《"ᴊᴏɴɢsᴇᴏɴɢɪᴇ's sᴛᴏʀɪᴇs"》ʜᴏɴᴇʏ's ᴅᴀʀʟɪɴɢ (Heejay)
Advertisement
ʜᴏɴᴇʏ's ᴅᴀʀʟɪɴɢ
"တွဲချင်လည်းတွဲလိုက်ပါတော့လား မင်းကြည့်ရတာ ကြက်ဖကြီးလည်လိမ်နေတဲ့အတိုင်းပဲ"
ဆောင်ဟွန်းက စိတ်မရှည်သလိုဂျုံဆောင်းအား ဘုကြည့်ကြည့်ရင်းမကျေမနပ်စွာပြောသည်။ သာမန်မကျေနပ်တာမျိုးဆို ဘယ်လိုပြောပြောသည်းခံနိုင်ပေမယ့် အခုဟာက ဆယ်ခွန်းပြောရင်ကိုးခွန်းခွဲလောက်က ရည်းစားတစ်ခါမှမထားဖူးတာသိသာလိုက်တာ၊ အဲ့လောက်မူနေရင် အီဟီဆွန်းမပြောနဲ့ သိကြားမင်းတောင်မင်းကိုခွာသွားမှာ၊ အထာလေးတွေဆိုတာရှိတယ်၊ မသိရင်မေး မတတ်ရင်သင်၊ သင်ပေးမယ် အစရှိတဲ့ ဆောင်ဟွန်းဆီက နှိမ်သလိုလိုဖဲ့သလိုလိုစကားများကြောင့် ဂျုံဆောင်း ဆတ်ဆတ်ထိမခံဖြစ်ရသည်။
ခုလည်း ရည်းစားစာပေးပြီးတည်းက ညနေပိုင်းအတန်းချိန်တွေဆိုရင် သူ့နာမည်နဲ့ရောက်လာတတ်တဲ့ မုန့်နဲ့အအေးမျိုးစုံကိုဆက်သခံနေရတဲ့စီနီယာဟီဆွန်းရဲ့ နှလုံးသားစောင့်နတ်လေးဂျုံဆောင်းက ဒီညနေတော့ သူ့နာမည်နဲ့စုံပလုံစိနေသော သေးသေးကွေးကွေးမုန့်ထုတ်လေးများရောက်မလာလို့ မျှော်နေရသည်။
"ကျောင်းမလာတာနေမှာပါ ပြန်ကြမယ်ကွာ ငါဗိုက်ဆာနေပြီဆို နော်ဂျုံဆောင်း"
"နေမကောင်းတာများလားဟင် ငါအဖြေမပေးသေးလို့စိတ်ထိခိုက်ပြီးအိပ်ရာထဲလဲသွားတာလားမသိဘူး ပြောပြဦးဆောင်ဟွန်း"
"ရူးနေလို့ စိတ်ထိခိုက်ရမှာလား
တခြားပျော်စရာလေးတွေနောက်လိုက်သွားတာနေမှာပေါ့။ ငါအစတည်းကမပြောဘူးလား မင်းပုံစံကဟိုဘက်ကကြည့်ရင် မလိုလားတဲ့ပုံဖြစ်နေတယ်လေ။ မူတယ်ဆိုတာလည်း မူတတ်ဦးမှပေါ့။ခုတော့ ရှားရှားပါးပါးရမယ့်ရည်းစားလေးသူများနောက်ပါသွားပြီနေမယ် ဘယ်လိုလုပ်ကြမလဲ"
"ပတ်ခ်ဆောင်ဟွန်း!"
"ဘာလဲ ဘာလဲ မင်းမေးလို့လည်းငါကဖြေပေးရသေးတယ်"
တကယ်တမ်းကတခြားကိစ္စရှိမှာပေါ့။ တစ်မိုးအောက်က အီဟီဆွန်းက လူတကာကိုငြင်းဆိုလာပြီးမှ သူ့အကိုပေါတောတောလေးကိုအောက်ကျို့ပြီးချစ်ရေးဆိုခဲ့သူမလား။ ခုလိုလွယ်လွယ်နဲ့ဘယ်ထားခဲ့လိမ့်မလဲ ဆောင်ဟွန်းသေချာသိတယ်။ဒါပေမယ့် ဂျုံဆောင်းကဒါလေးတောင်သေချာမတွေးကြည့်ဘဲ ပူပင်နေလိုက်တာ။ ဒီလိုပုံနဲ့ဆို အီဟီဆွန်းနားကပ်လာတဲ့ အလှလေးတွေရဲ့မာယာတစ်သိန်းနဲ့ကြုံရင် ဒူးနဲ့မျက်ရည်သုတ်ရဦးမယ်။ မဖြစ်ချေဘူး။
"ကဲပါ ငါတစ်ယောက်လုံးရှိတယ်လေကွာ။သူဘာလို့မလာလဲ ငါ့သဲေလးကတစ်ဆင့်စုံစမ်းပေးပါ့မယ်။ခုတော့ပြန်ရအောင် စာသင်ခန်းထဲမှာမင်းနဲ့ငါအပြင်သရဲပဲကျန်တော့မယ် လာပြန်ကြမယ်။ ကျောင်းတံခါးပိတ်သွားရင် အလုပ်တွေရှုပ်ကုန်မယ်"
ဒီလိုနဲ့ပဲ ဆွဲခေါ်သွားတဲ့ဆောင်ဟွန်းနောက်ကို ဂျုံဆောင်းက ယက်ကန်ယက်ကန်နဲ့ပါသွားလေတော့သည်။
အစတုန်းကတော့ အီဟီဆွန်းရယ်ထမင်းဝအောင်စားထားဆိုပြီး ကြိမ်းနေတဲ့သူကြီးက ရည်းစားစာေပးခံရတာဆယ်ရက်မပြည့်ခင် အချိုးတွေကပြောင်းလာတာလေ။
ညညဆို လက်သုံးလုံးစာမရှိတဲ့ရည်းစားစာကြီးကိုပြန်ခိုးခိုးဖတ်ပြီး 'အဲ့သည်လောက်တောင် ငါ့ကိုကြိုက်တာလား'ဆိုပြီး တိတ်တိတ်လေးပြောပြောနေတဲ့ဂျုံဆောင်းအသံကို စောင်ပုံထဲကနေခေါင်းပြူပြီးနားထောင်ရတဲ့ဆောင်ဟွန်းမှာ ရယ်ရခက်ငိုရခက်။
ဒါ့အပြင် အီဟီဆွန်းကကြက်ကန်းဆန်အိုးတိုးသွားတယ်ပဲပြောရမလား သူ့ရဲ့ကလေးအထာတွေနဲ့ အထက်တန်းကလေးတွေတောင်မသုံးတော့တဲ့ ပိုးပမ်းပုံအကွက်တွေက အသဲနုသူလေး ဂျုံဆောင်းအဖို့တော့ရင်ခုန်စရာကောင်းသွားပုံ။ ဥပမာပြောရရင် ဂျုံဆောင်းကိုလာပေးနေကျ ကလေးစားတဲ့မုန့်ထုတ်တွေလိုပေါ့။
ʜᴏɴᴇʏ's ᴅᴀʀʟɪɴɢ
"ဒီနေ့လည်းရောက်မလာပြန်ဘူး။သူ့သူငယ်ချင်းတွေကိုမေးကြည့်ရင်ကောင်းမလားနော်"
"အီဟီဆွန်းမှာသူငယ်ချင်းရှိတယ်လို့ မင်းကြားမိလို့လား"
"ဘယ်လိုလုပ်မလဲ ငါမျှော်နေတာ"
"တော်ရုံပဲလုပ် မင်းရုပ်မင်းရည်နဲ့ရည်းစားမရှားပါဘူး။ နာမည်ထွက်ရင် တော်တော်ဖြစ်နေတဲ့ ပတ်ခ်ဆောင်ဟွန်းရဲ့အကိုဆိုပြီး ထွက်မှာ ငါသိက္ခာကျတယ်"
"အခုအဲ့သိက္ခာကအရေးကြီးသလား"
"ဘာကိစ္စမကြီးရမှာလဲ ကြီးတာပေါ့"
"ငါလိပ်စာစုံစမ်းပြီးတော့ဘဲသူ့အိမ်လိုက်သွားတော့မယ်"
"ဟေ့ကောင်!"
