《ရင်ခွင်ကောင်းကင်(completed)》Ep-6
Advertisement
ပီတိ ခရီးသွားဖို့အတွက် ပြင်ဆင်နေသည်။ခရီးသွားမှာ သူမကြိုက်သောကြောင့် တက်ကြွနေသည် ၊ သူမတို့ကစုံရပ်နေရာကို ကုမ္ပဏီမှာပဲ စုံကြပြီး ညသန်းခေါင်ကျော်မှ စထွက ်မှာဖြစ်သည်။ခရီးက တစ်ချို့လူတွေကနယ်ပြန်ပြီး တစ်ချို့ကမလိုက်သောကြောင့် ခရီးကထင်သလောက် လူမများပဲတော်တော်များများက လူငယ်တွေပဲမို့ အဆင်ပြေသည်။
"မမ ရေ ပြီးရင်သွားမယ်လေ အဖေကရုံးကိုလိုက်ပို့မယ်တဲ့"
အောက်ထပ်က အငယ်ကောင်အသံကြောင့် သူမလည်းအထုပ်ဆဲွပြီးဆင်းချလာခဲ့ သည်။
မနိုင်မနင်းသယ်လာ သောအဝတ်ထုပ်ကို အငယ်ကောင်က လှမ်းယူရင်း ကားထဲသွားထည့်သည်။
"မမ အထုပ်ကသေးဘူးလား"
"ဟဲ့မိန်းကလေး ဆိုတော့ဟိုဟာထည့် ဒီဟာထည့်နဲ့အိတ်ကပြည်သွားတာပဲ ဒါတောင်လျှေ့ထားတာ"
"ခရီးက သုံးရက်ထဲကိုတော်ပေါ့သုံးစုံလောက်ထည့်ရင်ပဲ ရနေပြီး"
"အဝတ်ကသုံးစုံပဲထည့်တာ အနွေးထည်တွေကနေရာယူသွားတာ"
"အင်းပါ ပြန်လာရင်သားဖို့လက်ဆောင်ဝယ်လာခဲ့"
"အေးပါ ဝယ်ခဲ့မယ်"
ပြောရင်းနဲ့ ကုမ္ပဏီရှေ့ရောက်နေပြီ ပီတိအဖေနဲ့မောင်လေးကိုနှုတ်ဆက်ပြီး ဝင်လာခဲ့လိုက်သည်။ခန်းမကျယ်ထဲမှာ လူတွေထိုင်နေကြသည် ။ပီတိလည်းဌာနက ကိုယ့်လူတွေကိုမျက်စိလေးလည်ပြီးရှာလိုက်သည် သူမရှာနေတာကို တွေ့သွားသည့် ကိုတိုးကြီးက
လက်ထောင်ကာပြသည်။သူမလည်း ထိုနေရာသို့ အထုပ်လေးဆွဲကာသွားလိုက်သည်။
"ပီတိလာ နင့်ကနောက်ကျနေတာကို မလိုက်တော့ဘူးတောင်ထင်နေတာ နင့်ရှေ့တင်သူဌေးကရောက်လာတာ သူကကျန်တဲ့လူတွေမစောင့်ပဲသွားရင် နင်ကျန်ခဲ့မှာဆိုးလို့
ဖုန်းဆက်တော့မို့ "
"ဟုတ်တယ် ပစ္စည်းတွေထည့်ရင်းနဲ့နည်းနည်း
နောက်ကျသွားတယ်"
"အေးပါ"
"အော်ခုနက သူဌေးလို့ပြောလိုက်တာလား"
"ဟုတ်တယ် သူဌေးပါလိုက ်မှာလေ ငါတောင်မှ အံဩသွားတယ်သိလား ဒီမှာလုပ်တဲ့၈နှစ်မှာ ဒီတစ်ခါပဲခရီးလိုက်ဖူးတာ ဟိုအရင်နှစ်တွေကမလိုက်ဘူး နောက်တော့အလုပ်ရှုပ်လို့ဆိုပြီး ခရီးတောင်မသွားရတော့ဘူး"
လုပ်သက်ကြာပြီးဖြစ်တဲ့ မမယုကပြောသည်။ ခနလောက်နေတော့ကိုကျော်စွာ ရောက်လာပြီး နောက်၅မိနစ်ဆိုစထွက ်မှာမို့
ကားပေါ်တက်ဖို့ ပြောလေသည်။သူမတို့လဲ အထုပ်ကိုယ်စီဆွဲပြီးကား ပေါ်တက်လာခဲ့သည်။ကားထိုင်ခုံတွေက နဂိုတည်းက နေရာချထားပြီးသားဖြစ်သည်။သူမထိုင်ခုံ နံပါတ်က ၂၃ဖြစ်သည်ထို့ကြောင့်နောက်ကိုလျှောက ်သွားပြီး နေရာတွေ့ရင်ထိုင်ချလိုက်သည်။ဘေးဘက်ကခုံနေရာမှာလူမရောက်သေးပေ။
ဘေးဘက်လျှောက ်လမ်းမှာလူလာရပ်သောကြောင့် သူမမော့ကြည်လိုက်ရာ သူဌေးဖြစ်နေသည်။သူကသူမကိုပြုံးပြပြီး ဘေးဘက်ကခုံမှာ ဝင်ထိုင်သည်။
