《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[8]
Advertisement
[Unicode]
008:မိသားစုရဲ့ပိုင်ဆိုင်မှုတွေကို ခွဲခြမ်းပြီး အိမ်ခွဲနေခြင်း (1)
တုရှီက လဲ့ယ်ထျဲရဲ့ ဘယ်ဘက်ကိုလိုက်လျှင် ချင်မျန်က လဲ့ယ်ထျဲရဲ့ ညာဘက်တွင်ပုန်းပြန်၏။ဝိညာဉ်စမ်းရေကို စတင်သောက်ပြီးကတည်းက သူ့ခန္ဓာကိုယ်က 80%အထိ ပြန်လည်ကောင်းမွန်လာခဲ့ပြီး သန်မာလာရုံသာမက တုံ့ပြန်မှုနှုန်းလည်း မြင့်မားလာသည်။
အစကတည်းက လဲ့ယ်ချွင်းထောင်က အပြင်ကိုထွက်မကြည့်ဘဲ ပြတင်းပေါက်နားမှာ ရပ်နေခဲ့တာပဲ ဖြစ်သည်။ချင်မျန် လဲ့ယ်အိမ်သို့ရောက်ကတည်းက သူက အမြဲမှိုင်းထွေနေပြီး တိတ်ဆိတ်နေခဲ့သည်။ဒါဟာ သူ့ရဲ့ သွက်သွက်လက်လက်ရှိတဲ့ပုံမျိုးကို သူမ ပထမဆုံးတွေ့ဖူးခြင်းပါပဲ။အမေ့ကို တမင်တကာ စနေတဲ့ပုံပေါက်နေတယ်။
တစ်ယောက်က လွယ်လွယ်နဲ့လွတ်သွားတာကို ကြည့်ပြီး နောက်တစ်ယောက်က အသက်မရှူတမ်း လိုက်ဖမ်းနေတာကို ကြည့်ရင်း သူမ ဒေါသမထွက်မိဘဲ ရယ်စရာကောင်းသလို ကူကယ်ရာမဲ့နေသလို ခံစားလိုက်ရသည်။အမေကလည်း ချင်မျန်ကိုခက်ခဲအောင် အမြဲလုပ်ဖို့ ကြိုးစားခဲ့သည်။ယောကျ်ားလေးချွေးမတစ်ယောက်ရှိလို့ စိတ်မသက်မသာဖြစ်နေပေမယ့် ချင်မျန်က မိသားစုဝင်တစ်ယောက်ဖြစ်နေပြီဖြစ်ပြီး ဗေဒင်ဆရာရဲ့စကားကြောင့် မထွက်ခွာနိုင်ခဲ့ပါဘူး။သူတို့သည် မိသားစုဖြစ်သောကြောင့် နေ့တိုင်းရန်ဖြစ်ခြင်းထက် သဟဇာတဖြစ်အောင်နေခြင်းက ပိုကောင်းတယ်မဟုတ်လား?
" ရပ်လိုက်စမ်း!" တုရှီသည် သူ့ကိုနည်းနည်းမှ မျက်နှာသာမပေးသည့်အတွက် မုန်းမိသည်။သူမ ဒေါသထွက်ပြီး သူ့ဆီ ပြေးသွားပေမယ့် ချင်မျန်ကတော့ သူမကို ရှောင်နေဆဲပါပဲ။
လဲ့ယ်ထျဲက ချင်မျန်တစ်ယောက် သွက်သွက်လက်လက်ဖြင့် ထွက်ပြေးနေသည်ကို ကြည့်ရင်း အံ့သြတကြီးနှင့် ပျောက်ကွယ်မသွားမီ သူ့မျက်လုံးထဲတွင် အပြုံးရိပ်များက တလက်လက်တောက်ပနေသည်။သူက သူ့နောက်ကလူကို ကာကွယ်ဖို့ တည့်တည့်မတ်မတ်ရပ်လိုက်ပြီး တုရှီကို ကြည့်ကာ "အမေ... သားကောင်ကို မရောင်းရရင် အဝတ်ဝယ်ဖို့ငွေနှစ်စ ပေးပါ"
တုရှီရဲ့လက်ထဲက ပိုက်ဆံတွေကို ထုတ်ယူရတာက သူ့အသားကို လှီးထုတ်ယူလိုက်ရသလိုပါပဲ။သူမ ရပ်သွားကာ အသက်တစ်ဝရှုလိုက်ရင်း “ပြောရတာ လွယ်တယ်၊ဒါပေမယ့် ပိုက်ဆံ ဘယ်ကနေ ရနိုင်မှာလဲ။မင်းရဲ့ စတုတ္ထမြောက် ညီငယ်လေးက လက်ထပ်ဖို့ အချိန်ရောက်ပြီလေ၊စေ့စပ်လက်ဆောင်တွေ ပြင်ဆင်ပြီးပြီလား။မင်းညီမငယ် ထိမ်းမြားလက်ထပ်ဖို့ ခန်းဝင်ပစ္စည်းတွေပြင်ဆင်ပြီးပြီလား။မင်းရဲ့ ပဉ္စမမြောက်ညီက ကျောင်းအတွက် ပိုက်ဆံသုံးစရာမလိုဘူးတော့လား?လောင်တာ့..အမေ့ကို စာနာပေးပါဦး။"
လဲ့ယ်ထျဲက ထပ်မံပြောသည်။ “ဒီသားကောင်ကို မနက်ဖြန်ရောင်းလိုက်မယ်”
တုရှီကား အထိနာသွားလွန်းလို့ သူမ၏မျက်နှာမှာ မည်းမှောင်လာတော့သည်။
“ဆောင်းဦးရာသီရိတ်သိမ်းမယ့်အချိန်ကျရင် ငါတို့ ဘာလုပ်ကြမလဲ?ထားလိုက်တော့!မင်းလိုချင်ရင် ရောင်းလို့ရတယ်၊ဒါပေမယ့် နောင်အခါမှာ မင်းရဲ့သားကောင်အားလုံးကို ငါ ကိုင်တွယ်ပေးမယ်။"
လဲ့ယ်ထျဲက "နောက်မှပြောကြမယ်"
တုရှီသည်ကား တင်းမာနေသော မျက်နှာထားဖြင့် ဒေါသတကြီး အိမ်ထဲသို့ ၀င်သွားသည်။
လဲ့ယ်ရှန်းရန်က စိတ်ပျက်သွားဟန်ဖြင့်။သူက သမင်သားကို နောက်တစ်ကြိမ် မကြည့်ဘဲ မနေနိုင်တော့ပေ။အတွေးတစ်ခုရပြီးနောက် တုရှီကို လှမ်းဆွဲပြီး ပင်မခန်းထဲသို့ဝင်ကာ တံခါးကို ပိတ်လိုက်သည်။
"မင်းက တစ္ဆေလိုပုန်းအောင်းပြီး ဘာလုပ်နေတာလဲ?" တုရှီက သူ့လက်မောင်းကို ပြင်းပြင်းထန်ထန် ရိုက်ပြီး ပြစ်တင်ဆုံးမလျက် စိုက်ကြည့်နေ၏။
"အမေ..စိတ်အေးအေးထားမယ်ဆိုရင် အမေ့ရဲ့သားကို ထပ်ရိုက်ခွင့်ပေးမယ်" လဲ့ယ်ရှန်းရန်က ပြုံးပြီး လက်မောင်းကို ဆန့်ထုတ်ပေးလိုက်သည်။
တုရှီက သူ့သားကြောင့် ချက်ချင်း ရယ်မောလိုက်ပြီး “မင်း အမေ့နောက်ကို ဘာလိုက်လုပ်တာလဲ?” ဒါကမှ သူမ အရမ်းချစ်ရတဲ့သားဦးဖြစ်ပြီး သူ့ကို တကယ်ထိနာအောင် လုပ်ရက်ပါ့မလဲ?