မုန့်ထုတ်တွေရောက်မလာတာသုံးရက်ရှိပြီ။ ဂျုံဆောင်းကိုတော့ သူ့သူငယ်ချင်းတစ်ဖွဲ့လုံးက မီးခဲကိုင်မိတဲ့မျောက်ကြီးလို့ပဲမြင်နေကြသည်။
ဟိုကလာကပ်တုန်းကကျတော့ အပျိုဖြန်းလေးလိုရှက်သွေးဖြာနေပြီး ခုကျမှ မျှော်တော်ယောင်ကြီးလုပ်နေတာ စာထဲတောင်အာရုံမရောက်နိုင်ပါ။ အဲ့လိုပြောတော့အရင်ကရောစာထဲ အာရုံေရာက်သလားဆိုတော့မရောက်ပါဘူး။
ခုလည်းစာမလုပ်နိုင်လို့ ဂျုံဆောင်းညနေခင်းတစ်ချိန်လုံးအတန်းတွေလစ်လာတာဖြစ်သည်။သူနဲ့ တစ်ခန်းတည်းစာသင်ရတဲ့ Nicholasနဲ့ ဆောင်ဟွန်းတို့ကတော့ သူ့ကျေးဇူးကြောင့်အတန်းထဲက နှင်ထုတ်ခံရတာဖြစ်သည်။
"ဟော ညနေတောင်စောင်းပြီ။ လွမ်းလိုက်တာ"
ဂျုံဆောင်းရဲ့မျက်နှာချင်းဆိုင်မှာ ကော်ဖီသောက်နေတဲ့ Nicholas က ကော်ဖီသောက်နေရင်း သူပါးစပ်သုတ်ထားတဲ့ tissueအလုံးလိုက်ဖြင့် ပစ်ပေါက်သည်။
"ဘာဆိုင်လဲ ဘာဆိုင်လဲကွာ။ ဘာမှလည်းမဆိုင်ဘူး"
ဂျုံဆောင်းဘေးနားတစ်ချိန်လုံး ကပ်ထိုင်နေရတဲ့ဆောနူက ဒေါနဲ့မောနဲ့အော်လေသည်။
သူငယ်ချင်းတွေအုပ်လိုက်ကြီး စာသင်ချိန် နောက်ဆုံးတန်းမှာစကားနိုင်လုနေကြလို့ နှင်ထုတ်ခံလိုက်ရသည်ဆိုတဲ့ ဆောင်ဟွန်းရဲ့ messageကိုရတာနဲ့ ဆောနူက ချက်ချင်းလိုက်လာတာဖြစ်သည်။
ဆောနူအဖို့ စားပြီးသောက်ပြီးချိန် မျက်စိတွေမှေးစင်းနေတဲ့ကြားက ကျောက်သင်ပုန်းကို ပြူးပြဲကြည့်ရအောင် စာတွေက သူ့အပေါ်ဘာကျေးဇူးမှမရှိဘူးဟုမှတ်ယူကာ တစ်နေကုန်ကမြင်းကြောထနိုင်ရန် energyတွေလက်ခံသိမ်းဆည်းပေးထားသောအစာအိမ်ကို ကျေးဇူးဆပ်ရန် ဘော်ဒါများရှိရာကန်တင်းသို့လိုက်လာကာမှ ဘာကျေးဇူးမှမရှိသည့် ခိုကလေးဂျုံဆောင်း၏ညည်းသံများကို အနီးကပ်နားထောင်နေရတာမို့ ပေါက်ကွဲသံစဉ်များထွက်ပေါ်လာတော့သည်။
"ဒါနဲ့Jakeကျောင်းမလာသေးဘူးခုထိ"
"အေးလေ နယ်ကသူတို့အဖိုးနှစ်ပတ်လည်ကိုသွားတာ ရောက်လက်စနဲ့ဟိုမှာနားရင်း တစ်ပတ်လောက်ကြာမယ်တဲ့။ မသွားခင်တည်းက မင်းတို့အကုန်လုံးရှေ့မှာပြောသွားတာကို"
ဘာရယ်မဟုတ် မုန့်လေးစားလိုက် သူ့ရည်းစားအကြောင်းပြောလိုက်နဲ့သာယာနေတဲ့ဆောင်ဟွန်းကိုကြည့်ပြီး ဂျုံဆောင်းမျက်စောင်းထိုးလိုက်သည်။ သူများတကာကျတော့လည်း အဆင်ကိုချောလို့။ တစ်ဖအေ တစ်မအေတည်းကမွေးတာတောင် ကံဇာတာကမတူဘူး။
"နေပါဦး။ သူတို့အဖိုးဆိုတာ သူ့အမေရဲ့အဖေကိုပြောတာလား ဆောင်ဟွန်း"
"အေးလေ သူ့အဖေဘက်ကအဖိုးက Australiaမှာခုထိသက်ရှိထင်ရှားရှိတယ်လေ။လွန်ခဲ့တဲ့လေးငါးလကပဲ ဒီကိုအလည်လာရင်း သူ့ကိုကျောင်းလာပို့သေးတာ"
"ခဏလေး…အဲ့တော့ အခုက Jakeအမေရဲ့အဖေဆိုတော့ စီနီယာဟီဆွန်းအမေရဲ့အဖေပဲပေါ့"
"အေးလေ"
"ဒါဆို စီနီယာဟီဆွန်းလည်းJakeနဲ့အတူအဲ့ရောက်နေတာပေါ့"
"သိသင့်တာကြာပြီ"
ဆောင်ဟွန်းက မဲ့ရွဲ့ကာဆိုသည်။
"မင်းကဘာမှမစဉ်းစားဘဲ သူ့နာမည်ပဲတ,နေတာလေ အားအားရှိ။ငါလည်းမင်းဒီလောက် ဒူမှန်းမသိလို့။"
"အဲ့တော့ သူဘယ်တော့ပြန်လာမှာတဲ့လဲ"
"ဘာလုပ်ဖို့လဲ"
ဒီတစ်ခါတော့ငြိမ်ပြီးထိုင်နားထောင်နေတဲ့ ဆောနူနဲ့ Nicholasက ဆောင်ဟွန်းအား ဂျုံဆောင်းအစားသံပြိုင်ဖြေပေးလိုက်ကြသည်။
"သိသင့်တာကြာပြီ!!"
