《ရင်ခွင်ကောင်းကင်(completed)》Ep-10
Advertisement
တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားလိုက်တာ
တန်ဆောင်တိုင်တောင်နီးလာပြီ သူနဲ့ကိုယ်လည်း ရင်းနှီးလာပြီ သူအကြောင်းကို အတန်သင့်လည်း သိလာပါပြီ သူမလေ့လာကြည့်သလောက်ကတော့ သူကအတော်ပြောစရာမရှိအောင် ပြည်စုံသူပါ။သူမဘက်ကလည်း သူကိုသဘောမကျစရာမရှိပေ၊သူဘက်က အဖြေတောင်းလာခဲ့ရင် သူမဘက်ကပေးဖို့အဆင်သင့်ပင်ဖြစ်သည်။သူအကြောင်းတွေးရင်
စာစီရမယ့် အလုပ်ကိုထိုင်လုပ်နေစဉ္
"ဟေ့ ကောင်မလေးအလုပ်တွေရှုပ်နေတာလား"
သူမအလုပ်စားပွဲရှေ့ကြည့်လိုက်တော့ မယုဖြစ်နေသည်။
"မများပါဘူး စာစီနေတာ မမယုဘာပြောစရာရှိလို့လဲ"
"အရေးကြီးတာ မရှိပါဘူး Tea time မှာကော်ဖီသွားသောက်ရင်း သတင်းကောင်းကြားလာတယ် အဲဒါနင့်ကိုဖောက်သည်ချချင်လို့"
"ပြောပါအုံး မမယုရဲ့ သိချင်သွားပြီ သတင်းကောင်းဆိုတော့"
"နောက်တစ်ပတ်ကြသပတေးနေ့က သူဌေးမွေးနေ့လေ သူဌေးကဝန်ထမ်းတွေကိုအမြဲမဲဖောက်ပေးနေကျ ဖောက်ပေးရင် တန်ဖိုးကြီးတာတွေပါ ပါတယ်လေ ငါ့ဆိုမနှစ်က 42လက် မ Tv ပေါက်တာ ဒီနှစ်လည်းကံကောင်းရင်ကောင်းမယ်"
"ဟာ မိုက်တာပေါ့ ဒါပေမဲ့ပီတိကဗလာမပါမှပေါက် မှာဒီတိုင်းဆိုမပေါက်ဘူး အလကားရမယ့် ဇာတာမ ရှိဘူး"
"ဗလာမပါဘူးဟ အကုန်မဲပါတယ် ရမယ့်တန်ဖိုးကတော့မတူဘူးပေါ့"
" ကောင်းတာပေါ့ သူဌေးအတွက်ရော မွေးနေ့လက်ဆောင် ပေးရသေးလား"
"သူဌေးက မပေးခိုင်းဘူး သူဌေးအတွက်နှစ်တိုင်း လုပ်နေကျကမဲဖောက်ဖို့ လူစုတဲ့ချိန် ဆို
သူဌေးကိုကိတ်ခွဲပေးတယ် ဒါပဲလုပ်ပေးတာ
ငါမရှိခင်တည်းက ထုံးစံလေ"
"ဟုတ်လားအဲ့နေကျရင် ပျော်ဖို့ကောင်းမှာပဲ"
"ပျော်စရာကောင်းလားတော့ ကိုယ်ဘာကိုယ်စောင့်ကြည့်လိုက်တော့ မပြောတော့ဘူး သွားပြီး လုပ်စရာလေးရှိလို့"
သူမွေးနေ့ရောက်တော့မယ်ဆိုတော့ မွေးနေ့လက်ဆောင် ဘာပေးရင်ကောင်းမလဲ သူကသူဌေး ဆိုတော့ပေးရမှာက တစ်မျိုးကြီးပဲ
ကိုယ်ကသူဌေးမဟုတ်တော့ branded တော့
လက်ဆောင်မပေးနိုင်ပေ သူအတွက် အသုံးဝင်တာ တစ်ခုခုပဲလက်ဆောင်ပေးလိုက်တော့မယ်။
"သူဌေး ကော်ဖီရပါပြီ"
"ကျေးဇူး ကိုယ်ချာတိတ်ကိုအကူအညီတောင်းစရာရှိလို့"
"ဟုတ်ကဲ့ ပြောပါပီတိကူညီနိုင်တာဆိုကူညီမှာပါ"
"ဒီလိုကွာ ကိုယ့်မွေးနေ့ကျရင် မနက်ပိုင်းဘုရားရယ် ပြီးတော့ နှင်းဆီကုန်းဘိုးဘွားရိပ်သာမှာသွားလှူမှာ ကိုယ်မှာအဖော်မရှိလို့လိုက်ခဲ့ပေးပါလား"
"အဲ့နေ့က အလုပ်မပိတ်ဘူးလေ တော်ကြာသူဌေးနဲ့အတူသွားမှန်းသိရင် ပြောကြမှာပေါ့"
"ဘယ်သူမှမသိပါဘူးကွာ သိသွားရင်လဲကြေညာပြီးသားဖြစ်တာပေါ့ လိုက်ခဲ့ပါနော်"
"ဟုတ်ကဲ့ ပီတိလိုက်ခဲ့ပါ့မယ်"
"ကျေးဇူးပါ ချာတိတ်"
"ရပါတယ် ပီတိသွားလိုက်ပါအုံးမယ်"
'သူမလိုက် မယ်လို့ဆုံးဖြတ်တာမမှားပါဘူးနော် ကိုယ်နဲ့မသက်ဆိုင်သေးဘဲနှစ်ယောက်အတူ သွားလို့ကောင်းပမလား ငါလဲနော် သူက ဘုရားသွားဖို့ခေါ်တာလေ မဟုတ်တာ
လုပ်တာလဲမဟုတ် ဘဲ အတွေးကများနေလိုက်တာ မွေးနေ့လက်ဆောင်တောင်ဘာပေး