“အမေ..လက်ဖက်ရည်သောက်” လဲ့ယ်ရှန်းရန်က လက်ဖက်ရည်ခွက်ကိုယူကာ လက်ဖက်ရည်တစ်ခွက်လောင်းထည့်လိုက်သည်။သူမဘေးမှာ ထိုင်ချလိုက်ပြီး အသံကို ကြားသွားမှာ ကြောက်သည့်အလား တိုးတိုးလေးပြောလိုက်သည်။ "တကယ်တော့ ကျွန်တော် အမေ့ကို မေးချင်နေတာကြာပြီ။နဂိုကတည်းက အမေက အစ်ကိုကြီးကို မကြိုက်တဲ့ကိစ္စကို ဘာလို့များ သူ့ကို မဖယ်ခိုင်းဘဲ အဲဒီအတိုင်းထား,ထားတာ ဘာလို့လဲ။အမေ သူ့ကိုမတွေ့ရင် စိတ်ဆိုးဒေါသထွက်ရမှာမဟုတ်ဘူးလေ။"
တကယ်တော့ တုရှီက ချင်မျန်ကို အမြဲတမ်း ပြဿနာတွေရှာနေခဲ့ပြီး အမြဲလိုလို ဆူညံတယ်လို့ ခံစားရသည်။အိမ်ပြန်ရောက်တာနဲ့ အေးအေးဆေးဆေးအနားယူရတဲ့အချိန်ဆိုတာ ရဖို့ခက်လွန်းတယ်။
"အမေ မလုပ်ချင်ဘူးလို့ထင်နေတာလား?" တုရှီက ခံစားချက်တွေ ပြည့်သိပ်စွာ ပြောလိုက်သည်။ “ဒါပေမယ့် အမေတို့မိသားစုမှာ ပိုက်ဆံသုံးဖို့ နေရာတွေအများကြီးရှိတယ်။လောင်တာ့က အလုပ်လုပ်နိုင်ပြီး အမဲလိုက်တဲ့နေရာမှာလည်း ကျွမ်းကျင်တယ်။တကယ်လို့ သူ့ကို အိမ်ပြောင်းခိုင်းလိုက်ရင် မင်း အိမ်က မီးဖိုချောင်အတွက် အလုပ်လုပ်ပေးမှာလား?မင်းညီငယ်နှစ်ယောက်နဲ့ တစ်ဦးတည်းသောညီမအတွက် စရိတ်စကကို မင်းထမ်းပေးမှာလား?"
လဲ့ယ်ရှန်းရန်က လျင်မြန်စွာ ခေါင်းယမ်းလိုက်သည်။ "အမေ့ရဲ့သားက ဒီလောက်ကြီးကျယ်တဲ့ကိစ္စမျိုးကို ဘယ်လိုလုပ်ထမ်းနိုင်မှာလဲ?"
"ဒါ့အပြင် သူက အိမ်ကနေ ဆယ်နှစ်လောက် ဝေးနေခဲ့တာဆိုတော့ သူ့မှာ စုဆောင်းထားတာတွေရှိနိုင်တယ်" တုရှီ၏ လေသံသည် အလွန်ရိုးစင်း၏။သူမ ဂရုမစိုက်သလို ထင်ရသော်လည်း သူမ၏မျက်လုံးများတွင် အနိုင်ရရန် စိတ်ပိုင်းဖြတ်ထားသည့် စိတ်ဓာတ်က ထင်ရှားနေသည်။
လဲ့ယ်ရှန်းရန်က ပျော်ရွှင်သွားခဲ့သော်လည်း နောက်ပိုင်းတွင် အနည်းငယ် မသေချာသလို ခံစားခဲ့ရသည်။ “လောင်တာ့ ပြန်လာတုန်းက အဖေ့ကို ငွေနှစ်ဆယ်ပေးခဲ့တယ်မလား?”
