《မောင့်ကိုချစ်ဖို့ မွေးဖွားလာပါသည်။》🌈၁၂🌈
Advertisement
မင်းရဝိန်သည် Queen စိန်တိုက်ပိုင်ရှင် ဒေါ်ပျိုမဒီ ၏ယောကျာ်းဖြစ်သူ ဦးမျိုးမင်းနှင့်ရသည့် တစ်ဦးတည်းသော သားဖြစ်သည်။ ဦးမျိုးမင်းသည်လည်း ဆန်စက်၊ ဆီစက်၊ ဆောက်လုပ်ရေးပစ္စည်းဆိုင်ကြီးများစွာ ပိုင်ဆိုင်ထားသည်။
ထိုကဲ့သို့ ပိုက်ဆံရှိအသိုင်းဝိုင်းမှ မင်းရဝိန်သည်လည်း ကုမ္ပဏီငယ်တစ်ခုကိုကိုယ်စွမ်းကိုယ်စဖြင့် မိဘများ၏အကူညီမပါဘဲ တည်ထောင်ထားသေးသည်။ အရာရာပြည့်စုံသည်ဟုပင် ဆိုနိုင်သူ မင်းရဝိန်သည် အချစ်အတွက် ကြက်မောက်ပင်ခြေရင်းတွင် မြက်နှုတ်နေရလေသည်။
" ဟေ့ မြက်နှုတ်ခိုင်းတာ တွေးငေးမနေနဲ့လေ၊
မြန်မြန်နှုတ် "
" နှုတ်နေတယ်လေ၊ မတွေ့ဘူးလား "
အမိန့်တွေဇွတ်ပေးသော ကိဝီကို သိပ်မကြည်၍ ကြည့်မရသည့်အထိ ဖြစ်ရသည်။ ရဝိန်အတွက် ချစ်သည်က သက်သက်၊ ကြည်မရသည်က သက်သက်ဖြစ်သည်။ စိုက်ပျိုးခြံမှာလိုက်နေဖြစ်သည့်အချိန်မှစ၍ ရဝိန်သည် ကိဝီကိုကြည်မရလောက်အောင် ပိုချစ်လာမိသည်။
" ရဝိန်လား "
သက်ပိုင် ကြက်မောက်ပင်များအောက် မြက်နှုတ်နေသော အလုပ်သမားသည် သူငယ်ချင်းရဝိန်နှင့် တူသလို့ရှိ၍ နာမည်ခေါ် ကြည်လိုက်သည်။
နာမည်ခေါ်သံကြောင့် ကြည်လိုက်လျှင် သက်ပိုင်
ကို အမှတ်မထင်တွေ့လိုက်ရလေသည်။
" သက်ပိုင် ဘယ်လိုရောက်လာတာလဲ "
" ငါမေးရမှာလေ၊ မင်းကဒီမှာဘာလုပ်နေတာလဲ "
" ငါအလုပ်လုပ်နေတာလေ "
ပိုက်ဆံရှိ သူဋ္ဌေးသားရဝိန်ကို စိုက်ပျိုးရေးခြံ၌ အလုပ်သမားအဖြစ်တွေ့လိုက်ရ၍ သက်ပိုင်
အံ့သြရသည်။
" သက်ပိုင်လာတော့လေ၊ ဘာရပ်လုပ် လုပ် "
" မ ! "
" ရဝိန် ! "
အနားထိလာ၍ သက်ပိုင်ကိုလာခေါ်သော သူဇာဝေနှင့် မင်းရဝိန်တို့တစ်ယောက်မျက်နှာတစ်ယောက်ကြည်ပြီး နာမည်အချင်းချင်းခေါ်နေကြပြန်၍ သက်ပိုင် နောက်တစ်ခါအံ့သြရပြန်သည်။
သက်ပိုင်ကို သွားလိုက်ခေါ်သူ မဝေ ပြန်မရောက် လာ၍ ကိဝီလိုက်ခေါ်ရာ ရဝိန်နှင့် အတူရှိကြသည်ကို တွေ့လိုက်ရသည်။
" သိကြလို့လား "
" သိတယ်×2 မသိဘူး "
ကိဝီအမေးကို သုံးယောက်လုံးပြိုင်တူဖြေလာ၏ ။ သို့သော် နှစ်ယောက်ကသိသည် ဟုဖြေ၍ ရဝိန်ကမသိဘူး ဟုဖြေလာသည်။
ကိဝီ၏သစ်အိမ်လေးထက်မှာ ကိဝီအပါဝင် လူ့ငါးယောက်သည် မျက်နှာချင်းဆိုင်ထိုင်နေကြသည်။ တစ်ယောက်သည် ခေါင်း၌ ဖြူသော ပတ်တီးနေရာယူထားသည်။ တစ်ယောက်သည် ညိုသောအသားရောင်ကို ပိုင်ဆိုင်ထားသည်။ တစ်ယောက်သည် ချစ်စရာအသွင်ရှိသည်။ တစ်ယောက်သည် ရှည်သော ဆံပင်ရှိသည်။ တစ်ယောက်သည် လှသောမျက်နှာနှင့် အကြည်စူးစူးတို့ဖြင့် မျက်နှာချင်းဆိုင်မှ အညိုဆင်ကို စိုက်ကြည်နေလေသည်။
" ဘယ်လို့စတွေ့တာလဲ ဝက်ကလေး "
ခေါင်းထက် ပတ်တီးအဖြူနှင့် စိုးသက်နောင် သည် စကားဝိုင်းကို အစဖော်ပေးလိုက်သည်။
" ရဝိန်မြက်နှုတ်နေတုန်းတွေ့တာ၊ ပြီးမှ မဝေနှင့် တွေ့တယ်၊ နောက်ဆုံး ကိဝီရောက်လာတယ်၊ ဒါပေမယ့် ရဝိန်ကအလုပ်ရှိသားနဲ့ကိုး။ ဘာလို့
ကိဝီခြံမှာအလုပ်လာလုပ်နေတာလဲ "
" မဝေ ရဝိန်နဲ့ သိတာလား "
ကိဝီသိချင်နေသော အမေးကိုသာ ဦးစားပေး မေးလိုက်သည်။
" သိတယ်၊ ကိဝီကိုပြောပြဖူးတဲ့ မဝေရည်းစား ဟောင်းလေ "
" မင်းဘာလို့ မသိဘူးငြင်းတာလဲ "
ရဝိန်ဘက်လှည့်၍ ကိဝီမေးလာလျှင် ချက်ချင်း စိတ်ကျေနပ်ဖွယ်အဖြေအား ပေးနိုင်ရန် စကားရှာရသည်။
" မဟုတ် ငါရှင်းပြမယ်၊ ကိဝီ ငါ "
စကားရပ်လိုက်သော ရဝိန်ကိုဆက်ပြောရန် ကိဝီ မေးထိုးပြပြီး ကြည်နေလိုက်သည်။
" ငါက ငါ "
" ဆက်ပြောလေ၊ နားထောင်နေတယ် "
" ငါ ငါ ဗိုက်ဆာတယ် "
ရည်းစားဟောင်းရှိနေ၍ ပြောစရာစကားတောင် ရှာမရဖြစ်နေသည့်ရဝိန်ကို ကိဝီကြည်မရ ဖြစ်ရသည်။ ရဝိန်က ရည်းစားဟောင်းကို သံယောဇဥ်လက်ကျန်ရှိနေသေးတာလား။
" မင်းငါကို ချစ်လား "
" ချစ်တယ် "
ချက်ချင်းတုံ့ပြန်လာသောအဖြေကြောင့် ကိဝီကျေနပ်မိသည်။
စိုးသက်နောင်၊ သက်ပိုင်နှင့် မဝေတို့သုံးယောက် လုံးပြောင်းလဲသွားသော အခြေနေကြောင့် မျက်ခုံးပင့်သူပင့်၊ မျက်လုံးပြူးသူပြူး ဖြစ်သွား ရသည်။ ထိုအချိန်၌ ကိဝီသည် ပြတ်သားသော လေသံဖြင့် စကားတစ်ခွန်းကို ထပ်ပြောလာသည်။
" ငါလည်းချစ်တယ် မောင် "
Advertisement
- In Serial244 Chapters
The Greatest Of All Time
