《မောင့်ကိုချစ်ဖို့ မွေးဖွားလာပါသည်။》🌈၈🌈
Advertisement
ကိဝီ ရဝိန်နှင့်နီးနီးကပ်ကပ်မနေမိအောင် သတိ ထားသည်။ အတိတ်တိုင်းသည် ပြန်တူးဆွဖို့ရန်ကောင်းသော အရာများမှ မဟုတ်တာ။
" ပိစိ ဒါလေး "
စာမေးရန်အတွက် အနားသို့ တိုးကပ်လိုက်လျှင် အသားချင်းထိရမည်ကို မနှစ်သက်ဟန်နှင့် ဖယ်ခွာသွားသော ပိစိကြောင့် ရဝိန်စိတ်ထဲဘဝင်မကျဖြစ်ရသည်။ ရဝိန် မကြိုက်ပါ။ အနားကပ်သွားတိုင်း မသိမသာသော်ဖြစ်စေ၊ သိသိသာသာသော်ဖြစ်စေဖယ်ခွာသွားသော အမူအရာတို့ကို ရဝိန်
လုံးဝမနှစ်သက်ပေ။
" ပိစိ ဘာဖြစ်နေတာလဲ၊ ငါ့အသားနဲ့ထိရမှာကို အဲ့လောက်ရွံလား "
"......."
" ရွံလည်း သည်းခံလိုက်၊ စာမေးပွဲက မကြာတော့ဘူး၊ ၆ နာရီ ထိုးပြီးပြန်တော့လေ "
" ရတယ်၊ မပြန်သေး "
" ငါ့သွားစရာရှိတယ် "
စကားမဆုံးခင် ဖြတ်ပြေလာသော ရဝိန်ကြောင့်
ရင်တွင်းမကောင်းဖြစ်ရ၏။
စက်ဘီးလေးစီးလျက် ပြန်သွားသော ပိစိနောက် ကျောကိုကြည်ပြီး ရဝိန်စိတ်မသက်မသာ ဖြစ်ရသည်။
ကိဝီပန်းများကိုဖြတ်နေရာမှ ရဝိန်အကြောင်း တွေးမိပြန်သည်။ မနီးကပ်မိအောင် ကြိုးစားနေ သည်ကို ရဝိန်သတိထားမိသွားပြီး။ အိမ်မက်ဆိုသည်မှာ ဟုတ်ချင်မှ ဟုတ်မှာ၊ အမှန်ဟု မယူ ဆမိရန် အတန်တန်ကိုယ့်ကိုကိုယ် သတိပေးမိ သည်။ သတိထားနေသည့်ကြားမှ အိမ်မက်၏ ကြီးစိုးမှုကို လက်ရှိပစ္စုပ္ပန်ထိ ကိဝီလက်ခံနေမိဆဲ။
" အ နာလိုက်တာ "
နှင်းဆီကိုမှခူးချင်လျှင်တော့ ဖြစ်လာမည် အ ကျိုးဆက်ကိုလည်း လက်ခံရမည် မဟုတ်ပါလား။ လက်မခံနိုင်လျှင် အစောတည်းက ခူးဖို့ရန် မကြိုးစားသင့်ပါလေ။
" မဝေအတွက်အချစ်ဆိုတာ ဘယ်လိုမျိုးလဲ "
" အချစ်ဆိုတာ အင်း... မဝေလည်း သေချာမသိဘူးလေ။ ဘာလိုလဲ ကိဝီ၊ သက်ပိုင်ရော ဘယ်လို့ထင်လဲ "
" ကျွန်တော်ကတော့ ဗိုက်ဆာချိန်တိုင်း ကျွေးနိုင်သူကိုပဲချစ်မှာ "
" ပြောပါအုန်း။ အိမ်လှမ်းခေါ်ရတဲ့ အကြောင်း "
" ငနောင် ငါ့ချစ်မိနေပြီး "
" ငြင်းတယ် ဟေ့ကောင်၊ ငါမှာ ဝက်ကလေးရှိပြီး သား "
" လီးပဲ၊ မင်းကိုကြိုက်စရာလား "
" ဟားဟား စတာပါကွာ၊ ဆက်ပြော ဆက်ပြော "
" ငါ့အိမ်မက်ထဲက ကောင်မလေးကို ကြွေနေတာ၊ ကောင်မလေးကိုတွေ့တိုင်း ရင်ခုန်သံတွေဝေလာ
လိုက်တာ၊ ပြီးတော့ မင်းသိလား၊ အိမ်မက်ထဲက ကောင်လေးက ငါနဲ့တော်တော်တူတယ်ဲ၊ အဲဒါက သိပ်မထူးဆန်းသေးဘူး၊ ခုက ငါ့ guide ကို တွေ့တိုင်း အိမ်မက်ထဲကကောင်မလေးလို့ မြင်နေတာပိုထူးဆန်းတယ်၊ ပြီးရင် ရင်ခုန်မြန်လာရော၊ ငါ့ပိစိကိုများ ကြိုက်နေတာလား "
" ဖြစ်နိုင်တယ် "
" ငါတစ်ခါမှ ယောကျာ်းလေးနဲ့ တွဲဖို့ မတွေးကြည် ဘူးဖူးလေ၊ ငါကိုယ်ငါ့တစ်ခုခုမှားနေသလို့ ခံစားနေရတယ်၊ ငါ့ခြောက်သွားတာလား "
" နားထောင် ရဝိန်၊ ယောကျာ်းတစ်ယောက်ကို ကြိုက်တာနဲ့ အခြောက်လို့ အလွယ်သတ်မှတ်မ
ရဘူးလေ၊ ဥပမာ ငါကိုပဲကြည်၊ ငါဘယ်နေရာ
နွဲ့နေလဲ၊ စိတ်ရော အရမ်းနုနေလား၊ ငါသက်ပိုင်ကို သဘောကျတာနဲ့ ငါခြောက်သွားရောလား၊
အဲ့လိုပဲ သက်ပိုင်ရော နွဲနေလို့လား၊ ကလေးဆန်ရုံတင် လုံးဝမနွဲဘူးနော် ဟေ့ကောင် "
စိုးသက်နောင် ရဝိန်ထံခဏကြည်ပြီး စကားဆက်ပြောသည်။
" ငါကအခြားယောကျာ်းလေးတွေကိုမဟုတ်ဘဲ သက်ပိုင်တစ်ယောက်တည်းကိုပဲ သဘောကျသွားတာ၊ သူကလည်း မိသားစုဆိုတဲ့အရသာကို
ငါဆီမှရလိုက်လို့ ငါတစ်ယောက်ထဲအပေါ် ပဲ ကလေးတစ်ယောက်လို့ မှီခိုနေတာ၊ ဒါကြောင့်
ငါမှာ ဝက်ကလေးကိုစိတ်မချနိုင်ဘဲ ရင်တထိတ်ထိတ်ဖြစ်နေရတယ် "
" ဒါပေမယ့်... "
" ဒါပေမယ့်ဆိုတာ မရှိဘူး။ သဘောကျတယ် ကြိုက်တယ် ချစ်မိပြီးဆိုရင် ပိုင်ဆိုင်ချင်လာမှာပဲ၊
