《ကံကြမ္မာစေရာ [OC] (Completed)》Ep_27
Advertisement
Uni
ရာသီဥတုက ဆောင်းတွင်းကိုရောက်နေပြီမို့ ညနေ ၆နာရီပင်မထိုးသေး မှောင်ရီပျိုးစကပြုနေလေပြီ။
"အကို မှူးခုနကစားတဲ့ ရေခဲမုန့်ကအရမ်းကောင်းတာပဲ...ဟိုရှေ့ကဆိုင်လဲ အဲ့ရေခဲမုန့်လိုပဲ စားကောင်းမယ်ထင်တယ်"
ကားရေဆေးတဲ့နေရာကို နှစ်ဦးသားလမ်းလျှောက်ပြီး ပြန်လာနေချိန် မှူးလေးကတော့ အခထြိ အစားအသောက်အကြောင်းပြောနေတုန်း။
"မှူးလေး အစားတွေစုံနေပြီနော်...ဗိုက်အောင့်နေမယ်....ပြီးတော့ ရာသီဥတုကအေးနေတာကို ရေခဲ့မုန့်ကထပ်စားချင်သေးတာလား.....တော်တော့ လည်ချောင်းတွေနာကုန်လိမ့်မယ်"
"ဆရာ၀န်ကိုကိုတစ်ယောက်လုံးရှိနေတာပဲ ဒါတွေကအေးဆေးပါ"
မှူးကတော့ တကယ်ခက်သည်။အစားအသောက်နဲ့ပက်သက်လာရင် အမြဲမဆင်မခြင်။ဆင်ခြင်ဖို့ သတိပေးရင်လဲ ဆရာ၀န်ကိုကို ရှိတယ်ဆိုပြီး ဘုန်းမြတ်အားကိုးနဲ့မိုက်နေလေသည်။
"ဆရာ၀န်ကိုကိုကနောက်မှ အရင်ဆုံးတစ်ခုခုဖြစ်ရင် မှူးပဲခံစားရမှာ ကိုယ်ကအစား၀င်ပြီးခံစားပေးလို့လဲမရဘူး"
"အကယ်၍ အစား၀င်ပြီးခံစားပေးလို့ရရင် အကိုက အစား၀င်ပေးမှာလား"
မျှော်လင့်ချက်အပြည့်မေးနေပုံက ဘုန်းမြတ်ကိုစနောက်ချင်စိတ်ဖြစ်ပေါ်စေသည်။
"မ၀င်ပေးပါဘူး ဒီလောက်ထိသတိပေးနေတဲ့ကြားထဲက ဖြစ်လာရင်လဲ ကိုယ့်အပြစ်ကိုယ်ခံပေါ့...ကိုယ်ကဆေးပဲအလကားကုပေးမှာ"
"ဟာ အစား၀င်မခံပေးတဲ့အပြင် အကိုက မှူးဆီကဆေးကုခပါရရင် လိုချင်သေးတာလား"
"ရရင်တော့ လိုချင်တာပေါ့"
အကိုက မှူးကိုစနေမှန်းသိတာကြောင့် နှာခေါင်းရှုံ့ပြပြီး မျက်စောင်းတစ်ချက်သာ ထိုးလိုက်တော့သည်။
ကားဆီရောက်တာနဲ့ အနောက်ခန်းထဲကို ၀ယ်သာသမျှ ပစ္စည်းတွေအကုန်ထည့်ပြီး မှူးကတော့ အရှေ့ခန်းမှာ၀င်ထိုင်လိုက်သည်။ဒီနေ့တစ်ညလုံးဆေးရုံစောင့်လုပ်ရမှာမို့ လိုအပ်မယ်ထင်တဲ့ ပစ္စည်းမှန်သမျှ အကုန်၀ယ်ချလာတော့သည်။
အကိုက ကားကို ငြိမ့်ငြိမ့်ညောင်းညောင်း မောင်းနေသည်မို့ မှူးအတွက်တော့ အိပ်စက်ခြင်းခရီးကိုစတင်လိုက်သည်။တစ်နေကုန်ပင်ပန်းထားတာကြောင့်ရော အစားပေါင်းစုံစားထား၍ ဗိုက်လေးနေတာကြောင့်ရော မှူး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတော့သည်။
