Advertisement
_________________________________________
ချင်းချိုး၊ လျို့ဝှက်နယ်ပယ်အတွင်း၌။
အုပ်စုသည်မင်ချီလိုအပ်သည့်ဆေးပင်များကိုရရှိလာကြပြီး သူတို့အားလုံးပျော်ရွှင်နေခဲ့ကြကာ လမ်းတလျှောက်လှည့်ပြန်လာခဲ့ကြ၏။ ဤလျို့ဝှက်နယ်မြေထဲတွင်ရုတ်တရက်ပေါက်ကွဲမှုဖြစ်ပွားပြီး ပြိုကျလာလိမ့်မည်ဟု မည်သူမျှမထင်ထားမိကြပေ။
ရွှယ်ရုန်နှင့်ရွှယ်ထိုင်ကား အစကတည်းကသခင်လေးကိုကာကွယ်ဖို့ရန် ချန်းနဥ်ကပို့လိုက်ခြင်းပင်။ သူတို့ထိုလှုပ်ရှားမှုကိုမြင်လိုက်ရသော် သူတို့ပြိုင်တူနောက်လှည့်ကြည့်လိုက်မိရာ အနောက်တွင်ကျောက်တုံးကျောက်စနှင့်မီးခိုးငွေ့များသာလျှင်ကျန်ရစ်တော့သည်ကိုမြင်လိုက်ကြရပေသည်။ နောက်ဆုံးကလျှောက်နေခဲ့သောရှုလင်ကျားမှာမရှိတော့ပေ။
သူတို့နှစ်ဦးသားထိတ်လန့်သွားကြကာ အခြားသောမြေခွေးလူသားတို့နှင့်အတူ အပြေးအလွှားသွားရောက်စစ်ဆေးမိကြသည်။
ရှုလင်ကျားသည်မြေခွေးမျိုးနွယ်စု၏သခင်လေးဖြစ်ရာ သူကားသာမန်ထက်ထူးခြားပေ၏။ ခုနကအပြုအမူများဟာသူ့ကိုယုံကြည်သွားလောက်စေသည်။ သူတစ်ခုခုဖြစ်သွားကြောင်းသိလိုက်ရသောအခါ မြေခွေးမျိုးနွယ်စုကလူများပင်စိုးရိမ်သွားရုံတင်မက လက်ရှိရှိနေသည့်အခြားလူများမှာလည်း ထိတ်လန့်သွားကြကာ စိုးရိမ်သောကရောက်စွာဖြင့်ပတ်ပတ်လည်၌ရှာဖွေမိကြသည်။
"သခင်လေး! သခင်လေး!"
ရွှယ်ရုန်မှာအလွန်စိတ်ပူနေမိသဖြင့် ငိုချမိလုနီးပါးပင်။
သူသည်လက်နှစ်ဖက်ဖြင့်ကျောက်တုံးအနည်းငယ်ကိုဖယ်လိုက်ရာ အောက်ခြေ၌ကျဥ်းမြောင်းသောအဟလေးကိုမြင်လိုက်ရသည်။
အောက်ဖက်တွင်မှင်ရည်ပမာနက်မှောင်လွန်းလှပြီး မှော်စွမ်းအင်ခပ်ဖျော့ဖျော့ရှိနေပေမဲ့ ထိုနေရာတွင်လူတစ်ယောက်မျှရှိမနေပေ။ ကျောက်တုံးကျောက်ခဲများကနေရာအနှံ့ပျံ့ကြဲနေပေကာ နေရာလွတ်တစ်ခုမျှပင်မရှိ။
ယင်းကားသူ့ကိုရှာဖွေရန်အခက်အခဲဖြစ်စေပေမဲ့ သူ့ဦးခေါင်းထက်၌ကျယ်လောင်သောတချွင်ချွင်မြည်သံအနည်းငယ်ကိုသူကြားလိုက်ရပြီး သူ့ဘေးရှိကျောက်တုံးအများစုမှာဓားများဖြင့်ပစ်ထုတ်ဖယ်ရှားခံလိုက်ရတော့သည်။
ထို့နောက် အစောပိုင်းတုန်းကရှုလင်ကျား၏ကယ်တင်ခြင်းခံခဲ့ရသော လင်ရှောင်းဂိုဏ်းတပည့်မုန့်ခုန်သည် စကားတစ်ခွန်းမဆိုဘဲ ခုန်ဆင်းလာကာ ရွှယ်ရုန်အားကူညီပြီး တစ်စုံတစ်ယောက်ကိုကူရှာပေးလာ၏။
ကျန်းရွေ့မှာအစတုန်းကမျက်နှာထက်တွင်စိတ်ပူသောအကြည့်ရှိနေပေမဲ့ သူနှင့်အတူလာခဲ့သောမုန့်ခုန်ကရှုလင်ကျားအတွက်အရမ်းကိုစိုးရိမ်နေသည်ကိုမြင်လိုက်ရသောအခါ သူ့မျက်နှာထားမှာတစ်အောင့်မျှအေးစက်သွားပေမဲ့ ထို့နောက်ပုံမှန်ပြန်ဖြစ်သွားချေသည်။
ဤလင်ရှောင်းဂိုဏ်းသားများသည်သူနှင့်နှစ်နှစ်နီးပါးအတူရှိလာခဲ့ကြပေမဲ့ သူနှင့်စိတ်တူကိုယ်တူဖြစ်မနေသေးပေရာ ယင်းတို့နှင့်မိတ်ဆွေဖြစ်ဖို့ရာခက်ခဲသွားချေ၏။
"မင်းတို့တွေအရမ်းစိတ်ပူမနေကြပါနဲ့။ မင်သခင်လေးရဲ့အစွမ်းအစနဲ့ဆိုရင် ကျောက်တုံးနဲ့အရိုက်ခံရဖို့မဖြစ်နိုင်ပါဘူးလေ။"
ကျန်းရွေ့ကဆိုသည်။
"သူသေချာပေါက်အဆင်ပြေမှာပါဗျာ။ ဒါပေမဲ့သူအချိန်ခဏလောက်ပြန်လာနိုင်မှာမဟုတ်ဘူးဆိုတော့ အချင်းချင်းကူညီဖေးမကြရအောင်ပါ။ တစ်ယောက်ယောက်ကတော့ရှာတွေ့မှာပေါ့။"
