Advertisement
"မင်းလုပ်နေတာတေ စောက်ပုံကိုမလာဘူးနော် ဟျောင့်"
"ဘာလုပ်နေလို့လဲ"
"ဟ...ဘာလုပ်နေတာမှန်းပါ မသိရအောင်...မင်းဦးနှောက်ကိုခွေးကျွေးပစ်လိုက်လိုလား"
"ဘာမွမလုပ္ဘူး အကောင်းအတိုင်းရှိတယ်...အခုတော့မအားသေးဘူး...ok"
"နေ..."
တီ
ဟာ ဒီမေအ-ိုးတော့ ပြောလို့မပြီးသေးဘူး ဖုန်းကိုချသွားပြန်ပြီ။
တစ်နေ့တစ်နေ့ မင်းသူငယ်ချင်းကြီးကို ဘယ်မှာတွေ့ခဲ့ပါတယ်၊ဘယ်သူနဲ့ ဘယ္နားမွာ ဘာလုပ်နေကြပါတယ်ဆိုတဲ့ သတင်းတေ မကြားချင်မှအဆုံး။ဒီခြေလှမ်းကို စလှမ်းကတည်းက လူချင်းတွေ့ပြီးလည်း သတိပေးထားရဲ့နဲ့ ဒီကောင် သိပ်ဇောင်းထနေတာ။သူဈေးရောင်းသွားတဲ့ ရွာနီးခြောက်စပ် သူတစ်ယောက်တည်းရှိတယ်များထင်နေလို့ ထင်တိုင်းကြဲနေတာလား။
အဲ့ရွာကကောင်မလေး တစ်ယောက်နဲ့ အဲ့ရွာဘက်ပိုင်းမှာ ခဏခဏ တြဲသြားတြဲလာ တွေ့တွေ့နေတယ်လို့ ဦးဌေးနိုင်က ပြောပြောနေတာ တစ်ခါနှစ်ခါလည်း မကတော့ဘူး။ဦးဌေးနိုင်ဆိုတာ သူ့လိုပဲ တောင်ပေါ်ဈေးရောင်းနေတဲ့သူ။ရွာတော့မတူဘူး။ကြားထဲမှာ နှစ်ရွာလောက်ခြားတယ်။နှစ်ရွာလောက်ခြားတဲ့ဆီကတောင် တွေ့နေရရင် ဒင်းတို့ ဘယ်လောက်တောင်များ ကမြင်းကျော ထနေကြလို့လဲ။
ပြီးတော့ ဒါတေကိုရော သူ့ယောက်ျားဖြစ်တဲ့သူ မသိဘူးလို့များ ထင်နေသလား။အစ်ကိုစိုင်းဆိုတာလည်း နုံနုံအအလူမျိုးမှမဟုတ်တာ။အရင်က တစ်ပါတ်ကို နှစ်ခါလောက်ရအောင် အိမ်အမအရ ပြန်တဲ့သူက အခုဆို တစ်ပါတ်မှ တစ်ခါပဲထွက်ပြီး အိမ်မှာဆို တစ်ရက်ပဲ။တစ်ခါတစ်လေမှာ နှစ်ရက်။အိမ်ရောက်နေတဲ့ တစ်ရက်နှစ်ရက်အတွင်း အေးအေးနေလားဆို မနေသေးဘူး။ဖုန်းကပြောခင်အောင်ပြောသေးတာ။သူ့ပြောလိုက်ရင် ပစ္စည်းမှာတာ အလုပ်ကိစ္စ ဘာညာကွိက နှင့် ဆင်ခြေပေါင်းသောင်းခြောက်ထောင်။ဒါတေကို အတိအကျမသိတောင် မရိပ်မိဘဲတော့နေပါ့မလား။ဘေးကလူတောင် ဒီလောက်သိသာနေရင် တစ်အိမ်တည်းနေတဲ့သူက ပိုသိမှာပေါ့။ဒါပေမယ့် အစ်ကိုစိုင်းက သူ့ကိုလည်း တစ်ခွန်းမှ မမေးဘူးထင်တယ်။ဒါကြောင့်ဒီကောင်ဒီလောက်ဂျိုထွက်နေတာ။
ဂျိုထွက်နေတယ်ဆိုတဲ့ အကြောင်းအရင်းက သူနဲ့ ရှုပ်ရှုပ်ယှက်ယှက်ဖြစ်နေတဲ့ ကောင်မလေးက သူ့လို ဘဲကြီးတေနှင့် လှည့်ပတ်တွဲနေတဲ့ မိန်းမလည်လေး။ဒါကို ဒင်းက မသိဘူး။ရုပ်ကိုပဲ မက်နေတာ။
တွေ့မယ်။ခဏပဲ စိတ်ယိုင်တာမကလို့ စိတ်ပဲယိုင်ချင်ချင်ဖြစ်နေနေ ငါနဲ့ကိုတွေ့မယ်။
♥♥♥
အချိန်အားဖြင့် ညေနေလးနာရီ။
