《ကံကြမ္မာစေရာ [OC] (Completed)》Ep_28
Advertisement
Uni
"အကို ညနေကျရင် အမေတို့အိမ်ကိုတန်းလာခဲ့နော်....မှူးတို့ဒီညအမေတို့အိမ်မှာအိပ်ရမှာ....မနက်ဖြန်ကျရင် နှစ်ကူးရောက်ပြီ....အဲ့ဒါမှူးတို့သွားဝိုင်းကူရဉီးမယ်"
ညနေ အမေတို့အိမ် သွားအိပ်ဖို့အတွက် အ၀တ်အစားတွေပြင်နေရင်း ဆေးရုံသွားဖို့ပြင်ဆင်နေသော အကို့ကိုလှမ်းပြောနေရသည်။
"နှစ်ကူးက မနက်ဖြန်လား"
"ဟုတ်တယ်လေ မှူးကို အမေဖုန်းလှမ်းဆက်တာ
အမေကပြောသေးတယ် အကို့ကိုလဲ ခွင့်နှစ်ရက်ယူလာခဲ့တဲ့ မိသားစုတွေ ဆုံတုန်းအေးအေးဆေးဆေးနေရအောင်လို့တဲ့"
"အင်း အဲ့ဒါဆို ကိုယ်ညနေကျရင် အမေ့တို့အိမ်ကိုပဲ တန်းလာခဲ့မယ် ခွင့်လဲယူခဲ့မယ်....မှူးကရော ဘယ်အချိန်သွားမှာလဲ"
"မှူးက နေ့ခင်းပိုင်းလောက်သွားဖြစ်မယ်ထင်တယ်....ကျောင်းကပြန်လာတာနဲ့ အ၀တ်အစားတွေဝင်ယူပြီး သွားမှာ"
"ဟိုရောက်ရင် ကိုယ်မရောက်ခင် ပင်ပင်ပန်းပန်းတွေ လျှောက်လုပ်မနေနဲ့နော်"
"အကိုရယ် ဘာမှ ပင်ပန်းစရာမရှိပါဘူး အကိုသာခွင့်ရအောင်ယူခဲ့"
"ဟုတ်ပါပြီဗျာ...အဲ့ဒါဆို ကိုယ်သွားတော့မယ် "
ဆရာဝန်ကြီးကတော့ အလုပ်မသွားခင်တောင် ကလေးလုပ်သွားသေးသည်။မူကြိုကျောင်းသွားရမဲ့ကလေးက သူ့အမေကိုနမ်းသွားသလို အကိုကလဲ မှူးရဲ့ပါးကို ရွတ်ခနဲ နမ်းသွားသေးသည်။
မှူးကတော့ ကျောင်းကပြန်လာတာနဲ့ အမေ့ဆီတန်းသွားဖို့အတွက် အ၀တ်တွေ အဆင်သင့်ထုပ်ထားလိုက်သည်။ပြီးတာနဲ့ ရေမိုးချိုးပြီး ကျောင်းသွားတော့သည်။ဒီနေ့ Tutoတစ်ခုရှိတာမို့ မသွားလို့က မဖြစ် ။အပြန်ကျရင် ကန်တင်းမှာပဲ နေလယ်စာစားပြီးမှ ပြန်ဖို့စဉ်းစားထားလိုက်သည်။
×××××××××
"အမေ မှူး ရောက်ပြီ"
"သြော်...မှူးလေးရောက်ပြီလား လာ လာ အိမ်ထဲဝင်"
"ဟုတ် အမေ"
"သမီးကျောင်းကနေ တန်းလာတာလား"
"ဟုတ် ကျောင်းကနေပြန်တော့ အိမ်မှာ အ၀တ်အစားထုတ် ၀င်ယူပြီး တန်းလာခဲ့တာအမေ"
"မှူးလေး ထမင်းရောစားပြီးပြီလား"
"ကျောင်းကကန်တင်းမှာပဲ စားလာခဲ့တယ်"