ဤလင်ရှောင်းဂိုဏ်း၏ဉာဏ်ကြီးရှင်ဆိုသည့်တစ်ယောက်က ကြွားဝါပြောဆိုရသည်ကိုနှစ်ခြိုက်သည်ဟု ရွှယ်ထိုင်းခံစားမိပေမဲ့ သူကတော့ဘာပဲဖြစ်ဖြစ်စိတ်အားထက်သန်သောသူဖြစ်ပေရာ သူအရမ်းကိုဂုဏ်ယူမိပြီး ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်၊ ကျန်းတောက်ကျန့်။"
ကျန်းရွေ့အသာပြုံးလိုက်သည်။
ရှုလင်ကျားကကျောက်တုံးကြောင့်ဒဏ်ရာရမည်မဟုတ်ပေမဲ့ အောက်ဖက်ရှိမိစ္ဆာမျက်လုံးဂူကားအစကတည်းကအလွန့်အလွန်အန္တရာယ်များသောနေရာတစ်ခုဖြစ်ကာ ထိုဂူအတွင်း၌အမည်မသိကျွမ်းကျင်သူတစ်ဦးရှိနေကြောင်းကို သူ့နှလုံးသားထဲတွင်သိနေပေသည်။
ခုနတုန်းကသူသည်မတော်တဆခြေလှမ်းတစ်ဝက်လှမ်းလိုက်မိရာ ထိုလူ၏ဖိအားကြောင့်သေလုနီးပါးဖြစ်ခဲ့ရသည်။ ရှုလင်ကျားတစ်ယောက်ကတော့ဖြင့်ထိုကဲ့သို့ကြီးမားသောလှုပ်ရှားမှုမျိုးဖြင့်တိုက်ရိုက်အောက်ကျသွားပေရာ တစ်ဖက်လူမှာသေချာပေါက်စိတ်ပျက်သွားလိမ့်မည်ပင်။
နှစ်ဖက်စလုံးစတင်တိုက်ခိုက်ကြလျှင် အကောင်းဆုံးအကျိုးအမြတ်မှာ ရှုလင်ကျားကထိုပုဂ္ဂိုလ်သတ်တာခံလိုက်ရခြင်းပင်။ ဤမျှော်လင့်ချက်မဖြစ်မြောက်ခဲ့ပင်လျှင် ကျန်းရွေ့မှာဆုံးရှုံးစရာတစ်ခုမျှမရှိ။ ယင်းကားဓားတစ်လက်နှင့်လျို့ဝှက်လူသတ်သမားတစ်ယောက်သာ။
ကျောက်တုံးများမှာတစ်နေရာတွင်စုပုံခံထားရပြီး သူတို့ဟာလျိို့ဝှက်နယ်မြေထဲတွင်ရှိနေသောကြောင့် နောက်ထပ်ပြိုကျမှုဖြစ်ပေါ်လာမည်ကိုကြောက်နေမိကာ လက်ရှိလူတိုင်းမှာတစ်ကိုယ်လုံးကိုစိတ်ဝိညာဥ်စွမ်းအားများဖြင့်လွှမ်းခြုံထားမိပေမဲ့ ယင်းကိုလက်လွတ်စပယ်အသုံးမပြုရဲကြပေ။ တစ်စုံတစ်ယောက်ကိုရှာဖွေနေသည့်လုပ်ငန်းစဥ်ကို ပိုမိုခက်ခဲအောင်လုပ်မိသွားမည်စိုးသောကြောင့်ပင်။
ရွှယ်ရုန်မှာသခင်လေးကိုဆက်ခေါ်နေပေမဲ့ မည်သူကမျှပြန်မဖြေလာသဖြင့် သူငိုချမိတော့မည်။
ထိုစဥ်၊ မြေခွေးမျိုးနွယ်စုကလူနှစ်ယောက်မှာအရှေ့မှအလျင်စလိုတဟုန်ထိုးပြေးလာပြီး အော်လိုက်သည်။
"အားရုန်၊ အားထိုင်း!"
ရွှယ်ထိုင်းခပ်မြန်မြန်ပြောလိုက်သည်။
"မင်းတို့ကဒီမှာပဲ! သခင်လေးတစ်ခုခုဖြစ်သွားတယ်။ အကြီးအကဲရောဒီအကြောင်းသိပြီးပြီလား။ သူဘာလုပ်ဖို့ပြောလဲ။"
မြေခွေးမျိုးနွယ်စုကဆိုသည်။
"အကြီးအကဲကသခင်လေးကိုကိုယ်တိုင်ကိုယ်ကျချက်ချင်းလာရှာလိမ့်မယ်။ မင်းကဧည့်သည်တွေကိုအပြင်အရင်ခေါ်သွားလိုက်ပါ။ ဒီကိစ္စကိုငါတို့နဲ့အပ်ထားခဲ့လိုက်တော့။ မဟုတ်ရင် လူအရမ်းများနေတော့ သခင်လေးကိုရှာရခက်သွားလိမ့်မယ်။"
သူတို့သည်မတိုင်ခင်ကလျို့ဝှက်နယ်မြေကိုလာခဲ့ဖူးကြသော မြေခွေးမျိုးနွယ်စု၏စီနီယာများဖြစ်သည်မို့ ရွှယ်ရုန်နှင့်ရွှယ်ထိုင်းမှာစိတ်ပူမိသော်လည်း သူတို့မှာရွေးချယ်စရာမရှိပါဘဲ နာနာခံခံဖြင့်သွားလိုက်ကြရ၏။
လျို့ဝှက်နယ်မြေအပြင်ဘက်ကိုသူတို့ရောက်ရှိသွားသော် အခြားလူများမှာစောစီးစွာထွက်လာကြပြီး မြေခွေးမျိုးနွယ်စုခေါင်လိုအပ်သောဆေးပင်သုံးပင်ကိုလည်းရှာတွေ့ခဲ့ပြီးဖြစ်ကြောင်းတွေ့ရှိလိုက်ကြရသည်။
ဤလျို့ဝှက်နယ်မြေထဲတွင် ရတနာများစွာရှိလေရာ လူတိုင်းမှာလည်းရစရာရှိတာရလာကြသဖြင့် စိတ်အခြေအနေကောင်းမွန်နေကြသည်။
ယင်းကား ကျန်းရွေ့နှင့်အခြားသူများရောက်လာပြီး မြေခွေးမျိုးနွယ်စုသခင်လေးတစ်ခုခုဖြစ်သွားကြောင်းပြောလာသည်ကိုမကြားရခင်အထိပင်။ လူတိုင်းအံ့အားသင့်မိကြသည်။