“ဟမ့်... ဆယ်နှစ်အတွင်းမှာ သူ ငွေစနှစ်ဆယ်ပဲ ရခဲ့တယ်ဆိုတာကို မယုံဘူး။တစ်ခါတည်း ငွေစနှစ်ဆယ်ကို ထုတ်ပေးလိုက်တာကို အမေ တွေ့လိုက်ရတယ်” တုရှီသည် လဲ့ယ်ရှန်းရန်၏မျက်လုံးများ လည်နေသည်ကို သတိပြုမိပြီး ထိုအရာအားလုံးကို သူအား ရုတ်တရက် ပြောပြလိုက်မိတာကို သူမ နောင်တရမိသွားသည်။သူမလက်ကို ဝှေ့ယမ်းပြီး မတ်တပ်ထရပ်လိုက်၏။ "ဒါက အမေ့ရဲ့ ခန့်မှန်းချက်ပဲလေ။အဲဒီအကြောင်း မပြောရအောင်။ ညစာ အဆင်သင့်ဖြစ်မဖြစ် သွားကြည့်ကြမယ်။"
Advertisement
ချင်မျန်ကတော့ ညစာစားဖို့ မသွားပေ။တုရှီက သူ့ကို ညစာမကျွေးဘူးပြောထားတဲ့အတွက် သူကလည်း မသွားပေ။မဟုတ်ရင် နောက်ထပ် ရန်ပွဲတစ်ခု ဖြစ်သွားလိမ့်မယ်။သူကတော့ အမျိုးသမီးတစ်ဦးနှင့် နေ့တိုင်းရန်ဖြစ်နေရခြင်းကို အထင်အမြင်သေးမိပြီး သူမအကြောင်းကို တွေးဖို့ ပျင်းလွန်းလှသည်။အဆိုးဆုံးဖြစ်လာရင်တောင် သူ နယ်မြေထဲမှာ သရေစာတချို့ကို တိတ်တိတ်လေး စားနိုင်ပါသေးတယ်။
လူတွေက သူ့ကို ဂရုမစိုက်ကြတဲ့အခါ သူ ခြံထဲကနေ ထွက်လာပြီး အဝေးကို ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။နေဝင်တော့မှာပင်။အနောက်ဘက်ကောင်းကင်က နွေးထွေးပြီးအဝါရောင်တောက်နေ၏။လယ်ကွင်းထဲကလူတွေကလည်း အိမ်ပြန်လာကြတော့မယ်။တစ်ရွာလုံး တိတ်တိတ်ဆိတ်ဆိတ်ရှိကြလိမ့်မယ်။
သူ တွေးဖို့ သင့်တော်တဲ့အချိန်ပဲ : လဲ့ယ်တာချန်နဲ့ တုရှီ သူတို့အိမ်ခွဲနေဖို့အကြောင်းကို ခွင့်ပြုပေးဖို့ သူ ဘယ်လို စရမလဲ?
လမ်းမှာ တစ်ယောက်မှ မရှိတော့ပေ။ချင်မျန်က မဆိုင်းမတွ လမ်းဘေးတလျှောက် ပြေးလာခဲ့သည်။ခပ်ဝေးဝေးပြေးပြီးမှ ပြန်လှည့်ပြေးပြန်သည်။အဲဒီအကြောင်းကို တွေးရင်းနဲ့ လေ့ကျင့်ခန်းလုပ်နေတော့၏။တစ်နေ့ကို နာရီဝက်လောက် ပြေးတာတို့ အိပ်ထမတင် နာရီဝက်လောက် လေ့ကျင့်ခန်းလုပ်တာက ခန္ဓာကိုယ်ကို သန်မာစေတယ်လေ။ဒီခန္ဓာကိုယ်က အသက် ၁၂ နှစ်သာ ရှိသေးတယ်လို့ အမြဲထင်ခဲ့သော်လည်း နောက်ပိုင်းတွင် အမှန်တကယ် ၁၄ နှစ်ရှိနေပြီဖြစ်ကြောင်း သူသိခဲ့သည်။အသက် 14 နှစ်မှာ အရပ် 1.3 မီတာသာရှိတာကြောင့် အခု ပုညှက်တယ်လို့ ပြောရမယ်။ကံကောင်းထောက်မစွာ သူသည် ငယ်ရွယ်ပြီး ပြင်ဆင်ရန် အချိန်အလုံအလောက်ရှိနေသေးတာပဲ။
ချင်မျန်တစ်ယောက် အေးအေးဆေးဆေး ခွဲခြမ်းစိတ်ဖြာနေလိုက်သည်။လဲ့ယ်တာ့ချန်က အိမ်ထောင်ဦးစီးဖြစ်သော်လည်း သူက ပြင်ပအလုပ်များကိုသာ အာရုံစိုက်ပြီး အခြားအရာများကို အခြေခံအားဖြင့် တုရှီက စီမံခန့်ခွဲသည်။ဒါကြောင့် ရုန်းထွက်ဖို့ သော့ချက်က တုရှီပဲ။တုရှီက လဲ့ယ်ထျဲအပေါ် ခံစားချက်မရှိခဲ့သည်မှာ သံသယမရှိပေ။တုရှီသည်လည်း လဲ့ယ်ထျဲကို ဤမိသားစုကနေ ခွဲထုတ်စေလိုကြောင်း ချင်မျန် သေချာသိသည်။ရွာသားတွေရဲ့ အတင်းအဖျင်းပြောခံရမှာကို ကြောက်တာအပြင် သူမ,မလုပ်ရတဲ့ တခြားအကြောင်းရင်းတွေလည်း ရှိရမယ်။
ချင်မျန်နဲ့ အခုအချိန်အထိ မဆုံဖူးသေးတဲ့ လဲ့ယ်ရှန်းကျစ်ကလွဲရင် လဲ့ယ်မိသားစုမှာ လဲ့ယ်ထျဲက ညီအကို လေးယောက်ထဲအရပ်အရှည်ဆုံးနဲ့ အသန်ဆုံးပဲ။စားသောက်ဖို့အတွက် ကာယခွန်အားကို အားကိုးသည့်တောင်သူလယ်သမားများအတွက် သူက သန်မာပြီး အလကားရသည့် အလုပ်သမားအင်အားပဲ။
ထို့အပြင် ပိုက်ဆံလည်း ရသေးတယ်။
ချင်မျန်က တုရှီ၏ပြောစကားမှ ယင်းအချက်ကို သုံးသပ်ခဲ့တာပဲ - အနာဂတ်မှာ မင်းရမယ့် သားကောင်အားလုံးကို ငါကိုင်တွယ်ဖြေရှင်းမယ် ဆိုတာကိုပေါ့။ချင်မျန်က သမင်ကိုမြင်လိုက်ရတာပဲလေ။ မြှားက သမင်ရဲ့လည်ပင်းကို ထိမှန်ပြီး တစ်ချက်တည်းနှင့် သေဆုံးသွားခဲ့တာ။ဒါကို ကြည့်ရုံနဲ့ လဲ့ယ်ထျဲရဲ့ မြှားပစ်စွမ်းရည်က စနစ်ကျပြီး အလွန်ကောင်းမွန်တယ်။အခုမှစပြီး ဆောင်းဦးရိတ်သိမ်းချိန်အထိ သားကောင်ရမည့် အရေအတွက်က လျော့နည်းသွားမှာမဟုတ်ဘူး။ခေတ်လွန်ဖြစ်စေ၊ရှေးခေတ်ကဖြစ်စေ အသားက ဈေးမသက်သာလေဘူး။ရောင်းလိုက်ရင် ပိုက်ဆံအများကြီးရမှာပဲ။တုရှီက ဒါတွေအားလုံးကို ပိုက်ဆံအတွက်မဟုတ်ဘဲ သူ့လက်ထဲမှာ သိမ်းထားချင်ခဲ့တယ်။
ဘာလို့လဲ?ဒါ့အပြင် လဲ့ယ်မိသားစုမှာ အိမ်ထောင်မကျသေးတဲ့သားသမီး သုံးဦးရှိသေးတယ်။အထူးသဖြင့် ရှေးခေတ်မှာ စေ့စပ်လက်ဆောင်များနှင့် ခန်းဝင်ပစ္စည်းကို အမြဲတန်ဖိုးထားခဲ့ကြတာ။စေ့စပ်လက်ဆောင်တွေ ချို့တဲ့နေတဲ့ မိသားစုကို ဘယ်မိသားစုကမိန်းကလေးက လက်ထပ်ဖို့ ဆန္ဒရှိပါ့မလား? ခန်းဝင်ပစ္စည်းမရှိလို့ ကောင်မလေးက ယောက္ခမအိမ်သွားတဲ့အခါ ယုံကြည်မှုမရှိတော့ဘူး။သူမကို သူများတွေက နှိမ့်ချဆက်ဆံကြလိမ့်မယ်။
ထို့ကြောင့် ချင်မျန်၏ခွဲခြမ်းစိတ်ဖြာချက်အရ တုရှီသည် လဲ့ယ်ထျဲဆီမှ လဲ့ယ်ရှန်းလီ၊လဲ့ယ်ရှန်းကျစ် နှင့် လဲ့ယ်ချွင်းထောင်တို့အတွက် အတတ်နိုင်ဆုံး ငွေရှာလိုကြောင်းသိခဲ့သည်။လဲ့ယ်ထျဲက ပိုပေးလေ သူမက လျှော့ပေးလေပဲ။ကောင်းလိုက်တဲ့ အစီအစဥ်!
