《မောင့်ကိုချစ်ဖို့ မွေးဖွားလာပါသည်။》🌈၁🌈
Advertisement
" မောင့်တို့ခိုးပြေးကြရအောင်၊ ဖြေပါအုန်း မေရယ် "
" မေလည်း မောင့်ကို မခွဲနိုင်ပါဘူး၊ မောင့်သဘောအတိုင်းပါပဲရှင့် "
ပေတစ်ရာလမ်းမထက်တွင် ပဒုမ္မာအထည်
ဆင်ဆွယ်ရောင် ကော်လံထောင်လျှောလက်အင်္ကျီလေးနှင့် ပန်းနုရောင် ပြောင်ထဘီဝတ်ထားသော မိန်းမပျိုလေးသည် သူ၏အသက်သမျှချစ်ဦးသူ ယောကျာ်းပျို၏လက်မောင်းကိုတွဲခိုထားလျက် အပြုံးချိုချိုတို့ဖြင့် ချစ်စကားတီတီတာ တာဆို၍ လမ်းလျှောက်နေလေသည်။ ထိုအချိန် ၌ ကားတစ်စီးသည် ထိုလူငယ်စုံတွဲဆီ တည့်တည့်မတ်မတ်ဦးတည်လာ၏။ အတိအကျဆိုရသော် မိန်းမပျိုလေးထံ ဦးတည်လာခြင်းပင်။
" ဒုန်း..."
လွှင့်စင်သွားသော မိန်းမပျိုသည် ပလက်ဖောင်းထက်သွေးအိုင်များကြားမှ မျက်နှာထက်တွင်အပြုံးချိုချိုဆင်မြန်းပြီး ချစ်သူရှိရာဘက်သို့ လက်ကမ်းနေပေသည်။
" သိပ် သိပ်ချစ်တယ် မောင့် "
ယောကျာ်းပျိုသည် အမြန်ပြေးသွား၍ ငြိမ်သက် နေပြီးဖြစ်သော ချစ်သူအား ရင်ခွင်ထဲပွေ့ယူလိုက်သည်။ ထို့နောက် မျက်နှာကိုလှည့်လိုက်ပြီး စကားဆိုလာ၏။
" မုန်းတယ်... မောင့် မင်းကိုမုန်းတယ် မေ၊ မောင့်ကိုထားသွားတဲ့ မေ၊ မောင်သိပ်မုန်းတာပဲ မေရယ် "
" အား... "
မိမိနှလုံးသားအား တစ်စုံတစ်ယောက်မှလှုပ်ကိုင််လိုက်သည့်ပမာ နာကျင်မှုဖြင့် ကိဝီနှိုးထလာခဲ့ရပြန်၏။ ထိုအိမ်မက်ကို မြင်မက်တိုင်းလည်း ထိုယောကျာ်းသည် ကိဝီမျက်နှာဘက်သို့ တည့်တည့်လှည့်၍ မုန်းကြောင်းဆိုလေ့ရှိသည်။ ထိုအချိန်တိုင်းလည်း ကိဝီလန့်နိုးခဲ့ရသည်ချည်းသာ ဖြစ် ၏။
" နိုးရင်လည်း ထတော့။ အပျင်းတစ်မနေ့နဲ့ "
" ဟုတ်ကဲ့။ ထပါပြီး ဒေါ်လေး "
" အေးအေး၊ နင်အတွက်ပြောတာ "
" ဟုတ်ကဲ့ "