ခြောက်တန်းကလေးတေကိုပါ ညနေပိုင်းခေါ်သင်နေတာမလို့ ညနေငါးနာရီလောက်အထိ ကလေးတေနှင့် ဆူညံနေတတ်တယ်။မနက်ပိုင်း တစ်တန်းတည်းခေါ်သင်တော့လည်း အလုပ်မရှိဘာမရှိနဲ့ တစ်နေ့လည်လုံး တစ်ညလုံး တစ်ယောက်တည်း ၊ကြာလာတော့ ပျင်းတာနှင့်ပဲ ခြောက်တန်းကလေးတေပါ ခေါ်ပြီး သင်ပေးလိုက်တယ်။ဘာလိုလိုနှင့် နောက်လဆို ကျောင်းတေတောင်ဖွင့်တော့မှာပဲ။
"ကိုကြီးသုတ ဒါက ဘယ်လိုဆက်တွက်ရတော့မှာလဲ"
"ဟမ်...ဘယ္နားလဲ...ပြ"
"ဒီနား"
"သြော်...ဒါကဒီလိုလေ..ဒါနဲ့ ဒါနဲ့က အပေါင်းဆိုတော့ ပထမဆုံးရှင်းရမှာ...ပြီးမှ သူနဲ့သွားမြှောက်ရမှာ"
"ဟုတ်...ဟုတ်"
"သြား...တွက်ချေ...မရရင် ပြန်လာပြော"
"ဟုတ်"
အင်း။ကလေးတေကို စာသင်ပေးနေရတာလည်း နားရတာ မနားရတာဘေးချိတ်၊အလုပ်ရှိတော့ အလုပ်ထဲ စိတ်ပါနေလို့ ကျန်တာမတွေးဖြစ်ဘူး။အထူးသဖြင့် စိတ်ဆင်းရဲစရာတေ။တစ်ယောက်တည်းဆို ဖုန်းသုံးရင်သုံး မဟုတ်ရင် အိပ်နေဖို့ပဲရှိတယ်။အိပ်ဖို့ဆိုတာကလည်း ပူတော့ ဘယ်လိုမှမအိပ်နိုင်။ခြံထဲ အလုပ်လုပ်နေရအောင်ကလည်း ဆယ်နာရီလောက်ဆို ပူနေပြီမလို့ ပေါင်းလည်းမရှင်းနိုင်ဘူး။ငြိမ်ငြိမ်နေတောင် ပူနေတဲ့ ရာသီကိုး။
မောင်.....။
မောင်ကတော့ အရင်ကလို တစ်ယောက်တည်းပျင်းနေမှာစိုးလို့ဆိုပြီး မြန်မြန်မပြန်ခဲ့တော့ဘူး။အေးဆေးပဲနေခဲ့တော့တယ်။အရင်က နှစ်ခေါက်ပြန်လို့ နှစ်ခေါက်စာ ရတယ်။အခုနောက်ပိုင်းက တစ်ခေါက်စာပဲရတော့တယ်။ထားပါ။နှစ်ယောက်တည်းနေတဲ့ အိမ္က အသုံးစရိတ် ဘယ်လောက်ကုန်မှာမို့လို့လဲ။
မောင်....။အရင်လိုမဟုတ်တော့ဘူး။တစ်ခေါက်တစ်ခေါက် အိမ်ပြန်ခဲ့ရင် မောင့်မှာ များလိုက်တဲ့အလုပ်တွေ။သတင်းတေတော့ကြားပေမယ့် မကြားချင်ယောင်ဆောင်ထားတယ်မောင်။မောင်က အဲ့လိုမျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ဘူးလို့ ငါယုံထားလို့လေ။မောင့်သူငယ်ချင်း ထွဋ်ခေါင်ကတော့ ပြောတယ်။မောင့်ကို ဒီတိုင်းလွှတ်မထားနဲ့တဲ့။ငါဘာမှပြန်မပြောလိုက်ဘူး။ကိုယ်ပိုင်တဲ့ အရာကို လွတ်သွားမှာစိုးလို့ ဆွဲထားရမယ့်အလုပ်မျိုး ငါဘယ်တော့မှလုပ်မှာမဟုတ်လို့။လွှတ်ပေးလိုက်မှာမောင်။လွှတ်ပေးလိုက်မှာ။ငါဘယ်လောက်ထိ ပြတ်သားနိုင်သလဲဆိုတာ မောင်က အကုန်မသိသေးဘူး။
အား.....။မဟုတ္ကဟုတ္ကေတ ဘယ်လိုများခေါင်းထဲရောက်လာရသလဲ။
ခေါင်းကို ခပ်ကြမ်းကြမ်းခါပစ်လိုက်တယ်။မကောင်းတဲ့ အတွေးတွေ ထွက်သွားအောင်လို့။
"ဒီနေ့တော့ ကိုကြီးနေသိပ်မကောင်းလို့ အချိန်ပြည့်အောင်မသင်နိုင်တော့ဘူး...မနက်ဖြန် တစ်ရက်ပိတ်တာ...အိမ်စာပေးလိုက်မယ်နော်...သချၤနေ့ရောက်ရင် စစ်မယ်...အခုစာမျက်နှာ 56 ကိုလှန်လိုက်"