"အဲ့ဒါဆို သမီး ခဏနားလိုက်ဉီး....ပြီးရင် အမေနဲ့တူတူဈေးသွားဝယ်ကြမယ်.....၀ယ်စရာတွေကတော့များတယ် သမီးရေ.....အမွှေးတိုင် ကနေစပြီး ang poa(အန်ပေါင်း) အိတ်အဆုံး အကုန်ဝယ်ရဉီးမှာ"
"ဒါနဲ့ အမေ ဒီနှစ်ကဘာနှစ်လဲ"
"ဒီနှစ်က ကျားနှစ်လေ"
"ကန်တော့ပွဲအတွက်ရော ၀ယ်ရမှာလား"
"ကန်တော့ပွဲအတွက်က မနက်ကထဲက ဒေါ်ကြီးညိုနဲ့အတူဝယ်ပြီးသွားပြီ အခုက အသုံးအဆောင်ပစ္စည်းတွေပဲ ၀ယ်ဖို့လိုတာ...ပြီးတော့ မှူးလေးဝတ်ဖို့အတွက် တရုတ်အင်္ကျီလှလှလေး အမေ လိုက်ဝယ်ပေးမယ်"
"ဟုတ် အမေ"
မှူးကတော့ တရုတ်အင်္ကျီဝတ်ရတော့မယ်ဆို၍ အခုကထဲ မြူးထူးနေပြီဖြစ်သည်။
××××××
"ဒါလေးဆို မှူးလေးနဲ့လိုက်မယ်ထင်တယ်"
အမေကတော့ တရုတ်အင်္ကျီ အနီလေးတွေကို တစ်ထည်ပြီး တစ်ထည်စမ်းဝတ်ကြည့်ခိုင်းနေတော့သည်။
"မှူး စမ်းဝတ်ကြည့်လိုက်မယ် အမေ"
"အင်း"
အ၀တ်လဲခန်းထဲမှာ လဲပြီးထွက်လာတာနဲ့ အားလုံးရဲ့အကြည့်ကမှူးဆီမှာ။
"ဟယ် လှလိုက်တာ မှူးလေးရယ်"
ကိုယ့်ကိုယ့်ကို မှန်ထဲပြန်ကြည့်တော့လဲ တော်တော်လှနေတာကြောင့် ဘ၀င်တောင်မြင့်ချင်သွားသည်။ရိုးရာအင်္ကျီအနီ ရဲရဲလေးကိုမှ အပေါ်ကဇာပန်းပွင့်တွေ ထပ်ချုပ်ထားခြင်းဖြစ်သည်။ဂါဝန်က ကိုယ်ကြပ်ဖြစ်ပြီး ပေါင်အရင်းနားကနေ တောက်လျောက် ခွဲထားတာဖြစ်၍ ခြေတိုင်ဖြူဖြူလေးတွေက အတိုင်းသားမြင်နေရသည်။မှူးတောင် ကိုယ့်ကိုယ်ကြည့်ပြီး ဒီလောက်ကြိုက်နေတာ အကိုမြင်ရင် ပိုသဘောကျမယ်လို့တွေးရင်း ပြုံးစိစိဖြစ်မိသေးသည်။
"မှူးလေး ဒါလေးကိုကြိုက်ရဲ့လား"
"ဟုတ် ကြိုက်ပါတယ် အနီရဲရဲလေးကချစ်စရာလေး......အမေ မှူးဒါပဲယူလိုက်တော့မယ်"
"အေးအေး သမီးနဲ့အရမ်းလိုက်တာပဲ သွား အ၀တ်သွားလဲလိုက်ဉီး အမေပိုက်ဆံရှင်းထားလိုက်မယ်"
"ဟုတ်"
မှူးကတော့ ဒီအင်္ကျီကိုဝတ်ချင်လွန်းလို့ မနက်ဖြန်ကို အမြန်ရောက်ချင်နေပြီဖြစ်သည်။
"ပြီးရင် ဘာဝယ်စရာရှိသေးလဲအမေ"
"ရွှေစက္ကူ ငွေစက္ကူနဲ့ အန်ပေါင်းအိတ် ၀ယ်ဖို့သွားကြမယ် ဒါပြီးရင်တော့ အားလုံးပြီးပြီ"
