《အချစ်ဝိုင် ( Complete )》Part 4
Advertisement
အချစ်ဝိုင် ( Part - 4 )
▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪
"ဟဲ့ ပေါ်မလာတာ ၂ရက်လောက်ရှိနေပြီ နင်ဘယ်ရောက်နေတာလဲ ပီယ"
ဖုန်းထဲက စွာကျယ်ကျယ်ထွက်လာသည့်အသံကြောင့် ပီယ နားအူသွားသလို ဖုန်းကိုနားကခွာလိုက်သည်။
အသံထွက်တာရပ်သွားတော့မှ ဖုန်းကိုနားမှာပြန်ကပ်ကာ.....
"မန္တလေးပြန်ရောက်နေတယ် အဖေက ခိုင်းလိုက်လို့"
"ဘယ်နေ့ပြန်လာမှာလဲ"
"မနက်ဖြန်မှ"
"အဲ့ဒါဆိုလည်း မြင့်မြင့်ခင်က အာလူးပူတင်းနဲ့ ထိုးမုန့်ဝယ်ခဲ့ မပါရင် ပြန်မလာနဲ့"
"အောင်မာ ငါ့ကိုdeliမှတ်နေတာလား"
"အဲ့ဒီစကားကို မခနဲ့တွေ့ဖို့လာဂျီတဲ့အချိန်ကျမှ ငါပြန်ပြောမယ်"
မခဆိုတာနှင့် ပီယ လှုပ်လှုပ်ရှားရှားဖြစ်သွားကာ ဂိတ်ဆုံးရောက်နေသည့်အတင်းစားလေသံကို ချက်ချင်းပြေပြစ်အောင်ပြောင်းလိုက်သည်။
"အဲ့ဒီနှစ်မျိုးပဲလား ဒီမှာက ဖက်ထုတ်တို့ဘာတို့အတော်မိုက်တယ်ကြားတယ်နော် ငါဝယ်ခဲ့ပေးမယ် နင်ကြိုက်တယ်မလား"
"အေး ဝယ်ခဲ့ ၁၀တန်းအောင်စရာမလိုဘူး အလိုက်သိဖို့ပဲလိုတယ် မောင်ပီယ ဒီ့ထက်မကကြီးပွားဦးမယ်"
ပီယ ရယ်ရင်းဖုန်းချလိုက်တော့ ရှေ့ကိုအာရုံလွတ်သွား၍ ကားတစ်စီးကိုမမြင်လိုက်။
ဒုန်းခနဲဝင်တိုက်မိမှ သွားပြီဟုသိလိုက်ရပြီး ကားကိုရပ်ပစ်လိုက်တော့ တစ်ဖက်ကကားသည် ခပ်စောင်းစောင်းအနေအထားဖြင့် ငြိမ်သက်နေ၏။
ပီယ ကားပေါ်ကဆင်းခဲ့တော့ တစ်ဖက်ကကားပေါ်ကလည်းလူတစ်ယောက်ဆင်းလာ၏။
သူမှားခဲ့သည့်အတွက် တောင်းပန်ဖို့ပါ။
သို့သော်•••••
"သေလိုက် ခွေးမသား"
ခွပ်ခနဲအသံနှင့်အတူ ပီယပါးတစ်ဖက်လုံးပူဆင်းသွားပြီး လူလည်းယိုင်သွားသည်။
"ဟာ ဟိတ်ကောင်မလုပ်နဲ့"
တစ်ဖက်က ကားပေါ်ကလူတွေဆင်းပြေးလာကာ ထိုသူကိုဝိုင်းဆွဲကြတော့ ပီယ ခေါင်းပြန်မတ်လိုက်ပြီးတစ်ချက်ခါပစ်လိုက်သည်။
"ငါ့ညီ အစ်ကိုပဲတောင်းပန်ပါတယ် ဒီကောင်နည်းနည်းလွတ်သွားလို့ပါ"
"ကျွန်တော့်ဘက်ကမှားလို့ တောင်းပန်ဖို့ကျွန်တော်ဆင်းလာတာ ခင်ဗျားလူက"
"ဟုတ်ပါတယ် အစ်ကို့သူငယ်ချင်းက မှားသွားတာပါ"
ပီယ ဒေါသဖြစ်ဖြစ်ဖြင့် တစ်ဖက်လူကိုလှမ်းကြည့်မိတော့ မပြေနိုင်သေးသည့်ဒေါသတွေဖြင့် ကြည့်နေသောထိုလူက ဆွဲထားသည့်ကြားမှ ရုန်းကန်အော်ဟစ်နေ၏။
