《Best Friend Mean What?? (Completed)》BFMW - 17

Advertisement

အပိုင်း (၁၇) - ဝင်မပါသင့်တဲ့ ကြားသုံးကြား

တကယ်ဆို ရှေ့ဆက်မတိုးသင့်သေးတဲ့အခြေ‌အနေမှန်း Yu သိပါသည်။ ခနလောက်စောင့်နေသင့်သေးတယ်ဆိုတာလဲ မသိတာမဟုတ်။ လက်ထပ်ရမယ့် မိန်းကလေးဆိုတဲ့ အကြောင်းအရာကလည်း ခေါင်းထဲကထွက်မသွားသေးပါ။

ဒါပေမယ့်...ဒါပေမယ့်လည်း ဒါကအခွင့်အရေးတစ်ခုမဟုတ်လား... ဒီအခွင့်အရေးကို သူဘယ်လိုမျက်နှာလွှဲနိုင်မလဲ... ဒီအခြေအနေကို လက်ခံပြီး သူရှေ့ဆက် ကြိုးစားလို့ရတယ်မလား ... Lin Zi Hong က သူမှသူပဲဖြစ်တဲ့အထိ။

အတန်ကြာငြိမ်သွားသော သူ့ကို Lin Zi Hong ကဘာမှမပြော တစ်ချက်တစ်ချက်စောင်းငဲ့ကြည့်တာမှအပ ဘာမှမလှုပ်။

Lin Zi Hong ရဲ့လက်ကို တံတောင်ဆစ်နဲ့အသာတွန်းလိုက်တော့ ငဲ့ကြည့်လာသည်။ မျက်လုံးကို ဖျတ်ခနဲကြည့်ပြီး

"OK"

"ဟမ် ဘာကြီး"

တကယ်တော့ ကြားရသားပင်။ Yang Yu Teng က အသံသိပ်မထွက်‌သော်လည်း သူကတော့ အမူအရာတွေ မျက်လုံးတွေနဲ့တင် နားလည်ပြီးသားပင်။ ဒါပေမယ့်လည်း ဒီအနှီကောင်လေးဟာ ဘယ်လောက်တောင် ချေမိုးလည်းကြည့် ... သူပဲ သဘောကျတယ်လို့ အရင်ပြောပြီး အခုကျ ဒီ Lin Zi Hong ကပဲ တောင်းဆိုလို့ အဖြေပြန်ပေးလိုက်ရသလိုလို။

ဒါပေမယ့်လည်း ဒီလိုဆိုပေမယ့်လည်း ဒီလိုမျက်နှာထားနဲ့ Ok လို့ပြန်ပြောတဲ့ပုံကိုက အတော်အသည်းယားစရာကောင်းနေပြီ။ သူက ဘယ်လိုမျက်နှာလွှဲမလဲ။

"မင်း ပြောတာကိုလေ OK လို့"

"ငါ ဘာပြောတာကိုလဲ"

"မင်း!!!"

"ဟားး စတာပါကွာ အိုကေဗျာ ဒါဆို အခု စကားမပြောပဲတော့ မနေဘူးမလားဗျ ကိုယ်နဲ့တွဲနေတဲ့ ကိုယ့်ကောင်လေးကို စကားမပြောပဲ ပစ်ထားတာ ဘယ်သူရှိဖူးလို့လဲ ဟုတ်တယ်မလား"

"အေး"

ရုတ်တရတ်ကြီး တိတ်ဆိတ်သွားတဲ့ Yang Yu Teng ကိုကြည့်ရင်း သူသိလိုက်ပြီ။ ဒီကောင်လေး နေရခက်နေပြီဆိုတာ။ သူနေရခက်ရင် စကားနည်းကာ မျက်စိရှေ့ကပစ္စည်းတွေကို ဟိုဘက်ပို့လိုက် ဒီဘက်ပို့လိုက်လုပ်တတ်တဲ့ အမူအကျင့်ကို သူကသိနေနှင့်ပြီးသားပင်။

အခုလည်း 'အင်း' ဟု တစ်လုံးထဲဆိုကာ စာအုပ်တွေကို ဖွင့်ကာ ဟိုလှန်ဒီလှန်လုပ်လိုက် ဘောပင်ကို ဖိနှိပ်ကာ တဒေါက်ဒေါက်လုပ်လိုက်နှင့် ကို့ရို့ကားယားဖြစ်နေသည်။

