Advertisement
"ကိုကိုရေ...ဗိုက်ဆာပြီလား"
"ဆာပြီ"
"ခနလေးနော် ဒီတစ်လှိုင်းစာပဲ"
"ရတယ် ဖြေးဖြေးလုပ်...လက်ထိဦးမယ်"
တကယ်တော့ ဗိုက်ကမဆာသေးဘူး။ဆောင်းရာသီဆိုလည်း ဆယ့်တစ်နာရီလောက်ဆို နေကရင့်တာပဲ။စပါးခင်းကြီးထဲမှာ အရိပ်လည်းမရှိဘူး။ခမောက်ပဲဆောင်းထားရတာ။ဒါထက် နေရင့်ရင် မောင်ပင်ပန်းမှာစိုးလို့။လူငှါးလို့ရပေမယ့် မောင်ကမငှါးဘူး။ဒီလယ်တစ်ကွက်တည်းကို သူတစ်ယောက်တည်း ရိတ်နိုင်တယ်တဲ့။မောင်နဲ့ လက်ထပ်ပြီးတော့ မောင့်မိဘတေက လယ်တစ်ဧကကို ကိုယ့်ဘာသာလုပ်ဆိုပြီး အမွေသဘောလိုမျိုးပေးထားလို့ ဒီလယ္က ထွက်တဲ့ စပါးက ကျနော်တို့နှစ်ယောက်အတွက်ပဲ။နှစ်ယောက်တည်းရှိတဲ့ အိမ္က ကုန်လှမှ တစ်နေ့ကို ဆန်လေးဘူးလောက်ပေါ့။ဆန်က အများကြီးလည်းမကုန်တော့ စပါးကိုလှောင်ထားပြီး နောက်မှထုတ်ရောင်းရင် အဆင်ပြေမယ်။
စပါးသိမ်းပြီးရင်လည်း မောင်က ပရိဘောဂပိုင်းကိုနည်းနည်းရတော့ လက်သမားအဖွဲ့မှာ နေ့စားလိုက်တယ်လို့ ပြောဖူးတော့ အလုပ္ကေတာ့ ပြတ်မှာမဟုတ်။ကြားထဲမှာလည်း ဆိုင်ကယ်တို့ ဖုန်းတို့ကို ဝယ်ရောင်းလေးတေ လုပ်တတ်သေးတာ။မောင်က ငွေရေးကြေးရေး သိပ်မြင်တယ်။
"ဟိတ်...ဘာတေငေးနေတာလဲ"
"မောင့်ကိုငေးတာပေါ့"
"ငေးတာမငေးတာ နောက်ထား...ဗိုက်ဆာနေပြီဆို...ရော့ ကိုင်ခဲ့"
ချွတ်ထားတဲ့ အပေါ်ဝတ်အနွေးထည်ကို လက်ထဲထည့်ပေးတယ်။မောင် ပင်ပန်း မွာ။
_________
"ထမင်းတော့ ချက်လိုက်နော်...မောင်ရေချိုးဦးမယ်...မီးပျိုးပေးထားခဲ့ရဦးမလား"
"ရတယ်...ငါ့ဘာငါလုပ်လိုက်မယ်...ရေသောက်ပြီးမှချိုးနော်မောင်"
"ဟုတ်ကဲ့ပါဗျ....ထင်းရှူးက အောက်ကအိုးလေးထဲမှာနော်... မီးခြစ်က ဘေးကတန်းပေါ်မှာ"
"အင်းအင်း ...ဟင်းက ကြိုမဝယ်ထားမိလို့ ဂွေးတောက်ရွက်ကြော် နှင့် ငပိကို စပ်စပ်လေးထောင်းပေးမယ်...မောင်က အခါးကြိုက်တယ်ဟုတ်"
"သဘောၤရွက်အနုလေးရော ခူးပေးထားဦးနော်"
"အိုခေ အိုခေ"
ဒီလိုပါပဲ။ယောက်ျားလေးနှစ်ယောက်ထူထောင်ထားတဲ့ အိမ်ထောင်ရေးဆိုပေမယ့်လည်း ဘယ်နေရာမှ အဆင်မပြေတာမရှိဘူး။ကိုယ်က ထမင်းချက်ရင် သူကပန်းကန်ဆေးလိုက်တာမျိုး။ဒီအချိန်က တောင်သူတေအတွက် အလုပ်ပေါတဲ့ အချိန်ဆိုတော့ ကျန်တာတေဘက် မောင်ကမလှည့်နိုင်သေးဘူး။စပါးသိမ်းဖို့နဲ့ စပါးကျီထဲ စပါးကို မိုးလေလွတ်အောင်ရောက်ဖို့က အရေးကြီးဆုံးတဲ့။တလင်းပြင်ထဲ စပါးတေမိုးမိရင် အညှောက်ထွက်လာတတ်လို့တဲ့။
