Advertisement
"မနေ့က သားငယ်...လမ်းတောင်ကောင်းကောင်းမလျှောက်နိုင်ဘူးဆို"
"ဟုတ်တယ်အမေ့...မနက်ကတည်းက သူ့သူငယ်ချင်း ထွဋ်ခေါင်နဲ့သွားကြတာ ညမှောင်မှ ပြန်ရောက်တာ"
"ဒီကလေးတေကတော့လေ...ညက် သူ့အဖေကို လွှတ်လိုက်ဦးမယ်...အဲ့မွာ ဆူပလေ့စေ"
"အာ...ဟုတ်ကဲ့...ရပါတယ် သူက အမြဲတမ်းကြီး သွားနေတာမဟုတ်ပါဘူး"
မုန်ညင်းဖူးကိုပေါင်းထားတယ် လာယူဆိုလို့ ခွက်တစ်ခွက်ယူပြီးရောက်လာတော့ မနေ့ကသတင်းက မွှေးနှင့်ပြီ။တကူးတကကြီး လာဆူမယ်ဆိုတော့လည်း မဆူစေချင်ပါ။မောင်က တအားကြီးဆိုးနေတာမျိုးမှမဟုတ်တာ။
"သားကြီးလည်း အလိုလိုက်မနေနဲ့....အလိုလိုက်လို့ ကောင်းတဲ့ကောင်မဟုတ်ဘူး...ဒါနဲ့ လက်သမားကလိုက်ဦးမှာလားမေးလိုက်ဦး... လက်သမားအဖွဲ့ထဲမလိုက်တော့ဘဲ အလုပ်ပြောင်းချင်သလိုလို ကြားတယ်"
"ဟုတ်ကဲ့...မေးကြည့်လိုက်ဦးမယ်...အခုတော့ ပြန်လိုက်ဦးမယ်နော အေမ့"
"အေးအေး..သြားသြား"
ပြောရင်းနဲ့ အငွေ့တထောင်းထောင်းထနေတဲ့ မုန်ညင်းဖူးပေါင်းခွက်ကို ကမ်းပေးသည်။မောင့်အမေကတော့ သူ့သားထက်ကြီးလို့ ကျနော့်ကို သားကြီးလို့ခေါ်တယ်။မောင့်ကိုတော့ သားငယ်။သားကြီး သားငယ်ခေါ်ပြီး ဟုတ်လို့။သားလေးတစ်ယောက်တည်းရှိလို့ ချွေးမလေးလိုချင်ခဲ့ပေမယ့် သမက်ရတော့လည်း သားနှစ်ယောက်ရသလိုပါပဲ လို့ အမြဲပြောတယ်။မောင့်အဖေကတော့ နဂိုထဲက ခပ်အေးအေးမို့ထင်သည်။လိုတာထက်ပိုမပြော။
ဘာပဲပြောပြော။မောင့်မိသားစုထဲ ဝင်ခွင့်ရတာ ကံကောင်းမှုတစ်ခုပါလေ။အစကတည်းက သဘောမတူတာမျိုး ကန့်ကွက်တာမျိုး မရှိခဲ့ဘူး။ကျနော့် မိဘေတကသာ ခါးခါးသီးသီးမို့ အခုလို အကုန်လုံး အဆက်အသွယ်ဖြတ်ပြီး မောင့်နောက်လိုက်ခဲ့လိုက်တာ။ဒါတောင် မောင့်မိဘတေက လိုက်ပြီးတောင်းရမ်းပေးမယ်ပြောသေးတာ။ကျနော်က လက်မခံခဲ့တာ။အဲ့အချိန်မှာများ သူတို့မျက်စိရှေ့ ကျနော်ရောက်သွားခဲ့ရင် မောင့်ဆီကို ပြန်ပါလာခဲ့မှာမဟုတ်ဘူး။ဒါကြောင့်မို့လို့ ဒီမွာပဲ ဘုန်းကြီးကျောင်းမှာဆွမ်းကျွေးလေးလုပ်ပြီး လက်မှတ်ထိုး လက်ထပ်လိုက်တာ။မင်္ဂလာမဆောင်တော့ ဘာဖြစ်သလဲ။အိမ်ကသဘောမတူလို့ ချစ်သူနောက် လိုက်ခဲ့ပြီး ယူလိုက္တာ ဘာဖြစ်သလဲလေ။
