《ရင်ခွင်ကောင်းကင်(completed)》Ep-20
Advertisement
" ဟဲ့ သူဌေးလိုရေခဲတုံးကိုအရေပျော်အောင်လုပ်နိုင်တဲ့မိန်းကလေးက ဘယ်သူလဲသိချင်လိုက်တာ "
"အေးနော် သူဌေးကအနုပညာရှင်တွေနဲ့တောင် သတင်းမထွက်တာ ချစ်သူရိှပြီလဲဆိုရော ငါတော့ယုံတောင်မယုံနိုင်ဘူး အနုပညာရှင်ထဲကတော့ မဖြစ်နိုင်ဘူးလိ့ုတော့ငါထင်တယ် နင်တို့ရော"
" ငါလဲထောက်ခံတယ် ခုတော့ငါတို့သူဌေးကို
ဂေးလို့ပြောမခံရတော့ဘူးပေါ့ သူဌေးကအသက်သုံးဆယ်ကျော်နေပြီဆိုတော့ ငါတို့
ပွဲတက်ရဖို့နီးလာပြီ သူဌေးချစ်သူကဘယ်သူလဲဆိုတာ အရမ်းသိချင်နေပါပြီနော်"
"ဟုတ်တယ် ဟုတ်တယ်"
ရုံးထဲကအကုန်လုံးထောက်ခံနေကြသည်။ပီတိတစ်ယောက် သူတို့နှစ်ယောက်အကြောင်း ကိုပြောနေကြသည်ကို နားသာထောင်ပြီ ဝင်မပြောချေ။သူ့ချစ်သူကသူမသာ ဆိုရင်သူတို့ထောက်ခံပါ့မလား ခုမှစဉ္းစားမိတယ် သူနဲ့ကိုယ်ကအလှမ်းကွာတယ်မလား ငွေကြေးဉစ္စာ ပညာ အရည်အချင်းအစစမှာ ကွာခြားသည် မေမေပြောသလို သူမကို သူ့အသိုင်းအဝိုင်းကလက်ခံပါ့မလား။သက်ပြင်းသဲ့သဲ့ ချကာ အလုပ်ဆက်လုပ်နေလိုက်သည်။မဖြစ်သေးခင် ဘာကိုမှသောကမရောက်ချင်ပေ အဓိက ကသူမမေတ္တာသူ့အပေါ် စစ်မှန်တာကြောင့် အခက်ခဲတွေကိုရင်ဆိုင်ကျော်ဖြတ်နိုင်ရမှာပေါ့။
ပီတိ တစ်ယောက် မနက်ဖြန်မွေးနေ့အတွက်
ခွင့်ယူဖို့ မမယုထံခွင့်တောင်းရန်လာခဲ့သည်။
"မမယု ပီတိခွင့်တစ်ရက်လိုချင်လို့ အဲဒါမနက်ဖြန်ယူလို့ရမလားဟင်"
"မနက်ဖြန် ညီမလေးအင်တာဗျူးရက်ချိန်းမရှိရင်တော့ ယူလို့ရပါတယ် ပြောပါအုံး နေမကောင်းလို့လား တစ်ခြားကိ္စ္စရှိလို့လား"
"မရှိပါဘူး မနက်ဖြန်ကပီတိမွေးနေ့မလို့ပါ "
"အော်ရှင်လေးက ခွင့်ယူပြီးကျူပ်တို့ကျမကျွေးတော့ဘူးပေါ့ ဟုတ်လား"
"မဟုတ်ရပါဘူး နောက်တစ်နေ့ရုံးတက်တဲ့နေကျ အကုန်လုံးကိုဆိုင်မှာမုန့်လိုက်ကျွေးမှာပါမမရယ်"
"အလကား စတာပါမကျွေးလဲစိတ်မစိုးပါဘူး
ညီမလေးဆီကတောင် မယုတို့ကနေ့တိုင်းဟင်းတွေ ကပ်စားနေတာမဟုတ်လား တစ်ရက်ပဲခွင့်ယူမှာမလား မယုအထက်ကိုတင်ပေးမယ် စိတ်ချ"
"ဟုတ်ကျေးဇူးပါ မမယု"
ခွင့်ကတော့တိုင်ပြီးသွားပြီ မနက်ဖြန်အိမ်မှာဘုရားကိုဆွမ်းကပ်ပြီး ရပ်ကွက်ထဲကအသိအိမ်တွေကို မုန့်လိုက်ပို့မည်။မေမေကတော့
ကြက်ဆီထမင်း လိုက်ပို့မယ်လို့တော့ပြောသည် ။မေမေလုပ်ပေးတဲ့ အစီအစဉ္တိုင်းသာ လုပ်ရမည်လေ ကိုယ်ကသိပ်သိတာမဟုတ်။မွေးနေ့ကိုတောင် ကိုကို ကိုမပြောဖြစ်ပါ ။မနက်အစောကြီး ဘုရားသွားမှကိုကို ကိုခေါ်မည် သူမသူငယ်ချင်းသိမ့်ကိုလည်းခေါ်ရမည် သိမ့်နဲ့လည်းသူမသေချာကိုကို နဲ့မိတ်ဆက်ပေးရမည်။
ကောင်းကင် ရုံးခန်းထဲမှာထိုင်ပြီး သူ့တစ်ပည့်ကျော်စွာကို မနက်ဖြန်လုပ်မဲ့အစီအစဉ္တေ ွကို သေချာရှင်းပြနေသည်။
"ဒါဆို မင်းကိုငါစိတ်ချမယ်နော် ကျော်စွာ"
"ဟုတ်ကဲ့ဘောစ့် စိတ်ချပါ"
ညနေရုံးဆင်းတော့ ထုံးစံအတိုင်း သူ သူမကိုလိုက်ပို့သည်။သူမလမ်းထိပ်ရောက်တော့ သူမကဆင်းကာ ကားမှန်နားခေါင်းငုံ့ကာ
"ကိုကို မနက်ဖြန် ၇နာရီလောက် ဘုရားလိုက်ခဲ့ပါလား"