"တွေ့ပြီလား...အဲ့မွာ ဒီနေ့သင်တာနဲ့ ပုံစံတူ လေးပုဒ်ပါတယ်...ကြည့်ကြည့်...တွေ့လား"
"ဟုတ်"
"တွက်မယ်နော် အဲ့ဒါ...ဒီနေ့တော့ ဒီလောက်ပဲနော်.."
"ဟုတ်..ကိုကြီး"
"အေးအေး...ကောင်းကောင်းပြန်ကြ"
ကလေးတွေပြန်ထွက်သွားကြပြီးတောလည်း ဘာရယ်မဟုတ် အိပ်ယာထဲပဲ လှဲအိပ်နေမိပြန်တယ်။ကျောင်းတုန်းကလည်းကျောင်းတုန်းကမို့ ကျောင်းနဲ့အိမ် အိမ်နဲ့ကျောင်းပဲကူးနေခဲ့ရလို့ စာကလြဲ ဘာမှတောင် စိတ်မဝင်စားခဲ့ဘူး။တက္ကသိုလ်တက်တော့လည်း မဟာတန်းပါအောင်ကြိုးစားနေခဲ့ရတယ်။ကျောင်းပြီးခါနီးနှစ်နှစ်လောက်အလိုမှာပဲ မောင်နဲ့တွေ့တယ်ပေါ့လေ။
ခ်စ္သူဘဝမွာ သူများတေ အားကျရလောက်အောင် ချစ်ပေးတဲ့ မောင်ရယ်လေ။အဲ့လိုချစ်ပေးခဲ့လို့ပဲ မောင်နဲ့ လက်ထပ်ဖို့ သတ္တိတေ ရှိခဲ့တာပေါ့။တစ်အိမ်လုံးနဲ့ ဆန်ကျင်ပြီးမှ မောင့်နောက်လိုက်ခဲ့တာပေါ့။မောင့်ကို ယုံလို့လေ။
အခုရော။အခုလည်း မောင့်ကိုယုံထားတယ်။
ပွမ်
ကားဟွန်းသံ။မောင်ပြန်လာတာ။ဒီနေ့တော့ မောင့်ကို ထွက်မကြိုချင်ဘူး။
လှေကားခုံပေါ်ကနေ ဖိနပ်ချွတ်လိုက်သံကြားပြီး လှေကားပေါ်တစ်ဆင့်ပြီးတစ်ဆင့်တက်ခဲ့တာကို သိသာနေတယ်။တဖြည်းဖြည်းနဲ့ ခြေလှမ်းတေက အိမ်ခန်းထဲကို ဝင်ခဲ့တယ်။
"ဟင်...ကိိုကို နေမကောင်းဘူးလား...ထွက်လည်းမလာဘူး"
"ကောင်းပါတယ်...နေရတာသိပ်လန်းလန်းဆန်းဆန်းမရှိလို့"
"နေမကောင်းဖြစ်ချင်နေလို့များလား...ဆေးခန်းလိုက်ပို့မယ်လေ..သွားရအောင်"
အဝတ်တေ တစ်ထည်ချင်းချွတ်ချပြီး ပုဆိုးတစ်ထည်ကို ပုခုံးပေါ်တင်လို့ ရေချိုးဖို့ပြင်နေတဲ့ မောင်။အပြင်က ပြန်ရောက်ရောက်ချင်းကြီးကို။
"ခနနားဦးလေ...ချက်ချင်းကြီး ချိုးတော့မလို့လား"
"နားဦးမှာလေ...ချက်ချင်းကြီးမချိုးပါဘူး"
"အင်း"
ဒီလောက်ပဲ။အရင်တုန်းတေကလို မောင့်ကို စကားအများကြီးပြောချင်စိတ်မရှိဘူး။
တစ်ဖက်လှည့်ပြီးပဲ အိပ်နေလိုက်တော့မလို့ မျက်လုံးမှိတ်ထားတော့ နဖူးပေါ်ရောက်လာတဲ့ မောင့်လက်ဝါးနွေးနွေးတွေ။အရင်အခေါက်တေကထက် စကားနည်းနေလို့ နေမကောင်းဘူးထင်နေတာနေမယ်။မောင်ကဂရုစိုက်တာပဲ။
"ငါနေကောင်းတယ်...မင်းသာလုပ်စရာရှိတာသွားလုပ်...ထမင်းကအိုးထဲမှာ ဟင်းတေက အုပ်ဆောင်းအောက်မှာ..."
"ကိုကိုကလည်း...နေကောင်းတယ်ဆိုလည်း လန်းလန်းဆန်းဆန်းလေးနေပါဗျာ...ဒီလိုကြီးနေတော့ မှိုင်တိုင်တိုင်နဲ့"
"အင်း...သြားသြား..ရေချိုးတော့"
