《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 52
Advertisement
[Zawgyi]
မယုံနိုင်စရာပဲ။
ဘယ်လိုရွံစရာကောင်လဲ။
နဉ်ရှု : …
နဉ်ရှု : …
....
အစ်ကိုကြီးကလည်းဇွတ်!
...
[Unicode]
{မင်းမရှိရင် ငါသေလိမ့်မယ်}
နဉ်ရှု ချီရှန်းရဲ့တွေးခေါ်ပုံကို ဒူးထောက်ချင်သွားသည်။ နေ့ခင်းတုန်းက တစ်ခြားမိန်းမတစ်ယောက်နဲ့လုပ်ပြီးတဲ့နောက်မှာတောင် ညရောက်တော့ သူမဆီလာပြီး သူ့ရဲ့ကိုယ်လုပ်တော်လုပ်ဖို့ စည်းရုံးနေသေးတယ်လား?
မယုံနိုင်စရာပဲ။
ချီရှန်းက သူ့ရဲ့အချစ်စစ်လေးကို တကယ်ရောချစ်ရဲ့လားလို့ နဉ်ရှုမေးချင်လာသည်။
သူက တော်တော်ကိုထိန်းမနိုင်သိမ်းမရဖြစ်နေတာပဲ။ တစ်ယောက်ယောက်ကိုချစ်တယ်ဆိုတာက အဲ့ဒီ့ခံစားချက်ကိုရဖို့ပဲလား? မင်းခန္ဓာကိုယ်က ဘာပဲလုပ်ခဲ့လုပ်ခဲ့ မင်း အဲ့ဒီ့လူကိုချစ်နေသရွေ့အဆင်ပြေတယ်လား?
ဘယ်လိုရွံစရာကောင်လဲ။
လရောင်အောက်မှာ ကျက်သရှေိစွာထိုင်နေတဲ့ချီရှန်းကိုကြည့်ရင်း နဉ်ရှု၏နှုတ်ခမ်းတို့မှာ ရွံရှာစွာဖြင့်တွန့်ကွေးသွားသည်။
"သခင်လေး၊ သခင်မလေးယုဖေးကို ချစ်ရောချစ်ရဲ့လား?"
ချီရှန်းက ခေါင်းငြိမ့်သည်။
"ငါ သူ့ကိုချစ်တယ်လေ။ ငါ သူ့ကို နှစ်တွေအကြာကြီးချစ်ခဲ့ရတာ။"
နဉ်ရှု : …
နင် သူ့ကိုအရမ်းချစ်တယ်ဆိုရင် သူ့နောက်ကွယ်မှာ တစ်ခြားမိန်းမတစ်ယောက်ကို ဘာကိစ္စ ခိုးကြောင်ခိုးဝှက်တွေ့နေရသေးတာလဲ? သူ့ရဲ့အချစ်က ဒီလိုပဲထိန်းသိမ်းလို့မရတာလား ဒါမှမဟုတ် သူက သူမသူ့အတွက်ကျရှုံးသွားအောင် အရူးလာပ်ဖို့ကြိုးစားနေတာလား?
အဖြေက ဘာပဲဖြစ်ဖြစ် သူမ သူ့ကိုအထင်သေးသည်။
"ယုဖေးက မင်းကိုလက်ခံမယ်ဆိုတာ ငါသေချာပါတယ်။ မင်းတို့နှစ်ယောက်လုံးက ကြင်နာတတ်တဲ့သူတွေဆိုတော့ ညီအစ်မတွေလိုသေချာပေါက်ရင်းနှီးသွားမှာ။"
Advertisement
ထို့နောက်တွင်မူ ချီရှန်း၏အမူအရာက အနည်းငယ်နာကျင်သလိုဖြစ်လာ၏။
"ဒီအချိန်အတောအတွင်းမှာ ငါမင်းကိုချစ်နေမိပြီဆိုတာ သိလိုက်ရတယ်။ ငါ မင်းတို့နှစ်ယောက်လုံးနဲ့ မခွဲနိုင်ဘူး။"
ဒီစကားက သူမကြားခဲ့ဖူးသမျှထဲမှာ ရွံဖို့အကောင်းဆုံးစကားပင်ဖြစ်သည်။ သူမ ရွံလွန်းလို့ သေလိုက်လို့ပင်ရသည်။ ဘယ်လိုတောင်အဓိပ္ပါယ်မရှိတာလဲ? ဒီကမ္ဘာမှာ ပုံမှန်ဖြစ်တဲ့အမျိုးသားဇာတ်လိုက်တစ်ယောက်လေးတောင်မရှိဘူးလား? တစ်ယောက်က ကလေးဘဝကစိတ်ဒဏ်ရာတွေကြောင့် ဆိုးယုတ်သည်၊ တစ်ယောက်က ခေါင်းမာပြီးလူမျိုးကြီးဝါဒသမား၊ နောက်တစ်ယောက်က လူနှစ်ယောက်ကိုတစ်ပြိုင်နက်တည်းချစ်နေကာ ပရောပရီလုပ်သည်။ ဆိုးလိုက်တာ၊ ကျန်တဲ့လူတွေက ဘယ်လိုများဖြစ်နေမလဲ?
