《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[9]
Advertisement
[Unicode]
009:မိသားစုရဲ့ပိုင်ဆိုင်မှုတွေကို ခွဲခြမ်းပြီး အိမ်ခွဲနေခြင်း (2)
ချင်မျန် နောက်ပြန်လှည့်ကြည့်လိုက်တော့ လဲ့ယ်ထျဲက သူ့ကို အမူအယာမဲ့နေသော မျက်လုံးအစုံဖြင့် စူးစူးစိုက်စိုက်ကြည့်နေတာကို တွေ့လိုက်ရပြီး သူ့ညာဘက်လက်မှာ ပန်းကန်လုံးတစ်လုံးကိုင်ထားလျက်သားနှင့်။တစ်ပန်းကန်လုံးမှာ ကန်စွန်းပြောင်းဆန်နဲ့ ပြည့်နေပြီး တူတစ်ချောင်းလည်းပါရှိသည်။ကန်စွန်းပြောင်းဆန်လို့ခေါ်ရတာကတော့ ထမင်းထဲမှာ ကန်စွန်းဥနဲ့ပြောင်းဆန် ရောထားလို့ပါပဲ။သူတို့ရဲ့ လတ်တလော စားနေတဲ့ အဓိကအစားအစာ အများစုမှာ ကန်စွန်းဥ၊ပြောင်းဆန်၊ထမင်းနှင့် ပေါက်စီတို့သာ။ထမင်းအပေါ်တွင် အသီးအရွက်ကြော်တစ်ပုံတစ်ပင်ပါရှိပြီး အံ့အားသင့်စရာမှာ ကြက်ဥကြော်တစ်ခုပင် ရှိသေးသည်။
တုရှီက သူ့ကို ကြင်နာစွာနဲ့ ကြက်ဥစားဖို့ ပေးတာတော့မဖြစ်နိုင်ဘူး။ဖြစ်နိုင်တာကတော့ လဲ့ယ်ထျဲ၏ဝေစုသာ ဖြစ်လိမ့်မည်။ချင်မျန်က အနှီယူဆချက်ကို ပြောင်းပြန်ဖြစ်စေချင်မိသည်။
သူက ရှင်းပြရင်း လက်ကောက်ဝတ်ကို ရုန်းထွက်လိုက်သည်– “လက်ဗလာအပြင် ဗိုက်ကလည်းဆာနေတာကို ဘယ်ကိုထွက်သွားလို့ရမှာလဲ?ဒီအတိုင်း ပြေးရင်း လေ့ကျင့်ခန်းလုပ်နေတာပါ"
နှစ်ဦးသဘောတူ ကွာရှင်းရန် ငြင်းဆိုနေသည်က လွဲ၍ လဲ့ယ်ထျဲက သူ့အပေါ်ကို ကောင်းမွန်စွာ ဆက်ဆံတာကြောင့် သူ့(ချင်မျန်)လေသံက အလွန်ပြေပြစ်၏။
လဲယ်ထျဲက သူ့လက်ကို လွှတ်ပေးလိုက်ပြီး ထမင်းခွက်လေးကို ကမ်းပေးကာ လမ်းဘေးက အိုဟောင်းနေသည့်ကျိုင်းပင်နားသို့ လိုက်ပို့ပေးလိုက်သည်။သစ်ပင်အောက်မှာ ကျောက်ပြားတစ်ချပ်ရှိနေ၏။ရွာသူရွာသားများက အားလပ်ချိန်များတွင် စကားစမြည်ပြောလေ့ရှိကြသည်မို့ပင်။
ချင်မျန်သည် ကျောက်ပြားပေါ်တွင်ထိုင်ကာ ကြက်ဥတစ်လုံးသာ စားပြီး ကျန်တာ သူ ဆက်မစားနိုင်တော့ပေ။ကန်စွန်းဥနဲ့ပြောင်းဆန်ပင် မပြောနဲ့ လူတိုင်းက ကြက်သား၊ဘဲသား၊ငါးနဲ့ တခြားအသားတွေကိုတောင် ဆယ်ရက်ကနေ တစ်လခွဲလောက်အထိ ဆက်တိုက် မစားနိုင်ကြပါဘူး။
"ဒါကို ကျွန်တော် မစားနိုင်တော့ဘူး။" ချင်မျန်က ပန်းကန်လုံးကို လက်နှစ်ဘက်နဲ့ ပြန်ပေးလိုက်ပြီး အနောက်ဘက်ရှိနေဝင်ချိန်ကို ကြည့်ကာ သက်ပြင်းချရင်း “ထမင်းဖြူ စားချင်တယ်၊ကြက်သား၊ ဘဲသား၊ငါး အသားကင်စားချင်တယ်၊ဘီယာသောက်ချင်တယ်...”