ရမလဲ ခုထိစဉ္းစားလို့ မရသေးဘူး ပီတိမအဲ့တာအရင်စဉ္းစား'
သူမတွေးရင်းလမ်းလျှောက်တာ ရုံးထဲတောင်ရောက်ပြီ ဖြစ်သည်။မမယုကသူမဝင်လာတာမြင်တော့ သူမကိုလှမ်းခေါ်သည်။
"ပီတိ ခနလာအုံး"
"မမယု ဘာဖြစ်လို့လဲ"
"ဒီမှာလေ မဲနိှုက်ရမှာ နံပါတ်စဉ္လေပီတိနံပါတ်စာရွက်ရော့ယူထား အပျောက်စေနဲ့အုံး"
"ဟိုမမယု ပီတိအဲ့နေ့သွားစရာရှိလို့ မလာဖြစ်လောက်ဘူး"
"အာဒါဆိုရင်တော့ ညည်းကံကောင်းတယ် သူဌေးကသောကြာနေ့ ရွေ့ထားတယ်
အဲ့နေ့ကြသပတေးက သူအလှူသွားလုပ်မှာမအားဘူး လို့လေ"
"ဟုတ်လား မသိလိုက်ဘူး"
"ခုသိပြီမလား မဲနှိုက်ဖို့သာပြင်ထားတော့"
ခုနကတော့ အစီအစဉ္ရွေ့ထားကြောင်းတောင်မပြောဘူး စကားမဆက် မိလို့လား
မနက်ဖြန် ရုံးပိတ်ရက်တော့ အပြင်ထွက်ရအုံးမည်။
ကောင်းကင်တစ်ယောက် ချာတိတ်နဲ့ဖုန်းပြောနေသည်။အစီအစဉ္ပြောင်းတာကို သူမကိုမပြောလို့ စိတ်ဆိုးနေသည့် မျက်နှာလေးကို ကြည့်ချင်မိသည်။သူရှေ့မှာဆို အမြဲတည်နေတက်ပြီး ကွယ်ရာမှာဆိုစိတ်ဆိုးလိုက်
ကောက်စိန်လုပ်တက်သည် ဖုန်းထဲမှာသာ
သိရသော သူမပုံစံဖြစ်သည် ။
ပိတ်ရက်ဆိုတော့ junction city မှာလူစည်နေသည် ။သူမပုံမှန် လူရှုပ်တဲ့နေစျေးဝယ် မထွက်တက်ပေ သူအတွက်မွေးနေ့လက်ဆောင်အဖြစ် နက်ကတိုင်ဝယ်ပေးမလို့ဖြစ်သည်။နက်ကတိုင် နက်ပြာရောင်ပေါ်မှာ အပြောင်စက်လေးတွေ ပါတာလေးကလှလို့
ဝယ်လိုက်သည်။သူမရဲ့လစာ ၄ပုံတစ်ပုံလောက် ပါသွားသည်လေ နှမြောပေမဲ့ကိုယ်ချစ်တဲ့သူအတွက်ဆို အကောင်းဆုံးပဲပေးချင်တာမလား။
ဒီနေ့သူမွေးနေ့ ဖြစ်တာကြောင့် ကြီးနွယ်ပြင်ပေးတဲ့ ဆွမ်းကိုကပ်ပြီး ဘုရားသွားဖို့ပြင်နေမိသည်။ဘုရားသွားမှာမို့ ဝတ်လေ့မရှိသော ပုဆိုးကိုဝတ်လိုက်သည်။သူမနဲ့အတူ သွားမှာမို့ သူစိတ်ထဲအရမ်းပျော်နေသည်။
သူလာခေါ်မှာမလို့ မြန်မာဝမ်းဆက်ကချင်ထည် မိုးပြာရောင်လေးကို ဝတ်ပြီး အလှပြင်ကာ စောင့်နေမိသည်။မေမေကတောင် အလုပ်သွားမှာ ဒီနေ့ဘာနေ့မို့အလှတွေပြင်ထားတာလဲတဲ့ မေးနေသည်။ကုမ္ပဏီမှာ ပွဲရှိလို့ဆိုပြီး ပြောထားရသည်။အကဲခတ်နေတဲ့ အမေကြောင့် လမ်းထိပ်ထိထွက်ပြီးစောင့်နေလိုက်သည်။မနေ့က အိမ်ထိလာမကြိုဖို့ကြိုမပြောမိတာကြောင့် လွှဲမှာဆိုးလို့ ကားတွေကို
လိုက်ကြည့်နေမိသည်။မကြာပါဘူး ကားနက်လေးဘေးမှာထိုးရပ်လာသည် ကားပေါ်ကသူကဆင်းလာပြီး ကားတံခါးဖွင့်ကာ ပေးသည်။
"တက်လေ ချာတိတ် ဘာလို့လမ်းထိပ်မှာစောင့်နေတာလဲ အိမ်ထိလာခေါ်မှာပေါ့"
"အမေနဲ့တွေ့သွားမှာ ဆိုးလို့ မေးမြန်းနေမှာအမေက အာ့ကြောင့်လမ်းထိပ်မှာစောင့်နေတာ"
"ဟုတ်လား တိုက်ဆိုင်တယ်နော် မတိုင်ပင်ပဲ ကိုယ်တို့ ဝတ်ထားတာအရောင်တူနေတယ်"
"ဟုတ်သားပဲ ဒါနဲ့ ဘယ်ဘုရားသွားမှာလဲ"
"ရွှေတိဂုံ ဘုရားသွားမှာ ပြီးမှဘိုးဘွားရိပ်သာ
ကိုဆက်သွားမယ်"
"ဟုတ်ကဲ့"
ဘုရားရောက်တော့ ကားကိုအရှေ့ဘက ်မုဒ္မှာထားပြီး နှစ်ယောက်သားဓာတ်လှေကားနဲ့ပဲတက်ခဲ့သည် ပန်းကိုမဝယ်လာရသေးတာကြောင့်တွေ့တဲ့ရွှေပန်းပဲ ဝယ်လိုက်ရသည်။