♥♥♥
"ဟာ...ဟေ့ ဟေ့..ကျွီ"
ဟင်းခွက်ကို အိပ်နဲ့ထည့်ပြီး မှောက်မှာစိုးလို့ အသာရယ်ထိန်းစီးနေရချိန် ဆိုင်ကယ်ရှေ့ အေးအေးဆေးဆေး ဖြေးဖြေးပင် ဖြတ်သွားတဲ့ ခွေးတစ်အုပ်။အဲ့နားတင် ဆင်းပြီး ကျောက်ခဲနဲ့ ပေါက်လိုက်ချင်ပေမယ့်
ဂီး
အစွယ်ငေါငေါနဲ့ ဖြဲပြလာတဲ့ ထိပ်ဆုံးက အကောင်ကြီး။ခြောက်ကောင်လောက်ရှိတဲ့ ခွေးအုပ်ကြီးက လည်း လှည့်ကြည့်လာကြပြီ။
အောင်မာ ဒင်းတို့ကများ..ငါ့ကို
ဝေါင်း...ဝေါင်း...ဝေါင်း
အောက်က ကျောက်ခဲကို ကုန်းကောက်လိုက်စဉ်မှာပဲ ထြက္လာတဲ့ အသံတေ။တွေ့မယ် တွေ့မယ်
လေးငါးလုံးလောက် လက်ထဲဆန့်သမျှ ကောက်ပြီး ထုထည့်လိုက်တော့ ဟောင်သံတေက ပိုကျယ်လာတယ်။အခြေအနေ မဟန်တော့ဘူးထင်တယ်။ခွေးပိုင်ရှင် ခွေးပိုင်ရှင်တေဘယ်ရောက်နေကြလဲ။
ခွပ်
ရှေ့ကဟောင်နေတဲ့ ခွေးကို အာရုံစိုက်နေတုန်း နောက်ကအကောင်က ခြေသလုံးကို လာဟပ်မလိုလုပ်နေသည်မလို့ နောက်လှည့်ပြီး ခြေထောက်ကို ဝှေ့ယမ်းကာ ကန်ပစ်လိုက်သည်။ခွေးခေါင်းကြီးကို ခြပ္ခနဲ။
ကိန်..ကိန်..ကိန်
တကိန်ကိန်အော်ရင်း ပြေးသွားလေပြီ။သူတို့အပေါင်းအပါတစ်ကောင်က အော်ပြေးသွားတော့ ပိုမာန်ဖီလာပြီ။တဂီးဂီးနဲ့။တကယ်လို့သာ သူတို့ဝိုင်းကိုက်လိုက်ကြရင် နိုင်မှာမဟုတ်။အခုတော့ ဘေးပတ်ပတ်လည် မျက်စိလျင်လျင်ထားနေရတယ်။ထိုစဉ် ရှေ့တိုးလာတဲ့ တစ်ကောင်ကို ခြေထောက်မွှေ့ယမ်းပြလိုက်သည်။နောက်ဆုတ်သွားတယ်။အဆင်ပြေတယ် မဆိုးဘူး။
ဗြစ်
"အား...အမေလး...ကယ်ကြပါဦး...မောင်ရေ...အား..သြား...သြား..သွားနော်...အားဟား..ကယ်ကြပါဦး"
"ဟေး တောက်ခ် သြား...သွားကြ"
ဦးလေးကြီးတစ်ယောက် လေးခွနဲ့ လှမ်းပစ်ပြီးခြောက်မှ ပြေးထွက်သွားကြတယ်။နောက်ကနေ ခြေထောက်ကို လှမ်းဟပ်တာ ပုဆိုးစပဲ ပါးစပ်ထဲပါသွားပြီး သုံးထောင့်ချွန်းကြီးပြဲထွက်သွားပြီး ကျွတ်သွားမှာစိုးလို့ ပုဆိုးကိုကိုင်ပြီး ငုတ်တုတ်ထိုင်ချကာ အော်နေလိုက်ရတော့သည်။ဝိုင်းကိုက်ရင် လူကြားမကောင်း ဖြစ်နေတော့မယ်။
