《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 8
Advertisement
[Zawgyi]
"ဟမ်?"
"ကျွန်မ မလုပ်ဘူး။"
"ဒင်! စိတ်ဒဏ်ရာမှတ် +5။"
"ထွက်သွားစမ်း!"
"နင် ထွက်သွားသင့်တယ်။"
နဉ်ရှု : ...
"ထွက်သွား။"
နဉ်ရှုက ပြောလိုက်သည်။
.....
......
[Unicode]
ဒီခန္ဓာကိုယ်က သူ့အလိုလိုပင် ဆွဲဆောင်မှုအရှိဆုံးအမူအရာကို ပြုလုပ်နေပြီးဖြစ်သည်။ သူမရဲ့ခါးက ဒီလိုပုံစံမျိုးယိမ်းနွဲ့နေတာတောင် သူမ သက်တောင့်သက်သာဖြစ်နေဆဲဆိုပေမယ့်လည်း နဉ်ရှုက သူမရဲ့တင်ပါးတွေကိုကျုံ့လိုက်ကာ တင်ပါးတွေလှုပ်ခါနေမှုရပ်တန့်သွားအောင် အတင်းအကြပ်လုပ်ဆောင်လိုက်သည်။ ပြီးနောက် ထိုပုံစံအတိုင်းပင် စစ်ထူချင်းယွီထံသို့ အတောင့်လိုက်လျှောက်သွားလေ၏။
စစ်ထူချင်းယွီက သူ့အပေါ်ဝတ်တွေကို အလျင်အမြန်ချွတ်လိုက်ကာ သူ့ရဲ့သန်မာတောင့်တင်းတဲ့ခန္ဓာကိုယ်ကို ထုတ်ဖော်လိုက်သည်။ ဒီလိုရင်သပ်ရှုမောဖွယ်မြင်ကွင်းကို ဖျက်ဆီးနေတဲ့တစ်ခုတည်းသောအရာက သူ့လက်မောင်းဆီမှ သွေးစီးကြောင်းပင်။
စစ်ထူချင်းယွီက ညင်သာစွာပြောလာသည်။
"ဒီစစ်သူကြီးရဲ့ဒဏ်ရာကို ပတ်တီးစည်းပေး။"
နဉ်ရှု လေးတွဲ့စွာပင် ပြန်ဖြေလိုက်သည်။
"ဘယ်လိုလုပ်ရမယ်ဆိုတာ ကျွန်မ မသိဘူး။"
"ဟမ်?"
စစ်ထူချင်းယွီက သူမကိုကြည့်နေတဲ့သူ့မျက်လုံးတွေကို အန္တရာယ်ရှိတဲ့အမူအရာနဲ့ ကျဉ်းမြောင်းလိုက်သည်။
"ဒဏ်ရာတစ်ခုကို ဘယ်လိုပတ်တီးစည်းပေးရမယ်ဆိုတာတောင် မင်းမသိဘူးလား? မင်းက ချမ်းသာတဲ့မိသားစုရဲ့ အလိုလိုက်ခံထားရတဲ့သမီးလေးပဲ။"
စစ်ထူချင်းယွီရဲ့လေသံက လှောင်သံစွက်နေသည်။ သူက အေးစက်စွာပြောလာလေ၏။
"မင်းလိုမိန်းမမျိုးတွေက တစ်ခြားသူတွေအပေါ် အထင်သေးတတ်ကြတယ်။ ဒါပေမယ့် အခု မင်းက ငါ့အကျဉ်းသားပဲ။ ဒါကြောင့် မင်းငါခိုင်းတာမှန်သမျှလုပ်ရမယ်။"
နဉ်ရှု သူမနှုတ်ခမ်းတွေကို မနှစ်မြို့စွာတွန့်ကွေးလိုက်ကာ စစ်ထူချင်းယွီရဲ့ဒဏ်ရာတစ်ဝိုက်မှာ ယွဲ့လန်ပြင်ပေးထားတဲ့ အဝတ်ပိုင်းတွေကို စတင်စည်းနှောင်ပေးလိုက်သည်။ စစ်ထူချင်းယွီက ဆိုးရွားတဲ့အမှတ်တရတစ်ချို့ကို သတိရသွားဟန်ဖြင့် နဉ်ရှုကို အလိုမကျမှု၊ မနှစ်မြို့မှုတို့ဖြင့် ကြည့်လာလေ၏။