တုရှီက မိသားစုပိုင်ဆိုင်မှုကို ခွဲဝေပေးပြီး အိမ်ခွဲနေထိုင်ခိုင်းဖို့အတွက် နည်းလမ်းများစွာရှိနိုင်ပါတယ်။
ချင်မျန်၏ဦးနှောက်သည် လျင်မြန်စွာ လည်ပတ်နေချိန်တွင် သူ့လက်ကောက်ဝတ်သည် ရုတ်တရက် တင်းတင်းဆုပ်ကိုင်ခံလိုက်ရပြီး သူ့နားထဲတွင် အသံနက်ကြီးတစ်ခုကို ကြားလိုက်ရသည်။
"မင်း ဘယ်သွားမလို့လဲ?"
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
[Zawgyi]
008:မိသားစုရဲ႕ပိုင္ဆိုင္မႈေတြကို ခြဲျခမ္းၿပီး အိမ္ခြဲေနျခင္း (1)
တု႐ွီက လဲ့ယ္ထ်ဲရဲ႕ ဘယ္ဘက္ကိုလိုက္လွ်င္ ခ်င္မ်န္က လဲ့ယ္ထ်ဲရဲ႕ ညာဘက္တြင္ပုန္းျပန္၏။ဝိညာဥ္စမ္းေရကို စတင္ေသာက္ၿပီးကတည္းက သူ႕ခႏၶာကိုယ္က 80%အထိ ျပန္လည္ေကာင္းမြန္လာခဲ့ၿပီး သန္မာလာ႐ုံသာမက တုံ႔ျပန္မႈႏႈန္းလည္း ျမင့္မားလာသည္။
အစကတည္းက လဲ့ယ္ခြၽင္းေထာင္က အျပင္ကိုထြက္မၾကည့္ဘဲ ျပတင္းေပါက္နားမွာ ရပ္ေနခဲ့တာပဲ ျဖစ္သည္။ခ်င္မ်န္ လဲ့ယ္အိမ္သို႔ေရာက္ကတည္းက သူက အၿမဲမိႈင္းေထြေနၿပီး တိတ္ဆိတ္ေနခဲ့သည္။ဒါဟာ သူ႕ရဲ႕ သြက္သြက္လက္လက္႐ွိတဲ့ပုံမ်ိဳးကို သူမ ပထမဆုံးေတြ႕ဖူးျခင္းပါပဲ။အေမ့ကို တမင္တကာ စေနတဲ့ပုံေပါက္ေနတယ္။
တစ္ေယာက္က လြယ္လြယ္နဲ႔လြတ္သြားတာကို ၾကည့္ၿပီး ေနာက္တစ္ေယာက္က အသက္မ႐ွဴတမ္း လိုက္ဖမ္းေနတာကို ၾကည့္ရင္း သူမ ေဒါသမထြက္မိဘဲ ရယ္စရာေကာင္းသလို ကူကယ္ရာမဲ့ေနသလို ခံစားလိုက္ရသည္။အေမကလည္း ခ်င္မ်န္ကိုခက္ခဲေအာင္ အၿမဲလုပ္ဖို႔ ႀကိဳးစားခဲ့သည္။ေယာက်္ားေလးေခြၽးမတစ္ေယာက္႐ွိလို႔ စိတ္မသက္မသာျဖစ္ေနေပမယ့္ ခ်င္မ်န္က မိသားစုဝင္တစ္ေယာက္ျဖစ္ေနၿပီျဖစ္ၿပီး ေဗဒင္ဆရာရဲ႕စကားေၾကာင့္ မထြက္ခြာႏိုင္ခဲ့ပါဘူး။သူတို႔သည္ မိသားစုျဖစ္ေသာေၾကာင့္ ေန႔တိုင္းရန္ျဖစ္ျခင္းထက္ သဟဇာတျဖစ္ေအာင္ေနျခင္းက ပိုေကာင္းတယ္မဟုတ္လား?