"ရွှတ်...ချိုးပါပြီဗျာ...ချိုးပါပြီ"
အမြန်သာရေချိုးလိုက်ပါတော့ မောင်ရယ်။ငါရချင်တာ မောင့်ကိုယ်က ချွေးနံ့ပဲ။ကျန်တဲ့ အနံတေ နည်းနည်းမှမကြိုက်ဘူး။အထူးသဖြင့် အခုလို အမွှေးနံသင်းသင်းတေ။ကျန်တဲ့နေရာမှဆို သင်းနေတဲ့ အနံကို မွှေးတယ်ထင်မိမှာပေမယ့် မောင့်ကိုယ်မှာစွဲလာတဲ့ အနံ့ကိုတော့ မွှေးတယ်မထင်မိဘူး။ရေချိုးလိုက်တော့မောင်။
♥♥♥
29.10.21
Advertisement
- In Serial9 Chapters
The Guild Core
The hero dreamed of ascending. The monk craved redemption.The dungeon only wished to keep things tidy.Kai was the least likely young man to ascend. Raised on his uncle’s potato farm, he began his career as an adventurer with empty pockets and little skill. But a foolish attempt to prove his bravery leads Kai to unlock hidden power within himself and acquire a most unlikely ally.Rhona is a battle-scarred soldier who’s as likely to toss a quip as she is to throw a punch. After setting aside a promising career in the army to pursue the Path of the Bleeding Tiger, she sets out to stop a war and seek atonement for a bloody past.When Bancroft the Earth Core awakens, he can’t wait to clean up his dungeon and begin building things anew. A recovered item from his past reminds him that more is at stake, however, putting an end to such pleasantries.Join The Guild Core, a small band of friends determined to restore the world to an age of dragons, heroes, and honor.The Guild Core is a novel by TJ Reynolds Fantasy LitRPG author of Eternal Online books 1-3. The Guild Core was inspired by the Divine Dungeon series, the Wheel of Time, and classic films like The Labyrinth and The Neverending Story.This story takes place in an Epic Fantasy world governed by gaming mechanics. It contains light to moderate LitRPG, Gamelit, Cultivation and Dungeon Core elements. Features realistic violence, 3 MC POVs, and more than a few quaint jokes. Language and adult content is appropriate for teen readers.