ʜᴏɴᴇʏ's ᴅᴀʀʟɪɴɢ
"ဂျုံဆောင်း မင်း ဟုတ်မှလည်းလုပ်ပါကွာ"
"ဟော ခုတော့ အကို့ကိုငြိုငြင်ပြီပေါ့ ပတ်ခ်ဆောင်ဟွန်း။ မင်းချိန်းတွေ့တာကို ငါလိုက်ပေးရတုန်းက မင်းအသံမထွက်ပါဘူး"
"ငါမပြောဘူး Nicholasပြောနေတာ။ သတိထားဦး စိတ်နဲ့လူက တောင်နဲ့မြောက် တခြားဆီရောက်နေတာကို လုပ်မယ့်အလုပ်က ခြံစည်းရိုးကျော်တက်တာ။ ပြုတ်ကျလို့ကျိုးရင် မင်းကိစ္စနဲ့မင်းနော်"
"ငါပြောတာကွာ မိန်းမသိက္ခာဆိုတာမျိုးပဲရှိတာ ယောက်ျားသိက္ခာဆိုပြီး မရှိမှန်းငါလက်ခံပါတယ်။ဒါပေမယ့် အခုက ရည်းစားစကားထိပြောခံထားတာကို ခုလိုသူ့အိမ်ထဲခြံစည်းရိုးကျော်တက်ပြီးသွားတွေ့မလို့လား"
မဟုတ်တာလုပ်ဖို့ဆိုနှစ်ခါမညှိရတဲ့ Nicholasကလည်း ဒီတစ်ခါတော့ ဂျုံဆောင်းဘက်ပါမလာ။
"ပြောမနေနဲ့ အဲ့လိုပြောလို့ရရင် ခုလိုညကြီးမိုးချုပ် ငါနဲ့မင်းသူအရူးထတဲ့နောက်လိုက်နေရမှာမဟုတ်ဘူး"
ဂျုံဆောင်းတော့ဘာကိုမှဂရုမစိုက်အားပါပဲ ရထားတဲ့လိပ်စာအတိုင်းသာ တစိုက်မတ်မတ်လျှောက်ကာ စီနီယာဟီဆွန်းရဲ့အိမ်သို့ဦးတည်နေခဲ့သည်။
ဘယ်လိုလုပ်မလဲ။ အဲ့ဒီ့အီဟီဆွန်းမရှိတဲ့ရက်တွေမှာ သူ့ကိုယ်သူစစ်တဲ့စာမေးပွဲလေးကျသွားတာမလား။ သူကအီဟီဆွန်းကိုပြန်ကြိုက်နေရပြီလေ။ တတ်လည်းတတ်နိုင်ပါတယ် တစ်မိုးအောက်က မတော်ရသေးတဲ့ရည်းစား အူကြောင်ကြားကြီးက။
ရည်းစားတွေဖြစ်သွားတဲ့အခါကျမှ ဒါတွေကိုပြန်ပြောပြပြီး ရင်ဘတ်ကြီးကို တအုံးအုံးထုပစ်ဦးမယ်လို့ ဂျုံဆောင်းတွေးရင်း
"ရောက်ပြီ!"
မနေ့တနေ့ကပဲ Jakeရောဟီဆွန်းရောပြန်လာကြတာမို့ ဆောင်ဟွန်းလည်း Jakeနဲ့တွေ့ပြီးနေပြီ။
ဒါပေမယ့် အပြန်မှာနေမကောင်းဖြစ်လာတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အီဟီဆွန်းကို ဂျုံဆောင်းမတွေ့ရသေးပါ။
ဒါကြောင့်လည်း စိတ်သွားတိုင်းကိုယ်ပါတဲ့ဂျုံဆောင်းဟာ သုံးစက္ကန့်အတွင်းဆုံးဖြတ်ချက်ချကာ Jakeဆီက အီဟီဆွန်းလိပ်စာကိုတောင်းပြီးထွက်လာခဲ့တာဖြစ်သည်။
Advertisement
Jakeပြောလိုက်တဲ့အတိုင်း ဘေးကပတ်ပြီးကျော်တက်။ခြံစည်းရိုးနဲ့ကပ်လျက် လိုက်ကာချထားတဲ့ပြတင်းပေါက်က သူ့အကိုအခန်းရဲ့ပြတင်းပေါက်ဘဲတဲ့။
"ဘာရပ်လုပ်နေတာလဲ ငါ့ကိုပင့်တင်ကြဦး
မင်းတို့ကိုဒါလုပ်ဖို့ငါခေါ်လာတာလေ"
ထိုနှစ်ယောက်အပေါ် တက်နင်းခွကျော်ကာ ဂျုံဆောင်းခြံစည်းရိုးနဲ့ကပ်လျက်ရှိသော ပြတင်းပေါက်အားသုံးချက်ခေါက်လိုက်သည်။ ပြတင်းပေါက်က ကပ်နေ၍သာတော်သေးသည်။ သုံးစား၍အင်မတန်ရသော သကောင့်သားနှစ်ယောက်ရဲ့ အစွမ်းကုန်ကြိုးစားအားထုတ်မှုက ဂျုံဆောင်းခြံစည်းရိုးကို ကျော်တက်ဖို့မပြောနဲ့ ခေါင်းလေးပေါ်ရုံသာ။
စေတနာကိုမပါကြဘူး သူတို့။
"ဟင် ဂျုံဆောင်းလေး
ဘယ်လိုကြီးလဲ???"