အိပ်ရေး၀၀အိပ်ပြီးချိန်မှာတော့ မျက်လုံးများကဖြေးညှင်းစွာပွင့်လာတော့သည်။ကားကငြိမ်သက်နေပြီး ကားက လမ်းမပေါ်မှာမဟုတ်တော့ ဆေးရုံ၀န်းထဲက ကားပါကင်ကိုရောက်နေတာဖြစ်သည်။ဘေးကိုကြည့်လိုက်တော့လဲ အကိုကမရှိတော့။မဟုတ်မှ လွဲရော အကိုကမှူးကို တစ်ယောက်ထဲထားခဲ့တာလား။အကိုကအဲ့လိုလုပ်မဲ့ လူမျိုးမဟုတ်ပါဘူးလို့ တွေးမိလိုက်ပြန်သည်။ကားမှန်ကနေတဆင့် ဘေးဘက်ကိုကြည့်လိုက်တော့ ဆေးလိပ်အငွေ့လို့ အရာများက တလူလူထွက်နေသည်။ဘယ်သူကကားနားလာပြီး ဆေးလိပ်သောက်နေတာလဲ ဆိုပြီး မှူးဒေါသထွက်မိသွားသည်။စိတ်ပေါက်ပေါက်နဲ့ ကားပေါ်ကဆင်းပြီးရန်တွေ့ဖို့ တံခါးကိုဆွဲဖွင့်လိုက်တော့..."
"ဟင်!!"
မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ကိုယ်မျက်စိကိုယ်တောင် မယုံနိုင်ဖြစ်သွားသည်။ဆေးလိပ်ငွေ့များရဲ့ နောက်ကွယ်ကနေ တဖြည်းဖြည်းချင်းပုံရိပ်ပေါ်လာသူက တခြားသူမဟုတ် အကိုပင်ဖြစ်သည်။မှူးမှာ ဘာပြောလို့ပြောရမလဲမသိ စကားလုံးတွေပျောက်ရှသွားရသည်။မှူးတစ်ခါမှ မမြင်ဖူးသော အကို့ရဲ့ပုံစံအသစ်ကိုမြင်လိုက်ရတော့ ခဏတာတွေဝေမိသွားသည်။ဆေးလိပ်သောက်နေတဲ့ အကို့ပုံစံက အခုမှစသောက်ဖူးတဲ့ပုံစံလိုမဟုတ်။လက်ညှိုးနဲ့ လက်ခလယ်ကြားထဲမှာ ဆေးလိပ်ကို စတိုင်ကျကျညှပ်ပြီးသောက်နေပုံက မှူးရင်တွေ တဒုတ်ဒုတ်ခုန်သွားရသည်။ရှပ်အင်္ကျီလက်ကို တံတောင်ဆစ်ထိခေါက်တင်ထားကာ အင်္ကျီကြယ်သီးကို 3လုံးလောက်ထိ ဖြုတ်ထားပြီး ကားကိုမှီရင်းဆေးလိပ်သောက်နေပုံက တကယ့်ကိုဆွဲမက်စရာကောင်းနေသည်။လူကြီးလူကောင်းဆန်တဲ့ပုံစံကနေ လုံး၀ကွဲထွက်နေပြီဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ယောက်လိုဖြစ်နေသည်။
"မှူး နိုးပြီလား....မှူးအိပ်ပျော်နေလို့ ကိုယ်စောင့်ပေးနေတာ"
"အ...အကို....ဆေးလိပ်သောက်တတ်တာလား"
"အင်း..တစ်ခါတစ်ရံမှသောက်တာပါ နေ့တိုင်းသောက်တာမဟုတ်ပါဘူး....ဘာလို့လဲ မှူးမကြိုက်လို့လား"
"မ....မဟုတ်ပါဘူး မှူးက အကိုဆေးလိပ်သောက်တာကို အခုမှ မြင်ဖူးလို့ပါ"
"မှူးမကြိုက်ရင် နောက်မသောက်တော့ပါဘူး....