" ရပ္လိုက္စမ္း!" တု႐ွီသည္ သူ႕ကိုနည္းနည္းမွ မ်က္ႏွာသာမေပးသည့္အတြက္ မုန္းမိသည္။သူမ ေဒါသထြက္ၿပီး သူ႕ဆီ ေျပးသြားေပမယ့္ ခ်င္မ်န္ကေတာ့ သူမကို ေ႐ွာင္ေနဆဲပါပဲ။
လဲ့ယ္ထ်ဲက ခ်င္မ်န္တစ္ေယာက္ သြက္သြက္လက္လက္ျဖင့္ ထြက္ေျပးေနသည္ကို ၾကည့္ရင္း အံ့ၾသတႀကီးႏွင့္ ေပ်ာက္ကြယ္မသြားမီ သူ႕မ်က္လုံးထဲတြင္ အျပဳံးရိပ္မ်ားက တလက္လက္ေတာက္ပေနသည္။သူက သူ႕ေနာက္ကလူကို ကာကြယ္ဖို႔ တည့္တည့္မတ္မတ္ရပ္လိုက္ၿပီး တု႐ွီကို ၾကည့္ကာ "အေမ... သားေကာင္ကို မေရာင္းရရင္ အဝတ္ဝယ္ဖို႔ေငြႏွစ္စ ေပးပါ"
Advertisement
တု႐ွီရဲ႕လက္ထဲက ပိုက္ဆံေတြကို ထုတ္ယူရတာက သူ႕အသားကို လွီးထုတ္ယူလိုက္ရသလိုပါပဲ။သူမ ရပ္သြားကာ အသက္တစ္ဝ႐ႈလိုက္ရင္း “ေျပာရတာ လြယ္တယ္၊ဒါေပမယ့္ ပိုက္ဆံ ဘယ္ကေန ရႏိုင္မွာလဲ။မင္းရဲ႕ စတုတၳေျမာက္ ညီငယ္ေလးက လက္ထပ္ဖို႔ အခ်ိန္ေရာက္ၿပီေလ၊ေစ့စပ္လက္ေဆာင္ေတြ ျပင္ဆင္ၿပီးၿပီလား။မင္းညီမငယ္ ထိမ္းျမားလက္ထပ္ဖို႔ ခန္းဝင္ပစၥည္းေတြျပင္ဆင္ၿပီးၿပီလား။မင္းရဲ႕ ပၪၥမေျမာက္ညီက ေက်ာင္းအတြက္ ပိုက္ဆံသုံးစရာမလိုဘူးေတာ့လား?ေလာင္တာ့..အေမ့ကို စာနာေပးပါဦး။"
လဲ့ယ္ထ်ဲက ထပ္မံေျပာသည္။ “ဒီသားေကာင္ကို မနက္ျဖန္ေရာင္းလိုက္မယ္”
တု႐ွီကား အထိနာသြားလြန္းလို႔ သူမ၏မ်က္ႏွာမွာ မည္းေမွာင္လာေတာ့သည္။
“ေဆာင္းဦးရာသီရိတ္သိမ္းမယ့္အခ်ိန္က်ရင္ ငါတို႔ ဘာလုပ္ၾကမလဲ?ထားလိုက္ေတာ့!မင္းလိုခ်င္ရင္ ေရာင္းလို႔ရတယ္၊ဒါေပမယ့္ ေနာင္အခါမွာ မင္းရဲ႕သားေကာင္အားလုံးကို ငါ ကိုင္တြယ္ေပးမယ္။"
လဲ့ယ္ထ်ဲက "ေနာက္မွေျပာၾကမယ္"
တု႐ွီသည္ကား တင္းမာေနေသာ မ်က္ႏွာထားျဖင့္ ေဒါသတႀကီး အိမ္ထဲသို႔ ၀င္သြားသည္။
လဲ့ယ္႐ွန္းရန္က စိတ္ပ်က္သြားဟန္ျဖင့္။သူက သမင္သားကို ေနာက္တစ္ႀကိမ္ မၾကည့္ဘဲ မေနႏိုင္ေတာ့ေပ။အေတြးတစ္ခုရၿပီးေနာက္ တု႐ွီကို လွမ္းဆြဲၿပီး ပင္မခန္းထဲသို႔ဝင္ကာ တံခါးကို ပိတ္လိုက္သည္။
"မင္းက တေစၧလိုပုန္းေအာင္းၿပီး ဘာလုပ္ေနတာလဲ?" တု႐ွီက သူ႕လက္ေမာင္းကို ျပင္းျပင္းထန္ထန္ ႐ိုက္ၿပီး ျပစ္တင္ဆုံးမလ်က္ စိုက္ၾကည့္ေန၏။
"အေမ..စိတ္ေအးေအးထားမယ္ဆိုရင္ အေမ့ရဲ႕သားကို ထပ္႐ိုက္ခြင့္ေပးမယ္" လဲ့ယ္႐ွန္းရန္က ျပဳံးၿပီး လက္ေမာင္းကို ဆန္႔ထုတ္ေပးလိုက္သည္။
တု႐ွီက သူ႕သားေၾကာင့္ ခ်က္ခ်င္း ရယ္ေမာလိုက္ၿပီး “မင္း အေမ့ေနာက္ကို ဘာလိုက္လုပ္တာလဲ?” ဒါကမွ သူမ အရမ္းခ်စ္ရတဲ့သားဦးျဖစ္ၿပီး သူ႕ကို တကယ္ထိနာေအာင္ လုပ္ရက္ပါ့မလဲ?
“အေမ..လက္ဖက္ရည္ေသာက္” လဲ့ယ္႐ွန္းရန္က လက္ဖက္ရည္ခြက္ကိုယူကာ လက္ဖက္ရည္တစ္ခြက္ေလာင္းထည့္လိုက္သည္။သူမေဘးမွာ ထိုင္ခ်လိုက္ၿပီး အသံကို ၾကားသြားမွာ ေၾကာက္သည့္အလား တိုးတိုးေလးေျပာလိုက္သည္။ "တကယ္ေတာ့ ကြၽန္ေတာ္ အေမ့ကို ေမးခ်င္ေနတာၾကာၿပီ။နဂိုကတည္းက အေမက အစ္ကိုႀကီးကို မႀကိဳက္တဲ့ကိစၥကို ဘာလို႔မ်ား သူ႕ကို မဖယ္ခိုင္းဘဲ အဲဒီအတိုင္းထား,ထားတာ ဘာလို႔လဲ။အေမ သူ႕ကိုမေတြ႕ရင္ စိတ္ဆိုးေဒါသထြက္ရမွာမဟုတ္ဘူးေလ။"
တကယ္ေတာ့ တု႐ွီက ခ်င္မ်န္ကို အၿမဲတမ္း ျပႆနာေတြ႐ွာေနခဲ့ၿပီး အၿမဲလိုလို ဆူညံတယ္လို႔ ခံစားရသည္။အိမ္ျပန္ေရာက္တာနဲ႔ ေအးေအးေဆးေဆးအနားယူရတဲ့အခ်ိန္ဆိုတာ ရဖို႔ခက္လြန္းတယ္။
"အေမ မလုပ္ခ်င္ဘူးလို႔ထင္ေနတာလား?" တု႐ွီက ခံစားခ်က္ေတြ ျပည့္သိပ္စြာ ေျပာလိုက္သည္။ “ဒါေပမယ့္ အေမတို႔မိသားစုမွာ ပိုက္ဆံသုံးဖို႔ ေနရာေတြအမ်ားႀကီး႐ွိတယ္။ေလာင္တာ့က အလုပ္လုပ္ႏိုင္ၿပီး အမဲလိုက္တဲ့ေနရာမွာလည္း ကြၽမ္းက်င္တယ္။တကယ္လို႔ သူ႕ကို အိမ္ေျပာင္းခိုင္းလိုက္ရင္ မင္း အိမ္က မီးဖိုေခ်ာင္အတြက္ အလုပ္လုပ္ေပးမွာလား?မင္းညီငယ္ႏွစ္ေယာက္နဲ႔ တစ္ဦးတည္းေသာညီမအတြက္ စရိတ္စကကို မင္းထမ္းေပးမွာလား?"