"ဟေ့ကောင်လေး..ရလား..ထနိုင်လား"
"ဗ်ာ...ဟုတ်ဟုတ်..ထနိုင်တယ်ဗျ"
တုန်တော့တုန်နေတယ်။ပုဆိုးက သုံးထောင့်ချွန်းပုံစံ အပြဲကြီးနဲ့ ခနက ထိုင်ချထားတော့ ဖုန်တေ သဲတေက ခြေထောက်တေမှာရော ဖင်တေရော ပေသလူးလို့။ဒီအရွယ်ကြီးရောက်မှ ခွေးဆွဲခံရတယ်လို့။တော်သေးတယ် အသားပါအောင် မကိုက်ခံရတာ။
"အဲ့ ခွေးတေက ဆိုးတယ္ကြ....အုပ်လိုက်ကြီးဆိုတော့ ပို့လို့ပါ့"
"ဟုတ်တယ် ဟုတ်တယ်...ဆိုင်ကယ်ရှေ့ဖြတ်ပြီး တမင်လာဟောင်တာကနေ စတာ"
ကျက်သတုံး ခွေးတွေ။ဒူးတေတုန်နေတာတော့ မပျောက်။ဒီပုံစံနဲ့တော့ အိမ်ရောက်အောင် မြန်မြန်ပြန်ရတော့မည်။
♥♥♥
"ဟင်...ကိုကို..ဘာဖြစ်လာတာလဲ...ပုဆိုးတေလည်း ပြဲလို့..ဖုန်တေရောပေလို့"
"လမ်းမှာ မင်းလင်တေနဲ့ တွေ့ခဲ့တာ"
ကုလားမနိုင် ရခိုင်မဲလို့ဆိုလည်း မတတ်နိုင်။အော်မိသည်။
"ဟင်...ကိုကို...ကျနော့်လင်က ကိုကို တစ်ယောက်တည်းလေ"
"ငါကြာ...ခွေးလိုက်ဆွဲခံရတာ...ဟုတ်ပြီလား..ရေငင်ပေး..ရေချိုးရတော့မှာ ဖုန်တေပေနေပြီ"
"အင်းအင်း ငင်ပေးမယ်...သြားသြား မြန်မြန်ချိုး"
ခွေးလိုက်ဆွဲခံရတာတဲ့။ပုဆိုးတေတောင်ပြဲခဲ့တာ။ကြည့်ရတာ မညိုမြ တို့ အိမ္နားက ခွေးတစ်အုပ်ပဲနေမယ်။အဲ့ခွေးတေက လူလိုက္ဆြဲတာ ခဏခဏ။ဘယ်လိုကိုးရို့ကားယား လုပ်ပြလိုက်လို့များလဲ။ကိုကိုကတော့လေ။ငါ့ကိုကိုကို သွေးထွက်အောင် မကိုက်လိုက်လို့ပေါ့။ကိုက်များကိုက်ရင် နောက်နေ့ လေးခွနှင့်သွားပစ်ပြီးဆုံးမပလိုက်မယ်။
♥♥♥
ကိုးနာရီလောက်ကျတော့ အိပ်ယာဝင်ကြပြီ။အိပ်ယာဝင်ပြီဆို ဖုန်းသုံးရင်သုံး မသုံးရင် မောင့်ရင်ခွင်ကျယ်ကြီးထဲဝင်ပြီး စကားဖောင်ဖွဲ့ရတာ ကြိုက်တယ်။လူကောင်က ကွာတော့ မောင့်ရင်ခွင်က သက်သောင့်သက်သာဖြစ်စေတယ်။
"မောင့်"
"ဗ်...ပြောပါဗျ"
"ဗျမနေနဲ့...မနေ့ကကိစ္စကို ကျေနပ်နေတာမဟုတ်ဘူး"
"ကိိုကိုကလည်း...တစ်ခါတစ်လေလေးကို"
ပြောရင်းနှင့် လည်ပင်းနားတေကို တိုးဝှေ့လာတယ်။
"မေးစရာရှိတယ်လို့..."