အခုက မှူးကိုစောင့်ရင်း ပျင်းတာနဲ့သောက်နေတာ "
"မဟုတ်ပါဘူး....မှူးကြိုက်ပါတယ်"
"ဟမ်"
ရုတ်တရက် ကယောင်ကတမ်းဖြေလိုက်တဲ့စကားကြောင့် အကိုမပြောနဲ့ မှူးတောင်ကိုယ့်စကားကိုယ် ပြန်လန့်သွားရသည်။
"မ....မဟုတ်ဘူးနော် မှူးပြောချင်တာက အကိုသောက်ချင်သောက်လို့ရတယ် မှူးကိုအားမနာနဲ့လို့ပြောချင်တာ...ဆေးလိပ်ကို စွဲလန်းနေတာမှ မဟုတ်တာ တစ်ခါတစ်လေ သောက်တာပဲ သောက်လို့ရပါတယ်....အဲ့လောက်လေးနဲ့ ကျန်းမာရေးမထိခိုက်ပါဘူး....ဟုတ်တယ်မလား"
မှူးမှာ ရှက်ခိုးရှက်ခမ်းနဲ့ ခေါင်းထဲပေါ်လာသမျှ အကုန်လျှောက်ပြောနေပေမဲ့ အကိုက ဘာမှ မပြောပဲ အူကြောင်ကြောင်စကားတွေပြောနေတဲ့ မှူးကို ကားကိုမှီရင်းပြုံးပြီးသာကြည့်နေပြန်သည်။
အကိုတော့ မသိဘူး မှူးကတော့ အခုအချိန်မှာအကို့ရဲ့ဆွဲဆောင်မှုအပြည့်ဖြစ်နေတဲ့ အကို့ရဲ့မျက်နှာနဲ့ စီးကရက်နံ့သင်းသင်းနဲ့က ပေါင်းစပ်ပြီး ရင်ထဲမှာ ဗြောင်းဆန်နေပြီဖြစ်သည်။အခုလိုရူးမတက်ဖြစ်နေရတဲ့ အချိန်မှာဖြေရှင်းနည်းကတစ်နည်းပဲရှိသည်။
"အင့်"
မှူး ဘာမှ ခေါင်းထဲမှာမရှိတော့တာကြောင့် ခြေဖျားထောက်ပြီး အကို့လည်ပင်းကိုသိုင်းဖက်ကာ မျက်စိစုံမှိတ်ပြီး နှုတ်ခမ်းချင်း ထိကပ်လိုက်သည်။စီးကရက်နံ့ စွဲနေသော အကို့နှုတ်ခမ်းက မှူးကို လိုအပ်တာထက် ပိုပြီးတောင့်တနေစေသည်။တခြားဘာမှ ဆက်မတွေးနေပဲ အကို့နှုတ်ခမ်းကို မှူးကဦးဆောင်ပြီး တစ်ရှိုက်မက်မက်စုပ်ယူနမ်းရှိုက်နေလိုက်သည်။ခဏအကြာမှာတော့ အကို့က မှူးရဲ့ ခါးကိုတင်းကြပ်ဖက်ပြီး ကားတံခါးနဲ့ တွန်းကပ်လိုက်တာကြောင့် မှူး အနမ်းတို့ကို ရပ်တန့်ပစ်လိုက်သည်။ခဏတာကြောင်အမ်းသွားပြီး အကို့မျက်လုံးတွေကိုကြည့်လိုက်ချိန်မှာတော့ ရီဝေဝေအကြည့်တွေဖြင့် အကိုက တဖန် နှုတ်ခမ်းတစ်ခုလုံးကို စုပ်ယူလိုက်တာကြောင့် မှူး လေဟာနယ်ထဲရောက်သွားသလိုခံစားလိုက်ရသည်။ထပ်မံပြီး နူးညံ့သော လျာဖျားကပါ တိုး၀င်လာတာကြောင့် မှူး အလိုက်သင့်ပဲ ဖွင့်ဟပေးလိုက်သည်။အကိုကတော့ အတိုးရောအရင်းရော ပေါင်းပြီး နမ်းနေတာလားမသိ။
