《Best Friend Mean What?? (Completed)》BFMW - 16
Advertisement
အပိုင်း (၁၆) - Friend Zone ရဲ့ အပြင်ဘက်သို့ ပထမခြေလှမ်း
အရသာခံစားတယ်သာပြောတာ Lin Zi Hong အကြောင်းတွေးကာ စားနေတာမို့ ဘယ်လိုပါးစပ်ထဲရောက်ပြီး ဘယ်လိုဗိုက်ထဲရောက်သွားမှန်းတောင် သူ မသိလိုက်ပါ။ စားပြီးပြီဆိုတော့ ဝိုင်လေးမှာရင်းကောင်းမလားစဉ်းစားမိပေမယ့် နေ့လည် အတန်းရှိသေးတာမို့ အသီးဖျော်ရည်တစ်ခွက်နဲ့သာ တင်းတိမ်လိုက်လိုက်ရသည်။
သူလာစားသည့် စားသောက်ဆိုင်သည် Hotel ရဲ့ ၁၆ထပ်မြောက်မှာရှိတာမို့ ဓာတ်လှေကားဖြင့်ဆင်းဖို့လုပ်တဲ့အချိန်မှာ မတွေ့ကောင်းတဲ့လူတစ်ယောက်နဲ့ တည့်တည့်တိုးတော့သည်။
"ဟာ Yu ဘယ်လာတာလဲ"
သူနဲ့ပဝေသဏီထဲကရင်းနှီးခဲ့တဲ့အတိုင်း ခေါ်ဝေါ်နှုတ်ဆက်လာသူအား မသိချင်ယောင် မကြားချင်ယောင်သာ ဆောင်ကာ ဓာတ်လှေကားထဲဝင်လိုက်သည်။ ဒါကိုတောင် ဒီလူက အထဲထဲထိ လိုက်ဝင်ကာ အမှတ်မရှိ ထပ်ပြောသည်။
"ကိုယ် Yu ကို ဒီမှာတစ်ခါမှမတွေ့ဖူးပါဘူး"
"..."
"ဒီနေ့ ကျောင်းမသွားဘူးလား"
ဓာတ်လှေကားထဲမှာတခြားသူတွေပါရှိသည်မို့ သူမနေသာတော့။
"နေ့လယ်စာ လာစားတာ"
"မဟုတ်မှလွဲရော Paradise ကိုလား"
ခေါင်းတစ်ချက်သာ ညိမ့်ပြလိုက်တော့
"အာ အဲ့ဒါ ကိုယ့်ဆိုင်လေ လာမယ်မှန်းသိရင် ကိုယ်ထွက်စောင့်နေပါတယ်"
နေပါဦး ဒီလူဘာတွေလာပြောနေတာလဲ။
ဓာတ်လှေကားပွင့်ပြီး မြေညီထပ်ကိုရောက်ပြီမို့ သူဘာမှပြန်ပြောမနေတော့။ ကားဆီကိုသာ တန်းတန်းမတ်မတ်လျှောက်သွားတော့သည်။
" Yu ကားပါတာလား အတော်ပဲကွာ တစ်ခုလောက် ကူညီပါလား"
ဘာလာရှုပ်ဦးမလို့လဲ ဟူသော မျက်နှာပေးဖြင့် မျက်မှောင်ကျုံ့ကာ ကြည့်လိုက်သည်။
"ကိုယ် ကားပါမလာလို့ လမ်းကြုံခေါ်သွားပေးပါလား"
"ကားပါမလာတာ ခင်ဗျားဘာလို့ ကားပါကင်ထိရောက်လာတာလဲ"
"စကားကောင်းနေတာနဲ့ သတိမထားမိတာကွာ လုပ်ပါ တင်ခေါ်သွားပေးပါ အပန်းကြီးတာမှမဟုတ်တာ နော်"
သူ အပြိုင်အဆိုင် ငြင်းမနေချင်တော့
"တက်"
"ကျောင်းကိုပြန်သွားမှာမလား အတော်ပဲ ကျောင်းထိခေါ်သွားပေးနော်"
"ခင်ဗျားက ဘာကိစ္စကျောင်းအထိလိုက်မှာလဲ ခင်ဗျားသွားမှာ ကျောင်းလို့တော့မပြောနဲ့"
