《မောင့်ကိုချစ်ဖို့ မွေးဖွားလာပါသည်။》🌈၂🌈
Advertisement
" ခစ် ခစ် ခစ် ဟာ...မောင့် မဆိုးနဲ့ကွာ၊ မောင့် နော် "
ရင်ခွင်ထဲလူးလှိမ့်၍ ရယ်(ရီ)မောနေသော မိန်းမပျိုလေးကို သူ၏ချစ်သူဖြစ်ဟန်တူသော ယောကျာ်းပျိုမှ အချစ်တို့ပျော်ဝင်နေသော
မျက်ဝန်းတို့ဖြင့် နွေးထွေးစွာပြုံးကြည်နေလေသည်။
" မောင့်ကို ချစ်လား၊ ပြောပါအုန်း မေရဲ့ "
" မသိဘူးကွာ၊ အမြဲတမ်းပြောခိုင်းနေတယ် ခစ်
ခစ် တော်တော့၊ မစနဲ့တော့ မေမောလှပြီး "
အမေးစကားအတွက် အဖြေပြန်မရလေ၍ ယောကျာ်းပျိုသည် မိန်းမပျိုအား စိတ်ကောက်ဟန်မူပြလျှင် မိန်းမပျိုလေးသည် ခိုးခိုးခစ်ခစ် ရယ်(ရီ)လေသည်။
" မောင့်မျက်နှာလေး ပြပါအုန်း၊ မောင့်နားထောင်နော်။ မေက မောင့်ကို သိပ်သိပ်ချစ်ပါသတဲ့ရှင့် "
အဖြေကိုကြားလိုက်သော ယောက်ျားပျိုသည် မိန်းမပျိုအားအပြုံးလေးဖြင့် ပြန်ထွေးပိုက်လိုက်သည်။
...📱...(ဖုန်းသံ)📱...
ကျယ်လောင်စွာထွက်ပေါ်လာသောဖုန်းသံ
ကြောင့် ကြည်းနူးဖွယ်အိမ်မက်ကောင်းလေးမှာ တစ်ခန်းရပ်သွားရလေသည်။ ရဝိန်ဖုန်း contact ကိုကြည်လိုက်လျှင် သူငယ်ချင်းဇော်ထံမှ ဖုန်းဖြစ်လေသည်။
" Hello ဇော်၊ ငါနိုးပြီး "
ရဝိန်ဖုန်းချပြီး နာရီကြည်လိုက်လျှင် မနက် ၉ နာရီထိုးနေပြီး။ မကြာခင် စာများပြန်လုပ်ရမည်ဖြစ်သဖြင့် အချိန်ရှိတုန်းသူငယ်ချင်းများနှင့် အပြင်ထွက်ရန် အိပ်ယာထက်မှထ၍ ပြင်ဆင်လိုက်သည်။ ခဏအကြာတွင် ဇော်၏ဆိုင်ကယ်သံကို ကြားလိုက်ရသည်။
..📣.....📣📣...(ဆိုင်ကယ်သံ)..
ရဝိန်ဧည့်ခန်းမှအဖြတ် အဖေဖြစ်သူ၏လှမ်းမေးစကားကို ကြားလိုက်ရသည်။
"သား ဘယ်သွားမလိုလဲ "
ရဝိန်ပြန်မဖြေဘဲ ခြံရှေ့ကိုသာ ထွက်လာလိုက်ခဲ့သည်။ မုန့်ဖိုးအဖြတ်ခံထားရ၍ ဆိုင်ကယ်ဆီ လည်း မထည့်နိုင်။ ထို့ကြောင့် သူငယ်ချင်းဆိုင်ကယ်နောက်သာ ခွလိုက်သည်။ ပုံမှန်စားဖြစ်နေကျဆိုင်သို့ရောက်လျှင် သက်ပိုင်နှင့်စိုးသက်နောင်တို့နှစ်ယောက် ကြိုရောက်နေသည်ကို
တွေ့လိုက်ရသည်။
ကိဝီအိမ်နောက်ဖေးမှာ တစ်နိုင်တစ်ပိုင်အသီး အရွက်လေးများ စိုက်ထားသည်။ ညဘက်ဆိုလည်း အင်္ကျီကြယ်သီးတပ်ခြင်း၊ စံပယ်ပန်းကုံးသီခြင်းအလုပ်တို့ကို ရလျှင်ရသလို့လုပ်ကိုင်ပြီး ငွေကို ချွေသာစုဆောင်းဖြစ်သည်။ ဆွေမျိုးဆို သည်များသည် ရွှေရှိ၊ ငွေရှိမှ အမျိုးတော်ချင်ကြသည်။ ငွေမရှိဘဲ တစ်ခုခုဖြစ်ကြည် ဘယ်အမျိုးမှ လာမည်မဟုတ်။ ကိဝီအဖြစ်က ပိုတောင်ဆိုးသေးသည်။ ဒီအသက်ရွယ်ထိ ဆွေမျိုးသားချင်းဆိုလျှင် ဒေါ် လေးတစ်ယောက်သာ သိသည်။
ကိဝီအပင်များအား ရေပေးပေါင်းတင်နေချိန်
ဘေးဘီကိုကြည်လိုက်လျှင် ဦးလေးမျိုးမင်း
ရပ်ကြည်နေသည့်ကို သတိထားမိသွားသည်။
" ဦးလေး ဘယ်တုန်းကရောက်နေတာလဲ၊ ခေါ်လိုက်တာမဟုတ်ဘူး "
" အခုပဲ။ ဦးရောက်တာ မကြာသေးပါဘူး "
" ဟုတ်ကဲ့၊ သားလက်ဆေးလိုက်အုန်းမယ်။ ခဏနော် "
ဦးမျိုးမင်း ကွပ်ပျစ်ပေါ်ဝယ် ဝင်ထိုင်လိုက်သည်။
" အိမ်ပေါ် တတ်ပါအုန်း ဦး "
" မတတ်တော့ဘူး၊ ကိဝီ လာပါအုန်း၊ ဦးမေးစရာလေးရှိလို့ "
ရေတစ်ခွက်ချပေးပြီး ဦးလေးမျိုးမင်းအား ဧည့်ခံလိုက်သည်။
" ပညာသင်စရိတ်ကို မပူနဲ့။ သား ညနက်တဲ့ထိလည်း အလုပ်မလုပ်နဲ့တော့၊ ကျန်းမာရေးလည်း ဂရုစိုက်၊ သား ဘာမေဂျာတတ်ချင်လဲဆိုတာ