မီးသွေးခဲတေကြား ထင်းရှူးစလေးတေထည့်ပြီးမီးတေ့ထားပြီးမှ မီးစွဲလာအောင် စောင့်နေရင်း အိုးထဲ ဆန်နှစ်ဘူးထည့်ကာ ရေဆေးရတယ်။ရွာက လျှပ်စစ်မီးရပြီးပေမယ့် ကျနော်တို့နှစ်ယောက်က အိမ်ခွဲနေလို့ အိမ်အသစ်ဆောက်ရတာကြောင့် မီးမယူရသေးတာ။မောင့်မိဘတေပိုင်တဲ့ ခြံဝန်းအပိုထဲမှာ လူနှစ်ယောက်ကောင်းကောင်းနေလို့ရမယ့်အိမ်လေးဆောက်ပေးကြတယ်။မောင့်မိဘတေက ထင်ထားတာထက် သဘောကောင်းတယ်။
မီးတော်တော်လေးစီနေတော့ ဆန်နဲ့ရေကို အတော်အသင့်ချန်ပြီး တည်ထားလိုက်သည်။ပေါင်းအိုးတေမှာ ချက်သလိုမျိုး ရေနဲ့ ဆန်အကိုက်ချိန်ပြီး ချက်လိုက်တော့ ထမင်းရည်လည်းငှဲ့စရာမလိုတော့ဘူး။ထမင်းအိုးတည်ထားတုန်း ဟင်းရွက်ခူးထားရမယ်။မောင်နဲ့ ယူခါစကေတာ့ ဘာမှမလုပ်တတ်ဘူး။မီးလည်းမပျိုးတတ်ဘူး။နောက်တော့ မောင်ကပဲ တဖြေးဖြေးသင်ပေးရင်းနှင့် အခုတော့ ကျွမ်းကျင်အဆင့်။
"မောင်ရေ ပဲသီးတေကောက်လို့ရနေပြီနော်...ညနေကျရင် မမိအေးဆီသွားပေးရအောင်.. ကောက်ကူဦး"
"ကိုကိုကတော့နော်... တတ်နေပြီ"
"ဘယ်သူသင်ပေးထားတာမလို့လဲ"
"ဒါပေါ့ ကျနော်သင်ပေးထားတာကို...တော်မှာတတ်မှာပေါ့"
ရေတစ်ခွက်လောင်းရင်း တစ်ခါတုန်သွားသလိုလုပ်ရင်း နှစ်ယောက်သား စကားတပြောပြော။မမိအေးဆိုတာ ရွာထဲက ဟင်းသီးဟင်းရွက်တေ ပန်းတေကို မြို့က မီးခွက်ဈေးမှာ သွားရောင်းတဲ့သူ။ပဲသီးကောက်ပြီး လေးငါးတောင့်လောက်စီ စည်းပြီးမှ အစည်းရေနဲ့ သွားပေးထားလိုက်တာ။နောက်တစ်နေ့ဆို ပိုက်ဆံလာပေးတယ်။မောင်က စီးပွားရေးအကွက်မြင်တတ်တယ်။ခြံဝန်းထဲမှာလည်း ဝင်ငွေရမယ့် အသီးအပင်တေချည်းပဲ။ခတ်ထားတဲ့ ခြံစည်းရိုးပေါ်မှာလည်း ခွာညိုပန်းအနွယ်တင်ထားတယ်။ဘုရားပန်းလည်းထိုးလို့ရ ရောင်းလို့လည်းရ။မွေးကတည်းက ထမင်းဘယ်ကရလဲဆို ပန်းကန်ထဲကရတယ်လို့ ဖြေမယ့်အထဲပါတဲ့ ကျနော်က မောင်နဲ့လက်ထပ်ပြီးတော့ ပိုက္ဆံဆို တစ်ရွက်က နှစ်ရွက်ခွာတဲ့သူဖြစ်တော့မယ်။
ဂွေးတောက်ရွက်လေးရယ် ဆူးပုပ်ရွက်လေးတစ်ညွန့် နှစ်ညွန့်ရယ် သဘောၤရွက်နုနုလေးတေရယ် ခူးပြီး ရေဆေး၊နပ်သွားတဲ့ ထမင်းအိုးကိုချ၊သံပြားတစ်ခုပေါ်မှာ ငပိတစ်ဇွန်းစာကိုတင်ပြီး ဖုတ်လိုက်တယ်။မွှေးနေရောပဲ။ငပိဖုတ်ထားတာ ရပြီဆိုတော့မှ ပြင်ထားတဲ့ ဂွေးတောက်ရွက်အိုးကို တင်၊ငရုတ်ဆုံကိုယူ ပြီးမှ ကြက်သွန်ဖြူရယ် စပ်သီးအခြောက်ရယ်နဲ့ ဖုတ္ထားတဲ့ ငပိကို ရောထောင်း၊ ပြီးတော့မှ ဆီလေးရွှဲရွှဲလောင်းထားလိုက်တော့ စားချင်စဖွယ်။မောင်က ဒါမျိုးဆိုကြိုက်တယ်။