"ဟုတ်ပါတယ်ကွာ ကိုယ့်ညီမလေးဆီသွားမလို့ လုပ်ပါကွာ"
တစ်လမ်းလုံးလည်း သူ့ဘက်က အဖတ်မလုပ်တာတောင် မိချောင်းသားက စကားအတော်များသည်။ အဲ့များတဲ့ ပါးစပ်ကိုဖြဲပြီး ငရုတ်သီးတောင့်တွေချည်း ထည့်ပေးလိုက်ချင်သည်။
"ကျေးဇူးပါကွာ ဒါနဲ့ Shu Fen ကိုသိလား"
"မသိဘူး ကိုယ့်လမ်းကိုယ်သွားတော့"
"ကိုယ့်ညီမလေးလေ သူကတော့ Yu ကို သိတယ်ဆိုလို့"
"မသိဘူး"
"Yang Yu Teng"
သူ့ဆီကိုလာနေတဲ့ Lin Zi Hong .... မျက်လုံးတွေက နည်းနည်းစူးစူးတောက်တောက်ဖြစ်ကာ မျက်ခုံးတွေက အနည်းငယ်တွန့်နေသည်။ တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းတွေကိုကြည့်ပြီး စိတ်ထဲ မြူးထူးသွားသည်။ ဪ ရေကန်အသင့် ကြာအသင့် ငါတောင်ဘာမှမကြံစည်ရသေးပါလား။
နှစ်ယောက်လုံးကို ဂရုစိုက်မနေပဲ ကိုယ့်လမ်းကိုသာဆက်လျှောက်လာလိုက်သည်။ သူသိတာပေါ့... Lin Zi Hong ဟာ အစစအရာရာ အလိုလိုက် အလျော့ပေးပေမယ့် သူ့ထက်ပိုရင်းနှီးတဲ့သူရှိလာတာတို့ သူ့သူငယ်ချင်းအသစ်ရှိလာရင် မကြိုက်တာတို့ကို နှစ်အကြာကြီးပေါင်းလာတဲ့ သူတွေမို့ သိနေပြီးသားပင်။
အခုလည်း သူ့ဘေးကနေ ကပ်လျှောက်လိုက်လာရင်း
"မင်း ငါခေါ်တာမကြားဘူးလား Yang Yu Teng "
"ကြားသားပဲ မင်းခေါ်တိုင်းထူးနေရမှာလား ပြောစရာရှိတာပြော ပြောပြီးရင် ဒိုး"
ကိုယ့်ဘာသာတော့ ဒီစကားပြောပြီး ကျေနပ်သွားသည်။ အမယ် ငါ့ကိုငြင်းထားတဲ့သူကိုတောင် ချေတဲ့ ငါပါလားပေါ့။ Lin Zi Hong ကတော့ သူ့စကားကြောင့်သွေးတက်သွားပုံပေါက်သည်။ ဘာမှမပြောတော့ပဲ သူ့ကို ကျော်ပြီး အတန်းထဲဝင်သွားသည်။
သူကတော့ နဂိုထဲကစီစဉ်ထားတဲ့အတိုင်း သူနဲ့ဝေးရာမှာပဲ ထိုင်ဖို့ပြင်လိုက်သည်။ ဒီတစ်ခါ သူက ရှေ့နားမှာထိုင်တာဆိုတော့ နောက်ဆုံးကိုသွားမယ်လို့တွေးပြီး နောက်ဆုံးမှာဝင်ထိုင်တော့ သူ့ဘေးနား ဝင်ထိုင်တဲ့သူကြောင့် မော့ကြည့်မိသည်။
"Lin Zi Hong"
"ဘာလဲ ငါထိုင်ချင်တဲ့နေရာထိုင်မယ် မင်းဘာလုပ်ချင်လဲ"
သူဘာမှပြန်ပြောမနေတော့.... Richard တို့ကလည်း ခပ်ဝေးဝေးနေရာမှာမို့ အကူအညီမရတော့ ခပ်တည်တည်နဲ့ စကားလာပြောရင် သတ်မယ်ဆိုတဲ့ မျက်နှာထားနဲ့ထိုင်နေလိုက်သည်။ တကယ်တော့ သူကျေနပ်နေပေမယ့်လည်းပေါ့...