သူနဲ့နေ့နံ ကြာသပတေးမှာ ပန်းကပ်ဘုရားရှစ်ခိုးပြီး အတူရွှေတိဂုံဘုရားကိုရှစ်ခိုးကြသည်။
သူက အလှူခံနေရာသို့သွားပြီး အလှူငွေသွားထည့်သည်။
"သာဓုပါဗျာ သာဓုပါ အခုလိုလှူဒါန်းရသောအကျိုးကြောင့် မောင်ကောင်းကင်သစ်နဲ့မမြတ်နိုးပီတိတို့လင်မယား ကျန်းမာချမ်းသာပါစေဗျာ"
ပီတိအလှူခံ လူကြီးအသံကြောင့်သူကိုတစ်ချက်မော့ကြည့်ပြီး
"ခုနက အလှူခံသွားထည့်တာ ဘယ်လိုပြောလိုက်လို့ အဲလိုကြီးအော်နေတာလဲပြော အသိတစ်ယောက်သာကြားရင်တော့ ရှက်စရာကြီး
သူနဲ့လဲမဆိုင်သေးဘဲနဲ့"
"ကိုယ်ကအလှူရှင် နာမည်မေးလို့ကိုယ်နဲ့မင်းနာမည်ပဲပြောလိုက်တာ အဲလိုကိုယ်မအော်ခိုင်းပါဘူး တကယ်ပါ"
"နှစ်ယောက်နာမည် ပြောမှတော့ အဲလိုပဲအော်မှာပေါ့ "
"ဟုတ်ပါပြီ ကိုယ်မှားတာ ဟုတ်ပြီလားစိတ်မဆိုးနဲ့နော် ပြန်ဆင်းရအောင်"
"ဟွန့် သွားမယ်"
ကောင်းကင်လဲ ပြုံးစိစိနဲ ကားမောင်းနေသည်။သူအဲလို မအော်ခိုင်းပေမဲ့ အော်လိုက်တော့ ကျေနပ်သည်လေ သူမစိတ်ဆိုးသွားပေမဲ့လို့ပေါ့ ဘိုးဘွားရိပ်သာရောက်တော့ သူြကိုလွှတ်ထားတဲ့ ကျော်စွာကသူမနဲ့အတူ ဝင်လာတာကို တအံတဩ ကြည့်နေသည့်ကျော်စွာကြောင့် အနားသွားကာ ပုခုံးပုတ်လိုက်သည် ။ပြီးတော့ သူမနဲ့အတူ ကျောင်းအုပ်ဆီ သွားတွေ့လိုက်သည်။အလှူငွေထည့်ပြီး ဆေးဝါးတွေပါတစ်ခါတည်းလှူထားလိုက်သည်။ပြီးတာနဲ့ကျော်စွာကို လုပ်စရာရှိတာလုပ်ပေးရန်မှာ ခဲ့လိုက်ပြီ စားသောက်ဆိုင်တစ်ခုသို့မောင်းခဲ့လိုက်သည်။စားစရာတွေ မှာလိုက်ပြီး သူမကိုကြည့်နေမိသည်။သူမကသတိထားမိဟန်ုဖြင့်
မျက်နှာနီကာ ခေါင်းငုံ့သွားသည်။
"ခေါင်းမော့ပါအုံး ကိုယ့်ပြောစရာရှိလို့
ချာတိတ်ကိုယ်ဒီနေ့အရမ်းပျော်တယ် တစ်ယောက်တည်း မွေးနေ့ကို ဖြတ်သန်းနေရတာ ခုကိုယ်မင်းနဲ့ဖြတ်သန်းရတာကိုယ့်အတွက်တန်ဖိုးမဖြတ်နိုင်တဲ့ နေ့တစ်နေ့ပါ
ဒီလိုနေ့လေးမှာ ပိုပျော်ချင်တယ် အဲဒါ့ကြောင့်
ဖြစ်နိုင်မယ်ဆို ဒီနေ့ကိုယ်ကိုအဖြေပေးပါလားဟင်"
ပြောနေရင်း သူလက်ကသူမလက်ကိုလာဆုပ်ကိုင်သည်။သူစကားနဲ့သူ့အပြုအမူတွေကြောင့် သူမအနေခက်ကာ ရင်တွေတစ်အားခုန်နေတာ နားထဲကတောင်ကြားနေရသလို ဖြစ်နေသည်။သူမလဲ ချစ်နေတာကြောင့် အချိ်န်မဆဲွတော့ ဘဲ သူလိုချင်တဲ့အဖြေကို ပေးလိုက်ပါတော့မည်။
"ဟို ပီတိရှက်တယ် "
"ရှက်ရင် ကိုယ့်ကိုကြည့်ပြီး ခေါင်းလေးပဲညိတ်လိုက်ပါ ချာတိတ် ကိုယ့်အရမ်းမျှော်လင့်ထားတာကြောင့် ကျေးဇူးပြု၍ခေါင်းလေးညိတ်လိုက်ပါနော် ခုကိုယ့်ကိုကြည့်"
သူ့အပြောကြောင့် ပီတိသူ့မျက်ဝန်းကို ကြည့်လိုက်သည်။သူအကြည့်တွေက အချစ်များဖြင့် ရွှန်းလဲ့နေသည်။သူမျက်ဝန်းကိုကြည့်ပြီ း
ခေါင်းညိတ်ကာ ရှက်ပြုံးလေး ပြုံးလိုက်သည်။
ကောင်းကင်တစ်ယောက်သူကို ခေါင်းညိတ်အဖြေပေးလာသော သူမကြောင့် ပျော်လွန်းလို့ ဆံွ့အသွားသည်။သူအသိဝင်လာပြီး
သူဆုပ်ကိုင်ထားသော လက်ကလေးကို အသည်းယားစွာ ညစ်လိုက်ရင်