အချိန်မသင့်တော်သေးသည်ကိုမြင်လိုက်ရရင်း ချန်းနဥ်ကအချိန်အတော်ကြာထွက်မလာခဲ့ပေ။ မည်သူကမျှရှာမတွေ့ခဲ့ဘဲ စာတစ်စောင်ပင်မပို့နိုင်ခဲ့လျှင် တစ်ခုခုဖြစ်သွားတာဖြစ်ပေလိမ့်မည်။
ဤသားတော်ကကပ်ဘေးအပြီးတွင်မွေးဖွားလာခဲ့သော်လည်း မျိုးနွယ်စုခေါင်မင်ချီကဤတစ်ဦးတည်းသောသားကိုလွန်စွာချစ်မြတ်နိုးပြီး မြေခွေးမျိုးနွယ်စုတစ်စုလုံးဟာလည်း လမင်းကိုဝန်းရံထားကြသောကြယ်ပွင့်များပမာ သူ့ကိုအလိုလိုက်ခဲ့ကြသည်ဟုဆို၏။ မင်ချီ၏ဖခင်မည်သူဖြစ်ကြောင်းတစ်ယောက်မျှမသိပေမဲ့ သူကားအလွန်ထူးခြားဆန်းကြယ်ပြီး မြင့်မြတ်သောပုဂ္ဂိုလ်တစ်ဦးဖြစ်ပုံရသည်။
ထိုအခြင်းအရာကြောင့် မြေခွေးမျိုးနွယ်စုသခင်လေးပျောက်ဆုံးသွားသည်ကလက်ရှိလူတိုင်းနှင့်ဘာမှမဆိုင်ရင်တောင်မှ ဤဘိုးဘေးလေးတစ်ခုခုဖြစ်သွားခဲ့သည်ရှိသော် မြေခွေးမျိုးနွယ်စုကမလွဲမသေပရမ်းပတာဖြစ်လာလိမ့်မည်ဖြစ်ကာ ယင်းကသူတို့အတွက်ကောင်းသောအရာမဟုတ်လှ။
တိတ်တိတ်လေးပျော်ရွှင်နေမိသည်မှာ ကျန်းရွေ့တစ်ယောက်သာလျှင်ဖြစ်လောက်မည်။
ဤအခိုက်လူကြားထဲတွင်ရပ်နေရင်းဖြင့် သူ၏စိတ်လှုပ်ရှားမှုကိုခက်ခဲစွာထိန်းချုပ်နေရသည်။
အရာအားလုံးကချောချောမွေ့မွေ့ဖြစ်သွားလိမ့်မည်ဟု သူမထင်ထားခဲ့မိပေ။
ဖြစ်ကောင်းဖြစ်နိုင်တာက အနာဂတ်တွင် သူသည်ရှုလင်ကျားကိုဘယ်သောအခါမျှမြင်တွေ့စရာမလိုလောက်တော့ပေ၊ တစ်ဖက်လူကသူ့ကိုကျော်တက်ပြီး ကိုယ့်ကိုယ်ကိုဖော်ထုတ်ပြကာ သူ၏အဆင့်အတန်းနှင့်စိတ်ဝိညာဥ်ပါရမီစွမ်းရည်ကိုပြန်ယူသွားမည်ကို သူစိုးရိမ်နေစရာမလိုလောက်တော့ပေ။
တစ်ခဏကြာသော် ချန်နဥ်သည်လျို့ဝှက်နယ်မြေထဲမှတည်ငြိမ်သောမျက်နှာထားဖြင့်ထွက်လာ၏။
လူတိုင်းစိုးရိမ်ပူပန်စွာဖြင့်သူတို့ဆီပြေးသွားမိကြသည်။ တစ်ယောက်ကမေးလာသည်။
"အကြီးအကဲချန်နဥ်၊ မင်သခင်လေးကိုရှာမတွေ့သေးဘူးလား။"
ချန်နဥ်ကခေါင်းခါသည်။
"အရိပ်အယောင်တောင်မရှိဘူး။"
ကျန်းရွေ့ဟာလည်းမျက်မှောင်ကြုတ်မိကာ သူ့ကိုမြင်ချင်နေမိသည်။ လူတစ်ယောက်သေသွားလို့ရှိရင် အလောင်းကျန်ခဲ့ရမည်ဖြစ်ကာ အရိပ်အယောင်တောင်မရှိဘူးဆိုတာကဘာကိုဆိုလိုတာများလဲ။
သူကဆိုသည်။
"လျို့ဝှက်နယ်မြေထဲကနေရာလွတ်ကအကန့်အသတ်ရှိတယ်။ ဘာပဲဖြစ်နေပါစေ လူတစ်ယောက်ပျောက်သွားဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူး။ မပြောပလောက်တဲ့အရာတစ်ခုခုများဖြစ်နေမလား။ အကြီးအကဲယုံကြည်တယ်ဆိုရင် လင်ရှောင်းချီဇုန်ဂိုဏ်းသားတွေကကူညီဖို့ဆန္ဒရှိပါတယ်။ ဒီတော့တစ်ချက်သွားဝင်ကြည့်ကြတာအောင်လေ။"
ကျန်းရွေ့၏စိုးရိမ်နေသောလေသံကား သူဟာရှုလင်ကျား၏တည်နေရာနှင့်ပတ်သတ်၍ မည်သူ့ကိုမျှရှာမတွေ့ဘဲ လမ်းတစ်ဝက်မှာတင်အရှုံးပေးခဲ့သောချန်နဥ်ထက်ပို၍စိတ်ပူနေသည့်နှယ်။ ပတ်ဝန်းကျင်ရှိတခြားဂိုဏ်းမှဂိုဏ်းသားများမှာလည်း သက်ပြင်းခိုးချမိကြကာ သူနှင့်အတူရှာဖွေရန်ဆန္ဒရှိနေကြသည်။
ချန်နဥ်သည်ကျန်းရွေ့အားနက်နဲသောအကြည့်တစ်ချက်ပေးကာ ပြောလိုက်၏။
"ကျန်းသခင်လေး၊ စိတ်မရှည်မဖြစ်ပါနဲ့။ ကျွန်တော်လူတစ်ယောက်မှရှာမတွေ့ခဲ့ပေမယ်လို့ ဒီနေရာမှာသဲလွန်စတချို့ကိုရှာတွေ့ခဲ့ပါတယ်။"
