《ရင်ခွင်ကောင်းကင်(completed)》Ep-32
Advertisement
ကောင်းကင် အိမ်ထဲသို့အလောတကြီး ဝင်လာပြီး သူတို့အခန်းထဲသို့ စိတ်ပူစွာသွားနေမိသည်။ပီတိ မူးလဲလို့ဆိုပြီး သူမအမေက ဖုန်းဆက်တာကြောင့် ဖြစ်သည်။နဂိုထဲက သူမကိုစိတ်မချတာကြောင့် အိမ်အကူတစ်ယောက်ထားရန် ပြောသော်လဲ သူမကမလိုအပ်ဆိုတာကြောငိ့ မထားမိတာကိုနောင်တရသည်။ကြီးနွယ်ကလဲ တရားစခန်းဝင်နေတာမို့ အသက်ကြီးတဲ့သူကို အဖော်မခေါ်တော့ပဲ သူဘာသူတရားအလုပ်ပဲလုပ်ပါစေဆိုပြီး ခွင့်ပြုလိုက်ရသည်။သူမကို တစ်ယောက်ထဲ ထားမိတာကသူ့အမှားပင်။အခန်းထဲရောက်တော့ သတိမရသေးသော သူမကို ဆရာဝန်က စမ်းသပ်နေသည်။
"ဟော သားကောင်းလာပြီ "
"သူသတိမရသေးဘူးလား အမေ"
"မရသေးဘူး သားရယ် ဒီနေ့ ဆိုင်မှာထိုင်နေရင်း သားအမိတွေမတွေ့ရတာကြာပြီ စျေးဝယ်လေး ဘာလေးသွားမယ်ဆိုပြီး ထွက်လာတာ ဒီရောက်တော့ သူလုပ်စရာလေးတွေလက်စသတ်လိုက်မယ်ဆိုပြီး စောင့်နေတာပေါ်မလာလို့ လိုက်လာတော့မှ လှေကားနားမဆင်းမီခင်လေ လှဲသွားတယ်တူတယ် အဲ့နားမှာ လဲနေတာ တော်သေးတာပေါ့ အမေရှိလို့
အဲဒါနဲ့ သားကိုလှမ်းခေါ်လိုက်တာ"
"ဆရာ ကျနော်မိန်းမဖြစ်တာလဲခင်ဗျ"
"ဘာမှ မဖြစ်ပါဘူး အားနည်းနေရုံပါ နောက်ထပ်ဝမ်းသာစရာကတော့ ခင်ဗျားအဖေဖြစ်ပြီပဲ"
"ဗျာ ဒါဆိုကျနော် မိန်းမမှာ ကိုယ်ဝန်ရှိနေတာပေါ့"
"ဟုတ်ပါတယ် ၅ပတ်လောက်ရှိပြီလို့ ခန့့်မှန်းထားပါတယ် သူနိုးလာရင်တော့ ထက်ပြီးသေချာအောင်မေးပေးပါ့မယ်"
ကောင်းကင် သူမမှာ သူကိုယ်ဝန်ရှိနေပြီဆိုတာကြောင့် အလွန်ပျော်ရွှင်လွန်းလို့ သူမလက်လေးကို ဆဲွယူကာ ဆုပ်ကိုင်ပြီး တစ်ချက်ဖိနမ်းလိုက်သည်။သူမအမေကတော့ သူပုခုံးကို တစ်ချက်ပုတ်လိုက်ကာ ရယ်နေသည်။အမေလဲ မြေးရမယ်ဆိုတော့ ပျော်နေပုံပင်။
"သားလဲ ရောက်လာပြီဆိုတော့ အမေလဲပြန်တော့မယ်ကွယ် သမီးနိုးလာရင်အမေဆီဖုန်းဆက်အုံး"
"ဟုတ်ကဲ့"
"အဲဒါဆို ကျနော်လဲသွားတော့မယ် မနက်ဖြန်မှ တစ်ခေါက်လာကြည့်လိုက်မယ်"
"ဟုတ်ကဲ့ ကျေးဇူးပါ"
အမေနဲ့ ဆရာဝန်ထွက်သွားတာနဲ့ သူ သူမဘေးနားဝင်လဲကာ သူမကိုကြည့်နေမိသည်။ဒီရက်ပိုင်း အစားတွေပိုစားလို့ သူမဝလာတယ်ထင်တာ ကိုယ်ဝန်ကြောင့်ဖြစ်မယ်
မနက်ဆိုလဲ သူအတွက်မနက်စာပြင်ပေးပြီး
သူအလုပ်သွားတာနဲ့ပြန်အိပ်သည်။အအိပ်မက ် အစားမက ်ဖြစ်နေတာ အထဲကကောင်ပေါက်လေးကြောင့်ကို အိပ်နေတာတောင်လှနေသော ချစ်ဇနီးကို ဖက်ပြီး သူလဲအိပ်စက်လိုက်သည်။
ပီတိအိပ်ရာကနိုးတော့ ရင်ခွင်ထဲထည့့်ကာဖက်ထားသောကိုကိုကြောင့် မလှုပ်မယှက်ငြိမ်နေမိသည်။မေမေနဲ့စျေးဝယ်ဖို့ပြင်ဆင်ပြီး အောက်ထပ်ဆင်းမယ်လုပ်တုန်း မူးလဲသွားလို့ ကိုကိုပြန်ရောက်နေပုံပေါ်သည်။
ရင်ခွင်ထဲ လှုပ်ရှားနေသော ချစ်ဇနီးကြောင့့်
သူနိုးသွားသည်။
"ချာတိတ် နိုးပြီလား နေရတာဘယ်လိုနေသေးလဲ"
"ပုံမှန်ပါပဲ ဒါနဲ့ကိုကိုကအစောကြီးပြန်ရောက်နေတာလား "
"ချာတိတ် မူးလဲလို့ဆိုပြီး စိတ်ပူတာနဲ့ပြန်လာတာ ဒီရောက်တော ့ဝမ်းသာစရာသတင်းကဆီးကြိုနေတာ"
