《အိမ်မက်မဟုတ်သောအိမ်မက်》Chpater - 15 (🎂👙🕒)
Advertisement
သူမမွေးနေ့အုန်းနို့ခေါက်ဆွဲချက်ဖြစ်တော့ ခါတိုင်းလိုပဲ တစ်တိုက်လုံးကိုလိုက်ပေးရဦးမည်။
"ဘာဖြစ်လို့တုန်း သမီးရဲ့"
"အာ...သမီးမပေးချင်ဘူး အမေသွားပေးလိုက်ပါလား"
"ငါကမွေးနေ့ရှင်မှမဟုတ်တာ..."
ကောင်းမြတ်ရဲ့အခန်းကို သွားပို့ဖို့ အလှည့်ရောက်တာလို့ သူမ အကြောင်းပြချက်မပေးဘဲ ငြင်းနေခြင်းဖြစ်ပါသည်။
"ဆုဆုရယ် ....သွားပါ ဒါလေးပေးတာကိုအဲ့အိမ်ကကောင်လေးကိုကြည့်မရလို့လား"
သူမအဒေါ်ဖြစ်သူကပါ ဝင်ပြောတော့
သူမက..
"ဟုတ်တယ် ကြည့်မရလို့"
နောက်ဆုံး ဆူပုတ်ပုတ်နဲ့ပဲ ဟင်းရည်ချိုင့်လေးနဲ့ ခေါက်ဆွဲပန်ကန်လေး ဆွဲကာထွက်လာခဲ့သည်။
ကောင်းမြတ်ရဲ့ အခန်းရှေ့ကိုရောက်တော့
"ဒေါက်...ဒေါက်"
တံခါးကိုခေါက်ပြီး အခန်းဝမှာချိုင့်နဲ့ပန်ကန် ချပေးခဲ့သည်။ထို့နောက် သူမအခန်းထဲကိုအမြန်ပြန်ဝင်သွားသည်။
အပြင်ကပြန်လာတဲ့ကောင်းမြတ် ဟာထိုအရာအကုန်လုံး လှေကားကနေမြင်သည်။သူမကိုစတွေ့ကတည်းက သူကပုန်းနေသည်ကိုး။
'ဟုတ်သား...မွေးနေ့မို့တစ်ခုခုလာပို့တာထင်တယ်'
မကြာလိုက်ပါဘူး။သူမတံခါးလေးအသာအယာဖွင့်ပြီး ပြန်ထွက်လာသည်။ပန်ကန်လေးကဒီအတိုင်းပဲဆိုတော့...။
ကောင်းမြတ်အခန်းတံခါးကို နောက်တစ်ကြိမ်ထပ်ခေါက်ဖို့လုပ်နေစဉ် သူမနောက်မှာဝင်ရပ်နေတဲ့ကောင်းမြတ်က
"စကားခဏလောက်"
"အမလေး"
"...အဲ"
"လန့်လိုက်တာ...ကောင်းမြတ်ရယ်"
"ဟို...ဟာ...ခဏလောက်စကား"
"နောက်မှပြောတော့နော်"
ဆိုပြီသူမအထဲကိုပြန်ဝင်သွားတော့သည်။
"ဟီးဟီးး..ဘာလို့အဲ့လောက်တောင်ချစ်ဖို့ကောင်းနေရတာလဲ"
ထို့နောက်ဒီဘက်ပြန်လှည့်ကြည့်တော့ ပန်ကန်လေးနဲ့ ချိုင့်လေးကကြမ်းပြင်မှာ။
'ဪ...ငါ့ကိုခွေးစာကြွေးသလိုထားသွားပဲ....'