မျက်လုံးတွေရဲနေကာ တစ်ခုခုမူမမှန်သလို သူခံစားလိုက်ရ၏။
"ခင်ဗျားတို့ကား ဘာဖြစ်သွားသေးလဲ"
"ရတယ် ဘာမှမဖြစ်ဘူး ညီလေး ငါ့ညီရောပေါက်သွားသလား"
"ရတယ် ခင်ဗျားတို့လူပဲထိန်းလိုက်ပါ နောက်တစ်ခါ ကားနဲ့တိုက်မိရင် ခင်ဗျားတို့ကားကိုမဟုတ်ဘဲ သူ့ကိုဖြစ်သွားမယ်"
ပီယ တင်းမာစွာပြောပြီးကားထဲပြန်ဝင်ခဲ့ကာ သူ့စကားကိုကြားလိုက်သည့် ထိုလူက အော်ဟစ်ပေါက်ကွဲရင်းကျန်နေခဲ့၏။
မခတို့အိမ်ရှိသော လမ်းလေးထဲမှာမှ ပြဿနာဖြစ်ရသည်မို့ နည်းနည်းစိတ်ပျက်သွားရကာ ထိုလူနဲ့မခ တွေ့မိရင် ဟု တွေးလိုက်မိသည်။
"ဇာတ်ကားတွေထဲကလို အဲ့လူက နင့်ယောက်ဖဖြစ်နေရင်တော့မိုက်ပြီ"
ခေက တဟားဟားရယ်နေရင်း ဝေဖန်လာတော့ ထိုသို့ဖြစ်လာမည်ကိုစိုးရိမ်သွားမိသည်ကအမှန်။
တစ်ဖက်လူသည် ဆေးသုံးတတ်သည့်လူဖြစ်သလို စိတ်ဆတ်သွေးဆူတတ်သည့်လူမျိုး။
အဲ့ဒီလူသာ မခရဲ့အစ်ကိုဖြစ်ခဲ့ရင်••••
"နင်ကလည်းဟာ အဲ့ဘဲကဆေးကွဲလာတာ အဲ့ဒါကြောင့်ဘာမှမဟုတ်ဘဲ ငါ့ကိုအသားလွတ်ကြီးထိုးသွားတာ"
"နင်ကလည်း တကယ့်ဟာနဲ့မှသွားတွေ့တာကိုး"
"နင်ပြောသလိုသာဖြစ်ရင်ဆိုပြီးစဥ်းစားနေတာ ငါဖြစ်ခဲ့တာ မခတို့အိမ်ရှိတဲ့လမ်း"
ဒီတစ်ခါတော့ ခေ မရယ်နိုင်တော့ဘဲ ပါးစပ်အဟောင်းသားဖြစ်သွားသည်။
ခေ ကြုံခဲ့သည့်လူကလည်း ခပ်ရိုင်းရိုင်းပဲမို့ ပီယဆုံခဲ့တာ ထိုလူမဟုတ်ဖို့ကိုသာ ကြိတ်ဆုတောင်းမိ၏။
နဂိုကတည်းကမှ သူ့ညီမကို ကပ်စေးနှဲပြီးချုပ်ချယ်ချင်နေတာ။
ခုလိုသာဆို•••••
▪▪▪▪▪⏳⏳⏳▪▪▪▪▪
"ခေ ထပါဦးဟ ခေ"
တဒုန်းဒုန်းနှင့်ထုနေသောအသံကြောင့် ခေသည်အိပ်ချင်မူးတူးဖြင့်တံခါးဆီကိုလှမ်းကြည့်လိုက်မိသည်။
ဒီနေ့မနက် အပြင်သွားဖို့ ပီယလာနှိုးသည်ထင်ကာ ငုတ်တုပ်ထထိုင်လိုက်သည်။
"ခေ ဟေ့ကောင် ထဦးဟ"
တံခါးခေါက်သံသည်ကျယ်ကျယ်လောင်လောင်ကြီး ပြန်ထွက်လာလျှင်အိပ်ရာပေါ်မှ ထလာခဲ့ပြီး တံခါးကိုဖွင့်လိုက်သည်။
ပီယက တီရှပ်ကို ဘောင်းဘီအပွကြီးနှင့်ဖြစ်ကာ အိပ်ယာထဲက ထလာသည့်ပုံဖြင့် ဆံပင်တွေဖွာနေ၏။
"အိပ်ကောင်းနေမှဟယ် ဘာလဲ အပြင်သွားမလို့လား"
"ခေစုတ်မ ဘယ်ကအပြင်လဲ"
ပီယသည်ဘေးဘီဝဲယာကို တစ်ချက်အရင်ကြည့်နေသဖြင့်ခေသည်တံခါးပေါက်ဘောင်ကိုမှီရင်း အပျင်းကြီးနေလိုက်သည်။
ပီယက အသံခပ်အုပ်အုပ်ဖြင့်....
