《ရင်ခွင်ကောင်းကင်(completed)》Ep-33
Advertisement
ကိုယ်ဝန်ရလာပြီ ဆိုကတည်းက အလုပ်သို့မသွားတော့ပဲ အနားမှာနေကာဂရုစိုက်လွန်းသော ကိုကိုကြောင့် သူမမှာ တစ်ခါတစ်လေ စိတ်ရှုပ်ရသည်။ဟုတ်သည်လေ ဆရာဝန်ပေးထားသော ကိုယ်ဝန်ဆောင်အတွက်စာအုပ်ကို ဖတ်ပြီး တစ်ခုခုဆို ဟိုဟာမလုပ်နဲ့ဒီဟာမစားနဲ့ဆိုလို့ သူမမှာလုပ်ချင်တာမလုပ်ရ စားချင်တာမစားရပေ။အခုလဲ သူမရှောက်သီးသုပ်နဲ့ကြာဇံချက်လေး စားချင်လို့
သူခေါ်ပေးထားသော မိပုံ့ကိုသွားဝယ်ခိုင်းတာကို ကြားပြီးမစားခိုင်းတာမို့ စိတ်ကောက်ပြနေချင်းပါ။
"ချာတိတ်ကလဲ မစားပါနဲ့ တစ်ခြားမစပ်တာစားလေ အပူအစပ်တွေက အထဲကကလေးအတွက ်မကောင်းဘူးလေနော် ကိုကိုသွားဝယ်ပေးမယ်ပြော ဘာစားမှာလဲ"
"ဘာမှ မစားဘူးလာမပြောနဲ့"
နှုတ်ခမ်းကြီး စူကာရွှေစိတ်တော်ကောက်နေတာမို့ သူမတက်သာပဲ မိပုံ့စီသွားကာ
"ညည်းအမလေးအတွက် ရှောက်သီးသုပ်နဲ့ကြာဆံချက်ဆိုလား သွားဝယ်ပေးလိုက်
အစပ်လျှော့လာခဲ့ကြားလား"
"ဟုတ်"
မိပုံ့အား ဝယ်ခိုင်းလိုက်ပြီး မချောဆီသို့သွားလိုက်သည်။အိပ်ယာမှာ အိပ်ချင်ယောင်ဆောင်နေသော ချစ်ဇနီးမဗိုက်နားကပ်အိပ်ပြီး ဖက်ထားတော့ သူမလေးက သူလက်ကိုခါချသည်။
"မဆိုးနဲ့မေမေပေါက်စလေးရယ် စားချင်တာကို သွားဝယ်ခိုင်းထားပါတယ် ထအိပ်မနေနဲ့တော့"
"ဗိုက်ကလေးနေလို့ ခနလေးလှဲနေတာကို သူများတွေအပျိုဗိုက်ငါးလလောက်ဆိုမမြင်ရဘူးတဲ့ ဒီမှာတော့ ၅လကမွေးခါနီးဗိုက်လိုပဲ
ဖောင်းကားနေတာ ကိုယ်ခြေထောက်တောင်ငုံ့ကြည့်ရင်မမြင်ရတော့ဘူး"
"ကလေးထွားလို့နေမယ် နောက်လကျအက်ထရာဆောင်းရိုက်ရင် ဘာလေးလဲသိရမှာလေ အဲခါကျမှ ဆရာဝန်ကိုမေးရမယ် အားဆေးများသောက်လို့ထွားတာလားဆိုတာကိုလေ"
"ပီတိလဲ ဝလာသလိုပဲနော် ကိုကို"
"ကိုယ်ဝန်စရှိကတည်းက အစားအသောက်မှမပျက်တာ ဝမှာပေါ့ ဝပါစေအားရှိမှမွေးနိုင်မှာ ကိုကိုတောင်ချာတိတ်အစားပျက ်မှာစိုး ရိမ်နေတာ"
ကိုယ်ဝန်ရှိကတည်းက မျက်နှာလေးကြည်ပြီးအနည်းငယ်ပြည့့်ကာ လှလာသောသူမကိုသူမအမေကတောင် ဗိုက်ဖုံးအိင်္ကျီနဲ့လှတယ်လို့ ပြောလို့သူမကအရှက်သည်းလိုက်သေး
ကြည့်နေရင်း သူမမျက်နှာနားတိုးကာ ပန်းရောင်နှုတ်ခမ်းလေးကို အနမ်းတွေချွေနေမိသည်။သူရင်ဖက်ကို လက်သီးဆုပ်လေးနဲ့ထုမှလွှတ်ပေးလိုက်သည်။
"ကိုကို အထဲကကလေးလေးက ကန်တယ်သိလား စမ်းကြည့်"
ကိုကိုလက်ကို ဆွဲကာသူမတင်ပေးတော့ အထဲကလေးကထပ်ကန်ပြန်သည်။
"သားလေးလား မသိဘူးချာတိတ်ရေ ဟောဒီဖက်ကလဲကန်တယ် နောက်တစ်ကလဲကန်တယ်ကွ ဟေ့ကောင်လေးမကန်နဲ့တော့ကွာ
မေမေပင်ပန်းနေလို့ အိပ်ပါစေနော် သားလဲအိပ်တော့ "
ဆိုပြီး ဗိုက်ကလေးကိုပွတ်သပ်တော့ အထဲကငြိမ်သွားသည်။ကောင်းကင်ဘေးနားက ပုံပြင်စာအုပ်လေးကို ယူကာ
"ကဲ မေမေကော ဘေဘီကောပုံပြင်နားထောင်ပြီး အိပ်တော့နော်"
အမြဲအထဲက မမွေးသေးတဲ့ကလေးနားထောင်ဖို့ဆိုပြီး ပုံပြင်စာအုပ်တွေဝယ်ကာ ဖတ်ပြသောကိုကိုကြောင့် သူမတောင်ပုံပြင်ကြိုက်လာသည်။ပုံပြင်ဖတ်ပြသံကြောင့် အထဲကကလေးလေးကသိသည့့် ဟန်ငြိမ်နေတာမို့ သူမလဲနားထောင်ရင်း အိပ်စက်ချင်းစီသို့ ရောက်ရှိသွားသည်။
"ချာတိတ် ထတော့ မိပုံ့စားဖို့လာခေါ်နေပြီ