"အင်း...မေးလေ"
လည်ပင်းနားကို တိုးဝင်နမ်းရိုက်နေတာကို မပျက်စေဘဲ ပြန်ပြောတယ်။ပြောစကား နားမထောင်တဲ့ မောင့်မျက်နှာကို ဆွဲကိုင်ပြီးနေရာမှန်ပြန်ထားပေးလိုက်တော့ မောင်ကရယ်ပြန်တယ်။မောင့်ရင်ဘတ်ကို တစ်ချက်ရိုက်ပြီး ညာဘက်ပါးနဲ့ မောင့်ဘယ်ဘက်ရင်ဘတ်နဲ့ ကပ်ထားလိုက်သည်။မောင့်ရဲ့ ကိုယ်သင်းနံလေးကိုလဲ သိပ်ကြိုက်တယ်။
"မောင်ဘာလုပ်မှာလဲ"
"ကိုကိုနဲ့ ချစ်မယ်လေ...အာ့"
"စကားအကောင်းပြောနေတာနော်....သေချာဖြေစမ်းပါမောင်ရာ"
မထော်မနန်းတေပြောတော့မယ့် မောင့်ရင်ဘတ်ကြီးကို ဆွဲဆိတ်လိုက်ရသည်။ဒီလိုနဲ့ လိုရင်းကိုရောက်မှာမဟုတ်ဘူး။
"အင်း...ဟိုတေလာက ကိုဖိုးသားလေ သိတယ္မလား...သူနဲ့စကားပြောဖြစ်သေးတယ်"
"အင်း..အဲ့တော့ မောင်က သူ့လိုဈေးရောင်းလိုက်ချင်တာလား"
"အင်း သူ့နောက်လိုက်ချင်တာတော့မဟုတ်ဘူး...ဒီကေန တောင်ပေါ်ဈေးသယ်ရောင်းရင် တစ်ခေါက်ပြန် သိန်းဂဏန်းမြတ်တယ်တဲ့"
"တောင်ပေါ်..တောင်ပေါ်ဆိုတော့ ဘယ်လိုရောင်းရမှာလဲ"
"ဒီလိုလေ...မီးခွက်ဈေးကဈေးတေကို ဒီကေနသယ္သြားရမွာ...များများတော့ သယ်နိုင်ရမှာပေါ့ခရီးဝေးသွားရတာဆိုတော့..အဲ့ဘက်သွားတဲ့သူတေက ကားနဲ့ဖြစ်ဖြစ် သုံးဘီးနဲ့ဖြစ်ဖြစ် သွားကြတယ်"
"အင်း...တစ်ခေါက်ဆို ဘယ်နှရက်ကြာမှာလဲ"
"ဒီနေ့လိုမနက်စောစော ဈေးဝယ်ပြီးထွက်ရင်...နောက်နှစ်ရက်မြောက်နေ့ ညနေလောက်ဆိုရင် ရောက်တယ်...အဲ့ခါကျတော့ တစ်ရက်လောက်နားပြီး ပြန်ထွက်ပေါ့...တစ်ခေါက်ပြန်ရင် သုံးသိန်လောက်တောင် မြတ်တယ်လို့ပြောတယ်"
"မြတ်တာတော့ မြတ်တာပေါ့ မောင်ရယ်...စိတ်မချပါဘူး...အဲ့လောက်အဝေးကြီးကို"
"ဟောဗျာ...ဘာစိတ်မချစရာရှိလို့တုန်း ကိုကို့ယောက်ျားက ဆိုင်ကယ်စီးလည်းကျွမ်းသလို ကားလည်းမောင်းတတ်ပါတယ်ဗျ"
တောင်ပေါ်က ချင်းတိုင်းရင်းသူလှလှလေးတွေလည်း ရှိမှာ။ပြီးတော့ ညအိပ်ညနေတေသွားရတာ။မဖြစ်ဘူး။မဖြစ်ပါဘူး။
"မဖြစ်ပါဘူး...စိတ်မချပါဘူး..."
