းရှေ့က လမ်းမပေါ်မှာ ကားနှစ်စီးတော့ တိုက်မိလေပြီ။
"အောက်သွားကြည့် ကြမယ်"
"ဟုတ်.."
သူမပြာပြာသလဲနဲ့ထွက်သွားတော့ သူလည်းနောက်ကလိုက်လာရသည်။
ထို့နောက်အခန်းဝရောက်တော့
"ဪခဏ...အမေတို့ကိုသွားပြောလိုက်ဦးမယ်"
ဟုသူမပြောပြီး မျက်နာချင်းဆိုင်က သူမတို့ရဲ့တိုက်ခန်းထဲကိုဝင်သွားသည်။
သူကတော့ အောက်ကိုသာအရင်ဆင်းလာခဲ့လိုက်တော့သည်။
အောက်ရောက်တော့လူတွေ တစ်ခဏ အတွင်းဝိုင်းအုံလာကြသည်မှာအလျင်အမြန်။ယာဥ်တိုက်မှုဖြစ်ရာ နေရာကိုသူက အရင်ဆုံးရောက်နှင့်တာဖြစ်ပြီး တစ်ခြားလူတွေက အခုမှအိပ်ယာထဲက ထလာကြသည့်လူများပင်။
"အမလေးးး...သွေးတွေ...."
"လုပ်ကြဦးး..ရဲစခန်းဖုန်းဆက်..ရဲစခန်းကိုဖုန်းဆက်"
တစ်ယောက်တစ်ပေါက်နှင့်ဝိုင်းအော်ကြရင်းး
ရပ်ကွက်လေးတစ်ခုလုံး ဆူညံသွားသည်။
သူတို့လမ်းကအကွေ့ကနည်းနည်း ဝိုက်တော့ အရှိန်နဲ့မောင်းလာတဲ့ ပြိုင်ကားကတစ်ဖက်လမ်းက ပရိုဘောက်ကားကို ကျော်ပြီးဝင်ကြုံးမိတာဖြစ်မည်။
ဘယ်လိုတိုက်သွားတာလဲတော့သူမသိပေမယ့် အခြေအနေတော့အရမ်းကြီးမဆိုး ပါစေနဲ့လို့သာ ဆုတောင်းရတော့မည်။ အခုတော့နှစ်ယောက်လုံးသတိလစ်နေသည်။ပြိုင်ကားမောင်းတဲ့ ဘဲရော..ပရိုဘောက်ကမား ဦးလေးကြီးရော။
"...မ..မ"
"...ဆွဲထုတ်.."
သူတို့နှစ်ယောက်ကို ကားထဲကနေ ဆွဲထုတ်ဖို့ ကြိုးစားကြသည်။
တစ်ချိန်ထဲမှာပဲ ဆုရီရယ်သူအမေရယ် အဒေါ်ရယ်တို့လည်းရောက်လာတော့သည်။
"...."
"..."
ထိုအခါ သူတို့နှစ်ယောက်တစ်ယောက် နဲ့တစ်ယောက် ကြည့်သာကြည့်လိုက်ကြပြီး
သူမက စကားလာမပြောတော့ သူလည်း သွားမခေါ်ဖြစ်တော့ပေ။သူမဘေးနားက အမေနဲ့အဒေါ်နှစ်ယောက်ကတော့စကားတွေပြောနေသည်။
'အဲ..ခဏနေဦး'
သူတစ်ခုသတိရသွားပြီး သူမကိုပြန်လှည့်ကြည့်လိုက်တော့
'ဟုတ်တယ်...လုံလုံခြုံခြုံဝတ်ထားတာပဲ...ခုနကနဲ့လုံးဝမတူတော့ဘူး'
ခုနက သူ့အခန်းထဲကိုလာတဲ့ ပုံစံနဲလုံးဝမတူ။အင်္ကျီ အဖြူကိုမှ အပေါ်က တစ်ထပ်
ထပ်ဝတ်ထားသေးသည်။အောက်ကလည်းဘောင်းဘီအရှည်။
'...ဒါဆိုရင်တော့သေချာပြီ..ငါ့ကိုသက်သက်မြင်စေချင်လို့ကိုသူဝတ်လာတာပဲ.....ဟီးးဟီးး'
ဟုတွေးပြီး သူကြိတ်ပျော်သွားသည်။ဘာလို့လည်းဆိုတော့ အောက်ကိုဆင်းလာတော့လုံလုံခြုံခြုံဝတ်လာပြီး သူ့အခန်းထဲကိုကျတော့ ပေါ်ပေါ်လွင်လွင်ဝတ်လာသောကြောင့်ပင်။
သို့ပေမယ့် သူပြန်စဉ်စားသည်။
'နေပါဦး...အောက်ထပ်ကိုတော့ အဲလိုအဝတ်အစားကြီးနဲ့ဆင်းလို့အဆင်မပြေဘူးလေ...အဲ့တာကြောင့်လုံလုံခြုံခြုံ အဝတ်ကိုပြန်လဲလိုက်တာလည်းဖြစ်နိုင်တာပဲ.....အေးဟုတ်တယ်...အဲ့လိုပဲဖြစ်မှာပါ'
လို့ပြန်ပြီးသာကောက်ချက်ချလိုက်တော့သည်။ထို့နောက် သူလည်း သွေးသံရဲရဲတွေဆက်မကြည့်ချင်တာကြောင့် အပေါ်သာပြန်တက်ဖို့ဆုံးဖြတ်လိုက်သည်။
ထိုအခါ..