'ကားပေါ်ရောက်ရင် အိပ်ပါမယ်ဆိုမှယောကျာ်းလေးနဲ့တစ်ခုံထဲကျရတယ်လို့ ပြီးဆတာ့လဲ သူဌေးနဲ့မှလာကျနေရတယ်လို့ ဟူး'
"ကိုယ်ကားကြှီးစီးရင်မူးတက်လို့ ကား အလယ်မှာစီးရမှာမို့လို့ ကျော်စွာကိုစီစဉ္ခိုင်းတာ မင်းအဆင်ရောပြေရဲ့လား"
"ဟုတ်ကဲ့ ရပါတယ်ဆရာ"
"ကိုယ့်ကိုမရှိန်ပါနဲ့ သက်သောင့်သက်သာနေပါ"
"ဟုတ်ကဲ့"
ကောင်းကင် နားကြပ်ကိုတပ်ပြီးမျက်စိမိှတ်ထားတဲ့ သူမမျက်နှာဘေးတစ်စောင်းကို ကြည့်နေမိသည်။ထိုင်ခုံနေရာ ကလဲသူအစီအစဉ္ပဲ ဖြစ်သည်။ကျော်စွာတောင်မသိချေ သူအတွက်သီးသန့်ကားတောင် စီစဉ္ထားသေးသည်။သူက ဒီကားစီးတော့ ကျော်စွာတစ်ယောက် အံဩနေသေးသည်။ကားစီးနေစဉ္သူဘက်သို့ ငိုက်ကျလာသော ခေါင်းလေးကြောင့် အသာလေးခေါင်းကို သူ့ပုခုံးပေါ်တင်လိုက်သည်။ထို့နောက်သူလည်း မျက်လုံးမှိတ်ကာ မှေးလိုက်လာခဲ့သည်။
ကား၅နာရီလောက်စီးပြီး ကင်မွန်းစခန်းသို့ရောက်သည် ၁နာရီမှကားစီးရသောကြောင့်မနက်ကိုလင်းမှရောက်ပြီး အထုပ်တွေချကာ
ဆည်းဆာမှာ မနက်စာစားသည်။ ခနလောက်နေတော့ ကိုကျော်စွာကတောင်တက်ကားစီးရန်ကားဝင်းထဲသို့လာရန်လာခေါ်သည်။ကားကိုလူများသောကြောင့် ၄စီးလောက်ဌားလိုက်ရသည် ပီတိတို့လည်း ကားပေါ်သို့တက်ရန် တောင်တက်ကားပေါ်တက်ရန်လုပ်ထားသည် စင်ပေါ်သို့တက်လိုက်သည် စင်ကလက်ရမ်းလည်းမရှိပေ အခန့်မသင့်တိုက်မိရင် ပြုတ်ကျနိုင်တယ်လို့တွေးနေရင်း ဘေးကအစ်မတစ်ယောက်က ဝင်တိုက်သည် သွားပြီလို့ကိုယ်ကိုတွေး လိုက ်မိသည် ။သို့သော် သန်မာတဲ့လက်တစ်စုံရဲ့ ပွေ့ဖက်တာကို ခံလိုက်ရသည်။သူမ မျက်လုံးကိုဖွင့်ပြီး ဖက်ထားသူကို ကြည့်လိုက်တော့ သူဌေးဖြစ်နေသည်။သူမျက်လုံးကိုကြညိ့လိုက်တော့ သူမအပေါ် စိုးရိမ်နေပုံရသည်။
"ဟိုကျေးဇူးပါနော် ဆရာ"
"ရပါတယ် ဂရုစိုက်အုံး တော်သေးတာပေါ့"
"ဟုတ်ကဲ့"
ကောင်းကင်သူမနားပဲဝင်ထိုင်လိုက်သည် အဆင်းကိုလဲသူမကိုစိတ်မချ ပါ၊ပီတိ တောင်တက်လမ်းတစ်လျှောက်ရှုခင်းတွေကြည့်ရင်း
ခုနကရင်တုန်တာ မပျောက်သေးချေ ပြီးတော့သူအနားမှာလာထိုင်တော့ ပိုပြီးစိတ်လှုပ်ရှားမိသည်။တည်းခိုရမယ် နေရာကတော့ ရိုးရိုးလေးဟိုတယ်မှာပဲ ဖြစ်သည်။
ပါလာတဲ့အထုပ်လေးတွေချပြီး အိပ်ယာပေါ်ပစ်ချလိုက်သည်။သူမနဲ့ဆိုရင် လေးယောက်နေရမှာဖြစ်သည် မယုပါပါလေသည်။ခနနားပြီး ဘုရားဘက်ကိုသွားဖူးကျသည်။နေ့လည်စာ စားပြီးကိုကျော်စွာက ရေတံခွန်သွားမယ့်အကြောင်းပြောလေသည်။လဲမည် အဝတ်ယူပြီး ကားဂိတ်သို့လျှောက်လာခဲ့သည်။ရေတံခွန် ရောက်တော့ ပျော်ပျော်ရွှင်ရွှင်ရေကစားကျသည် သူမကတော့တီရှပ် အဖြူနဲ့ဂျင်းဘောင်းဘီဒူးဖုံးလေး ဝတ်ထားသည်။ရေထဲခြေထောက် မြုတ်ရုံလေးဆော့နေစဉ္ ကိုတိုးကြီးက ရေတံခွန်ရေကျတဲ့အောက်ကို