လဲ့ယ်ထျဲက ပန်းကန်ကိုယူကာ ငြိမ်ငြိမ်လေးမစားခင် ခဏလောက် စောင့်ကြည့်နေလိုက်သေးသည်။
ချင်မျန်က အံ့သြသွား၏။ "ခင်ဗျား မစားရသေးဘူးလား?"
“အင်း” လဲ့ယ်ထျဲက ပြန်ဖြေ၏။
“အိုး..” ချင်မျန်က ကျိုင်းပင်ကို မှီလိုက်ပြီး တုရှီက မိသားစုပိုင်ဆိုင်မှုတွေကို ခွဲခြမ်းပေးပြီး အိမ်ခွဲနေခိုင်းစေရန် ဖြစ်နိုင်ချေအချို့ကို ဆက်လက်စဉ်းစားခဲ့သည်။သူသည်ကား အခြားသူများကို ဂရုမစိုက်သော်လည်း တုရှီက သူ နှင့် လဲ့ယ်ထျဲတို့ကို အသာတကြည် ထွက်ခွာခွင့်ပေးရန် နည်းလမ်းရှာရမည်။မိသားစုပိုင်ဆိုင်မှုခွဲပြီး အိမ်ခွဲနေဖို့နဲ့ ပတ်သက်ပြီး လဲ့ယ်ထျဲရဲ့အမြင်ကို သူမေးစမ်းကြည့်ရမယ်။
"ကျွန်တော် ခင်ဗျားကို တစ်ခုလောက် မေးကြည့်ချင်တယ်"
လဲ့ယ်ထျဲက သူ့ကိုကြည့်ကာ ခေါင်းညိတ်ပြပြီး ဆက်စားနေသည်။
"အနာဂတ်မှာ ကျွန်တော်တို့ ဘယ်မှာနေကြမလဲ?ဘေးနားမှာဆို ဝက်ခြံကလည်းရှိသေးတော့လေ.....” ချင်မျန်က ခပ်ဝါးဝါး မေးလိုက်သည်။
လဲ့ယ်ထျဲက ခေတ္တရပ်သွားပြီး ပြန်လှည့်မကြည့်မနေတော့ဘဲ ပြောလိုက်သည်။ “ဆောင်းရာသီရိတ်သိမ်းပြီးရင် ကိုယ်တို့ ထွက်သွားကြမယ်”
မထင်မှတ်ထားသော ပျော်ရွှင်မှုကြောင့် ချင်မျန်တစ်ယောက် စိတ်လှုပ်ရှားစွာ မတ်တပ်ထရပ်သွားစေခဲ့သည်။ "ခင်ဗျား တကယ်ပြောတာလား?"