"ကိုကို...ကိုကို့ဖုန်းရော..နေပူတုန်းအားသွင်းထားရအောင်"
"အိမ်ခန်းထဲမှာပဲနေမှာ ရှာလိုက်ဦး"
ဖုန်းအားသွင်းဖို့နှင့် ညဘက်မီးထွန်းဖို့ ဆိုလာခပ်လတ်လတ်လေး ဝယ်ထားတယ်။နေပူတုန်း အားဝင်တုန်း ဖုန်းတေအားသွင်းထားမှ ညဘက္ဆို အားသိပ်မသုံးရတာ။နို့မို့ဆို နေသိပ်မပူရင် မီးကခပ်မှိန်မှိန်ပဲဖြစ်နေတော့တာ။
"ထမင်းစားလို့ရပြီနော်"
"လာပြီဗျာ...မွှေးနေတာပဲ....ငပိစော်"
"မွှေးအောင်လုပ်ပေးထားတာနော်...မကြိုက်ဘူးလား"
"ကြိုက်ပါ့"
"ထမင်းခူးခဲ့ပြီ..ဟိုနားမွာ လက်ဆေးရေယူခဲ့"
ဂွေးတောက်ရွက်နှင့် ဆူးပုပ်ညွန့်လေးရောကြော်ထားတဲ့ အရွက်ဟင်းစိမ်းစိမ်းလေးရယ်၊ထမင်း ဆီဆမ်း ပူပူနွေးနွေးရယ်၊ငပိထောင်းစပ်စပ်လေးရယ် ကျန်းမာရေးအတွက်လည်းကောင်းတဲ့ ငပိထောင်းနဲ့ တို့စားရတဲ့ သဘောၤရွက်နုနုလေးရယ် ဘာအသားဟင်းမှမပါတဲ့ ထမင်းဝိုင်းလေး၊သိပ်စားကောင်းတာပဲ။
_________
"နောက်နေ့ကျရင်တော့ တောမလိုက်နဲ့တော့နော် ကိုကို...အိမ်မှာပဲနေခဲ့တော့...တစ်ယောက်တည်းပျင်းရင် မေမေတို့အိမ်သွားနေ"
"ပျင်းတော့မပျင်းပါဘူး...ဖုန်းလည်းရှိတာပဲ"
"ဟုတ်ပါပြီ"
"76 စည်း... ဝါး..တစ်ခါမှ အဲ့လောက်မရဖူးသေးဘူးနော်မောင်"
"အင်ဟုတ်တယ်...ဒီတစ်ခါတော်တော်ရတာပဲ"
"နောက်နေ့ကျ ကန်စွန်းလည်း ရိတ်လို့ရပြီ...အဟီ..ဒါနဲ့..မောင် ပြောင်းဖူးမစားချင်ဘူးလား"
ထမင်းစားပြီး ခနလောက်အိပ်ပြီးမှ ပဲသီးထကောက် စည်းနေရင်း စကားပြောနေလည်း စီးပွားရေးကြောင်းရောက်သွားတာပဲ။ကိုကိုကတော့လေ လောဘသိပ်ကြီးတာပဲ။
"ကိုကိုစားချင်လို့လား...ညေန မမိအေးကို မှာလိုက်လေ"
"အင်း...ဓာတ်မြေသြဇာ ကြော်ညာကနေ ပြောင်းဖူးပုံတွေ့လို့ စားချင်သွားလို့..ဟီး"
"စားပါဗ်ာ...စားပါ...နောက်ဆို ကျနော်ကိုမေးမနေပါနဲ့...စားချင်တာကို ဝယ္စား...ဟုတ်ပြီလား"
"ဂွတ်ဒ်တယ် အဲ့ဒါ"
လက်မလေးထောင်ပြလို့ ပြောနေတဲ့ကိုကို။မေ့လို့။ကိုကိုက ပိုက်ဆံပြီးရင် အစားလည်း ကြိုက်တယ်။
15.10.21
ဖတ်ရတာ အဆင်ပြေလား။
Advertisement
- In Serial308 Chapters
Glamorous Journey Of The Female Protagonist
"Set up all of these hundred items for tomorrow's auction." The lady ordered as she took a seat on her golden throne.
