《Tomorrow》Tomorrow Part-13 (Z+U)

Advertisement

#zawgyi

"Joy....."










"Joy....."


"Joy...."



"Thanks...."


~~~~~~~~~~~~ ~~~~~~~~~~~~~





"Lisa...."

"What!"


"ဘာကို......"




"Lisa...."

"Jisoo နင်​သိလား နင်​ခံစားဖူးလား ကိုယ်​ချစ်​တဲ့သူနဲ့ ပတ်​သက်ြ​ပီး ဘာမှလုပ်​မ​ပေးနိုင်​တဲ့ ခံစားချက်​...."


"Lisa..."




"မရှိပါဘူး ဆရာ....."




"Nae....."






#Tbc

#Unicode

"Joy....."

"Lisa သီချင်းဆိုနေတုံးက ဘာလို့ အရမ်းစိုက်ကြည့်နေတာလည်း ဟမ်...."

"ဘာမှမဟုတ်ပါဘူး ကားရပ်လိုက်ပါလား...နင်မောင်းတာ အရှိန်တော်တော်ကျော်နေပြီ joy...."

"အဲ့အကြည့်တွေကို ငါသိတယ်....ငါ နင့်ကို ကြည့်လာတဲ့ အကြည့်တွေ "

Joy ကားရပ်ပြီး Rosကို ကြည့်လိုက်သည်

"ငါတို့ တစ်ယောက်အပေါ်တစ်ယောက် ရိုးသားပြီး အမှန်တိုင်းပြောပြကြဖို့ ကတိပေးခဲ့တယ် မဟုတ်လား ဒီတော့ ငါ မေးမယ်....နင် သူ့ကို ကြိုက်နေတာလား..... "

Advertisement

Rosမှာ Joy မေးခွန်းကို မဖြေဘဲ စကားလမ်းကြောင်း လွှဲလိုက်သည်

"Joy....အဲ့လို မလုပ်စမ်းပါနဲ့ဟာ......."

Joy ပြုံးပြီး သူ့ပါးပေါ်က မျက်ရည်တွေကို သုတ်လိုက်သည်

"Ah....နင်က ငါ့မေးခွန်းတောင် မဖြေပါလား...."

"Joy....."

"ကျေးဇူးပြုပြီး ငါ့ကားပေါ်က ဆင်းပေးပါ့လား......"

"Joy...."

"Ros ငါပြောနေတယ် ကားပေါ်က ဆင်းလို့......."

Ros မှာ ကားပေါ်က မဆင်းချင်သော်လည်း Joy တစ်ခုခုလုပ်မှာဆိုးပြီး ကားပေါ်ကဆင်းလိုက်သည်

"Thanks...."

Joy မှာ Rosကို မျက်ရည်တွေနဲ့ ပြောပြီး ကားကို အရှိန်တင်ကာ မောင်းထွက်သွားသည်

~~~~~~~~~~~~ ~~~~~~~~~~~~~

Joyမှာ Ros ကို စကားမပြောဘဲ နေတာ တစ်ပတ်ကျော်နေပြီ....Ros မှာ စကားပြောလို့ လိုက်ကပ်သော်လည်း Joyက ရှောင်နေ၏

Ros တစ်ယောက် စိတ်တွေရှုပ်ထွေးပြီး အတန်းလည်း ပုံမှန်မတက်နိုင်....နေ့လည်စာလည်း အချိန်မှန် မစားနိုင်ပေ.....

Rosမှာ သူ့စကားနားမထောင်သောကြောင့် Jisoo စိတ်ပူနေတယ်လေ....စိတ်ညစ်တာတွေ စိတ်ရှုပ်တာတွေပျောက်ဖို့ ခဏအိပ်ခိုင်းသော်လည်း မအိပ်....shopping အတူထွက်မယ်ခေါ်သော်လည်း Rosက မလိုက်ဘဲ ငြင်းလေသည်

Jisoo မှာ Lisaကို အကူအညီတောင်းဖို့ ဆုံးဖြတ်လိုက်ပြီး Lisa အတန်းဘက်ကို သွားလေသည်

"Lisa...."