8 71 - In Serial82 Chapters
Her Revenge
Azalea (Lea), known as the 'Deadly', is a twenty years old assassin, who has had only one goal in her life : Avenge her parents' death. She's the best of the bests. She is feared by many. She was taking down every people who were involved in her parents' death until she falls into the hands of the Italian Mafia leader, Enzo De Luca. He is scary, cold, emotionless and ruthless. He is said to be heartless because of his lack of emotions. He kills without thinking twice. Just like, Lea, he's feared by many. What happens when The two start to feel things they've never really felt before? What happens when the most feared Don meets the most feared assassin? •──────────•IG : actb4thinking•──────────•BOOK 2 - Her Hatred•──────────•MOST IMPRESSIVE RANKING :13/09/21 : #13 in Mafia20/10/21 : #1 in assassin05/09/21 : #16 in Love15/09/21 : #1 in Mafiaking20/10/21 : #1 in mafiaboss 23/10/21 : #48 in romance20/10/21 : #1 in mafiaromance21/10/21 : #1 in powerful 17/11/21 : #1 in funny•──────────•Started : 28/06/21Ended : 06/09/21•──────────•
8 378 - In Serial10 Chapters
R-Suit
The R-Suit, the pinnacle of engineering in the current world. A type of giant mech whose presence is able to single-handedly start, prevent, or end wars. On one end of Iltzik, the capital of Huitzli, the young Tzilpapali has just ascended to the ranks of the very few engineers able to create an R-Suit by herself. But what will happen to her when its existence becomes a defining factor in an upcoming war against a foreign nation? Follow this Aztec and Prehispanic-inspired mecha sci-fi story to find out!
8 103 - In Serial6 Chapters
Vinnie smuts
I do smuts I post every day so umhm yeah also I do post part 2s just have to ask mhk
8 73 - In Serial40 Chapters
My Immortals(A One Direction Fanfiction) COMPLETED
Gwendolyn McLlroy wishes her life was more interesting. She wishes that Social Studies didn't suck so much... What she wasn't expecting was for her wish to come true. When a man breaks through the window during social studies and threatens to shoot Gwen, her life becomes anything but normal. Now, vampires suddenly exist and she has rare blood that causes every vampire to want to rip out her jugular. The boys take her to Paris to keep her safe, but bodies and threats start popping up. What started as a security breach turned into a huge vampire war where the daily celebrities had to pick sides... As vampires. As if it wasn't bad enough, add a lost love, a boyfriend, the boy who lived next door, and her knight in shining armor. Even if they do somehow win the vampire war, would Gwen ever be safe with her blood? Will love save her or destroy her? And the boys who try so hard to protect her, will they be the ones to rip her throat out or will they save her? One thing for sure, Gwen has never felt more alive with her Immortals.I wrote this when I was 13 so really, read at your own risk.
8 81 - In Serial43 Chapters
My meme collection
Look, I'm bored okay.This is my meme collectionNot my memes bye luwlThank you Pinterest
8 208