《မောင့်ကိုချစ်ဖို့ မွေးဖွားလာပါသည်။》🌈၅🌈

Advertisement

လိပ်စာအတိုင်းရောက်လျှင် ကိဝီစက်ဘီးရပ်ပြီး ခြံဝင်းအတွင်းကို ချောင်းကြည်လိုက်သည်။ ဘယ်သူတစ်ယောက်မှပင် မတွေ့ရ။ ရဝိန်စာလာ သင်မည်ဆရာကို စောင့်နေသည်။ သို့သော် ခုချိန်ထိမရောက်သေး။ စိတ်သိပ်ရှည်၍တော့ မဟုတ်

မုန့်ဖိုးဖြတ်ခံမှာဆိုး၍သာ သည်းခံနေရသည်။

အခုတော့ အချိန်မလေးစားသော ဆရာနှင့်လာတိုး၏။ နာရီကြည်လိုက်လျှင် ၄ နာရီထိုးပြီး၍ မိနစ် ၂၀ ကျော်နေပြီးဖြစ်သည်။ ခြံစောင့်ဦးလေးကြီးကလည်း ကြာလိုက်တာ။ ရဝိန် ဗိုက်ဆာနေပြီး။ ဆရာနောက်ကျမယ်မှန်းသိလျှင် ကိုယ်တိုင်သွားဝယ်ပါ၏။ ခုတော့ ဆိုင်ကယ်ပေး၍ ကြက်ကြော်အဝယ်လွှတ်လိုက်သည်မှာ နာရီဝက်ကျော်နေပြီး ပြန်မရောက်လာသေး။ စိတ်မရှည်​ဖြစ်ရ၍ ရဝိန် ခြံပြင်ထွက်စောင့်ရန် ထွက်လာလိုက်သည်။

" ဟေ့ ဟေ့ ခြံရှေ့မှာ "

ရဝိန်ခေါ်သံကြောင့် ခြံတံခါးဘက်ကြည်လိုက်လျှင် စက်ဘီးတစ်စီးနှင့်လူတစ်ယောက်ကို တွေ့လိုက်ရသည်။

" ဘယ်သူနဲ့ တွေ့ချင်လို့လဲ "

" မင်းရဝိန်ကိုစာစစ်မို့ခေါ်ထားတဲ့ guide "

" OK OK သိပြီး "

ခြံစောင့်မရှိသည်ကို ရဝိန် မေ့သွားခြင်းပင်။ ရဝိန်တံခါးဖွင့်ပေးလိုက်သည်နှင့် စက်ဘီးလေးတွန်း ဝင်လာလေသည်။

" ထိုင်ပါ "

" ဟုတ်ကဲ့၊ မင်းရဝိန်ဆိုတာ "

" ကျွန်တော်ပဲ၊ နာမည်က "

" ကိဝီပါ၊ ညနေ ၄ နာရီ ပုံမှန်လာမယ်၊ တံခါး "

" အစ်ကိုလေး အာ... ဆရာရောက်နေပြီးကို "

" ထမင်းစားပွဲပေါ် တင်ထားလိုက်ပါ "

ကိဝီအရှေ့က မင်းရဝိန်ကိုကြည်၍ ရင်းနှီးနေ သည်ဟု ခံစားမိသည်။ ဘယ်မှာတွေ့ဖူးလဲဆိုသည်ကို ကိဝီစဥ်းစားသော်လည်း အဖြေက

ပေါ် မလာ။

ရဝိန် "ကိဝီ"မည်သော ဆရာပိစိလေးကို ကြည်လိုက်လျှင် ပုဆိုးလေးဝတ်၍ လူကြီးယောင်ဆောင်ထားလေ၏။

" ခက်ဆစ်အကုန်ချရေး၊ ပြန်နွေးအုန်းမလား "

" ရပြီး ပိစိ "