"ဟားဟား"
________________________
"ဟဲလိုပြောလေညီမ"
"ညီမ အစ်ကို့အိမ်ရှေ့မှာရောက်နေတာ"
"အယ်....ဟုတ်လား"
သူဝန်ရံတာကထွက်ကြည့်တော့ ကေသွယ်က လက်ပြသည်။
"သူငယ်ချင်းတွေနဲ့ ရုပ်ရှင်ကြည့်ဖို့ချိန်းထားတာ အဲ့တာ အချိန်မှားပြီးစောရောက်နေလို့....အစ်ကိုဆီမှာခဏနေလို့ရလားလို့လေ"
"ဗျာ....ရုပ်ရှင်က"
"ဟုတ်တယ် တစ်ယောက်တည်းဖြစ်နေလို့လေ...ရုပ်ရှင်ရုံက ဟိုနားက shopping mall မှာ"
ကောင်းမြတ်တစ်ချက်စဉ်းစားလိုက်ပြီး
'ဘာမှတော့ပြဿနာမရှိလောက်ပါဘူးလေ'
"ရတယ် ညီမ တက်လာခဲ့"
သူမကိုစောင့်နေရင်း နောက်ဖေးဘက်ထဲကို အဝင်
အဖြူရောင် ပင်တီလေးနဲ့ ဘရာအမဲလေးက ရေချိုးခန်းအဝတ်တန်းပေါ်မှာတန်းလန်းလေး။
'ဟ...ဟုတ်သားပဲ...မနေ့ညက ငါအိပ်ချင်မူးတူးနဲ့လျှော်ထားတဲ့ အမရဲ့ အတွင်းခံတွေ'
အိမ်ရှေ့ကကေသွယ်တံခါးခေါက်တော့ သူလည်းအတွင်းခံတွေကို အဝတ်လျှော်စက်ထဲပြန်ထည့်ပြီး ထွက်လာခဲ့သည်။
"လာလေ...ရုပ်ရှင်ကဘယ်အချိန်မှလဲ"
"၁၂ ခွဲမှစမှာ"
"ဪလိုသေးတာပဲ"
ထို့နောက်အအေးလေးတစ်ခွက်နဲ့ ဧည့်ခံထားရင်း ကျောင်းကကိစ္စလေးတွေပြောရင်း အချိန်ဖြုန်းပေးနေတာပေါ့။
ထိုစဉ် ပန်ကန်ပြန်လာယူတဲ့ဆုရီနဲ့ သူတို့နှစ်ယောက်သွားဆုံကြသည်။
"သူငယ်ချင်းရောက်နေတာလား"
"ဟုတ်အမ...ပန်ကန်လား"
"အင်း"
ကောင်းမြတ်တစ်ယောက်ပန်ကန်သွားယူသည်။
ထိုအချိန်မှာ ဆုရီနဲ့ ကေသွယ်တို့ကတော့ အပြန်အလှန်သာပြုံးပြလိုက်ကြသည်။
"ဟီး"
ကေသွယ် ကဆုရီကိုအခုမှ ပထမဆုံးမြင်ဖူးတာမဟုတ်။ဒုတိယအကြိမ်ဖြစ်မည်။
ကောင်းမြတ် အခန်းဘေးကအမကြီးလို့သာ သိထားပေမယ့် သူတို့နစ်ယောက်ပတ်သက်မှုကို ပိုသိချင်မိသည်။
"ရပြီ အမ"
ထို့နောက် ဆုရီလည်းပြန်ထွက်သွားလေတော့သည်။
"အစ်ကို ညီမ ခြေထောက်ဆေးချင်လို့ရလား ဗွက်တွေပေလာလို့"
"ရတယ်လေ ရေချိုးခန်းကနောက်ထဲမှာ"
သူမဝင်သွားပြီး ခြေသလုံးနားမှာစင်နေတဲ့ ဗွက်တွေကို ခွက်လေးနဲ့ရေခပ်ကာ ဆေးကြောလိုက်သည်။
ထို့နောက် ရေချိုးခန်းလေးကိုပတ်ပတ်လည် လိုက်ကြည့်ရင်း တစ်ယောက်တည်းနေပေမယ့် သန့်သန့်ရှင်းရှင်းနေတတ်တာပဲ လို့သူမတွေးမိသည်။ထို့နောက်လိုက်စပ်စု ရင်းအဝတ်လျှော်စက်လေးကိုသူမတွေ့သွားသည်။
"စက်လေးနဲ့လျှော်ရတော့ သက်သာတာပေါ့လေ.......ဟော"
စက်အဖုံးကိုသွားဖွင့်အကြည့်
"....ဒီဟာတွေက"
