《ရင်ခွင်ကောင်းကင်(completed)》Ep-5
Advertisement
"မောနင်း မမယု"
"မောနင်းပါ ပီတိရေ"
မမယုကိုနှုတ်ဆက်ရင်း ခုံမှာထိုင်လိုက်သည် ခုတော့လဲတစ်လနီးပါးလုပ်ခဲ့တဲ့အလုပ် မှာပျော်နေပါပြီ။လုပ်ဖော်ကိုင်ဖက်တွေ အကုန်ကလဲ လက်တွဲပြီးသင်ပြပေးသည်။အကုန်လုံးက သဘောကောင်းပြီးဌာနထဲမှာ သူမကအငယ်ဆုံးမို့ ချစ်ကြသည်။
"ပီတိ ထမင်းချိုင့်က ဘာဟင်းနဲ့ထည့်လာတာလဲ ဟင်းကောင်းရင်ငါ့ကိုကျွေးအုံးနော်"
တစ်ရုံးတည်းသား ကိုတိုးကြီးက ခုံပေါ်ကိုဖိုင်တစ်ခုတင်ပေးရင်ပြောလိုက်သည်။သူမကထမင်းချိုင့်ကိုမနက်ကိုယ်တိုင်ထချက်သည်လေ အမေကိုပင်ပန်းမှာကြောင့် မချက်ခိုင်းပါ ကိုယ့်ဘာသာပဲချက်သည်။အစားရွေးတာကြောင့် ကိုယ်အကြိုက်ချက်စားရင် ထမင်းဟင်းကို ကျွမ်းကျင်အောင်ချက်တက်သည်။သူမ လက်ရာကိုရုံးကလူတွေကြိုက်တက်လို့ အမြဲ ဟင်းကိုပိုထည့်နေကျဖြစ်သည်။ခုလဲကိုတိုးကြီးက ဟင်းကျွေးဖို့ပြောနေချင်းဖြစ်သည်။
"စိတ်ချပါ ဒီနေ့ကြက်ပင်စိမ်းနဲ့ ငါးဖယ်သုပ်လာခဲ့တယ် အများကြီးထည့်လာတာလောက ်မှာပါ"
"အေးပါ ငါ့တွက ်မကျန်မှာဆိုးလို့ ကြိုတင်ပြောထားတာပါ"
"စိတ်ချပါရှင် ဒါနဲ့ဒီဖိုင်က"
"အော်ငါလဲအစားဘက်ရောက ်ပြီး မေ့နေတာ
သူဌေးတောင်းထားတာ ငါကမင်းသားနေ့သစ်နဲ့အင်တာဗျုးရှိတယ် သူရိုက်ကွင်းကိုလိုက်သွားမှာမို့ နင်သွားပေးပေးပါ ဘာမှမပြောရဘူး ဒီတိုင်းပဲပေးထားလိုက်သိလား"
"ဟုတ်ကဲ့ စိတ်ချ"
"ငါဆို ငါသွားပြီနော်"
ကိုတိုးကြီးထွက်သွားမှ သူမလည်းဖိုင်ကိုကောက်ကိုင်ပြီးထလိုက်သည် ပြီးတော့ရုံးခန်းဘက်သို့တက်လာခဲ့လိုက်သည်။ရုံးခန်းရှေ့အတွင်းရေးမှူးနေရာ၌ ကိုကျော်စွာကို မတွေ့လို့ သူဌေးအခန်းကိုတံခါး ခေါက်လိုက်သည်။
ဒေါက် ဒေါက် ဒေါက်
"ဝင်ခဲ့ပါ"
သူမလဲ လက်ကိုင်ကိုလှည့်ပြီး ဝင်လာခဲ့သည်။
"ဆရာ ကိုတိုးကြီးပေးခိုင်းတဲ့ဖိုင်လာပို့တာပါ"
"ထိုင်ပါအုံး ခနလောက်စစ်လိုက်အုံးမယ်"
"ဟုတ်ကဲ့"
'ကိုတိုးကြီးပြောတော့ ပေးပြီးပြန်ရုံပဲဆို ငါကိုဂျင်းထည့်လိုက်တာလားမသိဘူး'
"စိတ်မရှိရင် ကျတော်အတွက် ကော်ဖီတစ်ခွက်လောက ်ဖျော်ပေးနိုင်မလား ကျော်စွာမရှိတော့ ကော်ဖီမသောက်ရသေးလို့ပါ"
"ရပါတယ်ဆရာ"
"အော် အရမ်းတော့မချိုနဲ့ဗျမသောက်တက်လို့ပါ"
"ဟုတ်ကဲ့"
သူမလည်း ရုံးမှာကော်ဖီသောက်ဖို့နေရာလုပ်ပေးထားတဲ့နေရာသို့ထွက်လာခဲ့သည်။မချိုစေပဲ ခါးဆိမ့်ဆိမ့်လေးဖျော်လိုက်သည်။ဖျော်ပြီးဗန်းလေးထည့်ကာ သယ်လာလိုက်သည်။သူဌေးရှေ့က စားပွဲပေါ်တင်ပေးလိုက်သည်။သူက ကော်ဖီခွက်ကိုယူကာ တစ်ငုံသောက်ပြီး
"မမြတ်နိုးပီတိက ကော်ဖီဖျော်တာတော်တာပဲ
ကျတော်ကြိုက်တယ်ဒီအရသာကို"
"ကြိုက်တယ်ဆိုလို့ ဝမ်းသာပါတယ်ဆရာ"
"ကျတော်အတွက် အပန်းမကြီးရင်နေ့တိုင်းကော်ဖီ ဖျော်ပေးပါလား ကျော်စွာကလည်း
သိပ်မဖျော်တက်တော့လေ "
"ရပါတယ်ဆရာ ကိစ္စမရှိပါဘူး"
"ကျေးဇူးပါဗျ ဒီဖိုင်ကိုပြန်ယူသွားလို့ရပါပြီ"
"ဟုတ်ကဲ့"
သူဌေးသွားခိုင်းတာနဲ့ သူမလဲထွက်လာခဲ့သည်။သူဌေးနဲ့တွေ့တိုင်း သူဌေးမျက်လုံးကိုစုံအောင်မကြည့်ရဲ စိတ်ထဲမှာရှက်သလိုနဲ့ရင်ထဲမှာလဲကတုန်ကရင် ဖြစ်ဖြစ်သွားသည်။
ကောင်းကင် ထွက်သွားတဲ့သူမကိုကြည့်ပြီး