အများကြီးမျှော်လင့်ထားမိပေမယ့် အီဟီဆွန်းရဲ့ အိပ်ရေးမဝတဝမျက်နှာကြီးနဲ့ အလိုမကျလို့ဖြစ်ေနတဲ့ဘဲနှုတ်သီးလိုနှုတ်ခမ်းကသံရှည်ကြီးကြောင့် ဂျုံဆောင်း ဘာမှမစားပါဘဲ နင်သွားတော့သည်။
"ပြီးပြီလား မြန်မြန်ဆင်း ငါဒူးမခိုင်တော့ဘူး"
အာရုံပျက်စရာ ပတ်ခ်ဆောင်ဟွန်းရဲ့လေသံတိုးတိုး။
"ပြောလိုက်လေ ချစ်တယ်လို့"
အဲ့မှာ အာပြဲကြီးနဲ့Spoilနေလိုက် Nicholas
စိတ်ရှိတိုင်းသာဆို ဂျုံဆောင်းထအော်မိတော့မည်။ အကုန်တစ်ယောက်တစ်မျိုးနဲ့ သုံးယောက်က သုံးမျိုး။
"ဟင် ချစ်တယ်လာပြောတာလား တကူးတကကြီးနော်"
"အံ့ဩမနေနဲ့ မြန်မြန်သာမေး မဟုတ်ရင် စီနီယာနဲ့ရည်းစားမဖြစ်ခင် ဒီကအသည်းအသန်ကြီးခမျာ ပြုတ်ကျပြီးကျိုးကန်းသွားဦးမယ်"
Nicholasဟာ တစ်ခုခုပိနေသောအကောင်လေးတစ်ကောင်က ဖျစ်ညှစ်အော်နေသောအသံကြီးဖြင့် ပြောလာသည်။ ဆောင်ဟွန်းကတော့ မျက်နှာကြီးရဲတွတ်ဆူပုတ်ကာ သူ့ဒူးသူတစ်ဖပ်ဖပ်ထုပြီး အသံမထွက်။ သူပါလာတာကို အီဟီဆွန်းအားမသိစေချင်ပုံ။
"အင်း အင်း ဂျုံဆောင်းလေး ပြောလေ"
"အင်း ကျွန်တော်အကို့ကို-"
"သူခိုးကပ်တာထင်တယ် ငါချိုးချိုးချွတ်ချွတ်အသံတွေကြားနေရတယ်။"
"ရှင် ရမ်းသမ်းမလုပ်ပါနဲ့ ရဲပဲခေါ်ထားကြမလား"
"အဲ့ဒါ အဲ့ဒါ အမေနဲ့အဖေအသံ။ ဆင်းဆင်း"
"အင်း အင်း ဟေ့ကောင်တွေ ခဏချပေး"
"အား ပတ်ခ်ဂျုံဆောင်း လွန်လွန်းတယ်။မင်းပြုတ်ကျလို့မကျိုးဘဲ ငါတို့ဝိုင်းရိုက်လို့ကျိုးလိမ့်မယ်နော်"
ဖင်ထိုင်လျက်ကျတဲ့ ဂျုံဆောင်းက သူ့ဟာသူမနာအားပဲ Nicholasပါးစပ်အားလှမ်းပိတ်ရသည်။
"သား"
"ဗျာ့"
"မင်းအဲ့မှာတံခါးကြီးဖွင့်ပြီး တစ်ယောက်တည်းဘာတွေလုပ်နေတာလဲ"
"နေမကောင်းတော့ စိတ်ကြည်မလားလို့ ငှက်ကလေးတွေနဲ့စကားပြောနေတာ"
"ငှက်တွေနဲ့စကားပြောရအောင် သူကဘာလဲ Snow Whiteလား Cinderellaလား!!"
ပတ်ခ်ဆောင်ဟွန်းမှာ ဘယ်တုန်းတည်းကမနာလိုဖြစ်နေသလဲမသိ။ လေသံနဲ့ ရှုံ့တွကာပြောနေရှာသည်။
အင်းလေ။ သမီးယောက်ဖဆိုတော့ဘယ်တည့်မလဲ အခုကျ မင်းညီငါယူ ငါ့အကိုမင်းယူဆိုပြီးဖြစ်သွားတော့ ယောက်ဖနှစ်ထပ်ကွမ်းသဘောဖြစ်ပြီး အကြောမတည့်တာကလည်း နှစ်ဆတိုးသွားတာနေမယ်။
"ဘယ်မလဲ အဲ့ငှက်တွေ"
"လန့်ပြေးသွားပြီ"
အဖေနဲ့အမေက မယုံသင်္ကာကြည့်ကာ လက်နှိပ်ဓာတ်မီးတစ်လက်စီဖြင့် အိမ်ထဲပြန်ဝင်သွားကြပြီ။
"ဂျုံဆောင်းလေး ပြန်တက်ခဲ့ ရပြီ"
"လာပြီ လာပြီ"
နံရံခံနေလို့ အီဟီဆွန်းမသိပေမယ့် Nicholasနဲ့ဆောင်ဟွန်းက အထဲကို ဂျိုကြည့်ကြည့်သည်။
"မတွဲနဲ့တော့ လာ
ပြန်မယ်။ "
"သူအပြင်ထွက်လာလည်းရတာကို ဒါတောင်ရည်းစားမဖြစ်သေးတာနော် ဒါမျိုးမခံနဲ့"
"ဪ ခြံတံခါးကို မိဘတွေသော့ခတ်ထားလို့နေမှာပါကွ။ရောက်လာမှမထူးဘူးလေ အဖတ်လေးတင်သွားအောင် တွဲလိုက်မယ် ကဲ ထထ ပင့်တင်ပေးကြဦး"
ဂျုံဆောင်းလည်း အချစ်ကပေးတဲ့သတ္တိတွေနဲ့ သိပ်ကိုအသည်းကောင်းပြီးပွဲတောင်းနေမိသည်။ အိမ်ပြန်ရောက်ရင်တော့ သူ့ကိုဟိုနှစ်ယောက်က ရောသမမွှေတော့မည်။
"တက် တက် ငါစိတ်တွေမတရားတိုနေပြီ"
ထို့နောက် နောက်တစ်ဖန်
"အကို့ကို…ချစ်တယ်လို့"
"ဘယ်တုန်းကချစ်သွားတာလဲဟင်"
"အဲ့ဒါကို မင်းယောက်ဖငါနဲ့ မင်းညီ မင်္ဂလာဆောင်တဲ့နေ့မှ ဒီကောင့်ကိုမေးတော့ တကတည်း အောက်ကလူတွေသေတော့မယ်သိလား မပြီးသေးရင် မနက်မှဆက်"
ဟီဆွန်းမှာ ဆောင်ဟွန်း၏ အမြီးညပ်သွားတဲ့ကြောင်ကြီးရဲ့အော်သံလိုအသံကြီးကို ပထမဆုံးအကြိမ်ကြားဖူးတာမို့ ပါးစပ်အဟောင်းသား။
"ခဏလေးနေပါဦး အကိုပေးစရာရှိလို့"
"အေးဆေးလုပ်နော်"
"မင်းမေကြီးတော် အေးဆေးလုပ်ပါလား အောက်မှာခါချဉ်တွေကွ ငါတို့ခြေထောက်တွေရဲနေပြီ အေး တွဲလောင်းမကျန်ခဲ့ချင်ရင် မြန်မြန်လက်စသတ် ပတ်ခ်ဂျုံဆောင်း"
"ရော့ ဒါလေး အကို အပြန်တုန်းကကမ်းခြေကဝယ်လာတာ"
ဟီဆွန်းက ဂျုံဆောင်းလည်ပင်းမှာ လက်သည်းခွံအရွယ် ခရုခွံပိစိလေးတစ်ခုကို ငွေရောင်ကြိုးမျှင်နဲ့သီထားတဲ့ဆွဲကြိုးလေးဆွဲပေးပြီး ပါးလေးကို မမီမကန်းနှင့် သစ်ကုလားအုတ်လို လည်ပင်းဆန့်ပြီးနမ်းသွားသည်။
"ထပ်ပြီး…ချစ်တယ်နော်"
ဂျုံဆောင်းကသူ့မျက်နှာရဲရဲလေးကို အောက်ကိုငုံ့ရင်းပြောဖို့စဉ်းစားခဲ့ပေမယ့် အောက်ကနှစ်ယောက်က ဘီလူးမျက်နှာတွေနဲ့မော့ကြည့်နေတာမို့ အကို့မျက်နှာလေးကိုသာ ကြည့်ပြီး ပြောလိုက်ရသည်။ အဆင်ပြေပါတယ်လေ။
"အင်း အကိုလည်းချစ်တယ် မနက်ဖြန်တွေ့ကြမယ်"
"မသိဘူး ငါတော့ပြန်ပြီ"
"ငါရောပဲ"
"ဟေ့ကောင်တွေ!"