"ကိုယ့်ကို ကြည့်ပါအုံးချာတိတ်ရဲ့ ကိုယ်ကိုချစ်တယ်ပေါ့ ဝမ်းသာလိုက်တာကွာ စိတ်ချကိုယ်လက်ကိုတဲွတဲ့ဒီနေ့မှစပြီး ချာတိတ်ကိုကိုယ့်လက်ကိုတွဲလို့ နောင်တမရစေရဘူးလို့
ကိုယ်ကတိပေးပါတယ်ကွာ"
သူဆီက ကတိစကားကြောင့် ပီတိရင်ထဲကြည်နူးသွားပြီး သူမရွေးချယ်မှုအတွက်နောင်တလည်းမရခဲ့ပေ။သူကို ရွေးချယ်ပြီးကတည်းက သူကမ်းလင့်တဲ့လက်ကိုတွဲပြီး
အရာရာကိုရငိဆိုင်ပါတော့မည်။
ကားမောင်းလာစဉ္တစ်လျှောက် သူက သူမလက်ကိုမလွှတ်ပေ လမ်းထိပ်ရောက်တော့
သူမဆင်းရတော့မည် သူအတွက်လက်ဆောင်ဘူးလေးကို ထုတ်ပေးလိုက်တော့ သူကဖွင့်ကြည့်ပြီး ပျော်နေသည်။
သူကြိုက်တယ်ဆိုတာကြောင့် သူမလဲဝယ်ပေးရကျိုးနပ်သည်လေ။သူကိုနှုတ်ဆက်ကာ
လမ်းထဲဝင်လာခဲ့သည်။
သူ သူမလမ်းထဲဝင်သွားသည့်နောက်ကျောကိုကြည့်လိုက်သည် သူ သူမအချစ်ကိုပိုင်ဆိုင်သွားပြီ ဒီမိန်းကလေးကို ပိုင်ဆိုင်ရပြီဆိုတဲ့ စိတ်နဲ့ပျော်ရွှင်ရသည်လေ။
#Moon shine
Advertisement
- In Serial27 Chapters
The Absolute Favorite in the Apocalyptic Rebirth
A month before the end of the world, Lou Dian looked at her with more and more explicit eyes that made her horrified!Many unexpected things happen in life.To Lou Ling’s surprise, the end of the world come.Lou Dian taught her how to survive in the last days and gave her the most precious food, but his evil intentions were also obvious from the beginning.In this apocalypse, Lou Dian completely imprisoned her and became his possession!She is like an addictive poison, and when he suddenly looks back, he can’t give up.
8 685 - In Serial27 Chapters
She's dead
They abandoned her. Her own family left her to deal with the horrors of her life alone and for that she may never forgive them. Gone is the bubbly little girl they knew, now there is an emotionless badass who has been through more shit than you can ever imagine. What happens when Sapphire's foster father dies and she gets sent back to her so called family. What happens when her family finds out the sister, the daughter they knew is dead and it's because of them?A fast paced book ...No images or videos are my own...
8 326 - In Serial15 Chapters
Musings
This is being used as a place to post, some thoughts of mine, mostly old stuff from my past, my feelings or observations or just fiction (most likely fiction). It most likely will not take normal story format and I am sure this site will let me know if that outside the lines.
8 162 - In Serial28 Chapters