" မနက်ဖြန်က ဘာနေ့မလို့လဲချာတိတ်ရဲ့"
"မပြောပြဘူး လှျို့ဝှက်ချက် လာမယ်မလား"
"ကိုယ့်ချစ်သူနဲ့ဘုရားတက်ရမှာပဲကို လိုက်မှာပေါ့ ကိုကိုလိုက်ခဲ့မယ် ၇နာရီ လမ်းထိပ်မှာစောင့်နေမယ် ဟုတ်လား"
"အဲဒါဆို သွားပြီနော်တာ့တာ့"
ထွက်သွားသော သူမကျောပြင်ကိုကြည့်ပြီး သူအိမ်သို့ကားမောင်းကာ ပြန်လာခဲ့သည်။
ပီတိတို့သားအမိ မနက်အစော၄နာရီထကာ ဆွမ်းကပ် ပန်းကပ်ပြီး ဘုရားရှိခိုးကြသည်။
သိမ့်နဲ့ဘုရားတက် မှာမို့ မြန်မာဝတ်စုံလေးအဖြူရောင်ပိတ်ဖောက်ဇာဝတ်ကာ သိမ့်တို့အိမ်ဘက်ထွက်လာလိုက်သည်။သိမ့်တို့ အိမ်ရှေ့ရောက်တော့ သိမ့်မကိုဖုန်းဆက်ကာ ထွက်လာခိုင်းရသည်။သူတို့အိမ်က လူတွေထသေးပုံမရသေးတော့ သူမ
အိမ်ထဲဝင်မခေါ်တော့ပေ ။ခနနေတော့ သိမ့်မတစ်ယောက် ထွက်လာလေသည်။
" ပီတိ ငါတို့ဘာနဲ့သွားမှာလဲတက်စီစီးမှာမလား နင်ကအိမ်ကကားနဲ့မပို့ခိုင်းတော့ ငါတို့လမ်းမထိထွက်ရမှာ လမ်းတော့တော်တော်လျှောက်ရမယ်"
"မညီးပါနဲ့သိမ့်ရယ် လာပါ"
ပြင်းတွဲတွဲလျှောက်နေသော သိမ့်ကိုစိတ်မရှည်စွာ လက် မောင်းကနေဆွဲခေါ်လာခဲ့သည်။လမ်းထိပ်မှာ အသင့်စောင့်နေသော
ကိုကိုကားဆီ လျှောက်လာတော့
"ဟဲ့ နင်ဘာဖြစ်လို့သူများကားကို သွားဖွင့်တာတုန်း"
"လျှာအရှည်နဲ့ထိုင်"
"အမလေး ဖြေးဖြေးလုပ်ပါဟဲ့ ခေါင်းစောင့်မိတော့မလို့"
သူမ သူငယ်ချင်းကိုကားနောက်ခန်းထဲအရင်တွန်းထည့်ကာ သူမပါဝင်ထိုင်လိုက်ရင်း
သူအားရယ်ပြသောသူမကို ပြန်ပြုံးပြရင်း
သူမသူငယ်ချင်းကိုကြည့်လိုက်တော့ သူတို့နှစ်ယောက်ကို ကြောင်ကြည့်နေသည်။
" သိမ့်မကြည့်မနေနဲ့ ဒါကငါ့ချစ်သူ ဉီးကောင်းကင်သစ် ကိုကိုဒါကပီတိအချစ်ဆုံးသူငယ်ချင်း သိမ့်သိမ့်သူ"
"တွေ့ရတာဝမ်းသာပါတယ် ခင်ဗျ"
"ဟုတ်ကဲ့ ပီတိမနင်ပြီးရင်ငါကိုရှင်းပြဖို့လိုနေပြီနော် ဟင်း"
သူမတို့ သုံးယောက်ရွှေတိဂုံဘုရားသို့ ရောက်လာခဲ့သည်။သူမမွေးနေ့ထောင့်မှာ
ဘုရားရှိခိုးပြီး အလှူငွေပါထည့်ကာလှူလိုက်သည်။ကိုကို ကတော့ သူမတို့သူငယ်ချင်းနှစ်ယောက်ကို မမောမပန်းနိုင်စွာ
ဓာတ်ပုံရိုက်ပေးရှာသည်။ဘုရားတက်ပြီးတာနဲ့ မနက်စာသွားစားကြသည်။
"ဒါပြီးရင် ဘယ်သွားစရာရှိသေးလဲချာတိတ်"
"မရှိတော့ဘူး အိမ်ပဲပြန်မှာ အိမ်မှာမေမေက ကြက်ဆီထမင်းဝေမှာ လဲ ဒီချိန်ဆိုဝေပြီးလောက်ပြီဆိုတော့ ဘာမှလုပ်စရာမရှိဘူးလေ"
"ဒါနဲ့ ချာတိတ်က ကိုကိုကိုဒီနေ့မွေးနေ့ဆိုတာ
ဘာလို့မပြောတာလဲ"
"အဲဒါကလေ ကိုကို ပီတိအတွက် မွေးနေ့လုပ်ပေးနေမှာ စိုးလို့ပါ တစ်မျိုးမထင်ပါနဲ့"
"မထင်ပါဘူး ကိုကိုကချာတိတ်မွေးနေ့မှန်းသိပြီးသားပါ ဘာမှလုပ်စရာမရှိရင်ကိုကိုနောက်ကို လိုက်ခဲ့နော်"
"ဟုတ်ကဲ့"
"ပီတိငါမလိုက်တော့ဘူး ညနေဆေးခန်းမာမီကို သွားပြရမှာမို့မလိုက်တော့ဘူးနော်"
"အင်းပါ သွားလေရတယ်"
သူမ ကိုကိုခေါ်ရာနောက်သို့လိုက်လာခဲ့သည်။ကားကို မှော်ဘီဘက်ကိုမောင်းနေတာကြောင့်
ကိုကို ကိုမေးတော့ အေးချမ်းသာဆိုတဲ့မိဘမဲ့
ဂေဟာကို သွားမလို့ဟုဆိုသည်။ကားကို
