《မောင့်ကိုချစ်ဖို့ မွေးဖွားလာပါသည်။》🌈၁၃🌈
Advertisement
စားသောက်ပြီးစီး၍ ဧည့်သည်များပြန်သွားချိန်တွင် ရဝိန် ကိဝီအနားသို့ တိုးကပ်သွားလိုက်သည်။ ရုတ်တရက်ဖြစ်သွားသော အခြေနေကိုလည်း မယုံနိုင်သေး။ ကိဝီက ချစ်တယ်တဲ့။
" ကိဝီ ငါတို့အခုရည်စားဖြစ်ပြီးဟုတ် "
" ဆိုပါတော့ "
ဒီလောက်ရှင်းလင်းသော အဖြေပေးထားသည်ကိုလာပြန်မေးနေသေးသည့်ရဝိန်ကို မသိလေခြင်း ဟူသော အကြည်ဖြင့်ကြည်လိုက်သည်။
" ဒါဆို ဒီညအတူတူအိပ်ရအောင်၊ အပြင်မှာအိပ်ရတာ ခြင်ကိုက်တယ် "
" ရတယ်၊ ငါအခန်းထဲလာအိပ် "
ကိဝီသည် မထင်ထားသော အခွင့်ရေးပါပေးလာသည်ဖြစ်၍ ရဝိန်စိတ်ခုန်သွားရသည်။ (စိတ်ခုန်=crd အဝင်း) ရဝိန် စိတ်ပျော်စွာနှင့် ပေါင်းပင်များကို အားကြိုးမာန်တတ်ရှင်းလိုက်သည်။
သီချင်းလေးတကြော်ကြော်ဆို၍ မြက်နှုတ်နေ
သည့်ရဝိန်ကိုကြည်ပြီး ကိဝီပြုံးလျက် တိုးတိုးလေးစကားဆိုမိ၏။
" ရဝိန် မင်းသိလား၊ ငါက မင်းကိုချစ်ဖို့အတွက် မွေးဖွားလာတယ်ဆိုတာ၊ အတိတ်ဘဝက မေ မောင့်ကို လုံ့လောက်စွာ မချစ်ပေးနိုင်ခဲ့ဘူး၊ ဒါကြောင့် ဒီဘဝမှာတော့ မင်းကိုလုံ့လောက်သည်ထက်ပိုအောင် ငါချစ်ပေးပါမယ် "
သူဇာဝေ ကြေကွဲနေသည်။ မိမိ ship သည် cp မှာ ဖြစ်မလာနိုင်တော့ပေ။ ဒီနေ့မနက် ကိဝီခြံကို အလည်သွားကြရာတွင်လည်း သက်ပိုင်သည် သူ၏စိုးနောင်ကိုပါ လေသန့် ရှူရန်ဆိုသော အကြောင်းပြချက်ဖြင့် ခေါ်လာသည်။ စိုက်ပျိုးခြံရောက်လျှင်လည်း မထင်ထားသော ရည်းစားဟောင်းမင်းရဝိန်နှင့် ထပ်တွေ့ရပြန်၏။ ထိုမှ
ကိဝီနှင့်မင်းရဝိန်တို့ ရည်းစားဖြစ်သွားသည်ကို သူဇာဝေမျက်ဝါးထင်ထင် မြင်ခဲ့ရသည်။
" အမယ်လေး ငါရဲ့ပထမဆုံး cp လေး ဟင့်၊ ပြီးတော့...ဟင့် သံယောဇဉ်လက်ကျန်ပိစိ ရှိနေသေးတဲ့ ရည်းစားဟောင်းပါ gay သွားတယ်။ အမယ်လေး...အမေရဲ့ "