"ပြီးရင် နောက်တစ်တန်းတက်ဦးမှာလား"

တဒေါက်ဒေါက်လုပ်နေတဲ့ ဘောပင်ကိုဆွဲယူကာ စာအုပ်ပေါ်မှာ ချရေးကာမေးလိုက်တော့

ဘောပင်ကိုပြန်ဆွဲယူကာ

"တက်မှာပေါ့ မတက်စရာအကြောင်းအရင်းရှိလို့လား"

"ကျောင်းပြေးရအောင်"

"မပြေးဘူး"

"ပြေးပါ"

"တစ်ယောက်ထဲပြေး"

"မင်းပြောတော့ တွဲနေကြတဲ့ဆက်ဆံရေးဖြစ်ပြီဆို"

"ငြိမ်ငြိမ်နေတော့ ငါ စာကိုအာရုံစိုက်ရဘူး"

အနောက်အတန်းကကောင်မလေးကတော့ မျက်စိဆံပင်မွှေးစူးနေပြီ။ ဒီနှစ်ယောက်က စထိုင်လိုက်ထဲက သူမအာရုံကိုယူသွားကာ လိုက်ကြည့်နေမိသည်။ အခုလည်း ဘောပင်တစ်ချောင်းထဲရှိသလိုပင် တစ်ယောက်လက်ထဲက တစ်ယောက်လုယူပြီး အပြိုင်အဆိုင်ရေးနေကြတာ တကယ့်ကိုသာမန်မဟုတ်။ ဒါ အီစီကလီစီလုပ်နေကြတာမလား။အထက်တန်းကျောင်းမှာတောင် ဒီလိုမျိုးလုပ်ကြရဲ့လား။

နေ့လယ်ခင်းရဲ့ပထမတစ်ချိန်ပြီးလို့ ခန Break ချိန် Richard က သူ့အနားကိုရောက်လာကာ ဒီကောင် နှောက်ယှက်ပြန်ပြီလားဟု တီးတိုးမေးတော့ သူဘာဖြေရမှန်းမသိ။ ခေါင်းအသာအယာ ခါယမ်းပြကာ ဘာ်သူနဲ့မှ မျက်လုံးချင်းမဆုံလို...

Richard တစ်ယောက်ရုတ်တရတ်ကြီး ပြောင်းလဲသွားတဲ့အခြေအနေကို လိုက်မမီ။ ခုနကအထိ မာန်ဖီနေတဲ့‌ ခွေး‌ဖြစ်‌နေသေးတာမလား။ ခုမှ နေမကောင်းတဲ့ ပါပီပေါက်လေးလို Yang Yu Teng ကိုကြည့်ပြီး သူကြောင်သွားသာည်။

"မင်း ဘာဖြစ်နေတာလဲ မင်းကို ဟိုကောင်ကဘာပြောလို့‌လဲ"

"ဘာမှမပြောပါဘူး"

ထိုအချိန်မှာပဲ Lin Zi Hong က အသံကျယ်ကျယ်ဖြင့်ထပြောသည်။

"Yu Teng သွားမယ်"

"ဘာလဲ ဘယ်ကိုသွားမှာလဲ"

"မင်းနဲ့မဆိုင်ပါဘူး ငါတို့ဘာသာ ဘယ်သွားသွား"

"အောင်မာ ဟေ့ကောင် ဘာလို့မဆိုင်ရမှာလဲ

မဆိုင်တာက မင်းနဲ့ပဲ မဆိုင်တာ ဝေးဝေးသွား"

"ဟုတ်လား Yang Yu Teng ငါက မင်းနဲ့ဘာမှမဆိုင်ဘူးလား"

ရုတ်တရတ်ထူပူကာ ဘာလုပ်ရမှန်းမသိ။ စိတ်ညစ်လိုက်တာ သူ ဒီအခြေအနေကြီးကဘယ်လိုလွတ်အောင်လုပ်ရမလဲ။ ၃ယောက်လုံးက သူ့ကိုကြည့်နေတာမို့ သူက ကို့ရို့ကားယားဖြစ်နေမှာ အသေအချာပင်။

Lin Zi Hong!! အလိုက်ကမ်းဆိုးမသိတဲ့ကောင်!!! သူ ဒီလိုလုပ်တော့ ဘယ်သူပဲ ဒုက္ခရောက်မလဲ သူမသိဘူးလား။

နောက်ဆုံးတော့ ဒီနည်းလမ်းကလွဲပြီးမရှိတော့....