ကျောင်းဝင်းထဲ ရပ်ကာသူမတို့နှစ်ယောက် လက်ချင်းကိုင်ကာ လျှောက်လာတော့ ကိုကျော်စွာကစောင့်ကြိုနေသည်။
"အားလုံးအဆင်ပြေတယ်မလား ကျော်စွာ"
"အကုန်ပြေတယ် ဘောစ့် ပစ္စည်းတွေကိုတော့ ကလေးတွေကို ဝေပြီးသွားပြီ ဘောစ့်တို့လာတာနဲ့ ဆရာတော်ကအလှူအတွက်ရေစက်ချမယ် အဲဒါပဲကျန်တော့တယ်"
"အဲဒါဆို သွားရအောင်လေ လာချာတိတ်"
သူမလက်ကိုဆွဲခေါ်သွားပြီး သူကကိုကျော်စွာနောက်ကနေ လိုက်ခဲ့သည်။ယနေ့ အလှူရှင်နေရာမှာ မမြတ်နိုးပီတိလို့ရေးထားတာကြောင့် သူကိုမော့ကြည့်တော့ သူက
"ဒီနေ့က ချာတိတ်မွေးနေ့ဆိုတော့ ချာတိတ်လဲ ကုသိုလ်ရအောင် ပြီးတော့ ကိုကိုနဲ့လဲရေစက်ဆုံအောင် ဒီကမိဘမဲ့ကလေးတွေအတွက်လာလှူဖို့ စီစဉ္လိုက်တာ သဘောကျတယ်မလား"
"ကျတာပေါ့ ကျေးဇူးပါကိုကို"
ကျောင်းထဲရောက်တော့ ဆရာတော်နဲ့ကိုကိုကစကားပြောနေကြသည်။စကားပြောပြီး
ဆရာတော်က အလှူအတွက်ရေစက်ချပေးသည်။သူမတို့နှစ်ယောက် ကလေးတွေနဲ့
ခနလောက်နေပြီး ပြန်လာခဲ့သည်။
အပြန်ဗိုက်ဆာနေတာကြောင့် ကိုကိုက မုန့်စားရအောင်လို့ ခေါ်တာကို မငြင်းခဲ့ပဲစားသောက်ဆိုင်ထဲဝင်လာသည်။သီးသန့်ခန်းယူတာကြောင့် သူမတို့စားစရာတွေမှာကာ
သူမတို့နှစ်ယောက် စကားတွေပြောကာ သူကရုတ်တရက် သူမရှေ့ဒူးတစ်ဖက်ထောက်ကာ သူမဘယ်ခြေထောက်လေးကို သူဒူးပေါ်တင်လိုက်ကာ သူလက်ထဲကခြေကျင်းလေးကို တပ်ပေးလေသည်။ကြယ်ပုံစံ ခြေကျင်းလေးကကြယ်အလယ်မှာ စိန်ပွင့်လေးတွေပါတာကြောင့် တလက်လက်နဲ့တောက်ပနေသည်။သူကခေါင်းငုံ့ကာကြည့်နေသော
သူမကို ပြုံးပြကာ
" ကြိုက်တယ်မလား ချာတိတ် ဒါကကိုယ့်ရဲ့မွေးနေ့လက်ဆောင်"
"ကြိုက်တယ် ဒါကစျေးကြီးမဲ့ပုံပဲနော်"
"ကြိုက်ဖို့က အဓိကလေချာတိတ်ကြိုက်ဖို့ပဲ
လိုတယ်"
စားသောက်လို့ဝတော့ သူကခုံပေါ်ကဘဲကိုနှိပ်လိုက်သည်။ခနနေတော့ ဝိတ်တာတွေဝင်လာကာ ခုံပေါ်ကဟာတွေကိုရှင်းလိုက်သည်။နောက်ထပ်ထပ်ဝင်လာကာ လက်ထဲမှာကိတ်မုန့်တစ်လုံးကို စားပွဲပေါ်ချလိုက်သည်။
့်သူကဖယောင်းတိုင်ကို ထွန်းလိုက်ပြီး
"happy birthday to you
happy birthday to you
happy birthday dear baby "
"ချာတိတ် ဆုတောင်းပြီးမှုတ်လိုက်နော်"
"ဖူး"
"လာကိုကို ကိုကျွေးမယ် ဟအာ"
"ကိုကိုလဲ ကျွေးမယ်"
ကိတ်မုန့်ကိုအပြန်အလှန်ခွံကျွေးပြီး သူမအိမ်သို့ ပြန်လာခဲ့ကျသည်။သူမလမ်းထိပ်ရောက်တော့ ထုံးစံအတိုင်းသူမကို သူ့ပေါင်ပေါ်တင်ကာ နှုတ်ခမ်းလေးကို စုပ်ယူနမ်းရှိုက်ကာ သူမနှုတ်ခမ်းလေးဟသွားတော့ အခွင့်ရှာနေသောသူလျှာကဝင်ရောက်ရင်း သူမခံတွင်းတစ်ခုလုံးကို ချယ်လှယ်နေတော့သည်။သူနမ်းရှိုက်လို့ပြီးတော့ သူမကိုမလွှတ်ချင်သော်လည်း သူမပိုင်သေးခင် ခနတော့သည်းခံကာ သူမအိမ်သို့ပြန်ခွင့်ပြုလိုက်သည်။သူမအိမ်ထဲဝင်သွားတာကို စောင့်ကြည့်ရင်း ပြန်လာခဲ့သည်။သူအိမ်ထဲကို ဝင်လာတော့ ဧည်ခန်းဆိုဖာ မှာထိုင်ကာသူကိုစိုက်ကြည့်နေသော မာမီကိုရုတ်တရက်တွေ့လိုက်ရတော့ သူစိတ်ထဲလန့်သွားသော်လဲ
မျက်နှာကို မပျက်အောင်ထိန်းထားလိုက်သည်။မာမီရှေ့ဆိုဖာမှာဝင်ထိုင် လိုက်ပြီး
