《Best Friend Mean What?? (Completed)》BFMW - 17
Advertisement
အပိုင်း (၁၇) - ဝင်မပါသင့်တဲ့ ကြားသုံးကြား
တကယ်ဆို ရှေ့ဆက်မတိုးသင့်သေးတဲ့အခြေအနေမှန်း Yu သိပါသည်။ ခနလောက်စောင့်နေသင့်သေးတယ်ဆိုတာလဲ မသိတာမဟုတ်။ လက်ထပ်ရမယ့် မိန်းကလေးဆိုတဲ့ အကြောင်းအရာကလည်း ခေါင်းထဲကထွက်မသွားသေးပါ။
ဒါပေမယ့်...ဒါပေမယ့်လည်း ဒါကအခွင့်အရေးတစ်ခုမဟုတ်လား... ဒီအခွင့်အရေးကို သူဘယ်လိုမျက်နှာလွှဲနိုင်မလဲ... ဒီအခြေအနေကို လက်ခံပြီး သူရှေ့ဆက် ကြိုးစားလို့ရတယ်မလား ... Lin Zi Hong က သူမှသူပဲဖြစ်တဲ့အထိ။
အတန်ကြာငြိမ်သွားသော သူ့ကို Lin Zi Hong ကဘာမှမပြော တစ်ချက်တစ်ချက်စောင်းငဲ့ကြည့်တာမှအပ ဘာမှမလှုပ်။
Lin Zi Hong ရဲ့လက်ကို တံတောင်ဆစ်နဲ့အသာတွန်းလိုက်တော့ ငဲ့ကြည့်လာသည်။ မျက်လုံးကို ဖျတ်ခနဲကြည့်ပြီး
"OK"
"ဟမ် ဘာကြီး"
တကယ်တော့ ကြားရသားပင်။ Yang Yu Teng က အသံသိပ်မထွက်သော်လည်း သူကတော့ အမူအရာတွေ မျက်လုံးတွေနဲ့တင် နားလည်ပြီးသားပင်။ ဒါပေမယ့်လည်း ဒီအနှီကောင်လေးဟာ ဘယ်လောက်တောင် ချေမိုးလည်းကြည့် ... သူပဲ သဘောကျတယ်လို့ အရင်ပြောပြီး အခုကျ ဒီ Lin Zi Hong ကပဲ တောင်းဆိုလို့ အဖြေပြန်ပေးလိုက်ရသလိုလို။
ဒါပေမယ့်လည်း ဒီလိုဆိုပေမယ့်လည်း ဒီလိုမျက်နှာထားနဲ့ Ok လို့ပြန်ပြောတဲ့ပုံကိုက အတော်အသည်းယားစရာကောင်းနေပြီ။ သူက ဘယ်လိုမျက်နှာလွှဲမလဲ။
"မင်း ပြောတာကိုလေ OK လို့"
"ငါ ဘာပြောတာကိုလဲ"
"မင်း!!!"
"ဟားး စတာပါကွာ အိုကေဗျာ ဒါဆို အခု စကားမပြောပဲတော့ မနေဘူးမလားဗျ ကိုယ်နဲ့တွဲနေတဲ့ ကိုယ့်ကောင်လေးကို စကားမပြောပဲ ပစ်ထားတာ ဘယ်သူရှိဖူးလို့လဲ ဟုတ်တယ်မလား"
"အေး"
ရုတ်တရတ်ကြီး တိတ်ဆိတ်သွားတဲ့ Yang Yu Teng ကိုကြည့်ရင်း သူသိလိုက်ပြီ။ ဒီကောင်လေး နေရခက်နေပြီဆိုတာ။ သူနေရခက်ရင် စကားနည်းကာ မျက်စိရှေ့ကပစ္စည်းတွေကို ဟိုဘက်ပို့လိုက် ဒီဘက်ပို့လိုက်လုပ်တတ်တဲ့ အမူအကျင့်ကို သူကသိနေနှင့်ပြီးသားပင်။
အခုလည်း 'အင်း' ဟု တစ်လုံးထဲဆိုကာ စာအုပ်တွေကို ဖွင့်ကာ ဟိုလှန်ဒီလှန်လုပ်လိုက် ဘောပင်ကို ဖိနှိပ်ကာ တဒေါက်ဒေါက်လုပ်လိုက်နှင့် ကို့ရို့ကားယားဖြစ်နေသည်။