ကိဝီ မနက်ပိုင်းစျေးတွင် ချဥ်ပေါင်ရွက်၊ ကန်စွန်းရွက်၊ ခရမ်းသီးအစရှိသော အိမ်ထွက်များကို သွားရောင်းဖြစ်သည်။ မျက်နှာသစ်ပြီး ညတည်းက ပြင်ဆင်ထားသော အသီးအရွက်တောင်းကို စက်ဘီးနောက်ချည့်၍ စျေးသို့ထွက်ခဲ့သည်။ စုတ်ပျက်နေပြီးဖြစ်သောစက်ဘီးကြောင့် ပုံမှန်ထက်ပိုအားစိုက်၍ နင်းရလေသည်။ စျေးရောက်လျှင် ကိဝီပုံမှန်စျေးခင်းနေကျနေရာ၌ လူရောက်နေသည်။
" ကြီးကြီး၊ ဒီနေရာက သားနေရာပါ "
" အေးအေး ဖယ်ပေးမယ်၊ ခေတ်ကလေးတွေ များ ဝီရိယကို မရှိဘူး၊ မင်းမလာတော့ဘူး ထင်လို့လေ၊ မင်းက အချိန်မှန်မှမလာတာ "
" ဟုတ်ကဲ့ "
ဝီရိယမရှိတာ မဟုတ်ပါ။ ညက အင်္ကျီကြယ်သီး အငှားတပ်၍ ညနက်သွားရခြင်းအကြောင်းကိုတော့ ကိဝီပြောမနေတော့။ ပြောလည်း ဆင်ခြေတစ်ခုအဖြစ်သာ သတ်မှတ်မည်ကိုသိနေ၏။
" ချဥ်ပေါင်ရွက်တစ်စီးဘယ်လောက်လဲ "
" တစ်စီးတစ်ရာပါ အစ်မ "
" သုံးစီး နှစ်ရာထားလိုက် စျေးသယ်လေး၊ နေမြင့်နေပြီးပဲ၊ မင်းလည်းအိမ်စောစောပြန်ရတာပေါ့ "
" ဟုတ်ကဲ့၊ ဘယ်လောက်ဖို့ယူမလဲ "
" နှစ်ရာဖိုးပေး "
လူအများစုသည် ဖိနှိမ့်ရသူဆိုလျှင် ဖိနှိမ့်ချင်ကြလေသည်။ မရမှန်းသိလျှင်မူ ဖိန့်ဖိန့်တုန်အောင် ကြောက်တတ်ကြသည်။ ကိဝီစျေးသိမ်းပြီးလျှင် သီချင်းလေးညည်းလျက် စက်ဘီးစုတ်လေးကို
အားစိုက်နင်း၍ ပြန်ခဲ့သည်။
🎶 မောင့်ကို ချစ်လို့ ...တေးသွား စာကဗျာခြယ်...🎶
ထိုသီချင်းသည် ကိဝီရသည့်တစ်ပုဒ်တည်းသော သီချင်းလည်း ဖြစ်သည်။ စျေးကွဲချိန်တိုင်း ဆိုင်ဘေးက ကြီးတော်တိုးတိုးလေးဖွင့်တတ်သော သီချင်းများထဲမှ တစ်ပုဒ်အပါဝင်ဖြစ်၏။ အဆို တော်ဘယ်သူဆို၍ ဘာနာမည်မှန်းမသိသော် လည်း ထိုသီချင်းအား ကိဝီသဘောကျ၏။
🎶...မောင့်ကို ချစ်ဖို့ ...မွေးဖွားလာ ပါတယ်...
....အကြင်နာရယ် အနှစ်တရာ မပြယ်....
...နေရောင်ခြည်ရယ်... နေ့မှာ လင်းသလို့..
...ညရဲ့ကမ္ဘာ့ မှာ...လမ်းပြကြယ်....
...မေကလည်း မောင့်ဘဝရဲ့ ခရီးဖော် အရိပ်လေး...သဖွယ်...