သူပြောလိုက်သည့်စကားမှာအနည်းငယ်ထူးဆန်းပုံပေါ်သည်ဟု ကျန်းရွေ့ခံစားမိလိုက်ပြီး တစ်အောင့်မျှကြောင်အမ်းသွားရကာ ထို့နောက်ချန်နဥ်ပြောလာသည်ကိုကြားလိုက်ရပေသည်။
"လျို့ဝှက်နယ်မြေထဲမှာဂူပြိုကျမှုကမတော်တဆမှုတစ်ခုမဟုတ်ဘူး။ ဒါပေမဲ့ ဒါကိုကြည့်ရတာလူလုပ်ပေါက်ကွဲမှုနဲ့တူတယ်။"
လေထုကားရုတ်ခြည်းတင်းမာသွားတော့၏။
ရှင်းဇုန်၏ဂိုဏ်းသားခေါင်းဆောင်ကမေးလာသည်။
"ချန်နဥ်အကြီးအကဲခင်ဗျ၊ တစ်ယောက်ယောက်ကမင်သခင်လေးကိုတမင်သက်သက်ထိခိုက်အောင်လုပ်လိုက်တယ်လို့ပြောချင်တာလား။"
ချန်နဥ်ကဗြောင်ကျကျဆိုသည်။
"အမှန်ပဲ။"
အဆုံး၌မူ သူကားလျို့ဝှက်နယ်မြေထဲသို့ဝင်သွားခဲ့ရုံသာ။ လူတိုင်းမှာသံယယဝင်နေကြပြီး သံသယအရှိဆုံးကား သဘာဝကျကျပင် ရှုလင်ကျားနှင့်အတူလမ်းလျှောက်သွားခဲ့သည့်လူစုပင်ဖြစ်ချေ၏။
ကျန်းရွေ့၏နှလုံးသားမှာအနည်းငယ်ပြာယာခတ်သွားမိသည်။ ယင်းကားသူ၏အပြစ်ရှိစိတ်ကြောင့်ဟုတ်မဟုတ်မသိပေ။ ချန်နဥ်စကားပြောသည့်အခါ၌ သူ့မျက်လုံးများမှာသူ့ကိုအမြဲကြည့်နေပုံပေါက်သည်။
တစ်ဖက်လူကဘာမှရှာမတွေ့ဘူးဆိုသည်မှာမဖြစ်နိုင်ပေ။ သူလုပ်ခဲ့တုန်းကဘာသဲလွန်စမျှမချန်ရစ်ခဲ့မိသည်မှာ ကျိန်းသေသည်။ သို့ပေမဲ့ လက်ရှိတွင် ရှုလင်ကျားဘယ်မှာရှိနေမှန်းမသိရပေရာ သူ့ဖက်တွင်ပြောင်းလဲမှုဖြစ်သွားမှာစိုးသည်။
ထိုစဥ်၊ လျို့ဝှက်နယ်မြေနှင့်သိပ်မဝေးသောနေရာ၌ဆူညံပွက်လောရိုက်လာကာ ထို့နောက်၌တစ်စုံတစ်ယောက်ကကျယ်လောင်စွာအော်လာသည်။
"အကြီးအကဲ! အကြီးအကဲ! သခင်လေးရဲ့အလောင်းကိုရှာတွေ့ပြီ!"
လူတိုင်းစိုးရိမ်ထိတ်လန့်သွားကြပြီး ချန်နဥ်ပင်လုံးဝမမျှော်လင့်ထားပေရာ အသံပျောက်သွားရသည်။
"ဘာ?"
အညိုရောင်မြေခွေးလေးကခြေလေးချောင်းဖြင့် ယင်ကောင်ပမာပြေးလာပေသည်။ သူကဆိုသည်။
"အကြီးအကဲ၊ ကျွန်တော်တို့တွေသခင်လေးရဲ့အလောင်းကို လျို့ဝှက်နယ်မြေအပြင်ဘက်ကတောင်အနောက်မှာရှာတွေ့ခဲ့တယ်။"
"လင်၊ လင်...သခင်လေး?"
ကိစ္စများကဤသို့ဖြစ်လာမည်ဟုချန်နဥ်လုံးဝမထင်ထားမိရာ သူ့ခြေဖဝါးပျော့ပြောင်းသွားရပြီး အပေါ်ခုန်တက်ကာ အလောင်း၏နံဘေးတွင်ဒူးတစ်ဖက်ထောက်၍စစ်ဆေးလိုက်မိသည်။
သူအလွန်ကြောက်လန့်နေမိသဖြင့် သူ့လက်များတုန်ရီလျက်ရှိကာ ထိုလူကားရှုလင်ကျားမဟုတ်ဘဲ အရင်တုန်းကမြေခွေးမျိုးနွယ်စုသခင်လေးယောင်ဆောင်ခဲ့သောမင်ရှောင်းဖြစ်နေသည်ကိုမြင်လိုက်ရပေသည်။
ချန်နဥ်သည်တစ်ဖက်လူ၏ရင်ဘတ်ပေါ်လက်တင်ကာ မျက်မှောင်ကြုတ်လိုက်မိ၏။
မင်ရှောင်းထံမှသူသတင်းမကြားတာအတော်ကြာပြီဖြစ်ပေမဲ့ တစ်ဖက်လူကတစ်ခုခုဖြစ်နေမည်ဟုသူမထင်ထားခဲ့မိပေ။
ဤကလေးကားမိဘမဲ့တစ်ယောက်ဖြစ်ပြီး မျိုးနွယ်စု၏အကြီးအကဲများ၏စောင့်ရှောက်ခြင်းခံခဲ့ရသည်။
ဤကဲ့သို့စရိုက်မျိုးဟာ ချန်နဥ်ကသူ့ကိုမြေခွေးမျိုးနွယ်စုသခင်လေးယောင်ဆောင်ဖို့ရွေးချယ်ရသည့် အကြောင်းရင်း၏တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။
မင်ရှောင်း၏အစွမ်းအစကားမကြီးမားပေမဲ့ သာမန်လူများနှင့်ယှဥ်လျှင် သူ့ကိုယ်သူကာကွယ်ဖို့ကျိန်းသေပေါက်လုံလောက်ပေသည်။
သူကသူ့အသက်ကိုဘယ်လိုလုပ်ပြီးဆုံးရှုံးသွားတာလဲ။ အလောင်းကဒီနေရာမှာဘယ်လိုလုပ်ပေါ်လာတာများလဲ။
ဒါတွေအားလုံးကကျန်းရွေ့စီစဥ်ခဲ့တာများလား!