"ပြီးရင် နောက်တစ်တန်းတက်ဦးမှာလား"
တဒေါက်ဒေါက်လုပ်နေတဲ့ ဘောပင်ကိုဆွဲယူကာ စာအုပ်ပေါ်မှာ ချရေးကာမေးလိုက်တော့
ဘောပင်ကိုပြန်ဆွဲယူကာ
"တက်မှာပေါ့ မတက်စရာအကြောင်းအရင်းရှိလို့လား"
"ကျောင်းပြေးရအောင်"
"မပြေးဘူး"
"ပြေးပါ"
"တစ်ယောက်ထဲပြေး"
"မင်းပြောတော့ တွဲနေကြတဲ့ဆက်ဆံရေးဖြစ်ပြီဆို"
"ငြိမ်ငြိမ်နေတော့ ငါ စာကိုအာရုံစိုက်ရဘူး"
အနောက်အတန်းကကောင်မလေးကတော့ မျက်စိဆံပင်မွှေးစူးနေပြီ။ ဒီနှစ်ယောက်က စထိုင်လိုက်ထဲက သူမအာရုံကိုယူသွားကာ လိုက်ကြည့်နေမိသည်။ အခုလည်း ဘောပင်တစ်ချောင်းထဲရှိသလိုပင် တစ်ယောက်လက်ထဲက တစ်ယောက်လုယူပြီး အပြိုင်အဆိုင်ရေးနေကြတာ တကယ့်ကိုသာမန်မဟုတ်။ ဒါ အီစီကလီစီလုပ်နေကြတာမလား။အထက်တန်းကျောင်းမှာတောင် ဒီလိုမျိုးလုပ်ကြရဲ့လား။
နေ့လယ်ခင်းရဲ့ပထမတစ်ချိန်ပြီးလို့ ခန Break ချိန် Richard က သူ့အနားကိုရောက်လာကာ ဒီကောင် နှောက်ယှက်ပြန်ပြီလားဟု တီးတိုးမေးတော့ သူဘာဖြေရမှန်းမသိ။ ခေါင်းအသာအယာ ခါယမ်းပြကာ ဘာ်သူနဲ့မှ မျက်လုံးချင်းမဆုံလို...
Richard တစ်ယောက်ရုတ်တရတ်ကြီး ပြောင်းလဲသွားတဲ့အခြေအနေကို လိုက်မမီ။ ခုနကအထိ မာန်ဖီနေတဲ့ ခွေးဖြစ်နေသေးတာမလား။ ခုမှ နေမကောင်းတဲ့ ပါပီပေါက်လေးလို Yang Yu Teng ကိုကြည့်ပြီး သူကြောင်သွားသာည်။
"မင်း ဘာဖြစ်နေတာလဲ မင်းကို ဟိုကောင်ကဘာပြောလို့လဲ"
"ဘာမှမပြောပါဘူး"
ထိုအချိန်မှာပဲ Lin Zi Hong က အသံကျယ်ကျယ်ဖြင့်ထပြောသည်။
"Yu Teng သွားမယ်"
"ဘာလဲ ဘယ်ကိုသွားမှာလဲ"
"မင်းနဲ့မဆိုင်ပါဘူး ငါတို့ဘာသာ ဘယ်သွားသွား"
"အောင်မာ ဟေ့ကောင် ဘာလို့မဆိုင်ရမှာလဲ
မဆိုင်တာက မင်းနဲ့ပဲ မဆိုင်တာ ဝေးဝေးသွား"
"ဟုတ်လား Yang Yu Teng ငါက မင်းနဲ့ဘာမှမဆိုင်ဘူးလား"
ရုတ်တရတ်ထူပူကာ ဘာလုပ်ရမှန်းမသိ။ စိတ်ညစ်လိုက်တာ သူ ဒီအခြေအနေကြီးကဘယ်လိုလွတ်အောင်လုပ်ရမလဲ။ ၃ယောက်လုံးက သူ့ကိုကြည့်နေတာမို့ သူက ကို့ရို့ကားယားဖြစ်နေမှာ အသေအချာပင်။
Lin Zi Hong!! အလိုက်ကမ်းဆိုးမသိတဲ့ကောင်!!! သူ ဒီလိုလုပ်တော့ ဘယ်သူပဲ ဒုက္ခရောက်မလဲ သူမသိဘူးလား။
နောက်ဆုံးတော့ ဒီနည်းလမ်းကလွဲပြီးမရှိတော့....