Dive into a novel about the rise of a legendary sportsman.
8 1629 - In Serial24 Chapters
Apathy At Gifted Academy
I don't want other people to see my past. Although other people don't understand, what I have become now is nothing to be envious of. Radical government reforms, schools now become a meritocracy. It's a battle, in this overcrowded world, to reach the very top. The most prestigious school, Valencians College, is a war ground for the smartest and most persistent students, for whoever reaches the top, will change the world. Society has no place for the weak.
8 107 - In Serial9 Chapters
The Love of a Werewolf
Werewolves are nothing more than property, kept under strict control of humans. There are no laws protecting a werewolf. There are no rules as to how a werewolf must be treated. When Jackson turns 18, his father insists he purchase his first werewolf. That status that comes from owning a werewolf can't be beat, and Jackson's father won't have him be considered anything less than the best.
8 160 - In Serial34 Chapters
The Accidental Harem: T4
How does one little tator tot cause such a massive upheaval? My life was pretty basic. Well, as basic as it could be for a 19-year-old that lives at home with her very rich and successful mother. Then one church luncheon filled with the stench of Icy Hot and disappointment started a series of events I was not prepared for. The basic life I lived was not so basic anymore. From my mother's strange behavior to the sudden arrival of not one, but four men that just wouldn't leave me alone. Not that I really wanted them to, but still. It's the principle of it, damn it! Or that's what I'm trying to tell myself.TRIGGER WARNING ⚠️ Contains violence and intended SA
8 168 - In Serial81 Chapters
The Match ✓
When obsession has gotten too farLila is a sweet ballet dancer and the best anyone has seen for years and clearly going places. Her ballet career grows as well as her admires and one of which who will go one step too far.Steel is a ruthless boxer, known for his temper and the rage that he holds. He's not only handsome but masculine and while he's sought out by both gender, he has his eyes on only one woman who he would kill for.
8 121 - In Serial19 Chapters
a fake arrangement | wlw |
Hazel Grayson, a private woman, who comes back to her family estate for her family reunion, brings home a woman she's never met before in an effort to satisfy her family's expectations in her love life. Living under the same roof as Hazel is quite hard, especially when they get off on the wrong foot unknowingly.A childhood friend and his unusual style of work, helps Valentina be a fiancée to cover for her finance problems once again. Hazel has her demons, but so does Valentina.❗️note❗️i began this book when i was new to writing narratives in general. this story is a more fast paced book, like my other old narrative "kind regards."please keep in mind that not only is this book one of her firsts, but this story involves my old, quick paced style of writing. nonetheless, if you have a preference of these types of books, be my guest and enjoy !
8 94