ရော စဥ်းစားပြီးပြီးလား "
" သား မြန်မာစာလျှောက်ဖို့ စဥ်းစာထားပါတယ် "
ဦးမျိုးမင်း မထင်ထားပါ။ ကိဝီ၏အမှတ်သည် ကြိုက်သည် major ကို စိတ်ကြိုက်ရွေးယူနိုင် သောအနေထား၌ရှိ၏။
" ဦး သိခွင့်ရှိမလား။ ဘာလို့ မြန်မာစာမှလဲ "
" မြန်မာစာသင်ကြားတဲ့ ဆရာကောင်းတစ်ယောက်ဖြစ်ချင်လို့ပါ။ မြန်မာစာကိုပြီးပြီးရော သဘောနဲ့တင်တဲ့ ဆရာမျိုးမဟုတ်ဘဲ ကိုယ်တိုင်
နှံ့နှံ့စပ်စပ်သိနားလည်ချင်တာပါ၊ ကလေးတွေကို လည်း ကိုယ့်စာပေတန်ဖိုးသိစေချင်လို့ပါ "
...📱..(ဖုန်းသံ)..📱...
" Hello.....
......
............
အလုပ်မှ အရေးကြီးဖုန်းဖြစ်၍ ဦးမျိုးမင်း ပြန်ရတော့မည်။
" ဦးကူညီမှုအတွက် စိတ်ထဲထားစရာ မလိုဘူးနော် ကိဝီ၊ ကျန်းမာရေးလည်း ဂရုစိုက်အုန်း။ အလုပ်ပဲဖိလုပ်မနေနဲ့အုန်း သား၊ ဦးအလုပ်ပေါ်လာလို့ သွားတော့မယ် "
" ဟုတ်ကဲ့ ဦး "
" ဟေ့ သက်ပိုင်၊ ရဝိန်ရော "
သက်ပိုင်တို့အဖွဲ့သည် သူငယ်ချင်း ၄ ယောက်ရှိသည်။ မင်းရဝိန်နှင့် စိုးသက်နောင်တို့နှစ်ယောက် လုံးကို မတွေ့ရသော်လည်း ဘရဏီဇော်သည် မင်းရဝိန်တစ်ယောက်တည်းကို အလေးထားမေးလာသည်။
" စိုးနောင်နဲ့ ထွက်သွားတယ် "
ဘရဏီဇော် ရုပ်ရှင်လက်မှတ်လေးကိုင်၍ ခေါင်းလေးထောင် အကြည်လေးတမျှော်မျှော်ဖြင့် မင်းရဝိန်နှင့် စိုးသက်နောင်ကိုစောင့်နေ၏။
" ကြာလိုက်တာ "
"မကြာပါဘူး။ စိတ်ထင်လို့ပါ၊ ဟိုမှာ ပြန်လာပြီး "
ပြန်ရောက်လာကြသည်နှင့် ဘရဏီသည် ရဝိန်အနားသို့ ကပ်သွားပြီး
" ငါ့ကို မခေါ်သွားဘူး "
" Toilet သွားတာ၊ နင်က ဘာလိုက်လုပ်မှာလဲ
ဘရဏီ "
စိုးသက်နောင်အပြောကြောင့် ဘရဏီမျက်နှာ လေးငယ်သွားသည်။
" လာပါကွာ၊ ရုပ်ရှင်ပြတော့မယ်၊ ဝင်ကြရအောင် စိုးနောင် "
သက်ပိုင်သည် ဘရဏီအနေမခက်စေရန် စကားကိုပြောင်းပြောလိုက်သည်။
" ခဏနေ ငါ့လိုက်ခဲ့မယ့်။ မင်းတို့အရင်ဝင်နှင့် "
သုံးယောက်အား အရင်ဝင်နှင့်ရန် ရဝိန်စကားဆိုလိုက်သည်။
" ငါ့လည်း နင်နဲ့အတူတူဝင်မယ်လေ "
ဘရဏီသည်လည်း ရဝိန်နှင့်အတူဝင်ရန် စကားစလိုက်သည်။
" သူ့ရည်းစားသူစောင့်တာ နင်နဲ့ဘာဆိုင်လဲ၊ သွားမယ် လာ "
စိုးသက်နောင်သည် အကျိုးအကြောင်းပြော၍
ဘရဏီကို ရုပ်ရှင်ရုံထဲအရင်ခေါ်သွားလိုက်သည်။
ဘရဏီနောက်လှည့်ကြည်လိုက်လျှင် ရဝိန်သည်
ပြုံးပြလာ၍ ပြန်ပြုံးလိုက်သော်လည်း စိတ်ထဲမှာတော့ မသက်မသာခံစားနေရပေသည်။
Advertisement
- In Serial38 Chapters
Keiko Mochizuki | S. Kusuo
Keiko Mochizuki is oblivious to see how lucky she really is. ˖◛⁺⑅♡ Seasons 1-3˖◛⁺⑅♡ Saiki x OC (Slowburn)˖◛⁺⑅♡ The disastrous life of Saiki K belongs Shuichi Aso except my OC's˖◛⁺⑅♡ Warnings; Mature & rude language
8 93 - In Serial48 Chapters
Rise Like The Sun