ထနော်ခုမထရင် မိပုံ့ကိုကျွေးလိုက်မယ်"
သူနိုးတာကို မထပဲပေအိပ်နေတာမို့ ပါးလေးကိုဖွဖွလိမ်ဆဲွလိုက်သည်။
"သူများအိပ်နေတာကို အတင်း စားမယ်မိပုံ့ကို ကျွေးလို့မရဘူးနော်"
"အင်းပါ ထ"
သူမကိုဆွဲထူကာ ဗိုက်ဖုံးဂါဝန်နဲ့သူမလေးကို ပုခုံးမှဖက်ကာ ထမင်းစားခန်းထဲ ဝင်သွားတော့
မိပုံ့က စားစရာတွေအသင့်ပြင်ထားသည်။
"စားလေ"
သူမျက်နှာ အနေအထားကိုအကဲခတ်နေတာမို့ သူမအားစားခိုင်းလိုက်မှ သူအားတစ်လုပ်မကျွေး စားပါအုံးလို့တောင် မခေါ်တော့ပဲ
ကြာဇံချက်လေး သောက်လိုက် ရှောက်သီးသုပ်လေးစားလိုက် နဲ့ ပါးစပ်ကိုအနားမပေးတော့ချေ။
ညနေကျတော့ သူမမိဘတွေက လာတွေ့တာမို့ သူမအမေနဲ့ထားကာ အလုပ်လုပ်ရန် စာကြည့်ခန်းထဲသို့ ဝင်လာလိုက်သည်။သူမကိုစိတ်မချတာမို့ တစ်ယောက်ယောက်အနားမှာရှိမှစိတ်ချတာမို့ သူမမိဘတွေလာမှ ဒါမှမဟုတ် သူမအိပ်မှ သူအလုပ်လုပ်ဖြစ်သည်။
ဒေါက် ဒေါက်
"ကိုကို မေမေတို့ပြန်တော့မယ်တဲ့"
"လာပြီ ချာတိတ် ဘာလို့လာခေါ်တာလဲ မိပုံ့ကိုပြောခိုင်းတာမဟုတ်ဘူး လာကိုကိုလက်ကိုတွဲ"
"ဘာမှမဖြစ်ပါဘူး ကိုပိုကြီးရဲ့"
"ဘာမှမဖြစ်လဲ ကိုယ်စိုးရိမ်တယ်လေ "
သူမဘာမှမပြောဘဲ ချစ်ခင်ပွန်းရဲ့မျက်နှာချောချောကိုကြည့်ကာ ပြုံးနေမိသည်။သူခင်ပွန်းအကဲပိုကို မိသိမ့်နဲ့သူမမိဘတွေက
သူမယောကျာ်းရကံကောင်းတယ်လို့ပြောကြသည်။
"မေမေတို့ ပြန်တော့မလို့လား ထမင်းစားပြီးမှပြန်ပါလားမေမေ"
"မစားတော့ဘူး သားရဲ့ပြန်ပြီးနော် သမီးဂရုစိုက် သမီးမွေးခါနီးလောက်ဆိုမေမေလာနေပေးမယ် ဒီကြားထဲခနခနလာမှာပါ သမီးမောင်လေးလဲလိုက်လာချင်နေတာ"
"ဖေဖေပိတ်ရက်ကျရင် မောင်လေးပါခေါ်လာနော်"
"အေးပါ သမီးရဲ့ သမီးမေမေကိုအလုပ်ကအပြန်ဆိုင်မှာဝင်ခေါ်လိုက်တော့ မခေါ်ဖြစ်တာ ပိတ်ရက်ကျခေါ်လာပါ့မယ် သွားပြီနော်သမီးနဲ့သား"
"ဟုတ်ကဲ့"
အဖေနဲ့အမေပြန်တော့ ထမင်းစားကာ သူမကို စားပြီးခြံထဲလမ်းလျှောက်ပေးရသည်။
သူမလက်လေးကို တွဲပြီးစကားလေးပြောရင်းတစ်နာရီလောက် လမ်းလျှောက်ဖြစ်သည်။လမ်းလျှောက်ပြီးတာနဲ့ အိပ်ခန်းထဲဝင်ကာ သူကဆိုဖာမှာထိုင်ပြီး လက်တော့တစ်လုံးနဲ့အလုပ်လုပ်နေကာ သူမကတော့ သရေစာစားရင် Tv ကြည့်နေသည်။အလုပ်ပြီးတာနဲ့ သူမအနားသွားကာ Tv အတူကြည့်နေသည်။
"အိပ်ရအောင် ချာတိတ်"
"အား ခြေထောက်ကျင်လိုက်တာ ကျွတ်ကျွတ်"
"ခနပြန်ထိုင်လိုက်"
သူမခြေထောက်ကျင်နေတာမို့ သူပြန်ထိုင်ခိုင်းကာ သူမကိုဆိုဖာမှာလှဲခိုင်းပြီး ခြေထောက်တွေသူပေါင်ပေါ်တင်ကာ ခြေထောက်လေးတွေကို နှိပ်ပေးနေသည်။ကိုယ်ဝန်ဆိပ်ကြောင့်ခြေထောက်အမြဲရောင်
တာမို့ သူဖွဖွလေးနှိပ်ပေးနေသည်။ပြီးတာနဲ့သူမကိုယ်ကို ပွေ့ကာ အတူဘုရားရှိခိုးကာ
အိပ်ရာဝင်လိုက်သည်။
#Moon Shine
Advertisement
- In Serial326 Chapters
Married to his secret crush
She was a princess; rich, spoiled, and beautiful, she had a life that one could only dream of.
8 4350 - In Serial14 Chapters
A Blank Tale
I only hope to be with him for this life. For he's the one who fills in the blank in my life. Yet, my mind only draws a blank as to who he is. (NOTE: Story under same author (Fluffypie) on different site with same progress)