ဘုတ်!!
"အင့် အားလားလား မြီးညောင်ရိုးကျိုးပြီထင်တယ်
စောင့်ကြဦး"
ဒီလိုနဲ့ သူကြီးဘုရားရွာသားကောင်းမှုဆိုသည့် စကားပုံလို Nicholasနဲ့ဆောင်ဟွန်းက တက်အနင်းခံ၊ ခါချဉ်ကိုက်ခံပြီး ပတ်ခ်ဂျုံဆောင်းအား ရည်းစားရှိလူတန်းစားအဖြစ် ပါရမီဖြည့်ပေးခြင်း တစ်ခန်းရပ်သည်။
ဤတွင်ပုံပြင်လေးက လှလှပပအဆုံးသတ်သွားပါသည်….ဟု မထင်ပါနဲ့ ဒါခုမှစတာ။ နောက်ပိုင်း ကာယကံရှင် ပတ်ခ်ဂျုံဆောင်းစိတ်ညစ်ရမှာတွေ လာဦးမှာ။
ʜᴏɴᴇʏ's ᴅᴀʀʟɪɴɢ
"ဘယ်သူကငါတို့အတင်းကိုပြောတာလဲ"
ထမင်းစားချိန်မှာ အသံဆူနေတဲ့ကန်တင်းထဲ ဂျုံဆောင်းရဲ့အသံကစူးစူးဝါးဝါး။
"ထွက်ခဲ့စမ်းပါ ငါသတင်းအတိအကျရပြီးသားနော် ဘာလဲ အုပ်စုလိုက်ဆိုပြီးကြောက်သွားတာလား"
ဂျုံဆောင်းစကားအဆုံးမှာ နောက်မှာပါလာတဲ့ ဆောင်ဟွန်း Nicholas Jake နဲ့ဆောနူတို့က အနည်းငယ် ဘေးကိုရှဲသွားကြပြီး
"ငါတို့မပါဘူးနော်ထမင်းစားဖို့လာတာ။
မင်းကိစ္စမင်းဟာမင်းရှင်း"
ဒီလိုမျိုးအားကိုးရတဲ့သူငယ်ချင်းတွေ…
ဂျုံဆောင်းအသံတိတ်လေးဆဲလိုက်သည်။
သူတို့အားကိုးနဲ့လာပါတယ်ဆိုမှ။သူတို့အုပ်စုကတစ်ယောက်ချင်းဆို အာပလာကောင်တွေစုနေတာမျိုးဖြစ်ပြီး အာပလာကောင်တွေစုလိုက်မှ အာပလာအဖွဲ့ကြီးဆိုပြီး ပိစိလေးဆိုမှ တကယ်လက်တောက်လောက်လေးရှိန်ချင်စရာဖြစ်သွားတာမျိုးဖြစ်သည်။
"မင်းနဲ့မင်းရည်းစားအတင်းပြောခံရတာကို လက်သီးသုံးပြီးလိုက်ဖြေရှင်းရအောင် ငါတို့ကမင်းတို့ဖန်ကလပ်ဥက္ကဌကြီးတွေလည်းမဟုတ်ဘူး၊မော်ကွန်းထိန်းကငါတို့ပထွေးလည်းမဟုတ်ဘူး အကုန်တန်းစီပြီး လေးဖက်ထောက်သွားတဲ့အမြီးနဲ့အကောင်လေးတွေဖြစ်ကုန်မှာ။"
"အဟမ်း ဘာပြောတယ် Jake
အခုအရေးကြီးကိစ္စရှိလို့ ဟုတ်လား အိုခေ ငါတို့ပြန်ဦးမယ် ထမင်းဝအောင်စားထား မင်းတို့တွေ"
ဂျုံဆောင်းဟာ အားမတန်လို့မာန်လျှော့ရင်း နောက်ကကျားလိုက်သလိုစကားတွေပြောပြီး ရှေ့ဆုံးကခြေကုန်သုတ်ပြေးလေသည်။
"တကယ့်ကောင်"
"ပြောတဲ့ကောင်တွေလည်းမမှားပါဘူး အူတူတူနဲ့ ကြောင်တောင်တောင်ကတွဲသွားတယ် ဒါမျိုးကနတ်ဖက်တဲ့ဖူးစာပဲ စောစောကသိရင်အောင်သွယ်ပေးပါတယ်ပြောတာ ဘာနာစရာပါလို့လဲ"
"အကိုတို့ကလည်း အကိုဂျုံဆောင်းတို့နှစ်ယောက်ကသနားဖို့ကောင်းပါတယ်။သူတို့မှာ စင်ဂယ်တုန်းကလည်းဘူလီခံရ ခုရည်းစားရတော့လည်း ညီနဲ့ယောက်ဖကဘူလီပြန်ပြီ ကျွတ် ကျွတ်"
Advertisement
ကျန်ခဲ့သောဘော်ဒါကြီးများကတော့ ဝေဖန်လေကန်ရေးလုပ်ကာ ထမင်းစားရင်း နေ့လည်စာငတ်သွားသူ ဂျုံဆောင်းအဖို့ တစ်ခုခုဝယ်သွားကြလိမ့်မည်။
ʜᴏɴᴇʏ's ᴅᴀʀʟɪɴɢ
"မင်းတို့သတင်းကိုအသံသဲ့သဲ့ကြားဖူးပါတယ် ဗရမ်းဗတာနိုင်ပေမယ့် အတော်အသင့်လိမ္မာကြတာမို့ ပထမဆုံးအကြိမ်လို့မှတ်ပြီး လက်မှတ်ပဲထိုးပြီး ပြန်ကြ။ နောက်တော့ဒါမျိုးထပ်မလုပ်မိကြစေနဲ့"
"ကျေး ကျေးဇူးအများကြီးတင်ပါတယ် ပါမောက္ခ"
ပါမောက္ခစကားဆုံးတာနဲ့ ခါးတွေကျိုးမတတ်ကိုင်းကာဦးညွှတ်ရင်း ပတ်ခ်ညီအကိုနဲ့ဗရမ်းဗတာများအဖွဲ့ဟာ ရုံးခန်းထဲကနေ အချင်းချင်းတွန်းကာထိုးကာထွက်လာကြသည်။
တက္ကသိုလ်တက်လာတဲ့တစ်လျှောက်လုံး နာမည်ကောင်းနဲ့ကျော်ကြားလာသမျှခုမှ သူများတံတွေးခွက်မှာ ပက်လက်မျောရသည်ဟု မကျေမချမ်းပြောနေသော ပတ်ခ်ဆောင်ဟွန်းအား ဂျုံဆောင်းသွားဖြဲလေးနှင့် နှစ်သိမ့်ပါသည်။
