《မောင့်ကိုချစ်ဖို့ မွေးဖွားလာပါသည်။》🌈ဇာတ်သိမ်းပိုင်း🌈

Advertisement

မျက်လုံးဖွင့်လိုက်လျှင် ကိဝီ၏ပွေ့ဖက်ထားမှုကို သိလိုက်ရသည်။ မျက်နှာကို ကိဝီဘက်လှည့်၍ သေချာကြည်လိုက်လျှင် ကိဝီသည် အသားရည်၊ မျက်နှာပေါက်၊ အရပ်မောင်းတို့ အားလုံးလှ၏။ ဆံပင်ကိုလည်း ပုံမသွင်းဘဲ တိုတိုသာထားတတ် ၏။ စကားပြောလည်း ပြတ်သား၏။ ထိုသို့

ပြည့်စုံသည် ကိဝီအားပိုင်ဆိုင်ခွင့်ရ၍ ရဝိန်အ တိုင်းထက်လွန်ကျေနပ်မိသည်။

" ဝှား...နိုးပြီးလား၊ ကိုယ်ပူကျသွားပြီးလား "

အမေးနှင့်အတူ ကိဝီလက်သည် နဖူးပြင်ထက်သို့ရောက်လာလျှင် ရဝိန်၏မနက်ခင်းမှာ ပိုသာယာသွားရ၏။

" ကိဝီ ငါအိမ်မက်မက်နေတာလား "

" ဘယ်လို့ထင်လို့လဲ "

" ချစ်တယ် ကိဝီ "

" အင်း၊ ငါလည်းချစ်တယ် ရဝိန် "

ရင်ခွင်ထဲမှီထားသော ရဝိန်နဖူးကို ပြန်စမ်းကြည်မိသည်။

" ကိုယ့်နွေးနေသေးတယ်၊ မင်းဟာလေ... ရေအကြာကြီးမချိုးဖို့ မှာလိုက်တာကိုတောင် "

" နောက်မဖြစ်စေရဘူး "

အကြည်တို့အား နေရာပြောင်းလိုက်လျှင် မြင်လိုက်သောမြင်ကွင်းကြောင့် ပြုံးမိ၏။ လူက

နေမကောင်းသော်လည်း ညီလေးမှာမူ တတ်ကြွလန်းဆန်းနေပုံပင်။

" ရဝိန်နိုးပြီးလား "

" နိုးပြီလေ "

" ပုံမှန်ပဲလား "

" ဘာကိုလဲ "

မရှင်းသောအမေးကို သေချာအောင်ပြန်မေးလိုက်၏။

" အောက်မှာ "

ကိဝီမေးဆတ်ပြရာကိုကြည်လိုက်လျှင် ဖောင်း ကြွနေသော အထုပ်အထည်။ ညက အတွင်းခံ ဝတ်ထားမိ၍ တော်သေး၏။

" မဟုတ်ဘူး ကိဝီ "

" ရှက်နေတာလား၊ ဘာရှက်စရာရှိလို့လဲ၊ ယော ကျာ်းချင်းပဲကို "

မျက်နှာမမြင်စေရန် ခေါင်းငုံအကြည်လွှဲနေသော

ရဝိန်သည် ချစ်စရာကောင်းပေသည်။ အညိုပြေးအသားရောင်နှင့် မင်းရဝိန်သည် ခန့်ညားပေ၏။ သို့သော် လက်ရှိရဝိန်အမူအရာတို့သည် ကိဝီအတွက်တော့ ချစ်စဖွယ်အတိ။

" ငါကူပေးရမလား ရဝိန် "

" မလို မလိုဘူး "

အပြောနှင့်ထပ်တူ အိပ်ခန်းအပြင်သို့ ပြေးထွက်သွားသူကိုကြည်၍ က်ိဝီအသံထွက် ရယ်(ရီ)မိ သည်။

" ဟားဟားဟားဟား "

" မရယ်(ရီ)နဲ့တော့ "

နောက်ဖေးဘက်မှ ပြန်အော်ပြောလာသူကြောင့်

အသံကိုပိတ်ထားလိုက်သည်။ သို့သော် ရယ်(ရီ) ချင်စိတ်သည်တော့ မကုန်သေး။

ရဝိန်၏စောင်တစ်ထည်မှလွဲ၍ ကျန်စောင်များကိုခေါက်သိမ်းလိုက်သည်။ ပြီးလျှင် အခန်းထဲပြန်

ဝင်မလာသေးသော ရဝိန်အား လှမ်းအော်ခေါ်လိုက်သည်။

" အပြင်မှာ အေးတယ်၊ အထဲမှာလာနေ ရဝိန် "

ခဏကြာတော့ ရဝိန်တစ်ယောက် အခန်းထဲပြန်ဝင်လာလေသည်။ မျက်နှာထက် ရေစက်တချို့ကိုပါ တွေ့လိုက်ရတော့ စိတ်ပူရပြန်သည်။

" ဘေးမှာလာထိုင်၊ ဘယ်သူ့မျက်နှာသစ်ခိုင်းလို့ သစ်လိုက်တာလဲ "

".........."