ဘာမှမပြောနိုင်လောက်အောင်ကို ကေသွယ်တစ်ယောက်ဆွံ့အသွားခဲ့လေသည်။ပြန်ထွက်လာတော့ ကောင်းမြတ်က
"ရေရှိတယ်မလား"
"အင်းရှိပါတယ်....ဟိုဟာလေ ညီမသူငယ်ချင်းက ရောက်နေပြီတဲ့"
"အဲ့တာဆိုသွားတော့မှာလား"
"ဟုတ်"
"ရတယ် အဲ့တာဆို အစ်ကို အောက်လိုက်ပို့ပေးမယ်"
__________________________
ကျေးဇူးရှင်တစ်ယောက်ထပ်ပိုပြီး ကြင်သူအဖြစ် သူမဘယ်လိုမှမသတ်မှတ်ပေးနိုင် တော့ပါ။သူမတကယ်ချစ်ရမယ့် သူတစ်ဦးပေါ်လာပြီ။သူမဘဝမှာ ဘယ်တုန်းကမှ အဲ့လိုမခံစားဖူးခဲ့တာ ကျေးဇူးဆိုတဲ့ အရာတွေကသူမဘဝကိုပါးဝါးမျိုထားသလိုဖြစ်နေခဲ့တာ။
"သူကသမီးအပေါ်ရော အမေတို့အပေါ်ရော ကောင်းပါတယ် ပိုက်ဆံကိုမပြောဖူးနော်....ကျန်တဲ့အရာတွေအကုန်.....လိုသမျှနီးပါးဖြည့်ဆည်းပေးခဲ့တာ"
သူတို့မိသားစုအပေါ်ကို ကောင်းတာမှန်ပေမယ့် အခုမကောင်းတော့ပါ။ကျေးဇူးကြွေးတွေကို ရှိရင်းထက် အဆမတန်ပြန်ဆပ်ခိုင်း နေပါပြီ။ဒါကိုသူမအမေတို့ မသိသေးပါ။
သူဝယ်ပေးထားတဲ့ တိုက်ခန်းမှာမနေချင်တော့ပါ။သူပေးထားတဲ့ အလုပ်လည်းမလုပ်ချင်တော့ပါ။သူရဲ့ပုံစံတွေပြောင်းလာတာကိုလည်း သည်းခံခဲ့တာများပါပြီ။ထို့ကြောင့်လည်းအရွဲ့ တိုက်ကာ သူ့လို ဖောက်ပြန်ဖို့ကြိုစားခဲ့သည်။
သူဝယ်ပေးတဲ့ တိုက်ခန်းမှာပဲ နောက်တစ်ယောက်နဲ့ အိပ်မည်ပေါ့။
အဲ့ဒီနောက်တစ်ယောက်နဲ့ သူမအခုထိအိပ်ချင် နေတုန်းပါ။ဘာကြောင့်အိပ်ချင်ရလည်းဆိုတာပဲကွာသွားသည်။
________________________________
သူမမွေးနေ့မှာ သူငယ်ချင်းတွေနဲ့ နည်းနည်းပါပါးသောက်ပြီး အိမ်ကိုပြန်လာတော့ သူမအခန်းထဲကို ချက်ချင်းမဝင်သေးပဲ.....
"ဒေါက်...ဒေါက်"
"ဟင်...အမ"
သူမအခန်းထဲကိုဝင်လာပြီး ထိုင်လိုက်သည်။
ကုတ်အင်္ကျီအဝါရောင်လေးအောက်မှာ အမဲရောင်စွတ်ကျယ်အကျပ်လေးဝတ်ထားပြီး ဂျင်းအပြာရောင်ဘောင်းဘီကိုဝတ်ထားပုံ ကြည့်ရတာ မွေးနေ့ ကြောင့်တစ်နေရာရာသွားပြီးပြန်လာတာသေချာသည် ဟုသူတွေးနေတုန်း
"အမ...ပြောစရာရှိလို့"
"အင်းပြောလေအမ"
'ငါ့ကိုချစ်ကြောင်းပြောတော့မှာလား...အဟိ'
"မနေ့ညက"
"ဟုတ်...ဟီး"
"မနေ့ညက...အမပြောခဲ့တာတွေကိုမေ့လိုက်တော့"
"ဗျာ"
"ပြီးတော့ အမတို့ရှေ့လျှောက်လည်းမတွေ့ပဲနေကြရင်ကောင်းမယ်"
သူနားမလည်ခြင်းများစွာနဲ့။မနေ့ကပဲ သူ့ကိုသူမချစ်စကားဆိုခဲ့သည်။အခုတော့ မတွေ့ကြတော့ဘူးတဲ့လား။
"ဘယ်လို...ကျွန်တော်နားမလည်တော့ဘူးဗျာ...ကျွန်တော့်ကိုရှင်းပြပါဦး.."
