Advertisement
"ကိုကိုရေ...ဗိုက်ဆာပြီလား"
"ဆာပြီ"
"ခနလေးနော် ဒီတစ်လှိုင်းစာပဲ"
"ရတယ် ဖြေးဖြေးလုပ်...လက်ထိဦးမယ်"
တကယ်တော့ ဗိုက်ကမဆာသေးဘူး။ဆောင်းရာသီဆိုလည်း ဆယ့်တစ်နာရီလောက်ဆို နေကရင့်တာပဲ။စပါးခင်းကြီးထဲမှာ အရိပ်လည်းမရှိဘူး။ခမောက်ပဲဆောင်းထားရတာ။ဒါထက် နေရင့်ရင် မောင်ပင်ပန်းမှာစိုးလို့။လူငှါးလို့ရပေမယ့် မောင်ကမငှါးဘူး။ဒီလယ်တစ်ကွက်တည်းကို သူတစ်ယောက်တည်း ရိတ်နိုင်တယ်တဲ့။မောင်နဲ့ လက်ထပ်ပြီးတော့ မောင့်မိဘတေက လယ်တစ်ဧကကို ကိုယ့်ဘာသာလုပ်ဆိုပြီး အမွေသဘောလိုမျိုးပေးထားလို့ ဒီလယ်က ထွက်တဲ့ စပါးက ကျနော်တို့နှစ်ယောက်အတွက်ပဲ။နှစ်ယောက်တည်းရှိတဲ့ အိမ်က ကုန်လှမှ တစ်နေ့ကို ဆန်လေးဘူးလောက်ပေါ့။ဆန်က အများကြီးလည်းမကုန်တော့ စပါးကိုလှောင်ထားပြီး နောက်မှထုတ်ရောင်းရင် အဆင်ပြေမယ်။
စပါးသိမ်းပြီးရင်လည်း မောင်က ပရိဘောဂပိုင်းကိုနည်းနည်းရတော့ လက်သမားအဖွဲ့မှာ နေ့စားလိုက်တယ်လို့ ပြောဖူးတော့ အလုပ်ကတော့ ပြတ်မှာမဟုတ်။ကြားထဲမှာလည်း ဆိုင်ကယ်တို့ ဖုန်းတို့ကို ဝယ်ရောင်းလေးတေ လုပ်တတ်သေးတာ။မောင်က ငွေရေးကြေးရေး သိပ်မြင်တယ်။
"ဟိတ်...ဘာတေငေးနေတာလဲ"
"မောင့်ကိုငေးတာပေါ့"
"ငေးတာမငေးတာ နောက်ထား...ဗိုက်ဆာနေပြီဆို...ရော့ ကိုင်ခဲ့"
ချွတ်ထားတဲ့ အပေါ်ဝတ်အနွေးထည်ကို လက်ထဲထည့်ပေးတယ်။မောင် ပင်ပန်း မှာ။
_________
"ထမင်းတော့ ချက်လိုက်နော်...မောင်ရေချိုးဦးမယ်...မီးပျိုးပေးထားခဲ့ရဦးမလား"
"ရတယ်...ငါ့ဘာငါလုပ်လိုက်မယ်...ရေသောက်ပြီးမှချိုးနော်မောင်"
"ဟုတ်ကဲ့ပါဗျ....ထင်းရှူးက အောက်ကအိုးလေးထဲမှာနော်... မီးခြစ်က ဘေးကတန်းပေါ်မှာ"
"အင်းအင်း ...ဟင်းက ကြိုမဝယ်ထားမိလို့ ဂွေးတောက်ရွက်ကြော် နှင့် ငပိကို စပ်စပ်လေးထောင်းပေးမယ်...မောင်က အခါးကြိုက်တယ်ဟုတ်"
"သဘောင်္ရွက်အနုလေးရော ခူးပေးထားဦးနော်"
"အိုခေ အိုခေ"
ဒီလိုပါပဲ။ယောက်ျားလေးနှစ်ယောက်ထူထောင်ထားတဲ့ အိမ်ထောင်ရေးဆိုပေမယ့်လည်း ဘယ်နေရာမှ အဆင်မပြေတာမရှိဘူး။ကိုယ်က ထမင်းချက်ရင် သူကပန်းကန်ဆေးလိုက်တာမျိုး။ဒီအချိန်က တောင်သူတေအတွက် အလုပ်ပေါတဲ့ အချိန်ဆိုတော့ ကျန်တာတေဘက် မောင်ကမလှည့်နိုင်သေးဘူး။စပါးသိမ်းဖို့နဲ့ စပါးကျီထဲ စပါးကို မိုးလေလွတ်အောင်ရောက်ဖို့က အရေးကြီးဆုံးတဲ့။တလင်းပြင်ထဲ စပါးတေမိုးမိရင် အညှောက်ထွက်လာတတ်လို့တဲ့။
မီးသွေးခဲတေကြား ထင်းရှူးစလေးတေထည့်ပြီးမီးတေ့ထားပြီးမှ မီးစွဲလာအောင် စောင့်နေရင်း အိုးထဲ ဆန်နှစ်ဘူးထည့်ကာ ရေဆေးရတယ်။ရွာက လျှပ်စစ်မီးရပြီးပေမယ့် ကျနော်တို့နှစ်ယောက်က အိမ်ခွဲနေလို့ အိမ်အသစ်ဆောက်ရတာကြောင့် မီးမယူရသေးတာ။မောင့်မိဘတေပိုင်တဲ့ ခြံဝန်းအပိုထဲမှာ လူနှစ်ယောက်ကောင်းကောင်းနေလို့ရမယ့်အိမ်လေးဆောက်ပေးကြတယ်။မောင့်မိဘတေက ထင်ထားတာထက် သဘောကောင်းတယ်။