ချန်နဥ်ရုတ်ခြည်းခေါင်းမော့ကာ သူ့မျက်လုံးများကလျှပ်စီးပမာ ကျန်းရွေ့ကိုကြည့်လိုက်မိသည်။
ချန်နဥ်ကဲ့သို့မဟုတ်ဘဲ ကျန်းရွေ့တစ်ယောက်ကတော့ဖြင့် ဤကမ္ဘာပေါ်မှာမင်ရှောင်းရှိသည်ကိုသိပင်မသိပေ။ ထိုအလောင်းကရှုလင်ကျားဖြစ်သည်ဟုတကယ်ထင်နေမိသည်။ ဤမျှလွယ်လင့်တကူအောင်မြင်သွားလိမ့်မည်ဟု သူမထင်ထားမိပေရာ မရယ်မောမိအောင်သူ့ကိုယ်သူကြိုးစားထိန်းနေရသည်။
သူသည်သူ့မျက်နှာပေါ်ရှိအကြည့်ကိုဖုံးကွယ်ကာ ခေါင်းငုံ့၍ သူ့လက်ကောက်ဝတ်ပေါ်ကပုတီးစေ့ကြိုးမျှင်ကိုကြည့်လိုက်မိပေမဲ့ မှေးမှိန်သွားသောကျောက်ပုတီးစေ့က ယင်း၏မူလအစိမ်းရောင်ပြန်မဖြစ်သွားသည်ကိုမြင်လိုက်ရရာ အနည်းငယ်စိတ်ပျက်သွားမိသည်။
ဤသည်ကားရှုလင်ကျား၏သေဆုံးမှုကသူ့စွမ်းအားကိုကြီးမားစွာမတိုးလာရုံသာမက မတိုင်ခင်ကသူဆုံးရှုံးသွားခဲ့သောစွမ်းအားကိုလည်းပြန်မရလာကြောင်းပြသနေပေ၏။ ကြည့်ရတာတော့ တစ်ဖက်လူ၏တန်ဖိုးဟာလုံးဝကျဆင်းသွားပုံပင်။
ထိုအခိုက်၊ သူ့စိတ်ထဲတွင်တီးတိုးပြောသံတစ်သံကို ကျန်းရွေ့ရုတ်ခြည်းကြားလိုက်ရသည်။
"မင်းအစွမ်းပိုထက်လာချင်လား။"
ကျန်းရွေ့တောင့်တင်းသွားရကာ ထိုနောက်အလွန်ပျော်ရွှင်သွားသည်။
ထိုအသံကားသူ့ကိုသာမန်ထက်ထူးကဲသောပါရမီစွမ်းရည်နှင့် မရေတွက်နိုင်သောကံကောင်းမှုတို့ကိုယူဆောင်လာပေးခဲ့ပေမဲ့ ယင်းမပေါ်လာသည်မှာအချိန်အတော်အတန်ကြာပြီဖြစ်သည်။
တစ်ဖက်လူပျောက်သွားမှာစိုးသဖြင့် သူ့စိတ်ထဲတွင်လျင်မြန်စွာပြန်ဖြေလိုက်ရသည်။
Advertisement
"ခင်ဗျားနောက်ဆုံးတော့ပြန်ရောက်လာပြီပဲ! သေချာပေါက်ကိုကျွန်တော်လိုချင်တာပေါ့! ကျွန်တော်ကအခုဉာဏ်ကြီးရှင်ဖြစ်နေပေမဲ့လည်း ကျွန်တော့်ကိုမလေးစားဘဲ နေရာတိုင်းမှာလိုက်ဖိနှိပ်နေတဲ့လူတစ်သိုက်ရှိနေတုန်းပဲ၊ ကျွန်တော်ပိုသန်မာလာလို့ရှိရင် သူတို့ဒီလိုထပ်လုပ်ရဲမတဲ့လား!"
အသံကဆိုသည်။
"မြေခွေးမျိုးနွယ်စုကိုအနိုင်ယူပြီး သူတို့ကိုအားနည်းအောင်လုပ်။ ပြီးရင်သူတို့ကိုအသုံးချပြီးတော့ မင်းရဲ့နာမည်ကောင်းကိုတည်ဆောက်ပြီး မင်းရဲ့တန်ဖိုးကိုမြှင့်လိုက်စမ်းပါ။ ဒီလောကကြီးရဲ့စွမ်းအားကိုတစ်လှမ်းချင်းချနင်းပြီးရင် မင်းကသေချာပေါက်ကိုအသန်မာဆုံးလူတစ်ယောက်ဖြစ်လာမှာပဲ။"
"သွားတော့၊ ဒါကရှားပါးတဲ့အခွင့်ကောင်းပဲ။ မြန်မြန်သွားလုပ်လိုက်တော့။"
ချန်နဥ်သည်ကျန်းရွေ့၏မျက်နှာအတုကိုဒီကနေ့ခွာချရန် အလုံးစုံပြင်ဆင်ထားပြီးသားပင်။ ရှုလင်ကျားအဆင်ပြေနေမှန်းသူသိသည်။ ကျန်းရွေ့ကိုတကယ်အရှုံးမပေးမှန်းသူသိသည်။ ဤအခွင့်အရေးကိုအသုံးချကာ ရှုလင်ကျားကိုမှတ်မိနေစေချင်သည်။ ဤကောက်ကျစ်စဥ်းလဲကာ စက်ဆုပ်ဖွယ်ကောင်းသောကောင်လေးသည် အမြဲတစေမိစ္ဆာတစ်ကောင်ဖြစ်နေမည်ပင်။
သို့သော် မင်ရှောင်းအလောင်း၏အသွင်အပြင်ဟာ သူ့အစီအစဥ်များကိုသာမက သူ့စိတ်ကိုပါဖျက်ဆီးသွားပေသည်-- မင်ရှောင်းနှင့်သူ၏ဆက်ဆံရေးကား ရှုလင်ကျားနှင့်သူ၏ဆက်ဆံရေးလောက်မနီးကပ်သော်လည်း မင်ရှောင်းဟာလည်းသူ့မျိုးနွယ်စုကပင်ဖြစ်ချေ၏!
"ချန်နဥ်အကြီးအကဲ၊ ကျွန်တော်တစ်ခုလောက်ပြောချင်ပါတယ်။အခုချိန်မှာအရေးကြီးဆုံးအရာက မင်သခင်လေးကိုကယ်လို့ရမရကြည့်ဖို့ပဲ။ ပြီးမှတခြားအကြောင်းပြောကြတာပေါ့။"
ကျင်းဟိုင်ဂိုဏ်း၏သမားတော်တစ်ဦးဖြစ်သောကျန့်ရှန်းကထွက်လာကာဆိုသည်။
"ကျွန်တော်သူ့ကိုစစ်ဆေးကြည့်ပါရစေ။ သေဆုံးရတဲ့အကြောင်းအရင်းကိုလေ?"
ကျင်းဟိုင်ဂိုဏ်းမှလူနည်းစုသာလျှင်ရှိပြီး ရှုလင်ကျား၏အဖွဲ့မှာသူ့ကိုအနည်းငယ်အားကိုးမိကြကာ သူမျက်နှာသာပေးသည်ကိုလက်ခံလိုက်ကြပြီး ယခုအချိန်အဆင်ပြေဖို့သာစိတ်အားထက်သန်စွာဖြင့်မျှော်လင့်မိကြသည်။
ဒါကပထမဦးစားပေးရမည့်အရာဖြစ်သည်ဟု ချန်နဥ်လည်းခံစားမိပေရာ ဘေးကိုရွေ့ဖယ်ပေးလိုက်သည်။
ယင်းအလောင်းကိုကျန့်ရှန်းကြည့်လိုက်အပြီးတွင် ဤလူ၏ခန္ဓာကိုယ်ပေါ်တွင်အမာရွတ်မရှိ၊ မည်းနက်သောဒဏ်ရာမရှိပေမဲ့ ဝိညာဥ်ကတော့ဖြင့်ပျောက်ဆုံးလျက်ရှိကာ သူအလုံးစုံကယ်တင်ပေးလို့မရကြောင်း သိလိုက်ရသည်။
သူခေါင်းခါကာ နောင်တကြီးစွာဖြင့်ပြောလိုက်သည်။
"စိတ်မကောင်းပါဘူး၊ ကျွန်တော်ကယ်ပေးလို့မရဘူး... ဒီသေပုံသေနည်းကတကယ်ထူးဆန်းတယ်။"
ချန်နဥ်သက်ပြင်းချလိုက်မိချိန်တွင် သူ့နောက်ရှိတစ်စုံတစ်ယောက်ကစိတ်လှုပ်ရှားစွာပြောလာသည်ကိုကြားလိုက်ရတော့သည်။
"ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!"