သူတို့ မကျန်းမာရင်လည်း မုယန်မုန့်ကို နှိပ်စက်ကြမယ့်အစား သမားတော်သွားပြသင့်တယ်။
"မင်းတို့နှစ်ယောက်ထဲက တစ်ယောက်ယောက်ငါ့ကိုထားသွားတာနဲ့ ငါအသည်းကွဲရလိမ့်မယ်။"
ချီရှန်းက နဉ်ရှုကို ချစ်မြတ်နိုးစွာကြည့်လာ၏။
နဉ်ရှု ခက်ခက်ခဲခဲပင်တံတွေးမြိုချလိုက်ရသည်။ သူမ သူ့မျက်နှာကို တံတွေးနဲ့တအားထွေးချင်တာပဲ။
"ယန်မုန့်၊ မင်းမရှိရင် ငါသေလိမ့်မယ်။"
ချီရှန်းက စိတ်ပိုင်းဖြတ်လိုက်ကာ နဉ်ရှုရဲ့လက်တွေကိုဆုပ်ကိုင်လိုက်သည်။ သူ့မျက်နှာအရောင်က ချက်ချင်းပင်ပြောင်းလဲသွားသော်လည်း သူက သူမလက်ကိုဆက်ကိုင်ထားဆဲပင်။
ဒါဆိုလည်း သွားသေလိုက်လေ။ နဉ်ရှု သူမလက်ကိုရုန်းလိုက်ကာ ရှက်ရွံ့စွာဖြင့်ခေါင်းငုံ့ရင်းဆိုသည်။
"ဒီအစေခံက အရမ်းရုပ်ဆိုးလို့ သခင်လေးရဲ့လက်တွဲဖော်ကောင်းဖြစ်မလာနိုင်ပါဘူး။"
"မဟုတ်ဘူး။ မင်း ဒီလိုလုပ်တာ မင်းကိုယ်မင်းကာကွယ်ဖို့မှန်း ကိုယ်သိပါတယ်။ ကိုယ် မင်းကိုမြို့တော်မှာ တစ်ခါမြင်ဖူးတယ်။ ကိုယ် မင်းကို ဖျတ်ကနဲပဲမြင်လိုက်တာဆိုပေမယ့် မင်းက အရမ်းလှတယ်ဆိုတာ ကိုယ်တွေ့လိုက်ရတယ်။ မင်းရဲ့မျက်လုံးတွေက ရေလိုပဲကြည်လင်နေပြီး မင်းရဲ့ဆံပင်တွေကတော့ ပိုးသားလေးလိုပဲ။ မင်းကိုယ်မင်းကာကွယ်ဖို့ ဒီလိုတွေလုပ်နေရတယ်ဆိုတာ ကိုယ်နားလည်ပါတယ်။"
နဉ်ရှု : …
What the fuck? ဒီကောင် သူမကို ဒီလောက်အထိသည်းခံနိုင်တာ အံ့သြစရာမရှိတော့ဘူးပဲ။ မုယန်မုန့်ရဲ့ရုပ်ရည်ကို သူသိနေပြီးသားကိုး။
နဉ်ရှုက သူမရဲ့မည်းနက်နေပြီး ရေလိုကြည်လင်နေတယ်ဆိုတဲ့အရိပ်အယောင်လုံးဝမရှိပါသည့် မှေးတေးတေးမျက်လုံးများနှင့် မျက်တောင်တဖျတ်ဖျတ်ခတ်ကာ ခေါင်းယမ်းသည်။
"သခင်လေး၊ ဒီအစေခံက ရှောင်ဟုန်ပါ။ မုယန်မုန့်မဟုတ်ပါဘူး။ ဒီနေ့အစောပိုင်းက လန့်သွားရတာကြောင့် ရူးများသွားတာလား သခင်လေး? သခင်လေး ဆေးသောက်သင့်တယ်။"