အခုတလော စာသင်ရတာဆင်မပြေပါ အပူတွေနဲ့မို့ အတွေးတွေက ဟိုရောက်ဒီရောက် ... အခုလဲ အတွေးတွေများကာ Lin Zi Hong အနားရှိတာတောင် ခေတ္တမေ့သွားသည်။
"ကျောက်ရုပ်လေး"
မျက်စိရှေ့ကိုရောက်လာတဲ့စာအုပ်တစ်အုပ်...
စာအုပ်နောက်ဆုံးမျက်နှာမှာ ရေးထားတဲ့ လက်ရေးသော့သော့လေး....
မမြင်ချင်ယောင်ဆောင်တာ မျက်စိလွှဲတော့ အရှေ့ကိုထပ်ရောက်လာသည်။ အထက်တန်းကျောင်းသားအကွက်တွေလာဖမ်းနေလည်း Yang Yu Teng တို့ ရင်မခုန်ပါ။
"အိပ်ငိုက်နေတာလား မျက်လုံးကြီးဖွင့်ပြီး"
"စာမျက်နှာက အဲ့ကမတက်ဘူးနော် ဆရာမပြောနေတာ ၄၈ ရောက်သွားပြီ"
"အဖတ်လေးဘာလေးလုပ်လေ"
"ငါက အရူးလား"
စာအုပ်ကို သူ့ရှေ့မှာပဲထားတာ တစ်ကြောင်းပြီးတစ်ကြောင်းရေးနေတာကို လျစ်လျူရှုလို့လည်းမရ။ ဘာရေးတာလဲ လိုက်လိုက်ကြည့်မိသည်။ ကြည့်ပြီးမှ မထုံတတ်တေး မျက်နှာအမြန်လွှဲရသည်။ ဒါကို ဖမ်းမိတဲ့ Lin Zi Hong က
"သူများရေးတာတွေပဲဖတ်နေရတာ ပျော်ရဲ့လား"
"တကယ့် ကျောက်ရုပ်ဖြစ်သွားတာလား"
"ကျောက်ရုပ်က မျက်လုံးတော့ အပေါ်အောက် ရွှေ့တယ်နော်"
သူမနေနိုင်တော့
"မင်း ဘာဖြစ်ချင်နေလဲ ငြိမ်ငြိမ်နေလေ စာသင်နေတယ်"
"ငါ့ကို စိတ်ဆိုးမပြေသေးဘူးလား"
"ငါ ဘာလုပ်ပေးရင် ကျေနပ်မှာလဲ"
စိတ်တိုတိုနဲ့ စာလုံးခပ်ကြီးကြီးနဲ့ ရေးပြလိုက်မိသည်က
"အရူး"
"မင်း အဲ့လောက်ထိဖြစ်နေမယ်ဆိုရင် ငါမင်းနဲ့ တွဲပေးမှ ကျေနပ်မှာဆိုရင်လည်း ..."
ရုတ်တရတ် မြင်ရတဲ့စကားလုံးတွေကြောင့် မျက်စိပါပြာတက်သွားသည်။ ဖျတ်ခနဲလှမ်းကြည့်မိတော့ အရူးလိုမျိုး ရယ်ပြနေသည့် Lin Zi Hong ကြောင့် စိတ်ကတိုရပြန်သည်။
"ငါတို့ တွဲကြည့်ကြမလား"
"မင်း ငါ့ကို ကြိုက်လို့လား"
"သေချာတာပေါ့ မင်းက ငါသဘောကျဆုံး သူငယ်ချင်းပဲဟာ"
"ရူးနေလား? ဘယ်သူငယ်ချင်းကို သဘောကျလို့ဆိုပြီး တွဲတဲ့သူရှိလို့လဲ"
"ဒါပေမယ့် မင်းနဲ့စကားမပြောပဲမှ မနေနိုင်တာ"
ပုံမှန်ဆို ပြောမထွက်နိုင်လောက်တဲ့စကားတွေက ဒီလိုနည်းနဲ့ဖွင့်ဟနေလို့လားမသိ အဆင်ပြေပြေ ထွက်လာသည်ထင်။
ရုတ်တရတ်ကြီးဖြစ်လာတဲ့ ဒီထူးထူးဆန်းဆန်း အခြေအနေကြီးက ဘာကြီးလဲ?