ကျေနပ်စွာပြုံးလိုက်သည် သူမနဲ့နီးကပ်စွာရှိနိုင်မယ့် အခွင့်အလမ်းတွေ သူရှာဖွေရပါအုံးမည်။သူ သူမကိုပိုင်ဆိုင်နိုင်အောင် ကြိုးစားရပါမည်။
ထမင်းစားချိန်ရောက်လို့ထုံးစံအတိုင်း သူမတို့ရုံးကလူတွေ သူဟင်းနှိုက်စား ကို့ဟင်းနှိုက်စားနဲ့ပျော်ရွှင်စွာစားနေကျသည်။ကိုတိုးကြီးကတော့ သူမဘေးနားကနေရာကိုအပိုင်းစီးထားသည်။စားရင်းနဲ့သူမဘေးကကိုတိုးကြီး ထမင်းစေ့ သူမနှုတ်ခမ်းမှာကပ်နေတာကို ခွာပေးသည်။ဒါကိုထမင်းစားချိန်သူမ ကိုလာကြည့်တဲ့ ကောင်းကင်ကမြင်သွားသည်။သူ့စိတ်ထဲ တော်တော်ဒေါသထွက်သွားသည် ။သူရပ်ကြည့်နေတာသူမ ကမြင်ပုံရပြီးလှမ်းကြည့်သည်။
'သူဌေးပဲ င့ါထမင်းစေ့ပေတာကိုကိုတိုးကြီး ခွာပေးတာကိုမြင်သွားလား မသိဘူး မယုပြောတာတော့ သူဌေးကရုံးတွင်း ရည်းစားထားတာကိုမကြိုက်ဖူးဆိုပဲ တစ်မျိုးထင်ရင်တော့ ငါတော့အလုပ်ပြုတ်တော့မှာပဲ'
ကောင်းကင်လည်းသူ့ကိုပြူးကြည့်နေသော သူမဘက်ကိုလျှောက်လာခဲ့သည်။
"ဟာဆရာ ထမင်းစားပါအုံးဗျ" ဆိုပြီးကိုတိုးကြီးက ခေါ်သည်။သူဌေးက ခေါင်းရမ်းပြီး
"မစားတော့ပါဘူး လုပ်ငန်းရှင်တစ်ယောက်နဲ့ချိန်းထားလို့ ဆိုင်မှာပဲအလုပ်ကြောင်းပြောရငိး စားလိုက်တော့မယ်"
သူပြောရင်း နှုတ်ဆက်ကာ ထွက်လာခဲ့သည်။
'သူစိတ်ထဲမကောင်းပါ သူမဘေးနားမှာဘယ်ယောက်ျားကိုမှတွဲပြီးသူမကြည့်နိုင်ပါ ဟုတ်ပြီ အကြံတစ်ခုရပြီ ဒီနည်းလမ်းကိုပဲလုပ်လိုက်တော့မယ် '
ကားမောင်းနေသော ကျော်စွာအား
"ကျော်စွာ ဒီတစ်ခေါက်ပိတ်ရက ်မှာ ကျိုက်ထီးရိုးဘုရားသွားမယ် လိုက ်မဲ့သူတွေ သွားဖို့လာဖို့ နေဖို့ထိုင်ဖို့ မင်းကိုတာဝန်ပေးမယ်"
"ဟုတ်ကဲ့ ဘောစ့်"
'ဆရာကထူးဆန်းတယ် အရင်ကတော့ ခရီးလိုက်ပို့ရတာလူများပြီးအလုပ်ရှုပ်လို့ ဘောနပ်စ်ပဲ ပေးပြီး ဒီနှစ်မှခရီးထွက်ချင်နေသည်'
"ကဲ သီတင်းကျွတ်မှာ သူဌေးကဘောနပ်စ်ပေးမဲ့အပြင် ကျိုက်ထီးရိုးဘုရားလည်းလိုက်ပို့မယ်တဲ့ "
"ဝေး ပျော်လိုက်တာ ခရီးထွက်ရတော့မယ်ဟေး"
ဒီတစ်ခါမယုသယ်လာတဲ့သတင်းကတော့ သတင်းကောင်းပဲ ဖြစ်သည်။ဘုရားလဲဖူးရ ခရီးလည်းသွားရနဲ့ ပထမဆုံးအလုပ်ကလူတွေနဲ့သွားရမှာဆိုတော့ သူမ စိတ်တွေလှုပ်ရှားနေသည်။
"သားငယ် ထမင်းထည့်စားလေ စားမကောင်းဘူးလား"
ထမင်းသိပ်ထည့်မစားသော သူမမောင်ကို အမေကမေးနေသည်။
"မဟုတ်ပါဘူး အိပ်ရေးပျက်တာများပြီးခေါင်းနောက်နေတာ အာ့ကြောင့်သိပ်မစားတာပါ"
"အေးပေါ့ နှစ်ဝက်စာမေးပွဲဆိုတော့ ပင်ပန်းတာပေါ့ ဒီတစ်နှစ်ပဲသားကြိုးစားရမှာ တက္ကသိုလ်ရောက်ရင်စာအဲလောက်လုပ်စရာမလိုဘူးသိလား ကြိုးစားတစ်နှစ်ပဲကျန်တော့တယ်"
"ဂျင်းတွေ ရမယ် စပါးလင်တွေရမယ်"
"ငါတို့တုန်းကလဲ အဲလိုပြောတာပဲ တက္ကသိုလ်ကစာမခက်ဘူးပေါ့ စာမေးပဲွလည်းဖြေရော ဒီစာငါသင်ဘူးလားဖြစ်သွားမယ်"
"တယ်ဒီကလေးမတော့ နားထောင်မနေနဲ့သား နင့်အမကကျက်ပြည့်တာမဟုတ်ဘူး"
"ပြောရက်ပါ့ အမေရယ် သမီးကမွေးစားသမီးလား"
"ဟား ဟား " အမေနဲ့သမီးရန်ပွဲကိုဘေးကသားအဖနှစ်ယောက်ကထိုင်ရီနေသည်။
#Moon shine
Advertisement
- In Serial67 Chapters
Heart Of Darkness
A woman alone in a man’s world.
8 968 - In Serial13 Chapters