"What!"

"Ros အခုလို ဖြစ်နေတာကို ကြည့်ရက်တယ်ပေါ့ ...."

"ဘာကို......"

"အခုမှ မသိသလို ဟန်ဆောင်မနေစမ်းပါနဲ့ နင်သာ သီချင်းပြောင်းပြီး မဆိုခဲ့ဘူးဆို Ros အခုလို ပြဿ နာဖြစ်မှာမဟုတ်ဘူး Lisa....နင်က လုပ်ချင်သလိုလုပ်ပြီး ဘာမှမဖြစ်သလို မမြင်ချင်ယောင်ဆောင်နေတယ်ပေါ့ ဟုတ်လား...."

Lisa ဒေါသထွက်ပြီး Jisooကို နံရံဘက် ဆောင့်တွန်းကာ

"သူ ငိုတဲ့အချိန်တိုင်း အဲ့တစ်ယောက်ဘေးနားက ခေါ်ထုတ်သွားချင်တာဟ....အေး သူဟိုတစ်ယောက်နဲ့ ပျော်နေတဲ့အခါလည်း ငါဆွဲထုတ်သွားချင်တာ...."

"Lisa...."

"Jisoo နင်သိလား နင်ခံစားဖူးလား ကိုယ်ချစ်တဲ့သူနဲ့ ပတ်သက်ပြီး ဘာမှလုပ်မပေးနိုင်တဲ့ ခံစားချက်...."

Lisa ပြောပြီး လှည့်ထွက်သွားလေသည်

"Lisa..."

Lisa အတန်းမတက်ဘဲ ခြေဦးတည့်ရာကို သွားလိုက်သည်....

Professor အခန်းဘက်က ဖြတ်သွားရင်း Ros အသံကြားလို့ ခြေလှမ်းတွေ ရပ်ကာ နားထောင်လိုက်သည်

"Ros.....သမီးမှာ ပြဿ နာ တစ်ခုခုရှိနေတာလား....."

"မရှိပါဘူး ဆရာ....."

"ဒါဆို ဘာလို့ အခုရက်ပိုင်း သမီးကို ကြည့်ရတာ နှုံးချိနေတာလည်း.....ပြီးတော့ စာထဲလည်း စိတ်မဝင်စားဘူး tutorial တွေလည်း ဖြေထားတာ စုတ်ပြတ်လို့....."

"Chaw နေမကောင်းလို့ပါ.....ဆရာ......."

"သမီး နေမကောင်းဘူးဆိုလည်း ခွင့်ယူပြီး အိမ်မှာ ကောင်းကောင်းနားနေပါ......နေမကောင်းနေတာကို ကျောင်းလာတက်ပြီး စာထဲလည်း အာရုံမစိုက်နိုင်တော့....သမီးနှစ်ခါပင်ပန်းတယ်....."

"Nae....."

Ros မှာ ဆရာကို နှုတ်ဆက်ပြီး အခန်းထဲက ထွက်လာသည်

Lisaမှာ အခန်းထဲက ထွက်လာတဲ့ Ros လက်ကို ဆွဲပြီး တစ်နေရာသို့ ခေါ်သွားလေသည်

"Lisa....ဘာလုပ်တာလည်း ငါအတန်းတက်ရအုံးမှာ...."

"ပါးစပ်ပိတ်ပြီး ငါ့နောက်လိုက်ခဲ့....."

Rosမှာ ဘာမှဆက်မပြောဘဲ Lisaနောက်သို့ လိုက်သွားလေသည်

#TBC

    people are reading<Tomorrow>
      Close message
      Advertisement
      You may like
      You can access <East Tale> through any of the following apps you have installed
      5800Coins for Signup,580 Coins daily.
      Update the hottest novels in time! Subscribe to push to read! Accurate recommendation from massive library!
      2 Then Click【Add To Home Screen】
      1Click