"ငါ နေမကောင်းလို့ အိမ်ပြန်တော့မယ်"
အိမ်ပြန်မယ်လည်းဆိုသေး လွတ်အိတ်တွေ စာအုပ်တွေက ဒီအတိုင်းကျန်ခဲ့တာမို့ Richard မှာ ပါးစပ်အဟောင်းသား။ မနေနိုင်စွာ ပါးစပ်ကထုတ်ကာ မေးမိသည်။
" သူဘာဖြစ်နေတာလဲ နေမကောင်းတာလား"
"မင်းစာကိုပဲမင်းကြိုးစား ငါလိုက်သွားလိုက်မယ်"
"မင်းနဲ့ ဘာဆိုင်လဲ လိုက်မယ့်လိုက် ငါပဲလိုက်မယ်"
Evan မှာ မနေသာတော့။ နေရာတကာ ကွက်ကျော်မြင်တတ်လွန်းတဲ့ သူ့ကောင်လေးက ဘယ်လို တုံးအသွားတာလဲ။ အောင်နိုင်သူလိုပြုံးနေတဲ့ Lin Zi Hong ရယ် နေရခက်နေတဲ့ Yang Yu Teng ရယ်ကို မြင်လိုက်တာနဲ့ သူကတော့ အခြေအနေကို ရိပ်ဖမ်းမိပြီးသားပင်။ 'ဪ သူတို့ရဲ့မိန်းမတွေဟာ တုံးတဲ့နေရာမှာလည်း နှစ်ယောက်မရှိပါလား' လို့တွေးမိပြီး ရယ်ချင်သွားသည်။
"အသာနေပါကွာ သူတို့အချင်းချင်း ဖြေရှင်းပါလိမ့်မယ်။ မင်းလည်း သွားတော့လေ နောက်တစ်ချိန်ဆရာမ ဝင်လာမှ ထွက်မရဖြစ်မယ်"
လွတ်အိတ် ၂ အိတ်ကိုဆွဲကာ မချိုမချဉ်အပြုံးနဲ့ Lin Zi Hong က နောက်ဆုံးအထိ Richard ကို ဆွသွားသေးသည်။
"အိုကေ ငါသွားပြီ... Richard ညီလေး မင်းအကိုကြီး သွားလိုက်ဦးမယ်နော်"
"-ီးကို အကိုကြီး "
"စိတ်လျော့ပါကွာ"
"မင်း ယောက်ဖဘက်ကပဲ လိုက်ပြောမနေနဲ့ Yu တစ်ခုခုဖြစ်လို့က မင်းကိုပါ အလွတ်ပေးမယ်မထင်နဲ့"
သူ့ကိုကျိန်းမောင်းပြီး ခုံမှာဝင်ထိုင်လိုက်တဲ့ ကောင်လေးကို ကြည့်ပြီး ဘာမှပြန်မပြောမနေတော့။ သူမပြောလည်း နောက် သိရမှာပဲမလား။ အဲ့အခါကျ သူ့ကောင်လေးသွေးမတက်စေဖို့ သွေးကျဆေးတော့ သူအဆင်သင့်ဆောင်ထားဖို့ လိုလိမ့်မည်။
ဒါကြောင့် ' ကြားသုံးကြား မဝင်ကောင်း ' ဆိုတဲ့ ဆိုရိုးစကားရှိခဲ့တာကိုး....
~tbc
Yours' Mina 🌟
ကြည်ကြည်နူးနူးရသလေးကိုပေးချင်ပေမယ့် မရသွားဘူးဆိုရင် ကျွန်တော့်
လိုအပ်ချက်ပါ ပိုကြိုးစားပါ့မယ် 💙
Advertisement
- In Serial191 Chapters
Mission XX: Seducing The Great Seducer
She wants to seduce him and he wants to seduce her, who will win the war of seduction?