နှုတ်ခမ်း အတွင်းရောအပြင်ရောနေရာလပ်မရှိအောင်ပင် စွဲမက်စရာကောင်းအောင် နမ်းရှိုက်နေသည်။ဒီခရီးကို မှူးကစတင်ခဲ့ပေမဲ့ အခုချိန်မှာတော့ အသက်ရှုပင်မ၀ဖြစ်လာရသည်။မှူး မောဟိုက်လာတာကြောင့် အကို့ ရင်ဘက်ကို ခပ်ဖွဖွ တွန်းလိုက်တော့ အကိုက အလိုက်သိစွာဖြင့် ရပ်တန့်ပေးလိုက်တော့သည်။
ခဏတာ အရူးထမှုကြောင့် အကို့ကိုပထမဆုံး မှူးဘက်ကစပြီး နမ်းလိုက်တာဖြစ်ပေမဲ့ အခုအကို့နဲ့ မျက်လုံးချင်းစုံမိတော့ မှူးမှာ ရှက်နေရပြန်သည်။
တဖန် ကားပါကင်မှာ အချိန်အကြာကြီး နမ်းနေကြတာမို့ ဘယ်သူတွေမြင်သွားလဲဆိုပြီး တွေးမိကာ ရှက်ရပြန်သည်။ဒါကြောင့် မှူး ဒီနေရာ အကို့ရှေ့ကနေ အမြန်ရှောင်ရန် စိတ်ကူးလိုက်သည်။
"ကားပေါ်ကအထုတ်တွေ အကိုပဲယူခဲ့လိုက်တော့
မှူးအရင်သွားနှင့်တော့မယ်"
အိပ်ချင်မူးတူးနဲ့ ကားပေါ်ကဆင်းလာပြီး လုပ်ချင်တာတွေလုပ်သွားပြီးတော့ လူကိုတန်းလန်းကြီးထားခဲ့တာကြောင့် ဘုန်းမြတ် ကားပါကင်အလယ်မှာ တစ်ယောက်ထဲ အူကြောင်ကြောင်နဲ့ကျန်ခဲ့ရသည်။
××××××××
ညက အကိုနဲ့ မျက်နှာချင်းဆိုင်ရမှာ ရှက်နေတာကြောင့် ဆိုဖာပေါ်မှာ လှဲပြီးအိပ်ချင်ယောင်ဆောင်နေတာကနေ တကယ်အိပ်ပျော်သွားတာကြောင့် မိုးလင်းမှနိုးလာတော့သည်။မျက်စိဖွင့်ကြည့်လိုက်တော့ အခန်းထဲမှာ မှူးနဲ့ လူနာကောင်လေးနဲ့သာရှိသည်။အိပ်ရေး၀၀အိပ်ထားတာကြောင့် စိတ်ကကြည်လင်နေပြီး အရင်ဆုံးမျက်နှာသစ်ပြီး ကိုယ်လက်သန့်စင်လိုက်သည်။သွားတိုက်နေရင်း အကိုဘယ်များရောက်နေတာလဲလို့ တွေးမိနေသည်။ထိုစဥ်မှန်ထဲမှာ ရုတ်တရက် ပြုံးပြုံးကြီးပေါ်လာသော အကို့ပုံရိပ်ကြောင့် မှူး လိပ်ပြာလွင့်မတက်လန့်သွားရသည်။
Advertisement
"မှူးမျက်နှာသစ်ပြီးရင် ထွက်ခဲ့....ကိုယ်မုန့်၀ယ်လာတယ်"