"ကောင်းမြတ်နဲ့ အမနဲ့ရှေ့ဆက်ဖို့အဆင်မပြေဘူးထင်လို့ပါ..."
"ဘာလို့မပြေရတာလဲ"
"အမ ချစ်သူကကောင်းမြတ်ထင်သလို လွယ်လွယ်နဲ့ ဖြတ်လိုက်လို့ရမှာမဟုတ်ဘူး သူကအမအမေတို့အဖေတို့အပေါ် ငွေကြေးအရရော လူမှူရေးအရရော ကျေးဇူးတွေအများကြီးရှိတယ်...သူနဲ့ပဲအိမ်ကသဘောတူလိမ့်မယ်...အခုအမတို့တိုက်ခန်းကလည်းသူ့ပိုက်ဆံတွေအများကြီးစိုက်ပေးထားတာ"
"ဟာ...အဲ့တာဆိုအမ အဲ့ကောင်နဲ့ ဆက်ပေါင်းမှာလား"
"ဟင့်အင်း....သူ့ကိုပြန်ပြီ မပေါင်းတော့ဘူး သူ့လက်ကတော့ ရအောင်ထွက်ပြေးမှာပါ....အဲ့တာကြောင့်ကောင်းမြတ်အတွက်ပြောတာပါနော်...အမ ကောင်းမြတ်ကို ဒီပြဿနာတွေထဲဆွဲမထည့်ချင်လို့ပါ"
ထိုအခါ သူသက်ပြင်းအရှည်ကြီးတစ်ချက် ချ၊ မျက်မှောင်ကြီးကျုံ့ပြီး
"အခုလိုလုပ်တာကျွန်တော့်အတွက်ပိုစိုးတယ် ဖြစ်လာမယ့် ပြဿနာတွေကကျွန်တော့်အတွက်စိုးရိမ်စရာမရှိဘူး"
ထို့နောက် ဆုရီလည်းပြောစရာမကျန်တော့တာမှို့ ပြန်ထွက်သွားဖို့ လုပ်တုန်းကောင်းမြတ်က........
"အမ တကယ်တမ်းတော့ကျွန်တော့်ကိုသဘောမကျဘူးမလား"
"ဟင်"
"ဟုတ်တယ်မလား"
"မဟုတ်ဘူး...မဟုတ်ပါဘူး..."
"မညာပါနဲ့ဗျာ...ကျွန်တော့်ကိုအမမချစ်ပါဘူး"
"အဲ့လိုမဟုတ်ပါဘူး....အမကောင်းမြတ်ကိုချစ်လွန်းလို့ဒီလို..."
ဆက်မပြောတော့ပဲ ဝဲတက်လာတဲ့ မျက်ရည်ကို ကောင်းမြတ်မမြင်အောင်ဟိုဘက်လှည့်ထားပြီး အခန်းထဲကသာအမြန်ထွက်သွားဖို့လုပ်တော့
"အဲ့တာဆိုလည်း ကျွန်တော်ခုန်ချလိုက်တော့မယ်ဗျာ....ကြာတယ်....နောက်ထပ်တစ်ခါအသည်းထပ်မကွဲချင်တော့ဘူး"
ဆိုပြီးဝန်ရံတာကို သွားပြီး လက်ရမ်းပေါ်ကိုတက်ခွဖို့လုပ်လေတော့သည်။
ထိုအခါဆုရီက
"ဟင်...ကောင်းမြတ် ဘာလုပ်တာလဲ"
"အမ ကျွန်တော့်ကိုမှမချစ်တာ ဒီတိုက်ပေါ်ကပဲခုန်ချလိုက်တော့မယ်"
ပြောရင်းနဲ့ခြေတစ်ဖက်ကခွနေပြီ။
"ဟာ....ခဏ...ခဏလေး"
ဆိုပြီးသူမ သူ့ကိုပြေးဖက်ပြီးဆွဲထားလေသည်။
ထို့နောက်ပါးစပ်ကလည်း တရက်စက်ပြောလေသည်။
"မလုပ်ပါနဲ့ ကောင်းမြတ်ရယ် မလုပ်ပါနဲ့နော်.....အမကြောင့် တစ်ခုခုဖြစ်သွားတယ်ဆိုရင်
အမရင်ကွဲရလိမ့်မယ်..."