သူ့တွင် မူလက မရေရာမသေချာသေးသည့် အကြံ နှစ်ခုရှိခဲ့၏ - လဲ့ယ်ထျဲကို နေမကောင်းဟန်ဆောင်ခိုင်းရုံသာမက တုရှီ၏ လဲ့ယ်ထျဲအပေါ် အလုပ်သမားအင်အား ခေါင်းပုံဖြတ်မည့် စိတ်ကူးကိုဖြတ်တောက်ပစ်ရသည်အထိ ပြင်းပြင်းထန်ထန် နေမကောင်းဖြစ်ခိုင်းရမယ် ဒါမှမဟုတ် တုရှီက သူနှင့်လဲ့ယ်ထျဲတို့ကို နှင်ထုတ်စေရန် စာသင်သား လဲ့ယ်ရှန်းကျစ်နှင့်ပတ်သက်ပြီး တုရှီရဲ့အယူသီးတဲ့ယုံကြည်မှုကို အသုံးချရမယ်။လဲ့ယ်ထျဲက တုံးအတဲ့ သူဟုတ်လား မဟုတ်လားကို တခါမှ မတွေးခဲ့မိဘဲ တခြားအစီအစဉ်များကိုလည်း အစောတလျင်ကပင် အချိန်ကြာရှည်စွာ ရှိနေခဲ့သေးသည်။
လဲ့ယ်အိမ်မှ ထွက်သွားရတော့မယ်ဆိုတဲ့စိတ်ကူးသည် ချင်မျန်၏ကောင်းမွန်သထက် ကောင်းမွန်လာသည့် စိတ်အခြေအနေကို မထိန်းထားနိုင်ပေ။သူက လဲ့ယ်ထျဲကိုတောင် ပြုံးပြပြီး ပြန်ထိုင်ချကာ ဒီထက်ပိုပေါ့ပါးတဲ့အသံနဲ့ မေးလိုက်သည်။
" စောစောထွက်သွားလို့ရမလား?ဆောင်းဦးရာသီ ရိတ်သိမ်းပြီးမှ ထွက်သွားရတဲ့ အကြောင်းရင်းက ခင်ဗျားမိသားစုရဲ့ အလုပ်ရှုပ်တဲ့ရာသီကို ကူညီပေးဖို့ဆိုတာကို ကျွန်တော်သိပေမယ့် သီးသန့်နေထိုင်ရင်တောင် လယ်ယာလုပ်ငန်းကို ကူညီပေးနိုင်ပါတယ်။သဘောကရော?"
ရုတ်တရက် စကားတစ်ခွန်းထွက်မလာခင် လဲ့ယ်ထျဲက သူ့ကို ကြည့်လိုက်၏။သူ့အသံက တိုးညင်းနေပေမယ့် အသံက ခိုင်မာပြီး နှိုင်းမရတဲ့ လေသံဖြင့် "ကိုယ် ကွာရှင်းပေးမှာမဟုတ်ဘူးနော်"
ချင်မျန်က အံ့သြသွားသည်။ဒီကောင် ဘယ်လောက်ထိတောင် အထိမခံဖြစ်နေရတာလဲ?
သူက လဲ့ယ်ထျဲမျက်လုံးတွေကို ရှောင်ပြီး ခြောက်ကပ်ကပ် အပြုံးနဲ့ ပြောလိုက်သည်။ “ကွာရှင်းတဲ့ကိစ္စကို ပြောတာမဟုတ်ပါဘူး။မိသားစုပစ္စည်းတွေကို ခွဲပြီး အိမ်ခွဲနေဖို့အကြောင်း ပြောတာပါ။ဒေါသထွက်လွယ်တဲ့သူတွေဟာ မြန်မြန်ဆန်ဆန် အိုလာတတ်တယ်လေ။အမေကလည်း ကျွန်တော့်ကို မကြိုက်ဘူး။ကျွန်တော်ကလည်း အမေ့ကို မကြိုက်ဘူး။အတူတူနေထိုင်ပြီး သူမကို စိတ်ဆိုးအောင်လုပ်နေတာက သားသမီးဝတ္တရားကျေပွန်စေမှာ မဟုတ်ဘူးမလား?”
"ကိုယ် အဝတ်လျှော်ဘူး"
ချင်မျန်က ချက်ခြင်းပြောသည်။ "ကျွန်တော် လုပ်မယ်!"
"ကိုယ် မချက်တတ်ဘူး"
"ကျွန်တော် လုပ်မယ်!"