မီးတော်တော်လေးစီနေတော့ ဆန်နဲ့ရေကို အတော်အသင့်ချန်ပြီး တည်ထားလိုက်သည်။ပေါင်းအိုးတေမှာ ချက်သလိုမျိုး ရေနဲ့ ဆန်အကိုက်ချိန်ပြီး ချက်လိုက်တော့ ထမင်းရည်လည်းငှဲ့စရာမလိုတော့ဘူး။ထမင်းအိုးတည်ထားတုန်း ဟင်းရွက်ခူးထားရမယ်။မောင်နဲ့ ယူခါစကတော့ ဘာမှမလုပ်တတ်ဘူး။မီးလည်းမပျိုးတတ်ဘူး။နောက်တော့ မောင်ကပဲ တဖြေးဖြေးသင်ပေးရင်းနှင့် အခုတော့ ကျွမ်းကျင်အဆင့်။
"မောင်ရေ ပဲသီးတေကောက်လို့ရနေပြီနော်...ညနေကျရင် မမိအေးဆီသွားပေးရအောင်.. ကောက်ကူဦး"
"ကိုကိုကတော့နော်... တတ်နေပြီ"
"ဘယ်သူသင်ပေးထားတာမလို့လဲ"
"ဒါပေါ့ ကျနော်သင်ပေးထားတာကို...တော်မှာတတ်မှာပေါ့"
ရေတစ်ခွက်လောင်းရင်း တစ်ခါတုန်သွားသလိုလုပ်ရင်း နှစ်ယောက်သား စကားတပြောပြော။မမိအေးဆိုတာ ရွာထဲက ဟင်းသီးဟင်းရွက်တေ ပန်းတေကို မြို့က မီးခွက်ဈေးမှာ သွားရောင်းတဲ့သူ။ပဲသီးကောက်ပြီး လေးငါးတောင့်လောက်စီ စည်းပြီးမှ အစည်းရေနဲ့ သွားပေးထားလိုက်တာ။နောက်တစ်နေ့ဆို ပိုက်ဆံလာပေးတယ်။မောင်က စီးပွားရေးအကွက်မြင်တတ်တယ်။ခြံဝန်းထဲမှာလည်း ဝင်ငွေရမယ့် အသီးအပင်တေချည်းပဲ။ခတ်ထားတဲ့ ခြံစည်းရိုးပေါ်မှာလည်း ခွာညိုပန်းအနွယ်တင်ထားတယ်။ဘုရားပန်းလည်းထိုးလို့ရ ရောင်းလို့လည်းရ။မွေးကတည်းက ထမင်းဘယ်ကရလဲဆို ပန်းကန်ထဲကရတယ်လို့ ဖြေမယ့်အထဲပါတဲ့ ကျနော်က မောင်နဲ့လက်ထပ်ပြီးတော့ ပိုက်ဆံဆို တစ်ရွက်က နှစ်ရွက်ခွာတဲ့သူဖြစ်တော့မယ်။
ဂွေးတောက်ရွက်လေးရယ် ဆူးပုပ်ရွက်လေးတစ်ညွန့် နှစ်ညွန့်ရယ် သဘောင်္ရွက်နုနုလေးတေရယ် ခူးပြီး ရေဆေး၊နပ်သွားတဲ့ ထမင်းအိုးကိုချ၊သံပြားတစ်ခုပေါ်မှာ ငပိတစ်ဇွန်းစာကိုတင်ပြီး ဖုတ်လိုက်တယ်။မွှေးနေရောပဲ။ငပိဖုတ်ထားတာ ရပြီဆိုတော့မှ ပြင်ထားတဲ့ ဂွေးတောက်ရွက်အိုးကို တင်၊ငရုတ်ဆုံကိုယူ ပြီးမှ ကြက်သွန်ဖြူရယ် စပ်သီးအခြောက်ရယ်နဲ့ ဖုတ်ထားတဲ့ ငပိကို ရောထောင်း၊ ပြီးတော့မှ ဆီလေးရွှဲရွှဲလောင်းထားလိုက်တော့ စားချင်စဖွယ်။မောင်က ဒါမျိုးဆိုကြိုက်တယ်။
"ကိုကို...ကိုကို့ဖုန်းရော..နေပူတုန်းအားသွင်းထားရအောင်"
"အိမ်ခန်းထဲမှာပဲနေမှာ ရှာလိုက်ဦး"
ဖုန်းအားသွင်းဖို့နှင့် ညဘက်မီးထွန်းဖို့ ဆိုလာခပ်လတ်လတ်လေး ဝယ်ထားတယ်။နေပူတုန်း အားဝင်တုန်း ဖုန်းတေအားသွင်းထားမှ ညဘက်ဆို အားသိပ်မသုံးရတာ။နို့မို့ဆို နေသိပ်မပူရင် မီးကခပ်မှိန်မှိန်ပဲဖြစ်နေတော့တာ။
"ထမင်းစားလို့ရပြီနော်"
"လာပြီဗျာ...မွှေးနေတာပဲ....ငပိစော်"
"မွှေးအောင်လုပ်ပေးထားတာနော်...မကြိုက်ဘူးလား"
"ကြိုက်ပါ့"
"ထမင်းခူးခဲ့ပြီ..ဟိုနားမှာ လက်ဆေးရေယူခဲ့"