သူနောက်လှည့်ကြည့်လိုက်သော် ကျန်းရွေ့ကခြေလှမ်းနှစ်လှမ်း၊ သုံးလှမ်းတည်းဖြင့်ပြေးလာကာ မင်ရှောင်း၏လက်ကိုဆွဲ၍ ရိုးသားစစ်မှန်စွာအော်လာပေသည်။
"ရှစ်ရှုန်း!"
ချန်နဥ်: "...မင်းဘာပြောလိုက်တယ်?"
သူကမော့ကြည့်ကာဆိုလာသည်။
"ချန်နဥ်အကြီးအကဲ၊ ကျွန်တော်ပြဿနာမဖြစ်စေချင်ပေမဲ့ ကိစ္စတွေကဒီလောက်ထိဖြစ်လာမှတော့ ကျွန်တော့်မှာခင်ဗျားအတွက်ဖုံးကွယ်ပေးဖို့နည်းလမ်းတကယ်မရှိတော့ဘူး။"
သူသည်မင်ရှောင်း၏အလောင်းကိုလက်ညှိုးထိုးကာ နောက်လှည့်၍ လူအုပ်ကြီးထံပြေးသွားကာပြောလိုက်၏။
"ဒါကမြေခွေးမျိုးနွယ်စုသခင်လေးမဟုတ်ဘူး။ သူကဟန်ဆောင်နေတာပဲ။ သူ့ရဲ့ပုံစံအစစ်အမှန်က ကျွန်တော့်ရဲ့ရှစ်ရှုန်းရှုလင်ကျားပဲ!"
ကျန်းရွေ့ဒါကိုပြောလိုက်ပြီးမကြာမီ၌ လက်ရှိလူတိုင်းမှာဆူညံပွက်လောရိုက်သွားကြသည်။
စုန့်ယွင်ကဆိုသည်။
"ကျန်းရှစ်တိ၊ မင်းဘာတွေပြောနေတာလဲ။"
ကျန်းရွေ့ကပြောသည်။
"ခုနကလျို့ဝှက်နယ်မြေထဲမှာရှိနေတုန်းက သူ့ရဲ့လှုပ်ရှားမှုနဲ့တိုက်ကွက်တွေကိုအစ်ကိုသတိမထားမိဘူးလား။ တကယ်တော့ ဒီမင်ရှောင်းကိုကျွန်တော်လေ့လာထားပြီးသား။ မင်သခင်လေးဆိုတာကအစ်ကိုရှုဟန်ဆောင်နေတဲ့အရာပဲ။ ဒါပေမဲ့ အဲ့ဒီ့အချိန်တုန်းက အစ်ကိုရှုလုပ်ချင်နေတဲ့ကိစ္စကိုကျွန်တော်နှောင့်ယှက်မိမှာစိုးလို့ ကျွန်တော်ပါးစပ်မဟခဲ့တာ။"
သူကားကိုယ့်ကိုယ်ကိုအပြစ်တင်မှုဖြင့်ပြည့်နှက်နေကာ ၎င်းကိုမယုံကြည်နိုင်ပေ။
"ဒါပေမဲ့ ဒီအချိန်ခဏလေးအတွင်းမှာ သူအသတ်ခံလိုက်ရမယ်လို့ကျွန်တော်မထင်ထားခဲ့မိဘူး။"
သူ့စကားများဟာလည်း သူဟာရှုလင်ကျားမည်သူဖြစ်ကြောင်းသိနေသည်မို့ အောင်မြင်ကျော်ကြားမှုအတွက် သူနှင့်မယှဥ်ပြိုင်လိုဟုပြောနေဟန်။ ရှုလင်ကျားကသူ့အတွက်တိတ်တခိုးမျက်နှာအဖက်ဆယ်ပေးသွားခဲ့သည်။
ဒါကိုကြားလိုက်ရရာ ချီဇုန်ဂိုဏ်းသားအများစုမှာထိတ်လန့်သွားကြပြီး အချင်းချင်းကြည့်မိကြကာ မတိုင်ခင်ကလျို့ဝှက်နယ်မြေထဲတွင်မင်ရှောင်း၏အပြုအမူများကိုပြန်စဥ်းစားမိကြသည်။ သူတို့ပိုတွေးကြည့်လေ ယင်းတို့နှစ်ယောက်ပိုတူလေလေပင်။
"ဒါက...တကယ်ပဲရှုရှစ်ရှုန်းဖြစ်နေမလား။ သူကလင်ရှောင်းသိုင်းကွက်တွေကိုမသုံးသွားတော့ ငါမမှတ်မိလိုက်ဘူး!"
ဂိုဏ်းသားတစ်ယောက်ကထိတ်လန့်စွာရေရွတ်ရင်း အလောင်းကိုမယုံကြည်နိုင်မှုများဖြင့်ကြည့်လိုက်မိသည်။
"ဒါ၊ ဒါက...ရှုရှစ်ရှုန်းကဘယ်လိုလုပ်ပြီးသေသွားမှာလဲ!"