8 149 - In Serial32 Chapters
ɪ'ʟʟ ᴋᴇᴇᴘ ᴍʏ ᴅɪsᴛᴀɴᴄᴇ, ғᴀʀ ᴀᴡᴀʏ ᴀs ɪ ᴄᴀɴ
Info : There's a Remake of this Story with the same Title! Check my profile! (◍•ᴗ•◍)_____________________Warning : UNEDITED (I won't change any grammars in the story, forgive me)Aliciel realizes her current life is in the world of the Otome Game she played in her previous life after regaining her memories at the age of 14.Unfortunately, she is the game's ruthless Villainess, Aliciel Blacker.Despite her conflicted feelings for the original Villainess, she is hurt and in pain."If I must, I will not talk to the capture targets and the heroine."But now that she has changed, the people around her may also change as a result._______________________________Side Note : → Reverse Harem with Main Love Interest Unedited
8 110 - In Serial85 Chapters
An Eldritch Horror Has Fallen in Love With Me and the Government Is Freaking Out?!
An Eldritch Horror Has Fallen in Love With Me and the Government Is Freaking Out?! is not a horror story. For years, the government has secretly placated an eldritch horror beyond their understanding with human sacrifices. Our protagonist, Petre, is chosen as a sacrifice, but rather than devour and destroy him, the eldritch horror becomes infatuated with him. The story follows: 1) Petre as he learns about the the eldritch horror and 2) the government's response to the eldritch horror's unexplainable behavior.
8 358 - In Serial44 Chapters
Ms. Kim wants me!
(story adaptation)Lisa Manoban is an 18-year-old senior in high school. She loves studying and is very innocent. One day, she went and visit Jennie Kim, the owner and the CEO of the Kim industry. Jennie Kim is a 20-year-old businesswoman. She was cold-hearted and cold-hearted for no reason. However, the young girl caught Jennie's attention.Will Lisa change Jennie's heart? Will Jennie fall in love? Will Lisa hate Jennie?(A little mix of fifty shades of grey)Real author - Xteressa1Story - The CEO wants me
8 122 - In Serial17 Chapters
Love sting's
(First time writing a story here so plz don't judge me to bad ;-; ) ~a StingXnatsu fan Fiction~When natsu is transferred to sabertooth school for gifted mages he meets a strange new boy named sting! As they talk more things start to get crazy for the two!(>~
8 95