ချင်မျန်က သူ့ကို တတ်နိုင်သမျှ အမြန်ဆုံး ခွဲနေဖို့ မစည်းရုံးနိုင်တော့မှာကို ကြောက်နေခဲ့၏။
လဲ့ယ်ထျဲက ခေါင်းညိတ်ပြလိုက်သည်။
ချင်မျန်၏စိတ်ထဲမှာတော့ လူလေးက စိတ်လှုပ်ရှားစွာ ခုန်နေတော့သည်။ထို့နောက် သူ တိုက်တွန်းလိုက်၏။
“မြန်မြန်စားလေ”
လဲ့ယ်ထျဲက အလျင်လိုနေသလို အနှေးလည်း မစားနေပေ။ချင်မျန်က သူ့ကို စားဖို့ကူညီပေးချင်တာ တယားယားဖြင့် စိတ်လှုပ်ရှားစွာ ကြည့်နေမိသည်။
Advertisement
လဲယ်ထျဲက သူ့ခေါင်းကို ထိလိုက်သည်။
"အလျင်လိုစရာ မလိုဘူး။"
ချင်မျန်က သူ့လုပ်ရပ်ကို ကန့်ကွက်ဖို့အချိန်မရှိနေပေ။ "ဒါ အရေးတကြီးအချိန်ပဲ!"
ထိုအခါမှ လဲ့ယ်ထျဲက အနည်းငယ် အရှိန်တင်လိုက်သည်။နောက်ဆုံးထမင်းစားပြီးတာနဲ့ အတူတူ အိမ်ပြန်ကြ၏။
နေဝင်ချိန်၌ အလင်းရောင်သည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး မှိန်ဖျော့သော အကြွင်းအကျန် အလင်းရောင်များသာ ကျန်ရစ်နေတော့သည်။တစ်ရွာလုံး မှုန်ဝါးဝါးပင်။အိမ်အချို့က ဆီမီးများထွန်းပြီးနေပြီဖြစ်သည်။မီးရောင်များက လေနှင့်အတူ ရွေ့လျားနေတာကြောင့် ဝင်းတံတိုင်းများ၏အရိပ်များသည်လည်း ၎င်းနှင့်အတူ ယိမ်းနွဲ့နေသည်။
ကျိုးရှီသည် ပန်းကန်နှင့်တူကို ကိုင်လျက် မီးဖိုချောင်ထဲသို့ဝင်သွားသည့် လဲ့ယ်ထျဲကိုမြင်သောအခါ ချင်မျန်ကိုစူးစမ်းကြည့်ရင်း မျက်ခုံးပင့်ကာ ခပ်ချဥ်ချဥ်လေသံဖြင့် ပြုံးကာ ပြောလိုက်သည်။ "ကျွန်မ အကြီးဆုံးမရီးကို မနာလိုဖြစ်မိပါတယ်။အစ်ကိုကြီးက အကြီးဆုံးမရီးကို ထမင်းကျွေးရုံတင်မကဘူး၊စားထားတဲ့ ပန်းကန်အလွတ်ကိုတောင် သွားထားဖို့ ကူညီပေးသေးတယ်။လူတွေကို မနာလိုဖြစ်အောင်လုပ်တာပဲ အိုး!”
အခန်းတွင်းရှိ တုရှီက ချက်ချင်းပင် “အကြီးဆုံးမိသားစုက ဇနီး..နင် ပန်းကန်ဆေးဖို့ အမြန်မလုပ်ဘူးလား။မီးခွက်ဆီက အလကားရနေလို့လား,ဟမ်?"