သူတို့၏ထိတ်လန့်ကာအမှန်ကိုသိသွားသောမျက်နှာထားများဟာလည်း ကျန်းရွေ့၏စကားများကိုအတည်ပြုလိုက်သည်နှင့်ညီမျှ၏။
ပတ်ဝန်းကျင်ရှိလူများမှာ လျို့ဝှက်နယ်မြေထဲကမင်ရှောင်း၏လုပ်ဆောင်မှုနှင့်ပတ်သတ်၍ တွေးမိကြကာ ဒါဟာကျိုးကြောင်းဆီလျော်သည်ဟု သူတို့လည်းခံစားမိချေသည်။ မြေခွေးမျိုးနွယ်စု၏သခင်လေးကဤကဲ့သို့အစွမ်းအစမျိုးဘာကြောင့်ရှိနေမှန်းသူတို့လည်းသိချင်နေခဲ့မိပေမဲ့ အကယ်၍ ယင်းကရှုလင်ကျားသာဆိုရင်တော့ ဒါကပုံမှန်ပင်ဖြစ်သည်။
ကျန်းရွေ့၏မျက်နှာကဒေါသအပြည့်ပင်။
"ရှုရှစ်ရှုန်းကဘယ်လိုလုပ်ပြီးသေသွားရတာလဲ။ ကျွန်တော်မြေခွေးမျိုးနွယ်စုကိုဒီမေးခွန်းမေးလိုက်မယ်။ ခင်ဗျားတို့ရဲ့သခင်လေးအစစ်ကနှစ်ပေါင်းများစွာပုန်းနေပြီး လူတွေရှေ့မှာတစ်ခါမှမပေါ်လာခဲ့ပေမဲ့ ကျွန်တော်တို့လင်ရှောင်းဂိုဏ်းကတော့ မတော်တဆလို့ပဲယူဆထားခဲ့ကြတယ်။"
"ချန်နျဥ်အကြီးအကဲ၊ ခင်ဗျားကျွန်တော့်ကိုဖြေရှင်းချက်မပေးနိုင်ဘူးလား။"
သူသည်ရှင်းလင်းစွာပင်အရာအားလုံးကိုလုပ်ခဲ့ပေမဲ့ ယခုအခိုက်အတန့်၌မူ ဖြောင့်မတ်မှန်ကန်သောဂုဏ်သိက္ခာအပြည့်နှင့်ဖြစ်နေကာ ပြောင်မြောင်စွာပင်အခြားသူများကိုရှင်းပြစေချင်လေရာ ချန်နဥ်တစ်ယောက်မှာတော့ဖြင့်လေးစားသည်ဟုပြောမိလုနီးပါးပင်။
သူသည်မျိုးနွယ်စုခေါင်အတွက် မြေခွေးမျိုးနွယ်စုကိုတာဝန်ယူခဲ့ပေရာ သူဟာလည်းခက်ထန်သောလေပြင်းနှင့်လှိုင်းများကိုကြုံတွေ့ခဲ့ဖူးသောတစ်စုံတစ်ယောက်ပင်ဖြစ်ကာ ယခုတွင်ကျန်းရွေ့၏ရည်ရွယ်ချက်များကို သူဖောက်မြင်နိုင်ပေသည်။
မြေခွေးမျိုးနွယ်စု၏ခွန်အားကိုထိန်းချုပ်ရန်အလို့ငှာ ချန်နဥ်ကမျိုးနွယ်စုခေါင်၏သားအရင်းယောင်ဆောင်ဖို့ တစ်ယောက်ယောက်ကိုရှာဖွေခဲ့သည်ဟု တစ်ဖက်လူကရှင်းလင်းစွာခံစားမိနေသည်။ ကျန်းရွေ့ကချန်နဥ်နှင့်စတင်ပြီး ရှုလင်ကျား၏သေဆုံးမှုကိုမြေခွေးမျိုးနွယ်စုပေါ်အပြစ်ပုံချကာ မြေခွေးမျိုးနွယ်စုကိုဖိနှိပ်လာသည်။
တကယ့်ကိုရည်မှန်းချက်ကြီးမားလွန်းပါပေတယ်။
ချန်နဥ်ပင့်သက်ရှိုက်ကာပြောလိုက်သည်။
"ကျန်းသခင်လေး၊ ရှင်းပြစေချင်တယ်လား။ ကောင်းပြီလေ၊ ဒါဖြင့်ရင် စာရင်းနည်းနည်းချင်းစီရှင်းကြတာပေါ့။"
သူခေါင်းလှည့်ကာပြောလိုက်သည်။
"ခုနကငါဒီကိုလာစေချင်တဲ့ ဧည့်သည်တွေရောက်လာပြီလား။"
သူ့လက်အောက်ငယ်သားကပြန်ဖြေသည်။
"ဟုတ်ကဲ့၊ အပြင်မှာရောက်နေပါပြီ။"
ချန်နဥ်ပြောလိုက်သည်။
"သွားဖိတ်ခဲ့ချေ။"
လျှောက်ဝင်လာသည့်လူကိုမြင်လိုက်ရသော် ကျန်းရွေ့တစ်ယောက်တောင့်ခဲသွားရပြီး သူ့မျက်နှာပေါ်ကအမူအရာမှာမသိလိုက်မသိဘာသာတည်ငြိမ်သွားသည်။ ထို့နောက်သူထရပ်ကာပြောလိုက်သည်။
"ယင်းရှစ်ရှုန်း။"
ကြည့်ရတာတော့ ယင်းချန်တစ်ယောက်ရှောင်းနဥ်အာနှင့်အခြားလင်ရှောင်းဂိုဏ်းသားများကိုပါ ချင်းချိုးထံခေါ်လာပုံပင်။
ယင်းကားချန်နဥ်စီစဥ်ခြင်းမဟုတ်။ သူလျို့ဝှက်နယ်မြေထဲမှထွက်လာချိန်တွင် လင်ရှောင်းချီဇုန်၏ယင်းချန်ကဂိုဏ်းသားတချို့ခေါ်၍ လာလည်သည်ဟုတစ်စုံတစ်ယောက်ကတင်ပြလာခဲ့သည်။ သို့ပေမဲ့ဘာအတွက်ကြောင့်မှန်းသူမသိပေ။
ဒါကိုချန်နဥ်ကြားလိုက်တုန်းက သူဟာအချိန်ကောင်းမှာရောက်လာသည်ဟုခံစားမိလိုက်သဖြင့် ဤအခိုက်အတန့်၌သူ့ကိုဖိတ်ခေါ်လိုက်ခြင်းပင်။
ယင်းချန်သည်ခေါင်းမာသောအရှင်သခင်တစ်ပါးဖြစ်၏။ ကျန်းရွေ့တစ်ယောက်တောင်ထွတ်ပေါ်တက်လာသည့်ပထမရက်ကတည်းက သူ့ကိုတကယ်ကြီးကြောက်နေမိခဲ့သည်။ ဤအခိုက် သူထိတ်လန့်သွားကာ သံသယဝင်မိပြီးမေးလိုက်သည်။
"အစ်ကိုကဘာလို့ဒီမှာရှိနေတာလဲ။"
ယင်းချန်ကကျန်းရွေ့အပေါ်အမြဲတမ်းအထင်အမြင်သေးသည်။ သူဟာလည်းသူ့ကိုလျစ်လျူရှုလိုက်ပေမဲ့ အနောက်ကလိုက်လာသောရှောင်းနဥ်အာကတော့ခေါင်းလှည့်ကာ ကျန်းရွေ့အားဗလာနတ္ထိအကြည့်တစ်ချက်ပေးလာသည်။
ခုနကဘာဖြစ်နေမှန်း ယင်းချန်မသိပေရာ မင်ရှောင်း၏အလောင်းပေါ်သာမန်ကာလျှံကာဝေ့ဝဲကြည့်လိုက်ပြီး သူ့ကိုသိမသိ အာရုံစိုက်မနေပေ။
သူသည်ချန်နဥ်အားသူ၏ရည်ရွယ်ချက်တိုက်ရိုက်ရှင်းပြလာသည်။
"ချန်နဥ်အကြီးအကဲနဲ့ကျွန်တော့်ရှစ်ရှုန်းရှုလင်ကျားနဲ့က နှစ်တွေအကြာကြီးသူငယ်ချင်းဖြစ်လာတယ်လို့ကျွန်တော်ကြားမိတယ်။ အခုကျွန်တော့်မိသားစုရဲ့ဆရာသခင်ဆီကနေ ကျွန်တော့်ရှစ်ရှုန်းကိုတောင်ထွတ်ပေါ်ပြန်ခေါ်လာဖို့ ကျွန်တော်အမိန့်ရခဲ့တယ်။ သူကချင်းချိုးရဲ့အနီးတဝိုက်မှာမကြာသေးခင်ကပေါ်လာတယ်လို့ လူတချို့ကပြောတယ်။ ချန်နဥ်အကြီးအကဲသူ့ကိုအရင်ကတွေ့မိလားဆိုတာကျွန်တော်သိချင်လို့ပါ။"
ချန်နဥ်မဖြေရသေးမီ ကျန်းရွေ့နှင့်အတူလာခဲ့သောချီဇုန်ဂိုဏ်းသားကအောင့်အီးမထားနိုင်တော့ဘဲ ယင်းချန်ကိုအော်ပြောလိုက်သည်။
"ယင်းရှစ်ရှုန်း၊ ရှုရှစ်ရှုန်းကအသတ်ခံလိုက်ရပြီဗျ!"
