《ရင်ခွင်ကောင်းကင်(completed)》Ep-19
Advertisement
ပီတိတစ်ယောက် ရုံးမှာအလုပ်ရှုပ်နေသည်။ကိုကိုက ဒီနေ့၉နာရီလေယာဉ္ရှိတာကြောင့်
အလုပ်ကိုမလာ တော့ပဲ တစ်ခါတည်းအိမ်ကနေလေဆိပ်သို့ သွားပြီဖြစ်သည်။ပီတိကအလုပ်ရှိတာကြောင့်ကိုကိုကိုလေယာဉ္တက်ခါနီး ဖုန်းနဲ့သာနှုတ်ဆက်လိုက်ရသည်။သူမရှိ
ဘူးဆိုတာနဲ့ စိတ်ထဲလွမ်းသလိုဝမ်းလဲနည်းမိသည်။သံယောဉ်ကြိုးတွေကလဲ နှစ်ယောက်ကြား ခိုင်မြဲလာတာနဲအမျှအနားအတူအမြဲရှိချင်လာလေ ဖြစ်သည်။နေလည်စာ စားချိန်ရောက်တော့ သူဆီကဖုန်းဝင်လာတာကြောင့်
ဖုန်းကိုပျော်ရျင်စွာ ကိုင်လိုက်သည်။
" ဟဲလို ကိုကိုရောက်ပြီလား"
"ရောက်ပြီချာတိတ် ခုမှလေဆိပ်ကထွက်လာတာ ကိုကိုတို့တည်းမဲ့ ဟိုတယ်ကိုသွားနေတာ"
"ဟုတ်လား ကိုကိုသွားတာနာရီပိုင်းပဲရှိသေးတယ် ပီတိကလွမ်းနေတာ အလုပ်တောင်စိတ်မပါတော့ဘူး"
"ချာတိတ်က လွမ်းနေတယ်ဆိုရင်ကိုကိုခုပဲ
ကားကိုနောက်ကြောင်းပြန်လှည့်ခိုင်းလိုက်ရမလား"
"ဟိုထားဆရာ အလုပ်တွေပျက်နေပါ့မယ်
အလွမ်းပြေအောင် ဖုန်းလေးတော့ဆက်ရင်ရပါပြီနော်"
"ဟုတ်ပါပြီ အလုပ်ပြီးတာနဲ့နေ့တိုင်းညဘက်ဖုန်းဆက်ပါ့မယ် ခင်ဗျ"
" စောင့်နေပါ့မယ်နော် ကိုကိုအဲဒါဆိုဖုန်းချလိုက်တော့လေဘိုင့်ဘိုင့်"
"ဘိုင့်ဘိုင့်ပါ ချစ်တယ်အများကြီး"
"ဒီကလဲ အများကြီးချစ်ပါတယ်နော် အာဘွားမွ"
ကောင်းကင် ဖုန်းချလိုက်ပြီ ကားပြတင်းပေါက်ကနေ ဘန်ကောက် မြို့အလှကို
ကြည့်နေမိသည်။လက်ထပ်ပြီးရင် သူမကိုခေါ်ပြီး ဟန်နီးမွန်းကို ဒီလာဖို့စဉ္းစားမိသည်။
ဒီလိုနဲ့ရိုက်ကွင်းသွားလိုက် ပြန်လာရင်ချစ်သူနဲ့ဖုန်းပြောလိုက်နဲ့အချိန်တွေကတစ်ရက်ပြီးတစ်ရက် ကုန်ဆုံးက မြန်မာနိုင်ငံသို့ပြန်မယ့်နေ့ကိုရောက်လာပါပြီ။
"ဟယ်လိုကိုကိုလေဆိပ် ရောက်နေပြီခနနေရင် လေယာဉ္ပေါ်တက်ရတော့မှာ ညနေရုံးဆင်းရင် ကိုလာခေါ်မယ်ရုံးရှေ့မှာစောင့်နေနော် ချာတိတ်"
" ဟုတ်ကဲ့ ပီတိစောင့်နေမယ်"
ပီတိတစ်ယောက်ဖုန်းချပြီးတာနဲ့ညနေကိုအမြန်ရောက်ချင်လာသည်။နာရီကိုကြည့်ရတာလဲ အမော နာရီသာ သက်ရှိဆိုသူကိုကြည့်လွန်းလို့ ဆဲလိမ့်မည်။ရုံးဆင်းတာနဲ့ အပြေးလေး လာကာ ရပ်ထားတဲ့သူ့ကားကိုတွေ့တာနဲ ဘေးဘီတစ်ချက်ကြည့်ကာ ဝင်ထိုင်လိုက်သည်။ခါးပတ် ပတ်နေစဉ္ သူမနဖူးပေါ်ရောက်လာသော အနမ်းနွေးနွေးကြောင့်
ခေါင်းမော့ကာ ကြည့်မိတော့သူကပြုံးကာသူမကိုကြည့်နေသည်။
"ကိုကိုနည်းနည်း ပိန်သွားသလိုပဲ အလုပ် အရမ်းပင်ပန်းလို့လားဟင် ကြည့်ပါအုံးမျက်လုံးတွေလဲချိုင့်လို့"