ချီရှန်းက ချစ်ခင်အလိုလိုက်မှုများပြည့်နေသောလေသံဖြင့်ပြောလာသည်။
"ဟုတ်ပါပြီကွာ၊ ဟုတ်ပါပြီ။ မင်းက ရှောင်ဟုန်ပါ။ မုယန်မုန့်မဟုတ်ဘူး။ နောက်ပိုင်း တစ်ခြားလူတွေမေးရင်လည်း မင်း ဒီလိုပဲပြန်ဖြေသင့်တယ်။ မုယန်မုန့်ဆိုတဲ့နာမည်က အရမ်းကျော်ကြားတဲ့နာမည်ဆိုတော့ မင်း အန္တရာယ်ရှိလာနိုင်တယ်။"
စကားလုံးတိုင်းက ငရဲလိုမျိုးအတုအယောင်ပင်။ ဒီအမှိုက်ကောင်က ဒီခန္ဓာကိုယ်ကို လုပ်ဖို့ပဲစိတ်ဝင်စားတာလို့ နဉ်ရှု ကောင်းကင်ဘုံကို ဒူးထောက်ကာကျိန်ဆိုလိုက်ချင်သည်။ ဇာတ်ကြောင်းကလည်း သူမတို့ဒါကိုလုပ်ပြီး သူ့ကိုချစ်မိသွားရမည်၊ ပြီးတော့ အရံအမျိုးသမီးဇာတ်လိုက်ဖြစ်တဲ့လီယုဖေးနှိပ်စက်တာခံရမည်။ အဲ့ဒီ့နောက်မှာတော့ သူချစ်တာက အဲ့ဒီ့မနာလိုအားကြီးတဲ့လီယုဖေးဆိုတဲ့မိန်းမမဟုတ်ဘဲ မုယန်မုန့်ဖြစ်တယ်ဆိုတာကို ချီရှန်းရုတ်တရက်နားလည်သွားလိမ့်မည်။ အရင်တုန်းက သူမရဲ့ကြင်နာမှုတွေနဲ့သိမ်မွေ့နူးညံ့မှုတွေအကုန်လုံးက အတုအယောင်တွေဘလာဘလာ..။
ချီရှန်းင နဉ်ရှုရဲ့နဖူးကိုနမ်းဖို့ သူမအနားတိုးကပ်သွားလိုက်သော်လည်း နီးကပ်သွားသည်နှင့် ခေါင်းမလျှော်ထားတဲ့ရွံစရာအနံ့ကိုရလိုက်လေ၏။ သူက သူမပါးကိုပြောင်းနမ်းရန်ကြံလိုက်သော်လည်း သူမပါးထက်က အနီရောင်အမှုန့်ထူထူကြီးတွေကို ထိဖို့လည်းမဝံ့ရဲပြန်သဖြင့် လက်လျှော့လိုက်ရတော့၏။
နဉ်ရှုကတော့ စိတ်ထဲမှကြိတ်လှောင်နေပြီဖြစ်သည်။ ချီရှန်း မလုပ်နိုင်လောက်ဘူးဆိုတာသိတာကြောင့် သူမ ရှောင်ဖို့ပင်မလုပ်ချေ။ ချီရှန်းက နှိုင်းယှဉ်မရလောက်အောင်လှပသည့် မုယန်မုန့်ကိုကြံရွယ်နေတာဖြစ်ပြီး အခုလက်ရှိအနံ့အသက်တို့ဆိုးရွားနံဟောင်နေသည့် ရုပ်ဆိုးဆိုးရှောင်ဟုန်ကို ကြံရွယ်နေတာမဟုတ်ပေ။
....
အစ်ကိုကြီးကလည်းဇွတ်!
...