သူဇာဝေ ကြည်နေသော ကိုရီယားကားမှ ဇာတ် ကောင်များသည်လည်း မပေါင်းဖက်ရဘဲ သေသွားကြပြန်၏။ ရှေ့မှ TV ကိုကြည်၍ သူဇာဝေ အပူပေါ် ရေနွေးထပ်လောင်း ခံလိုက်ရသည်ပမာ ပူဆွေးမှုအဆင့်မှာ level မြင့်တတ်သွားရလေသည်။
ရဝိန် ကျောက်စည်ထဲမှ အေးစက်စက်ရေကို
စတီးဖလားဖြင့်ခပ်ချိုးလိုက်လျှင် ညောင်းနေသောအကြောများသည် နေထိုင်ရနည်းနည်းကောင်းသွားပေသည်။
" နောက်ကျနေပြီး ရဝိန်၊ အကြာကြီးချိုးမနေနဲ့ ဖျားမယ်၊ ပြီးရင် ထမင်းလာစားတော့ "
ကိဝီသတိပေးသော်လည်း ရဝိန် ရေချိုးကောင်း ကောင်းနှင့်ချိုးလိုက်သည်မှာ အတန်ကြာသွား၍ ကိဝီ နောက်ထပ်သတိပေးလာ၏။
" ကြာနေပြီးနော် ရဝိန် "
" ပြီးပြီး "
ရဝိန်အဝတ်စားလဲခါမှ ရေချိုးစဥ်မအေးဘဲ ခုမှ အေးလာသည်ဟု ခံစားမိသည်။
" အင်္ကျီထူထူဝတ် "
ရဝိန်ကို သတိပေးရသည်။ ကိဝီခြံဘက်သည် တောင်တန်းများနှင့် အနည်းငယ်ပိုနီး၍ ပုံမှန်ထက် အအေးကဲတတ်သည်။
" ဘာဟင်းလဲ ကိဝီ "
" ဆိတ်သား "
" ဝါး... တကယ် "
ရဝိန် စိတ်မြန်စွာဖြင့် အရှေ့က ဟင်းပန်းကန်ကိုကြည်လိုက်လျှင် အသားနှင့်တူတာ ဘာမှမတွေ့။ ထပ်ကြည်လိုက်လျှင်လည်း ထမင်းဝိုင်းထက်၌
ငပိတစ်ခွက်၊ တို့စရာများနှင့် ကန်စွန်းရွက်ကြော် တစ်ပန်းကန်၊ ထမင်းနှစ်ပန်းကန်ကိုသာ တွေ့ရ သည်။
" ဘယ်မှာလဲ ဆိတ်သား "
" အဲမှာ မတွေ့ဘူးလား "
" မတွေ့ဘူး "
ရဝိန် ဒီကိုရောက်လာသည်နေ့ကစ၍ ဟင်းများ သည် ထပ်နေ၏။ ကန်စွန်းရွက် အချဥ်ဟင်း၊ ကန်စွန်းရွက်တို့စရာ၊ ကန်စွန်းရွက်ကြော်တို့ကိုသာ စားနေရသည်။ ကန်စွန်းရွက်ကြော်ကို အရွက်ပါကြော်ထားတာယူမလား။ အရိုးသက် သက်ထု၍ ပလိန်ကြော်ယူမလား။ ကိဝီသည် အမျိုးမျိုးကြော်ကျွေး၏။ ယခုညလည်း လက်
ဖြင့်ဆိတ်၍ကြော်ထားသော ဆိတ်သားဟင်းဖြင့်သာ ထမင်းစားရပြန်သည်။
နာရီအနည်းငယ်ကြာသော်...
...ဒေါက်ဒေါက်...