ဂွေးတောက်ရွက်နှင့် ဆူးပုပ်ညွန့်လေးရောကြော်ထားတဲ့ အရွက်ဟင်းစိမ်းစိမ်းလေးရယ်၊ထမင်း ဆီဆမ်း ပူပူနွေးနွေးရယ်၊ငပိထောင်းစပ်စပ်လေးရယ် ကျန်းမာရေးအတွက်လည်းကောင်းတဲ့ ငပိထောင်းနဲ့ တို့စားရတဲ့ သဘောင်္ရွက်နုနုလေးရယ် ဘာအသားဟင်းမှမပါတဲ့ ထမင်းဝိုင်းလေး၊သိပ်စားကောင်းတာပဲ။
_________
"နောက်နေ့ကျရင်တော့ တောမလိုက်နဲ့တော့နော် ကိုကို...အိမ်မှာပဲနေခဲ့တော့...တစ်ယောက်တည်းပျင်းရင် မေမေတို့အိမ်သွားနေ"
"ပျင်းတော့မပျင်းပါဘူး...ဖုန်းလည်းရှိတာပဲ"
"ဟုတ်ပါပြီ"
"76 စည်း... ဝါး..တစ်ခါမှ အဲ့လောက်မရဖူးသေးဘူးနော်မောင်"
"အင်ဟုတ်တယ်...ဒီတစ်ခါတော်တော်ရတာပဲ"
"နောက်နေ့ကျ ကန်စွန်းလည်း ရိတ်လို့ရပြီ...အဟီ..ဒါနဲ့..မောင် ပြောင်းဖူးမစားချင်ဘူးလား"
ထမင်းစားပြီး ခနလောက်အိပ်ပြီးမှ ပဲသီးထကောက် စည်းနေရင်း စကားပြောနေလည်း စီးပွားရေးကြောင်းရောက်သွားတာပဲ။ကိုကိုကတော့လေ လောဘသိပ်ကြီးတာပဲ။
"ကိုကိုစားချင်လို့လား...ညနေ မမိအေးကို မှာလိုက်လေ"
"အင်း...ဓာတ်မြေသြဇာ ကြော်ညာကနေ ပြောင်းဖူးပုံတွေ့လို့ စားချင်သွားလို့..ဟီး"
"စားပါဗျာ...စားပါ...နောက်ဆို ကျနော်ကိုမေးမနေပါနဲ့...စားချင်တာကို ဝယ်စား...ဟုတ်ပြီလား"
"ဂွတ်ဒ်တယ် အဲ့ဒါ"
လက်မလေးထောင်ပြလို့ ပြောနေတဲ့ကိုကို။မေ့လို့။ကိုကိုက ပိုက်ဆံပြီးရင် အစားလည်း ကြိုက်တယ်။
15.10.21
ဖတ်ရတာ အဆင်ပြေလား။
Advertisement
- In Serial19 Chapters
The Adventure of a Wounded Soul (Dropped, sorry.)
Protection. To protect. One must serve the other, at all times. But what would happen if they split apart? What would happen if the entire world wanted one dead? Then the entire world must be killed. With this mindset, Rayne travels through Avalon. His smile had been ground down into non-existence. His eyes were lifeless. He had failed, hadn't he? But, if at first you don't succeed... Restart.
8 208 - In Serial30 Chapters
Mhaieiyu - Arc 2: The Ever-Shifting Crown
The forces of Yanksee have reached the dunes of No Man's Land with a great many men and machinery prepped for a Syndie massacre; a violent dispute long held over time between the continent's greatest powers. But as the conflict unfurls, other more unsettling deeds begin to emerge, as the world's greatest threat too marches in to advocate Sin and deliver uncertain and unwelcome fate upon the brighter land of Victus' followers. Now more than ever, society will be made to understand that petty fights are foolhardy as it tears itself apart before the real test begins. This novel is a continuation of 'Mhaieiyu - Arc 1: The Syndicate'. It is recommended, but not obligatory, that you read the first instalment before this one. © 2021-2022, All Rights Reserved.