စာအုပ်အပ်၍ခေါ်လာသေ နာမည်က "ပိစိ"လား။

" ဘာလို့ ပိစိလဲ၊ မဟုတ်ဘူးလေ ကိဝီ ကိဝီ "

" ဘယ်လို့ဖြစ်ဖြစ် ခင်ဗျားကပိစိလေးဘဲကိုး။ ပိစိလို့ပဲခေါ်မယ်"

" ကိဝီလို့မခေါ်ရင် ဆရာလို့ခေါ် "

" ဘာဆရာလဲ... no no no ပိစိလေးက ဆရာမဖြစ်နိုင်၊ ပုဆိုးဝတ်လိုက်တာနဲ့ လူကြီးဖြစ်သွားပြီး ထင်မနေနဲ့ ပိစိ "

" မင်း! ငါကပိစိလေး မဟုတ်ဘူး မင်းကမှ "

ကိဝီ လက်ညိုးထိုး၍ ရဝိန်အားပြောနေရာမှ ဆက်ပြောစရာစကားများမေ့သွားသည်။

" ဘာဖြစ်လဲ ပိစိ၊ ဆက်ပြောလေ "

" တော်ပြီး။ စာရေးတော့ "

ရဝိန်အား စာစရေးရန်သတိပေးပြီး ကိဝီလည်း ကျောင်းစာအုပ်ထုတ်၍ ကဗျာတစ်ပုဒ်အား စကားပြေဖွင့်နေလိုက်သည်။

ရဝိန်စာရေးနေရာမှ ပိစိလေးကို သေချာကြည်ဖြစ်သည်။ ရဝိန်လက်တစ်ဝါးစာလောက်ပင်ရှိသော မျက်နှာ​လေး၊ မကျဥ်းလွန်မကျယ်လွန်သော နဖူးပြင်၊ ကြည်လင်ရွှန်းလဲ့နေသော မျက်စံ ၊ မျက်လွှာမချထားတောင် သိသိသာသာရှည်နေသော မျက်တောင်လေးများ၊ ဖြောင့်တန်း၍ မပွဘဲ သေသပ်နေသည်နှာတံ၊ ပန်းသွေးရောင်ပြေးနေသောနှုတ်ခမ်းလေး။

" အား..."

ရင်ထဲဝယ် အသည်းယားစွာအော်မိ၏။ ဘောပင်လေးမှာ နှုတ်ခမ်းနားရောက်ခါမှ ပိုလှသွားသလို့ပင်။ လည်တိုင်ကျော့ကျော့ဖြူဖြူကို စုပ်ကိုက်လိုက်ရရင်ဖြင့် ပခုံးသားတွေရော ဖြူနေမှာလား။

ဗိုက်သားလေးတွေကရော...

" ဂလု..."

တံတွေးမျိုချမိ၏။ မင်းရဝိန်အတွေးထဲဝယ် အ ကြောင်းရင်းမရှိစွာ ဆရာပိစိ​လေးအား စိတ်ထဲပြစ်မှားနေမိသည်။

ကိဝီ နာရီကြည်လိုက်လျှင် ၆ နာရီထိုးတော့မည်။ တစ်နေ့ ၂ နာရီခန့်သာ စာစစ်ရန် ဦးလေးမျိုးမင်းကို ကိဝီပြောထားသည်။ အချိန်အများကြီးလည်း ကိဝီ မပေးနိုင်။ ပန်းဖောက်သည်များအတွက်

ကိဝီ ညအမှီပန်းခူးရအုန်းမည် ဖြစ်သည်။

" ပြီးသလောက်ပေး၊ စစ်ပေးမယ် "

ကမ်းပေးသော စာအုပ်ကို ကြည်လိုက်လျှင်

" တစ်နာရီကျော်ရေးလိုက်တာ ခက်ဆစ်သုံးလုံးကြီးများတောင် ရေးပြီးသွားတယ်။ ဝိုး... အံ့သြ တယ် ဝိုး..."