ခေါ်သွားသည် ။ရေကျတာပြင်းတော့ လူကမွန်းပြီး ကိုတိုးကြီးလက်ကလွှတ်လိုက်တော့ ရေနစ်သွားလေသည်၊ရေမွန်းနေချိန် လက်တစ်ဖက်ကခါးကိုနောက ်မှပွေ့ခံလိုက်ရသည် ။
"ရေမွန်းသွားတာလား ပါးစပ်နှာခေါင်းထဲဝင်သွားသေးလား"
စိုးရိမ်စွာ မျက်နှာပေါ်က ဆံပင်တွေသပ်ပေးရင်း မေးနေတော့ သူဌေးကို ခေါင်းရမ်းပြလိုက်သည်။ပြီးတော့ သူကရေဆိုသွားလို့ ကပ်နေကာအထဲကအသားရောင် အတွင်းခံကိုတစ်ချက်မေးငေါ့ကာပြသည်။သူမလဲ သတိဝင်သွား ပြီးသူမခါးကလက်နှစ်ဖက်ကိုဖယ်ခိုင်းသည်။သူကခေါင်းရမ်းပြသည်။
"ကိုယ်ကျောက်ဆောင်ပေါ်မှာ တစ်ပတ်ရှိတယ် ကိုယ်နဲ့လိုက်ယူပြီးခြုံပေးမယ် ဒီမှာကယောကျာ်းလေးတွေ အများကြီးကြည့်လိမ့်မယ်"
"ဟုတ်ကဲ့"
သူကသူမကိုပွေ့လျက်ပင် ကျောက်ဆောင်နားထိသွားလိုက်သည်။တံဘက်ကိုအပေါ်ကခြုံပေးပြီး အပေါ်ထိလိုက်ပို့သည်။သူမလည်းအဝတ်လဲ သည့်နေရာသို့သွားကာ အဝတ်လဲသည်။သူမထွက်လာတာမြင်တော့ သူကလဲ ယောကျာ်းလေးအဝတ်လဲသည့်နေရာသို့သွားပြီးလဲနေသည်။ပြီးတော့ အဖွဲလိုက်တောင်ပေါ်သို့ ပြန်တက်ကျသည်၊အခန်းထဲရောက်တော့ ရေချိုးပြီး မြန်မာပုံလေး ဝတ်လိုက်သည်။မိတ်ကပ်ပါးပါးလေး လူးပြီးနှုတ်ခမ်းနီလေး ဆိုးလိုက်သည်။ဒီနေ့ည စျေးတန်းမှာစျေးဝယ်မယ် မုန့်တွေလျှေက်စား ရန် မယုရယ်အခန်းဖေါ်တွေနဲ့အတူ သွားကြမည်ဖြစ်သည်။
"မမယု သမိးပြီးပြီး"
"အေးပြီးပြီးလား လှလိုက်တာကလေးရယ် သွားမယ်လေ ဟိုညီမလေးတို့သွားကြမယ်"
သူမတို့ အခန်းထဲမှထွက်လာကြသည် ပစ္စည်းလေးတွေလျှောက်ဝယ် မုန့်တွေလျှောက်စားနဲ့ပျော်စရာကောင်းလှသည်
ပြီးတာနဲ့ဘုရားသွားဖူးကြသည် ။ဘုရားကြီးကို နောက်ခံထားရင် ဓာတ်ပုံရိုက်ကြသည်။
ရွှေသင်္ကန်းကပ်လှူ လိုက်ပြီး ခေါင်းလောင်းပါလှူလိုက်သည်။
ကောင်းကင်တစ်ယောက် ညအလင်းအောက်
မှာ အရမ်းလှနေတဲ့ သူမကိုဖုန်းလေးနဲ့ဓာတ်ပုံအနည်းငယ် ရိုက်လိုက ်မိသည်။သူမခနွာကိုယ်ကို သူထိတွေ့မိတိုင်းသူစိတ်တွေနွေးထွေးပြီး သူမနဲ့တရားဝင်ချစ်သူဖြစ်ချင်မိသည်။
မနက်ရောက်တော့ ဒီနေ့အစီအစဉ္ကမနက်စာ စားပြီးတာနဲ့ကျောက်ထပ်ကြီးဘုရားဘက်ကို သွားမည်ဖြစ်ေ ကြာင်း လှေကားထစ်တွေနဲ့လမ်းလျှေက ်ရမှာမို့ မလိုက်ချင်တဲ့သူကျန်ခဲ့နိုင်ကြောင်း ပြောလေးသည်။သူမတို့အဖွဲ့ကတော့ လိုက ်မည်ဖြစ်ပြီးကျန်ခဲ့တဲ့လူတွေလည်း ရှိသည်။ဟိုတယ်ကထွက်လာပြီး မုဆိုးဖိုတောင်ဘက်အကျော်က ရဟတ်ယာဉ္ကွင်းနှစ်ကွင်းမှာ တောင်တန်းကြီးကိုနောက်ခံထားပြီးဓာတ်ပုံရိုက်ကြသည်။ခရီးကတော့ စပြီ တောင်ငယ်လေးငါးလုံးကိုကျော်ရမည်ဖြစ်ပြီး ကျောက်ထပ်ကြီးမှာရွှေသင်္ကန်းကပ်ပြီး နောက်ပြန်လမ်းမှာ ကရင်ရွာမှာနားပြီ နေ့လည်စာစားကြမည်ဖြစ်သည်။