"ဟိုဆေးကွဲနေတဲ့ဘဲက မခရဲ့အစ်ကိုတဲ့"
"ဘာ"
တံခါးဘောင်ကိုမှီပြီး ငိုက်နေသည့်အရှိန်တောင်ဘယ်ရောက်သွားလဲမသိအောင် ခေ အော်ပစ်လိုက်တော့ ပီယ လန့်သွားသည်။
"တိုးတိုးလုပ်ပါဟ သူ့အစ်ကိုရဲ့ပုံပို့လာတော့ ငါ့ကိုထိုးသွားတဲ့ကောင် အတိအကျပဲ"
"အဲ့ဒီတော့"
"ဒီဘဲဆိုရင်တော့ ငါ့ကိုနည်းနည်းလေးမှ စကားထဲထည့်ပြောမယ်မထင်ဘူး စေ့စပ်ညှိနှိုင်းဖို့အသာထား မြင်တာနဲ့ဆွဲထိုးခံရမှာ ငါလည်းအဲ့လိုပဲ ဒီကောင့်မျက်ခွက်ကိုအရင်ထိုးပစ်မှာ"
"ဆွဲထိုးမယ့်အရေးတွေအသာထားစမ်းပါ အခု အဲ့ဒါကိုဘာလို့လာနှိုးတာလဲ မခရဲ့ရည်းစားက နင်မှန်း သူမှမသိဘဲ"
"မသိတာသိတာ စိတ်မဝင်စားဘူး ငါ မခကိုသွားခိုးမယ်"
"Aww"
ခေက ဟန်ပါပါဖြင့်လက်ပိုက်လိုက်ပြီး ဆံပင်တွေကို သပ်တင်လိုက်ကာ ပီယကိုပြုံးပြုံးကြီးကြည့်၏။
"ဘာလဲဟာ စိတ်ညစ်ရတဲ့အထဲ ရုပ်ကြီးကဆိုးပါတယ်ဆိုမှ ပြုံးပြနေသေးတယ်"
"ခွေးစုတ် နင်သွားခိုးတော့ရော ဟိုကလိုက်မှာမို့လား နဂိုကတည်းကမှအိမ်မပိုင်တဲ့သူကို နင့်ဘာသာနင်သွား ငါမလိုက်ဘူး"
"ဟာ အဲ့လိုမလုပ်ပါနဲ့ ငါ့မှာနင်ပဲအားကိုးစရာရှိတာ"
ပီယ မျက်နှာငယ်လေးနဲ့တောင်းပန်တော့ ခေ ရယ်လိုက်ကာ နာရီကိုငုံ့ကြည့်လိုက်သည်။
"ဟယ် ၇နာရီတောင်ထိုးတော့မယ် ငါ ထွဋ်နဲ့တွေ့ဖို့ချိန်းထားသေးတယ် နင်လိုက်ဦးမှာလား"
"ငါကလိုက်ပြီးဘာလုပ်ရမှာလဲ"
"မသိဘူးလေ နင့်ကိစ္စကို အေးဆေးထားစမ်းပါဟာ ဟိုကဘာမှမဖြစ်ဘူး နင်ပဲ လောင်နေတာ"
"လောင်ရမှာပဲ အဲ့ဘဲက ဆေးသုံးနေတာ သူတို့အိမ်ကမသိသေးဘူးထင်တယ် ငါ မခကိုစိတ်မချဘူးဟာ"
"အဲ့လူက သူ့အစ်ကိုကပါဟဲ့ နင်က ဘာလို့စိတ်မချတာလဲ စိတ်ညစ်ပါ့"
"ဆေးသုံးတဲ့လူတွေက လွတ်တာများတယ်ဟ အဲ့အချိန် ညီမသော ဘာသော နားမလည်ဘူးရယ်"