"တစ်ခါတလေကျ ပတ်ခ်ဆောင်ဟွန်းလေးက ဟောဒီ့ရုပ်ခံလေးလည်းရှိပေမယ့် ဗလရှိသလို ဇလည်းရှိတယ်ဆိုပြီးအထင်မသေးရအောင် ရန်လေးတစ်ခါလောက်တော့ဖြစ်ပေးရမှာပေါ့ မင်းကလည်း"
"ဪ အေး အဲ့ဒါဆိုလည်း မင်းတို့သမီးရည်းစားပြဿနာထက်စာရင် ရှင်းမ်ဂျယ်ယွန်းရဲ့ ရည်းစားဟောင်းတွေကို ဘောင်ချာလိုက်စုတ်ပြီးဘဲ နာမည်ပျက်ခံလိုက်မယ် ပျော်ပျော်ကြီး"
"ဟ ဟ အလကားနေရင်းငါ့ကိုဆွဲမထည့်နဲ့နော်"
"နောက်တစ်ပွဲဆက်ချင်တာလားမင်းက ရည်းစားဆိုပြီးငါမညှာဘူးJake"
"အေး ထိုးရက်ရင်ထိုး ငါငိုပြမယ်"
"ငိုမယ်ဆိုမထိုးဘူး ကျက်သရေမရှိမှာစိုးလို့"
"ဟွန်း! မသိရင်ခက်မယ် ခဏအနားတိုးခဲ့ နှုတ်ခမ်းကသွေးတွေထွက်တုန်းပဲ လာ သုတ်ပေးမလို့။ အရိုင်းအစိုင်းကများ ရာရာစစငါ့ရည်းစားလေးရဲ့ မျက်နှာလှလှလေးကို ထိုးပစ်ရတယ်လို့"
"တော်တော့!! နေရာတကာမင်းတို့အတွဲတွေချည်းပြဿနာတက်နေကြ။ရည်းစားမရှိဘဲ အချောင်ညပ်ပါရတာပင်ပန်းလာပြီ လာဆောနူ ပြန်ကြမယ်"
"ပြန်မယ်"
Nicholasနဲ့ဆောနူကတော့လက်ချင်းချိတ်ရင်း ပွစိပွစိနဲ့ပြန်သွားကြပြီ။
"ပတ်ခ်ဂျုံဆောင်းလည်း ကြပ်ကြပ်သတိထား ရည်းစားလေးတစ်ခါရတာကို ဗြောင်းဆန်နေတာပဲ။ဘေးကလူတွေပါ မင်းပြဿနာထဲပါနေရတယ်။ လာ ပြန်မယ်ဆောင်ဟွန်း"
"အောင်မယ် အဲ့ဒီ့ရည်းစားကမင်းအကိုလေ အမလေးလေး ငါနော်။ ကျေးဇူးမတင် ဖင်လှန်ပြတဲ့ကောင်"
ဂျုံဆောင်းဟာရင်ဘတ်စည်းတီးကခုန်ပေါက်အော်နေသော်လည်း ထိုအတွဲလက်ချင်းချိတ်ပြီးသွားကြလေပြီ။
တကယ့်ပြဿနာက ဟိုနေ့က အတင်းပြောတဲ့ကိစ္စပါပဲ။ကန်တင်းမှာ တပ်ခေါက်ကာလှည့်ပြန်သွားသည့် ငကြောက်လေးဂျုံဆောင်းကို အတင်းပြောတဲ့ကောင်က ပြန်လာရန်စတာနဲ့ နပန်းတက်လုံးရာက သူ့အကိုကြောင့်သူ့သိက္ခာကျရပါလိမ့်မယ်ဆိုပြီး ပတ်ခ်ဆောင်ဟွန်းကပြေးထိုးတာလေ။အဲ့လိုနဲ့တစ်ဖွဲ့လုံးပါသွားတာပဲ။
"အကို့!!"
"ဗျာ ဗျာ ဗျ"
"ဖြီးမနေနဲ့ ကျွန်တော်တို့ရန်ဖြစ်တာကို ပါမောက္ခရုံးခန်းထဲပြေးတိုင်တာအကိုဆို"
"အယ် ဘယ်ကသာ-"
"မငြင်းနဲ့ ရုံးခန်းထဲကသန့်ရှင်းရေးဆီက သတင်းအတိကျရတာ"
"အဲ့ဒါ…ကလေ အချစ်လေးခံနေရပြီဆိုပြီး ကိုယ့်မှာ အသက်မထွက်ရုံတမယ် ပြေးတိုင်ရတာပါ"
ယုံပါတယ် ပါမောက္ခရော လူအုပ်ကြီးရော ကျောင်းနောက်ပေါက်ကအမှိုက်ကန်ဆီ ငါးမိနစ်အတွင်းရောက်လာတာ။
"အစက ကိုကိုလာဖိုက်မလို့ပေမယ့် ငါးယောက်တစ်ယောက်ဆိုတော့ ပြဲကွဲကုန်မှာစိုးလို့ ဆရာတွေဆီပြေးရတာပါ စိတ်မကောက်ပါနဲ့ ဗျာ နော့်"
"အား အားကျွန်ေတာ်သွေးတက်နေပြီ ။ဒီမှာ ငါ့ရည်းစားဆိုတဲ့ကောင် သေချာနားထောင် နပန်းလုံးကြတာ ငါးယောက်တစ်ယောက်ပေမယ့် ကျွန်တော်တို့ကငါးယောက်ဗျ"
အီဟီဆွန်းလည်း သောက်လက်စအအေးအား 'ဂလု'ဆိုပြီးမျိုချလိုက်မိသည်။ သူတကယ်ကြီး ချောက်ချမိလိုက်တာပဲ။ တကယ်ပါပဲ အချစ်နဲ့ထိတွေ့လိုက်ရင် အကုန်အူကြောင်ကြားဖြစ်ကုန်ကြတယ်လို့ ဆင်ခြေပေးချင်ပေမယ့် သူကအရင်တည်းက အူကြောင်ကြားလေ။
မရည်ရွယ်ပါဘူး ရည်းစားလေးရယ်။
"စိုးရိမ်လို့ပါဗျ နော် ကဲ ဘယ်လိုပြန်ချော့ရမလဲဗျ"
"လောလောဆယ် ပါးစပ်ပိတ်ထား ဘာသံမှမကြားချင်ဘူး!!!"