"အဲ့ဒါဆို သွားကြမယ်လေ ပြီးတော့အမေ အကိုက ၈နာရီလောက်ပြန်ရောက်မယ်လို့မှူးကို ဖုန်းလှမ်းဆက်ထားတယ်"
"ဟုတ်လား အဲ့ဒါဆို မြန်မြန်ဝယ်ပြီး ပြန်ကြမယ်
တော်ကြာ အမေတို့ကို ကြာနေလို့ဆိုပြီး ဖုန်းတဂွမ်ဂွမ်ဆက်နေဉီးမယ် သူက လွယ်တဲ့အကောင်မဟုတ်ဘူး"
အမေ့ရဲ့ အတည်ပေါက်နဲ့ နောက်ပြီး ပြောလိုက်သော စကားကြောင့် မှူး သဘောကျစွာ ရယ်မောမိသည်။
အိမ်ကိုပြန်ရောက်တော့ အကိုက ဧည့်ခန်းမှာအဖေနဲ့စကားပြောရင်း မှူးတို့ကို စောင့်နေလေသည်။
"အမေတို့ ဈေးဝယ်ထွက်တာကလဲ အကြာကြီးပဲ"
"အဲ့လိုပဲငါ့သားရေ မိန်းမတွေဈေးဝယ်ထွက်ပြီဆိုရင် တရေးအိပ်ပြီးစောင့်လို့ရတယ် မပြီးတော့ဘူးကွ"
အိမ်မှာ အကို့တို့ကိုနှစ်ယောက်ထဲ ထားခဲ့၍ ပျင်းနေပုံပေါ်သည်။မှူးတို့ရောက်တာနဲ့ တစ်ယောက်နဲ့တစ်ယောက်မျက်စပစ်ပြီး စောင်းမြောင်းပြောတော့သည်။
"ရှင်တို့ကလဲ ပြောဖို့ကြီးပဲ ချိုက မှူးလေးမနက်ဖြန်ဝတ်ဖို့ အင်္ကျီလိုက်ရွေးပေးနေလို့ကြာနေတာပါ"
"ဟုတ်လား မှူး ဘာအင်္ကျီဝယ်လာတာလဲ ကိုယ့်ကိုပြပါဉီး"
"မပြပါဘူးနော် မနက်ဖြန်ဝတ်မှကြည့်"
"မှူးကတော့ ဈေးကိုင်ပြန်ပြီ မနက်ဝတ်လဲမြင်မှာပဲကို အခုကတည်းက ပြပါလား"
"အကိုလဲ မှူးက မနက်ဖြန် ၀တ်မှာပဲကို အဲ့ကြမှကြည့်တော့ဘာဖြစ်မှာမို့လို့လဲ"
အဖေနဲ့ အမေကတော့ မှူးတို့ကြားထဲဘာမှ ၀င်မပြောဘဲ ရယ်ပြီးသာ ကြည့်နေတော့သည်။
"တွေ့လား အမေနဲ့အဖေ အမေတို့ ချွေးမက သားကိုသိပ်အနိုင်ယူတာပဲ"
"ချစ်ရင်သည်းခံပေါ့ သားရယ်"
တိုတိုနဲ့ အဓိပ္ပာယ်ရောက်အောင် ပြောလိုက်သော အဖေ့စကားကြောင့် ဘုန်းမြတ် ဘာမြှပန်ပြောစရာစကားမရှိတော့။
"သားနဲ့ သမီးလဲ စောစောသွားနားကြတော့ မနက်ကျရင် ကန်တော့ပွဲပြင်ဖို့ အစောကြီးထရဉီးမှာ"
"ဟုတ် အဲ့ဒါဆို အမေတို့လဲ အိပ်ကြတော့လေ"
"အေးပါ သွားနားကြတော့"