လိုက်ကာဖြင့်သာကာထားသော ကိဝီအခန်းရှေ့ ၌ ခေါင်းအုံးလေးပိုက်၍ ရဝိန်ပါးစပ်မှ "ဒေါက် ဒေါက်" ဟု အသံပြုလိုက်သည်။
" ဝင်လာခဲ့လေ ရဝိန်"
ခေါင်းအုံးနှင့်စောင်ကိုပိုက်လျက် ဝင်လာသူကိုတွေ့လိုက်ချိန်၌ စိတ်ပူသွားရသည်။ မျက်လုံးများနီနေပြီး မျက်နှာလေးညှိုးငယ်နေ၏။ ကိဝီဘေး၌ ဝင်လှဲ့လာသည် ရဝိန်နဖူးကို လက်ဖြင့်အသာစမ်းကြည်လိုက်လျှင် နွေးနွေးလေးဖြစ်နေ သည်။ ထို့ကြောင့် အိပ်ခန်းမှပြန်ထွက်ပြီး ရဝိန်အတွက် အကိုက်ခဲပျောက်ဆေးကို ကြည်လိုက်လျှင်
ကုန်နေပြန်သည်။ ကိုယ်နွေးနေ၍
ရွှေသမင်ငန်းနိုင်ဆေးနှင့် ဓာတ်ပွင့်ဆေးကိုတစ်ထုတ်စီဖောက်၍ ရောလိုက်သည်။ ထို့နောက်
ရေတစ်ခွက်ယူလိုက်သည်။ ရဝိန် အပြင်ထွက်သွားသော ကိဝီကိုစောင့်နေချိန် စက္ကူလေးတစ်ခုနှင့် ရေယူ၍ပြန်ဝင်လာသည်ကိုတွေ့လိုက်သည်။
" ရဝိန် ထ၊ ဒါလေး သောက်လိုက် "
ရဝိန်လည်း ကိဝီသောက်ခိုင်းသော စက္ကူပေါ်မှ အမှုန်တို့ကို ရေနှင့်မျှောချလိုက်သည်။ ချမ်းစိမ့်
စိမ့်ဖြစ်နေ၍ စောင်ခြုံပြီး ကိဝီဘေးဝင်ကွေးလိုက်သည်။ အိပ်နေပြီးဖြစ်သောရဝိန်ကို
စောင်လုံအောင်ထပ်ခြုံပေးလိုက်ပြီး ကိဝီလည်း မီးပိတ်၍ အိပ်လိုက်သည်။
" အဟင်း ဟင်း ဟင်း အင်း...အင်း...ဟင်း "
ကိဝီအိပ်နေချိန်မှနားထဲ ညီးညူးသံကြားလိုက်ရသည်။ အေးကအေး၍ ပြန်အိပ်နေစဥ် ပို၍ပီသလာသော ညီးညူးသံသည် နားထဲဝင်လာပြန် သည်။
" အဟင့်း... ဟင်းအေးတယ်...အေးတယ်...အဟင်းဟင်း..."
ကိဝီအမြန်ထ၍ ရေဓာတ်ဘူးထဲမှရေတို့ကို ဇလုံးထဲသွန်ထည့်၍ ရေအေးနှင့်ရောလိုက်ပြီး အဝတ်ပိုင်းတစ်ခုယူလိုက်သည်။ ပြီးလျှင် ရဝိန်အနားပြန်သွားပြီး နဖူးပေါ် ရေဝတ်လေးတင်ပေးလိုက်သည်။ စောင်ကိုလည်း သေချာလုံအောင်ခြုံပေး လိုက်သည်။
"...အဟင်း...အေးတယ်...အေးတယ်မေ...ဟင်းဟင်း "
အဖျားတတ်နေသည် ရဝိန်ကိုကြည်ပြီး ကိဝီ စိတ်မကောင်းဖြစ်သည်။ ကိဝီသည် ရဝိန်အား ချစ်ပါ၏။ လိုနေချိန်၌ ပေါ်မလာသော၊ ရည်းစား များခဲ့သော၊ ရဝိန်ကိုပညာပြချင်၍သာ မျက်နှာသာမပေးခြင်းဖြစ်သည်။ ရဝိန်သည်းခံနိုင်လိမ့်မည်ဟုလည်း ကိဝီမထင်ထား။ သို့သော် အလုပ် ကြမ်းမလုပ်ဖူးသောရဝိန်သည် တစ်လနီးပါးအ ဆူခံ၊ ပင်ပန်းခံ၍ နေခဲ့သည်။
"...အေးတယ်...မေအေးတယ်မောင့်...အေးတယ်...ဟင်းဟင်း..."
" မေရှိတယ်၊ အေးတုန်းလား "
ကိဝီ၏စောင်ကိုပါ ထပ်ခြုံပေးလိုက်ပြီး ပိုနွေးစေရန်အတွက် ရဝိန်အနားတိုးကပ်ဖက်၍ အိပ်လိုက်သည်။
Advertisement
- In Serial21 Chapters
Field of Stars
Field of Stars is a beautiful slice of life, romantic drama in which the protagonist, Kaito, and his sister moved in with their aunt after a tragic night they’d both rather forget. It is in the mountainous town of Hakone that he experiences the love found in the bonds of friendship, the unrelenting support of family, and the allure of love between two people meant to be together.