အကိုကတော့ ပြောပြီးတာနဲ့ထွက်သွားပေမဲ့ မှူးကတော့ အခုထိ လန့်နေဆဲ။မှူး အကို့အကြောင်းကိုစဥ်းစားနေတိုင်း သရဲလိုပင် ဘယ်ကနေဘယ်လိုပေါ်ပေါ်လာမှန်းမသိ။စိတ်ချင်းဆက်နေသလိုပင်။အန္တရာယ် တစ််ခုခုနဲ့ကြုံလို့ စိတ်ထဲကနေ အကို့ကို တလိုက်လျှင်လဲ ဖုန်းမဆက်ပဲနဲ့ကို အချိန်ကိုက်ရောက်ရောက်လာသည်။ဧကန္တအကိုက လူစွမ်းကောင်းများလား ဆိုပြီး အူကြောင်ကြောင်အတွေးက၀င်လာသေးသည်။
အကိုနဲ့အတူ မနက်စာစားပြီးတာနဲ့ ကောင်လေးရဲ့မိဘတွေ ရောက်လာသဖြင့် ပြောစရာရှိတာတွေပြော မှာစရာရှိတာတွေမှာပြီး လူနာအတွက်လိုအပ်တာတွေ ၀ယ်ဖို့ရော ဆေးရုံအသုံးစရိတ်တွေရော အကုန်ရှင်းပေးပြီး အိမ်ကိုတန်းပြန်လာခဲ့တော့သည်။အိမ်ရောက်တော့လဲ နားမနေရ ရေမိုးချိုး အ၀တ်အစားလဲပြီးတာနဲ့ အကို့က ဆေးရုံဆီ မှူးက သင်တန်းဆီ ဆက်သွားရတော့သည်။
မနေ့က သင်တန်းစတက်ရမဲ့ ပထမဆုံးနေ့မှာတင် ပျက်ကွက်ခဲ့တာကြောင့် နည်းနည်းတော့ စိတ်လေးနေမိသည်။ဒါပေမဲ့ အခြေခံသင်တန်းပို့ချပေးသူက စိုင်းဖြစ်နေ၍ စိတ်သက်သာရာရမိသွားသည်။အခုမှ အစဆိုတော့ မှူးအတွက်တော့ အခက်အခဲသိပ်မရှိ။၃နာရီ အချိန်ကာလက ကုန်လို့ကုန်မှန်းမသိအောင် စိတ်၀င်စားနေခဲ့သည်။အချိန်ပြီးဆုံးသွားတာနဲ့ မုန့်၀င်၀ယ်ပြီး အိမ်ကိုသာပြန်ပြီး အ၀နားပစ်ရန် ဆုံးဖြတ်လိုက်သည်။
"မြမှူး"
လှေကား ကနေအောက်ဘက်ကို ဆင်းနေရင်းနောက်က လှမ်းခေါ်သံကြောင့် ခြေလှမ်းတို့ကိုရပ်တန့်လိုက်သည်။
"ဟင် ဘာဖြစ်လို့လဲ စိုင်း"
"မှူး မနေ့က သင်တန်းကိုဘာလို့မလာတာလဲ"
"သြော် မနေ့က လာတဲ့လမ်းမှာ အရေးကြီးကိစ္စတစ်ခုပေါ်လာတာနဲ့ မလာဖြစ်တော့တာ"
"ဒီနေ့ရော မြမှူး အားရဲ့လား"
"အင်း ဒီနေ့တော့ အားပါတယ်"
"အဲ့ဒါဆို ဒီနားမှာ ကော်ဖီဆိုင်ကောင်းကောင်း တစ်ခုရှိတယ် ကိုယ် မှူးကို ကော်ဖီလိုက်တိုက်ချင်လို့ လိုက်ခဲ့ပေးပါလား"
"ကိစ္စတစ်ခုခုရှိလို့လား"
"မဟုတ်ပါဘူး ဒီလိုပဲ စကားလေးနည်းနည်းပါးပါးပြောရင်း ကော်ဖီသောက်ချင်လို့ပါ လိုက်ခဲ့မယ်မဟုတ်လား"
"အင်း ရပါတယ်"