ယင်းချန်ရုတ်ခြည်းခေါင်းလှည့်ကာအော်လိုက်သည်။
"မင်းဘာပြောလိုက်တယ်?"
သူတို့အုပ်စုကရှုလင်ကျားကိစ္စအတွက်လာခဲ့ခြင်းပင်။ သူတို့ဒါကိုကြားလိုက်ရသော် လူတိုင်းထိတ်လန့်သွားကြသည်။ သူတို့မျက်ဝန်းထဲတွင်မျက်ရည်များဖြင့် ဂိုဏ်းသားကအရှေ့ကိုပြေးသွားကာ ခုနကကိစ္စအကြောင်းယင်းချန်ကိုထပ်ပြောပြလိုက်သည်။
ဤအချိန်တွင် ရှောင်းနဥ်အာသည် အခက်အခဲများစွာကြုံတွေ့ရပြီးနောက်မှသာလျှင် ယင်းချန်နောက်လိုက်၍တောင်အောက်ဆင်းလာနိုင်ပေသည်။ ရှုလင်ကျားပြန်လာအောင်ဘယ်လိုသိမ်းသွင်းရမလဲဟု သူမတွေးနေမိပေမဲ့ ဤကဲ့သို့သတင်းမျိုးကိုကြားလိုက်ရလိမ့်မည်ဟု သူမမထင်ထားခဲ့မိပေ။
သူမခန္ဓာကိုယ်တွန့်ခါသွားပြီးနောက် လဲကျကာချက်ချင်းမေ့လဲသွားတော့သည်။
___________________________________________
!zawgyi!
___________________________________________
Advertisement
- In Serial26 Chapters
Regis Saga I: Slayers of Gods
The Dominion is the most potent power in the galaxy, its past shrouded and mystery and legends. For three millennia the line of Hester has ruled over the growing empire unopposed and unbroken. All of that wouldn't have come to pass if not for the Godslayers and all the secrets they have kept hidden for generations. It is their victory over the Hollow Gods which still echoes and shapes the Dominion so many centuries into the future. It is those same secrets that can burn it all down, for the Regis is about to wake once more and mark the start of a new cycle of violence. WIht their numbers diminished, it is unclear if they can remain to be the Slayers of Gods.
8 169 - In Serial19 Chapters
The World After
A boy named Kai, half and half, devils child, the cursed one, was forced out of his home of Raibarumura. At just fifteen, a man takes him in, and for five years trains him in the art of combat, theft and assasination. But one day, his life changes when he gains The Blaze blade... The World After will be updated on Saturdays.
8 207 - In Serial6 Chapters
Legend of Truck-san
Truck-san was never like other trucks. For some reason, he's been hitting a bunch of japanese teenagers. Guilty, he prayed to the gods that they live out their lives in another world. One day during a whiteout snowstorm where his driver can barely see, he kills yet another japanese teenager. As always, Truck-san prays for the boy to reincarnate and have a full life. This time, however, the kid's soul goes into Truck-san! His own wish turned against him, Truck-san has to find his way back to his original world, save his driver from a wintery death, and most importantly- Deliver his payload on time.
8 215 - In Serial23 Chapters
Short Story poems
Poems that have meaning. A collection of poems. Poems that have short stories behind it. Poems that you can either relate. Some are in tagalog while most is in english. P.s. sana po magustuhan niyo. Sorry kung medyo walang tugmaan. ^_^
8 438 - In Serial18 Chapters
A Girl and her Goat
Chloe Yinara, she’s a countess, she expects to be a marquis in due time, she’s a mage, and she’s staring at a black goat that appeared in the summoning circle when she called for a familiar and took more power to summon then she could have possibly provided on her own. ___________________________________________________________________________________________________ There has been a major edit of the first 11 chapters, so anyone who enjoyed the story but couldn't take the spellchecker and other grammar mistakes should give this another shot. I can’t promise that there will be no grammar mistakes, but they will be less common and far less egregious. ___________________________________________________________________________________________________ Notes. First for those of you looking at the fact that this story has both the Harem and Female Lead tags I am pleased to relieve your concerns, or disappointed to inform you depending on your tastes, this will not be a reverse harem, Chloe has no romantic interest in boys. Second, I was hesitant to add the Anti-Hero tag, but Chloe certainly dances on that line. Just to prevent any misunderstandings, even when blood and treachery abound and Chloe is at her most amoral this will primarily be a light hearted story.
8 114 - In Serial7 Chapters
Tainted Affair
SOPHIA RAPTIS is trying her hardest to move on from her past. Something that is proving to be near impossible now that she's working for the family she hates, a family her best friend is married into, the family of Giovanni D'Onofrio. GIOVANNI D'ONOFRIO is tired of waiting; and after nearly dying alongside his brother's at the hands of their enemies, he's lost all patience. He will not be ignored any longer, he knows what he wants and he's going to get it. BOOK 2
8 145