" မာမီဘယ်တုန်းက ရောက်နေတာလဲ ဒယ်ဒီရောပါလား"
"ရောက်နေတာကြာပြီ ကုမ္ပဏီကိုဖုန်းဆက်တော့ မရှိဘူးဆို အိမ်ရောက်တော့လဲမတွေ့ဘူး တစ်နေ့ကုန်မင်းကောင်မလေးနဲ့သွားနေတာ မလား ကောင်းကင်သစ် မင်းကငါပြောတာကို နားမထောင်ဘူးပေါ့လေ မင်းကောင်မလေးကိုဖြတ်လိုက်တော့ မင်းအတွက် ဇနီးလောင်းက ဂျူလီယာတစ်ယောက်ပဲဖြစ်ရမယ် နားလည်မယ်မလား
မာမီ ဝင်မပါသေးဘူးနော်"
"ကျနော် ကိစ္စတွေကိုမာမီဝင်မစွတ်ဖက်ပါနဲ့ ကျနော်သူ့ကိုလမ်းမခွဲနိုင်ဘူး မာမီရွေးထားတဲ့သူကိုလဲ လက် မထပ်နိုင်ဘူး ကျနော်အသက်အရွယ်က ဘယ်ကအကောင်းအဆိုးဆိုတာ ခွဲခြားတက်တယ်မာမီ မာမီအတင်းအကျပ်လုပ်ရင်း ကျနော်လဲမတက်နိုင်တော့ဘူး"
"ဘာလဲ ငါမွေးတဲ့သားက ငါ့ကိုစိန်ခေါ်တာပေါ့လေ ကောင်းကင်သစ်"
ပြောပြီးထွက်သွားတဲ့ သားကြောင့် ဒေါ်စံမမှီတစ်ယောက် ဒေါသထွက်ကာ ကျန်ခဲ့ သည်။
#moon shine
Advertisement
- In Serial26 Chapters
Romance - plus Judgemental Powers? Completed
Blue was a red headed boy who desperately wanted a girlfriend. So he asked the class beauty to walk home with him. She very nicely refused him. So he asked another girl in the same class, one with an average rating in the social status ranking. She also refused him. So, still desperate, he thinks – “I’m probably at the bottom of the ranking for boys in this class, so how about I ask the girl who is also at the lowest ranking?” The girl’s name was Pink. She said yes. Gulp. “What do I do now?” was his reaction. Well, obviously, have a romance. And, along the way, they get one hell of a lot more than they bargained for. Like, for example, supernatural Judgemental Powers. How did they get those? And that was only the start. The two most insignificant students in their class become famous. Not just in their class or even in their school, but to the population at large. They end up breaking and making the top politicians and rulers of their country. But finally, of course, they get what they wanted. A committed relationship. This is an Esmeralda the Angel of Death story. It follows on from my previous novel “Maybe it would have been a good idea not to wish for a harem?”, however it is a totally separate story with only a minimal overlap in the characters. There is no need to read the first story to enjoy this one. Although you just might enjoy the first story also… This story has multiple characters and multiple Points of View. Every POV change