"ငါ နေမကောင်းလို့ အိမ်ပြန်တော့မယ်"

အိမ်ပြန်မယ်လည်းဆို‌သေး လွတ်အိတ်တွေ စာအုပ်တွေက ဒီအတိုင်းကျန်ခဲ့တာမို့ Richard မှာ ပါးစပ်အဟောင်းသား။ မနေနိုင်စွာ ပါးစပ်ကထုတ်ကာ မေးမိသည်။

" သူဘာဖြစ်နေတာလဲ နေ‌မကောင်းတာလား"

"မင်းစာကိုပဲမင်းကြိုးစား ငါလိုက်သွားလိုက်မယ်"

"မင်းနဲ့ ဘာဆိုင်လဲ လိုက်မယ့်လိုက် ငါပဲလိုက်မယ်"

Evan မှာ မနေသာတော့။ နေရာတကာ ကွက်ကျော်မြင်တတ်လွန်းတဲ့ သူ့ကောင်လေးက ဘယ်လို တုံးအသွားတာလဲ။ အောင်နိုင်သူလိုပြုံးနေတဲ့ Lin Zi Hong ရယ် နေရခက်နေတဲ့ Yang Yu Teng ရယ်ကို မြင်လိုက်တာနဲ့ သူကတော့ အခြေအနေကို ရိပ်ဖမ်းမိပြီးသားပင်။ 'ဪ သူတို့ရဲ့မိန်းမတွေဟာ တုံးတဲ့နေရာမှာလည်း နှစ်ယောက်မရှိပါလား' လို့တွေးမိပြီး ရယ်ချင်သွားသည်။

"အသာနေပါကွာ သူတို့အချင်းချင်း ဖြေရှင်းပါလိမ့်မယ်။ မင်းလည်း သွားတော့လေ နောက်တစ်ချိန်ဆရာမ ဝင်လာမှ ထွက်မရဖြစ်မယ်"

လွတ်အိတ် ၂ အိတ်ကိုဆွဲကာ မချိုမချဉ်အပြုံးနဲ့ Lin Zi Hong က နောက်ဆုံးအထိ Richard ကို ဆွသွားသေးသည်။

"အိုကေ ငါသွားပြီ... Richard ညီလေး မင်းအကိုကြီး သွားလိုက်ဦးမယ်နော်"

"-ီးကို အကိုကြီး "

"စိတ်လျော့ပါကွာ"

"မင်း ယောက်ဖဘက်ကပဲ လိုက်ပြောမနေနဲ့ Yu တစ်ခုခုဖြစ်လို့က မင်းကိုပါ အလွတ်ပေးမယ်မထင်နဲ့"

သူ့ကိုကျိန်းမောင်းပြီး ခုံမှာဝင်ထိုင်လိုက်တဲ့ ကောင်လေးကို ကြည့်ပြီး ဘာမှပြန်မပြောမနေတော့။ သူမပြောလည်း နောက် သိရမှာပဲမလား။ အဲ့အခါကျ သူ့ကောင်လေးသွေးမတက်စေဖို့ သွေးကျဆေးတော့ သူအဆင်သင့်ဆောင်ထားဖို့ လိုလိမ့်မည်။

ဒါကြောင့် ' ကြားသုံးကြား မဝင်ကောင်း ' ဆိုတဲ့ ဆိုရိုးစကားရှိခဲ့တာကိုး....

~tbc

Yours' Mina 🌟

ကြည်ကြည်နူးနူးရသလေးကိုပေးချင်ပေမယ့် မရသွားဘူးဆိုရင် ကျွန်တော့်

လိုအပ်ချက်ပါ ပိုကြိုးစားပါ့မယ် 💙

    people are reading<Best Friend Mean What?? (Completed)>
      Close message
      Advertisement
      You may like
      You can access <East Tale> through any of the following apps you have installed
      5800Coins for Signup,580 Coins daily.
      Update the hottest novels in time! Subscribe to push to read! Accurate recommendation from massive library!
      2 Then Click【Add To Home Screen】
      1Click