"ဟိုလေ....ကောင်းမြတ်"
သူ့နာမည်ကို ပထမဆုံးအကြိမ် သူမလှမ်းခေါ်ခြင်း။
လှေကားဝမှာ သူ တန့်သွားပြီးလှည့်ကြည့်လိုက်တဲ့အခါ..သူမကပြောသည်။
"အမ...မနက်ဖြန်မှလာခဲ့တော့မယ်နော်"
"ဟုတ်ကဲ့"
လို့သာသူကတော့ပြန်ပြောပြီး တိုက်ခန်းပေါ်တက်သွားတော့သည်။ ထိုညတစ်ည အဓိပ္ပာယ်မဲ့စွာကုန်ဆုံးသွားခဲ့ပြန်သည်။
_________________________
".....ကလင်...ကလင်...ကလင်...ကလင်"
ကျောင်းခေါင်းလောင်းထိုးသံကို ကြားလိုက်ရတဲ့ ကျောင်းသားတို့လောက် စိတ်သက်သာရာရသွားတဲ့သူရှားမည်။
ခေါင်းလောင်သံစူစူးကြီးကိုတောင် အလွန်နားဝင်ချိုလှသည်ဟု ကောင်းမြတ်တစ်ယောက်တွေးမိရင်း ဆရာမကိုထနှုတ်ဆက်ကြပြီး ကန်တင်းကိုသာလာခဲ့တော့သည်။
"ဒီည..ဆော့မှာလား"
"မဆော့တော့ဘူးကွာ"
"ဘာလည်း...ဟိုတစ်ခေါက်ကငါတို့ဆေးထိုးလို့လား.."
"ဟုတ်လားး..မင်းကလည်း..အပျော်ဆော့တာကိုးး"
"မဟုတ်ပါဘူး..ငါလုပ်စရာလေးတွေရှိလို့ပါ"
ထို့နောက်သူ့သူငယ်ချင်းတွေလည်း ဂိမ်းဆော့ဖိူ့ဆက်မမေးတော့ပေ။
ကန်တင်းရောက်တော့....တစ်ခြားဝိုင်းမှာတစ်ယောက်ထဲထိုင်နေတဲ့လူတစ်ယောက်က သူ့ကိုလှမ်းခေါ်လေသည်။
"ဟျောင်...ကောင်းမြတ်"
သူ့လှည့်ကြည့်လိုက်တော့..တစ်ခြားသူမဟုတ်....ကျော်ကျော်။
"ငါဟိုဘက်ဝိုင်းသွားလိုက်ဦးမယ်နော်"
"အေးအေး"
"အေးသွားလေ"
ထို့နောက်ကျော်ကျော်ရှိတဲ့ ဝိုင်းဆီသို့သူလာခဲ့တော့သည်။
"မနက်က ငါလာခေါ်မလို့ မင်းဖုန်းလည်းမကိုင်ဘူး"
"အေးးငါအစောကြီးထွက်လာတာ"
"ဪ"
စားစရာတွေမှာစရာရှိတာမှာပြီးတဲ့နောက်...
ကောင်းမြတ်က
"ငါမေးစရာရှိလို့"
"မေးလေ"
"ကောင်မလေးတစ်ယောက်က အဝတ်အစားပေါ်ပေါ်လွင်လွင်ဝတ်တာ ကောင်လေးကိုအထာပေးတာမျိုးဖြစ်မလား"
"ဟမ်.."