" အလုပ်ကပင်ပန်းတာလဲပါတယ် ချာတိတ်ကိုလွမ်းတာကြောင့် ညဘက်ဆိုသိပ်အိပ်မပျော်ဘူး"
"ကိုကိုက ပိုပြီ ကျန်းမာရေးကိုဂရုစိုက်ပါနော်
နောက်ဆိုရင် စားချိန်အိပ်ချိန်သတိပေးမှပဲ"
"အဲဒါဆို ချာတိတ်ကိုတာဝန်ပေးလိုက်ပြီနော်
"
" ဟုတ်ကဲ့ပါ အမူတော်ထမ်းရွက်ပါ့မယ်ရှင့်"
ရွှတ်နောက်နောက်ပြောနေကာ မျက်နှာပြောင်ပြနေသော ချာတိတ်ကြောင့် အသည်းယားကာ ဆုပ်ကိုင်ထားသော သူမလက်ကိုမြောက်ကာ နမ်းလိုက်သည်။
စားသောက်ဆိုင်မှာ စားစရာတွေမှာပြီး သူအလုပ် ကိုယ့်အလုပ်ကြောင်းတွေပြော သူနဲ့ကိုယ်နဲ့မတွေ့တဲ့တစ်လ လောက် မှာ ပြောစရာများ ပြောမကုန်နိုင်အောင်ပင်။စားသောက်ပြီးတာနဲ့သူမနောက်ကျမှာစိုးတာကြောင့် ပြန်လိုက်ပို့ရသည်။သူမလမ်းထိပ်ရောက်တာနဲ့ သူမကိုယ်လေးကိုပေါင်ပေါ်ဆွဲပွေ့ပြီး နှုတ်ခမ်းလေးကို မက ်မက ်မောမော
နမ်းရှိုက်ပြီး သူမကိုလွှတ်ပေးကာ အိမ်ထဲဝင်သည်ထိစောင့်ကြည့်ပြီး သူအိမ်သို့ပြန်လာခဲ့သည်။
ကောင်းကင်တစ်ယောက် ကုမ္ပဏီထဲဝင်လာတာနဲ့ သူကိုဝန်ထမ်းတွေကကွက်ကြည့်ကွက်ကြည့်နေသလိုခံစားမိတာကြောင့် သူကိုယ်သူ
ငုံကြည့်ကာ ဘာမှားနေတာလဲဆိုတာ စစ်ဆေးရသေးသည်။သူသံသယဖြစ်စွာ ရုံးခန်ူထဲဝင်လာသည်။
"ဘောစ့် ဒီနေ့အတွက်အချိန်ဇယားပါ ဇာတ်လမ်းတွဲအတွက်လဲ ပြသဖို့ကြော်ငြာထည့်ပြီးပါပြီ ညနေကျရင်လဲမီတင်တစ်ခုရှိပါတယ် အဲဒါပြီးရင်ပြီးပါပြီ"
"အိုကေ ကျော်စွာငါထူးဆန်းတဲ့ပုံပေါက်နေလား"
"မပေါက်ပါဘူး ပုံမှန်ပါပဲဘောစ့်"
"ငါလာတော့ လူတွေကဝိုင်းကြည့်နေကြတာ
ဘာလို့ကြည့်မှန်း စဉ္းစားလို့မရဘူး"
ဒေါက် ဒေါက် ဒေါက်
"ဝင်ခဲ့ပါ"
ဝင်လာတဲ့သူကို ကြည့်လိုက်တော့ သတင်းဌာနက မယုဖြစ်နေသည်။
" မယုဘာကိစ္စ ရှိလို့လဲဗျ"
" ဘောစ့်ကိစ္စပါဘောစ့်"
"ကျနော်ကိစ္စ"
"ဟုတ်ပါတယ် ဒီသတင်းလေးဖက်ကြည့်ပါ"
တစ်ခြားသတင်းမီဒီယာတစ်ခုမှ တင်ထားသောသတင်းနဲ့ ဝါးထားသောပုံကြောင့် သူသက်ပြင်းချလိုက်သည်။
"ဘောစ့် ဒီကိစ္စဘယ်လိုရှင်းမှာလဲ"
"ဘယ်လိုမှရှင်းစရာ မလိုဘူး အမှန်ပဲဟာကို
ဖြေရှင်းမနေနဲ့ ဒီအတိုင်းထားလိုက်ပါ"
"ဟုတ်ကဲ့ အဲဒါဆိုဘောစ့်မှာကောင်မလေးရှိနေပြီပေါ့ အမလေးမယုံနိုင်စရာပဲ အဲဒါဆို
သွားလိုက်ပါအုံးမယ်ရှင့်"
အပြေးတစ်ပိုင်းထွက်သွားသော မယုကြောင့်
သူနဲ့ကျော်စွာခေါင်းယမ်းလိုက်သည်။ဘာလို့ဆို သူမကသတင်းဖြန့်ဖို့ သွားတာကြောင့်ဖြစ်သည်။