ကိုယ့်ထက်အကြီးကိုရည်းစားတော်ထားရလို့ဆိုပြီး ကိုယ်ရှာသမျှပြဿနာလိုက်ရှင်းပေးမယ်မထင်ပါနဲ့ ကိုယ်ကမီးမွှေးရင် သူကကူမငြှိမ်းတဲ့အပြင် မီးလောင်ရာလေပင့်သေးတာ။ မြားနတ်မောင်ကို ဂျုံဆောင်းကျေးဇူးတင်သည် ခုလိုမျိုး နှစ်ယောက်မရှိနိုင်သည့်လူကိုသူ့ရည်းစားလုပ်ခိုင်းလို့လေ။
ပတ်ခ်ဆောင်ဟွန်းရည်းစားဖြစ်လိုက်ပါလားနော်။ အူကြောင်ကြားဂျုံဆောင်းလေးက နဂိုတည်းက ဦးနှောက်ကုန်နေတတ်သည့် ပေါတောတောလေးပါဆို ပါးစပ်ထဲလက်ထည့်ပေးရင်တောင်မကိုက်တတ်တဲ့သူကို ရည်းစားတော်မိရသလား။ အဲ့မှာချာလည်ပတ်ကိုရမ်းနေရော နှစ်ယောက်သား။
အဲ့ဒါကလည်း လွယ်လွယ်ကူကူမဟုတ်ဘူး။ ညကြီးမိုးချုပ် ခြံစည်းရိုးခွကျော်ပြီး အဖြေပေးရသေးတာ ကျေးဇူးရှင်ကို။ ပြုတ်ကျတုန်းက မြီးညောင်ရိုးဆို ခုထိနာတုန်း။
အဲ့တစ်ဗျဗျပြဿနာလည်း ရှင်းရဦးမယ်။
ဟိုသီချင်းထဲကလို
မောင်…ဘာဖြစ်လို့ချစ်တာလဲ?
မောင်…ဘာကြောင့်မို့ချစ်တာလဲ?
မောင်…တကယ်အပြည့်အဝချစ်ရဲ့လား? ဆိုပြီး မေးလွန်းလို့ အဲ့တစ်ဗျဗျကိုချစ်သွားတာပါလို့ ဖြေမိတာ တစ်ချိန်လုံးကို ဗျနေတာပဲ။ ကြားရတဲ့ဂျုံဆောင်းတောင် နှုတ်ခမ်းတွေလေဖြတ်ချင်နေပြီ။
တကယ်တကယ် ပြန်တောင်အမ်းချင်သေးတယ်လို့တော့ မပြောချင်ပါဘူး ကိုယ်မှမပြတ်နိုင်တာလေ ခိခိ။
ʜᴏɴᴇʏ's ᴅᴀʀʟɪɴɢ
"ငါ့နှယ် သားတစ်ယောက်ကပေါက်ကရလုပ်နေလို့ နောက်တစ်ယောက်ကိုလိုက်ထိန်းခိုင်းပါတယ်။အခု ထိန်းရတဲ့သူကပါ ဂိုဏ်းကူးသွားပြီပဲ"
ဆောင်ဟွန်းက ငါးခူပြုံးကြီးဖြင့် နှာခေါင်းနှိုက်ရင်း တခွိခွိရယ်သည်။ ဂျုံဆောင်းလေးကတော့ မကြားဟန်ဆောင်ကာ သူ့နားသူ လက်သန်းနဲ့ကလော်ကာ မျက်နှာကျက်အားမော့ကြည့်ရင်းမကြားချင်ယောင်ဆောင်လိုက်သည်။
အဖေကမျက်ထောင့်နီကြီးနဲ့ကြည့်ပြီး အမေကအံကြိတ်ကာ ပွစိပွစိ။
"ချစ်ခြင်းကို မခွဲပါနဲ့ဖေဖေရာ"
"ဖေဖေနဲ့မေမေတို့ယူတုန်းက ကျွန်တော်တို့ဘာဝင်ပြောခဲ့လို့လဲ"
"ပတ်ခ်ဆောင်ဟွန်း တိတ်စမ်း။ဂျုံဆောင်းကတကယ်ဒူလို့ပြောပေမယ့် မင်းကတော့ အပေါစားဟာသတွေလာမပြောနဲ့ ပိတ်ထား"
"အဖေ့ ကျွန်တော်မဒူပါဘူးဗျာ"
"မင်းလည်းပိတ်ထား ငါမကြိုက်တာလုပ်ရင် ဒူတယ်ပဲမှတ်မယ် ငါအကုန်သိတယ်နော် ပတ်ခ်ဆောင်ဟွန်း မင်းအကြံဒါအကုန်ပဲလား"
"ကျွန်တော်ဘာမှမကြံဘူးဖေဖေ"
"မသိရင်ခက်မယ် မင်းရည်းစားနဲ့တွေ့ရင် အကြီးကောင်လိုက်ရှုပ်မှာစိုးလို့ဆိုပြီး မင်းရည်းစားရဲ့အကိုဝမ်းကွဲကို တောင်းပန်ပြီး အကိုရင်းကိုဟန်ဆောင်တွဲခိုင်းရတယ်လို့"
"ဘာ
တကယ်လား ဆောင်ဟွန်း မင်း!"