ငါကတော့ ဝက်ကလေးကိုအပိုင်လိုချင်တယ် "
အကြံဉာဏ်တောင်းသည်ကို ခံစားချက်များအား ရင်ဖွင့်လာသူကြောင့် ရဝိန်တိတ်တိတ်သာ ဆက် နားထောင်နေရပေသည်။
" ဘယ်အရာမဆိုအပိုင်လိုချင်ရင် အခက်ခဲဆိုတာ ကိုတော့ အနည်းနဲ့ အများဖြတ်ကျော်ရမှာပဲ၊ မင်း ယောကျာ်းချင်းချစ်မိရင်တော့ ပိုခက်ခဲသွားမှာပဲရှိမယ်၊ ပိုင်ဆိုင်ချင်လောက်အောင် သဘောကျချစ်မိသွားရင်တော့ မင်းခံနိုင်ရည်နဲ့ ကြိုးစားမှုတော့ ပိုအားစိုက်ရမှာပေါ့၊ ရဝိန် မင်းကိုယ်ဘာ သာဆုံးဖြတ်ပါ။ မသေချာဘဲနဲ့တော့ သူတစ်ပါးဘဝကို သွားမနှောက်ယှက်မိစေနဲ့ပေါ့၊ ရဝိန် ငါပြန်တော့မယ်၊ သက်ပိုင်ထမင်းစားဖို့ စောင့်နေလောက်ပြီး။ မင်းဘာသာအေးဆေးဆုံးဖြတ် "
" အေးပါကွာ၊ ငါဆုံးဖြတ်နိုင်မှာပါ "
ဘရဏီ ရဝိန်နှင့်မတွေ့ဖြစ်သည်မှာ ရက်အနည်း ငယ်မကကြာပြီးဖြစ်၍ ရဝိန်အိမ်သို့ ထွက်လာခဲ့သည်။
" ပိစိ မနေ့ကဘာလို့မလာတာလဲ "
" စာတမ်းထပ်စရာ အမှီရေးနေရလို့ပါ၊ စာတွေ ရေးထားတာပေး စစ်ပေးမယ် "
အကြည်ကိုပင် လိုက်ရှောင်နေသော ပိစိ၏အမူ အရာတို့ကို မကြိုက်သော်လည်း ပိစိအနေမခက်စေရန်အတွက် ရဝိန်လိုက်မကြည့်မိအောင် သတိ ထားလိုက်သည်။ အကြည်တို့ကို လွဲနေရာမှ ပိစိ လက်လေးထံသို့ အကြည်ရောက်သွားရသည်။ သိပ်လှပေသည်။ တစ်ခါမြင်တာနှင့် ပြန်ကြည်မိလောက်အောင် စင်း၍လှနေ၏။ အိမ်မက်ထဲမှ မေလက်တို့ကိုသတိရမိ၍ ပိစိလက်ကို ဆွဲယူကြည်မိသည်။
" ဟေ့ ရဝိန်၊ ဘာလုပ်တာလဲ "
" ခဏပဲ၊ ခဏလေး "
" မေ "
ခေါ်သံနှင့်ထပ်တူ ပိစိသည် ခေါင်းမော့၍ ကြည်လာသည်။
" မေ "
နောက်ထပ်ခေါ် လိုက်လျှင် ပိစိသည် အကြည်တို့ကိုပြန်ရုတ်သိမ်းလိုက်ပြီး ရဝိန်လက်မှ ရုန်းထွက်သွားသည်။
" မေမလား၊ မောင့်ရဲ့မေလေ "
ပိစိသည် ရဝိန်ထံတည့်တည့်ကြည်လာခဲ့လျှင် ရဝိန်၌လည်း မျှော်လင့်ခြင်းတို့ပျော်ဝင်နေသော
အကြည်တို့ဖြင့် စောင့်စားနေမိသည်။ ကိဝီနှုတ် ခမ်းလေးသည် စ၍ စ၍ စလှုပ်ရှားရန် ပြင်လာသည်။
" ရဝိန် ဘာလုပ်နေတာလဲ "
" ဇော် ! ဘယ်လို့ရောက်လာ "
" သတိရလိုလေ၊ ငါလမ်းကြုံးဝင်လာတာ၊ သူက ဘယ်သူလဲ ရဝိန် "
" guide "
guide ဆိုသူအပေါ် ကြည်နေသော ရဝိန်၏အ ကြည်တို့သည် နူးညံ့ခြင်းများပါဝင်နေ၍ ဘရဏီ မနှစ်သက်ပေ။
Advertisement
- In Serial132 Chapters
The Amazing Process For Marrying You
Due to an unexpected incident, Rere spent one night stand with a CEO. Fate seemed to be playing with them.
8 770 - In Serial75 Chapters
HAPPIER•TIMOTHÉE CHALAMET
HAPPIER (TIMOTHEE CHALAMET) "she's beautiful, she looks kind, she probably gives you butterflies"the rising romance of timothée and victoria, will they survive it without any problems? will they be happy? what happens in their relationship? they change each other's life that's for sure. (timothée chalamet x oc) (real life x social media)(2021)
8 120 - In Serial200 Chapters
(1) The End Of The World's Reborn Cannon Fodder Counter-attacks