ပီတိတစ်ယောက် လိုင်းပေါ်မှာဂယက်ထနေသော သူမတို့နှစ်ယောက်ရဲ့စားသောက်ဆိုင်မှာထိုင်ကာသူကဆံပင်ကျနေတာကို သပ်ပေးရင်းသူမပါးကို နမ်းနေသောပုံနဲ STAR ရဲ့ပိုင်ရှင် ဉီးကောင်းကင်သစ်ရဲ့ချစ်သူဆိုတဲ့သတင်းကြောင့် စိတ်ညစ်နေရသည်။အမျိုးသမီးထုကြီးရဲ့ မနာလိုဖြစ်စွာ ရေးထားသော စာများကြောင့် သူမမှာမကောင်းတဲ့မိန်းမ အဖြစ်သို့ရောက်ရလေသည်။တော်သေးတာကသူမျက်နှာနဲ့ကွယ်နေတဲ့ အပြင်ပုံကဝါးနေတာကြောင့် သူမမှန်းမသိကြပေ။သူဆီကမက ်ဆေ့ဝင်တာကြောင့် ကြည့်တော့
#စိတ်အေးအေးထား ဘာမှမဖြစ်ဘူးကိုယ်တို့တဲွနေတာကို ဖုံးကွယ်စ ရာမလိုပါဘူး အလုပ်မှာအနေမကျပ်အောင်လို့သာ ကိုကိုမပြောဖြစ်တာ စတွဲကတည်းကကိုကိုက မင်းနဲ့ချစ်နေတာကို တစ်လောကလုံးကိုကြေညာချင်နေတာ ဒီနေ့မအားလို့မလိုက်ပို့တော့ဘူး အိမ်ရောက်ရင်ကိုယ့်ဆီဖုန်းဆက်နော် ချာတိ်တ်#
#ဟုတ် ကိုကို#
သူလဲတစ်လလောက်ပစ်ထားသော အလုပ်လေးတွေကို စစ်နေရင်း ဖုန်းဝင်လာလို့ကိုင်လိုက်တော့ မာမီပင်ဖြစ်သည်။
" ဟယ်လို သားသတင်းတွေတက်လာတာ အမှန်ပဲလား "
"ဟုတ်ကဲ့ သားချစ်သူပါမာမီ"
"သား မာမီတစ်ခုပဲပြောမယ် သားကိုဂျူလီယာနဲ့သဘောတူထားတယ်လို့မာမီပြောထားတယ်လေ မင်းကမာမီစကားကို အလေးမထားတာလား ခုမင်းကောင်မလေးကရော ဘယ်အသိုင်းအဝိုင်းကလဲေပြာ မင်းမပြောရင်ငါ့ဘာသာ စုံစမ်းမယ်"
"မာမီ ဂျူလီယာနဲ့ကိစ္စကသားအစတည်းကငြင်းပြီးသားပါ သားချစ်သူကဘာပဲဖြစ်နေဖြစ်နေ သားချစ်တဲ့သူပါမာမီ သူ့ကိုမထိပါနဲ့လို့ တောင်းပန်ပါရစေ"
တီ
" ဟဲလို ဟဲ့စကားတောင်သေချာမပြောရသေးဘူး ဖုန်းချလိုက်တယ် မဖြစ်ပါဘူးငါကိုယ်တိုင်မြန်မာနိုင်ငံပြန်မှကောင်းမယ်"
#Moon shine
Advertisement
- In Serial40 Chapters
Uroboros Cycle
Based on events in my life. Marie "Inky" La Voison returns home to Hemlock Hurst. After missing her mother's funeral, the town seer and mad woman, she is reunited with her childhood friend and sweetheart. Before she can reach closure with her past, a double murder rocks the town. A Serial Killer has been preying on the women of the township. Ghosts of the past, a blood feud from the Civil War, and madness stalk the streets. Will Marie "Inky" La Voison be able to save the Uroboros Cycle, the cycle of life and death? Lear County Outlook is directly connected to Uroboros Cycle.