"ဘာကိုစိတ်မချတာလဲ..ပြောပါဦး...ဟင်"
"တစ်ခုခုဖြစ်မှာစိုးလို့ပေါ့...ဘာကိုစိတ်မချရမှာလဲ"
"ဟုတ်လို့လား....အဟွန်း...သိပါတယ္ဗ်ာ ကိုကိုစိတ်မချတာကို"
အ..အဟမ်း
.ချောင်းတေဘာတေတောင်ဟန့်မိသွားတယ်။
"ဒါဆိုရင် ကိုကိုရောလိုက်ခဲ့လေ...ကားနဲ့ဆိုရင် ကိုကိုလည်းလိုက်ခဲ့လို့ရတာပဲကို...ဟင်...ပင်တော့ပင်ပန်းမှာနော်...ဘယ်လိုပဲကားနဲ့သွားရတယ်ဆိုဆို ထိုင်နေရတာလည်း ပင်ပန်းတာပဲ"
"တခြားအလုပ်ရော မလုပ်ချင်ဘူးလားဟင်...မောင်လည်းဆယ်တန်းအောင်ထားတာပဲ...အလုပ်မရှားပါဘူး...ဟင်"
"မောင်က သူများလက်အောက်မှာ မလုပ်ချင်ဘူးကိုကိုရဲ့...ပြီးတော့ လုပ်ချင်တာဆို ရအောင်လုပ်တတ်တဲ့ ကျနော်အကြောင်းကို ကိုကိုလည်းသိရဲ့သားနဲ့"
"အင်းပါ...လုပ်ချင်တယ်ဆိုလည်းလုပ်ပါ..မတားတော့ပါဘူး"
"ကိုကို့ကို အဲ့ဒါတေ သေဘာက်တာသိလား... ရွှတ်"
ဘယ်ပြောလို့ရမလဲလေ။မောင်က လောဘအိုးကို။အကျႌအောက်ထဲ လျှိုဝင်လာတဲ့မောင့်လက်တွေကိုလည်း မတားမိတော့သလို ခပ်ကြမ်းကြမ်းနမ်းလာတဲ့ မောင့်အနမ်းတေကိုလည်း လိုလိုချင်ချင်ပဲ တုံ့ပြန်လိုက်မိတယ်။
နာကျင်မှုတေကို သည်းခံရင်း သာယာမှုတေဆီကို မမောနိုင်မပန်းနိုင် အကြိမ်ကြိမ်ရောက်အောင်သွားခဲ့ကြတယ်။ထိန်နေအောင်သာတဲ့ လရောင်အောက် အိမ်လေးအတွင်း အပြာရောင်အချစ်ညလေး ဖန်တီးနေကြတဲ့ အချစ်ငှက်နှစ်ကောင်လည်း ရှိနေလေရဲ့။
18.10.21
Advertisement
- In Serial44 Chapters
A Wolf among Dogs
A drug infested city. A society riddled with conformity One sixteen-year-old kid tells the world to fuck itself So the world tries to fuck him first This is the story of Kallix Rane, the wolf among dogs
8 106 - In Serial50 Chapters
I can summon my past lives
What would you do if you were the only cultivator on the planet? What would you do if you could summon the soul bodies of your previous lives and leech off of their experiences? For the first time in my boring life, I finally saw the light. I was given the mission to become the strongest by any means necessary. Lucky for me, my past lives were quite badass in their respective universes during their prime until their untimely deaths...well most of them, I think. Their experiences remolded the current me to become their best version. I learned something: As powerful as they were, they still died for one reason or another until it was ultimately my time to live. In this life, I vow to learn from their mistakes and live forever. Besides, there must be a reason this {Requiem System} I got was given to me in this life. I am scared I am the last life to be reincarnated. If I die, there won’t be another do over. And why would I die if my reincarnations are also invested in this life as I am? They came with their powers intact...just that they lack a physical body which I am happy to share. With beings that strong at my beck and call, I think the bar that I must surpass had been raised a little bit too high. I am called Damon Kaze and I welcome you to this journey of my last reincarnation of mine. I can’t guarantee it’ll be your cup of tea, but hey, sometimes you never get what you wish for. You just have to live with it and hope for the best.