8 205 - In Serial38 Chapters
The Story Of The Shadow Hunters
A boy grown up on a farm just living his daily live slowly turns into a nightmare. Follow him on his journey through many adventures trying to find his parents and defeat 'The Shadows', and maybe other foes as well.
8 69 - In Serial98 Chapters
Transient Fire Works
Eighteen year old Jin Kai Zhao died from an unexpected heart failure during his high school graduation. But three months after his death, he crawled back out his grave. Revived, he could not believe that he came back to life. He walked out of his casket under the pouring rain. His first thought was, 'Why did my family bury me naked in a casket?'
8 256 - In Serial15 Chapters
Hillbilly x Reader [A Dead By Daylight Fanfiction]
When you and your friends visit an abandoned farmhouse, you didn't expect someone to be there - let alone a killer!But what happens when you get spared and you learn more about him?Dead By Daylight is owned by Behaviour Interactions™*NOTE* Again all locations on Coldwind Farm will be one big location.Enjoy!
8 103 - In Serial14 Chapters
Don't Pretend You Ever Forgot About Me [Ryden]
Their relationship was bitter and painful, but it wasn't always that way. They loved each other, once. Before they got comfortable. Before they got mean. Their breakup was nasty but necessary, for one of them would surely have died otherwise.Two years pass, and things are looking up. They both seem like they've moved on; one threw himself into a new relationship, the other threw himself into his work. They're getting by. They're almost happy. Until one fateful night where they accidentally stumble across each other in a bar, both there for different reasons, and they stumble into each other's arms in a whirlwind affair that's set to destroy everyone, including themselves.[Contains: smut, recreational drug and alcohol use (I'll add more content warnings as I write)]Cover by @SeraphStarshine ❤️❤️
8 167