"ကျွန်တော့်ကျတော့ ကွဲယုံတင်မကဘူး စုတ်ပြတ်ပါသတ်သွားအောင်အမ ထားခဲ့တော့မှာလေ"
"မဟုတ်ဘူး...အဲ့လိုမဟုတ်ဘူး"
သူမသူ့ကိုတင်းကျပ်စွာ ဖက်ထားသည်။
"ဟုတ်နေတာကို......ကျွန်တော်အမကိုချစ်တယ်...အမပြောတဲ့ပြဿနာတွေဆိုတာ ဘာတွေမှန်းမသိပေမယ့် ရအောင်ရဆိုင်မယ်ဗျာ....အဲ့တာကျွန်တော့်ကိစ္စဖြစ်လို့ အမပူစရာမလိုဘူး....အမသာကျွန်တော့်ဘေးနားလေးမှာရှိနေပေးရင်....ကျွန်တော်ကျေနပ်ပြီ"
"ဟုတ်ပြီ...နော်...အခုတော့ပြန်ဆင်းခဲ့ပါ"
သူမက မျက်နှာလေးငိုမဲ့မဲ့နဲ့ ပြောနေတဲ့အခါ သူလက်လျှော့လိုက်ပြီး ပြန်သာဆင်းလိုက်တော့သည်။
______________________
"အမ......သွားတော့မယ်နော်...စိတ်လိုက်မာန်ပါတွေဘာမှလျှောက်မလုပ်ပါနဲ့နော်...နော်....ကောင်းမြတ်"
"ဟုတ်ဟုတ်"
လို့သာသူ လေသံလေးနဲ့ပြန်ဖြေလိုက်သည်။
အဲ့ဒီလိုနဲ့တစ်ရက်နှစ်ရက် သုံးလေးရက်ကြာသွားသည်အထိ သူမမလာတော့တဲ့အခါ...
"အေ့...."
"ဂလု...ဂလု....ဂလု"
အရက်တွေနင်းကန်သောက်ရင်း စိတ်လွှတ်ကိုယ်လွှတ်တစ်ညလောက် ထပ်ကွဲလိုက်ပြန်သည်။
"အေ့...အမရယ်...ကျွန်တော်...အေ့"
လက်ထဲက vodka ပုလင်းကိုကိုင် ဖန်ခွက်ထဲ
ကိုထည့် တစ်ငုံလောက်မော့ချလိုက်တဲ့အခါ လည်းချောင်းထဲကိုပူပြီးဆင်းသွားသည်။
ရင်ဘတ်ထဲမှာပူလောင်နေတဲ့အရာတွေပါ တစ်ခါတည်း ထိုအပူနဲ့ရောပါသွားရင်ကောင်းမည်ဟုသူဆုတောင်းမိသည်။
ထိုစဉ်......
အချိန်မတော်ကြီးရောက်လာပြန်တဲ့ ဆုရီ။ဆုံးဖြတ်ချက်တစ်ခုကို သေချာချလာခဲ့ပြီထင်ပါသည်။သူမရဲ့ ကောင်းမြတ်လေးအခုလိုတွေ ဖြစ်နေရတာသူမ ဘယ်လိုမှမခံစားနိုင်တော့ပါ။အစကတည်းက ဝေးဝေးနေဖို့တောင် အားမရှိတာ အခုလိုဖြစ်နေတာတွေတွေ့ရတော့ သူမလျစ်လျူရှုဖို့မဖြစ်နိုင်တော့။
ကြမ်းပြင်မှာပက်လက်ကြီးအိပ်ပျော်နေတဲ့ ကောင်းမြတ်ရဲ့ဘေးမှာ အရက်ပုလင်းကလည်းလဲနေသည်။
သူ့ဘေးနားလေးမှာ သူမဝင်လှဲလိုက်သည်။
သူ့လက်တစ်ဖက်ကို အပေါ်မြှောက်တင်လိုက်ပြီး
ရင်ခွင်ထဲကိုတိုးဝင်က ဖက်ထားလိုက်သည်။
ထို့နောက်အိပ်ပျော်သွားသည်။
______________________
"အား..အား.....သေပါပြီ....ကျွတ်"
လက်ကြီးတစ်ဖက်ထုံကျင်စွာနဲ့ ပြန်နိုးထလာခဲ့သည်။ မြင်ကွင်းထဲမှာ ပတ်ဝန်းကျင်ကဝိုးတိုးဝါးတာနဲ့ နာရီကိုလှမ်းကြည့်တော့ ၃နာရီစွန်းစွန်းလေး။
"ဟာ..."