love or destiny ?
Hi i am Shanaya Kapoor and i am 14.I had a best friend Dev Malhotra and he is a charmer.All the girls in school worships the path he walks.. But i don't because i am his best friend. I thought love is all crap and idiots only fall for it. Even when my best friend asked me to be his girlfriend i denied and stopped talking to him.He left the school and went away to live somewhere else . but after 2 years see him again, in all his charm . More mature and a well defined body , still have that captivating black eyes that no one can ever forget.So what happens when he comes back in her life and join her school again.. would she able to resist his charm this time .. first love is very exciting to experience but they leave you heartbroken and only comes back to create a storm. Better watch your heart !I am not a writer but when heard my friend's love story, I really wanted to share it with others and tell them what true love is. It's a real story but I made slight changes as her real story is still incomplete.. #JustWriteIt and #SpringBreak #YourStoryIndia #IndianWritersClub
8 199 - In Serial83 Chapters
Killua X Reader [An Endless Bond]
-THIS HAPPENS RIGHT AFTER THE 2011 ANIME-You were a seemingly cheerful and helpful girl, yet you didn't have anyone you could call a friend. Your charisma drew everyone in, but your walls kept them out. Having no family, and no goal worth chasing, you thought this was how you would live the rest of your life.But it only takes one action, one moment to change your life entirely. You couldn't stop yourself from getting too close to him.Killua was the one who showed you the light. He showed you the wonders of life, and most importantly, he showed you what it meant to have friends.But will the truth be able to sever the bond you two came to share?[DISCLAIMER: I do not own Hunter x Hunter and its characters, only this story's plot and original characters belong to me]COMPLETED (Word count: 100,000+)
8 134 - In Serial45 Chapters
Turning Larissa (GirlxGirl)
A chance encounter between Ivy Shaw and Larissa Aske, leaves Ivy desperate for Larissa's attention. It's new territory for both of them, and neither of them are sure how it will all play out.
8 197