ဖတ်ရတာပေါ့နေနိုင်ပါတယ် မကောင်းမကန်းလေးကို ဖတ်လေးတဲ့တစ်ဉီးတစ်ယောက်တိုင်းကို ကျေးဇူးတင်ပါသည်။
#Moon shine
Advertisement
- In Serial32 Chapters
The Adonis Mission
The Adonis mission was conceived by the Greek gods to ensure that their race lives on by amalgamating with mortal beings. A woman from Earth present day is chosen by the council for the newest mission, to mate with another present day man but in order to achieve this a goddess must reside inside the woman to make it happen. The eventual result of that mating will produce a half mortal, half God offspring. This is a rockin', passionate, erotic but definitely a romantic story that contains elements of rockstar flare but also includes a supernatural storyline, time travel, as well as present day events.
8 140 - In Serial37 Chapters
You Are My Sunshine
Satyadev, our male protagonist, is one of the leading businessmen in Chennai city in the southern part of India. He owns a renowned chain of star hotels, which spread across all over the world. Dev is a cold-hearted, arrogant, self-centred man and also a Casanova type. There is no such word called sympathy or empathy in his dictionary. Anuradha, our female protagonist, is the eldest daughter in her family working as a clerical staff in Dev's office. Though she came from a struggling family background, she is not a naive girl, but a polished person with confidence and knows how to articulate her emotions.But in desperate straits, she became indebted towards Dev's family. When she was determined to repay her debt, will Dev accept her kindness or just ignore her like a piece of trash. Peep into the book to join the journey of Dev and Anu.If you're looking for a different reading experience, which can transport you through south-Indian culture and customs, you can try this book.