သင်တန်းရဲ့ လမ်းထိပ်မှာတင် စိုင်းပြောသော ကော်ဖီဆိုင်ကိုရောက်ရှိလာခဲ့သည်။မှူးကတော့ black coffeeတစ်ခွက်သာမှာလိုက်သည်။
"မှူးက ဟင်းချက်ရတာ ၀ါသနာပါတာလား"
စိုင်း အရင်ဆုံး စကားစလိုက်သည်။
"ဟင့်အင်း မပါပါဘူး"
လိုရင်းတိုရင်း ဖြေလိုက်တဲ့အဖြေကြောင့် စိုင်း နင်ပါနင်သွားရသည်။
"အဲ့ဒါဆို ဘာလို့ဟင်းချက်လာသင်တာလဲ"
"မှူးရဲ့ယောကျာ်းကို ထမင်းဟင်းချက်ကျွေးချင်လို့"
ထပ်ဖြေလိုက်တဲ့ နောက်တစ်ခွန်းကြောင့် စိုင်းထက်အောင်တစ်ယောက် သောက်လိုက်တဲ့ကော်ဖီပါ ပြန်အန်ထွက်ချင်သွားသည်။
"ဟမ်!!မှူး ရဲ့ယောကျာ်း?"
"ဟုတ်တယ်လေ.....မှူးရဲ့ယောကျာ်းလေ ဘာဖြစ်လို့လဲ"
"မှူးက အိမ်ထောင်ကျသွားပြီလား"
"အင်း......5လလောက်ရှိပြီ မှူးရဲ့အမျိုးသားက ဆရာ၀န်လေ"
မှူးသိတာပေါ့ စိုင်းထက်အောင် ဘယ်ခြေလှမ်းလှမ်းနေခဲဆိုတာ။အဲ့ဒါကြောင့် သူလဲ စောစောစီးစီး အမှန်တရားကို သိရအောင် တစ်ခါထဲနဲ့ မှူးပွဲသိမ်းပေးနေခြင်းဖြစ်သည်။မှူး စိုင်းကိုအားနာပေမဲ့လဲ မတတ်နိုင်။အခုကထဲက မရှင်းထားရင် နောက်ကျရင် ပိုပြီးရှင်းရခက်နေမည်ဖြစ်သည်။
"ဟုတ်လား....မှူး အိမ်ထောင်ကျသွားတာကို
ကိုယ်မသိခဲ့ဘူး"
"နောက်မှ စိုင်းကို အကိုနဲ့မိတ်ဆက်ပေးမယ်နော်"
"အင်း"
အင်းလို့သာ ဖြေလိုက်ရတယ် ရင်ထဲမှာတော့ အသဲတွေ အစိတ်အစိတ်အမွှာမွှာကွဲကြေနေပြီဖြစ်သည်။ငယ်ရွယ်စဥ်အချိန်ကထဲက ချစ်နေခဲ့သူမို့ အခုပြန်ဆုံချိန်မှာ ရင်ခုန်သံတွေ ပြန်လည် နိုးကြားလာတဲ့အခါမှ ဆိုင်သူရှိနေပြီဆိုတာသိလိုက်ရတဲ့အချိန်မှာ ရဲရဲတောက်နေသော မီးခဲကို ရေနဲ့ငြိမ်းသက်လိုက်သလိုရင်ထဲမှာဗလောက်ဆူနေရသည်။ကံကြမ္မာကသာ မှူးနဲ့ ဒီထက်အချိန်စောပြီး ပြန်တွေ့ခွင့်ပြုခဲ့မယ်ဆိုရင် မှူးကိုပိုင်ဆိုင်ရမဲ့လူက သူများဖြစ်နေလေမလား ဆိုပြီး ကံကြမ္မာကိုသာ အပြစ်ဖွဲ့မိနေသည်။
Zawgyi
ကားရေဆေးတဲ့နေရာကို နှစ်ဉီးသားလမ်းလျှောက်ပြီး ပြန်လာနေချိန် မှူးလေးကတော့ အခထြိ အစားအသောက်အကြောင်းပြောနေတုန်း။
"ဟင်!!"