Advertisement
- In Serial827 Chapters
Mark of the Fool: A Progression Fantasy
After his parents died, Alex Roth had a plan: become a wizard. Through hard work, he was accepted into the world’s greatest university of wizardry—but fate had another plan. On his eighteenth, he is marked as one of his kingdom’s five Heroes, chosen to fight the land’s great enemy. But his brand is 'The Fool', worst of the marks. Rather than die or serve the other Heroes like Fools in the past, he packs up his little sister, his childhood friend and her cerberus, then flees for the university in hope of refuge, magic and to unravel the truth about his land’s evil. There’s one small problem: The Mark tries to ruin magic while enhancing skills outside of divinity, combat and spellcraft.… …that is, unless he can learn to exploit the hell out of it.*****This the first time I am writing a web novel type story, and I hope you like it. I like progression stories and I've always wanted to try and write one like a few of the web novels that inspired me.Updates Tues-Wed-Thur-Fri-Sat.There are currently 20 advanced chapters on my patreon as a thank you to patrons.Join us on discord! https://discord.gg/A4M3CzfWBnChapters will be roughly 2000-2500 words.[participant in the Royal Road Writathon challenge]***Rating: This story is kind of like a PG-13 movie. There'll be gore and some swearing but not much beyond that. If that changes, I'll warn you. Tone: Tone will be a mix of some action-adventure with excitement, comedy, slice of life elements and mystery. I won't be going too dark with this story. There will be mentions of war, some death, grief and violence.MC: MC is analytical/rational with emotions. He is mostly in control of those emotions. MC will progress in power, eventually becoming very strong. When that happens, I'll add the Strong Lead tag.Fights: Fights will be detailed.***Stuff this story won't have:- Extreme grimdark content - Murderhobo plots - Edgy, anti-hero MC - Pacifist MC - Harems
8 931 - In Serial107 Chapters
In Range
A young, talented, and aspiring archer makes his way to the Olympic Archery Qualifiers; however an accident prevents him from ever making it. An accident which took the final years of his adolescence, his dream of ever becoming an Olympic Gold Archer, and most importantly someone who meant the world to him. Rehabilitating for a year in a hospital, the despair and dread of being alone and having nothing left worth living for finally got to him. Finding his way to the rooftop, he decided fall, but where he expected death, something else appeared; a blue message. A chill and simple LitRPG story that I just wanted to write. Note: I write with the Dark Theme setting, so if I make a colour mistake it’s probably why. I also strangely prefer using the Imperial System to measure Height, while I use the Metric System for almost everything else (Canadian by the way).
8 343 - In Serial66 Chapters
Red Star Outlaw | A Weird Space Western
What if the Wild West reached Mars? Long after Nikola Tesla’s geothermal pyramids dry up, the Red Star remains a lawless Edwardian frontier. Corruption plagues Martian lawmen. Ravenous tycoons rule upon hoards of knowledge. Outlaws swarm in droves. Commoners abandon hope. But when the lawless flee Earth, justice hunts the wicked. The Red Star herself rears, bucking unwanted passengers off her back. And deep within her canyons, dormant secrets wake. Prime your gauss revolvers, check your cyborg arm for the latest update, and get ready to gallop across the Red Star’s frigid, semi-terraformed deserts on your robot stallion’s back in search of a murderin’ fugitive. Mighty nice for fans of The Mandalorian, Dead Acre, Make Me No Grave, The Coilhunter Chronicles, and the Sheriff Duke series. Fiction Categories -Sci-fi Western / Cattlepunk -Weird Western -Western Horror
8 240 - In Serial27 Chapters
Powerless
Eighteen-year-old Carson Adachi has lived his entire life believing he was the only powerless person in a world of superhumans. However, when an unfamiliar power begins to manifest, he quickly learns there are worse things than being powerless. The leaders of the known world – the Council – take an interest in Carson and his unique power. As his strength continues to grow, the Council’s stance on his usage of it shifts, and Carson finds himself fighting to keep his right to keep his power. Questioning his leaders, Carson finds his finds himself not only battling for not only his rights – but for his very life itself.
8 106 - In Serial31 Chapters
Death Drive
In the near future, most work has been relegated to machines and people are content to spend their time immersed in virtual reality, something they cannot get enough of. Thomas Walker, an ex-racecar driver who blames the hidden algorithms that run society for losing everything that is important to him, finds himself at the center of a string of bizarre vehicular attacks and becomes assured that someone is out to get him. Meanwhile, Lucas Bennett, an anxiety-ridden software engineer, is contracted by the leading artificial intelligence corporation in the US to decipher the inner workings of their flagship AI that have become incomprehensible even to themselves, a job that he is very invested in since he considers technology the solution to his personal as well as mankind’s timeless problems. Unknown to the public at large, the CEO of the company is bent on unleashing the full capabilities of that AI to handle every single aspect of society and individual lives. When all hell breaks loose, the two men and those close to them team up to survive and fight back against the horde of vehicular attackers and the Intelligence behind them while also clashing together over their views: is artificial intelligence a way to humanity’s salvation or doom? Betrayal abounds, nothing is as it seems and the traffic is a real killer. The story is finished and I will be publishing a new chapter every Friday. If that seems too slow for you, you can get the book at Amazon
8 98 - In Serial25 Chapters
The Legendary Gamer
A boy from two ancient families gains a unique ability with amazing powers, will he become the most powerful being of all time, or will he be crushed before he can get started? Find out as Gregory starts off on his adventure and begins an epic journey of his own.He was born in a world full of magic, his own family is one of the most powerful magical families in the area. What will happen to this young man as he discovers the world's magic and tries to make a life in this new and amazing world he has been dropped into.Find out more by reading The Legendary Gamer, and see what you've been missing.
8 116