"ဒဏ်ရာကို အရင်မဆေးသင့်ဘူးလား? မင်းက တကယ့်ကိုသာမန်ပြည်သူတွေရဲ့အထက်မှာ နေနေတာပဲ။"
နဉ်ရှု အဝတ်စတစ်ခုကိုသုံးပြီး သူ့ဒဏ်ရာကို ခက်ခက်ခဲခဲသုတ်လိုက်သည်။ ဒါက သူ့ကို နာကျင်ကာညည်းညူ သွားစေ၏။ သူက နဉ်ရှုကို အေးစက်စွာကြည့်လာသည်။
"မင်း ရည်ရွယ်ချက်ရှိရှိလုပ်တာ။"
"ကျွန်မ မလုပ်ဘူး။"
နဉ်ရှုက ညင်သာစွာပြန်ဖြေသည်။
"ထင်တဲ့အတိုင်းပဲ။ မင်းတို့လိုမျိုး ဖြူ စင်ရိုးသားတဲ့ပုံစံနဲ့ ချမ်းသာတဲ့မိသားစုကသမီးတွေက တကယ်တော့ မိန်းမယုတ်တွေပဲ။"
စစ်ထူချင်းယွီက အရမ်းကိုဒေါသထွက်နေတာကြောင့် သူ့စကားတွေကလည်း ရိုင်းစိုင်းဆိုးဝါးလာသည်။
"ဒင်! စိတ်ဒဏ်ရာမှတ် +5။"
2333ရဲ့အသံက နဉ်ရှုခေါင်းထဲပေါ်လာသည်။
နဉ်ရှု အံ့အားသင့်သွားသည်။ သူမ ဘာလုပ်လိုက်တာလဲ? သူမ စောစောကအော်မိတာကြောင့် စစ်ထူချင်းယွီဆိုတဲ့တစ်ယောက်ကို စိတ်ဒဏ်ရာရသွာအောင်လုပ်လိုက်နိုင်တာလား?
နဉ်ရှု ရှုပ်ထွေးသွားပေမယ့် သူမလက်တွေကတော့ ပတ်တီးကို ခပ်မြန်မြန်ပင်စည်းလို့နေသည်။ မကြာခင်မှာပဲ ပတ်တီးစည်းပြီးသွားပေမယ့် စစ်ထူချင်းယွီကတော့ သူမကို မှောင်မိုက်တဲ့အမူအရာနဲ့ကြည့်နေဆဲပင်။ ဒါက နဉ်ရှုကို ရှုပ်ထွေးစေသည်။ စစ်ထူချင်းယွီနဲ့ပတ်သက်ပြီး ဘာမှားနေတာလဲ?
စစ်ထူချင်းယွီက မတ်တပ်ရပ်လိုက်သည်။ သူ့ကိုယ်က ကြွက်သားတွေပေါ်လာကာ ဟော်မုန်းဓာတ်တစ်မျိုးကို ထုတ်လွှတ်နေသည်။
"ထွက်သွားစမ်း!"
စစ်ထူချင်းယွီက ယွဲ့လန်ကိုအော်လိုက်သည်။ တစ်ခန်းလုံး လှုပ်ခါသွားသလိုပင်။ ယွဲ့လန်က လန့်ဖြန့်ကာ နောက်ကိုလဲကျသွားပြီး နဉ်ရှုကို မျက်ရည်အပြည့်ဖြင့်ကြည့်လာလေ၏။
"နင် ထွက်သွားသင့်တယ်။"
နဉ်ရှု တည်ငြိမ်စွာ ပြောလိုက်သည်။
"ဒါပေမယ့် မမလေး...ဒီအခေံသာထွက်သွားရင် မမလေးက အရိုင်းအစိုင်းကောင်ကို မမလေးဘာသာရင်ဆိုင်ရမှာပေါ့။ ဒီအစေခံက မမလေးတစ်ခုခုဖြစ်သွားမှာကို စိုးရိမ်လှပါတယ်။"
ယွဲ့လန်မှာ ကြောက်ရွံ့နေသော်လည်း နဉ်ရှုနဲ့အတူနေရန် ဆုံးဖြတ်နေဆဲပင်။
ပြီးနောက် ယွဲ့လန်က စစ်ထူချင်းယွီကိုအော်လိုက်သည်။
"ငါ့မမလေးကို ဘာမှမလုပ်နဲ့! နင်လုပ်ချင်တာဘာမဆို မမလေးအစား ငါ့ကိုလုပ်!"