ခေ ခေါင်းကုတ်လိုက်ကာ အခန်းဝမှာပဲ ငုတ်တုတ်ထိုင်ချလိုက်သည်။
ပီယကလည်း ခေထိုင်သလို လိုက်ထိုင်လိုက်သည်မို့ နှစ်ယောက်သားတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း အကြံထုတ်နေကြသည်။
"အဲ့ဒါဆို နင်ဘာလုပ်မှာလဲ"
ပီယသည်စိတ်မပါလက်မပါဖြင့် ခေါင်းကိုတဗျင်းဗျင်းကုတ်သောအခါ ခေက ပီယကိုတွန်းလွှတ်လေသည်။
"ဟိုဘက်သွားကုတ် နင့်ခေါင်းကဗောက်တွေ ငါ့ဆီလွင့်လာမယ်"
"ဘာဗောက်မှမရှိဘူး အပိုတွေလုပ်မနေနဲ့ နင်ကြံစမ်းဟာ မခက လိုက်မယ်မထင်ဘူး"
"ငါလည်းမထင်ဘူး ဒါပေမယ့်နင် ကြိုးစားကြည့်လိုက်ဦး နင်က သူ့ရည်းစားပဲ နင့်စကားတော့နားထောင်မှာပါ"
Advertisement
"ပြောတတ်လိုက်တာဟာ ဒေါ်ခရေဝိုင်ရယ် ငါ့စကားသာနားထောင်ရင် နင့်ကိုခေါ်ခိုင်းရတာမျိုးတွေတောင်မရှိဘူး တစ်ခါလေးတွေ့ဖို့အရေးတောင် သေမလိုတောင်းဆိုနေရတာ"
"အဲ့ဒါဆိုလည်းထားလိုက်ဟာ"
"မထားပါဘူး နင် အဲ့ဘဲကိုယူလိုက်ဟာ ပြီးမှစည်းရုံးသိမ်းသွင်းပြီး လိမ္မာလာအောင်လုပ်လိုက် အဲ့ဒါဆိုငါတို့အတွက် OKပဲ"
"ငါ့ဘာသာ ထွဋ်ကိုပဲယူလိုက်မယ် ဟုတ်ပြီလား တော်စမ်းပါ"
ခေ ပခုံးကိုတွန့်ရင်း ကျောချမ်းသလိုပြောလိုက်၏။
ဆေးသမား၊ ခပ်ရိုင်းရိုင်းလူ ဒီ့အပြင်ဘာဂုဏ်ပုဒ်တွေရှိသေးသည်မသိ။
▪▪▪▪▪⏳⏳⏳▪▪▪▪▪
Part - 5 ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~~~~
အခ်စ္ဝိုင္ ( Part - 4 )
▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪
"ဟဲ့ ေပၚမလာတာ ၂ရက္ေလာက္ရိွေနၿပီ နင္ဘယ္ေရာက္ေနတာလဲ ပီယ"
ဖုန္းထဲက စြာက်ယ္က်ယ္ထြက္လာသၫ့္အသံေၾကာင့္ ပီယ နားအူသြားသလို ဖုန္းကိုနားကခြာလိုက္သည္။
အသံထြက္တာရပ္သြားေတာ့မွ ဖုန္းကိုနားမွာျပန္ကပ္ကာ.....