အခန်းထဲရောက်တော့ ရေမိုးချိုးပြီး ညအိပ်ဝတ်စုံလဲဝတ်လိုက်သည်။အကို့ကတော့ ပြန်ရောက်ကထဲက ရေချိုးပြီးသားမို့လို့ ကုတင်ခေါင်းရင်း ကို မှီရင်း မှူးရဲ့လှုပ်ရှားမှုမြန်သမျှအကုန် လိုက်ကြည့်နေတော့သည်။အင်္ကျီဝတ် night creamလိမ်းပြီးတာနဲ့ အကိုရှိရာဆီ သွားပြီး အကို့ပခုံးပေါ်ခေါင်းမှီလိုက်သည်။အကိုက ခေါင်းကို လက်နဲ့ခပ်ဖွဖွ သပ်ပေးနေ၍ မှူး အိပ်ငိုက်လာရတော့သည်။အကို့ရင်ခွင်ထဲ ကလေးတစ်ယောက်လို ခေါင်းတိုးဝေ့ပြီး ဖက်ထားလိုက်သည်။မှူးအတွက်တော့ အကို့ရင်ခွင်က အရာအားလုံးထက်နွေးထွေးမှုကိုပေးပြီး လုံခြုံမှုအပြည့်ပေးစွမ်းနိုင်သည်။အကို့ရင်ခွင်ထဲမှာ အိပ်စက်ရတဲ့ညများသည် မှူးကို အိပ်မက်ဆိုးရန်မှ ကာကွယ်ပေးပြီး မိုးစင်စင်လင်းတဲ့အထိ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေသည်။
Advertisement
"မှူးလေး"
"ရှင်"
"အိပ်ပျော်အောင် အိပ်နော် မနက်ဖြန်ကျရင် တစ်နေ့လုံး တစ်ညလုံးပင်ပန်းရဉီးမှာ"
အကို့စကားက ဘယ်လိုကြီးတုန်း။တစ်နေ့လုံးဆိုတာကို လက်ခံနိုင်ပေမဲ့ တစ်ညလုံးဆိုတာက ဘာကိုဆိုလိုတာလဲ။သူပြောကာမှ မှေးစင်းနေသော မျက်လုံးများပင်ပြူးကျယ်သွားရသည်။
"ဟင်! ကန်တော့ပွဲက မနက်ပိုင်းနဲ့ ညနေပိုင်း နှစ်ချိန်ပဲရှိတာမဟုတ်ဘူးလား.....ညဘက်ပါရှိသေးလို့လား"
အကို့ရင်ခွင်မှာမှီနေရာမှ ထပြီး အကို့မျက်နှာကိုကြည့်ပြီးမေးလိုက်သည်။
"ရှိသေးတာပေါ့......ညပိုင်းက အကို့အတွက်လေ"
"ဟမ်!"
"အားရှိအောင် အိပ်ထားမနက်ဖြန်ညကျရင် မှူးအတွက် အကိုက သီးသန့် နှစ်သစ်ကူးလက်ဆောင်ပေးမယ်"
ရယ်ကျဲကျဲနဲ့ မျက်ခုံးပင့်ပြီးပြောလာတဲ့ အကို့ပုံစံကိုကြည့်တာနဲ့ ဘာကိုဉီးတည်ပြီးပြောနေလဲဆိုတာ သဘောပေါက်လိုက်တာကြောင့် မှူးမျက်နှာတစ်ခုလုံး ရှက်ပြီး ပန်းရောင်သန်းသွားရသည်။
ဆက်မေးလျှင် မဟုတ်တာတွေလျောက်ပြောမှာဆိုးသဖြင့် မသိချင်ယောင်ဆောင်ပြီး ဆက်အိပ်လိုက်သည်။
×××××××××××××
"မှူးလေး.....မှူးလေး.......မှူး.....ထတော့မှူးလေး....ခဏနေရင် ရိုးရာကန်တော့ရတော့မှာ"
"ဟင်.....အင်း.......ထပြီ......"