is clearly marked with a new header. Inside each POV section, the POV character’s thoughts are in italics. This story has about 105,000 words (about 380 RoyalRoad pages). It is fully written and proof read (the poor man’s proof read using Word). It has 25 chapters, and will be published at the rate of roughly one chapter per day. The front-page photo is by Valentin Antonucci from Pexels
8 71 - In Serial52 Chapters
A beta life
I heard the boys voice before i saw his face. It sounded like the smooth rehearsed kind of voice you hear in the movies, from the dream boat lead character with the too-good-to-be-true looks. I raised my eyes to search for the owner of the beautiful sound.My eyes met his just as he came into view.He stopped in his tracks, bumping into one of the med students he was following, staring straight at Me. "Mate" he said just loud enough for the huge man behind him to stop and stare in the direction of the boys gaze.I felt a sickening feeling deep in my stomach. I had never felt anything like it before, the instant feeling of nausea followed by what i can only describe as a rush of emotion. What a trip. The meds are extra strong today I laughed to myself as I continued to stare at the beautiful dark haired boy.This institution just got a whole lot better if he is a patient
8 261 - In Serial16 Chapters
Cafe Brown
Are you searching for a sweet-love-short-read?Well,you are in the right place.______________________________________________________Every Sunday Violet used to come at the cafe and sit at table 8 with a book in her hands. While Simon used to adore her from behind the counter- the sweet smile and the beautiful blue eyes and the brown wavy hair.Will the Sunday starings turn into something more?Let's dive in together to know._______________________________________________________It's the first time I am writing a story. Please try to ignore my grammatical mistakes.Hope you enjoy the story.XOXO(ʃƪ^3^)_______________________________________________________Highest rank:#1 in longoneshot(01.04.2021)
8 209 - In Serial19 Chapters
A New Beginning - Warren Worthington III (REWRITING)