When new boy, Nick Hawthorne, roars up to school with a motorbike and an attitude to boot, ruling queen of Redwood Academy, Madison Sutton, is not pleased. Both loathe each other on sight, can't stop arguing every time they actually do see each other, and what's more, they have this terrible tendency to end up kissing the living daylights out of each other. Will Madison ever get over her stupid ass? Will Nick ever see past his own big head?[RISE LIKE THE SUN, by kaaterinapetrova]
8 425 - In Serial126 Chapters
His Proposal
Chloe Knight is a caregiver to her seriously ill sister who was recently diagnosed with leukaemia, not too long after their parents deaths. She went looking for a job and got one working with billionaire Jai Marshall. Once he learns about Chloe's sister he gives her a proposal that she can't refuse.Cover by @Kitkattish
8 186 - In Serial199 Chapters
Trail Marriage Husband: Need to work hard (Part1)
The night before their wedding, her fiancee ran off with his mistress. Out of frustration, she grabbed the man standing in front of the Civil Affairs Office, "President Mo, your bride has not arrived and my groom has run away...May I suggest we get married?" Before marriage, she said, "Even if we were to share the same bed, nothing would happen between us!" After marriage, he said, "If we don't try, how would we know?"AUTHOR: Passion Honey (Chinese)Translator:Yunyi | Editor: Yunyi
8 171 - In Serial63 Chapters
Timeless Love
This is the Sequal of Pain Before Love. You will need to Read the first one to understand this one or you will be confused.This is Keyona Martinez story.******************************************Keyona is a fiesty 5ft 4inch beautiful girl. She has four brothers. They have been over protective of her whole life. Her oldest brother moved to Italy when he turned 21. After graduating college, her parents allow her to travel to Italy along with her other brothers and cousins.She thinks her trip to Italy will be full of partying, adventuring and guys. But what happens when one of those guys is the leader of the Italian Mafia.Daunte Da Luca, a hot headed, dangerous and unpredictable mafia boss. He get anything he wants with a snap of a finger. But what happens when he doesnt get the one thing he desire most with his snap of the finger.What happens when a Vacation turns into a nightmare? When the past comes back and haunts you or more yet, tries to kill you? Will someone help you or will someone die?(NOT EDITED)
8 196 - In Serial197 Chapters
translated novels and stories part 2
i would like to recommend translated novels and stories that i like
8 197