အိပ်လို့ကောင်းနေကာမှ အကိုကလာနှိုးတာမို့ မှူး အိပ်တ၀က်နိုးတ၀က်နဲ့ ရေချိုးဖို့ပြင်လိုက်သည်။
မှူးရေချိုးခန်းထဲကနေထွက်လာတော့ အကိုက ပြင်ဆင်လို့တောင်ပြီးနေပြီ။တရုတ် အင်္ကျီအနီနဲ့ဘောင်းဘီအရှည်ကို တွဲ၀တ်ထားတာကြောင့် အကိုရဲ့ဖြူနေသော အသားအရည်က လင်းထွက်နေသည်။ရုပ်ရည်က တရုတ်မျက်နှာပေါက် မပေါက်ပေမဲ့ တရုတ်အင်္ကျီ၀တ်ထားတော့လဲ တရုတ်မင်းသားကျနေတာပဲ။ဆံပင်ကို spray မှုတ်နေရင်း မှူးဘက်ကိုကြည့်ရင်းပြုံးပြတော့ မနက်ခင်းက ကျက်သရေအပြည့်ရှိသွားတော့သည်။အကိုရှိလျှောက်သွားပြီး ဆံပင်ကို မှူးက ပုံချပေးတော့ အလိုက်တသိနဲ့ခေါင်းကိုငုံ့ပေးထားသည်။ဆံစ တစ်စနှစ်စကို အရှေ့ကိုချပြီး အခုခေတ်စားနေသော ဆံပင်ပုံစံ လုပ်ပေးလိုက်တော့ အကို့မျက်နှာက ယောကျာ်းဆန်လွန်း၍ မှူးမှာ ကြည့်လို့ကိုမ၀ဖြစ်နေသည်။
"မှူးလဲ ပြင်ဆင်တော့ ကိုယ်အောက်ထပ်ကနေစောင့်နေမယ်....ကိုယ့်ရဲ့ တရုတ်မလေးကိုအမြန်မြင်ချင်နေပြီ"
"ဟုတ်ပါပြီရှင် မှူးပြီးတာနဲ့အောက်ဆင်းလာခဲ့မယ်"
အကိုက ပါးကိုတစ်ချက်နမ်းပြီး အခန်းပြင်ထွက်သွားတာနဲ့ မှူးလဲ အလှပြင်ဆင်ခြင်းကိုစတင်လိုက်သည်။make upကို တစ်ဆင့်ချင်းဆီညက်နေအောင် လူးပြီး မျက်ခုံးမွှေးကို နီညိုရောင် ရေးရေးလေးဆွဲလိုက်သည်။eyeshadow အညိုရောင်နဲ့ ရွှေအိုရောင် ကိုရောစပ်ပြီး မျက်ခွံပေါ်တင်လိုက်သည်။မဆွဲကြာပြီဖြစ်သော eyelinerကို အပေါ်မျက်ခမ်းစပ်နားနေ မသိမသာလေးဆွဲပြီး မျက်လုံးထောင့်မှာ အချွန်သေးသေးလေးဖြင့် အဆုံးသတ်လိုက်သည်။မျက်တောင်ကို ပိုရှည်သွားအောင်ကော့ညွှတ်လိုက်ပြီး နှုတ်ခမ်းနီကိုရဲတောက်နေအောင် ဆိုးလိုက်သည်။ တရုတ်အင်္ကျီအနီရဲရဲကို ၀တ်ဆင်ပြီးတာနဲ့ ခါးလောက်ရှိသော ဆံပင်ကို ကိုရီးယားဆန်ဆန် ခပ်လျော့လျော့ ဆံထုံးထုံးလိုက်ပြီး မနေ့ကအမေ၀ယ်ပေးထားသော နီလာ ဆံထိုး ထိုးလိုက်သည်။နောက်ဆုံးအနေနနဲ့ လက်၀တ်ရတာနာတွေ၀တ်ဆင်ပြီး ရေမွှေးဆွတ်ဖြန်းကာ အောက်ထပ်က်ို ဆင်းဖို့ပြင်လိုက်သည်။
×××××××××××××××××××××××××××××××××××
🚨Warning 20 plus for next episode🚨
မှူး၀တ်ထားတဲ့အင်္ကျီ
Zawgyi
"အကို ညနေကျရင် အမေတို့အိမ်ကိုတန်းလာခဲ့နော်....မှူးတို့ဒီညအမေတို့အိမ်မှာအိမ်ရမှာ....မနက်ဖြန်ကျရင် နှစ်ကူးရောက်ပြီ....အဲ့ဒါမှူးတို့သွားဝိုင်းကူရဉီးမယ်"
ညနေ အမေတို့အိမ် သွားအိပ်ဖို့အတွက် အ၀တ်အစားတြွေပင်နေရင်း ဆေးရုံသွားဖို့ပြင်ဆင်နေသော အကို့ကိုလှမ်းပြောနေရသည်။
"နှစ်ကူးက မနက်ဖြန်လား"
×××××××××
"အမေ မှူး ရောက်ပြီ"
"ဟုတ် အမေ"
"ဒီနှစ်က ကျားနှစ်လေ"
"ဟုတ် အမေ"
××××××
"အင်း"
Advertisement
"ဟုတ်"
"အေးပါ သွားနားကြတော့"
"မှူးလေး"
"ရှင်"
"ဟမ်!"