" အေးကအေးနဲ့၊ သစ်ချင်လည်း ငါပြောလေ၊ ရေ စပ်ပေးမှာပေါ့ "

" ငါမှားပါတယ်၊ နောက်မသစ်တော့ဘူးနော် "

" အခုတော့ သစ်ပြီးပြီမလား ရဝိန် "

"........"

" ခုအေးနေပြီးမလား "

စောင်ခြုံ့၍ပြန်ကွေးနေသူကို ကြည်လျက်ပြောလိုက်သည်။

" ချွေးထွက်အောင်လုပ်ကြမလား "

" အခုလား "

" အခု "

" မင်းအောက်မှာနေပေး ရဝိန် "

"မဟုတ်ဘူးလေ "

"မချစ်ဘူးလား၊ ငါကိုမချစ်ဘူးမလား "

စကားတို့ကိုဆုံးအောင်ပြောခွင့်မပြောဘဲ ဖြတ်ပြောလာသော ကိဝီ။ ချစ်မှန်းသိ၍ အကျပ်ကိုင်

လျက်အပေါ်တတ်ချင်သူ ကိဝီကြောင့် မင်းရဝိန်

အခက်တွေ့ရလေ၏။

" ဖြေလေ၊ ငါကို မချစ်ဘူးလား "

" ချစ်တယ်၊ ငါ မင်းကို ချစ်တယ် "

" ဒါဆိုရင် "

" သဘော "

ချစ်တော့လည်း ချစ်သူအလိုကျသဘောတူရ

ပေသည်။ ရဝိန်ထံမှအဖြေရသည်နှင့် ဘေး၌အိပ်လျက်စကားဆိုနေသူအား ငုံ့၍အနမ်းချွေလိုက်လျှင် လှဲ့အိပ်နေသည် ရဝိန်သည်လည်း က်ိဝီလည်တိုင်အားပြန်ဖက်လာသည်။ နှုတ်ခမ်းနွေးနွေးနှင့် ထိတွေ့လိုက်ပြီး အပေါ်ဘက်နှုတ်ခမ်း သားကို နှုတ်ခမ်းနှစ်လွှာကြားစုပ်ယူလိုက်၍

အပေးယူမျှမျှဖြင့် အနမ်းဖလှယ်ဖြစ်ကြသည်။ ထိုမှ နှုတ်ခမ်းနှစ်လွှာသည်ကွာခွဲမှုမရှိဘဲ ပူးကပ်သွားလေတော့သည်။ ပြီးလျှင် တစ်ဆင့်ပြီး တစ်ဆင့်...

" ချွေးထွက်ပြီးလား "

" အင်း... ကြည်အုန်း ၉ နာရီထိုးတော့မယ် "

ရဝိန်ပြောလာ၍ အခန်းနံရံမှ သံကပ်နာရီဆီသို့ ကြည်လိုက်လျှင် လက်တံတိုသည် ၈ ကို ညွှန်းပြနေပြီး လက်တံရှည်မှာ ၁၁ ကို ညွှန်းပြနေလေ၏။

" အမောပြေပြီးလား "

" အင်း "

" ဒါဆို နောက်တစ်ခေါက် "

" တော်ပြီး။ မောင့်မောပြီး နားပါရစေ "

နောက်တစ်ခါတောင်းဆိုသည်ကို အကြောင်းပြချက်ပေး၍ ရှောင်ထွက်နေသည် ရဝိန်ကြောင့်

ကိဝီစကားလမ်းကြောင်းသစ်ပြောင်းလိုက်သည်။

" မင်းရည်စားဘယ်နှစ်ယောက်ထားခဲ့ဖူးလဲ "

ရင်ခွင်ထဲမှ ရဝိန်၏ချွေးနံသင်းနေသော ဆံပင်တို့ကိုနမ်းရှိုက်၍ မေးလိုက်လျှင်

" သုံးယောက် "

လိုချင်သောလမ်းကြောင်းအတိုင်း စကားလိုက် ပါလာ၍ ရဝိန်မမြင်အောင် ပြုံးလိုက်မိ၏။ ထို့ နောက် ရဝိန်အကြိုက်နာမ်စားအား သုံး၍စကားဆိုလိုက်သည်။

" ဒါဆို မေသုံးချီပြီးမှ ကျေနပ်မယ် "

" မေ ! ! ! "

.

.

.

.

.

.

.

.

.

.

ပြီးပါပြီး။

[smiling-Onion ဖန်တီး ရေးသားသည်။]

    people are reading<မောင့်ကိုချစ်ဖို့ မွေးဖွားလာပါသည်။>
      Close message
      Advertisement
      You may like
      You can access <East Tale> through any of the following apps you have installed
      5800Coins for Signup,580 Coins daily.
      Update the hottest novels in time! Subscribe to push to read! Accurate recommendation from massive library!
      2 Then Click【Add To Home Screen】
      1Click