လဲ့ယ္႐ွန္းရန္က လ်င္ျမန္စြာ ေခါင္းယမ္းလိုက္သည္။ "အေမ့ရဲ႕သားက ဒီေလာက္ႀကီးက်ယ္တဲ့ကိစၥမ်ိဳးကို ဘယ္လိုလုပ္ထမ္းႏိုင္မွာလဲ?"
"ဒါ့အျပင္ သူက အိမ္ကေန ဆယ္ႏွစ္ေလာက္ ေဝးေနခဲ့တာဆိုေတာ့ သူ႕မွာ စုေဆာင္းထားတာေတြ႐ွိႏိုင္တယ္" တု႐ွီ၏ ေလသံသည္ အလြန္႐ိုးစင္း၏။သူမ ဂ႐ုမစိုက္သလို ထင္ရေသာ္လည္း သူမ၏မ်က္လုံးမ်ားတြင္ အႏိုင္ရရန္ စိတ္ပိုင္းျဖတ္ထားသည့္ စိတ္ဓာတ္က ထင္႐ွားေနသည္။
လဲ့ယ္႐ွန္းရန္က ေပ်ာ္႐ႊင္သြားခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ အနည္းငယ္ မေသခ်ာသလို ခံစားခဲ့ရသည္။ “ေလာင္တာ့ ျပန္လာတုန္းက အေဖ့ကို ေငြႏွစ္ဆယ္ေပးခဲ့တယ္မလား?”
“ဟမ့္... ဆယ္ႏွစ္အတြင္းမွာ သူ ေငြစႏွစ္ဆယ္ပဲ ရခဲ့တယ္ဆိုတာကို မယုံဘူး။တစ္ခါတည္း ေငြစႏွစ္ဆယ္ကို ထုတ္ေပးလိုက္တာကို အေမ ေတြ႕လိုက္ရတယ္” တု႐ွီသည္ လဲ့ယ္႐ွန္းရန္၏မ်က္လုံးမ်ား လည္ေနသည္ကို သတိျပဳမိၿပီး ထိုအရာအားလုံးကို သူအား ႐ုတ္တရက္ ေျပာျပလိုက္မိတာကို သူမ ေနာင္တရမိသြားသည္။သူမလက္ကို ေဝွ႔ယမ္းၿပီး မတ္တပ္ထရပ္လိုက္၏။ "ဒါက အေမ့ရဲ႕ ခန္႔မွန္းခ်က္ပဲေလ။အဲဒီအေၾကာင္း မေျပာရေအာင္။ ညစာ အဆင္သင့္ျဖစ္မျဖစ္ သြားၾကည့္ၾကမယ္။"
ခ်င္မ်န္ကေတာ့ ညစာစားဖို႔ မသြားေပ။တု႐ွီက သူ႕ကို ညစာမေကြၽးဘူးေျပာထားတဲ့အတြက္ သူကလည္း မသြားေပ။မဟုတ္ရင္ ေနာက္ထပ္ ရန္ပြဲတစ္ခု ျဖစ္သြားလိမ့္မယ္။သူကေတာ့ အမ်ိဳးသမီးတစ္ဦးႏွင့္ ေန႔တိုင္းရန္ျဖစ္ေနရျခင္းကို အထင္အျမင္ေသးမိၿပီး သူမအေၾကာင္းကို ေတြးဖို႔ ပ်င္းလြန္းလွသည္။အဆိုးဆုံးျဖစ္လာရင္ေတာင္ သူ နယ္ေျမထဲမွာ သေရစာတခ်ိဳ႕ကို တိတ္တိတ္ေလး စားႏိုင္ပါေသးတယ္။
လူေတြက သူ႕ကို ဂ႐ုမစိုက္ၾကတဲ့အခါ သူ ျခံထဲကေန ထြက္လာၿပီး အေဝးကို ျဖည္းညႇင္းစြာ ေလွ်ာက္သြားလိုက္သည္။ေနဝင္ေတာ့မွာပင္။အေနာက္ဘက္ေကာင္းကင္က ေႏြးေထြးၿပီးအဝါေရာင္ေတာက္ေန၏။လယ္ကြင္းထဲကလူေတြကလည္း အိမ္ျပန္လာၾကေတာ့မယ္။တစ္႐ြာလုံး တိတ္တိတ္ဆိတ္ဆိတ္႐ွိၾကလိမ့္မယ္။
သူ ေတြးဖို႔ သင့္ေတာ္တဲ့အခ်ိန္ပဲ : လဲ့ယ္တာခ်န္နဲ႔ တု႐ွီ သူတို႔အိမ္ခြဲေနဖို႔အေၾကာင္းကို ခြင့္ျပဳေပးဖို႔ သူ ဘယ္လို စရမလဲ?