Short Title : TEWRCFCAlternate Title : 末世重生之炮灰逆襲Status : Completed ( 279 chapter + 6 extra )Author : 汝夫人Genre : Romance, YaoiPlease don't report it, I just love the story and keep it as my offline reading only Note : The plot indeed so slow and the interaction between 2 ML as a couple wouldn't be found until chapter 80+.Summary: I've been reborn? Xiao Ziling who was facing the eve of the apocalypse pulled a bitter face. The apocalypse isn't easy to live in you know!In order to have a good life in the future, he must first find a strong back up. His only goal is to survive in this world, who knows fate brings him unexpected "surprise"
8 121 - In Serial45 Chapters
All's Fair
Grace, a high-powered attorney, is forced to work with small-town lawyer, Jack. Sparks fly as their case goes forwards, but will their love be overruled? *****Grace Wallace is a high-powered attorney, determined to earn her place as a partner at her firm. When she's given an important case, she's sent to Florida and forced to work alongside a laid-back lawyer who's got the opposite philosophy about work, Jack Rollins. Despite the craziness of the clients and the case, Grace begins to see how much Jack truly cares, and Jack learns about the woman behind Grace's professional facade. Soon they're falling for each other, but their relationship could cost Grace her reputation, and Jack stubbornly refuses to leave Florida for the big city. Can they win the case, and each other's hearts? Or will Jack and Grace be disbarred from the court of love?[[word count: 100,000-150,000 words]]
8 161 - In Serial45 Chapters
Dusk (BoyxBoy)
He pops up in my mind more frequently than I'll admit. He's popular. He's three years older than me, a basketball star and a local hero. He's always the talk of the town. But he's changed, and there's something about Rowan that's different. He's got more secrets hidden away than I thought. And I never thought I'd stumble into one like this.*Updates weekly on Fridays*
8 154 - In Serial43 Chapters
Hold On✔️
mempersembahkan-when i first met you i realised life isnt complicatedas it used to look like•••sambungan KITA BERDUA & YANG TERAKHIR."Hidup ni memang penat kan?" Ayden, dalam hidup dia tak pernah ada yang lengkap.. Semakin dia besar, Ayden rasa hidup ni tak adil untuk dia.Some days he wanna liveand others he wanna dieTak ada yang peduli, tak ada yang dapat ubatkan hati Ayden yang sakit. Masa kanak - kanak yang buat Ayden nampak dunia ni sakit.Tapi munculnya dia, buat Ayden percaya. Percaya akan cahaya yang sentiasa menarik Ayden untuk sedar, semuanya ujian yang menguatkan."Bella, thank you sebab wujud dalam hidup saya.""Ayden, awak kuat tau?"Tapi cahaya itu-hilang, akhirnya."Bella kenapa macam ni? Kenapa awak tinggalkan saya?!"Hidup Ayden, macam dilanda sumpah. Tak ada bahagia, hanya malang.•••hold on,i still want you
8 135

