《မောင့်ကိုချစ်ဖို့ မွေးဖွားလာပါသည်။》🌈၁🌈

Advertisement

" မောင့်တို့ခိုးပြေးကြရအောင်၊ ဖြေပါအုန်း မေရယ် "

" မေလည်း မောင့်ကို မခွဲနိုင်ပါဘူး၊ မောင့်သဘောအတိုင်းပါပဲရှင့် "

ပေတစ်ရာလမ်းမထက်တွင် ပဒုမ္မာအထည်

ဆင်ဆွယ်ရောင် ကော်လံထောင်လျှောလက်အင်္ကျီလေးနှင့် ပန်းနုရောင် ပြောင်ထဘီဝတ်ထားသော မိန်းမပျိုလေးသည် သူ၏အသက်သမျှချစ်ဦးသူ ယောကျာ်းပျို၏လက်မောင်းကိုတွဲခိုထားလျက် အပြုံးချိုချိုတို့ဖြင့် ချစ်စကားတီတီတာ တာဆို၍ လမ်းလျှောက်နေ​လေသည်။ ထိုအချိန် ၌ ကားတစ်စီးသည် ထိုလူငယ်စုံတွဲဆီ တည့်တည့်မတ်မတ်ဦးတည်လာ၏။ အတိအကျဆိုရသော် မိန်းမပျိုလေးထံ ဦးတည်လာခြင်းပင်။

" ဒုန်း..."

လွှင့်စင်သွား​သော မိန်းမပျိုသည် ပလက်ဖောင်းထက်သွေးအိုင်များကြားမှ မျက်နှာထက်တွင်အပြုံးချိုချိုဆင်မြန်းပြီး ချစ်သူရှိရာဘက်သို့ လက်ကမ်းနေပေသည်။

" သိပ် သိပ်ချစ်တယ် မောင့် "

ယောကျာ်းပျိုသည် အမြန်ပြေးသွား၍ ငြိမ်သက် နေပြီးဖြစ်​သော ချစ်သူအား ရင်ခွင်ထဲပွေ့ယူလိုက်သည်။ ထို့နောက် မျက်နှာကိုလှည့်လိုက်​ပြီး စကားဆိုလာ၏။

" မုန်းတယ်... မောင့် မင်းကိုမုန်းတယ် မေ၊ မောင့်ကိုထားသွားတဲ့ မေ၊ မောင်သိပ်မုန်းတာပဲ မေရယ် "

" အား... "

မိမိနှလုံးသားအား တစ်စုံတစ်ယောက်မှလှုပ်ကိုင််လိုက်သည့်ပမာ နာကျင်မှုဖြင့် ကိဝီနှိုးထလာခဲ့ရပြန်၏။ ထိုအိမ်မက်ကို ​​မြင်မက်တိုင်းလည်း ထိုယောကျာ်းသည် ကိဝီမျက်နှာဘက်သို့ တည့်တည့်လှည့်၍ မုန်းကြောင်းဆိုလေ့ရှိသည်။ ထိုအချိန်တိုင်းလည်း ကိဝီလန့်နိုးခဲ့ရသည်ချည်းသာ ဖြစ် ၏။

" နိုးရင်လည်း ထတော့။ အပျင်းတစ်မနေ့နဲ့ "

" ဟုတ်ကဲ့။ ထပါပြီး ဒေါ်လေး "

" အေးအေး၊ နင်အတွက်ပြောတာ "

" ဟုတ်ကဲ့ "

ကိဝီ မနက်ပိုင်းစျေးတွင် ချဥ်ပေါင်ရွက်၊ ကန်စွန်းရွက်၊ ခရမ်းသီးအစရှိသော အိမ်ထွက်များကို သွားရောင်းဖြစ်သည်။ မျက်နှာသစ်ပြီး ညတည်းက ပြင်ဆင်ထားသော အသီးအရွက်တောင်းကို စက်ဘီးနောက်ချည့်၍ စျေးသို့ထွက်ခဲ့သည်။ စုတ်ပျက်နေပြီးဖြစ်သောစက်ဘီးကြောင့် ပုံမှန်ထက်ပိုအားစိုက်၍ နင်းရလေသည်။ စျေးရောက်လျှင် ကိဝီပုံမှန်စျေးခင်းနေကျနေရာ၌ လူရောက်နေ​သည်။

" ကြီးကြီး၊ ဒီနေရာက သားနေရာပါ "