8 175 - In Serial50 Chapters
Cocaine Hearts
A tale of two cocaine hearts, in which the persona realizes that no drug is deadlier than love.#6 in Poetry | 29.12.16© 2016 Fury Evans[ cover by @blackhazex ]
8 165 - In Serial21 Chapters
Royally Accepted
Vampires and werewolves have never gotten along. In fact they hate each other. But to Erin it's just a dispute that has lost it's meaning since it began all those hundreds of years ago.But when she is suddenly accused of doing something inexcusable and banished from her pack, the same pack that had took her in when no one else would, it is the vampires that show her mercy.She soon finds out that it is not the vampires in the wrong and makes it her business to prove it.Follow Erin as she meets unlikely friends along the way meeting the man she is destined to be with and finally finding a home and family.Cover by YourFavouriteGal
8 65 - In Serial35 Chapters
Ahsoka x reader The Mandilorian Sith
I am Y/n a Mandilorian, I am the apprentice of General Grevious not really a Sith but a amazing combat teacher plus building robots and other things too. I had to learn about the force from Count Dooku also do other training with him too. And lastly I have fun hanging out with Ventress having fun and training. I got my own somewhat Mandilorian armor that I decorated myself. My first mission is today with General Grevious, I wonder how it will go?Everything goes to rightful owners!
8 188 - In Serial24 Chapters
Wrong Number ✓
Nandini Murthy is the normal college going girl with most of her focus on the academics. She's neither that popular nor that invisible, she just ─exists. So what happens when her friend decides to prank her, by giving her the wrong number of the person she has a crush on. Her message rather gets delivered to someone unknown. And thus starts the chaos in her life!
8 91