8 928 - In Serial81 Chapters
Hot Chocolate
Two best friends are realising that they aren't kids anymore, and they have desires that need to be fulfilled. So who better to experiment with than your best friend?======================================="You're worried he's going to make a move?""No- well, yeah.""Because you still haven't had your first yet?" She froze and slowly looked up at me, I must have been right. "What are you saying?""What do I do?" She giggled sheepishly."Are you insinuating that you want to kiss me, Camila?""Look just forget about it I meant-""Well first of all, you don't ramble on like that.""Leave me alone, ok? I'm worried and you're not helping at all-" I cut her off by grabbing her neck and pulling her closer to me. "You're thinking about it too much." I whispered onto her lips. I know this is just a friend helping a friend but her bashful and innocent state was really turning me on, as was the thought of taking that from her. "Just breathe, don't think about it, close your eyes."Completed story July 12, 2022
8 200 - In Serial7 Chapters
The pregnant Initiate
Four and Tris were dating when he left for dauntless after he got into dauntless for good he came and visited Tris and they had sex and she got pregnant 2 years later with her baby she transferred to Dauntless. (She was only a year younger than four but they let her have her baby before she decided what fraction she goes into.) (She practiced fighting before dauntless)Warning ⚠️ I wrote this a while ago meaning like 6th grade so the grammar and the flow is dreadful ⚠️
8 83 - In Serial69 Chapters
Undercover Gangleader
You know the normal cliche of the nerd secretly being a street fighter and the bad boy just so happens to find out? Well this is like that.... But nothing like that at all. Meet Xavier, he's your average bad boy who so happens to be the leader of a feared gang. But what happens when strange things begin to happen and he has to go undercover and go back to high school? But not as his role of the bad boy. He has to be the school nerd. Meet Asher, she's your average nerd.... Not. At school, she's pushed around, bullied, and made fun of because of her grades. To some people she's just an ordinary nerd who will most likely go far in life. What they don't know is that her father was one of the worlds best street fighters and that she's following behind his footsteps. Conflicts are resolved, secrets are told, and friendships are broken. But through all of that. Can the two find love? Warning: unedited. Many mistakes within this book but I'm very slowly going through and editing chapters.Also, this book contains major character growth. These characters mature a lot from the first to second book so if you don't like them at first, you most likely will in the second book.
8 152 - In Serial132 Chapters
Completed - I'll Seduce the Male Lead for My Brother
Description:She possessed into an obsessive tragedy novel that had neither any hopes nor dreams.More precisely, after having an unrequited love with the female lead who had a contract marriage with the male lead, and ended in his death. She possessed Raphine, the youngest little sister of the second male lead!To think it was such a miserable ending for my favorite character and kind eldest brother. No way, never!In order to prevent the female lead's contract marriage, Raphine decided to brainwash the Imperial Crown Prince Zerkan, the male protagonist of the novel. So that when he needs a contract marriage, he'll remember her!"Older Brother Zerkan! Will you marry me?""If you're thankful, you have to marry me next time.""You need a political marriage, you know. At that time, have a contract marriage with me..."And when the brainwashing finally succeeded, Raphine cheered inside."Yeah. For sure, I'll marry you."With a look in his eyes which she couldn't even imagine at all.* * *Yeah, she really didn't know at that time things would become like this."You said you wanted to marry me, and it wasn't long ago when you pestered me at all times...."".......""Now that I've come, are you running away?"
8 279 - In Serial57 Chapters
Hidden Riches
Hannah Sky was a average 22-year-old woman with a content life until the day she came home to find her boyfriend, Peyton of 3 years on top of her best friend Julia. That same day, Peyton kicked Hannah out of their home, Julia had now claimed her place.Logan Python was the long-lost son of Reginald and Anne Python; the richest couple in the country. He was sent away as a child due to his abusive father. Logan hated his parents for sending him away to be with his Uncle when he was a child. Even though Logan loathed his parents, he knew he would have to take over his father's company one day. He was awaiting the day they would approach him once again. Logan never thought he'd find a drunk, broken girl in a nearby bar the night he missed the winning for his basketball team. The moment Logan saw Hannah, he was instantly infatuated with this crying beauty. He wanted to save her. He wanted to save his "Bunny".Little did he know, that stubborn girl was heartbroken and was not willing to fall for a ex-player like him. She had her heart broken once and didn't want it to be broken again.Cover by @Infectious_MortalsWarning: This story contains mature language and mature themes. Read at your own risk.
8 123