နေပါဦး အခုက ဘယ်လိုအခြေအနေကြီးလဲ?
Lin Zi Hong က ငါ့ကိုFriend Zone ရဲ့အပြင်ဘက်ဆီ ပို့ပြီလား?
~tbc
Yours' Mina 🌟
Advertisement
- In Serial17 Chapters
The Doll and the Cat
Eithne was trapped by the grasp of a winter storm, she was forced to have to wait out the worst of it within a cave but runs out of fuel for her fire. She, in a fit of desperation, tries to find some relief by walking into the white abyss of the snow, but found herself without help and without energy to walk. Losing consciousness, she was taken by someone and saved from death. A tale between her and her slightly eccentric savior.
8 81 - In Serial10 Chapters
Tales Of Lust
An original series of sensual eroticas/erotic poetry 18+
8 142 - In Serial60 Chapters
Let me love you
Thalia Kennedy is a positive ball of sunshine, she likes dirty jokes and smiling whenever. When she meets a man, the complete opposite of her she immediately takes a liking to him and wants to be the one to teach him how to enjoy the little things is life. Heath Jackson was a complicated man in many ways, from his complicated past to his guaranteed complicated future, he was never able to run away from his silent fears he'd face alone. He was closed off and hated the thought of even interacting with people, until someone was heavenly brought in to save him. ---------------------------"I'm thinking" He tells me and I frown. Is itreally that hard to think about something niceabout me?"I like your lips" He finally answers with a slysmirk on his face thinking he did something."Which ones?" I ask before I could stop myselfand bite my lip."Don't you dare answer that" I point my finger at him, the smirk still on his face.-----------------------#3 in cold 7/11/22#1 in sarcasm 8/10/22
8 163 - In Serial40 Chapters
Who am I texting?
[COMPLETE]A story of a girl who had a massive crush on a heartthrob high school rock band leader Kyle Hogan. Her life turn upside down when she received a text from an unknown number who admitted to be her secret admirer. Me: I understand why you're ignoring meMe: I'm going to slide out of this conversationMe: love youMe: okay byeMe: sorry againUnknown number: Was your father a thief?Unknown number: 'Cause someone stole the stars from the sky and put them in your eyes© 2015 Tattoo Heart #1 in humour | [18.06.2018]***[ON EDITING]*****PLEASE BEWARE OF TYPOS AND GRAMMATICAL ERROR**
8 180 - In Serial22 Chapters
Taming Cameron (COMPLETE)
Meet Cameron Crawford:She smokes and considers sex a sport. She doesn't have sex with one man twice, but she engages in sexual activities more than twice a week. Meet Nathaniel Caine:He is Cameron's boss, and is disgusted by her promiscuity, but what can he do? The woman is good at her 'job'. Nathaniel later wants someone to pose as his fiancée for his family reunion and his only option is Cameron.A week can be a long time for a woman like Cameron to go without sex or her cigarette, but will she be tamed by Nathaniel? "NO sex with any of my family members, and if you ruin the plan, you won't get paid." Nate smiled wickedly.Cameron cocked a brow and smiled "What about sex with you?".Find out more in "Taming Cameron Highest rank: #17 in short story!
8 208 - In Serial32 Chapters
Smile For The Camera ~ trixya
Katya knew what she had to do. There was no way she'd let an amateur ruin her movie. If she couldn't get someone else to fix the situation, she'd simply take care of the problem herself. If no one else would remove Trixie from the movie, she'd make the girl quit.Oh, she was gonna make Trixie Mattel's life hell.Highest rank: #2 in trixya
8 105