နှုတ်ခမ်းလေးကို ဝလုံးပုံလုပ်၍ တဝိုး...တည်း ဝိုး... နေသည် ပိစိအား ရဝိန်မေးအောက်လက် ထောက်၍ ပြုံးကြည်နေလိုက်သည်။

" ဦးလေးပြောတုန်းက မယုံဘူး။ မြန်မာစာကို သုညရအောင် ဖြေခဲ့တာဆို၊ ခုတော့ အဟမ်း အာ... ပြန်တော့မယ်၊ နောက်နေ့မှ ဆက်ရေးကြတာပေါ့ "

" ဖုန်းနံပါတ်ပေးခဲ့၊ အကြောင်းရှိရင်ဆက်သွယ်ရ အောင် "

စာရွက်တစ်ရွက်တွင် နာမည်နှင့် ဖုန်းနံပါတ်လေးရေးပြီး ရဝိန်အားကမ်းပေးလိုက်သည်။

" စာလုံးပေါင်းမှားနေတယ် "

ဘယ်လို့မှမဖြစ်နိုင်သည်ကို ရဝိန်ဆိုလာ၏။

" ပိစိဖြစ်ရမှာကို ကိဝီလို့ရေးထားတယ် "

စာရွက်လေးကိုင်လျက် စနောက်လာသူကို ကိဝီ ဘက်မှ ဘာမှဆက်မပြောချင်တော့၍ မကြားဟန်ပြု၍ စာအုပ်များကိုသာသိမ်းနေလိုက်သည်။

➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡

" မေလက်လေးတွေက သိပ်လှတာပဲ"

လက်ဖဝါးကြီးကြီးကြားတွင် လက်ချောင်းဖြူဖြူ သေးသေးလေးများက လှပစွာရှိနေလေသည်။လက်ချောင်းဖြူဖြူလေးများသည် လက်ဖဝါးကြားမှရုန်းထွက်သွားခဲ့လျှင် နှမြောတသလိုက်ကြည်မိပြန်သည်။

" မောင့် မေကိုချစ်တာလား၊ လက်ချောင်းတွေကို ချစ်တာလား "

" မေရဲ့လက်ချောင်းတွေကိုပေါ့ "

" ကိုချစ်မောင် ရှင့်က မေကို ချစ်တာမဟုတ်ဘူး ပေါ့၊ လက်ချောင်းကိုပဲ ချစ်တာမလား။ ဟွန့်... မေသိပ်စိတ်ဆိုးသွားပြီး "

" လက်ချောင်းကို ချစ်တာ မှန်ပါတယ်၊ ဒါပေမယ့် မေလက်ချောင်းမို့လို့ကို ချစ်တာလေ၊ အခြားသူ့ လက်ချောင်းဆို မောင့်ကချစ်ပါမလား "

" စကားတွေတတ်နေလိုက်တာ ဟွန့် "

"စကားတတ်တော့ မချစ်တော့ဘူးလား မေ"

" ချစ်တယ် "

မျက်စောင်းလေးဝင့်ပြီး ပြောလာသော မေ၏ အပြောကြောင့် ချစ်မောင်မျက်နှာထက် အပြုံးတို့သည် ပိုမိုအသက်ဝင်ပီ​ပြင်ရသည်။ ရှက်ရိပ်ထင်နေသော မေမျက်နှာလေးမှာ ချစ်မောင်အ တွက် မြတ်နိုးရာ၊ စွဲမက်စရာထပ်ကို ပိုပေ၏။

    people are reading<မောင့်ကိုချစ်ဖို့ မွေးဖွားလာပါသည်။>
      Close message
      Advertisement
      You may like
      You can access <East Tale> through any of the following apps you have installed
      5800Coins for Signup,580 Coins daily.
      Update the hottest novels in time! Subscribe to push to read! Accurate recommendation from massive library!
      2 Then Click【Add To Home Screen】
      1Click