"မႏၲေလးျပန္ေရာက္ေနတယ္ အေဖက ခိုင္းလိုက္လို႔"
"ဘယ္ေန့ျပန္လာမွာလဲ"
"မနက္ျဖန္မွ"
"အဲ့ဒါဆိုလည္း ျမင့္ျမင့္ခင္က အာလူးပူတင္းနဲ႔ ထိုးမုန႔္ဝယ္ခဲ့ မပါရင္ ျပန္မလာနဲ႔"
"ေအာင္မာ ငါ့ကိုdeliမွတ္ေနတာလား"
"အဲ့ဒီစကားကို မခနဲ႔ေတြ့ဖို႔လာဂ်ီတဲ့အခ်ိန္က်မွ ငါျပန္ေျပာမယ္"
မခဆိုတာႏွင့္ ပီယ လႈပ္လႈပ္ရွားရွားျဖစ္သြားကာ ဂိတ္ဆံုးေရာက္ေနသၫ့္အတင္းစားေလသံကို ခ်က္ခ်င္းေျပျပစ္ေအာင္ေျပာင္းလိုက္သည္။
"အဲ့ဒီႏွစ္မ်ိဳးပဲလား ဒီမွာက ဖက္ထုတ္တို႔ဘာတို႔အေတာ္မိုက္တယ္ၾကားတယ္ေနာ္ ငါဝယ္ခဲ့ေပးမယ္ နင္ႀကိဳက္တယ္မလား"
"ေအး ဝယ္ခဲ့ ၁၀တန္းေအာင္စရာမလိုဘူး အလိုက္သိဖို႔ပဲလိုတယ္ ေမာင္ပီယ ဒီ့ထက္မကႀကီးပြားဦးမယ္"
ပီယ ရယ္ရင္းဖုန္းခ်လိုက္ေတာ့ ေရ႔ွကိုအာရံုလြတ္သြား၍ ကားတစ္စီးကိုမျမင္လိုက္။
ဒုန္းခနဲဝင္တိုက္မိမွ သြားၿပီဟုသိလိုက္ရၿပီး ကားကိုရပ္ပစ္လိုက္ေတာ့ တစ္ဖက္ကကားသည္ ခပ္ေစာင္းေစာင္းအေနအထားျဖင့္ ၿငိမ္သက္ေန၏။
ပီယ ကားေပၚကဆင္းခဲ့ေတာ့ တစ္ဖက္ကကားေပၚကလည္းလူတစ္ေယာက္ဆင္းလာ၏။
သူမွားခဲ့သၫ့္အတြက္ ေတာင္းပန္ဖို႔ပါ။
သို႔ေသာ္•••••
"ေသလိုက္ ေခြးမသား"
ခြပ္ခနဲအသံႏွင့္အတူ ပီယပါးတစ္ဖက္လံုးပူဆင္းသြားၿပီး လူလည္းယိုင္သြားသည္။
"ဟာ ဟိတ္ေကာင္မလုပ္နဲ႔"
တစ္ဖက္က ကားေပၚကလူေတြဆင္းေျပးလာကာ ထိုသူကိုဝိုင္းဆဲြၾကေတာ့ ပီယ ေခါင္းျပန္မတ္လိုက္ၿပီးတစ္ခ်က္ခါပစ္လိုက္သည္။
"ငါ့ညီ အစ္ကိုပဲေတာင္းပန္ပါတယ္ ဒီေကာင္နည္းနည္းလြတ္သြားလို႔ပါ"
"ကၽြန္ေတာ့္ဘက္ကမွားလို႔ ေတာင္းပန္ဖို႔ကၽြန္ေတာ္ဆင္းလာတာ ခင္ဗ်ားလူက"
"ဟုတ္ပါတယ္ အစ္ကို႔သူငယ္ခ်င္းက မွားသြားတာပါ"
ပီယ ေဒါသျဖစ္ျဖစ္ျဖင့္ တစ္ဖက္လူကိုလွမ္းၾကၫ့္မိေတာ့ မေျပႏိုင္ေသးသၫ့္ေဒါသေတျြဖင့္ ၾကၫ့္ေနေသာထိုလူက ဆဲြထားသၫ့္ၾကားမွ ရုန္းကန္ေအာ္ဟစ္ေန၏။
မ်က္လံုးေတြရဲေနကာ တစ္ခုခုမူမမွန္သလို သူခံစားလိုက္ရ၏။
"ခင္ဗ်ားတို႔ကား ဘာျဖစ္သြားေသးလဲ"
"ရတယ္ ဘာမွမျဖစ္ဘူး ညီေလး ငါ့ညီေရာေပါက္သြားသလား"