"သူများ မူးလဲတာကို ဘာဝမ်းသာတာလဲ ကိိုကိုစုတ်"
"ဝမ်းသာစရာပါဆို လာပြောပြမယ်"
သူရင်ခွင်ထဲကနေ အသည်းယားဖွယ် နားထောင်နေတာမို့ သူမဗိုက်လေးကို သူလက်ဝါးနှင့်အုပ်ကိုင်လိုပြီး
"အော်ဒီဗိုက်လေးထဲမှာ ဘေဘီလေးရှိနေပြီတဲ့"
"ဟင် ဟုတ်လား ဝမ်းသာလိုက်တာ
တကယ်ကလေးလေးရှိနေပြီ ပေါ့"
"တကယ်ပါ ချာတိတ်ကို အရမ်းကျေးဇူးတင်ပါတယ် ကိုကိုအတွက် မိသားစုလေးတိုးလာအောင် လုပ်ပေးတဲ့အတွက် ကျေးဇူးပါ မိန်းမရယ် ကိိုကိုအရမ်းပျော်တယ်ကွာ"
အရမ်းပျော်နေတဲ့ ကိုကို ကို ပြန်လည်ဖက်လိုက်ရင်း ရင်ခွင်ထဲခေါင်းလေးတိုးဝင်ကာ
သူမဗိုက်ပေါ်က ကိိုကိုလက်ပေါ်သူမလက်လေးထပ်ကာ အုပ်လိုက်သည်။
"ရော့ နွားနို့ပူပူလေးသောက်လိုက်နော်"
"ဟုတ်"
ပေးလာသော နွားနို့ကိုယူကာ တစ်ငုံသောက်ရင်း ကိိုကို ကိုကြည့်လိုက်တော့ ထုံးစံအတိုင်း သူမကိုယ်ဝန်အကြောင်းကို
သူ့သူငယ်ချင်းတို့အား ဖုန်းဆက်ကာပြောနေလေသည်။နေ့လည်ကတည်းက ကိုကိုမိဘတွေနဲ့သူ့အမျိုးတွေကို ဖုန်းဆက်ပြီပြီးကျန်တဲ့သူ ဘယ်လောက်ဆက်အုံးမယ်မသိ
သူမလဲ သူပျော်နေတာမို့မတားပေ။
ဒီနေ့ဆရာဝန်လာမို့ သူအလုပ်မသွားပေ။
ဆရာဝန်လာတော့ စမ်းသပ်ပြီး ချာတိတ်အား မေးခွန်းများမေးရင်း ဆောင်ရန်ရှောင်ရန်တွေပြောနေတာကို သူလဲစာအုပ်တစ်ခုထဲ
မှတ်နေသည်။
"အဲဒါဆို ငါးပတ်လောက်ရှိနေပြီပေါ့နော်"
"ဟုတ်ကဲ့ အဲလောက်မှန်းထားပါတယ် ကိုယ်ဝန်ကနုသေးတော့ ၃လလောက်ကို သေချာ ဂရုစိုက်ပါ အစားအသောက်အနေအထိုင် သေချာဂရုစိုက်ပေးပါ အလေးအပင်တွေမ မစေပါနဲ့ ၄လလောက်ကို သေချာဂရုစိုက်ပေးပါ နောက်ပြီး"
ကောင်းကင် ရေမှတ်နေရင်း စကား ရပ်သွားသော ဆရာဝန်က သူကိုကြည့်နေတာမို့
"ပြောပါဆရာ သေချာမှတ်ထားပါတယ်"
"အတူနေတာကို ၄လလောက်ရှောင်ပေးဖို့ပါ
နောက် ၈လ၉လလောက်မှာလဲအတူမနေသင့်ပါဘူး ကြားကာလကတော့ နေလို့ရပါတယ်
ပြင်းထန်မှုတော့ မဖြစ်စေနဲ့ပေါ့ အကောင်းဆုံးက ကိုယ်ဝန်ဆောင်စဉ္လုံးဝအတူမနေရင် ကောင်းပါတယ် သူအစပ်တွေစားလို့တယ် အများကြီးတော့ စားလို့မရပါဘူး
လမ်းပုံမှန်လျှောက်ပေးပါ ဒီလောက်ပါပဲ
ဒီကိုယ်ဝန်လမ်းညွှန်စာအုပ်လေးကို ပေးထားခဲ့မယ် အဲထဲကဆောင်ရန်ရှောင်ရန်တွေပါပါတယ်"
"ဟုတ်ကဲ့ ကျေးဇူးပါ ဆရာ"
သူချာတိတ်ကတော့ ရှက်လို့အသံပင်မထွင်တော့ပေ။
"ကျနော် အသိOG တစ်ယောက်ဆီမှာ ဒီအပတ်ကနေ စအပ်ထားလိုက်ရင်ကောင်းမယ် "
"ဟုတ်ကဲ့ ဆရာ"
"ကျနော်ကို ခွင့်ပြုပါအုံး"
ဆရာဝန်ကို လိုက်ပို့ပြီး ပြန်ဝင်လာတော့ ခုထိမျက်နှာနီနေသော သူမကိုစချင်တာနဲ့ သူမဗိုက်လေးကို ကိုင်ကာ ဗိုက်နားမျက်နှာ ကပ်ပြီး
"ဟေ့ ကလေးလေး မင်းလူလောကထဲ ရောက်ဖို့ အတွက် ဖေဖေအငတ်ခံလိုက်ပါ့မယ်ကွာ "
ဆိုပြီး ဗိုက်ကိုနမ်းလိုက်သည်။ပီတိ ကိုကိုဘာပြောတာပါလိမ့်ဆိုပြီး တွေးလိုက်တော့မှ
အတွေးပေါက်သွားသည်။ကဲလွန်းတဲ့ ကိုကိုကျောကုန်းကို လေးငါးချက်လောက်ထုလိုက်မှ သူကပိုတောင်ရယ်နေလိုက်သေး။
#Moon Shine
Advertisement
- In Serial184 Chapters