ခေါင်းလေး ငုံ့ကြည့်မိတော့ သူ့ကိုဖက်ပြီးအိပ်ပျော်နေတဲ့ အမဆုရီ။ညဝတ် ကားတွန်းရုပ်အင်္ကျီဘောင်းဘီဝမ်းဆက်လေးနဲ့ အိပ်ပျော်နေတာများ သူနိုးလာတာတောင်သူမ မနိုးသေး။
Advertisement
- In Serial38 Chapters
A Second Chance ✔ (The Alpha's Mate)
Alpha Zach had long since forgotten about finding a mate. He was satisfied with how his life had turned out. Only things didn't go as planned when he suddenly found himself caught between a rock and a hard place. He now had to make a decision that will change his life for better or for worse. Katie's eighteenth birthday wasn't supposed to go the way it did. Out of all the scenarios she had thought of, what happened was the worst. Yet what she didn't know was that every love-story needed a memorable detail to make it special. And hers was full of them.--------** Copyright © 2021 by Farah Fekry. All rights reserved. No part of this document may be reproduced or transmitted in any form or by any means, electronic, mechanical, photocopying, recording, or otherwise, without prior written and signed permission by Farah Fekry (FanoshkaFlippo). **
8 544 - In Serial27 Chapters
The Feelings • Harry Styles
"I'm here, I'm yours" he said " I love you, all you have to do is let me "I stare at him, " it's not that easy , you can't just stand there and tell me to accept your love" he stares into my blue eyes Copyright 2018/2021. All rights reserved. This material may not be reproduced, displayed, modified or distributed with out express prior written permission of copyright holder, for permission, contact @addictmuke on wattpad.com
8 82 - In Serial27 Chapters
Fixing the Broken Billionaire [DISCONTINUED]
"I shouldn't have to explain myself to you. You are not my boyfriend so you can't tell me to stay away from other men," I said sternly.********************************************************Wrote this when I was like a fetus but ENJ😊Y!Cover by @cool_reader_
8 271 - In Serial8 Chapters
Forbidden But Pure
Belle has never been good at English, but will her new teacher change that? (Lesbian TeacherXStudent)(I don't promote TeacherXStudent relationships, I just enjoy writing about them.)
8 151 - In Serial78 Chapters
Heartbreak Roommate
After being cheated on by her fiancé, the last thing Lydia wants to do is room with her brother and his 2 roommates, but what happens when she has no where else to go? ***Devastated by a betrayal by her ex-fiancé and ex best-friend, Lydia Montgomery is forced to leave her home to move in with her brother and his roommate to get back on her feet. All of her plans, however, are de-railed when division 1 football player and her brother's former roommate comes home after an injury to take his room back, leaving Lydia with two options: move out and be practically homeless, or stay in a house with her brother and his two roommates. As she grows closer to Emmett, her secrets are brought to light as well as dangers that appear at every turn, and with his football career hanging in the balance, will their attraction survive the fallout? *Strong sexual content and some triggering scenes*Complete
8 322 - In Serial30 Chapters
His Worth | MxM
In the world's most feared jail, Nate works as a correctional officer against the most feared inmates. He has no fear when it comes to talking down to inmates as he believes they all deserve to be there. That they all are low-lives and need to have authority over them. Nate believes he can fix the corruption. Until he meets the most feared, yet revered inmate dubbed as 'Worth'. He is known to be the leader of every part of the jail and has all the officers not only at his beck-and-call, but on their knees. He's in for a crimes no one is willing to discuss, and yet no one will charge him upon. Nate begins to realize that what is really at play is what they really want to get from Worth - the truth, to snitch. In the process of trying to get the truth and fix the corruption, Nate and Worth strike up a relationship that clashes and brews with tension. Until what really burns beneath begins to come through, and Nate falls into Worth's trap... Or is it the other way around?
8 232