"ရတယ္ ခင္ဗ်ားတို႔လူပဲထိန္းလိုက္ပါ ေနာက္တစ္ခါ ကားနဲ႔တိုက္မိရင္ ခင္ဗ်ားတို႔ကားကိုမဟုတ္ဘဲ သူ႔ကိုျဖစ္သြားမယ္"
ပီယ တင္းမာစြာေျပာၿပီးကားထဲျပန္ဝင္ခဲ့ကာ သူ႔စကားကိုၾကားလိုက္သၫ့္ ထိုလူက ေအာ္ဟစ္ေပါက္ကဲြရင္းက်န္ေနခဲ့၏။
မခတို႔အိမ္ရိွေသာ လမ္းေလးထဲမွာမွ ျပႆနာျဖစ္ရသည္မို႔ နည္းနည္းစိတ္ပ်က္သြားရကာ ထိုလူနဲ႔မခ ေတြ့မိရင္ ဟု ေတြးလိုက္မိသည္။
"ဇာတ္ကားေတြထဲကလို အဲ့လူက နင့္ေယာက္ဖျဖစ္ေနရင္ေတာ့မိုက္ၿပီ"
ေခက တဟားဟားရယ္ေနရင္း ေဝဖန္လာေတာ့ ထိုသို႔ျဖစ္လာမည္ကိုစိုးရိမ္သြားမိသည္ကအမွန္။
တစ္ဖက္လူသည္ ေဆးသံုးတတ္သၫ့္လူျဖစ္သလို စိတ္ဆတ္ေသြးဆူတတ္သၫ့္လူမ်ိဳး။
အဲ့ဒီလူသာ မခရဲ့အစ္ကိုျဖစ္ခဲ့ရင္••••
"နင္ကလည္းဟာ အဲ့ဘဲကေဆးကဲြလာတာ အဲ့ဒါေၾကာင့္ဘာမွမဟုတ္ဘဲ ငါ့ကိုအသားလြတ္ႀကီးထိုးသြားတာ"
"နင္ကလည္း တကယ့္ဟာနဲ႔မွသြားေတြ့တာကိုး"
"နင္ေျပာသလိုသာျဖစ္ရင္ဆိုၿပီးစဥ္းစားေနတာ ငါျဖစ္ခဲ့တာ မခတို႔အိမ္ရိွတဲ့လမ္း"
ဒီတစ္ခါေတာ့ ေခ မရယ္ႏိုင္ေတာ့ဘဲ ပါးစပ္အေဟာင္းသားျဖစ္သြားသည္။
ေခ ႄကံုခဲ့သၫ့္လူကလည္း ခပ္ရိုင္းရိုင္းပဲမို႔ ပီယဆံုခဲ့တာ ထိုလူမဟုတ္ဖို႔ကိုသာ ႀကိတ္ဆုေတာင္းမိ၏။
နဂိုကတည္းကမွ သူ႔ညီမကို ကပ္ေစးႏွဲၿပီးခ်ဳပ္ခ်ယ္ခ်င္ေနတာ။
ခုလိုသာဆို•••••
▪▪▪▪▪⏳⏳⏳▪▪▪▪▪
"ေခ ထပါဦးဟ ေခ"
တဒုန္းဒုန္းႏွင့္ထုေနေသာအသံေၾကာင့္ ေခသည္အိပ္ခ်င္မူးတူးျဖင့္တံခါးဆီကိုလွမ္းၾကၫ့္လိုက္မိသည္။
ဒီေန့မနက္ အျပင္သြားဖို႔ ပီယလာႏိႈးသည္ထင္ကာ ငုတ္တုပ္ထထိုင္လိုက္သည္။
"ေခ ေဟ့ေကာင္ ထဦးဟ"
တံခါးေခါက္သံသည္က်ယ္က်ယ္ေလာင္ေလာင္ႀကီး ျပန္ထြက္လာလ်ွင္အိပ္ရာေပၚမွ ထလာခဲ့ၿပီး တံခါးကိုဖြင့္လိုက္သည္။
ပီယက တီရွပ္ကို ေဘာင္းဘီအပြႀကီးႏွင့္ျဖစ္ကာ အိပ္ယာထဲက ထလာသၫ့္ပံုျဖင့္ ဆံပင္ေတြဖြာေန၏။
"အိပ္ေကာင္းေနမွဟယ္ ဘာလဲ အျပင္သြားမလို႔လား"
"ေခစုတ္မ ဘယ္ကအျပင္လဲ"
ပီယသည္ေဘးဘီဝဲယာကို တစ္ခ်က္အရင္ၾကၫ့္ေနသျဖင့္ေခသည္တံခါးေပါက္ေဘာင္ကိုမွီရင္း အပ်င္းႀကီးေနလိုက္သည္။
ပီယက အသံခပ္အုပ္အုပ္ျဖင့္....