ကျော်ကျော်တစ်ယောက်အား ထမင်းသုတ်စားနေတုန်း ဦးပြောင်းစားစေလေပြီ။
"ပေါ်ပေါ်လွင်လွင်ဆိုတာ ဘယ်လောက်ထိလဲ"
"ဟို...နည်းနည်း sexy ကျကျ ကွာ...အဲ့လိုလည်းမဟုတ်ဘူး"
"ဘယ်လိုလဲ"
"၇၀% လောက်ကွာပေါ်နေတာ..ဆွဲဆောင်ခြင်းတစ်မျိုးပေါ့နော်"
ကောင်းမြတ်ရဲ့ မေးခွန်းကို ကျော်ကျော်ကပြန်ဖြေလေသည်။
"မဟုတ်ဘူးလေ..ငါးကောင်ရ..အခြေအနေအချိန်အခါရှိသေးတယ်လေ..ဥပမာမင်းနဲ့နှစ်ယောက်ထဲရှိတာလား"
"ငါနဲ့မဟုတ်ပါဘူး...ဟုတ်တယ်ကွာအဲ့လိုပဲထားလိုက်ငါနဲ့နှစ်ယောက်ပဲရှိတဲ့အချိန်"
"မိန်းကလေးတစ်ယောက် ပေါ် ပေါ်လွင်လွင်ဝတ်ထားတိုင်းမင်းကိုမြူနေတယ်လို့မှ တွေးလို့မရတာ.. အမျိုးမျိုးဖြစ်နိုင်တယ် တစ်ချို့ကျတော့လည်း သူ့ဟာသူလွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါး နေချင်လို့လဲဖြစ်နိုင်တာပဲ..ရာသီဥတုကပူတယ်လေ"
'အမြဲတမ်းငါ့ကို ချောက်ထဲရောက်အောင် ဆွဲလုပ်ပစ်လိုက်ကွာဆိုပြီး အကြံပေးတတ်တဲ့ကောင် ခုတော့လဲ အခြေအနေအချိန်အခါလေးဘာလေးနဲ့'
ဆိုပြီးကောင်းမြတ်တွေးကာ မျက်စောင်းတစ်ချက်ထိုးလိုက်သည်။
"ဘာလဲမင်းတွေ့နေပြီလား အဲ့လိုကောင်မလေးမျိုး"
"မတွေ့ပါဘူး"
လို့သာသူငြင်းထားလိုက်သည်။
"တွေ့ရင်လည်းငါ့ကို ပြဦးလေကွာ အဲ့တာမှငါလည်းမင်းကို အကြံဉာဏ်ပိုပေးလို့ကောင်းမှာပေါ့"
"အေးအေး တွေ့ရင်တော့ပြမှာပါ အခုကဒီတိုင်းလျှောက်မေးကြည့်တာ"
လို့သာသူလှိမ့်ထားလိုက်သည်။
___________________________
ညရောက်တော့....
အိပ်ရာပေါ်မှာ ပက်လက်လှန် နဖူးပေါ်လက်တင်ရင်းသူစဉ်းစားသည်။ကျော်ကျော်ပြောတာကို သူ့သိစိတ်ထဲက လက်တော့လက်ခံသည်။မသိစိတ်ထဲကတော့ သူလက်မခံ။
သူလက်ခံချင်တာက အမဆုရီသူ့ကိုသဘောကျနေ လို့ လာလာနေတယ်ဆိုတာကိုပဲဖြစ်လေသည်။
သို့ပေမယ့်လည်း အိမ်နီးနားခြင်းဆိုတော့ လာလို့လွယ်လို့လာလာနေတာလည်းဖြစ်နိုင်သည်။ပြီးတော့ သူကအသက်ငယ်တာကြောင့် သူ့ကိုသူမက မောင်လေးတစ်ယောက်လိုပဲ သဘောထားတာပြီး လွတ်လွတ်လပ်လပ်နေတာလည်းဖြစ်ကောင်းဖြစ်နိုင်မည်ဟု လည်းသူတွေးမိပြန်သည်။
ချိန်ခွင်ရဲ့ ဟိုဘက်ခြမ်းနဲ့ ဒီဘက်ခြမ်းလိုပင်။
ဟိုဘက်ခြမ်းမှာတော့ ဆုရီပန်ပန်ဟာ သူ့ကိုအငမ်းမရဖြစ်နေပြီး ညတိုင်းဆာဆာလာလို့ သူများသူမကို ဇာတ်လမ်းစလာမလားဆိုပြီး အဝတ်အစားမလုံတလုံတွေနဲ့ သူ့ကိုလာလာမြူဆွယ်နေတဲ့ အထန်ဆော်ကြီးတစ်ယောက်။
ဒီဘက်ခြမ်းမှာတော့ သူမဟာ သူ့ကိုမောင်လေးတစ်ယောက်လိုခင်လို့ အိမ်နီးနားခြင်းလည်း ဖြစ်တာကြောင့် ရိုးရိုးသားသားနဲ့ အဝတ်အစားသိပ်ဂရုမထားပဲ လွတ်လွတ်လပ်လပ်ဝတ်လာပြီး အကူအညီလာလာတောင်းနေတဲ့ အမကြီးတစ်ယောက်။
ချိန်ခွင်အလေးတွေကတော့ ကောင်းမြတ်ရဲ့ အတွေးတွေပေါ့။အခုထိတော့ အထန်ဆော်ကြီးဘက်ခြမ်းကိုမသိမသာလေး အလေးသာနေတာကလွဲလို့ သိပ်ပြီး တော့ ဆုံဖြတ်ချက်အဖြေမတိကျသေးပေ။
ထို့နောက် သူအိမ်ရှေ့ထွက်ကြည့်သည်။တံခါးဖွင့်လိုက်တဲ့အခါ မျက်နာချင်းဆိုင်အခန်းက တံခါးလေးပိတ်ထားတာကိုသာသူ တွေ့လိုက်တဲ့အတွက် စိတ်ညစ်သွားသည်။
'ဘယ်အချိန်မှလာမှာလည်းမသိဘူး'
မနက်ဖြန်မှလာခဲ့ မယ်လို့ပြောထားတော့ သူ့မှာညနေလောက်ကတည်းက လည်ပင်းရှည်အောင် စောင့်နေရသည်။ကြာရင်သစ်ကုလားအုတ် ဖြစ်တော့မည်။
ထို့နောက် အိမ်ရှေ့ခန်းထဲခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း ဂနာမငြိမ်ဖြစ်နေလေသည်။
'ဒေါင်းလို့ရသွားလို့လားမသိဘူး...အေးဖြစ်နိုင်တယ်....သွေးရိုးသားရိုးပဲဖြစ်မှာပါ....ဒီညမလာတော့ရင်တော့သေချာပါပြီ'
ဒီညသာ သူမမလာခဲ့ရင်တော့ ချိန်ခွင်ဒီဘက်ခြမ်းကိုအလေးအပြည့်နီးပါးသူထည့်လိုက်ရတော့မည်။ဆုရီပန်ပန်ဆိုတဲ့ ဘေးအိမ်ကအမကြီးဟာ သူ့အပေါ် ညစ်ညမ်းတဲ့စိတ်တွေလုံးဝမရှိတာကို လက်မခံချင်သော်လည်း လက်ခံရတော့မည်။