8 247 - In Serial34 Chapters
Solitude
Oaklee is a loner; a hermit; a recluse; someone who takes being an introvert like an extreme sport. She enjoys living in solitude, with writing her third novel and taking her Cocker Spaniel, Loki, for walks along the canals and the field next to it, she's happy in her own world away from people. Alexander King is a workaholic, the CEO of King industries. He hates people and their stupidity and has people to do everything in his life. He is alone, forcing anyone close to him away because that's what CEOs do, right? They push people away.Dogs bring the hermit and the workaholic together, literally. But can the dogs keep them together?
8 114 - In Serial23 Chapters
HIS •COMPLETED•
Ziara Ale, a normal teenage girl, well as normal as Ziara could get. She's short, clever, and curvy. If there is one thing to know about Ziara it's that she knows of the existence of werewolves. Little did she know that her acknowledgement of werewolves would change her life forever.Theodulus Isbrand, The Alpha King, the one and only. He's mean, ruthless, and handsome. He's lived been living for 2315 years without a mate. He gave up on finding a mate a long time ago. That caused his heart to grow hard, cold, and ruthless.What happens when he finds out that Ziara is his long awaited mate?
8 160 - In Serial32 Chapters
A Pull Of Destiny
"Two souls don't find each other by accident. They are meant to be."* * Riya is a famous Indian soap opera actress but her life is always monotonous as acting was never her dream, but her fathers. However, life takes a crazy turn after an unfortunate incident when Riya falls off a mountain cliff during a serial shooting. Raghuveer is a bastard prince; an illegitimate prince and he is unfazed about what the world skinders behind him as his only drive in life is to provide proper medical treatment for his sick mother. His perfectly balanced bland life is disturbed on a sunny morning when he finds a crazy woman lying unconscious in his garden.But when the prince decides to help that woman his life worsens, but for better.A pull of destiny has a brought Riya near Raghuveer, her one and only soulmate. Will that same destiny give them a happy future?
8 228 - In Serial34 Chapters
evangeline. °styles
❝my darling angel, how you've grown❞ the teasings of an infatuated nymphet upon a man, too many years her elder
8 173 - In Serial38 Chapters
The Alpha is my Mate ✏️ (rewriting)
Allie Dawson is in a family that are very important to her pack. Her parents were in charge before stepping down and passing on the responsibility to her brother. One thing about her is she has always dreamed about finding her mate. Ever since she was a little girl, she's wanted to find him. When you find your mate it will be as if the whole world stops, falling in love will be inevitable and nothing could get in the way of you two. It can almost feel like a fairytale at first.Finding your mate meant finding that special someone to spend the rest of your life with. Some who will love you no matter what. In their eyes, you didn't have any flaws. At least that's what 7 year old Allie thought. Sounds a little cliché, doesn't it?Mason Wood is your typical school player. He knows the importance of having a mate but since he hasn't found his yet, what's the harm in having fun? Since his parents passed away in a tragic accident, he had to step up and take his fathers role as Alpha which gave him an immense amount of responsibility. Balancing school and leading a pack is no joke, but now having to try and find a mate to help you run the pack and be with you for the rest of your life? That can alter his life forever. ***************************On Allies 18th birthday, her friend takes her out somewhere special in hope to find her mate even though the chances are very slim. Will she find her mate on her birthday? Will she even like him? Will he be who she expects? Will it be the perfect fantasy she's always dreamed of?(Some sexual content) Currently Rewriting
8 158