"ဟိုေဆးကဲြေနတဲ့ဘဲက မခရဲ့အစ္ကိုတဲ့"
"ဘာ"
တံခါးေဘာင္ကိုမွီၿပီး ငိုက္ေနသၫ့္အရိွန္ေတာင္ဘယ္ေရာက္သြားလဲမသိေအာင္ ေခ ေအာ္ပစ္လိုက္ေတာ့ ပီယ လန႔္သြားသည္။
"တိုးတိုးလုပ္ပါဟ သူ႔အစ္ကိုရဲ့ပံုပို႔လာေတာ့ ငါ့ကိုထိုးသြားတဲ့ေကာင္ အတိအက်ပဲ"
"အဲ့ဒီေတာ့"
"ဒီဘဲဆိုရင္ေတာ့ ငါ့ကိုနည္းနည္းေလးမွ စကားထဲထၫ့္ေျပာမယ္မထင္ဘူး ေစ့စပ္ၫွိႏိႈင္းဖို႔အသာထား ျမင္တာနဲ႔ဆဲြထိုးခံရမွာ ငါလည္းအဲ့လိုပဲ ဒီေကာင့္မ်က္ခြက္ကိုအရင္ထိုးပစ္မွာ"
"ဆဲြထိုးမယ့္အေရးေတြအသာထားစမ္းပါ အခု အဲ့ဒါကိုဘာလို႔လာႏိႈးတာလဲ မခရဲ့ရည္းစားက နင္မွန္း သူမွမသိဘဲ"
"မသိတာသိတာ စိတ္မဝင္စားဘူး ငါ မခကိုသြားခိုးမယ္"
"Aww"
ေခက ဟန္ပါပါျဖင့္လက္ပိုက္လိုက္ၿပီး ဆံပင္ေတြကို သပ္တင္လိုက္ကာ ပီယကိုႃပံုးႃပံုးႀကီးၾကၫ့္၏။
"ဘာလဲဟာ စိတ္ညစ္ရတဲ့အထဲ ရုပ္ႀကီးကဆိုးပါတယ္ဆိုမွ ႃပံုးျပေနေသးတယ္"
"ေခြးစုတ္ နင္သြားခိုးေတာ့ေရာ ဟိုကလိုက္မွာမို႔လား နဂိုကတည္းကမွအိမ္မပိုင္တဲ့သူကို နင့္ဘာသာနင္သြား ငါမလိုက္ဘူး"
"ဟာ အဲ့လိုမလုပ္ပါနဲ႔ ငါ့မွာနင္ပဲအားကိုးစရာရိွတာ"
ပီယ မ်က္ႏွာငယ္ေလးနဲ႔ေတာင္းပန္ေတာ့ ေခ ရယ္လိုက္ကာ နာရီကိုငံု႔ၾကၫ့္လိုက္သည္။
"ဟယ္ ၇နာရီေတာင္ထိုးေတာ့မယ္ ငါ ထြဋ္နဲ႔ေတြ့ဖို႔ခ်ိန္းထားေသးတယ္ နင္လိုက္ၪီးမွာလား"
"ငါကလိုက္ၿပီးဘာလုပ္ရမွာလဲ"
"မသိဘူးေလ နင့္ကိစၥကို ေအးေဆးထားစမ္းပါဟာ ဟိုကဘာမွမျဖစ္ဘူး နင္ပဲ ေလာင္ေနတာ"
"ေလာင္ရမွာပဲ အဲ့ဘဲက ေဆးသံုးေနတာ သူတို႔အိမ္ကမသိေသးဘူးထင္တယ္ ငါ မခကိုစိတ္မခ်ဘူးဟာ"
"အဲ့လူက သူ႔အစ္ကိုကပါဟဲ့ နင္က ဘာလို႔စိတ္မခ်တာလဲ စိတ္ညစ္ပါ့"
"ေဆးသံုးတဲ့လူေတြက လြတ္တာမ်ားတယ္ဟ အဲ့အခ်ိန္ ညီမေသာ ဘာေသာ နားမလည္ဘူးရယ္"
ေခ ေခါင္းကုတ္လိုက္ကာ အခန္းဝမွာပဲ ငုတ္တုတ္ထိုင္ခ်လိုက္သည္။
ပီယကလည္း ေခထိုင္သလို လိုက္ထိုင္လိုက္သည္မို႔ ႏွစ္ေယာက္သားတစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကၫ့္ရင္း အႀကံထုတ္ေနၾကသည္။
"အဲ့ဒါဆို နင္ဘာလုပ္မွာလဲ"
ပီယသည္စိတ္မပါလက္မပါျဖင့္ ေခါင္းကိုတဗ်င္းဗ်င္းကုတ္ေသာအခါ ေခက ပီယကိုတြန္းလႊတ္ေလသည္။
"ဟိုဘက္သြားကုတ္ နင့္ေခါင္းကေဗာက္ေတြ ငါ့ဆီလြင့္လာမယ္"
"ဘာေဗာက္မွမရိွဘူး အပိုေတြလုပ္မေနနဲ႔ နင္ႀကံစမ္းဟာ မခက လိုက္မယ္မထင္ဘူး"
"ငါလည္းမထင္ဘူး ဒါေပမယ့္နင္ ႀကိဳးစားၾကၫ့္လိုက္ၪီး နင္က သူ႔ရည္းစားပဲ နင့္စကားေတာ့နားေထာင္မွာပါ"
"ေျပာတတ္လိုက္တာဟာ ေဒၚခေရဝိုင္ရယ္ ငါ့စကားသာနားေထာင္ရင္ နင့္ကိုေခၚခိုင္းရတာမ်ိဳးေတြေတာင္မရိွဘူး တစ္ခါေလးေတြ့ဖို႔အေရးေတာင္ ေသမလိုေတာင္းဆိုေနရတာ"
"အဲ့ဒါဆိုလည္းထားလိုက္ဟာ"
"မထားပါဘူး နင္ အဲ့ဘဲကိုယူလိုက္ဟာ ၿပီးမွစည္းရံုးသိမ္းသြင္းၿပီး လိမၼာလာေအာင္လုပ္လိုက္ အဲ့ဒါဆိုငါတို႔အတြက္ OKပဲ"
"ငါ့ဘာသာ ထြဋ္ကိုပဲယူလိုက္မယ္ ဟုတ္ၿပီလား ေတာ္စမ္းပါ"
ေခ ပခံုးကိုတြန႔္ရင္း ေက်ာခ်မ္းသလိုေျပာလိုက္၏။
ေဆးသမား၊ ခပ္ရိုင္းရိုင္းလူ ဒီ့အျပင္ဘာဂုဏ္ပုဒ္ေတြရိွေသးသည္မသိ။
▪▪▪▪▪⏳⏳⏳▪▪▪▪▪
Part - 5 ဆက္ရန္
စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997
Advertisement
- In Serial11 Chapters
Noble Evil