8 109 - In Serial80 Chapters
[COMPLETED] Serendipity?
An accidental text from a famous idol? But you obviously have no idea who it is..How would this unexpected incident in your life turn out to be? A beautiful experience or...?Edit: THIS BOOK IS SUPER CRINGE ESPECIALLY IN THE BEGINNING IDK WHO WROTE THIS.*HIGHEST RANKINGS*#1 in OT7#1 in minyoongi (he's not even the main character lmao)#5 in kimnamjoon#8 ParkJimin#1 in jhope#1 in chat#4 in mochi#11 in Hobi#5 in chimchim#6 in Taehyung#7 in fanfiction #2 in Bangtan #3 in Hoseok#2 in JungHoseok#1 in KimSeokjinIf you like it then please vote and leave comments! 🥺👉🏻👈🏻It's my first fanfic ever🥺(It's not as huge as it looks, the initial chapters are very small.. they get bigger eventually)*Started : 18/11/2020**Completed : 31/12/2020**SEQUEL OUT TOO NOW!!!*https://www.wattpad.com/story/253222442-promise
8 204 - In Serial9 Chapters
End of My Boring Life
On Earth, a boy named Zed Jiyoui leads a typical teenage life, and of course, he is a Sophomore in High School. Like any other average 16-year-old, Zed wakes up early every day; goes to school, likes playing video games, and hangs out with friends. But he had always thought that he is just leading an average boring life, and that's how it will be for the rest of his life. Until one day when he was sleeping a mysterious light appears out of nowhere. What might that light be? Does this mysterious light represent a turning point in Zed's life for better or worse? or is it something else.
8 92 - In Serial49 Chapters
The First Champion | BOTW Link x GN!Reader
Contains spoilers - gender neutral MCOne hundred years ago, you took part in a prophecy of old. Having being gifted the ability to hear the voice of the goddess Hylia, you aid the other prophecy holders with guidance and advice from the spirit realm. But despite years of preparation, Ganon prevailed and brought with him the end of the world.You survived death, and now, a new journey awaits. Recover your forgotten memories and destroy Ganon once and for all with Link at your side. Reunite with old friends and enemies and, maybe, address your unspoken attraction you've had towards the hero since before the calamity. Cover made by Jeremy Fensky#1 on link#1 on zelda#1 on loz#1 on tloz#1 on legendofzelda#1 on nintendo #1 on thelegendofzelda #1 on botw#1 on breathofthewild#1 on hyrule#2 on secondpersonStarted: September 2018Discontinued: August 2019Revisited: May 2020Officially completed: Oct 27 2021(This story previously had a female MC. Please let me know of any missed she/her pronouns)
8 118 - In Serial12 Chapters
Let's Just Be Human (Finished)
It's been thirty years since the collapse of the Soviet Union. They'd both moved on, or so they thought. If it wasn't already clear, this is a Sovame fic.
8 107