(REWRITING STORY - The new chapters are titled "Chapter ?|" instead of "Chap ?")What if Warren did not die during the battle with Apocalypse? What if he went to Professor X's school with the others instead?Mostly fluff / romance driven story. Warren x ReaderI do not own the characters.PS: I apologize for the grammar or vocabulary mistakes ; English is not my native language.
8 114 - In Serial13 Chapters
Levihan - Addicted To You
warning: really slow updates >:3Being brought up from the underground and made to live in the outside walls brought a lot of change to Levi's life. But when wars and death comes in between his desired life, choices becomes difficult and life becomes a challenge.Note : Again characters are owned by Hajime Isayama
8 131 - In Serial118 Chapters
Gladiator✔️
His chest glistened with water droplets dribbling down the glowing bronze skin. Resting, his strong muscular back against the rocks on the lake side, head lulled backwards, onyx eyes closed in utter salvation."Your spying on me is utterly useless young tulip." Ink eyes opened, resting upon my little frame making me freeze."What are you thinking? You have got this one chance....run away." He offered his eyes watching my each and every movement like a hawk."I am a prisoner sire, I have heard stories....tales of how war prisoners are mercilessly butchered if they are caught and I can't afford to die....not yet...I have someone to feed and I will do anything for them.""Anything?" He asked in eerily calm voice. I nodded slowly a lump forming in my throat as my eyes glistened with tears with the scenes of men using my eighteen year body flashed infront of me making me tremble.Water splashed around as he rose to his full height inside the lagoon, his eyes solely focused on me, his feet moving forward, closing our distance altogether."Azarios" I stiffened, my eyes snapping to his in utter surprise as I heard the name leaving his plump lips.His identity, the name which echoed throughout the dynasty making every living soul shudder.KillerCommanderBeastHe was the commander of Gladiators.Azarios, the Gladiator of Ambrose."You will be the bride of mine." "You are my enemy, my contender, the person I hate with everything....every fibre in my soul." she fumed."Too bad then... you are the person I love with every cell in my body."*No toxic relationship*
8 276