ထိုသို့ပြောရင်း ယွဲ့လန်က ရင်ကော့လိုက်သည်။
နဉ်ရှု : ...
"ထွက်သွား။"
စစ်ထူချင်းယွီက ယွဲ့လန်ကို လူသတ်ချင်နေတဲ့အကြည့်တွေနဲ့ကြည့်လိုက်သည်။
"အပြင်ထွက်သွားလိုက်ပါ။"
နဉ်ရှုက ပြောလိုက်သည်။
ထို့နောက် ယွဲ့လန်တစ်ယောက် ငိုရှိုက်ရင်း အပြင်ထွက်သွားလေတော့၏။
.....
Warning : ဒီArcမှာ R-ratedအပိုင်းတွေ အများကြီးပါတယ်တဲ့။ TwT
......
Advertisement
- In Serial74 Chapters
Unexpected Consequences
All that occurred in this tale came about because the Gods Of Light overreached. Becoming complacent with easy victories they bit off more than they expected. The resulting chaos in the five worlds that they controlled brought great changes and opportunities. NB: This story uses UK English spelling.
8 85 - In Serial6 Chapters
The Elements: Silver Coin Saga - Book 1
Death comes with the Harvest. Salvation lies in the Valley of the Moon, along the path of Martial Magic. Xan always assumed he would be apprenticed to an herbalist in the sleepy village of Mogu and follow the Path of Peace, just like his father before him. It is the way—has always been the way. But when his village is sacked by a raiding force of vicious monsters, corrupted by dark Qi, life as Xan knows it is over. Family dead. Villagers slain. His home burnt to ash. Now, all Xan wants to do is figure out why his people were targeted and get revenge on the merciless creatures sweeping across the continent like a plague of locusts. Spreading their vile corruption. His only hope at salvation and retribution lies in the Valley of the Moon, at the fabled Xing Yi School of Martial Magic. If he is to succeed, he will need to learn to cultivate the energy of the elements, hone his martial and crafting skills, and complete the school’s harsh tests and trials. It will take more than a passing grade at this school, though, and not all that fail survive the experience…
8 105 - In Serial19 Chapters
Until You Do It Right
The world ended on December thirty-first of the year two thousand and twenty, precisely at the stroke of midnight. The human race began to be systematically exterminated by the spawn of the System. We were given a chance to defeat them, to take back our place at the top of the food chain. We failed. The first to perish were those who bravely rebelled. The soldiers. The defenders. One by one, they fell. In their final moments, they begged for aid. Nobody replied. The next to succumb were those who feebly cowered. The deniers. The leeches. Together, they fell. In their final moments, they cried out into the darkness. Countless voices replied in kind. The last to decline were those who shamelessly ran. The deserters. The cowardly. Alone, they fell. In their final moments, they whimpered quietly. There was nobody left to answer. The final human to die was a survivor. A runner. As he died, he begged for salvation. His prayers were answered. He was offered a chance to save himself, along with all of humanity, and he took it. This is his story. “I sat in the dark and thought: There’s no big apocalypse. Just an endless procession of little ones.”― Neil Gaiman, Signal to Noise. I am absolutely new to writing and will take any and all constructive criticism. Please give feedback, it is greatly appreciated. I will update the tags as they change, and I hope that you enjoy this little story I'm writing! Quick warning: Seamus is intentionally a flawed character, and this story is going to explore those flaws and perhaps even change a few of them. I do not agree with all of his actions, but it is what it is.
8 251 - In Serial15 Chapters
MINDMEN
Aru-menan was the death goddess, a revered warrior and step daughter of Zeto the mighty, the fire god. After being banished from her home realm to planet earth, she becomes Anna, an introverted teenage girl. Things change when she becomes a mindman and it gets worse when she decides to use these powers to save her city. She's running back into the life she was kicked out of.
8 177 - In Serial36 Chapters
Off Camera / A Treegan Love Story
[COMPLETE] Troian Bellisario and Keegan Allen have been working on Pretty Little Liars for a few years and have gotten to know each other really well on and off camera. Everyone around them can tell they have chemistry. What happens when Troian and Patrick break up? Will she follow her heart and see where things go with Keegan?
8 179 - In Serial23 Chapters
RAYUWAR HUSNA (hausa novel)
A story about a young girl, who went through the ups and downs of life.
8 233