8 73 - In Serial43 Chapters
His Baby-momma
Elena Parke finally gets a break in her life when she manages to secure a job as the personal assistant of the CEO of Parker&Co. Even though she is happy about getting a well paying job, she has to put up with her boss who is a complete perv. But she has no choice but to put up with it because just like life not everything is sunshine and roses.To celebrate Elena's first and new job, her friends, Abigail and Joseline, plan a girls night out at a club. But, what happens when Elena has an encounter with Forbes constant front cover billionaire, Ethan Knight, after meeting at the club?.#1 in baby daddy (05/03/2020)#1 in kids (05/04/2020)#1 in pregnancy (06/04/2020)#1 in interracial (08/06/2020)#2 in wmbw [26/02/2020]#2 in chicklit#3 in chicklit#3 in wmbwStarted: 29th December 2019Finished: 21 April 2020
8 331 - In Serial22 Chapters
This Is Me
George loved dresses, they loved how they flowed so elegantly in the slightest of breezes, how beautiful dresses looked when George stood admiring them in front of a mirror for hours, looking at every stitch and every sequin. Clay on the other hand, despite having two dads was homophobic, he despised his dads and how they held one another in each other's arms. But that was all a mask only he didn't dare to admit it. After all the rough times he had gone through, he was not longer the one who was bullied. He was the bully. It was for sure that George wasn't going to be able to keep wearing dresses in secret forever, it was only a matter of time until people found out, but how would everyone respond? More importantly, how would Clay their best friend respond?TW's:-Homo(trans)phobia (F-slur)-Panic attack (just one)-Bullying-Abuse
8 209 - In Serial23 Chapters
I Take Care Of His Highness's Son
i went home after a tiring day, i decided to take a nap but when i woke up i got transmigrated into an otome game?!•••Started: [ 10-27-21 ]Ended: [ 12-03-21 ][Cover pic not mine]
8 185 - In Serial40 Chapters
To Love Gabriel Harris [B×B] ✔
[ COMPLETED ]An unexplainable spark ignites within Gabriel when he meets his brother's best friend, Alexander, the perfect example of a walking sex bomb. Little does he know that Alexander might not be as perfect as he seems, hiding many sinful secrets himself...[ Previously known as ' It Starts With You ' ]*** Extended Synopsis Within ***🔱R e v i e w s🔱@scrambleddragonegg' I'm about a half step away from sobbing my heart out? This is amazing, this is so good I think I might cry...'@The_fangirls72' The story was compelling, emotional and well thought out piece of writing. I completely loved every minute of reading this! '@x-RoyalJelly-x' I was dreading the end since the beginning, such a lovely story with powerful words and passion, I cried a few times, although Alexander and Gabriel are not real, I still am proud of them.'@AwkwardGrandma ' I love this book!! I've never voted twice on the same book, yet here we are!! Thank you so much for this wonderful masterpiece!! '
8 121 - In Serial24 Chapters
The Luna Witch and Her Major
Camilla Ivy Potter was sick of people targeting her ever since her third year when Remus bit her during the whole Pettigrew scene. So, after the war with everyone targeting her for being a 'Dark Creature' and witch, she decides to move to Forks Washington with her Godson, his grandmother and her best friends Fred and George (who had become Animagi for her), hoping for a better life. What happens when she finds her mate in Major Whitlock, a vampire. Will he accept her or reject her like everyone else?Disclaimer: I don't own Harry Potter or Twilight. The only thing I own are my OCs and changes to the plot. This is a female Harry Potter story. Jasper Hale Love Story Thank you to the amazing @itsnikki_bryant94 for the amazing cover.COMPLETED!!!Started: 24/11/2020Finished: 5/8/2021#23 Jasper 28/3/2022#14 werewolves and vampires 7/9/2021#1 xover 28/8/2021 😁😁💚💚#34 hurt comfort 8/8/2021#6 Cubs 22/7/2021#16 werewolves and vampires 25/6/2021#5 Cullen's 5/6/2021#3 werewolves and vampires 20/5/2021#1 xover 28/4/2021😁😁💚💚#1 xover 16/4/2021😁😁💚💚#8 hurt-comfort 11/2/2021#56 hurt-comfort 5/2/2021#17 alternative universe 6/1/2021#7 cubs 18/11/2020#11 Cubs 17/11/2020
8 196