The Reincarnated Heroine Runs from the Plot
If you were to be reincarnated as the heroine of an otome game, what would you do?If it was me… I would be too embarrassed! Knowing the romantic stuff that is going to happen to you is seriously too embarrassing! But, thinking again, I would be a completely different person from the original heroine so unless I was good actor, even if I trigger an event, it wouldn’t go as in the game. Really, the heroine is many times so naive, how could a corrupted girl like me pretend to be like that? If I could act… aaah nononono my face is flushing already…With such circular thoughts I stand at the door of the magical academy.Having reincarnated as the heroine of the otome game ‘Captive Hearts ~for you only~’ I interact with troublesome ladies, unnamed characters and the dreadful capture characters, all the while avoiding flags and worrying about the lack of adult material on libraries.“She is so innocent. I must protect her!”…What?
8 73 - In Serial45 Chapters
Finding Sam (Featured)
For single mother Sam Martin, her life is broken, derailed by a history of abuse, broken dreams, and an ex-husband who refuses to take no for an answer.But all that changes when she meets Erik Maystrom and his widowed sister, Olivia. Suddenly, life becomes a much better place, made even better when Sam learns that Erik holds a special piece of her past.But what happens when she can't let go of her imperfections and hidden scars? Can she find true love and acceptance with Erik, or will she return to the life she always knew, unable to let go of the past that has long kept her rooted in regret?Liz Durano © Copyright 2014. All rights reserved. #ProjectWomanUp
8 237 - In Serial75 Chapters
Heart Broken
Crappy poems from when I'm sad, happy, angry, etc.
8 136 - In Serial13 Chapters
Classy (LGBTQIA+)
Sara was well acquainted with life on the streets - however, she was not used to being talked to. To most she was nothing, a nobody - just a homeless person. Not worth anything. Not human. That was until she met Sophie.
8 93 - In Serial63 Chapters
Sabi Ko Na Nga Ba (SOONHOON ff)
COMPLETED.[Soonhoon series#1]°° Huh? Ako Mag kakagusto dun sa Walang Mata na yun? tsk Sarreh, Not Sorry Im Not Into Men , lalo na kung dun sa bulag na yun. °°SOONHOON ff. This story is inspired @Purpleyhan Campus Royalties. ©infiressuweg2017All rights reserved 2017
8 216