လမ္းမွာ တစ္ေယာက္မွ မ႐ွိေတာ့ေပ။ခ်င္မ်န္က မဆိုင္းမတြ လမ္းေဘးတေလွ်ာက္ ေျပးလာခဲ့သည္။ခပ္ေဝးေဝးေျပးၿပီးမွ ျပန္လွည့္ေျပးျပန္သည္။အဲဒီအေၾကာင္းကို ေတြးရင္းနဲ႔ ေလ့က်င့္ခန္းလုပ္ေနေတာ့၏။တစ္ေန႔ကို နာရီဝက္ေလာက္ ေျပးတာတို႔ အိပ္ထမတင္ နာရီဝက္ေလာက္ ေလ့က်င့္ခန္းလုပ္တာက ခႏၶာကိုယ္ကို သန္မာေစတယ္ေလ။ဒီခႏၶာကိုယ္က အသက္ ၁၂ ႏွစ္သာ ႐ွိေသးတယ္လို႔ အၿမဲထင္ခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ အမွန္တကယ္ ၁၄ ႏွစ္႐ွိေနၿပီျဖစ္ေၾကာင္း သူသိခဲ့သည္။အသက္ 14 ႏွစ္မွာ အရပ္ 1.3 မီတာသာ႐ွိတာေၾကာင့္ အခု ပုညႇက္တယ္လို႔ ေျပာရမယ္။ကံေကာင္းေထာက္မစြာ သူသည္ ငယ္႐ြယ္ၿပီး ျပင္ဆင္ရန္ အခ်ိန္အလုံအေလာက္႐ွိေနေသးတာပဲ။
ခ်င္မ်န္တစ္ေယာက္ ေအးေအးေဆးေဆး ခြဲျခမ္းစိတ္ျဖာေနလိုက္သည္။လဲ့ယ္တာ့ခ်န္က အိမ္ေထာင္ဦးစီးျဖစ္ေသာ္လည္း သူက ျပင္ပအလုပ္မ်ားကိုသာ အာ႐ုံစိုက္ၿပီး အျခားအရာမ်ားကို အေျခခံအားျဖင့္ တု႐ွီက စီမံခန္႔ခြဲသည္။ဒါေၾကာင့္ ႐ုန္းထြက္ဖို႔ ေသာ့ခ်က္က တု႐ွီပဲ။တု႐ွီက လဲ့ယ္ထ်ဲအေပၚ ခံစားခ်က္မ႐ွိခဲ့သည္မွာ သံသယမ႐ွိေပ။တု႐ွီသည္လည္း လဲ့ယ္ထ်ဲကို ဤမိသားစုကေန ခြဲထုတ္ေစလိုေၾကာင္း ခ်င္မ်န္ ေသခ်ာသိသည္။႐ြာသားေတြရဲ႕ အတင္းအဖ်င္းေျပာခံရမွာကို ေၾကာက္တာအျပင္ သူမ,မလုပ္ရတဲ့ တျခားအေၾကာင္းရင္းေတြလည္း ႐ွိရမယ္။
ခ်င္မ်န္နဲ႔ အခုအခ်ိန္အထိ မဆုံဖူးေသးတဲ့ လဲ့ယ္႐ွန္းက်စ္ကလြဲရင္ လဲ့ယ္မိသားစုမွာ လဲ့ယ္ထ်ဲက ညီအကို ေလးေယာက္ထဲအရပ္အ႐ွည္ဆုံးနဲ႔ အသန္ဆုံးပဲ။စားေသာက္ဖို႔အတြက္ ကာယခြန္အားကို အားကိုးသည့္ေတာင္သူလယ္သမားမ်ားအတြက္ သူက သန္မာၿပီး အလကားရသည့္ အလုပ္သမားအင္အားပဲ။
ထို႔အျပင္ ပိုက္ဆံလည္း ရေသးတယ္။
ခ်င္မ်န္က တု႐ွီ၏ေျပာစကားမွ ယင္းအခ်က္ကို သုံးသပ္ခဲ့တာပဲ - အနာဂတ္မွာ မင္းရမယ့္ သားေကာင္အားလုံးကို ငါကိုင္တြယ္ေျဖ႐ွင္းမယ္ ဆိုတာကိုေပါ့။ခ်င္မ်န္က သမင္ကိုျမင္လိုက္ရတာပဲေလ။ ျမႇားက သမင္ရဲ႕လည္ပင္းကို ထိမွန္ၿပီး တစ္ခ်က္တည္းႏွင့္ ေသဆုံးသြားခဲ့တာ။ဒါကို ၾကည့္႐ုံနဲ႔ လဲ့ယ္ထ်ဲရဲ႕ ျမႇားပစ္စြမ္းရည္က စနစ္က်ၿပီး အလြန္ေကာင္းမြန္တယ္။အခုမွစၿပီး ေဆာင္းဦးရိတ္သိမ္းခ်ိန္အထိ သားေကာင္ရမည့္ အေရအတြက္က ေလ်ာ့နည္းသြားမွာမဟုတ္ဘူး။ေခတ္လြန္ျဖစ္ေစ၊ေ႐ွးေခတ္ကျဖစ္ေစ အသားက ေဈးမသက္သာေလဘူး။ေရာင္းလိုက္ရင္ ပိုက္ဆံအမ်ားႀကီးရမွာပဲ။တု႐ွီက ဒါေတြအားလုံးကို ပိုက္ဆံအတြက္မဟုတ္ဘဲ သူ႕လက္ထဲမွာ သိမ္းထားခ်င္ခဲ့တယ္။
ဘာလို႔လဲ?ဒါ့အျပင္ လဲ့ယ္မိသားစုမွာ အိမ္ေထာင္မက်ေသးတဲ့သားသမီး သုံးဦး႐ွိေသးတယ္။အထူးသျဖင့္ ေ႐ွးေခတ္မွာ ေစ့စပ္လက္ေဆာင္မ်ားႏွင့္ ခန္းဝင္ပစၥည္းကို အၿမဲတန္ဖိုးထားခဲ့ၾကတာ။ေစ့စပ္လက္ေဆာင္ေတြ ခ်ိဳ႕တဲ့ေနတဲ့ မိသားစုကို ဘယ္မိသားစုကမိန္းကေလးက လက္ထပ္ဖို႔ ဆႏၵ႐ွိပါ့မလား? ခန္းဝင္ပစၥည္းမ႐ွိလို႔ ေကာင္မေလးက ေယာကၡမအိမ္သြားတဲ့အခါ ယုံၾကည္မႈမ႐ွိေတာ့ဘူး။သူမကို သူမ်ားေတြက ႏွိမ့္ခ်ဆက္ဆံၾကလိမ့္မယ္။
ထို႔ေၾကာင့္ ခ်င္မ်န္၏ခြဲျခမ္းစိတ္ျဖာခ်က္အရ တု႐ွီသည္ လဲ့ယ္ထ်ဲဆီမွ လဲ့ယ္႐ွန္းလီ၊လဲ့ယ္႐ွန္းက်စ္ ႏွင့္ လဲ့ယ္ခြၽင္းေထာင္တို႔အတြက္ အတတ္ႏိုင္ဆုံး ေငြ႐ွာလိုေၾကာင္းသိခဲ့သည္။လဲ့ယ္ထ်ဲက ပိုေပးေလ သူမက ေလွ်ာ့ေပးေလပဲ။ေကာင္းလိုက္တဲ့ အစီအစဥ္!