"ဂျုံဆောင်း…"
"မင်း မင်း တော်တော်မကောင်းတဲ့ကောင်"
အဲ့ဒီ့နေ့က ဂျုံဆောင်းရဲ့ကမ္ဘာကြီးပျက်သွားသည်။ ကြားကြားချင်းအခန်းထဲပြေးဝင်ပြီး အံကြိတ်ပြီးလက်သီးဆုပ်ငိုမိတာပဲ။ ဒါပေမယ့် မကြာပါဘူး ရင်ဘတ်ထဲကနာလွန်းလို့ ငိုသံကြီးထွက်သွားတယ် မုန်းလိုက်တာ။ ဘယ်လိုတောင်လဲဆို Santa Claus က တကယ်မရှိဘူးဆိုတာကို သိလိုက်ရတဲ့ငါးနှစ်သားလေးလိုပဲ။ ကောင်းပင်ကြီးပြိုပြီး ကမ္ဘာကြီးပျက်သွားတာမျိုး။
ဟုတ်တာပေါ့။ ဘောလုံးလေးလို လှိမ့်လိုရာလှိမ့် ကန်လိုရာကန်လို့ရသည့် ဂျုံဆောင်းလေးလိုလူကို နာမည်ကြီးအီဟီဆွန်းက တကယ်ကြီးလာကြိုက်စရာလား သူသာအရူးလိုမျိုး ပြာယာခတ်နေခဲ့တာ။ နပန်းတွေလုံးလိုက် ရန်တွေဖြစ်လိုက်နဲ့အရှက်တွေကိုကွဲ။
ʜᴏɴᴇʏ's ᴅᴀʀʟɪɴɢ
"ဂျုံဆောင်း စကားပြောရအောင်လေ"
"ဂျုံဆောင်း မနက်စာစားလို့ရပြီ"
"ဂျုံဆောင်း ကျောင်းသွားမယ်လေ"
"ဂျုံဆောင်း ညနေစာစားကြမယ်"
"ဂျုံဆောင်း မင်းကြိုက်တာတွေဝယ်လာတယ် လာစားပါလားဟင်"
"ဂျုံဆောင်း အိပ်ပြီလားဟင်"
"ဂျုံဆောင်းရယ် စကားပြောပါဦး ငါ့ကိုဝမ်းနည်းအောင်လို့မလုပ်ပါနဲ့ မင်းမရှိရင်ငါဘယ်လိုနေရမလဲ"
"ဂျုံဆောင်း ငါမင်းအခန်းရှေ့မှာအိပ်စောင့်နေမှာနော်"
အဲ့ဒီ့နေ့ပြီးတည်းက ဆောင်ဟွန်းလည်း Annaလေးလိုမျိုး ဂျုံဆောင်းအခန်းဝမှာ တံခါးခေါက်ရင်း ငုတ်တုတ်ရော မတ်တပ်ရော ပက်လက်ပါ စကားတွေလာလာပြောနေရတာပဲ။အထဲကတော့ ဘာသံမှကိုမပေးဘူး။ တစ်ခုခုများဖြစ်နေပြီလားပဲ။
"ဂျုံဆောင်းကတော့ Seattleမှာကျောင်းပြောင်းတက်မယ်တဲ့ ဆောင်ဟွန်းရော လိုက်သွားမလား"
"ဖေဖေ မေမေ
အဲ့လို မလုပ်ပါနဲ့ သူစိတ်ထိခိုက်နေတယ်လေ အနည်းဆုံးတော့…"
"အပိုစကားတွေမပြောနဲ့ဆောင်ဟွန်း မင်းကိုကြိုက်တာလုပ်ခွင့်ပေးထားတယ်နော်"
"ကျွန်တော်ခွင့်တောင်းလို့လား?
Advertisement
-
In Serial32 Chapters
Ashen Skies
Father. Allfather. He who was crowned twice. It has been ages since you have ascended. Since you were crowned with godhood for a second time. Since you have left an empire for us to dwell in, to defend. I yearn for an answer; why have you forsaken us! With you gone, your people have grown weak, complacent, and proud. Proud of who they are, proud of their blood. That pride blinds their eyes and clouds their minds. They are fools, for they have forgotten the ways of the past. They have forgotten the fears of old. The one you had to bind until the end of the time. They have forgotten the dark beast with red jewels for eyes. The Wargr gnaws the walls of his cage even now as I write. Itching for the taste of blood. I ask for forgiveness, for until a while ago I too was one of them. I thought I saved your children from the foretold doom. I now realize the hordes of foes we buried were just like us. No fearsome beasts, no harbingers of doom. Mortals of different flesh, different kind. But I am awakened from that dream now. I see it. Every time I close my eyes, I see it. The cold descends as the Dark walks the land, And the crimson stars shine beneath, as the ashen storm claims the realm. I hear the beast roar as the chains of Rukh crack, Only then I know. Only then I realize. That it’s the end. Descend to earth one more time. Save the puny souls that are us. If not, if you let my dreams come true; then will all die under an ashen sky. Leol, a son of Vaella
8 133 -
In Serial26 Chapters
Vegas Sushi
What is REAL? After waking up from the dream world of lies and deception, a broke and corrupt Vegas detective with the ability to predict cards makes a plan to get his revenge on LIFE. He plans to steal Las Vegas poker tournament and the 8 million dollar grand prize. A beautiful girl from Kansas seeks to become a beacon of hope to a world desperate for a hero. Together they venture through the seedy world of Vegas, where the street demons roam to find OZ.
8 153 -
In Serial26 Chapters
End of Women: Part Two
With the election of President Hobart, America is one step closer to being owned by the radically anti-female Bluenorth Society. Their only roadblock on the way to total domination is now the swaying public opinion of men across the country who disagree with their belief that all women belong in cages.Wilkes, Degan and his crew work to further the propaganda and power of Bluenorth and establish a world in which no woman will be anything but property ever again.Meanwhile Millie Slate, former Chief of Staff for the United States Government, is on the run, seeking help from women to form the second Nova Femen resistance movement. Millie's desperation for freedom is pitted against her desire for revenge against those who wronged her in the epic follow-up to End of Women: Part One
8 176 -
In Serial10 Chapters
Invader Zim >> Not Just a Defect <<
First of all, this is my first Invader Zim story. Second of all, I never even watched the show when it first came out, considering I thought I was too old to be watching a Nickelodeon TV show. It wasn't until a couple weeks ago when one of my favorite YouTubers, Saberspark, did a review on the new Invader Zim movie. He said a lot of good stuff about the show, and how much he love jt, so I decided to give it a try. I immediately started loving the show after watching the movie first (should have started with the TV show, but I wasn't thinking at the time and wanted to see ehh Saberspark liked it so much (>w>)) Anyway, this story will be taking place AFTER the movie, Invader Zim Enter the Florpus. It will be taking place a couple weeks, maybe a month, after the Florpus incident, so not much would have changed. Again, if you know the artist of the Cover Art used for this story, please tell me so I could credit them properly. Anyway, I hope you'll all enjoy this story as much a I will enjoy writing it (^v^/) (Don't worry I ask permission to post and share it's book it belongs to Veronika1930) https://www.wattpad.com/story/199046111-invader-zim-%E3%80%8Bnot-just-a-defect-%E3%80%8A
8 92 -
In Serial38 Chapters
Love Written Forever In Ink! (A Justin Timberlake fanfic)
A Justin Timberlake fanfic! When Justin goes to leave for his Europian leg of the tour. He meets an ordinary girl; Aria Traumen with a odd background. After a while her true colours start to appear and she changes his whole life! It changes the way he talks to Jessica, the way he looks at her and let's see if their love will be strong enough or not! Keep reading to find out more!
8 178 -
In Serial70 Chapters
It imagines and preferences x
Here are some imagines and preferences of the boys hope you enjoy them xx
8 195