....🎶
ကိဝီခြံရှေ့ရောက်လျှင် စက်ဘီးရပ်ပြီး တွန်းဝင်လိုက်သည်။ အိမ်ရှေ့စက်ဘီးရပ်လိုက်သည်နှင့် အဒေါ် ဖြစ်သူမှ ပိုက်ဆံတောင်းလာသည်။
" ပိုက်ဆံနှစ်ထောင်ပေး၊ ငါမဲသွားနှိုက်ဖို့ "
ပိုက်ဆံတောင်းပြီးထွက်သွားသော ဒေါ်လေးကို ကိဝီမငြိုငြင်ပါ။ ဒေါ်လေးသည် ကိဝီ၏ကျေးဇူး ရှင်၊ ဒီအရွယ်ထိရောက်အောင် စောင့်ရှောက်ခဲ့သူလည်းဖြစ်သည်။
ဦးမျိုးမင်းတစ်ယောက် ဧည့်ခန်းထဲတွင် ခေါက်
တုန့်ခေါက်ပြန်လျှောက်လျက် ဒေါသထိန်းနေရ
သော်လည်းသားဖြစ်သူ မင်းရဝိန်မှာတော့ ဆိုဖာထက်ခြေချိတ်ထိုင်မပြတ်ဘဲ အေးဆေးစွာရှိနေ သည်။ ဦးမျိုးမင်း ဒေါသထွက်ရသည့်အကြောင်းမှာ သားဖြစ်သူ၏အမှတ်စာရင်းမှ အစပြု၏။
ဆယ်တန်းဖြစ်၍ နတ်ကြီးသည်ဟုဆိုပြီး နတ်ကိုအပြစ်ဖို့ရအောင်လည်း သားဖြစ်သူလုပ်ချလိုက်ပုံက ဘာသာ ၅ ခုကို လွတ်လွတ်ကျွတ်ကျွတ်အောင်မှတ်ရအောင်ဖြေခဲ့ပြီး ကျန်တစ်ဘာသာကိုကျ သုညရအောင်ဖြေခဲ့သည်။ ထိုဘာသာသည်လည်း မြန်မာစာဖြစ်နေ၍ မင်းရဝိန် အရွဲ့တိုက်နေမှန်းလည်း ဦးမျိုးမင်းသိသည် ။သို့သော်...
" လူကြားလို့မှ ကောင်းရဲ့လား။ ကိုယ့်လူမျိုးစာ ပေကို သုညရအောင်ဖြေခဲ့တာတဲ့လား မင်းရဝိန်၊ ခွေးကောင် "
" ကျွန်တော်ခွေးဆို အဖေက ခွေးအဖေပဲ "
" တိတ်စမ်း ! မင်းကို မုန့်ဖိုးဖြတ်မယ်၊ ပြီးတော့ ပြန်ဖြေဖို့လည်း အသင့်ပြင်ထား "
" ဟာ...မုန့်ဖိုးနဲ့ ဘာဆိုင်လိုလဲ "
ဦးမျိုးမင်းဒေါသထွက်ပြီး သားဖြစ်သူနှင့်ပြိုင်မပြောချင်၍ ကားဆီထွက်ခဲ့လိုက်သည်။ စိတ်တိုတိုနှင့် ကားပေါ်တတ်ပြီး ရောက်တတ်ရာရာ မောင်းနေလိုက်သည်။ နောက်ဆုံးတွင် လမ်းဘေး ၌ရပ်ထားသော စက်ဘီးကိုဝင်ကြုံးမိခါမှ ကားရပ်ဖြစ်သွား၏။ ကိဝီဟင်းချက်ရန် အသားမှုန့်ဝယ်နေချိန် လမ်းဘေး၌ရပ်ထားသော ကိဝီစက် ဘီးအား အိမ်စီးကားတစ်စီးမှ အသာလွတ်ဝင်တိုးလာသည်။
" ဦးလေး ဦးလေး အဆင်ပြေလား"
ကားတံခါးမှန်ကို လက်ကလေးဖြင့် ဖွဖွပုတ်ပြီး လာမေးသော သေးသေးကွေးကွေးကောင်လေးတစ်ယောက်အား ဦးမျိုးမင်းခေါင်းအမော့တွင် တွေ့လိုက်ရသည် ။ ဦးမျိုးမင်းကားမှန်ချလိုက်ပြီး ထိုကောင်လေးကို စကားစဆိုလိုက်သည်။
" သားစက်ဘီးလား "
" ဟုတ်ကဲ့။ ကိဝီဘီးပါ "
ထိုနေ့က နာမည်ဆန်းသော ကောင်လေးနှင့် စသိခဲ့သည် ။ စက်ဘီးအသစ်ဝယ်ပေးသည်ကိုပင် မယူဘဲ သူ့ဘီးအတိုင်းအစုတ်လေးပဲ ပြန်တောင်းလာသည်။ နောက်ထပ်၌ ကိဝီသည် အဒေါ် နှင့်အတူနေပြီး ကိုယ့်ဝမ်းစာအတွက် ကိုယ်တိုင်ကြိုး စားရှာသော လိမ္မာသည့်ကလေးဖြစ်ကြောင်းလည်း သိရပြန်သည်။ ထို့ကြောင့် သားဖြစ်သူနှင့် အသက်တူတူလောက်ပင်ရှိမည် ကိဝီ၏ပညာရေးအတွက် ပညာဒါနထောက်ပံ့မှုပေးရန် ဦးမျိုးမင်း ဆုံးဖြတ်ချက်ချဖြစ်ခဲ့လေသည်။
Advertisement
- In Serial83 Chapters
Agent Help | Jungkook ✔
Jungkook : Please help me, I feel horny....Y/N : WTF!A story through textsJeon Jungkook FANFICTION 2021All rights reserved
8 209 - In Serial15 Chapters
More Than Her Friend
Warning: This is one of my first books that is unedited. Don't Read if bad grammar's an issue. (It's partially edited)Jessie's parents send her to an all-girls boarding school to travel and get away from her. But what happens when Jessie meets her roomie? And starts feeling things she hasn't before. Will she go with the flow and be more than her friend? Meet Jessie, a quiet girl who hides away from the world, but what happens when the fiery redhead with a temper ignites something in her? Meet Cherry, a girl with a fiery temper that has no intention of loving anyone, with new girls in her bed every day. But what happens when she befriends the timid girl that's always alone?Could she give up her old ways or just burn alone? As it always has been. This is my original story. Please don't copy it. It's not translated. Anyway, thanks for reading. All Rights Reserved