" အေးအေး ဖယ်ပေးမယ်၊ ​ခေတ်ကလေးတွေ များ ဝီရိယကို မရှိဘူး၊ မင်းမလာတော့ဘူး ထင်လို့လေ၊ မင်းက အချိန်မှန်မှမလာတာ "

" ဟုတ်ကဲ့ "

ဝီရိယမရှိတာ မဟုတ်ပါ။ ညက အင်္ကျီကြယ်သီး အငှားတပ်၍ ညနက်သွား​ရခြင်းအကြောင်းကိုတော့ ကိဝီပြောမနေတော့။ ပြောလည်း ဆင်ခြေတစ်ခုအဖြစ်သာ သတ်မှတ်မည်ကိုသိနေ၏။

" ချဥ်​ပေါင်ရွက်တစ်စီးဘယ်လောက်လဲ "

" တစ်စီးတစ်ရာပါ အစ်မ "

" သုံးစီး နှစ်ရာထားလိုက် စျေးသယ်လေး၊ နေမြင့်နေပြီးပဲ၊ မင်းလည်းအိမ်စောစောပြန်ရတာပေါ့ "

" ဟုတ်ကဲ့၊ ဘယ်လောက်ဖို့ယူမလဲ "

" နှစ်ရာဖိုးပေး "

လူအများစုသည် ဖိနှိမ့်ရသူဆိုလျှင် ဖိနှိမ့်ချင်ကြလေသည်။ မရမှန်းသိလျှင်မူ ဖိန့်ဖိန့်တုန်အောင် ကြောက်တတ်ကြသည်။ ကိဝီစျေးသိမ်းပြီးလျှင် သီချင်းလေးညည်းလျက် စက်ဘီးစုတ်လေးကို

အားစိုက်နင်း၍ ပြန်ခဲ့သည်။

🎶 မောင့်ကို ချစ်လို့ ...တေးသွား စာကဗျာခြယ်...🎶

ထိုသီချင်းသည် ကိဝီရ​သည့်တစ်ပုဒ်တည်းသော သီချင်းလည်း ဖြစ်သည်။ စျေးကွဲချိန်တိုင်း ဆိုင်ဘေးက ကြီးတော်တိုးတိုးလေးဖွင့်တတ်သော သီချင်းများထဲမှ တစ်ပုဒ်အပါဝင်ဖြစ်၏။ အဆို တော်ဘယ်သူဆို၍ ဘာနာမည်မှန်းမသိသော် လည်း ထိုသီချင်းအား ကိဝီသဘောကျ၏။

🎶...မောင့်ကို ချစ်ဖို့ ...မွေးဖွားလာ ပါတယ်...

....အကြင်နာရယ် အနှစ်တရာ မပြယ်....

...နေရောင်ခြည်ရယ်... နေ့မှာ လင်းသလို့..

...ညရဲ့ကမ္ဘာ့ မှာ...လမ်းပြကြယ်....

...မေကလည်း မောင့်ဘဝရဲ့ ခရီးဖော် အရိပ်လေး...သဖွယ်...

....🎶

ကိဝီခြံရှေ့ရောက်လျှင် စက်ဘီးရပ်ပြီး တွန်းဝင်လိုက်သည်။ အိမ်ရှေ့စက်ဘီးရပ်လိုက်သည်နှင့် အဒေါ် ဖြစ်သူမှ ပိုက်ဆံတောင်းလာသည်။

" ပိုက်ဆံနှစ်ထောင်ပေး၊ ငါမဲသွားနှိုက်ဖို့ "

ပိုက်ဆံတောင်းပြီးထွက်သွားသော ဒေါ်လေးကို ကိဝီမငြိုငြင်ပါ။ ဒေါ်လေးသည် ကိဝီ၏ကျေးဇူး ရှင်၊ ဒီအရွယ်ထိရောက်အောင် စောင့်ရှောက်ခဲ့သူလည်းဖြစ်သည်။

ဦးမျိုးမင်းတစ်ယောက် ဧည့်ခန်းထဲတွင် ​ခေါက်

တုန့်ခေါက်ပြန်လျှောက်လျက် ဒေါသထိန်းနေရ​

သော်လည်းသားဖြစ်သူ မင်းရဝိန်မှာတော့ ဆိုဖာထက်ခြေချိတ်ထိုင်မပြတ်ဘဲ အေးဆေးစွာရှိနေ သည်။ ဦးမျိုးမင်း ဒေါသထွက်ရသည့်အကြောင်းမှာ သားဖြစ်သူ၏အမှတ်စာရင်းမှ အစပြု၏။