Forced Marriage: CEO’s Sweet Little Wife
Forced marriage!
8 2139 - In Serial49 Chapters
The perfect timing | completed ✔
"Timing is always the key."These words always seem to be ringing in her head.Twenty-two year old Maddie struggles to find the correct time to tell him her true feelings...Dodging the heartaches and heartbreaks this man has caused her,Will she still be able to find the perfect timing? Before it is too late?*******PLEASE, DO NOT COPY MY BOOK!! ( ideas or something from it) Hope you guys enjoy my story. Written by: shimmery sunshineStarted: May 2, 2018Ended: October 31, 2019
8 159 - In Serial11 Chapters
I'll Become Stronger, My Duke
Laura, a young woman victim of bullying throughout her whole life found herself at peace in the novels she read. But what happens when she reincarnates as the villainess of her favorite novel "Mille Occhi"? Will she be able to survive her death and live peacefully? This publication is a creative work fully protected by all applicable copyright laws.
8 124 - In Serial79 Chapters
Here comes Teddy
Teddy Addams is a bad boy, at least that's what most people think when they hear the name Teddy Addams, for his reputation is an impressive one, the reality is couldn't be more different... *being rewritten (again)Starts in September 2001 (Chapter one)
8 142 - In Serial11 Chapters
I see forever in your eyes (All of us are Dead x Reader)
If you don't like it i suggest you leave.In which Y/n tries to make eye contact with Nam-ra, the cold-hearted Class president. Everytime Y/n was in class she could feel Nam-ra staring at her, she tries to look Nam-ra in her eyes, but it won't work. One day Y/n looked in her eyes and Nam-ra couldn't look away, they were staring at each other for a few minutes before Y/n looked away.Y/n- Why are you staring at me for so long?Nam-ra- I see forever in your eyesG!p ReaderNam-ra x Fem!ReaderSome smutMostly fluff bc the freaking out break😒If you have any requests for books about girlxgirl i'll tag a account where you can request for a book Enjoy
8 121 - In Serial57 Chapters
Kingly Desire (BWWM) (on hiatus)
A story in which a king becomes infatuated with a young girl who is supposed to serve solely as the queen's womb.
8 285