Advertisement
"ဟမ်"
"အင့်"
××××××××
"မြမှူး"
"အင်း ရပါတယ်"
"ဟင့်အင်း မပါပါဘူး"
"ဟမ်!!မှူး ရဲ့ယောကျာ်း?"
ကိုယ်မသိခဲ့ဘူး"
"အင်း"
Advertisement
- In Serial9 Chapters
My In-laws Are Obsessed With Me
My family and my husband killed me. Because of the inheritance.
8 226 - In Serial77 Chapters
Medusa and the blind woman
Update: * Volume 1 & 2 of the novelization of Medusa and the blind woman are available on Amazon Kindle under the name Bryn D. Estelle. * All chapters from Volume 1 & 2 on RoyalRoad have been cleaned up and tweaked. New Interlude was added to Volume 3. * Three new chapters have been added to RoyalRoad that are marked 21.1, 21.2 and 21.3 which are original content from Volume 2 of the novelisation. Volume summaries: Volume 1: The legendary Gorgon, Medusa, spends a solitary life on her island Sarpedon. The only interruptions to her monotonous life are the occasional expeditions of foolish humans that try to slay her for fame and riches. This story begins on the day that just another of these expeditions brings along an unusual woman. A priestess of Athena that was born blind and is not afraid of the Gorgon. Soon those two are forced into an unexpected coexistence on the small island. Will those two unlikely life partners learn to get along? Volume 2: The great goddess of wisdom and war, Athena, realizes that her priestess is prisoner to the Gorgon and makes a bet with the monster. The human expedition returns to slay the Gorgon and Eugenia is caught between the front lines. Typhos reveals his true goal and his machinations corner Medusa. What choices will the dissimilar duo make? Who will come out victorious? Volume 3: After Eugenia awakens in the city of rowers, Eretria, she finds herself separated from Medusa who is receiving punishment for leaving her exile. Still recovering from her injuries and desperate, the priestess sets off on a journey to make a return to Sarpedon. On her way she meets many strange new people as well as some familiar faces. On top of that the messenger of the gods, Hermes, tells her of a trial that awaits her on this uncertain path. Where will her trial take her? Volume 4: Reunion. After Eugenia's long trial comes to an end, she returns to the side of Medusa who had suffered her punishment at the hands of Athena. As they try to find a new balance in their shared company on Sarpedon they are faced with many tumultuous emotions that wind down to the very cores of their souls. Secrets are uncovered, pasts revealed and Eugenia's feelings are put to the ultimate test. And amidst all this, a new intruder chooses to trespass onto the secluded isle to cause even more trouble. Aphrodite has set her sights on the Gorgon now.
8 130 - In Serial55 Chapters
The Night I Was Saved
Hero Fiennes Tiffin is a humble police officer who is born and raised in London. At twenty-three, he is in the prime of his life, having a full-time job, a great group of friends, and a nice apartment just outside of London. His life is calm and collected, but then one night at work changes everything. ✳TRIGGER WARNING✳Will involve mental and sexual abuse as well as other trauma.
8 157 - In Serial9 Chapters
Magpie People
a not-quite-book about not-quite-kids seeing not-quite-real things, sometimes. i hope it makes you think about birds.
8 105 - In Serial29 Chapters
HIGH //Abhishek Sharma Fanfiction//
"He's gone and I gotta stay high, all the time, to keep him off my mind." >**"She's the kind of high, only a deep soul can get attached to." >
8 211 - In Serial9 Chapters
Freshman Year
Freshman year. The year that can make or break high school. But, as with everything, it's best to have great friends by your side during the transition. And then there's Piper Jones. She enters high school with her best friend Samantha Brooks. But as she meets new people she learns that sometimes when it comes to friends, there's a difference between giving up and knowing when you've had enough.BTW: this is a very quick read
8 117