The world government, represented and lead by the King of All, rules over almost every territory in the world. Anyone who does not abide by the rules imposed by the world government are known as "Evil." Tero Tazakani, the King's grandson, experiences the world changing around him as the forces of good and evil clash and his family is torn apart. He must venture out to save his friends, legacy, and most importantly, himself.
8 147 - In Serial7 Chapters
(un)Lucky
After dying on his hospital bed, Jack is surprised to once again regain consciousness. Turns out he’s in purgatory where he learns that God has been pretty into gaming lately… you already know where this is going, don’t you? Yeah, yeah, I know, another LitRPG story like many others. SO original… But why then do we keep reading them and looking for more? The answer, for me at least, is because they’re usually just plain fun. That’s all I hope my story can be: fun. No fixed releases for now, nor any future plans. I’m just trying to enjoy my time writing it. Btw, the cover is something random I did and has absolutely nothing to do with anything. Don’t ask me why.
8 124 - In Serial54 Chapters
Ho Hey
He's the quiet boy that everyone walks past without batting an eye, she's the protective girl that everyone comes to when they're in need of help. Two worlds collide over a bullying situation and it takes a toll on both of them, maybe this is for the best. Started: August 7th, 2022 Ended: August 13th, 2022
8 216 - In Serial91 Chapters
Amber Foundation
Joseph Zheng never expected to embark on any grand adventures, but when a sarcophagus left behind by his late grandma strands him across the multiverse, he doesn’t have much choice in the matter. He'll need whatever help he can get if he wants to return to Earth in one piece, even if that means accepting the deal offered by the bizarre and powerful magician Wakeling: Joseph will work for her guild, the Amber Foundation, and in exchange, they'll help him return home. A simple transaction, until Joseph has to race pirates for plunder aboard an abandoned space station, or fight for his life against other guilds, or complete any number of impossible tasks he would never do back home. But if he wants to see Earth again, he'll have to survive long enough to find his place in the multiverse. **** Updates Saturdays. Cover is by @PenPeaches on Twitter.
8 182 - In Serial23 Chapters
[Adrift] WilburSoot X Reader
Description? What? Nahhhhhh
8 137 - In Serial18 Chapters
Dangerous Love- JJK
Falling in love while running for your life....Contains explicit scenes and smut. -Y/n is more badass than you think she is-#2 in btssmut on 26 February 2022🥈#5 in #jeonjungkook on 27 Feb 22#1 in #mafiajk on 9 March 2022
8 111