×××××××××××××
"ဟင်.....အင်း.......ထပြီ......"
×××××××××××××××××××××××××××××××××××
Advertisement
- In Serial275 Chapters
Taming the Queen of Beasts
Elreth is a Princess in the world of Anima—where humans can shift into the form of their animal ancestors. As the Lion King's daughter, Elreth breaks a thousand-year tradition when she challenges her ...
8 3660 - In Serial40 Chapters
Uroboros Cycle
Based on events in my life. Marie "Inky" La Voison returns home to Hemlock Hurst. After missing her mother's funeral, the town seer and mad woman, she is reunited with her childhood friend and sweetheart. Before she can reach closure with her past, a double murder rocks the town. A Serial Killer has been preying on the women of the township. Ghosts of the past, a blood feud from the Civil War, and madness stalk the streets. Will Marie "Inky" La Voison be able to save the Uroboros Cycle, the cycle of life and death? Lear County Outlook is directly connected to Uroboros Cycle.
8 247 - In Serial31 Chapters
PROMISE[completed]
Хамгийн их шүтэж үнэнчээр хайрлаж явсан хамтлаг нь тарсны дараах нэгэн фен охинд тохиолдсон үйл явдлыг сонирхон уншаарай
8 233 - In Serial14 Chapters
Forbidden
Tera thought she'd never see the hot stranger she had a one night stand with again, but on her first day of her final college class her professor turns out to be someone all too familiar. The guy she slept with. A guy she can't stop thinking about even though its forbidden. Cover by the amazing @LuisaDituri
8 150 - In Serial51 Chapters
A Sundered Soul (MXM)
Jason Brooks is an eighteen-year-old teenager and second born alpha to the Broken Hills Pack, goes from unwanted son to an unwilling sacrifice.When the news hit the pack that the Elders had declared the next alpha, Jason's older brother mateless, the pack fell into chaos. However, when Jason finds his mate, his father does the unthinkable to him for the sake of the pack, but also his for firstborn son, Quinton.Broken and discarded, Jason is sent away to live in amongst the humans, only to fall prey to a fate worse than the death. A death he prayed for when he lost the most important things to a werewolf-his wolf and mate.After the vampire lord, Alaric Mourningveil, turns him into a harbinger of death; Jason seeks the courage and determination to escape Alaric's clutches before the vampire's nefarious ambitions consume him.Highest Rankings:1# LGBTQ+1# ManxMan
8 193 - In Serial23 Chapters
Alexander the Fallen [Book 1] ✔
"I will break you like a stick" he said, running his fingers across his blade. "Suffocate you till you can no longer breathe" his fingers went to caress my throat. "And I will enjoy every second of it", Our eyes connected. My heart pounded against my chest at the promises that were held in his eyes. I'm dead. ********* Dawn Turner was anything but normal. She's the type to go pick up a pencil she had dropped and then drop it again while picking it up. Clumsy by definition, she manages to fall into trouble almost everyday. However, the day she met a certain fallen angel, she knew that she had gotten herself into BIG trouble. Especially since she managed to hit him across the head...with a pan...three times... Not to mention shrieking, and I quote "DIE BITCH DIE." But let's not get ahead of ourselves, that's a story for later on. ALEXANDER THE FALLEN- 18/8/2018 ♡ Inceptian ♡ Impressing Ranks: {#1 In New Voices} {#1 In FallenAngel} {#2 In Hell} {#17 In Devil} {#43 In Horror - out of 7k}
8 127