ချင်မျန်က မကြာခင် သူတို့နဲ့ခွဲခွာပြီး ခွဲနေထိုင်တော့မှာဖြစ်၍ ဘေးဆိုးကျိုးတွေ မလိုချင်တာကြောင့် မီးဖိုချောင်ထဲသို့ဝင်ကာ လရောင်မှိန်မှိန်အောက်တွင် ပန်းကန်များကို ဆေးကြောဖို့လုပ်တော့သည်။ရှေးခေတ်က ဆပ်ပြာတွေမရှိတော့ ပန်းကန်တွေပေါ်က အဆီအညစ်အကြေးတွေကို သန့်စင်ချင်ရင် ရေနွေးကိုပဲ သုံးလို့ရသည်။ရှေးခေတ်မီးဖိုချောင်သုံး မီးဖိုများတွင် ဒယ်အိုးနှစ်ခုပါရှိသောကြောင့် အပြင်ဘက်အကျဆုံးဒယ်အိုးကို ထမင်းနှင့် အသီးအရွက်ကြော်ရန်အတွက် အသုံးပြုရပြီး အတွင်းအကျဆုံးကို ရေဆူရန် တစ်ချိန်တည်းတွင် အသုံးပြုသည်။ချင်မျန်က အတွင်းအိုးအဖုံးကိုဖွင့်ကြည့်တော့ ရေနွေးမရှိသည်ကို တွေ့လိုက်ရသည်။ဘယ်သူသုံးသွားလဲ မသိတဲ့အတွက် ပြန်တည်ရတော့မှာပေါ့။
လဲ့ယ်ထျဲက မီးဖိုရှေ့တွင်ထိုင်ကာ မီးမွှေးဖို့ကူညီပေးလိုက်သည်။
ပန်းကန်တွေဆေးပြီးတဲ့အခါ ပင်မအိမ်က မှောင်နေပြီး တိတ်ဆိတ်နေပြီ ဖြစ်သည်။
လရောင်အောက်မှာ ဆေးကြောပြီး သက်ကယ်အိမ်လေးဆီကို သူတို့ ပြန်သွားကြတော့သည်။
Locust tree
(မြန်မာလို ဘယ်လိုခေါ်လဲတော့မသိဘူး dictionary ထဲမှာ ကျိုင်းပင်လို့ ရေးထားတော့ ကိုယ်လည်း ကျိုင်းပင်လို့ ရေးလိုက်ပါတယ်)
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
[Zawgyi]
Advertisement
"ကိုယ် အဝတ်လျှော်ဘူး"
 "ကျွန်တော် လုပ်မယ်!"
“မြန်မြန်စားလေ”
"အလျင်လိုစရာ မလိုဘူး။"
Locust tree
Advertisement
- In Serial47 Chapters
The Life of a Dungeon
Taken by Zealla, the goddess of dungeons, with a couple hundred other souls to become dungeon cores on the planets she is worshipped on. This is the story of one such person who was soul napped and made into a dungeon core without them knowing. Join them on an adventure of becoming a dungeon and exploring how to actually be a proper dungeon. While also trying to defy Zealla and become what they want to become in their new life.
8 148 - In Serial8 Chapters
The Last Necromancer
Summoned to help the fourteenth's princess Alexia El Pacio to become the next demon lord, Subaru or Argus as character name, agreed to become Alexia El Pacio's subordinate and conquer the demon world!
8 151 - In Serial10 Chapters
I think I love him Cohenmuse.story
If u like Cohen muse this is for you
8 122 - In Serial47 Chapters
Aspects of Nature
There was a time that I was just another ordinary guy living an ordinary life but that all changed the day that I threw myself in front of an oncoming car to save another pedestrian. But to my surprise that wasn't the end. Instead I was given an opportunity to carve out a new life for myself and others on a new world populated by creatures both wonderful and horrifying in a new non-human body. And that wasn't all in this new world I had found myself in people could get stronger by means of interacting with a strange System that had some similarities with the games that I used to play back on Earth and I had to make use of this to survive and create a place where other members of my new species could settle when they arrived. This story uses a System similar to the ones in such stories as 'The Legend of Randidly Ghosthound' and 'The New World' with a few twists of my own added in.
8 121 - In Serial11 Chapters
Retired emperor
the youngest emperor in the world decided that he should retire and live like a normal high school student.
8 271 - In Serial227 Chapters
Past Life Returner
[Would you like to reverse time?] [All stats will be reset.] [Please pick a date.] “February 28th, 1985. The day I was born.” Wealth, I will seize all the money in the world. Monopoly, I will seize all the dungeons in the world. At this time, while the world is still peaceful. Thank you for reading Past Life Returner novel @ ReadWebNovels.net Read Daily Updated Light Novel, Web Novel, Chinese Novel, Japanese And Korean Novel Online.
8 180