8 85 - In Serial153 Chapters
[HIATUS] Rainbow of the Horizon—Illuminating Our Darkened Path | Our World
"The world is unfair and unjust… that's the second time I've said that, haven't I?" Gin Sakato and Ringo Akanami's somewhat eventful life continued together with his ever so increasing number of companions in the unpredictable world they live in and discover its urban obscurity, as they blur the line of the 'unbelievables', 'believables', and the obliterated fourth wall. New people and new happenings came to their life as they move forward in the hardships and mishaps that are bound to test their individual strengths to survive in this (normal) world. But the sun's hope comes shining down after the rain of despair and sometimes, rainbows of bliss spreads in the horizon. Remembering the past, living in the present, and molding the future is what they have learned and instilled to their minds as their individual roles. And therefore, the journey of life continues awaiting the uncertain tomorrow. This is a sequel to Normal in Parenthesis. *Alternative name/abbreviation: NijiHo*
8 208 - In Serial93 Chapters
The Hoodie Girl
Wren Martin is socially awkward. She blocks off herself to the world, hiding behind her favorite hoodie. All she wants to do is keep a low profile, and graduate well enough to qualify for a college scholarship. But then a babysitting job leads her to cross paths with Asher Reed, Eastview Highʼs notorious athlete. When a field injury kickstarts his senior year, heʼs turning his free time and attention to Wren.And maybe she might not want to be invisible after all. *****[Watty's Collector's Edition Winner][TFA Runaway Prize Winner][[word count: 150,000-200,000 words]]Cover designed by Ashley Santoro
8 173 - In Serial18 Chapters
His innocent BiWi {Completed}
Story of a naive, innocent girl Shruthi and arrogant, possessive guy Krishna.Check out the story for more details ;)
8 90 - In Serial20 Chapters
The Alpha's Treasure (EDITING)
"you are mine, all mine and only mine" he said looking me straight in the eye. "what did I say??""I said what did I say??" he asked again waiting for an answer. "in your dreams asshole" I replied as kicked him in the nuts making him release my hands.Skylar is a seventeen year old human who has no idea why the new transfer students won't stop bothering her.Caleb is the new alpha of his pack who is used to getting everything he wants, what happens when he finds out his mate is a human who wants nothing to do with.He goes as far as marking her without her permission but what happens next?We'll have to find out.Started: 4/10/2017Finished: 15/11/2017.
8 220