တု႐ွီက မိသားစုပိုင္ဆိုင္မႈကို ခြဲေဝေပးၿပီး အိမ္ခြဲေနထိုင္ခိုင္းဖို႔အတြက္ နည္းလမ္းမ်ားစြာ႐ွိႏိုင္ပါတယ္။
ခ်င္မ်န္၏ဦးေႏွာက္သည္ လ်င္ျမန္စြာ လည္ပတ္ေနခ်ိန္တြင္ သူ႕လက္ေကာက္ဝတ္သည္ ႐ုတ္တရက္ တင္းတင္းဆုပ္ကိုင္ခံလိုက္ရၿပီး သူ႕နားထဲတြင္ အသံနက္ႀကီးတစ္ခုကို ၾကားလိုက္ရသည္။
"မင္း ဘယ္သြားမလို႔လဲ?"
Advertisement
- In Serial36 Chapters
Child of Terra
The child of an Ageless, who is a God amongst Gods, is a cheerful young boy named Nox. Who lives with his family within a castle surrounded by a land of perpetual night with only a lonely moon to brighten the world around them. Though not allowed to venture outwards without an escort of some sort, he is confined to the castle and his own play room. Where he, along with his three friends who visit often, are able to have many adventures all through their imaginations. Whether it be climbing a mountain of dangerous pillows, or simply hiding from monstrous nannies who only desire to bathe and put them to bed. All of this, and more, is what keeps the young children entertained as they slowly learn about the world around them.______________________________________________________________________________________________Chapters will be released every weekday unless I have time on the weekends, and all posts will contain around 1500 words or more.Special thanks to Christian Bentulan for designing the cover art for the book.https://www.facebook.com/coversbychristian/
8 453 - In Serial12 Chapters
I am My Own Disciple
Synopsis: Lu Bai Xiong one of most powerful martial artists in the land of Shu Han. As he nears the end of his unnaturally long life he contemplates a way to lay down a legacy and give back his martial arts. Out of pride and joy he builds a labyrinthian tomb filled with treasures he's collected in his life. He passes away in peace at the thought of the adventures and training people will come from far and wide to do within his tomb. He awakens again as Ju Ping--an infant of a branch family of his Xiong Clan. 80 years has passed, and while his family has flourished the tomb lays all but forgotten. Most distressingly, the style he spent his life perfecting has been discarded and is no longer even taught. The heavens have given him a second life and if 80 years hasn't produced a successor for himself, he may just need to do some tombrobbing himself.
8 155 - In Serial13 Chapters
Strange Convergences
Seemingly disparate events transpire in one world, the same world, different worlds. Seers, psychopaths, paragons, all acting according to the truths they perceive. Who are these people, and why do they matter? They're trying to answer that question themselves. Strange Convergences is a series of short stories revolving around multiple protagonists, simple and complex, kind or devious, who might be seeing another world, or who might be in the real one. Some stories will contain mild horror themes. Pertinent content warnings will be enumerated at the top of each story as needed. "roots (racines)" by PATRICE OUELLET is licensed with CC BY-NC-ND 2.0. To view a copy of this license, visit https://creativecommons.org/licenses/by-nc-nd/2.0/
8 118 - In Serial418 Chapters
Into The Portal: Monster Invasion
Disclaimer: This is a work of fiction. Names, characters, business, events and incidents are the products of the author’s imagination. Any resemblance to actual persons, living or dead, or actual events is purely coincidental. https://www.patreon.com/GodonAHill Discord: https://discord.gg/dNNYQSEuRE Despair loomed over the globe. All resources were exhausted, and hope was all lost. When three-player chess that will decide the lives of billions of people was at its zenith, a portal appeared in the sky. Monsters, bigger than the biggest animal, harder than the hardest metal poured out of the abyss... Putting aside their differences, humanity united to fight against their common enemy. But the weapons were ineffective. The most powerful weapons of science could not do even the slightest bit of damage to monsters. While desperation reigned, science prevailed, and laser weapons were born. The first blood was spilled... The first monster was killed! However, it wasn't laser weapons that allowed humanity to win the war, but a piece of orb found in the monster's brain. When supplied with electricity, the orbs would turn into pre-determined objects. These orbs turned into weapons that could damage monsters, and the more monsters were killed, the more weapons were found. With the newly looted weapons and the determination of humanity to get rid of this disease, the monsters were pushed back. At that moment, a messenger flew from the portal in his radiant form. An Artificial Intelligence produced by the native race living in the Portal World... Called Mother AI by humans, this object used the miracles of the alien world to help humanity close the portal. With these miracles, humans awakened superpowers to fight against monsters. An unfortunate teenager, Miles Cross, was born with dormant Ancient Genes and failed to awaken his superpower. Instead, he used every means to get stronger...
8 1260 - In Serial21 Chapters
Common Ground ⇥ Bellamy Blake
❝People do dumb things when they're hurt.❞She was forced to come down. He came down voluntarily. When they meet, everything they've ever known will be torn apart. ( bellamy blake x oc)( season 1 )( discontinued )
8 119 - In Serial34 Chapters
The Island Princess (Edmund Pevensie x Reader)
EDMUND X READER"Edmund, I... I like you" I confessed. Fiddling with my fingers. My eyes were looking at everything. Anything. Anything but him. "I just wanted to know how... how you feel... what you feel about... me. Us."It was silent for a few moments. I finally looked at him to find out why he was so quiet.The moment my eyes landed on his face, I was able to see his expression. He had the biggest smile and his cheeks were red. Like red red."Y/N," He said my name. That alone made me feel butterflies. He chuckled, "You really are clueless."Edmund stood up and took my hands. He stood me up gently. We were now standing in front of each other with the sunset behind us, hitting the right features. Our eyes were fixated on each other."This whole time," he said, "did you not even have one passing thought that I maybe have liked you too?"I blushed. Redder than cherries."I never got to think about it" I answered. "Why?""Because," he said as he cupped my chin gently, "I like you too."You, move into a new town in England and meet the four Pevensies. You accidentally enter an enchanting new world you've never been to.ALL CHARACTERS BELONG TO DISNEY. I DONT KNOW HOW THIS WORKS BUT THE CHARACTERS AND NARNIA BELONG TO DISNEY. THE STORY BELONG TO ME.
8 218