8 10785 - In Serial214 Chapters
Apocalypse Parenting
Earth seems to be the latest victim of an amoral interstellar empire looking for entertainment, and no one has a way out. Kids and the elderly are being treated just like everyone else. Can a mother-of-three keep it together as the world falls apart? Updates Tuesdays and Thursdays.
8 459 - In Serial52 Chapters
The Many Lives of Cadence Lee
Cadence Lee thought she was a normal girl, perhaps a little well to do, but not exceptionally so. She had her college classes, she had her job that her uncle gave her, and she had a nice boyfriend who was sweet if a little awkward. Except, when a mugger accosts Cadence and her boyfriend attempts to wrestle a gun away from the criminal, Cadence ends up shot. A normal girl, with the kind of wound Cadence had, would die. Cadence managed to do that part. But a normal girl wouldn't then open her eyes again and learn that death is not as permanant for her as it is for other people. She can be reborn again, and again. Each time stronger and with new abilities. The catch? Any world she is born into, she can never return to. She has infinite lives, but only one life for each. So begins The Many Lives of Cadence Lee. [participant in the Royal Road Writathon challenge]
8 127 - In Serial197 Chapters
Time & Tied
A war in the future is spilling into our present. Enter Carrie Waterson, a teenage girl who ends up with a time machine. In using it, she learns that she is tied to a future destiny. What does that mean for her now? Who in her high school can be trusted to help out, given how some of her friends have their own agendas and mystic connections? Most importantly, how might Carrie fight against the future, when the future is herself? (ASIDE: Cover was an old commission from Sabrnyan.)
8 86 - In Serial21 Chapters
The Seventh Wife
Matamura Yori-no, the daughter of a wealthy merchant, unhappily honors her family's decision to marry her off to her father's business partner, thus securing the welfare of her future. But when her father is cheated by one of his workers, stalling Yori's marriage and leaving her family penniless, her mother proposes that they hand the girl over to the lord of their region, a mysterious and reclusive man since the death of his sixth wife. Accepted as the seventh wife of Lord Ashiro, Yori settles down to her life of being married to one of the highest-ranking men in her land, unprepared for the life she has become a part of. The longer Yori spends with her husband, the more about his twisted past and the dark fate of his previous six wives she unveils. When she reveals that the secret Ashiro has been keeping from her threatens their world, she is caught between loyalty to her lord and determination to stay alive, unwilling to share the same fate as her predecessors...
8 253 - In Serial29 Chapters
Cairo
Beaten, Scarred, tortured, and deprived of all emotion, Cairo wants nothing more but to find his happiness again. After being imprisoned and forced to murder for his survival inside of the Gulag for five years, a conundrum of mysterious explosions leads to his long-overdue escape. Seven years have passed since then, and for the past six months, Cairo has been staying at a lowly bar in the small town of Worcester. With the world around him filled with the Gifted—those who possess inhuman abilities—most of his days are spent hiding in the shadows of his hood, avoiding any and all human contact. However, once an axe-wielding maniac barges into the tavern he’s staying at, Cairo is forced into an unpredictable situation: save the innocent bartender that is forced under the axe, or run away, just like he always has. Urging to fight against the sight of bloodshed, Cairo stops the axe-wielder, only to realize that the bartender planned this, hoping to reveal his identity from the start, and uncover the hidden truths lying within his hood.
8 156