သို့ပေမယ့်...
သူကံကောင်းသွားသည်။
"ဒေါက်...ဒေါက်..ဒေါက်"
"ဟင်...လာပြီလား"
ကမန်းကတန်းခုံပေါ်ကကောက်ထပြီး ထခုန်မတက်ပြေးသွားတဲ့ ကောင်းမြတ် တံခါးကိုဆွဲအဖွင့်မှာတွေ့လိုက်ရတာက
"ကျွီ....."
"ဟာ...ဟျောင်"
Advertisement
- In Serial46 Chapters
The Artist & The Q.B.
Briar Roberts is a struggling artist who can't help clash with her best friends brother and Quarterback Truex Marshall. When Truex starts dropping hints of interest in her, Briar's vain attempts to keep him away are laughable. This is a pretty humorous story. One of my favorites that I have done for sure. Hope you like it! XO
8 77 - In Serial15 Chapters
Blue Fire
I need to feel you close to me
8 113 - In Serial57 Chapters
Come Here, Kitten
Alpha Ares, the most feared alpha in the nation, takes what he wants, when he wants. After spending one sinful night at the lake with his mate Aurora, Ares wants her and only her. But Aurora--soon-to-be alpha of her mother's pack--has other plans.
8 199 - In Serial47 Chapters
Love & Football
Emma Cahill is the proud, single mother of Noah, a 5 year old football loving little boy at the center of her world. At 25 years old Emma has stopped looking for love in order to focus on being the best mother she can be to Noah and to being the owner of Belle Amie, one of the most popular boutiques in Houston. But what happens when love finds her?JJ Watt is the star defensive end for the Houston Texans and at just 25 years old he's one of the best to ever play the game. He vowed to put his love life on hold until football was no longer the center of his world, the only thing JJ cared about was chasing greatness. But what happens when he starts chasing love?Whether you're a JJ Watt fan, a Texans fan, a football fan or just a fan of love... Read more to find out what happens in this playful tale of Love & Football.
8 58 - In Serial48 Chapters
The Silver Ninja (A Lego Ninjago fanfic)
Brielle Manders. She's just your average 22 year old girl with a small temper. She's also a gymnastics instructor who lives in a small apartment in Ninjago city with her roommate.Little did she know, on one lazy Saturday, that the arrival of four guys in ninja suits would change her life forever.
8 165 - In Serial25 Chapters
Cyber Heart |JJK Fanfiction|
"So....how do you feel about humans?" Jungkook looked up at me with his mechanic blue eyes and stroked my cheek, his fingers tenderly brushing against my skin."I know I feel something about you...Dr. Marks..." I looked up at him with wide eyes and I froze. Robots can't fall in love with humans. It isn't possible.....is it?⭐Best Ranking: #1 in #robots #1 in #robot #1 in #sciencefantasy #1 in #jungkookie #1 in #mechanic #1 in #lab⭐️~Sci-fi Fanfiction~All Credit for cover photo goes to BTS and Bighit Entertainment
8 205