ဆယ်တန်းဖြစ်၍ နတ်ကြီးသည်ဟုဆိုပြီး နတ်ကိုအပြစ်ဖို့ရအောင်လည်း သားဖြစ်သူလုပ်ချလိုက်ပုံက ဘာသာ ၅ ခုကို လွတ်လွတ်ကျွတ်ကျွတ်အောင်မှတ်ရ​အောင်ဖြေခဲ့​ပြီး ကျန်တစ်ဘာသာကိုကျ သုညရအောင်ဖြေခဲ့သည်။ ထိုဘာသာသည်လည်း မြန်မာစာဖြစ်နေ၍ မင်းရဝိန် အရွဲ့တိုက်​နေမှန်းလည်း ဦးမျိုးမင်းသိသည် ။သို့သော်...

" လူကြားလို့မှ ကောင်းရဲ့လား။ ကိုယ့်လူမျိုးစာ ပေကို သုညရအောင်ဖြေခဲ့တာတဲ့လား မင်းရဝိန်၊ ခွေးကောင် "

" ကျွန်တော်ခွေးဆို အဖေက ခွေးအဖေပဲ "

" တိတ်စမ်း ! မင်းကို မုန့်ဖိုးဖြတ်မယ်၊ ပြီးတော့ ပြန်ဖြေဖို့လည်း အသင့်ပြင်ထား "

" ဟာ...မုန့်ဖိုးနဲ့ ဘာဆိုင်လိုလဲ "

ဦးမျိုးမင်းဒေါသထွက်ပြီး သားဖြစ်သူနှင့်ပြိုင်မပြောချင်၍ ကားဆီထွက်ခဲ့လိုက်သည်။ စိတ်တိုတိုနှင့် ကားပေါ်တတ်ပြီး ရောက်တတ်ရာရာ မောင်းနေလိုက်သည်။ နောက်ဆုံးတွင် လမ်းဘေး ၌ရပ်ထားသော စက်ဘီးကိုဝင်ကြုံးမိခါမှ ကားရပ်ဖြစ်သွား၏။ ကိဝီဟင်းချက်ရန် အသားမှုန့်ဝယ်နေချိန် လမ်းဘေး၌ရပ်ထား​သော ကိဝီစက် ဘီးအား အိမ်စီးကားတစ်စီးမှ အသာလွတ်ဝင်တိုးလာသည်။

" ဦးလေး ဦးလေး အဆင်ပြေလား"

ကားတံခါးမှန်ကို လက်ကလေးဖြင့် ဖွဖွပုတ်ပြီး လာမေးသော သေးသေးကွေးကွေးကောင်လေးတစ်ယောက်အား ဦးမျိုးမင်းခေါင်းအမော့တွင် တွေ့လိုက်ရသည် ။ ဦးမျိုးမင်းကားမှန်ချလိုက်ပြီး ထိုကောင်လေးကို စကားစဆိုလိုက်သည်။

" သားစက်ဘီးလား "

" ဟုတ်ကဲ့။ ကိဝီဘီးပါ "

ထိုနေ့က နာမည်ဆန်း​သော ကောင်လေးနှင့် စသိခဲ့သည် ။ စက်ဘီးအသစ်ဝယ်ပေးသည်ကိုပင် မယူဘဲ သူ့ဘီးအတိုင်းအစုတ်လေးပဲ ပြန်တောင်းလာသည်။ ​နောက်ထပ်၌ ကိဝီသည် အဒေါ် နှင့်အတူနေပြီး ကိုယ့်ဝမ်းစာအတွက် ကိုယ်တိုင်ကြိုး စားရှာသော လိမ္မာသည့်ကလေးဖြစ်ကြောင်းလည်း သိရပြန်သည်။ ထို့ကြောင့် သား​ဖြစ်သူနှင့် အသက်တူတူလောက်ပင်ရှိမည် ကိဝီ၏ပညာရေးအတွက် ပညာဒါနထောက်ပံ့မှုပေးရန် ဦးမျိုးမင်း ဆုံးဖြတ်ချက်ချဖြစ်ခဲ့လေသည်။

    people are reading<မောင့်ကိုချစ်ဖို့ မွေးဖွားလာပါသည်။>
      Close message
      Advertisement
      You may like
      You can access <East Tale> through any of the following apps you have installed
      5800Coins for Signup,580 Coins daily.
      Update the hottest novels in time! Subscribe to push to read! Accurate recommendation from massive library!
      2 Then Click【Add To Home Screen】
      1Click